᯽6(Z)᯽

Background color
Font
Font size
Line height

ဂျိတ်ခ်တို့နှစ်ယောက်ဟာ မနက် 2နာရီလောက်ထိ ကမ်းခြေမှာ စကား‌လေးတ‌ပြော‌‌ပြောနှင့် အချိန်ဖြုန်းခဲ့ကြပြီးမှသာ နားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ထိုတစ်ညထဲမှာတင် ဂျိတ်ခ်က သူ့ဘ၀တစ်လျှောက်လုံးအတွက်စကားအများဆုံးပြောဖူးခြင်းပင်ဖြစ်သည်။

ဆောင်းဟွန်းလိုအေးစက်တဲ့ပင်ကိုယ်စရိုက်ရှိသူဆိုလျှင် ပို၍ပင်ဆိုးသေးသည်။

သို့သော်လည်း စကားများများပြောလေ တစ်ယောက်အကြောင်းတစ်ယောကိပိုသိလာလေဖြစ်ပြီး အတူတူရှိလေ ပိုပြီးသက်တောင့်သက်သာဖြစ်လေ ဖြစ်လာသည်မို့ နှစ်ယောက်စလုံးမှာအချိန်ကုန်လို့ကုန်မှန်းပင်မသိလိုက်ကြပေ။

ဂျိတ်ခ်က အနည်းငယ် သမ်းဝေစပြုလာကာမှ ဆောင်းဟွန်းမှာလဲ အိပ်စက်အနားယူဖို့သတိရတော့လေသည်။

နဂိုမူလထဲက ဤကမ်းခြေတွင် ဆောင်းဟွန်းတို့ Park Group ပိုင် Hotel ရှိသော်လည်း ဆောင်းဟွန်းကမူ ဂျိတ်ခ်အနားယူဖို့ရာအတွက် သူတို့မိသားစုပိုင် သီးသန့်အပန်းဖြေဗီလာသို့သာခေါ်သွားလေသည်။

ထိုအပန်းဖြေဗီလာမှာ နှစ်ထပ်မျှသာရှိသော်လည်း အကျယ်မှာ အတော်အတန်ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများဖြင့်ပြည့်နှက်နေသည့် အပန်းဖြေစံအိမ်သာဖြစ်သည်။

ဗီလာကို လှည့်ပတ်ကြည့်ရင်း ဂျိတ်ခ်က အံ့သြကျေနပ်နေသလို ဆောင်းဟွန်းကလဲ စိတ်လှုပ်ရှားနေမိသည်။

ဒီလို အချိန်မတော်ကြီး၌ ဗီလာတစ်ခုလုံးတွင် သူတို့နှစ်ဦးတည်းသာရှိနေသည်ဆိုသောအချက်ကပင် ဆောင်းဟွန်းလည်ချောင်းတွေခြောက်သွေ့လာစေရန်လုံလောက်ပေသည်။

သူ့ပုံစံက အပြင်ပန်းကသာတည်ငြိမ်၍မင်မပျက်ရှိနေသော်လည်း  အတွင်းစိတ်ထဲတွင် မိဘများမရှိခိုက် ချစ်သူကို ပထမဆုံးအိမ်သို့ခေါ်လာရသည့်  ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို ခံစားနေရသည်။

ဆောင်းဟွန်းက စိတ်ထဲတွင်လည်း ဂျိတ်ခ်သာမအိပ်ချင်သေးရင် ဒီညသူတို့နှစ်ယောက်တည်း စိတ်လှုပ်ရှားစရာ activitiesလေးတွေလုပ်ရင်း အပန်းဖြေနိုင်သည် ဟု တွေးနေလေသည်။


ဆောင်းဟွန်း : *အဟမ်း...စိတ်လှုပ်ရှားစရာ  activities ဆိုတာ ဂိမ်းဆော့တာတို့ karaoke ဆိုတာတို့ဘာတို့ကိုပြောပါတယ်*


ဆောင်းဟွန်းတစ်ယောက် အတွေးထဲတွင် ခရီး‌အတော်ပေါက်‌သွားသည်ကိုမသိလိုက်သော ဂျိတ်ခ်ကတော့ အပန်းဖြေစံအိမ်ကိုလှည့်ပတ်ကြည့်ကာ ရေချိုးခန်းထဲတွင် ဆေးကြောသန့်စင်ပြီးနောက် ပင်ပန်းသွားပြီး ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲကာ သမ်းဝေနေသည်။

ထိုအခါမှ အတွေးထဲမှ နိုးထသွားသော ဆောင်းဟွန်းက သူ့အိမ်သူ့ယာလို သက်တောင့်သက်သာနေနေသော ဂျိတ်ခ်ကိုမြင်ပြီး ပြုံးလိုက်လေသည်။

ထို့နောက် ဂျိတ်ခ်လှဲနေသော နှစ်ယောက်ထိုင်ဆိုဖာတွင် သွားထိုင်လိုက်ပြီး နှဖူးပေါ်ကျနေသော ဂျိတ်ခ်ဆံပင်အိအိလေးတွေကို  သပ်‌တင်ပေးလိုက်ကာ စနောက်လိုက်သည်။



"တစ်လမ်းလုံးကားမောင်းလာတာ ကိုယ်မဟုတ်ဘဲ  ဂျိတ်ခ်များဖြစ်နေတာလား"


"ကားမမောင်းပဲ ဘေးကနေထိုင်လိုက်ရလဲ ပင်ပန်း‌နိုင်တာပဲ
ဘာလဲ မင်းကမကျေနပ်ဘူးလား"


အိပ်ချင်နေတာတောင် ရန်စပြီး စွာ‌နေနိုင်သေးသည့် အသေးလေးကိုကြည့်ကာ ဆောင်းဟွန်းမျက်ဝန်းတွေက အချစ်တွေနဲ့ပြည့်နှက်သွားသည်။


"မဟုတ်ရပါဘူးကွာ... ကိုယ်မလုပ်ရဲပါဘူး"



ဆောင်းဟွန်းစကားကြောင့် ဂျိတ်ခ်စိတ်ထဲကျေနပ်သွားသည်မှာအမှန်ပင်။

သို့သော်လည်း ဂျိတ်ခ်က ဘယ်သူမို့လဲ?

