4

Background color
Font
Font size
Line height

ဆောင်းဟွန်းက ဂိမ်းဆက်မဆော့‌ေတာ့ဘဲ မေးကို လက်ဖြင့်ထောက်ကာ ဆန်ပြုတ်စားနေသော ဂျယ်ယွန်းအား စူးစူးစိုက်စိုက်ထိုင်ကြည့်နေလေသည်။

ဂျယ်ယွန်း ပထမတော့ အစားကို‌အာရုံရောက်နေသည်မို့ သတိမထားမိသော်လည်း မိမိအစာစားနေချိန်တွင် တစုံတယောက်ထံမှ တောက်လျှောက်ကြီးစိုက်ကြည့်ခံနေရတာကြောင့် အနည်းငယ်နေရခက်လာသည်။

အထူးသဖြင့် ထိုသူ၏ မျက်၀န်းတွေက နက်နဲပြီး ခန့်မှန်းရခက်နေသည့်အခါမျိုးတွင် ပိုဆိုးလေသည်။

ဆောင်းဟွန်း၏ မျက်၀န်းများက နက်‌ေမှာင်နေကာ သူ၏အကြည့်များက သားကောင်အား ‌ချောင်းမြောင်းနေသော မြေခွေးတစ်ကောင်၏ အကြည့်မျိုးနှင့်ဆင်တူနေသည်။

ပြုံးနေတာမျိုးမဟုတ်သော်လည်း မျက်၀န်းတွင် ပြုံးယောင်သန်းနေသည်မှာ မိမိသားကောင်အား အမဲမဖြတ်ခင် စိတ်ကြိုက်ဆော့ကစားနေသကဲ့သို့ပင်။

ထိုသို့စိုက်ကြည့်‌ခံရနေသည်ကို ဂျယ်ယွန်း ဆက်ပြီး လစ်လျူမရှုနိုင်တော့တာကြောင့် ခေါင်းမော့ကာ သူ့အားပြန်ကြည့်လိုက်သည်။

တစ်ဖက်လူ၏ မျက်၀န်းများထဲတွင် ဂျယ်ယွန်းပုံရိပ်က အရိပ်ထင်နေခဲ့သည်။

ဂျယ်ယွန်း နားလည်ရခက်သော မျက်၀န်းများအား ရှုပ်ထွေးစွာကြည့်လိုက်ရင်းမေးလိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို ဘာလို့စိုက်ကြည့်နေတာလဲ"


ဆောင်းဟွန်းကအကြည့်လွှဲမသွားဘဲ ပေါ့ပါးစွာဖြေသည်။


"ဒီ‌ေဆးရုံခန်းထဲမှာ စိတ်၀င်စားစရာကောင်းတာဆိုလို့ မင်းပဲရှိတယ် မင်းကိုမကြည့်လို့ ကိုယ်က ဘယ်သူ့ကိုကြည့်ရမှာလဲ"


"အမ်..."

ဂျယ်ယွန်း ထိုအဖြေကို မခန့်မှန်းထားမိ‌တာကြောင့် နည်းနည်းတော့ ဆွံ့အသွားသည်။

သူကဘယ်လိုတုံ့ပြန်ရမှန်းမသိတာမို့ နာရီကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျား အလုပ်များရင် ပြန်တော့လေ ညစာစားချိန်လဲရောက်နေပြီ မစားရသေးဘူးမလား ကျွန်တော့်ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ် နောက်နေ့ကျရင် ကျွန်တော်တကယ် ဆက်သွယ်လိုက်ပါ့မယ်"


"မင်းကြည့်ရတာ ကိုယ့်ကိုအတင်းနှင်လွှတ်ချင်‌ေနပုံပဲ"

"မဟုတ်ပါဘူး ခင်ဗျားဗိုက်ဆာနေမှာစိုးလို့"

"ဗိုက်ဆာနေလဲ မင်း ကိုယ့်ကိုကျွေးလို့ရတာပဲလေ တကူးတကကြီးနှင်လွှတ်နေစရာမလိုပါဘူး"

ဂျယ်ယွန်းက တစ်ဖက်လူက အနည်းငယ် ရစ်နေသလိုခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"အာ... ဒီမှာက ဆန်ပြုတ်ပဲရှိတာလေ ခင်ဗျားက ဆန်ပြုတ်ကြီးစားချင်လို့လား စားချင်ရင်တောင်ကျွေးလို့မရဘူး ကျွန်တော်စားလက်စကြီးကို"


"မစားချင်ပါဘူး တမင်ပြောတာ"

ဂျယ်ယွန်း : "..."

*စကားပြောလိုက်တိုင်းထရိုက်ချင်စရာကောင်းအောင် မပြောလို့မရဘူးလား ဒီလူကတော့*


"ဒါဆိုလဲ..."

ဂျယ်ယွန်းတစ်ဖက်လူကိုကြည့်ကာ အလိုက်တသိထပြန်သွားစေရန် မျှော်လင့်နေသည်။

"ဘာလုပ်နေတာလဲ မြန်မြန်ပြန်တော့လေ" ဟုမပြောရုံတမယ် နှင်လွှတ်ချင်နေသော ကောင်လေးအားကြည့်ကာ ဆောင်းဟွန်း မျက်၀န်းထဲက အပြုံးက နည်းနည်းလျော့သွားပြီး အနည်းငယ် အေးစက်လာသည်။

"မင်း company က မင်းအခုလောက်ဖြစ်နေတာတောင် တစ်ယောက်မှလာမရှာကြဘူးလား"

အဆက်အစပ်မရှိ ထပြောသော ဆောင်းဟွန်းကြောင့် ဂျယ်ယွန်းကြောင်သွားပြီး တစ်ဖက်လူ၏ ဟိုရောက်ဒီရောက်စကားတွေကို လိုက်မမှီနိုင်အောင်ဖြစ်နေရသည်။

"အာ ကျွန်တော် နေမကောင်းလို့ ဖြော်ဖြေပွဲပြီးတာနဲ့ အိမ်ပြန်နားမယ်ဆိုပြီး ပြောထားခဲ့တာမို့ သူတို့မသိလိုက်တာနေမှာပါ "

