2

Background color
Font
Font size
Line height


စင်အောက်မှဂျောင်၀န်းကတော့ သူ့နှဖူးသူရိုက်လိုက်မိသည်။

တခြားလူတွေ အရူးလုပ်ခံရ‌ရင်တောင် ဆောင်းဟွန်းအေးဂျင့်ဖြစ်သူ ဂျောင်၀န်းကတော့ သိနေခဲ့သည်။

ပတ်ခ်ဆောင်းဟွန်းကဂေးမဟုတ်ဘဲအဖြောင့်စစ်စစ်ပါ။

မယုံလျှင် ခုနက ဟိုမင်းသမီးရဲ့ ရင်သားကြီးကြီးကမိုက်တဲ့အကြောင်းပြောနေတာသာကြည့်ကြတော့။

ဒီလောက်မင်းသမီးတွေအားလုံးနဲ့ မရှင်းမရှင်း ကလူကျီစယ်နေကြလူက ဘယ်လိုလုပ်ဂေးဖြစ်နိုင်မှာလဲ။

သူ့ရဲ့ ပုံမှန်မဟုတ်တဲ့အနုပညာရှင်က ဘာတွေအသစ်အဆန်းထွင်ပြီး သူများတွေကို အရူးလုပ်ချင်နေလဲမသိပေမဲ့ ဂျောင်၀န်းမှာတော့ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။

မည်သို့‌ပင်ဖြစ်စေကာမူ ဂျောင်၀န်းအနေနှင့်လဲ ပတ်ခ်ဆောင်းဟွန်း၏ ထိုစည်းမရှိဘောင်မရှိသော ပါးစပ်ကို မထိန်းနိုင်သဖြင့် သူရှာသမျှ ပြဿနာအား ဂျောင်၀န်းနှင့် PR team က အချိန်ပိုဆင်းကာ ဖြေရှင်းဖို့ရာသာရှိတော့သည်။

ဂျောင်၀န်းတွေးရင်းစိတ်ညစ်လာသည် ဤ show ထုတ်လွှင့်သည်နှင့် လိုင်းပေါ်မှာ ဘယ်လောက် ဂယက်ရိုက်ကြဦးမလဲဆိုတာ။


ထိုသို့ဖြင့် အစီအစဉ်က ကသိကအောက်ဖြစ်လျက်နှင့်ပင်ပြီးသွား‌ေလသည်။

ဆောင်းဟွန်းက ရှုပ်ထွေးဟန်ပေါ်နေသော ရိုက်ကူးရေး၀န်ထမ်းများကိုနှုတ်ဆက်ကာ စိတ်ညစ်နေသော ဂျောင်၀န်းနှင့်အတူ ပြန်လာခဲ့သည်။

စတူဒီယိုအပြင်ဘက်သို့ထွက်လာသည်နှင့် ဂျောင်၀န်းက ပေါက်ပေါက်ဖောက်တော့သည်။

"ဟျောင်း ဒီတစ်ခါရော ဘာဇာတ်လမ်းတွေထွင်နေပြန်တာလဲ တစ်ရက်လောက် ပြဿနာမရှာဘဲမနေနိုင်ဘူးလားဗျာ"

"ဘာမှဇာတ်လမ်းမထွင်ဘူး ငါအတည်ပြောနေတာလဲ‌ဖြစ်နိုင်တာပဲလေ"

"ထပ်ပြီး အတည်‌ေပါက်ကြီး သရုပ်ဆောင်နေပြန်ပြီ တကယ်ပါပဲ"


"ဟဟ ဒီလိုပါပဲ အမြဲတမ်းလိုလို ဘယ်မင်းသမီးနဲ့ ဘယ်လိုဆက်ဆံရေးလဲဆိုတာတွေပဲဖြေနေရတာ ငြီးငွေ့လာလို့"

"အရမ်းကောင်းတယ် ငြီးငွေ့လာရုံနဲ့ ကိုယ့်ဘာသာဂေးနေတယ်ဆိုပြီး ပြောချလိုက်တာပေါ့လေ ဟျောင်းရဲ့ တွေးခေါ်ပုံတွေကိုလဲ ဘယ်လိုမှလိုက်မမှီနိုင်တော့ပါဘူးဗျာ"

"သားလေး ဖေဖေ့ကိုနားလည်ဖို့မကြိုးစား‌နဲ့လေ မင်းရဲ့ သနားစရာကောင်းပြီးတုံးအတဲ့ ဦးနှောက်လေးကိုသနားပါဦး"

ဂျောင်၀န်းတစ်ယောက် ဆောင်းဟွန်းကိုနိုင်အောင်မပြောနိုင်မှန်းသိရက်နဲ့သွားပြီးစကားနိုင်လုတာ ခံလိုက်ရပြန်ပါပြီ။

ဂျောင်၀န်းစိတ်တိုပြီးငိုချင်စိတ်ပေါက်လာချိန်တွင် ဖုန်း၀င်လာတာမို့ ဆောင်းဟွန်းအား မျက်စောင်းသာထိုးကာ ဖုန်းကိုင်လိုက်သည်။


ဂျောင်၀န်းခဏကြာအောင် ‌ဖုန်းပြောပြီးသည်နှင့် ဖုန်းကိုချလိုက်ရင်း ဆောင်းဟွန်းအား မယုံနိုင်စွာကြည့်လိုက်သည်။

ဆောင်းဟွန်းက သူ့ကို ထိတ်လန့်စွာကြည့်နေသော ဂျောင်၀န်းအား မေးပင့်ပြလေသည်။

"ဘာလဲ?"