ဒီလောက်လွယ်လွယ်အလျှော့ပေးရိုးလား?

ထို့ကြောင့် ဂျိတ်ခ်မျက်ဝန်းတွေက အန္တရာယ်ရှိစွာ မှေးကျဉ်းသွားပြီး
‌မေးလိုက်သည်။


"ဪ...မင်းကမလုပ်ရဲလို့မလုပ်တာပေါ့လေ

လုပ်လို့ရရင် လုပ်ချင်သေးတာပေါ့ဟုတ်လား"


ဉာဏ်နီဉာဏ်နက်များတဲ့ မြေခွေးလေးယောင်ဆောင်ထားတဲ့ခွေးပေါက်လေးဟာ အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ဂျိတ်ခ်ကိုကြည့်ရင်း ဆောင်းဟွန်းမှာ အသည်းယားနေရပြန်သည်။

ထိုကောင်လေးကို အနိုင်ကျင့်ကာ ငိုသည်အထိစချင်လာသည့်စိတ်ကို ချုပ်တည်းရင်း ဆောင်းဟွန်းမျက်နှာက အန္တရာယ်ရှိသည့်အပြုံးလေးဖြစ်လာသည်။

ဆောင်းဟွန်းရဲ့မျက်နှာထားကြောင့် တစ်ခုခုလွဲနေပြီမှန်းသိလိုက်သည့် ဂျိတ်ခ်က ရှောင်တိမ်းဖို့ပြင်လိုက်သော်လည်းနောက်ကျသွားလေပြီ။

ဆောင်းဟွန်းက ထိုင်နေရာမှ လှဲအိပ်နေသောဂျိတ်ခ် အနားရောက်သည်အထိခါးကုန်းလိုက်သဖြင့် ဂျိတ်ခ် ခန္ဓာကိုယ်ကို အုပ်မိုးလိုက်ပုံပေါ်သည်။

ထို့နောက် ‌သူ့‌ခေါင်းကိုနှိမ့်ကာ ဂျိတ်ခ်နား နားကိုကပ်၍ ပြောလိုက်သည်။


"ဟုတ်တယ် မင်းပြောသလိုပဲ
ကိုယ်က လုပ်လို့ရရင် အရမ်းကိုလုပ်ချင်နေတာ"


ဂျိတ်ခ် : "..."

*ငါတို့က ခေါင်းစဉ်တစ်ခုတည်းကိုပြောနေတာသေချာပေမဲ့ ဘာလို့မတူသလိုခံစားနေရတာပါလိမ့်*

ဂျိတ်ခ်ခမျာ ရုတ်တရက်သူဖတ်နေတဲ့စာအုပ်က အထက်တန်းသင်ရိုးကနေ အဝါရောင်စာအုပ်အဖြစ်ပြောင်းသွားသလိုခံစားလိုက်ရသည်။

ပိုဆိုးသည်မှာ ဆောင်းဟွန်းက သူ့နား နားကပ်ကာပြောနေသဖြင့် ဆောင်းဟွန်းအသံက ပုံမှန်ထက်ပို sexy ကျနေကာ တမင်တကာရည်ရွယ်ထားသည်လားမသိ‌ပေမဲ့ ဆောင်းဟွန်းရှုထုတ်လိုက်တဲ့လေနွေးနွေးက သူ့နားရွက်ကိုလာလာ ထိခတ်နေလေသည်။

ရုတ်တရက်ကြီးလေထုကပူနွေးလာပြီး ဂျိတ်ခ်ခမျာ အိပ်ချင်စိတ်တွေပါဘယ်ရောက်ကုန်မှန်းမသိတော့ပေ။


တဖြည်းဖြည်းနဲ့ အနီရောင်ပြောင်းလာသော သူ့ရှေ့ကနားရွက်ဖျားလေးကိုကြည့်ရင်း ဆောင်းဟွန်းက သိသိသာသာ စိတ်အခြေနေကောင်းနေလေသည်။


"ဟွန်? ဘယ်လိုလဲ ဂျိတ်ခ်

ပြောပါဦး ကိုယ်လုပ်ချင်တာလုပ်လို့ရလားဆိုတာ?"


ဂျိတ်ခ်ခေါင်းထဲ အချက်ပေးသံတွေမြည်သွားကာ ချက်ချင်းပင် အသည်းအသန်ငြင်းတော့သည်။


"...မရဘူး!"