"ဘယ်လိုပဲဖြစ်ဖြစ်လေ သူတို့ အနုပညာရှင်တစ်ယောက်လုံး အပြင်မှာ အသက်အန္တရာယ်ကြုံနေရတာတောင် တစ်ယောက်မှ မသိဘူးဆိုတာဖြစ်သင့်တယ်လို့ မင်းထင်‌ေနတာလား ခိုင်းစားချင်တိုင်းခိုင်းစားပြီး အနားမှာ လက်ထောက်တစ်ယောက်တောင်မထားပေးဘူးလား မင်းအေးဂျင့်ကရောဘယ်သွားသေနေလို့ပါလိမ့် ငါနဲ့သာမတွေ့ရင် နာမည်အကြီးဆုံး idol အသစ်လေး ရှင်းမ်ဂျယ်ယွန်းတစ်ယောက် လူမသိသူမသိနဲ့ သေ‌သွားလောက်ပြီ"


ဂျယ်ယွန်း ပြန်ချေပရန် ပါးစပ်ဟလိုက်‌ေသာ်လည်း ပြန်ချေပစရာစကားရှာမတွေ့သဖြင့် အသံတိတ်နေမိသည်။

တစ်ဖက်လူပြောတာလဲ အမှန်တွေချည်းပဲဖြစ်သည်။

ဂျယ်ယွန်းမှာ ဒီနေ့ ဘယ်လိုမှ သည်းမခံနိုင်လောက်တဲ့အထိ ဗိုက်အောင့်နေတာကြောင့် schedule ဖျက်ပေးရန်တောင်းဆိုခဲ့သော်လည်း ခက်ခက်ခဲခဲအတိုက်အခံလုပ်ပြီး တောင်းဆိုခဲ့ရခြင်းသာ။

ကျန်းမာရေးကြောင့် သူ့အား ယနေ့ညနားခွင့်ပေးလိုက်သော်လည်း ဂျယ်ယွန်း ဆေးရုံသွားဖို့ စီစဉ်ထားမှန်းသိရက်နဲ့ မည်သူကမှ လိုက်ပို့ဖို့ စိတ်ကူးမရှိခဲ့။

အေးဂျင့်က တခြားမှာရောက်နေပြီး ယာယီလက်ထောက်တချို့ကလဲ ဂျယ်ယွန်းဖြော်ဖြေမှုပြီးသည်နှင့် ဂျယ်ယွန်းကို ဂရုမစိုက်တော့ဘဲ company မှ တခြား idol အဖွဲ့တစ်ခုအတွက် အပြေးသွားကာ အလုပ်လုပ်ပေးနေခဲ့သည်။

တကယ်တမ်းတွင် ဂျယ်ယွန်းက soloist တစ်ယောက်ဖြစ်ပြီး နောက်ခံလဲမရှိသည်မို့ Mistreatment များစွာရခဲ့လေသည်။

သူက နာမည်ကျော်တစ်ယောက်ဖြစ်နေသော်လည်း Company ၏အမြင်တွင်တော့ ငွေရှာစက်တစ်ခုထက်မပိုချေ။

ဂျယ်ယွန်းက Company ဘက်မှ သူ့အပေါ် ဆက်ဆံမှုများကို နားလည်နေခဲ့သော်လည်း တတ်နိုင်သလောက် သည်းခံနေခဲ့သည်သာ။

ဂျယ်ယွန်း၏အတွေးထဲတွင်တော့ သူ နာမည်ကျော်အောင် လုပ်ပေးခဲ့တဲ့ Company.အပေါ် ကျေးဇူးကြွေးဆပ်သည်ဟုပင် သဘောထားလေသည်။

ယခုဆောင်းဟွန်းပြောလာသည်က နား၀င်‌ဆိုးသော်လည်း အမှန်တရားတွေချည်းပဲဖြစ်နေတာမို့ သူ၀န်မခံသလို ငြင်းလဲငြင်းမနေတော့ဘဲ တိတ်ဆိတ်သွားလေသည်။

ကောင်လေးကအသံတိတ်နေတာမို့ ဆောင်းဟွန်းက နှုတ်ခမ်းတွန့်ပြီးရယ်လိုက်သည်။

"ကြည့်ရတာတော့ အကုန်လုံးသိနေခဲ့တဲ့ပုံပါပဲ ဘာလို့သည်းခံနေတာပါလိမ့် company ကို ကျေးဇူးပြန်ဆပ်ရမယ်ဆိုပြီး တွေးနေတာကြောင့်များလား"


ခေါင်းငုံ့ထားသော ဂျယ်ယွန်းက အံ့အားသင့်သွားပြီး မျက်လုံးဝိုင်းလေးဖြင့် ဆောင်းဟွန်းအားမော့ကြည့်လိုက်သည်။

သူ၏အကြည့်များက *ဒီလူ ဘယ်လိုလုပ် အကုန်သိနေပါလိမ့်* ဟုမေးခွန်း‌ထုတ်နေဟန်ပေါ်လေသည်။

"စီးပွားရေးလုပ်ငန်းလုပ်နေတာ ကိုယ့်အတွက်အကျိုးမရှိရင်ဘယ်သူကအလကားပေးမှာလဲ မင်းရဲ့အလားအလာကိုကြိုမြင်နေလို့ သူတို့ကမြေတောင်မြှောက်ပေးပြီး မင်းဆီက အကျိုးအမြတ်ရနိုင်သလောက်ရအောင်ယူနေတာပေါ့ ဘာမှကျေးဇူးဆပ်စရာမလိုဘူး Give and take.ပဲရှိတာ အခုလောက်ဆို မင်းပြန်‌‌ေပး‌ေနရတာတွေက ရထားတာထက်တောင် များနေလောက်ပြီ အဲ့ဒါ‌ေတာင်‌ေကျးဇူးတင်‌‌ေန‌ေသးတယ်ဆို‌ေတာ့ မင်းကအစစ်အမှန်ငတုံးပဲ"