"ခုနက ဆက်တာ ဆောဂျီအန်းနဲ့ ဆောဂျီအန်းရဲ့မန်နေဂျာ"

"ဪ ဘာတဲ့လဲ"

"ဟျောင်းကို စိတ်အနှောင့်ဖြစ်အောင်လုပ်မိလို့ သူတို့မှားပါတယ်ဆိုပြီး ငိုယိုတောင်းပန်နေကြတယ်"

ဆောင်းဟွန်းက ဘာမှမပြောဘဲ ပြုံးကာ ခေါင်းညိတ်လိုက်သည်။


ဂျောင်၀န်းက သူ့အားကြောင်တောင်တောင်ကြည့်နေရင်းမေးလိုက်သည်။


"ဟျောင်းဘာသွားလုပ်လိုက်တာလဲ သူတို့အသံက တော်တော်လေးစိတ်ထိခိုက်ပြီးနောင်တရနေပုံရတယ်"


ဆောင်းဟွန်းက လက်ထဲက ဖုန်းနှင့် candy crush ဆော့နေရင်း ခေါင်းပင်မမော့လာဘဲ ပေါ့ပေ့ါပါးပါးပြန်ဖြေလေသည်


"ဘာမှမလုပ်ပါဘူး ဒီတစ်နှစ်စာ ကြော်ငြာစာချုပ်တွေပဲ ဖျက်သိမ်းပေးလိုက်ရုံပါ"


ဂျောင်၀န်း ဘာပြောရမှန်းမသိအောင်ပင်ဖြစ်သွားရလေသည်။

*ဘာမှမလုပ်ပါဘူး?သူများတကာကို တစ်နှစ်စာ ၀င်ငွေရပေါက်တွေပိတ်ပစ်လိုက်တာတောင် ဘာမှမလုပ်ပါဘူးလို့ပြောရဲသေးတယ်ပေါ့*

"ဟျောင်းကတော့ တကယ်ပါပဲ ကျွန်တော်ပြောတုန်းကတော့ စိတ်မဆိုးသလိုလို ဘာလိုလိုနဲ့ ‌နောက်ကွယ်မှာတော့ ယုတ်မာတဲ့ ကြောင်သူတော်ကြီးဖြစ်နေပါရောလား"


"ယန်းဂျောင်၀န်းရယ် မင်းငါ့နောက်လိုက်လာတာကြာပြီ အခုထိတုံးအနေတုန်းပဲ ငါစိတ်ဆိုးတာ မင်းဘယ်တုန်းကမြင်ဖူးလို့လဲ"


ဂျောင်၀န်းသူ့နှုတ်ခမ်းကိုမဲ့လိုက်ပြီး"ဟုတ်ပါတယ် ဟျောင်းက စိတ်မဆိုးဘူးလေ အပြုံးမပျက်ပဲ သူများကို စိတ်ဒုက္ခလိုက်ပေးပြီး ကလဲ့စားချေတတ်တာ"ဟု ‌ပြန်ချေပလေသည်။

ဂိမ်းဆော့နေသော ဆောင်းဟွန်းက ချိုချဉ်များကို တန်းလိုက်ရင်း မော့မကြည့်ဘဲ "ဘင်ဂို"ဟု ပြောလိုက်သည်။


"မဆိုးဘူး သားလေး မင်းတောင် နည်းနည်းဉာဏ်ကောင်းလာပြီပဲ"


ဂျောင်၀န်း : "..."

*ဒီလူက နည်းနည်းပါးပါးတောင် အရှက်မရှ်ိနေတာပဲ*

"တော်ပြီဗျာ ဟျောင်းနဲ့စကားပြောလိုက်တာ အားအင်တွေကုန်ခမ်းပြီးဗိုက်တောင်နာလာပြီ သန့်စင်ခန်းသွားလိုက်ဦးမယ်"


"ငါက မင်းကိုစောင့်နေရမှာလား ငါ့လိုအနုပညာရှင်ကိုပြန်စောင့်ခိုင်းတဲ့အေးဂျင့်က အလုပ်ထုတ်ခံရသင့်တယ်"

"မစောင့်ချင်လဲတစ်‌ေယာက်တည်းပြန်နှင့်လေ လမ်းမှာ ဟျောင်း ကိုကလဲ့စားချေချင်တဲ့သူတွေ ချောင်းရိုက်ခံရလဲခံလိုက်‌ေပါ့"


ဆောင်းဟွန်း : "...ငါ့လိုသဘောကောင်းတဲ့အနုပညာရှင်နောက်တစ်ယောက်မရှိနိုင်ဘူးဆိုတော့ သဘောထားကြီးစွာနဲ့စောင့်ပေးပါ့မယ် မြန်မြန်သွား"


ဂျောင်၀န်းက မျက်လုံးလှန်ပြရင်း ဗိုက်ကိုပွတ်ကာ သန့်စင်ခန်းထဲ၀င်သွားတော့သည်။


ရုပ်သံဌာနရဲ့ သန့်စင်ခန်းရှေ့တွင် ‌ဆောင်းဟွန်း နံရံကိုမှီကာ ဂိမ်းဆော့ရင်း ဂျောင်၀န်းကိုစောင့်နေသည်။

သို့သော်လည်း ဖြတ်သွားဖြတ်လာသူမှန်သမျှက သူ့အား နှုတ်ဆက်နေကြတာကြောင့် ဆောင်းဟွန်းနည်းနည်းစိတ်ရှုပ်လာပြီး လူရှင်းတဲ့ ကော်ရစ်ဒါထောင့်ဆုံးကိုသွားရပ်နေလိုက်သည်။

ဆောင်းဟွန်း လူရှင်းသည့် ‌ထောင့်နေရာကိုရောက်တော့ ထိုနေရာတွင် လူတစ်ယောက် ဆောင့်ကြောင့်ထိုင်နေတာကိုမြင်လိုက်ရတာ
‌‌ေကြာင့် သာမန်ကာလျှံကာသာ ကြည့်လိုက်သည်။

သို့သော်နောက်တစ်စက္ကန့်တွင်တစ်ခုခုမှားနေသည်ကိုသတိထားမိသွား‌တာကြောင့် သူမျက်မှောင်ကြုတ်လို့က်သည်။

တစ်ဖက်လူက ခေါင်းစွပ်hoodie ပွပွကြီးကို ၀တ်ဆင်ထားတာကြောင့် မျက်နှာမမြင်ရသော်လည်း ဗိုက်ကိုအုပ်ကိုင်ထားကာ ကြမ်းပေါ်တွင် ‌ခွေခွေလေးဖြင့် ထိုင်နေတာကိုကြည့်လိုက်သည်နှင့် အတော်ကိုနာကျင်ခံစားနေရမှန်းသိသာလေသည်။