သူကတစ်ခွန်းနဲ့မလုံလောက်သေးသလိုထပ်ပြောလိုက်သေးသည်။


"မင်း! ဘာမှမလုပ်နဲ့ ငြိမ်ငြိမ်နေ"


ဆောင်းဟွန်းက သဘောကျစွာ ခပ်ဟဟရယ်လိုက်ပြီး ခါးကိုပြန်မတ်ကာထရပ်လိုက်သည်မို့ ဂျိတ်ခ်က စိတ်အေးသွားရသော်လည်း နောက်တစ်စက္ကန့်အကြာတွင် မျက်လုံးများပြူးကျယ်သွားရပြန်သည်။

ရုတ်တရက်ကြီး ဆိုဖာပေါ်မှနေ၍ ပွေ့ချီခံလိုက်ရသောကြောင့် ဂျိတ်ခ် လန့်သွားရလေသည်။


"ဆောင်းဟွန်း! မင်းဘာလုပ်တာလဲ"


ဆောင်းဟွန်းက ပြန်မဖြေဘဲ သူ့ကိုမင်းသမီးလေးလိုပွေ့ချီထားနေပြီးလှေကားပေါ်ဖြည်းဖြည်းချင်းတက်နေသည်မို့ ဂျိတ်ခ်က ထိတ်လန့်တကြားဆောင်းဟွန်းလည်တိုင်ကိုဖက်တွယ်ထားလိုက်ရသည်။

ဂျိတ်ခ်ခမျာ တခါမှ ထိုကဲ့သို့အဆက်ဆံမခံရဖူးသဖြင့် ရှက်နေမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူကလဲ အားကြီးတဲ့ ဝိဇ္ဇာဆောင်ရဲ့အစ်ကိုကြီးတစ်ဦးပဲလေ။

သူ့ဆီကို ဘယ်သူလာလာ မတွန့်ဆုတ်ဘဲ ရင်‌ဆိုင်လာခဲ့သမျှ ယခု ဆောင်းဟွန်းနှင့်တွေ့မှ သူ့မှာ အကူအညီမဲ့နေသလိုခံစားနေရသည်။

ဆောင်းဟွန်းဆီက မင်းသမီးလေးလိုချီခံထားရတဲ့ သူ့ကိုသာ သူ့‌နောက်လိုက် ညီငယ်လေးတွေသာမြင်ရင် တစ်ယောက်ပြီးတစ်ယောက်ဝိဇ္ဇာဆောင်ပေါ်က ခုန်ချကုန်ကြမှာ သူစိုးရိမ်မိသေးသည်။

ဂျိတ်ခ်ခမျာရှက်လွန်း၍ ပုန်းခိုရန်စဉ်းစားမိသည့်အကောင်းဆုံးနေရာမှာ ဆောင်းဟွန်း၏ ရင်ခွင်ကျယ်ကြီးသာဖြစ်သည်။

သို့နှင့် အရှက်မဲ့တဲ့ ဂျိတ်ခ်ကလေးတစ်ယောက် ထူးထူးခြားခြား ရှက်နေမိသဖြင့် ဆောင်းဟွန်းရင်ခွင်တွင်မျက်နှာအပ်ကာငြိမ်ငြိမ်လေးလိုက်လာပြီး ခေါင်းပင်ပြန်မော့မလာတော့ချေ။


ဂျိတ်ခ်စိတ်ထဲ မျိုးစုံစဉ်းစားနေချိန် ဆောင်းဟွန်းက အပေါ်ထပ်သို့ရောက်နေပြီဖြစ်သည်။

လှေကားထိပ်မှနေ၍ လျှောက်လမ်းကော်ရစ်တာတစ်လျှောက် ဆောင်းဟွန်းက ထိုအနေအထားအတိုင်းပင် ပေါ့ပေါ့ပါးပါးလေးဖြင့် ဂျိတ်ခ်ကိုချီထားလျက် တစ်လှမ်းချင်းလျှောက်လာနေသည်။

ဂျိတ်ခ်တစ်ယောက် ‌ သူတို့၏လက်ရှိပုံစံကိုတွေးရင်း မဂ်လာဉီးညတွင် PaPaPaမလုပ်ခင် သတို့သားက သတို့သမီးကို ဟိုတယ်ခန်းအထိချီသွားတဲ့မြင်ကွင်းကြီးအလိုအလျှောက်မြင်ယောင်လာမိလေသည်။


*အားးး သေစမ်း!ငါ့ဦးနှောက်က ဘယ်လိုတွေလည်ပတ်နေတာလဲ*


ဂျိတ်ခ်မျက်နှာက သဘာဝမကျစွာနီမြန်းလာသော်လည်းကံကောင်းစွာပင် သူကဆောင်းဟွန်းရင်ခွင်ထဲပုန်းနေသဖြင့် ဆောင်းဟွန်းမမြင်ရပေ။

ဆောင်းဟွန်းက အခန်းထဲဝင်လာကာ ဂျိတ်ခ်ကိုအိပ်ယာပေါ်ညင်သာစွာချပေးလိုက်သည်အထိ ဂျိတ်ခ်က စိတ်လှုပ်ရှားပြီး လန့်နေလေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်ဘေးမှာ ၀င်လှဲကာ ဂျိတ်ခ် နဖူးကိုနမ်းပြီး နူးညံ့စွာပြောလိုက်သည်။


"အိပ်တော့"

"..."

ဂျိတ်ခ်က ကြောင်တောင်တောင်လေးကြည့်နေသဖြင့် ဆောင်းဟွန်းက ပြုံးကာ ဂျိတ်ခ်ကိုရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်သည်။


"ကိုယ်ကစနေတာပါကွာ မကြောက်ပါနဲ့"


"ဘယ်သူကကြောက်နေလို့လဲ"


"အို‌ကေ ကိုယ့်တို့ရဲ့ ဂျိတ်ခ်ကမကြောက်တတ်ပါဘူး
အရမ်းသတ္တိရှိတာ...နော် "


"ပြီးရော...မင်းကိုခွင့်လွှတ်လိုက်မယ် ဒီတစ်ခါတော့"


သူတို့နှစ်‌ယောက်ကအိပ်ရာပေါ်တွင်ပူးကပ်လို့နေပြီး ဆောင်းဟွန်း၏လေသံတွင် အဆုံးမရှိသောအလိုလိုက်ချော့မြူမှုများပြည့်နေလေသည်။