ဂျယ်ယွန်းက အူတူတဖြင့် မျက်တောင်လေးခတ်ကာ ဆောင်းဟွန်းပြောသမျှစဉ်းစားနေပုံရပြီး ဘာမှပြန်မဖြေသေးပေ။

ဆောင်းဟွန်းက  စားပွဲပေါ်မှရေတစ်ခွက်ငှဲ့သောက်လိုက်သည်။

သူက၏လက်ရှိပုံစံက ဉာဏ်ထိုင်းတဲ့ တပည့်အား စာနားလည်တဲ့ထိ အာပေါက်မတတ် စာရှင်းပေးနေရသော professor တစ်ဦးနှင့်တောင်တူနေပြီဟု တွေးနေမိသည်။


ဂျယ်ယွန်းတစ်ယောက် ခဏလောက်အတွေးလွန်နေပြီးနောက် ဆောင်းဟွန်းအား မေးလာသည်။

"ဒါနဲ့လေ ခုနက ခင်ဗျား ကျွန်တော့်ကိုရှင်းမ်ဂျယ်ယွန်းလို့ ခေါ်လိုက်တာ ကျွန်တော့်ကိုသိနေတာပေါ့နော် ဘယ်လိုသိတာလဲ ကျွန်တော်က အဲ့လောက်တောင် နာမည်ကြီးနေပြီလား"


ရေသောက်နေသည့်ဆောင်းဟွန်း ရေသီးမတတ်ဖြစ်သွားတာကြောင့် အလျှင်အမြန်မြိုချကာ ခွက်ကို မြန်မြန်စားပွဲပေါ်တင်လိုက်သည်။


ဤသည်မှာ စကားတတ်ပြီး လည်၀ယ်လွန်းသည့် ရုပ်ရှင်ဧကရာဇ်ကြီး ပြောစရာစကားပျောက်ရှသွားသည့် ပထမဆုံးအကြိမ်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဆောင်းဟွန်း ထိုကောင်လေးအား မယုံနိုင်စွာကြည့်လိုက်ပြီး ခေါင်းမခေါက်ပစ်မိအောင် သူ့စိတ်သူထိန်းလိုက်သည်။

"တကယ်ကြီးလား? ငါကတော့ ဒီလောက် ပညာတွေပေးလိုက်ရတာ မင်းက အဲ့ဒီ့အကြောင်းတွေးနေတာပေါ့လေ"

ဆောင်းဟွန်းကပြုံးနေသော်လည်း အပြုံးများက မျက်လုံးထိမရောက်သည့်အပြုံးတုကြီးဖြစ်နေတာကြောင့် နည်းနည်းတော့ကြက်သီးထစရာကောင်းနေသည်။

ဂျယ်ယွန်း တံတွေးမြိုချလိုက်ကာ ဆောင်းဟွန်းနှင့်ဝေးရာကုတင်စွန်းသို့ ‌ဖင်လေးရွှေ့ထိုင်လိုက်သည်။


"အဲ့လိုသဘောမဟုတ်ပါဘူး ခင်ဗျားပြောသမျှ ကျွန်တော်နားလည်ပါတယ်

လက်ရှိမှာ ဘယ်လိုရင်ဆိုင်ရမလဲမသိလို့ ခေါင်းအေးအေးထားပြီး စဉ်းစားချင်ရုံပါ

နောက်ပြီး ကျွန်တော်က ခင်ဗျားနာမည်တောင်မသိသေးတဲ့အချိန် ခင်ဗျားက ကျွန်တော့်နာမည်ကအစသ်ိနေတော့ ဘာကြောင့်လဲဆိုပြီး သိချင်လာတာလေ ဒါကလဲအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ ဟုတ်တယ်မလား

အဲ့ဒါကြောင့် စိတ်မဆိုးပါနဲ့ ကျွန်တော့်အတွက် ပြောပေးနေတဲ့ခင်ဗျားစေတနာကိုလဲ ကျွန်‌ေတာ့်ဘက်က အလေးထားပြီးသားပါ နော်"

ဆောင်းဟွန်း၏မျက်၀န်းနက်တွေက ဂျယ်ယွန်းကို ထိုးဖောက်မတတ် စူးရှစွာ စိုက်ကြည့်နေသည်။

ဂျယ်ယွန်း လန့်လာတာကြောင့် စောင်အဖျားလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

တစ်ဖက်လူ၏ စိတ်ဆိုးနေသည့်အရှိန်အဝါက တကယ်ကို ကြောက်ဖို့ကောင်းလွန်းလှသည်ဟုဂျယ်ယွန်း ထိတ်လန့်စွာတွေးလိုက်သည်။

‌
ထိုသူ၏အကြည့်နဲ့တင် ဂျယ်ယွန်း ခြေထောက်တွေပျော့ခွေချင်လာတာမို့ ထိတ်လန့်စွာပြန်ကြည့်လိုက်မိသည်။

ဂျယ်ယွန်းက လိမ်နေပုံမရဘဲ ရိုးသားနေတာကြောင့် ဆောင်းဟွန်း သူ၏ ဒေါသအားလျှော့ချလိုက်သည်။

အချိန်ယူပြီး စဉ်းစားဖို့လိုသည်ဆိုသည့်အချက်ကိုလဲ ဆောင်းဟွန်း လက်ခံနိုင်လောက်တာကြောင့် သူ ပုံမှန်ပြန်ဖြစ်သွားသည်။

ဆောင်းဟွန်းက သူနှင့် ဘာမှမဆိုင်သည့်ဂျယ်ယွန်းအပေါ်  ချယ်လှယ်ချင်‌ေနကာ ပိုင်စိုးပိုင်နင်းဖြင့် ‌စိတ်ဆ်ိုးနေမိသည့် သူ၏စိတ်အား နည်းနည်းပင်သတိမထားမိပေ။


သူက ဂျယ်ယွန်းအား ကြည့်ပြီးမေးလိုက်သည်။

"မင်း ကိုယ့်ကိုတကယ်မသိဘူးလား"

ဂျယ်ယွန်း မျက်မှောင်လေးကြုတ်ကာစဉ်းစားနေသော်လည်း ခေါင်းကိုဖြေးဖြေးချင်းခါယမ်းလိုက်သည်