ဆောင်းဟွန်းထိုသူ့ရှေ့သို့လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။

"အကူအညီလိုလား"

ဆောင်းဟွန်းက သိပ်ပြီးကြင်နာတတ်သူမဟုတ်တာကြောင့် သူ့အသံက အနည်းငယ်တော့ ၀တ်ကြေတန်းကြေ‌နိုင်ကာ အေးစက်နေသည်။

ဂျယ်ယွန်းက မေ့မြောလုမတတ်နာကျင်မှုကြောင့် သတိလစ်ကာနီးနေချိန်တွင် ကြားလိုက်ရသောအသံကြောင့် အားတင်းကာ မော့ကြည့်လိုက်သည်။


ဟူဒီ‌ခေါင်းစွပ်အတွင်းမှ သူ့အားမော့ကြည့်လာသော မျက်နှာလေးကိုမြင်တော့ ဆောင်းဟွန်း အံ့အားသင့်သွားသည်။

တစ်ဖက်လူက ယဉ်ကျေးမှုမရှိပေမဲ့ ရုပ်ချောတဲ့အဆိုတော်ပေါက်စလေးဖြစ်နေမယ်မှန်း ဆောင်းဟွန်းမထင်မှတ်ထားခဲ့ပေ။

နာကျင်မှုကြောင့် ထိုကောင်လေး၏မျက်နှာက အနည်းငယ်မဲ့နေပြီး နဖူးထက်တွင် ချွေးစေးတွေထွက်နေသည်။

မျက်နှာလေးကဖြူဖျော့နေပြီး နှုတ်ခမ်းလေးကိုက်ကာ မော့ကြည့်လာသည်မှာ နေမကောင်းဖြစ်နေတဲ့ခွေးပေါက်လေးကဲ့သို့ပင်။


ထိုပုံလေးက အလွန်သနားချင့်စဖွယ်လေးဖြစ်နေတာမို့ ဆောင်းဟွန်းလိုလူတောင် စိတ်လွတ်ကာ မသိစိတ်မှနေ၍ ခေါင်းပွတ်ပေးရန် လက်ကိုဆန့်ထုတ်လိုက်မိသည်အထိပါ။

ဆောင်းဟွန်း ရုတ်တရက် သူဘာလုပ်မိနေမှန်းအသိစိတ်၀င်သွားပြီး လက်ကိုပြန်ရုတ်လိုက်ကာ ထိန်းချုပ်မှုလွတ်သွား‌ေသာ သူ့ကိုယ်သူအနည်းငယ်အံ့အားသင့်‌ေနခဲ့သည်။

နာကျင်မှုကြောင့် အမြင်အာရုံတွေပါ မသဲမကွဲဖြစ်နေသော ဂျယ်ယွန်းကတော့ သူ့ကိုအုပ်မိုးထားသော အရပ်ရှည်ရှည်လူသားကို သေချာမမြင်ရသော်လည်း အရမ်းချောမည်ဟုတော့ ခန့်မှန်းနိုင်လေသည်။

ဂျယ်ယွန်း၏ မှုန်ကုတ်ကုတ်အကြည့်အောက်တွင် ဆောင်းဟွန်းက ဂျယ်ယွန်းနှင့် တန်းတူ ငုတ်တုတ်ထိုင်ချလိုက်ရင်း မေးလိုက်သည်။

"အဆင်ပြေလား ကိုယ်ဘာလုပ်ပေးရမလဲ"

ထိုသို့မေးလိုက်ချိန်တွင် အ‌ေကြာင်းရင်းမဲ့စွာနဲ့ ဆောင်းဟွန်း၏လေသံက စစချင်း ဘယ်သူမှန်းမသိခင်အချိန်က‌ထက် ပျော့ပျောင်းနေခဲ့သည်။

သို့သော် ဆောင်းဟွန်းစကားဆုံးသည်နှင့် နာကျင်မှုကိုသည်းမခံနိုင်တော့ပုံရသောဂျယ်ယွန်းက သူ့ဘက်သို့လဲပြိုကျလာတော့သည်။

သူတို့နှစ်ဦးက မျက်နှာချင်းဆိုင်ထိုင်နေကြတာဖြစ်ပြီး အနည်းငယ်နီးကပ်နေတာမို့ ဂျယ်ယွန်းက ယိုင်လဲကျလာသည့်အခါ ဆောင်းဟွန်းမျက်နှာနှင့် မတော်တဆထိတွေ့သွားလေတော့သည်။

ဆောင်းဟွန်းက သူ့ဘက်သ်ို့ လဲကျလာသည့် ကောင်လေး၏ လက်မောင်းနှစ်ဖက်ကိုအချိန်မီထိန်းကိုင်လိုက်နိုင်သော်လည်း သူ့နှုတ်ခမ်းပေါ်သို့ ခတ္တမျှ ကျရောက်လာသည့် နူးညံ့သောအရာလေးကြောင့်‌  ကြောင်အသွားလေသည်။

မွှေးပျံ့ပျံ့ရနံ့‌‌ေလးသင်းကာ နူးညံ့အိစက်နေသည့်ထိုအရာမှာ တစ်ဖက်လူ၏ နှုတ်ခမ်းတစ်စုံဖြစ်ဟန်တူပါသည်။

*အာ...အခုက နမ်းမိသွားတာလား*

ဉာဏ်များလွန်းသောဆောင်းဟွန်း၏ ဦးနှောက်ပင် ယခုအခါသိပ်ပြီး ပုံမှန်အလုပ်မလုပ်တော့ဟန်ပေါ်နေသည်။

သူက မျက်တောင်ခတ်လျက် သူ့လက်မောင်းထဲပျော့ခွေနေသည့်ကောင်လေးကိုငုံ့ကြည့်လိုက်သည်။

ကောင်လေးက သတိ‌လစ်သွားပြီဖြစ်တာမို့ ယခုအချိန်က တခြားအရာတွေတွေးနေဖို့ သင့်တော်တဲ့အချိန်ကောင်းမဟုတ်ပေ။