ဆောင်းဟွန်းထက်အနည်းငယ်သေးငယ်သော ဂျိတ်ခ်က ဆောင်းဟွန်းရင်ခွင်ထဲတွင် အလိုအလျှောက်ကို အံဝင်ခ်ငင်ကျဖြစ်နေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်ရဲ့မျက်ခွံလေးတွေအပေါ်ပါအနမ်းပေးလာသဖြင့် ဂျိတ်ခ်က မသိစိတ်ကနေပင် အလိုအလျှောက် မျက်လုံးမှိတ်မိသွားသည်။

ဆောင်းဟွန်းက ဂျိတ်ခ်ရဲ့မျက်ခွံများပေါ်နမ်းပြီးနောက် ကောင်လေး၏မျက်လုံးများပိတ်ကျသွားသည်ကိုသေချာမှ ပြုံးလိုက်ပြီး ပြောလေသည်။



"ကိုယ့်ရဲ့ခွေးပေါက်လေး အိပ်တော့နော်
Good Night"


"အွန်း~မင်းလဲ ကောင်းသောညပါ"


ဂျိတ်ခ်က မျက်လုံးများမှိတ်လျက် ဆောင်းဟွန်း၏ နွေးထွေးတဲ့ရင်ခွင်ကျယ်ကို သူ့နဖူးနှင့် ထိကပ်ထားလိုက်‌သောအခါ ဆောင်းဟွန်း၏ အနည်းငယ် မြန်နေသော ရင်ခုန်သံတွေကို ခံစား၍ရလေနေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်ကို မတင်းကြပ်သော်လည်း မရုန်းနိုင်အောင် ပွေ့ဖက်လို့ထားသဖြင့် ဆောင်းဟွန်း၏ ‌ အသက်ရှုသံမှန်မှန်ကိုကြား‌နေရသည့်အပြင်  ဆောင်းဟွန်းကိုယ်မှ အေးစက်၍ သန့်ရှင်းသော ကိုယ်သင်းရနံ့က ဂျိတ်ခ်ရဲ့ နှာသီးဖျားလေးကို လာရောက်ကျီစယ်လို့နေသည်။

ထိုအရာအားလုံးမှာ သူ့ကို အလွန်အမင်းသက်တောင့်သက်သာဖြစ်နေစေပြီး ချော့သိပ်ခံနေရသလို ခံစားလိုက်ရကာ ဂျိတ်ခ်ခမျာ ‌နွေးထွေးလှသော ပွေ့ဖက်ခံထားရမှုအတွင်းတွင်ပင် အိပ်ပျော်သွားတော့လေသည်။


သူ့ရင်ခွင်ထဲကကောင်လေး၏ ပုံမှန်ထက်ပိုနှေးသွားသော အသက်ရှုသံလေးကိုကြားလိုက်ရသောအခါ ဆောင်းဟွန်းက မျက်လုံးများဖွင့်ကာ ဂျိတ်ရဲ့ လှပသောမျက်နှာလေးအား တစိမ့်စိမ့်ကြည့်လို့နေသည်။

ဂျိတ်ခ်ကိုပွေ့ဖက်ထားရသည့်ခံစားချက်မှာ သူ့လက်မောင်းများထဲတွင် သူ့ကမ္ဘာကြီးတစ်ခုလုံးထည့်ထားရသလို ပျော်ရွှင်မှုမျိုးနှင့် ဆောင်းဟွန်းမှာ အိပ်မက်မက်နေသည့်အလားပင်။


ဆောင်းဟွန်းက ချစ်မြတ်နိုးခြင်းအပြည့်နဲ့ကြည့်‌နေပြီးနောက် ခဏအကြာမှ ဂျိတ်ခ်ရဲ့လှပ‌တဲ့နှုတ်ခမ်းလေးကို တယုတယနှင့် နူးညံ့စွာ ထိကပ်၍နမ်းလိုက်ပြီသည်။

ထို့နောက် ဂျိတ်ခ်ကို သူ့ရင်ခွင်ထဲထည့်ကာဖက်ထားရင်း အိပ်စက်ဖို့ကြံလိုက်တော့သည်။


မနက်ခင်း ဂျိတ်ခ်နိုးလာသည့်အခါ သူက တစ်စုံတစ်ယောက်စီမှ ဖက်လုံးတစ်လုံးလို အဖက်ခံထားရကြောင်းသိလိုက်ရသောအခါ နိုးနိုးချင်း ထိတ်လန့်သွားပြီးချက်ချင်းမျက်လုံးဖွင့်ကြည့်လိုက်မိသည်။


ဂျိတ်ခ်က သူ့ကိုဖိထားသောလူ၏ မျက်နှာချောချောကို စက္ကန့်အနည်းငယ်လောက်စိုက်ကြည့်ပြီးမှ ဂျိတ်ခ်ရဲ့ဉီးနှောက်ကအလုပ်လုပ်တော့သည်။


*အာ...ညက ဆောင်းဟွန်းနဲ့ အတူအိပ်လိုက်မိတာပဲ*


စိတ်ထဲမှာထိုသို့ပြောလိုက်ပြီးမှ သူ့ကိုယ်သူပြန်ပြီး‌တွေးကာသူ့စကားကထူးဆန်းသွားသော‌ကြောင့်အနည်းငယ်ရှက်သွားလေသည်။

အထူးသဖြင့် *အတူအိပ်*ဆိုသည့်နေရာမှာပင်။

ဂျိတ်ခ်က အီကြာကွေးတစ်ချောင်းလိုပူးကပ်နေသည့် သူတို့၏ လက်ရှိအနေအထားကိုကြည့်လိုက်ပြီး ထူးဆန်းသည့်အ‌တွေးတွေ ထပ်မတွေးနိုင်အောင်ကြိုးစားနေရသည်။

ဂျိတ်ခ်က သူ့ခါး‌ကို ရစ်ပတ်ထားသည့် လက်မောင်းကို အနည်းငယ် တွန်းဖယ်ကြည့်ဖို့ကြိုးစားသော်လည်း လှုပ်ပင်မလှုပ်ချေ။

ဆောင်းဟွန်း၏အားက အိပ်နေချိန်တောင် သန်မာနေပြီး သူလက်များကဂဏာန်းတစ်ကောင်၏လက်မအလားမြဲမြံနေအောင် ဂျိတ်ခ်ခါးကို ဖက်ထားလေသည်။


"နိုးပြီလား~"

"..."