ချောမောလွန်းသည့်ရုပ်‌ရည်အား တနေရာရာတွင်မြင်ဖူးနေသလိုခံစားရသော်လည်း ဘယ်လိုမှ စဉ်းစားလို့မရပေ။

ဆောင်းဟွန်း၏ ရုပ်ရည်က လူမှားစရာရုပ်မျိုးလဲမဖြစ်နိုင်တာမို့ တစ်ဖက်လူက သူနှင့် နယ်ပယ်တူ အနုပညာရှင်တစ်ယောက်များဖြစ်နေမလားလို့ ဂျယ်ယွန်းခန့်မှန်းမိသည်။


အဘယ့်ကြောင့်ဆိုသော် ထိုသူ၏အရှိန်အဝါကိုကြည့်လိုက်ရုံနဲ့တင် သာမန်လူမဟုတ်မှန်းသိနိုင်လေသည်။

"ခင်ဗျားက အနုပညာရှင်တစ်ယောက်များလား"

"ဟုတ်တယ်"

"ခင်ဗျားနာမည်ကရော နာမည်ကြားရင် ကျွန်တော်မှတ်မိနိုင်မလားမသိဘူး"


ယခုအခါတွင်‌ေတာ့ ဆောင်းဟွန်း သိပ်ပြီး စိတ်အခြေအနေမကောင်းတော့ပါပေ။


သူဆိုတဲ့ ရုပ်ရှင်ဧကရာဇ် ပတ်ခ်ဆောင်းဟွန်းဟာ နိုင်ငံ့တစ်ဝှမ်းမပြောနှင့် ကမ္ဘာတလွှားမှာပါ ကျော်ကြားသူပါ။

ပတ်ခ်ဆောင်းဟွန်းဆိုလျှင် မသိသူမရှိ အားလုံးက မော်ကြည့်ရသည်အထိ တစ်မိုးအောက်တစ်ယောက် လူသားကို သူ့ရှေ့က ကောင်လေးက မသိနေခဲ့ပေ။

ဆောင်းဟွန်းဘက်ကတောင် ဂျယ်ယွန်းကိုသိနေခဲ့ပေမဲ့ ဂျယ်ယွန်းကတော့ သူ့အားမသိနေခဲ့ပေ။

ဆောင်းဟွန်းက နဂိုထဲကစိတ်မမှန်သူ‌မို့ တွေးလေလေမပျော်မရွှင်ဖြစ်လာလေသည်။

သားရဲကောင်ကြီး၏ ချောင်းမြောင်းကာတိုက်ခိုက်ခံရတော့မလို မွန်းကြပ်သည့်ခံစားချက်ကြီး ထပ်မံခံစားလိုက်ရတာကြောင့် ဂျယ်ယွန်း နေမကောင်းရကြားထဲငိုချင်သွားသည်။

ဂျယ်ယွန်း တွေးလေလေ သူ့ရှေ့မှ လူက စိတ်မှန်ရဲ့လားဟု စဉ်းစားမိလေလေပင်။

ရုပ်ချောသလောက် နားလည်ရခက်ပြီး အမှန်တကယ် အန္တရာယ်များသည့် အမျိုးသားဖြစ်သည်။

အချိန်ခဏအတွင်းမှာကိုပင် သူ၏စိတ်က ဒေါသထွက်လိုက်၊စိတ်ဆိုးလိုက်၊မပျော်မရွှင်ဖြစ်လိုက်၊ကျီစယ်လိုက်နှင့် အမျိုးမျိုးပြောင်းနေတာမို့ ခန့်မှန်းရခက်လွန်းသည်။

ဂျယ်ယွန်း သူ့ရှေ့က လူ၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာကြီးအား ထိတ်လန့်စွာကြည့်ကာ ခပ်မြန်မြန်ပြောလိုက်သည်။

"နာမည်ကြားရင်သိမှာ‌ေသချာပါတယ် ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှအနုပညာရှင်တိုင်းထက် ချောလွန်းတော့ တီဗီပေါ်မှာ မြင်ဖူးသလိုမျိုး ဝေခွဲရခက်နေတာ ဒီလောက်ချောတဲ့ရုပ်ရည်နဲ့ အနုပညာရှင်ဆိုတော့ ရုတ်တရက် စဉ်းစားမရဘူးဖြစ်နေလို့"


ဆောင်းဟွန်း အုံ့မှိုင်းညှိုမှောင်နေသော မျက်နှာ‌ေချာချောက နေရောင်နွေးနွေးလေးခံစားလိုက်ရသလို ဝင်းပလာသည်။

ဆောင်းဟွန်း၏ စိတ်အခြေအနေက ဂျယ်ယွန်း၏ စကားကြောင့် ကျေနပ်သွားသည်ဆိုတာ အသေအချာပါပင်။

ဂျယ်ယွန်း သက်ပြင်းခိုးချလိုက်သည်။

ကြည့်ရတာ သူစကားလုံးအရွေးမှန်သွားသည့်ပုံပါပဲ။

ဆောင်းဟွန်းက သူ၏မူပိုင်အပြုံးဖြစ်သော မထီမဲ့မြင်ဟန် မဲ့ပြုံးတစ်ချက်ပြုံးရင်းပြောလိုက်သည်။

"အင်းပေါ့ မင်းက ဉာဏ်သိပ်မကောင်း‌တဲ့ပုံဆိုတော့ ကိုယ့်နာမည်ကိုမေ့သွားတာ အဆန်းမဟုတ်တော့ပါဘူး အခုကစပြီး သေချာမှတ်ထား ကိုယ့်နာမည်ကပတ်ခ်ဆောင်းဟွန်း"


ဉာဏ်မကောင်းတဲ့ပုံဟုပြောခံလိုက်ရတာကြောင့် ဂျယ်ယွန်းစိတ်တိုသွားသော်လည်း တစ်ဖက်လူ၏ နာမည်ကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားလေသည်။