ဆောင်းဟွန်း သက်ပြင်းချကာ ကောင်လေးကို မင်းသမီးပွေ့နည်းဖြင့်ပွေ့ချီကာ ခပ်မြန်မြန်လျှောက်လှမ်းလိုက်သည်။

ဤသို့ဖြင့် အပျင်းကြီးလှသော ရုပ်ရှင်ဧကရာဇ်၏ အိမ်ပြန်နားမည့်အစီအစဉ် ‌ပျက်သုန်းသွားပြီး ဆေးရုံသို့ အလည်တစ်ခေါက်ရောက်ရှိသွားလေတော့သည်။

Studio နှင့်သိပ်မဝေးသော ဆေးရုံသို့ရောက်သည်နှင့် ဆောင်းဟွန်းက သူ့လက်မောင်းထဲကကောင်လေးကိုချီထားလျက်နှင့်ပင်ဆေးရုံထဲ၀င်သွားလိုက်သည်။


စကားများနေသော နာ့စ်မလေးများမှာ တစုံတယောက်ကိုပွေ့ချီလာသည့် ဆောင်းဟွန်းကိုမြင်လိုက်ရတာကြောင့် အကုန်တိတ်ဆိတ်သွားကြသည်။

"ရုတ်တရက်ကြီး သတိလစ်သွားလ်ို့ စစ်ဆေးပြီးရင် ဒီလူနာကို VIP အခန်းကို‌ပို့ပေးပါ"

ဆောင်းဟွန်းက ‌စိတ်မရှည်စွာကြည့်လျက် ပြောလိုက်တာကြောင့် သူနာပြုလေးများမှာ အံ့ဩချိန်ပင်မရလိုက်ဘဲ အပြေးအလွှားဖြင့်အလုပ်ရှုပ်သွားတော့သည်။

ဂျယ်ယွန်းကိုစစ်ဆေးဖို့ခေါ်သွားပြီးနောက် သူနာပြုလေးက တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

"ဟိုဟာလေ လူနာရှင်ကဘယ်သူလဲရှင့် စစ်ဆေးဖို့အတွက် လူနာရှင်ရဲ့ခွင့်ပြုချက်လိုလို့ပါ"


ဆောင်းဟွန်းက အနည်းငယ်တိတ်သွားသော်လည်း ဂျယ်ယွန်းနှင့် ပတ်သတ်သည့်တစုံတယောက်ကိုဆက်သွယ်လို့လဲမရသဖြင့် သူပဲတာ၀န်ယူလိုက်တော့သည်။

"ကျွန်တော်က လူနာရှင်ပါ ဘယ်မှာလက်မှတ်ထိုးပေးရမလဲ"

သူနာပြုလေးများကတော့ တီဗီထဲတွင်သာမြင်ဖူးနေကြရုပ်ရှင်မင်းသားက လူနာရှင်နေရာတွင် အလေးအနက်ထားကာ လက်မှတ်ထိုးနေတာကြောင့် ပါးစပ်အဟောင်းသားဖြင့် ငမ်းလို့ကောင်းနေကြသည်။

ဆောင်းဟွန်းက လက်မှတ်ထိုးပြီးနောက် ဂျယ်ယွန်း၏ဆေးရုံခန်းသို့လိုက်သွားလေတော့သည်။

မိန်းမောနေသော သူနာပြုမလေးများကို ဘေးနားက နောက်ထပ်သူနာပြုလေးက လက်တို့လိုက်သည်။

"ဟဲ့‌ေရ နင်တို့ ပတ်ခ်ဆောင်းဟွန်းချီလာတဲ့ကောင်လေးကိုတွေ့လိုက်သေးလား"

"ဟင့်အင်း သေချာမတွေ့လိုက်ရဘူး"

"ငါက‌ေဆးရုံခန်းထဲလိုက်ပို့တာမို့ တွေ့လိုက်ရတယ် နင်တို့ကြားရင် ယုံနိုင်မှာတောင်မဟုတ်ဘူး"

"ဘယ်သူမို့လဲ မြန်မြန်ပြောစမ်းပါဟယ်"

"အဲ့ဒါက ရှင်းမ်ဂျယ်ယွန်းလေ"

"ဘာ! အဆိုတော်ဂျယ်ယွန်းလား "

"‌အသေအချာကို ဂျယ်ယွန်းပဲ ငါကဒီမျက်နှာလေးကိုမမှတ်မိပဲနေမလားဟ"

"ဟယ် ငါတို့မင်းသားက idolလေးကိုတောင်ပွေ့ချီလာတာဆိုတော့ သူတို့ကြားက ဆက်ဆံရေးကဘာများလဲမသိဘူးနော်"

"အေးလေ ဧကရာဇ်ပတ်ခ် ရောက်လာတုန်းက ရုပ်တည်ကြီးနဲ့ တကယ်ကိုစိတ်ပူနေတဲ့ပုံပဲ"

"နင်တို့တော့မသိဘူး ငါလဲ မင်းသားက အဆိုတော်လေးကိုပွေ့ထားတဲ့ပုံများ မျက်လုံးထဲကမထွက်ဘူး အားး ကြိုက်လိုက်တာ"

"ငါရောပဲ လိုက်တယ်နော် ဟိဟိ"

"ကဲ ဒီဖူဂျိုမတွေလဲအတော်ဖြစ်နေလိုက်"

ထိုအချိန်တွင် သူတို့၏ ဌာနမှူးကြီးဖြတ်သွားတာကြောင့် စကားများနေသော ကောင်မလေးများမှာလူစုအမြန်ခွဲလိုက်ကြရတော့‌ေလသည်။


...