နောက်တစ်ကြိမ်ထပ်ပြီးဖယ်ဖို့လုပ်နေစဉ် ဆောင်းဟွန်းက ထိုသို့ပြောလိုက်သဖြင့် ဂျိတ်ခ်လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။

ဆောင်းဟွန်း၏အသံမှာ အိပ်ရာနိုးကာစဖြစ်၍ ပုံမှန်ထက် အနညးငယ် ပိုဩရှနေကာ ထူးခြား၍ ဆွဲဆောင်မှုရှိလေသည်။

ဆောင်းဟွန်း၏နက်နဲသော အသံဖြင့် ဆွဲဆောင်ခံလိုက်ရသောဂျိတ်ခ်မှာ ဘာမှပြန်မဖြေနိုင်‌သေးခင် နောက်တစ်စက္ကန့်အကြာတွင် ဆောင်းဟွန်းဆက်ပြောလိုက်သောစကားကြောင့် ဆွံ့အသွားရသည်။


"ခဏလောက် ထပ်အိပ်လိုက်ဦးလေ
ညက‌နောက်ကျမှ အိပ်ရတော့ ပင်ပန်းနေမှာပေါ့"


ဂျိတ်ခ် : "..."


*ဘာကြောင့်ဒီ dialogue တွေကိုရင်းနှီးနေတယ်လို့ခံစားနေရတာပါလိမ့်*

*မသိရင် papapaပြီးနောက်နေ့မနက်မှာ ကိုယ့်ချစ်သူကိုပြောတဲ့စကားတွေလိုပဲ*

ဂျိတ်ခ်က ရုတ်တရက်ကြီး သူ့ခေါင်းထဲတွင် အဝါရောင်တွေကပြည့်နေပြီး သူ့စိတ်ဝိဉာဏ်က အမှောင်ဖုံးနေသလို ခံစားလိုက်ရပြန်သည်။

*မဟုတ်သေးဘူး ရှင်းမ်ဂျိတ်ခ်ရေ!
ညစ်ပတ်တာတွေထပ်မ‌တွေးလို့မရဘူးလား*


ဂျိတ်ခ်တစ်ယောက် သူ့ကိုယ်သူ ဆူပူရင်း စိတ်ထဲတွင် အသံမထွက်ဘဲငိုနေမိချိန်တွင် ဆောင်းဟွန်းက သူ့ကို ပြန်မဖြေတဲ့ ဂျိတ်ခ်ကြောင့် သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။

သူခေါင်းငုံ့ကြည့်သောအခါ ဂျိတ်ခ်ကချက်ချင်းအကြည့်လွှဲသွားပြီး  မျက်နှာကလဲ နီနေသည်ကိုတွေ့လိုက်ရသဖြင့် ဆောင်းဟွန်း အိပ်ချင်စိတ်ပျောက်ကာ စိတ်ဝင်စားသွားသဖြင့် စနောက်တော့သည်။


"မနက်စောစောစီးစီးဘာတွေတွေးနေတာလဲကွာ
မျက်နှာတစ်ခုလဲလုံးနီရဲနေပြီ
ကိုယ့်ကိုလဲပြောပြပါဦး ကိုယ်လဲသိချင်တယ်လေ"


"မဟုတ်ဘူး ငါဘာမှမစဉ်းစားဘူး
မင်းလျှောက်မပြောနဲ့"


ရုတ်တရက်ကြီးလူမိသွားတဲ့အပြင် ဆောင်းဟွန်းကပေါ်တင်ကြီးပြောလာသဖြင့် ဂျိတ်ခ် နှစ်ဆတိုးကာရှက်သွားပြီး ငြင်းတော့သည်။

တစ်လျှောက်လုံး သူ့ကိုယ်သူ အရည်ထူလှသူဟု လေကျယ်လာခဲ့သမျှ၊ တလောကလုံးနှင့် အီစီကလီလုပ်လာခဲ့သမျှ ပတ်ဆောင်းဟွန်းနှင့်တွေ့မှ ဂျိတ်ခ်ကကောင်းကောင်းကြီး ၀ဠ်လည်နေ‌တော့သည်။



"အင်းပါ ကိုယ်လျှောက်မပြောတော့ပါဘူး
မနက်ပိုင်းကြီးဆိုတော့လေ တချို့တွေများ မဟုတ်တာတွေ စဉ်းစားနေသလားလို့ပါ"



"မင်းပဲမဟုတ်တာတွေစဉ်းစားနေလိုက်"



ဆောင်းဟွန်းက တမင်သက်သက်ကြီး စနောက်နေသလိုခံစားနေရသဖြင့် ဂျိတ်ခ် စိတ်တိုကာ ဆောင်းဟွန်းလက်မောင်းကိုကိုက်ပစ်ချင်လာသည့်စိတ်ကိုမနည်းထိန်းထားရလေသည်။

သို့သော် ဆောင်းဟွန်းက ဆက်မစတော့ဘဲ အတည်ပေါက်ပြောလိုက်သည်။


"နှမြောစရာပဲ ဒါဆိုမဟုတ်တာတွေတွေးနေမိတဲ့လူက ကိုယ်တစ်ယောက်ပဲရှိတာပေါ့"