"ပတ်ခ်ဆောင်းဟွန်း...ပတ်ခ်ဆောင်းဟွန်း...မဟုတ်မှလွဲရော ရုပ်ရှင်ဧကရာဇ်ပတ်ခ်ဆောင်းဟွန်းလား"

ဂျယ်ယွန်းမျက်၀န်းလေးများက အမှန်တကယ်ကိုပြူးကျယ်နေခဲ့တာပါ။


သူကဆောင်းဟွန်းအား မယုံနိုင်စွာကြည့်လိုက်ရင်း ‌မေး‌မြန်းနေခဲ့သည်။


ဆောင်းဟွန်းက ခနဲ့တဲ့တဲ့ဖြင့်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မင်းပြောသလိုပဲ ကိုယ်က ရုပ်ရှင်သရုပ်ဆောင် ပတ်ခ်ဆောင်းဟွန်းလေ အခုမှတ်မိပြီလား"

ဂျယ်ယွန်း ဆွံ့အလွန်းလို့ အသံမထွက်လာတော့ပေ။

သူ့အသက်ကိုကယ်ခဲ့တဲ့လူက ရုပ်ရှင်လောက၏ထိပ်တန်း၊အနုပညာအသိုင်းအဝိုင်း၏ဘုရင်တပါး ပတ်ခ်‌ေဆာင်းဟွန်းဖ့စ်‌ေနခဲ့တာတဲ့လား။

ဆောင်းဟွန်းက မည်မျှနာမည်ကြီးလဲဆိုလျှင် ရုပ်ရှင်သိပ်မကြည့်ဖြစ်သည့် ဂျယ်ယွန်းလိုလူတောင် သိနေခဲ့သည်အထိပါ။


မြင်မြင်ချင်း ရင်းနှီးနေတယ်လို့ထင်နေတာ မဆန်းတော့ပါဘူး ...တီဗီမှာ မြင်ဖူးနေကြ ဒီမျက်နှာကို အနီးကပ်ကြီးတွေ့လိုက်ရတာကိုး။


ဂျယ်ယွန်းထိုအခိုက်အတန့်တွင် စဉ်းစားမိသည့်အရာမှာ ဆောင်းဟွန်းသည် ကောလဟာလတွေနှင့်ကိုက်ညီမှုရှိသည်ဟူ၍ပင်။

ထိုသူက ဒေါသလဲကြီးပြီး ပြောချင်ရာပြော လုပ်ချင်ရာလုပ်တတ်သည့်စရိုက်ကြောင့် သူနှင့် ပြောဆိုဆက်ဆံရသည်မှာ အခက်အခဲဆုံးအလုပ်တစ်ခုပင်။


ဂျယ်ယွန်းလဲ ကိုယ်တိုင်ကြုံပြီးကာမှ ကောလဟာလများက အမှန်ဖြစ်သည်ဟု ကောက်ချက်ချလိုက်မိသည်။


တစ်ဖက်လူက ပေါင်းသင်းပြောဆိုရခက်နေပါတယ်မှတ်တာ လက်စသတ်တော့ အဆိပ်ပြင်းတဲ့ ပတ်ခ်ဆောင်းဟွန်းကြီးဖြစ်နေတာကိုး။

ဆောင်းဟွန်းက ကောင်းသီတင်းနဲ့ရော ‌ဆိုးသီတင်းနဲ့ပါကျော်ကြားသူဖြစ်တာမို့ ဂျယ်ယွန်းပင် ထိုရုပ်ရှင်ဧကရာဇ်ကြီးရဲ့ ရူးသွပ်မှုတချို့နှင့်ပတ်သတ်ပြီး ကြားဖူးနား၀ရှိဖူးသည်။

ထို့ကြောင့် နိဂုံးချုပ်ရမည်ဆိုလျှင်တော့ ရုပ်ရှင်ဧကရာဇ်ပတ်ခ်က အလွန်တရာ အန္တရာယ်များလှသူပါ။

ထိုသူ၏အနားမှာရှိနေရသည်မှာ ချိန်ကိုက်ဗုံးတစ်လုံးကို လက်ထဲပိုက်ထားရသလိုပါပဲ။

ဘယ်အချိန် ထပေါက်ကွဲမလဲဆိုတာ ရင်တထိတ်ထိတ်နှင့် ကြောက်လန့်နေရမည့်ပုံပါပင်။

ထိုမျှ ဆိုးရွားလှသော ပုဂ္ဂိုလ်ကြီးအပေါ် သူလုပ်ခဲ့သမျှအရာတွေပြန်စဉ်းစားလိုက်မိတော့ ဂျယ်ယွန်းခမျာ မျက်ရည်မထွက်ဘဲငိုချင်လာသည်။

ထိုနတ်ဆိုးကြီးက သူ့ကို ခွင့်လွှတ်မှ ခွင့်လွှတ်ပေးပါ့မလားဆိုတာ ဂျယ်ယွန်း ရင်လေးနေမိတော့သည်။

သူက ချက်ချင်းဆိုသလိုထိုင်နေသည့်အမုအရာကိုပြင်ဖို့လုပ်ရင်း "စီနီယာ" ဟုဆိုကာ တလေးတစား ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။

ဆောင်းဟွန်းက ကောင်လေး၏ အပြောင်းအလဲမြန်မှု‌မှာ ချစ်ဖို့ကောင်းသည်ဟုထင်မိတာကြောင့် ရယ်လိုက်သည်။

‌သူက ကုတင်ပေါ်တွင် အနေအထားပြောင်းရန်ကြိုးစားပြီး လှုပ်ရွနေသော ဂျယ်ယွန်း၏ ပေါင်အား ဖိညှစ်လိုက်ရင်း ထပ်မလှုပ်နိုင်အောင် ထိန်းထားလိုက်သည်။


"ဘာလို့လျှောက်လှုပ်နေတာလဲ နေမကောင်းဖြစ်နေတာကို ငြိမ်ငြိမ်နေ!"