VIP ဆေးရုံခန်းထဲတွင်တော့ ဆရာ၀န်က စမ်းသပ်ပြီးနောက် နံဘေးတွင်လက်ပိုက်ကာရပ်နေသော ဆောင်းဟွန်းအားကြည့်လိုက်သည်။


"လူနာရဲ့ အစာအိမ်က ‌ဆိုးဆိုးရွားရွားကိုယောင်နေတာပါ ကျွန်တော့်အထင်ပြောရရင် အစာအိမ်‌ေရာင်နေတဲ့အချိန်မှာတောင် အနားမယူနေဘဲ ကိုယ်လက်လှုပ်ရှားမှုလုပ်ထားသေးတယ်ထင်တယ် အဲ့ဒါကြောင့် သူ့အစာအိမ်က အရမ်းဆိုးသွားပြီး အစာအိမ်သွေးကြောပေါက်ချင်နေတဲ့ လက္ခဏာတောင် တွေ့နေရတယ် နည်းနည်းသာနောက်ကျသွားရင် အစာအိမ်သွေ‌းကြောပေါက်ပြီး အသက်ဆုံးရှုံးသွားနိုင်တယ်ဗျ တကယ်ကံကောင်းလို့ပေါ့ ဒီလိုနာကျင်မှုမျိုးက ပြောတောင်ပြောမပြနိုင်အောင်ပါပဲ လူနာကဘယ်လိုများသည်းခံခဲ့လဲမသိဘူး သူမခံမရပ်နိုင်အောင် ဗိုက်အောင့်လာကာမှ ‌သတိလစ်သွားတာဖြစ်ပါလိမ့်မယ် အချိန်မှီကုသခွင့်ရလို့တော်ပါသေးတယ်ဗျာ"

ဆောင်းဟွန်းက ဆရာ၀န်၏စကားကြောင့် ကုတင်ပေါ်ကကောင်လေးကိုကြည့်လိုက်ပြီး‌ေတွးမိသွားသည်။

*အစာအိမ်ရောင်နေတဲ့ချိန် စင်ပေါ်မှာဆက်ပြီး‌ေဖျာ်‌ေဖြ‌ေနလို့ ဒီလောက်ဖြစ်သွားတာထင်တယ် အသက်နဲ့တောင်လဲပြီး အလုပ်လုပ်ရတယ်လို့ တကယ်ပါပဲ*

ဆောင်းဟွန်းမှာ မေ့မြောနေသောတစ်ဖက်လူကိုကြည့်ကာ သူနှင့် ဘာမှမဆိုင်မှန်းသိနေတာတောင် ဂရုဏာဒေါသောဖြင့် ဆူပူချင်နေမိသည်။

ဆောင်းဟွန်းက တိတ်တဆိတ်ခေါင်းယမ်းလိုက်ပြီး ဆရာ၀န်အား ပြောလိုက်သည်။

"‌ကျေးဇူးတင်ပါတယ် ‌‌ဒေါက်တာ"

"ရပါတယ် ဒါက ကျွန်တော့်တာ၀န်ပါပဲ လူနာရှင်အနေနဲ့တော့ လူနာကို အစားပုံမှန်စားအောင်ဂရုစိုက်ဖို့တော့လိုပါလိမ့်မယ်
လူနာက အစားလဲ လုံး၀ပုံမှန်မစားတဲ့အပြင် အသင့်စားတွေချည်း‌စားနေတာကြောင့် သူ့အစာအိမ်က ဒီလောက်ဆိုးရွားနေတာလို့ ကျွန်‌ေတာ်ထင်တယ် အဲ့ဒါကိုမဆင်ခြင်ရင်တော့ နောက်တခါဆို အခြေအနေက ဒီထက်အများကြီးဆိုးသွားနိုင်ပါတယ်"

"ဂရုစိုက်လိုက်ပါ့မယ်ဒေါက်တာ ကျေးဇူးပါ"

ဆောင်းဟွန်းက ဆရာ၀န်ကိုလေးစားသမှုနဲ့ခေါင်းညိတ်ပြလိုက်ပြီး ဆရာ၀န်ဆက်ပြောသော ဆောင်ရန်ရှောင်ရန်တွေကို ‌အလေးအနက်နားထောင်နေလိုက်သည်။

ဆရာ၀န်ထွက်သွားသောအခါ ဆောင်းဟွန်းက သူ့ coat ကိုချွတ်ကာ ချိတ်တွင်ချိတ်လိုက်ပြီး လူနာကုတင်ဘေးကခုံတွင် ၀င်ထိုင်လိုက်သည်။


တိတ်ဆိတ်နေသော ဆေးရုံခန်းထဲတွင် ဆောင်းဟွန်းက သူ့ရှေ့ရှိကောင်လေး၏ မှိတ်ကျနေသောမျက်တောင်များကိုကြည့်နေမိသည်။


ဆောင်းဟွန်းက ‌အပြင်ပန်းတွင်သာ နွေးထွေးသည့်ပုံပေါ်ပေမဲ့အတွင်းစိတ်က အေးစက်ကောက်ကျစ်သူပါ။


သူက အကြင်နာတရားလဲကင်းမဲ့တာကြောင့် တစုံတယောက်ကသာ သူ့ရှေ့မှာ မေ့မြောရုံမကလို့ လဲကျသေဆုံးသွားရင်တောင် အရေးစိုက်ပြီးစိတ်ပူနေမည့်သူမဟုတ်ပေ။


သို့သော်လည်း ယခုတွင် ဒီကောင်လေးနှင့်တွေ့ကာမှ အလွန်အကျွံဂရုစိုက်မိနေသည့်အပြင် ဆေးရုံထိပါပွေ့ချီလာမိသေးသည်။

ပုံမှန်ပတ်ခ်ဆောင်းဟွန်းသာ သူ့ရှေ့တွင် အကူအညီလိုနေသူကိုတွေ့ပါက အရေးပေါ်ကားခေါ်ပေးလိုက်ရုံဖြင့်ပြီးသွားမည်သာ။

အခု‌ေတာ့ဘာကြောင့်များ ဆေးရုံခန်းထဲတွင် လူနာရှင်တစ်ဦးလို ထိုင်စောင့်‌မိနေမှန်းကို ဆောင်းဟွန်းနားမလည်တော့ချေ။

ထိုအတွေ‌ေးကြာင့် ဆောင်းဟွန်းမျက်မှောင်ကြုတ်လိုက်သည်။

ဆောင်းဟွန်းမှာ ပင်ကိုယ်ဗီဇအရကိုက အရာရာကိုလွှမ်းမိုးချုပ်ကိုင်လိုစိတ်အပြည့်ရှိသူဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် သူကိုယ်တိုင် မသိလိုက်ဘဲထိန်းချုပ်မှုလွတ်ကင်းသွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေခဲ့သည်။