ဆောင်းဟွန်းကပြောလဲပြော ခြေထောက်ကလဲဂျိတ်ခ်ကိုခွလိုက်ရာ ဂျိတ်ခ်ပေါင်ကိုလာထောက်နေသည့်တစ်စုံတစ်ခုကြောင့် ဂျိတ်ခ် မျက်လုံးပြူးသွားရသည်။

သူတို့နှစ်ယောက်လုံး ‌အရွယ်ရောက်ပြီးသူနှစ်ယောက်မို့ ထိုအရာကဘာလဲဆိုတာ ဂျိတ်ခ်သိလေသည်။


ဂျိတ်ခ်က ချက်ချင်းပူထူသွားပြီး ဆောင်းဟွန်း၏ ပွေ့ဖက်မှုမှ ရုန်းကန်ကာ ပါးစပ်မှလဲ ‌ပလုံးပထွေးနှင့်ပြောတော့သည်။



"မင်း...ဘယ်လိုလုပ်!...အရှက်မရှိလိုက်တာနော်!"



"ဂျိတ်ခ်ကလေးကလဲကွာ ဒါကသဘာဝပဲကို
ကိုယ့်အပြစ်မှမဟုတ်တာ"



ဂျိတ်ခ်ကိုလွှတ်ပေးလိုက်ရတဲ့ဆောင်းဟွန်းက ကုတင်ပေါ်တွင် ထိုင်နေပြီး မျက်နှာကလဲ မှားယွင်းစွာ စွပ်စွဲခံနေရသလိုနှင့် ခါးသီးနေပြီး သူဘာတစ်ခုမှ အပြစ်မလုပ်ထားသလ်ုပင်။


ဂျိတ်ခ်က အခုဆိုလျှင် သူသိတဲ့ အမူအရာမဲ့ ရေခဲမင်းသားပတ်ဆောင်းဟွန်းနှင့် ယခုသူ့ရှေ့မှ အရှက်မဲ့သည့် လူမှာ လူစားထိုးခံထားရသည်ဟူသော ဖြစ်နိုင်ချေ ပိုမိုမြင့်တက်လာသလိုခံစားနေရသည်။


ဆောင်းဟွန်းပြောတာလဲမမှားပေမဲ့ ဂျိတ်ခ်ကတော့ သူ့ပေါင်ကိုထိသွားသည့်အထိအတွေ့ကြောင့် ရှက်လာပြီး ရေချိုးခန်းထဲပြေးဝင်သွားလေသည်။



ကုတင်ပေါ်ကဆောင်းဟွန်းကို ခေါင်းအုံးနဲ့ပစ်ပေါက်ခဲ့ဖို့လဲ ‌မမေ့။



ဆောင်းဟွန်းက ဂျိတ်ခ် ပစ်ပေါက်ခဲ့တဲ့ခေါင်းအုံးကိုဖမ်းကာ ဖက်ထားလိုက်ရင်း သဘောတကျ ရယ်နေလေသည်။


ဆောင်းဟွန်းက ထိုကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ နည်းနည်းလေးမှ မှားတယ်လို့မမြင်မိပေ။


ဘယ်သူမဆို ကိုယ် တိတ်တခိုးသဘောကျနေတဲ့လူကို ရင်ခွင်ထဲပွေ့ဖက်ထားပြီး နိုးလာရလျှင် ထိုသို့ဖြစ်နိုင်‌လေသည်။


ထို့ပြင် ဂျိတ်ခ်လိုဆွဲဆောင်မှုအပြည့်နှင့်ကောင်ကလေးကို နိုးနိုးချင်းနီးကပ်စွာမြင်လိုက်ရပါက အိပ်ပျော်နေတဲ့နဂါးဟာ ကြိမ်းသေပေါက် နိုးထလာလိမ့်ပေမည်။


သို့နှင့် အိပ်ယာထကာစ မျက်နှာပူစရာလေထုဟာ မနက်စာစားချိန်တွင် သာမန်ပြန်ဖြစ်သွားလေသည်။


ဂျိတ်ခ်က ဆောင်းဟွန်းကြည့်ရင်း သူကြော်ပေးထားသော ကြက်ဥကို တူဖြင့်ထိလိုက်ရင်း မစားသေးဘဲ တူကိုသာ ကိုက်လိုက်သည်။


ထို့နောက် ‌‌ဆောင်းဟွန်းကို မေးခွန်းမေးလိုဟန်အပြည့်နှင့် စိုက်ကြည့်‌လိုက်ပြီး ပြောလိုက်လေသည်။




"ဆောင်းဟွန်း ငါအတည်မေးမယ်နော်

ဘယ်ဟာကမင်းရဲ့ပုံစံအမှန်လဲ

မျက်နှာသေကြီးနဲ့ ရေခဲမင်းသားလား

မုန်းစရာကောင်းအောင် စနောက်တတ်ပြီး အရည်ထူတဲ့လူလား

ငါသိထားတဲ့မင်းပုံစံကအရမ်းကိုကွာဟလွန်းလို့ လူစားထိုးခံလိုက်ရပြီလို့တောင် သံသယ၀င်နေမိတယ် "



ဆောင်းဟွန်းက ရယ်ကာ ချက်ချင်းပြန်မဖြေသေးဘဲ ကြက်ဥကို တူဖြင့် အနေတော်လေး ပိုင်းလိုက်ကာ ဂျိတ်ခ်ကိုခွံ့လိုက်ပြီးမှပြန်‌ဖြေသည်။