ပေါင်ပေါ်မှတင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသည့်အထိအတွေ့ကြောင့် ဂျယ်ယွန်း သံပတ်‌ေပးထားတာရပ်သွားသည့် စက်ရုပ်လေးကို တောင့်တောင့်လေး ရပ်တန့်သွားသည်။


သူက ဆောင်းဟွန်းစကားကိုနားထောင်ရင်း ငြိမ်ငြိမ်လေးပြန်ထိုင်နေကာ အလွန်လိမ္မာနေသည်။


ဂျယ်ယွန်းက သူ့နေရာသူ ပြန်ထိုင်သွားပြီဖြစ်သော်လည်း ဆောင်းဟွန်းကမူ ဂျယ်ယွန်း ပေါင်ကိုဖိကိုင်ထားသည့် သူ၏လက်ကိုမဖယ်သေးပေ။

ဂျယ်ယွန်းမှာ ထိုလက်ကို ယူဖယ်ဖို့ သတ္တိမရှိသည့်အပြင် ပြောလိုက်လျှင်လဲ နတ်ဆိုးကြီး၏ ဒေါသကိုဆွမိသွားမှာကို စိုးရိမ်နေမိတာကြောင့် ကူကယ်ရာမဲ့စွာဖြင့် မျက်နှာလေးမဲ့နေသည်။

ထပ်ပေါင်းဆိုရလျှင်တော့ သူ၏ပေါင်ကိုကိုင်ခံထားရသည်မှာ ဘာကြောင့်မှန်းမသိ တမျိုးတမည်ဖြင့် ထူးဆန်းသော ခံစားချက်တစ်ခုခံစားနေရသည်။

ဂျယ်ယွန်း အနိုင်ကျင့်ခံနေရသည်ဟုခံစားရပြီး ပြန်လဲမပြောရဲသဖြင့် ငိုမဲ့မဲ့ရုပ်လေးနှင့်ဆောင်းဟွန်းအားကြည့်နေခဲ့သည်။

ဆောင်းဟွန်းက မျက်နှာတွေရဲလာပြန်သည့်ကောင်လေး၏ ရှက်ကိုးရှက်ကန်းရုပ်ကလေးအား အရသာခံကာကြည့်နေခဲ့သည်။

သူက သူ့လက်ကိုဖယ်ပစ်လိုက်လို့်ရသော်လည်း ထိုသို့မလုပ်ချင်တာကြောင့် ပိုပြီးစိတ်၀င်စားစရာကောင်းသွားအောင် တစ်ချက်နှစ်ချက် အားဖြင့်ဖိညှစ်လိုက်သည်။

ရုတ်တရက်ဆိုသလို ဂျယ်ယွန်း၏ နှုတ်မှညည်းသံလေး မသဲမကွဲထွက်လာသဖြင့် နှစ်ယောက်လုံး ရပ်တန့်သွားကာ အကြည့်ချင်းဆုံသွားမိသည်။

နောက်တစ်စက္ကန့်အကြာတွင်တော့ ဆောင်းဟွန်းက သူ၏အဖိုးတန်သွားစွယ်လေးတွေလှစ်ဟသွားသည်အထိ သဘောတကျပြုံးရယ်လိုက်သည်။


သူဂျယ်ယွန်းပေါင်ကို သူ့လက်ဖ၀ါးကြီးဖြင့် တစ်ချက်ဖြစ်ညှစ်ကာ စနောက်လိုက်သည်။


"အရမ်းကို ထိလွယ်ရှလွယ်နေတော့တာပါပဲလား ကိုယ်တို့ဂျယ်ယွန်းလေးက"

ဂျယ်ယွန်းမှာ‌ေတာ့ ထိုသူ၏အရှေ့တွင် နောက်တစ်ကြိမ်ထပ်မံ၍ အရှက်ကွဲသွားသဖြင့် သေချင်စော်နံသွားတော့သည်။

ဂျယ်ယွန်းဒီနေ့ဟာ သူ့အတွက်ကံမကောင်းဆုံးနေ့ဖြစ်လိမ့်မည်ဟု တရား၀င်သတ်မှတ်လိုက်‌ေတာ့သည်။

ဂျယ်ယွန်းကိုယ်တိုင်လဲ သူ၏ ပေါင်‌ေနရာက sensitive ဖြစ်မှန်း မသိရေးချ မသိခဲ့ပေ။

ဂျယ်ယွန်းမှာ သူ့ရှေ့တွင် သူ၏ပေါင်ကိုထိကိုင်ပြီး ကျီစယ်နေသည့် ထိုလူအား ကုတ်ဖဲ့ပစ်ချင်လာသည်အထိ ရှက်လဲရှက် ဒေါသလဲထွက်မိနေသည်။

ဂျယ်ယွန်းမျက်နှာလေးက ရှက်ဒေါသကြောင့် နီရဲနေပြီး မျက်၀န်းတွေက ဆောင်းဟွန်းအား လောင်ပြာချချင်နေသကဲ့သို့ မီး၀င်းဝင်းတောက်နေသည်ကို ဆောင်းဟွန်းစိတ်၀င်တစားကြည့်နေသည်။

ဆောင်းဟွန်းအတွက်တော့ ဂျယ်ယွန်း ဒေါသထွက်နေသည့်ပုံလေးက အနည်းငယ်မျှပင် ခြိမ်းခြောက်မှုမဖြစ်စေပါ။

ဂျယ်ယွန်းက သူ့ခြေထောက်ကိုဆုပ်ကိုင်ထားသည့်ဆောင်းဟွန်းလက်အားတွန်းကာ ရုန်းကန်လိုက်သည်။

သို့သော်လည်း ထိုနေရာက သူ၏ အားနည်းချက်ဖြစ်နေပြီး ထိလွယ်ရှလွယ်နေသည့်အပြင် နေမကောင်းတာမို့ အားပျက်နေသောဂျယ်ယွန်းမှာ ဆောင်းဟွန်းလက်မှ လွတ်‌အောင်မရုန်းနိုင်ရှာ။


ဆောင်းဟွန်းက ဂျယ်ယွန်း၏ ပေါင်ခြံနားကိုဖိကိုင်ထားရင်း မကောင်းမှုမှာမွေ့လျော်နေသည့် ဗီလိန်တစ်ဦးကဲ့သို့ ဂျယ်ယွန်းအား ပြုံးပြီးကြည့်နေလေသည်။