သဘာ၀အတိုင်းပင် ဆောင်းဟွန်းက ထိုခံစားချက်ကိုမကြိုက်ပေ။

မကြိုက်ရသည့်အကြောင်းရင်းက‌ေတာ့  ရှင်းပါသည်။

ဆောင်းဟွန်းမှာ အရာရာတိုင်းကိုသူ၏ချုပ်ထိန်းမှုအောက်မှာ ရှိနေတာကိုသာသဘောကျပြီး ယခုလိုတစ်ခုလောက်ချွတ်ချော်သွားရုံနဲ့တင် အရာအားလုံးက သူ့ချုပ်ထိန်းမှုအောက်မှာ မရှိနေတော့သလိုခံစားရတာ‌မို့ ထိုခံစားချက်ကိုမနှစ်သက်ခြင်းပင်။

ဆောင်းဟွန်းက သူ့ရဲ့ပုံမှန်စရိုက်အတိုင်း ဂျယ်ယွန်းကိုပစ်ထားခဲ့ကာ ထသွားချင်သော်လည်း ကုတင်ပေါ်ကလူကိုကြည့်လိုက်တိုင်း ထိုအကြံက မဖြစ်မြောက်တော့ပေ။

ဆောင်းဟွန်းက အရှေ့သို့တိုးလိုက်ကာ ဂျယ်ယွန်းနဖူးကို တောက်လိုက်သည်။

"မင်းနဲ့ကျမှ ဘာလို့ ပုံမှန်ဟုတ်မနေရတာလဲ"

ပိုင်စိုးပိုင်နင်းဖြင့် နဖူးအတောက်ခံလိုက်ရမှန်းမသိရှာသော သနားစရာဂျယ်ယွန်းခမျာမှာတော့ တုတ်တုတ်မှမလှုပ် သတိမေ့လျက်ပင်။

ထို့ပြင် ပ်ိုဆိုးသည်မှာ ဂျယ်ယွန်းနဖူးပေါ်ရောက်နေသော ဆောင်းဟွန်းလက်ညှိုးကလဲချက်ချင်း ဖယ်ခွာမသွားပေ။


ဆောင်းဟွန်းက သူ့လက်ညှိုးကိုအောက်သို့နှိမ့်လိုက်ပြီး တစ်ဖက်လူ၏ ပါးပြင်အိအိလေးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။

ခက်တာကတော့ ထိုသို့လုပ်ခြင်းကို တစ်ကြိမ်တစ်ခါဖြင့် မရပ်တန့်နိုင်တာကြောင့် ဆောင်းဟွန်းဘယ်နှကြိမ်ထိုးမိသွားလဲမသိဘဲ ဂျယ်ယွန်း၏ ပါးလေး နီသွားကာမှ ဆောင်းဟွန်းရပ်တန့်လိုက်လေသည်။


ထို့နောက် ဆောင်းဟွန်းသူ့လုပ်ရပ်သူ သတိထားမိသွားပြီး အရှက်မဲ့စွာဆင်‌ခြေပေးလိုက်သည်။

"အသားယူတာ‌ေတာ့မဟုတ်ပါဘူး တစ်‌ေယာက်တည်းလူနာစောင့်ရတာပျင်းစရာကောင်းနေလို့"


ဆောင်းဟွန်းက ပြောပြောဆိုဆိုဖြင့်သူ့လက်ညှိုးကိုပြန်ရုတ်ဖို့ကြိုးစားလိုက်သော်လည်း သူ့အကြည့်များက ဂျယ်ယွန်း၏ နှုတ်ခမ်းပေါ်တွင်ရပ်တန့်သွားကာ လက်ညှိုးကလဲလေထဲတွင်ရပ်တန့်နေသည်။

ဆောင်းဟွန်းထိုကောင်လေး၏နှုတ်ခမ်းကိုသာ စူးစိုက်ကြည့်‌‌ေနမိသည်။

တကယ်တော့ ဂျယ်ယွန်း၏ နှုတ်ခမ်းပုံစံလေးမှာ ထူးခြားပြီး ‌အတော်လှသည့်အထဲတွင်ပါ၀င်သည်။

မဟုတ်ဘူး...ဆောင်းဟွန်းမြင်ဖူးသမျှထဲအလှဆုံးဟုဆိုလျှင်တောင်လွန်မည်မထင်ပေ။

ထို့အပြင်အရေးအကြီးဆုံးအချက်မှာ ထိုနှုတ်ခမ်းလေးက လှသလောက် အလွန်တရာ အိစက်ညက်ညောပြီး နူးညံ့နေသေးသည်။

ဂျယ်ယွန်းသတိမေ့သွားချိန်တုန်းက မတော်တဆဖြစ်သွား‌ေသာအနမ်း၏ အထိအတွေ့ကိုပြန်စဉ်းစားမိသွားသောဆောင်းဟွန်း လျှာသပ်လိုက်မိသည်။

ယခုအချိန်တွင် ဆောင်းဟွန်းမျက်၀န်းများက အနည်းငယ်နက်‌မှောင်လာသလိုထင်ရသည်။

နောက်တစက္ကန့်အကြာတွင်တော့ ဆေးရုံခန်းထဲ၌ ဆောင်းဟွန်း၏ အရှက်မဲ့သောစကားသံထွက်ပေါ်လာလေသည်။

"အသားယူတော့လဲဘာဖြစ်လဲ ငါက သူ့ရဲ့အသက်သ‌ခင် ကျေးဇူးရှင်ပဲဟာ ဒီလောက်လေးအသားယူမိတာ လုံး၀မလွန်ပါဘူး ဟုတ်တယ်မလား"

ဆောင်းဟွန်းက သူ့ဘာသူပြောရင်း ထိုသည်က ယုတ္တိရှိသည်ဟု အရှက်မဲ့စွာတွေးလိုက်သည်။

ထို့နောက်တုံ့ဆိုင်းမနေတော့ဘဲ သူအရမ်းလုပ်ချင်နေသည့်အတိုင်း ဂျယ်ယွန်းနှုတ်ခမ်းထူထူအိအိလေးအား လက်ညှိုးဖြင့်ထိတွေ့လိုက်သည်။