"နှစ်ခုလုံးကကိုယ့်ပုံစံပဲလေကွာ

တခြားလူတွေနဲ့ပတ်သတ်ပြီးတော့ကျ ကိုယ်က သူတို့ကို ဂရုမစိုက်သလို အာရုံလဲမရှိဘူး

အဲ့တော့ သူတို့ဘာလုပ်လုပ် ကိုယ်စိတ်မ၀င်စားတဲ့အတွက် ကိုယ်ကအမူအရာမဲ့သလိုဖြစ်နေတာလေ"



ဂျိတ်ခ်ကကြက်ဥကိုဝါးရင်း အသံလေးပြုလိုက်သည်။

"အွန်း"



ဆောင်းဟွန်းက တစ်ရှုးယူကာ ဂျိတ်ခ်နှုတ်ခမ်းထောင့်လေးကို အသာလေးသုတ်ပေးရင်နောက်တစ်လုပ်ထပ်ခွံ့လိုက်ပြန်သည်။




"မင်းကတော့မတူဘူးလေ

မင်းကိုတော့ ကိုယ်ကဂရုစိုက်ပြီး မင်းလုပ်သမျှ တွေးသမျှ ပြောသမျှကို စိတ်ဝင်စားတယ်

မင်းနဲ့တွေ့ရင် ကိုယ်ကထိန်းချုပ်လို့မရတော့ဘူး

မင်းကိုပဲစနောက်ချင်နေတယ်

မင်းပြုံးတာကိုကြည့်ချင်တယ်

မင်းပြောသမျှ နားထောင်ချင်တယ်

မင်းရဲ့အတွေးတိုင်းကို ကိုယ်သိချင်တယ်

မင်းရဲ့အရာအားလုံးကိုမျှဝေခံစားချင်ပြီးတော့..."



"... မင်းကို အချိန်တိုင်း နမ်းပစ်ချင်တယ်"



ဆောင်းဟွန်းက ဂျိတ်ခ်ကို ကြည့်ရင်းပြောနေပြီး ဆောင်းဟွန်းရဲ့ နက်မှောင်နေတဲ့မျက်ဝန်းတွေဟာ စစ်မှန်မှုတွေနဲ့လေးနက်လို့နေသည်။

ဂျိတ်ခ်နှလုံးသားလေး အပြင်းအထန်လှုပ်ခါသွားပြီး ရုတ်တရက်ကြီး သူ့ပါးစပ်ထဲကကြက်ဥကြော်က အရမ်းကိုချိုမြိန်လာသလိုခံစားလိုက်ရသည်။



"ငါ..."


ဘာပြောရမှန်းမသိဘဲကြောင်အနေတဲ့ ကောင်လေးကိုကြည့်ကာ ဆောင်းဟွန်းက ပြုံးလိုက်ပြီး အနားက နို့ခွက်ကိုယူ၍ သောက်ခိုင်းလိုက်သည်။

ဂျိတ်ခ်ကလဲအယောင်ယောင်အနနနဲ့ နို့ခွက်ကိုကိုင်ကာ သောက်လိုက်ရလေသည်။



"ကိုယ့်ကိုယုံလို့မတောင်းဆိုပါဘူး

ကိုယ်ပြောတဲ့စကားတွေကို သိပဲသိထားရင်ရပြီ

မင်းစိတ်ထဲမှဘာမှဝန်လေးနေစရာမလိုဘူး နားလည်လား"



"အင်းပါ"


ဘယ်သူ့ပြောစကားမှ နားမထောင်တဲ့ ဂျိတ်ခ်က လိမ်လိမ်မာမာလေးခေါင်းညိတ်လိုက်လေသည်။

ဂျိတ်ခ်တွေးမိသည်။

သူတို့နှစ်ယောက်ရဲ့ လက်ရှိအခြေအနေမှာ အီစီကလီအဆင့်လို့လဲပြောလို့ရလေသည်။

သို့သော် ဆောင်းဟွန်းက သူ့ကိုသဘောကျပါတယ် ချစ်ပါတယ်ဟု တိုက်ရိုက်မပြောသလို သူ၏အပြုအမူများဖြင့်သာ သက်သေပြလေသည်။

ထို့ကြောင့် ဂျိတ်ခ်မှာ ငြင်းချင်ရင်တောင် ဆောင်းဟွန်းကမပြောလာ၍ငြင်းလို့မရပေ။


တကယ်တမ်းမှာ သူကိုယ်တိုင်လဲ ငြင်းဆန်ဖို့ရာမတတ်နိုင်ပေ။

ဂျိတ်ခ်လို သံသယလွန်ကဲတတ်သူတစ်ယောက်အနေနဲ့ တစ်ဖက်လူကသူ့ကိုလိမ်နေမလိမ်နေကို တန်းပြီးသိနိုင်သည်။

ဂျိတ်ခ်က သူ့ကိုသဘောကျကြသူများစွာကို ‌တွေ့ဖူးသလို ထိုသူတွေနှင့်ပင် Flirtဖူးသေးသည်။

သဘောကျဟန်ဆောင်ဖို့လွယ်သော်လည်း အသေးစိတ်ကအစ ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့် ပြုမူနိုင်ဖို့ကတော့ မလွယ်ပေ။

အများနည်းတူ သဘောကျဖို့ကလဲမခက်ခဲ‌သော်လည်း အစစ်အမှန်ကမူရှားပါးပေလိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ယောက်စတွေ့ထဲက သူ့ဆီကတစ်ခါမှအကြည့်မလွှဲဖူးသည့်ဆောင်းဟွန်းနှင့် ရင်ဆိုင်ရသည့်အခါ ဂျိတ်ခ်တစ်ယောက်ကူကယ်ရာမဲ့နေခြင်းဖြစ်သည်။