ဂျယ်ယွန်းက မျက်ရည်ဝဲနေသော မျက်၀န်များဖြင့် ကြည့်ကာ အံကြိတ်ရင်းပြောလိုက်သည်။

"နာမည်ကျော်ရုပ်ရှင်ဧကရာဇ်ကြီးက ကျွန်တော့်ကိုထိပါးနှောင့်ယှက်ချင်နေမယ်လို့တော့မထင်မ်ိဘူး ဒါ့ကြောင့် မစနောက်နေဘဲ မြန်မြန်လွှတ်ပေးပါ"


ဆောင်းဟွန်းက ရယ်လိုက်သည်။

"ထိပါးနှောင့်ယှက်တာတဲ့လား ခေါင်းစဉ်ကြီးက မကောင်းလိုက်တာ ကိုယ်ကမင်း‌ေညာင်း‌ေနမှာစိုးလို့ ‌‌ေစတနာနဲ့နှိပ်ပေးနေတာလဲဖြစ်နိုင်တာပဲလေ"


ထိုစကားပြောပြီးနောက် ဆောင်းဟွန်းလက်များက ဂျယ်ယွန်းပေါင်တံတစ်လျှောက်ရွေ့လျားဖိနှိပ်နေခဲ့သည်။

ဂျယ်ယွန်း အားနည်းကာ ပျော့ခွေလာသလိုခံစားလိုက်ရပြီး ပင့်သက်ရှိုက်ကာ အံကြိတ်လိုက်သည်။

ဂျယ်ယွန်းစိတ်တိုလွန်းသဖြင့်  မုန်းဖို့‌ေကာင်းသည့် ထိုမျက်နှာချောချောကိုကြည့်ကာ စိတ်ထဲကနေ အော်ဆဲပစ်လိုက်သည်။

*ငါ့ဖင်ကြီးကိုပဲ နှိပ်ပေးနေလိုက်လေ လူလိမ်ကောင်ကြီး*

သူက သူ့ပေါင် အနားတွင် ရမ်းကားနေသော ဆောင်းဟွန်လက်များကိုဆွဲဖြုတ်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"နှိပ်ပေးရအောင် ခင်ဗျားနဲ့ကျွန်‌‌ေတာ်နဲ့က ဘာမှမပတ်သတ်တဲ့သူ‌တွေပါ အဓိပ္ပာယ်မရှိတာတွေနဲ့ လာနောက်မနေနဲ့ ကျွန်တော့်ကိုမြန်မြန်လွှတ်ပေး"

ဂျယ်ယွန်းဤတစ်ခါတွင်တော့ အမှန်အကန်ဒေါသထွက်နေခဲ့သည်။

တစ်ဖက်လူက ထိုမျှ စည်းလွတ်ဝါးလွတ်ဖြင့် ထိန်းသိမ်းရခက်ကာ အရှက်မဲ့လိမ့်မည်ဟုမတွေးထားမိသဖြင့် ဂျယ်ယွန်း လျှော့တွက်ထားခဲ့မိသည်။

သူ့အသက်ကိုကယ်ပေးတာရော၊ သူ့ကိုဂရုစိုက်ပေးတာရော ဂျယ်ယွန်း စိတ်ရင်းဖြင့် ကျေးဇူးတင်မိပေမဲ့ ထို့အတွက်ကြောင့်ပင် သူ့ကို ထိကပါးရိကပါးလာလုပ်လို့ရသည်ဟုတော့ မဆိုလိုချေ။

ဂျယ်ယွန်း ဒေါသထွက်ကာ တုန်ယင်နေသည့်လက်များဖြင့်ဆောင်းဟွန်း၏ အားကောင်းမြဲမြံသောလက်များကို ဆွဲဖယ်နေသော်လည်း အရာမထင်ခဲ့ပေ။

ဆောင်းဟွန်းက သူ၏လုပ်ရပ်လွန်သွားမှန်းသိသော်လည်း ဂျယ်ယွန်းအား တောင်းပန်မလို့လုပ်နေစဉ်တွင် တစ်ဖက်လူက သူ့အား အသည်းအသန်ငြင်းဆန်နေပုံကိုမြင်ပြီး ဘာကြောင့်မှန်းမသိဒေါသထွက်သွားသည်။

သူဂျယ်ယွန်းပေါင်ပေါ်က လက်ကိုမဖယ်ဘဲအားဖြင့်ဖိညှစ်ပစ်လိုက်တာကြောင့် နာကျင်သွားသောဂျယ်ယွန်းမှာ "အ"ခနဲအသံထွက်သည်အထိ ညည်းညူလိုက်ရသည်။

ဂျယ်ယွန်း ထိုသို့လုပ်လိုက်မည်ဟုမထင်တာကြောင့် အံ့အားသင့်သွားပြီးနောက် ဒေါသထွက်သွားချိန်တွင် ဆောင်းဟွန်းက သူ့အား အုပ်မိုးထားလိုက်သည်။


ဆောင်းဟွန်းလက်တစ်ဖက်က ကုတင်ခေါင်းရင်းက နံရံကိုထောက်ထားကာ ဂျယ်ယွန်းကိုလွှမ်းမိုးထားခဲ့ပြီး ကျန်လက်တစ်ဖက်က ဂျယ်ယွန်း၏ပေါင်ကိုညှစ်ကိုင်ထားလေသည်။


ယခုအခါတွင် ဂျယ်ယွန်းမှာ အနေအထားအရဆောင်းဟွန်းထံမှ အပြည့်အ၀ကိုထိန်းချုပ်ခံလိုက်ရတော့သည်။

ဂျယ်ယွန်းဒေါသထွက်နေသည်က သိသာသော်လည်း တင်းကြပ်သောအထိအတွေ့နှင့် နာကျင်မှုတို့က သူ၏ ခံစားလွယ်သော ပေါင်ခြံနေရာကို လှုံ့‌ေ‌ဆာ်ပေးနေတာကြောင့် အားနည်းသထက်အားနည်းလာသလိုခံစားရသည်။