ဂျယ်လီလိုတုန်တုန်အိအိအထိအတွေ့လေးကြောင့် ဆောင်းဟွန်းလက်ကိုအငြိမ်မနေနိုင်ဘဲ ထိလိုက်ခွာလိုက်လုပ်နေသည်။

ဆောင်းဟွန်း‌မသိစိတ်မှ‌ေတွးလိုက်သည်မှာ ဂျယ်ယွန်းနှုတ်ခမ်းက နေမကောင်းတာကြောင့် အနည်းငယ်ဖြူဖြော့နေသော်လည်း အရသာရှိမည့်ပုံပေါ်နေပါသေးသည်ဟူ၍ပင်။

သူ့လက်ညှိုးထိပ်မှနူးညံ့မှု‌ေလး... သူ့နှုတ်ခမ်းကို ခဏတာထိ‌ေတွ့သွားသည့် စွဲမက်ဖွယ် အထိအတွေ့လေး...


"f*ck"

ဆောင်းဟွန်းအသိစိတ်၀င်သွားချိန်တွင် သူ့မျက်နှာကိုလက်ဖြင့်အုပ်ကာ ဆဲဆိုလိုက်သည်။

သူမသိလိုက်ခင်တွင် တုံ့ပြန်နေပြီဖြစ်သော သူ၏ခန္ဓာကိုယ်အစိတ်အ‌ပိုင်းကိုငုံ့ကြည်ရင်း ဆောင်းဟွန်း ကူကယ်ရာမဲ့စွာနှင့် အသံတိတ်ကျိန်ဆဲလိုက်သည်။

ဆောင်းဟွန်းခမျာ ဘယ်လိုမှကိုမယုံနိုင်ပေ။

သေလောက်အောင်ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတွေထံမှ နည်းလမ်းပေါင်းစုံဖြင့် မြှူစွယ်ခံရတာ‌ေတာင် စိတ်ပါဖို့ခဲယဉ်းသည့် သူ၏ မိမ်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းက ထိပ်တန်းပါပင်။

ယခုကျမှ သုံးစက္ကန့်တောင်မကြာသည့်အနမ်းလေးဖြင့် တကယ်ကြီး တုံ့ပြန်လာတာမို့ သူ့ခန္ဓာကိုယ်ကို ဆောင်းဟွန်း ပြောစရာစကားမဲ့‌ေနသည်

ဒါတောင်မှ တစ်ဖက်လူက သူနှင့်လ်ိင်တူသည့် ပြားချပ်ချပ်‌ေကာင်‌ေလးတစ်ဦးဖြစ်‌ေနလိုက်‌သေးသည်လေ။


*ရာဇ၀င်ရိုင်းလိုက်ပါပေ့ ပတ်ခ်ဆောင်းဟွန်းရာ*


လူလည်ကြီး ပတ်ခ်ဆောင်းဟွန်းခမျာ ယခုလိုမနူးမနပ်ကောင်လေးနဲ့ကျမှခံလိုက်ရတာကြောင့် အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။


ကြီးကျယ်မြင့်မြတ်လှသော ရုပ်ရှင်ဧကရာဇ်ကြီးမှာ ဘောင်းဘီအောက်မှ သူ၏ဂျူနီယာအား လက်ညှိုးငေါက်ငေါက်ထိုးကာ အလေးအနက်အမူအရာကိုဆင်မြန်း၍ ဆူပူနေခဲ့သည်။

*ဘယ်သူ့သဘောနဲ့နိုးလာတာလဲ ပြန်အိပ်စမ်း တော်တော်လေးကိုမဆင်မခြင်ဖြစ်‌နေတာပဲ မင်းကတော့*

ဆောင်းဟွန်းတော်တော်လေးကြိုးပမ်းပြီးတဲ့နောက်မှာတော့ သူ၏ဒုက္ခလဲချုပ်ငြိမ်းသွားကာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။

ဆောင်းဟွန်းကတော့ သူ၏ လျှို့ဝှက်ဆန်းကြယ်မြင့်မြတ်တဲ့ imgaeကြီးပျောက်သွားခဲ့ပြီး စိတ်သက်သာရာရစွာဖြင့် လေပူများကို မှုတ်ထုတ်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။


*မနက်ကShow မှာတုန်းက ဂေးနေပါတယ်ဆိုပြီးလျှောက်ပြောခဲ့လိုက်တာ တကယ်များဖြစ်သွားတာလားမသိဘူး ရှက်ဖို့ကောင်းလိုက်တာကွာ ဘယ်သူမှမသိလို့တော်သေးတာပေါ့*

ဆောင်းဟွန်းသေချာပေါက်ပြောနိုင်သည့်အရာကတော့ ခုနကအဖြစ်အပျက်အား သူတစ်ယောက်တည်းရဲ့ လျှို့ဝှက်ချက်အဖြစ် အုတ်ဂူထဲထိ ယူသွားရမည်ဆိုသည့်အချက်ပင်။


သူ၏စိတ်က သူ၏ထိန်းချုပ်နိုင်စွမ်း‌ေအာက်မှ လွတ်ထွက်သွားပြန်တာမို့ ထိုခံစားချက်ကိုမုန်းတီးသည့် ဆောင်းဟွန်း၏မျက်နှာချောချောက မဲမှောင်နေခဲ့သည်။


ဆောင်းဟွန်းက ဂျယ်ယွန်းကိုဆက်မကြည့်တော့ဘဲ ကြိုးစားပြီး အာရုံလွှဲရန်အတွက် ဂိမ်းဆော့နေဖို့‌ဆုံးဖြတ်ကာ ဖုန်းကိုထုတ်လိုက်သည်။

ထိုစဉ်၌ အချိန်ကိုက်ဆိုသလိုပင် ဆောင်းဟွန်းဖုန်းက ထမြည်လာတာကြောင့် စိတ်မကြည်စွာဖြင့် ဖုန်းကိုင်လိုက်လေသည်။

"ဟယ်လို"