တခြားမည်သူ့ကိုမဆို ခံစားချက်မပါဘဲ ပါးစပ်ဖျားလေးနှင့် ချိုသာတဲ့စကားတွေကို အလွယ်တကူပြောနိုင်သော်လည်း ဆောင်းဟွန်းနှင့်တွေ့သည့်အခါ စိတ်ခံစားချက်ကြောင့် အရှက်သည်းတာမျိုးပင် ဖြစ်လာသေးသည်။

ဆောင်းဟွန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဂျိတ်ခ်ကိုသာဂရုစိုက်သလို ‌ဂျိတ်ခ်ကလဲ ဘယ်သူ့ကိုမဆို မုသားများ‌ဆိုနိုင်ပေမဲ့ ဆောင်းဟွန်းကိုတော့ သူမပြောနိုင်ပေ။

ဂျိတ်ခ်က သူတို့ဆက်ဆံရေးကို ယခုအချိန်တွေလေးလေးနက်နက်ကြီးမတွေးချင်ဘဲ အလိုက်သင့်လေးသာရှိနေချင်တော့သည်။


ဆောင်းဟွန်းက သူ့‌ရှေ့ကအတွေးလွန်နေတဲ့ဂျိတ်ခ်ကိုကြည့်ရင်း သက်ပြင်းခိုးချမိသည်။

ထို့နောက် Nutella သုတ်ထားသော ပေါင်မုန့်မီးကင်မွှေးမွှေးလေးက သူ့ပါးစပ်ရှေ့ရောက်လာကာမှ ဂျိတ်ခ်တစ်ယောက်သတိပြန်လည်လာလေသည်။

ဆောင်းဟွန်းက ပေါင်မုန့်မီးကင်ကို ခွံ့ကျွေးလိုက်ပြီး နူးညံ့စွာပြောသည်။


"ကောင်းကောင်းစား လျှောက်မတွေးနေနဲ့"


ဂျိတ်ခ်က တစ်ကိုက်ကိုက်လိုက်ပြီး ဆောင်းဟွန်းလက်ကို သူ့ဘက်ပြန်တွန်းလိုက်သည်။



"ငါပဲစားနေရတာလေ မင်းလဲစားဉီး

ကိုယ့်ဘာသာစားတတ်ပါတယ် ငါကကလေးမဟုတ်ပါဘူး"



"ကိုယ်မျက်စိထဲမှာ အမြဲတမ်းကလေးလေးပဲ"


မနေ့ညကစကားကိုထပ်ပြောလာပြန်သောဆောင်းဟွန်းကြောင့် ဂျိတ်ခ်မှာလဲ ရန်တောင်မစွာနိုင်တော့ပဲ မျက်စောင်းလေးသာထိုးနိုင်တော့လေသည်။


စိတ်ထဲမှလဲ *ဒီလူဘာလို့Flirtတာအရမ်းကျွမ်းနေပါလိမ့်*ဟုဆိုကာ ညည်းတွားနေတော့သည်။


မနက်စာစားပြီးနောက် ပင်လယ်မှာခဏကစားဖို့ ထွက်လာခဲ့ကြသည်။


ဆောင်းဟွန်းက ဂျိတ်ခ်ကို Sunscreen လူးခိုင်းပြီးမှ ရေကစားခိုင်းလေသည်။

ရေစိုနေသော ရှပ်အကျီအောက်မှ ဂျိတ်ခ်၏ သွယ်လျလျခါးလေးမှာ ထင်ပေါ်နေသဖြင့် ဆောင်းဟွန်းက ကြိတ်ပြီးအူတိုနေရလေသည်။

‌နောက်ဆုံးတွင် ဂျိတ်ခ်‌ရေကစားလို့ဝသည်နှင့် ဂျိတ်ခ်ကိုပင်လယ်ထဲမှဆွဲထုတ်လာကာ အ၀တ်အစားမြန်မြန်လဲခိုင်းတော့လေသည်။

ထို့နောက်သူတို့နှစ်ယောက်မှာ ကမ်းခြေရှိသဲသောင်ပြင်တစ်လျှောက်တွင် ခဏတာလမ်းလျှောက်ကြသည်။

မနေ့ညကနှင့်ခြားနားစွာ ကမ်းခြေတွင် နေ့အချိန်မို့ လူများပြည့်နေလေသည်။


အရပ်ရှည်ပြီး ချောမောတဲ့ကောင်လေးနှစ်ယောက်က ယှဉ်တွဲကာလျှောက်နေသည်မို့ ချက်ချင်းပင် အများဆုံးအာရုံစိုက်ခံလာရတော့သည်။


သူတို့နှစ်ယောက်လမ်းလျှောက်နေရင်း ဆယ်‌‌ကျော်သက်ကောင်မလေးတစ်ဖွဲ့လိုက်ကြီးမှာ သူတို့ ကြည့်ကာ အသံပေါင်းစုံထွက်လျက်တွတ်ထိုးနေကြ‌လေသည်။


ဆောင်းဟွန်းမှာ လမ်းတစ်လျှောက် သူ့ရဲ့အဖိုးတန်လေးကို မသိမသာရော သိသိသာသာရော လိုက်ကြည့်နေကြသည့်လူတွေကြောင့် သူ့နှလုံးသားထဲမှာ ချဉ်တူးလို့နေပြီဖြစ်သည်။


သူ့ကိုကြည့်တာကို သည်းခံနိုင်သော်လည်း ဂျိတ်ခ်ကို ငမ်းနေကြတာကိုတော့ လက်မခံနိုင်ပေ။


ထို့ကြောင့် မျက်လုံးထဲကအသဲပုံတွေထွက်သည်အထိကြည့်နေကြသော ကောင်မလေးအုပ်စုကို အေးစက်စွာ

You are reading the story above: TeenFic.Net