ဂျယ်ယွန်း ထူးဆန်းသည့်ခံစားချက်ပျောက်အောင် တတ်နိုင်သမျှ အာရုံလွှဲရင်း ညည်းသံမထွက်မိအောင် နှုတ်ခမ်းကိုကိုက်ထားလေသည်။

ထိုပုံစံအတိုင်းဆောင်းဟွန်းကိုမော့ကြည့်ကာ အံကြိတ်ရင်း အေးစက်စက်ပြောလိုက်သည်။

"ဖယ်ပေး"


ဂျယ်ယွန်းမျက်နှာက ရဲနေပြီး မျက်၀န်းထဲတွင်လဲ မျက်ရည်စတွေစွန်းထင်နေခဲ့သည်။

ထိုစိုစွတ်နေသောမျက်၀န်းများက ဆောင်းဟွန်းအား မနာခံမှုအပြည့်ဖြင့် စူးစူးရဲရဲစိုက်ကြည့်ကာ သူ၏နှုတ်ခမ်းကိုနီရဲသည်အထိဖိကိုက်လျက် ဒေါသထွက်နေခဲ့သည်။

ဆောင်းဟွန်းအကြည့်များက ဂျယ်ယွန်းမျက်နှာအနှံ့ပြေးနေပြီး ဂျယ်ယွန်း၏ စွဲမက်ဖွယ်အမူအရာတစ်ခုချင်းတိုင်း၊လှပ‌ေသာအစိတ်အပိုင်းတစ်ခုချင်းတိုင်းကို တစိမ့်စိမ့်ဖြင့်ကြည့်နေခဲ့သည်။

တစ်ဖက်လူက သိသိသာသာကို ဒေါသထွက်နေခဲ့သော်လည်း ဆောင်းဟွန်းအမြင်တွင် ဘာကြောင့်မှန်းမသိဘဲ ယခုအမူအရာလေးက အလွန်တရာဆွဲဆောင်မှုရှိနေလေသည်။


‌ဒေါသတကြီးဖြင့် လက်သည်းများကိုထုတ်ပြနေသော ကြောင်ရိုင်းလေးလိုပဲ စိန်ခေါ်မှု‌ေတွကိုကြိုက်သည့် ဆောင်းဟွန်းကို သူ့အား ယဉ်ပါးလာအောင် လုပ်ဖို့ ဖြားယောင်းစိန်ခေါ်နေသလိုပင်။


ဆောင်းဟွန်းမျက်၀န်းများက ပူလောင်နေပြီး မီးပွားစလေးတွေ လွင့်ပျံမတတ် ဂျယ်ယွန်းအား ငုံ့ကြည့်နေခဲ့သည်။

ဂျယ်ယွန်းကတော့ အနိုင်ကျင့်ခံနေရတာကြောင့် ရှက်ရွံ့ကာဒေါသစွက်နေသည့် မျက်၀န်းများဖြင့် သူ့အားမော့ကြည့်နေခဲ့သည်။


ဆောင်းဟွန်းက ဂျယ်ယွန်းကို နံရံတွင် ပိတ်လှောင်ထားလျက် မေးလိုက်သည်။

"ဘာလို့ကိုယ့်ကိုငြင်းဆန်နေတာလဲ မင်းမှာငြင်းခွင့်ရှိတယ်လို့ထင်လို့လား"

ဂျယ်ယွန်းစိတ်ဆိုးနေသည့်ကြားက ပြောစရာစကားပါမဲ့နေခဲ့သည်။

ဂျယ်ယွန်းတကယ်ကိုမသိတော့ပါ...ဘယ်လိုလူကများ ဒီလောက်တောင် အရှက်မဲ့ပြီး မျက်နှာပြောင်တိုက်နိုင်တာတုန်း

ဂျယ်ယွန်း ဆောင်းဟွန်းရင်အုပ်ကျယ်ကျယ်အား တွန်းထုတ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဘာလို့မငြင်းရမှာလဲ ခင်ဗျားကိုယ်ခင်ဗျားဘာထင်နေတာလဲ ရုပ်ရှင်ဧကရာဇ်ဖြစ်နေတာနဲ့ ပြီးပြီလို့ထင်မနေနဲ့ ကျွန်တော်က ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး ကျွန်တော်ငြင်းချင်ငြင်းခွင့်ရှိတယ်"


ထိုစကားက ပေါက်ကွဲကာနီးစနက်တံအား အမှန်တကယ်ပေါက်ကွဲသွား‌စေတော့မည့် မီးပွားစလေးလိုပါပင်။

ဂျယ်ယွန်းက သူနှင့်မဆိုင်ဘူးဆိုသည့်အကြောင်းမှာ ငြင်းမရသည့်အမှန်တရားဖြစ်နေသော်လည်း ဘာကြောင့်မှန်းမသိ‌ ဆောင်းဟွန်းဒေါသတွေပေါက်ကွဲနေဆဲပါ။


သူက ဂျယ်ယွန်းမေးဖျား‌ေလးအား ပင့်ကာကြည့်လိုက်သည်။

ဂျယ်ယွန်းက ရုန်းကန်‌နေတာကြောင့် အားဖြင့်ဆုပ်ကိုင်လိုက်သည့်အခါ ဂျယ်ယွန်းမေးဖျားကနီရဲလာခဲ့သည်။

ဂျယ်ယွန်း နာကျင်မှုကြောင့် ဆောင်းဟွန်းအား စိတ်တိုစွာကြည့်မိချိန်တွင် အသံနိမ့်နိမ့်ဖြင့် သူ့နားနားကပ်ကာ ပြောလာသံကိုကြားလိုက်ရသည်။


"အဲ့ဒီ့စကား...နောက်တစ်ခါမပြောမိစေနဲ့"

အလွန်နီးကပ်လွန်းနေတာကြောင့် ဆောင်းဟွန်း၏ ၀င်သက်ထွက်သက်‌ေနွး‌ေနွးက ဂျယ်ယွန်းနားရွက်ဖျားနားတွင်

You are reading the story above: TeenFic.Net