"ဟျောင်းးးး~ ဘယ်မှာလဲ ကျွန်တော်သန့်စင်ခန်း၀င်နေတုန်းပျောက်သွားပြီးတော့ တောက်လျောက်လဲဆက်သွယ်လို့မရတော့ဘူး ကျွန်တော်က ဟျောင်းရဲ့ရန်သူတွေဆီကနေပြန်ပေးဆွဲခံလိုက်ရပြီထင်ပြီးသေအောင်လန့်သွားတာ ဘာလို့ဖုန်းမကိုင်တာလဲ"

ဂျောင်၀န်းထံမှ missed callတွေကို အခုမှတွေ့မိသောဆောင်းဟွန်းက ပြန်ဖြေလိုက်သည်။

"ဆောရီး အသံပိတ်ထားတော့ သတိမထားမိလိုက်လို့"

"အာ... ဒါဆို ဟျောင်းအခုဘယ်မှာလဲ စောင့်နေမယ်ဆိုပြီး ဘယ်ပျောက်သွားတာတုန်း"

"အခုက ဆေးရုံမှာ..."

ဆောင်းဟွန်းပင် ဆုံး‌ေအာင်မပြောရသေးခင် တဖက်မှဂျောင်၀န်း၏ အော်သံအကျယ်ကြီးထွက်လာသည်။


"ဘာာ! ဆေးရုံမှာ‌ဟုတ်လား  ဟျောင်းဘာဖြစ်လို့ဆေးရုံတောင်ရောက်သွားတာလဲ ဆေးလိပ်တွေသောက်လွန်းလို့ အဆုတ်ကင်ဆာဖြစ်နေပြီတဲ့လား ဒါမှမဟုတ် မိန်းမလိုက်စားလွန်းလို့ ကျောက်ကပ်ပျက်စီးတော့မှာလား ဒါမှမဟုတ် အရင်က စော်ကားထားတဲ့ ရန်သူတွေက မကျေနပ်လို့ချောင်းရိုက်တာခံလိုက်ရတာလား...လား..."


"ယန်းဂျောင်၀န်း! ပေါက်ကရတွေပြောနေတာရပ်စမ်း မင်းစိတ်ထဲကဟာ‌ေတွပြောပြီး ငါ့ကိုကျိန်စာတိုက်မနေနဲ့"


တရပ်စပ်မနားတမ်းပြောနေသော ဂျောင်၀န်းကြောင့် ဆောင်းဟွန်း အံကြိတ်ကာ အော်လိုက်ရလေသည်။


မအော်လို့လဲမရတော့ပြီလေ ထိုကောင်စုတ်လေးလုပ်တာနဲ့ သူ့ပါးစပ်ထဲမှာပင် ဆောင်းဟွန်းလဲ လုံးပါးပါးတော့မည့်ပုံပါ။

ဂျောင်၀န်း သူအရမ်းစိတ်လှုပ်ရှားကာစကားတွေများမိမှန်းသိသွားတာကြောင့် ဖားယားသည့်အသံဖြင့် ဆောင်းဟွန်းအား‌ေပြာလိုက်သည်။

"ဟီးဟီး ဟျောင်းဆေးရုံရောက်နေတယ်ဆိုလို့ ကျွန်တော်စိတ်ပူသွားလို့ပါ"

ဆောင်းဟွန်းနားထင်ကိုဖိကိုင်ကာ အသံတိုးတိုးဖြင့်ဆူပူလိုက်သည်။

"တော်စမ်းပါ မင်းလုပ်တာနဲ့ ငါပါ ဘ၀ပျက်တော့မယ် ဘာမှစိတ်ပူစရာမလိုဘူး ကိစ္စလေးတစ်ခုရှိလို့ဆေးရုံရောက်နေတာ"


"ကျွန်တော်လာခဲ့မယ် ဟျောင်းရဲ့‌ေဒါ်‌ေလးပိုင်တဲ့ဆေးရုံပဲမလား"

"မဟုတ်ဘူး တခွား‌ဆေးရုံ‌ရောကျ‌နေတာ မင်းလဲ ငါ့ဆီလာမနေနဲ့ အလုပ်ဆင်းလိုက်တော့ ဒီည တခြား scheduleမရှိဘူးမလား ရှိလဲအရေးမကြီးရင်ဖျက်လိုက်တော့"

"အင်းပါ ဟျောင်းလိုအလုပ်မလုပ်ဘဲအပျင်းကြီးနေတဲ့ သရုပ်ဆောင်က ဘာ schedule. ရှိမှာလဲ အကုန်ငြင်းထားပြိီးတော့ ဒါနဲ့ ဟျောင်းသူငယ်ချင်း သခင်လေးတစ်ယောက်ရဲ့ ပါတီတော့ရှိတယ် သွားမှာလား"


"မသွားဘူး မလာနိုင်ဘူးလို့ ငြင်းလိုက်တော့"


"ဟျောင်းတစ်ခုခုတော့ထူးဆန်းနေသလိုပဲ ပါတီထက်အရေးကြီးတာရှိနေလို့လား"


ဆောင်းဟွန်းက ကုတင်ပေါ်ကဂျယ်ယွန်းကိုကြည့်လိုက်ပြီးမှ တွန့်ဆုတ်စွာ‌ဖြေလိုက်သည်။

"ဒီလိုပါပဲ ဂရုစိုက်ရမဲ့ကိစ္စလေးတစ်ခုရှိလို့"

"ဟျောင်းမပြောချင်လဲနေပါ တစ်ခုပဲတောင်းပန်ပါရစေ ကျွန်တော်သေတာမမြင်ချင်သေးရင် ပြဿနာတွေတော့ရှာမလာပါနဲ့နော်"

"မင်းက အဲ့လောက်လွယ်လွယ်မ‌ေသ‌နိုင်ဘူး လျှာရှည်မ‌ေနနဲ့‌ေတာ့ ဒါပဲ"

ဂျောင်၀န်းနှင့် ဖုန်းပြောရသည်မှာ နားငြီးလွန်းတာကြောင့် ဆောင်းဟွန်းတစ်ယောက်ဖုန်းကိုခပ်မြန်မြန်ချလိုက်သည်။


ထို့နောက်

You are reading the story above: TeenFic.Net