᯽4(Z)᯽

Background color
Font
Font size
Line height

ဂျိတ်ခ်က ‌lover seatရဲ့ နောက်မှီကို မှီချလိုက်ရင်း တောင့်တင်းနေခဲ့တဲ့ အာရုံကြောတွေ ပြေလျော့သွားသလို ခံစားလိုက်ရပြီး တစ်ဆက်တည်းပင် သက်တောင့်သက်သာဖြစ်သွားသလိုခံစားလိုက်ရသည်။

ဆောင်းဟွန်း၏ကားအတွင်းရှိ ရနံ့ဖျော့ဖျော့လေးက သူ့ရဲ့ စိတ်ကို နှစ်သိမ့်ပေးနေသလို ထင်နေရပြီး ဂျိတ်ခ်က စိတ်သက်သာရာရကာ သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။

ပိတ်ထား‌သော မျက်ဝန်းများကြောင့် လိပ်ပြာတောင်ပံလေးတွေခတ်နေသလို ကော့စင်းနေတဲ့ မျက်တောင်ဖျားလေးတွေကို ရှင်းလင်းစွာမြင်နေရသဖြင့် ဆောင်းဟွန်း အသည်းတယားယားဖြစ်နေသည်။

*သူ...တကယ်ပဲ ငါ့ကားထဲမှာ အိပ်ဖို့ပါလုပ်‌နေတာလား
ငါ့ကို အဲ့လောက်ယုံတာလား*

ဆောင်းဟွန်းက ပရမ်းပတာဖြစ်နေတဲ့ နှလုံးခုန်သံတွေကိုထိန်းညှိလိုက်ရင်း ကောင်လေးအနားသို့တိုးသွားလိုက်သည်။

မျက်လုံးတွေမှိတ်ကာ အနားယူနေတဲ့ ဂျိတ်ခ်က ရုတ်တရက် သူ သဘောကျတဲ့ ထင်းရှုးရနံ့ဖျော့ဖျော့လေးကို ပိုပြီး ရှုရှိုက်လိုက်ရသလိုခံစားတာမို့ မျက်လုံးများဖွင့်ကြည့်လိုက်သည်။

‌မျက်လုံးများဖွင့်ဖွင့်ချင်း ဆောင်းဟွန်းနဲ့ သူ့ရဲ့ မျက်နှာနှစ်ခုဟာ သုံးစင်တီမီတာတောင် မကွာဝေးတော့တာကို သိလိုက်ရသည်။

ဂျိတ်ခ်ကလဲ နေရာမှာပင် အေးခဲသွားကာ ဆောင်းဟွန်းရဲ့လှုပ်ရှားမှုများဟာလဲ တမုဟုတ်ချင်း ရပ်တန့်သွားသည်။

ဆောင်းဟွန်းတကိုယ်လုံးက သူ့ဘက်ကိုယိုင်နေကာ သူ့ကိုအုပ်မိုးပွေ့ဖက်ထားသလိုဖြစ်နေသော်လည်း ထူးခြားစွာပင် ဂျိတ်ခ်က သက်တောင့်သက်သာမဖြစ်သလို မခံစားရပေ။

မသက်မသာမဖြစ်နေသည့်အပြင် ထိုလက်မောင်းများက သူ့ကိုအမှန်တကယ်ပွေ့ဖက်ထားပေးဖို့ ဆန္ဒရှိနေပြီး ထိုသူရဲ့ ရင်ခွင်ထဲကိုသာ တိုးဝှေ့မှီခိုနေချင်မိသည်။

ထိုအခိုက်အတန့်တွင် ဂျိတ်ခ်တစ်ယောက် သူ့ကိုယ်သူ ရူးသွားပြီလားလို့တောင် တွေးမိ‌လေသည်။

တစ်ဖက်ကဆောင်းဟွန်းကလဲ ဂျိတ်ခ်နဲ့ ထူးမခြားနားပါပေ။

ဆောင်းဟွန်းက ဂျိတ်ခ်၏ ကြယ်လေးတွေလို တောက်ပနေသည့် မျက်ဝန်းများကို နီးကပ်စွာငေးကြည့်ကာ အကြည့်ချင်းစုံနေမိသည်။

ယနေ့တွင် ဂျိတ်ခ်က သူတပ်နေကြ ရွေရောင်ကိုင်း မျက်မှန်လေးအား မတပ်ထားသဖြင့် လှပတဲ့မျက်ဝန်းလေးတွေကို ဆောင်းဟွန်း အတိုင်းသား မြင်နေရသည်။

ထိုမျက်ဝန်းများထဲတွင် သူနဲ့နီးကပ်နေရခြင်းကို မကြိုက်တဲ့အရိပ်အယောင်မမြင်ရချေ။

သူတွေးမိသည်။

* တကယ်ပဲ ဂျိတ်ခ်နဲ့ ဒီလောက်နီးကပ်နေလို့ရတာလား*

ဖြစ်နိုင်ရင် ဆောင်းဟွန်းက ဒီအခိုက်အတန့်လေးကို ‌ရပ်တန့်ထားစေချင်နေမိသည်။

ဂျိတ်ခ်နဲ့ အမြဲတမ်းဒီလိုနီးနီးကပ်ကပ်နေနိုင်ဖို့လဲ တောင်းဆုပြုမိသည်။

ဆောင်းဟွန်းမျက်ဝန်းအကြည့်‌တွေက သူနဲ့အလွန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဂျိတ်ခ်ရဲ့ နှုတ်ခမ်းတစ်စုံထံ ရွေ့လျားသွားသည်။

နည်းနည်းလေးပဲ...

နောက်ထပ်နည်းနည်းလေးပဲထပ်ပြီး ရှေ့တိုးလိုက်မယ်ဆိုရင်‌တောင် သူတို့နှုတ်ခမ်းတွေက ထိကပ်သွားလိမ့်မယ်

သူအမြဲ တပ်မက်နေမိတဲ့ နှုတ်ခမ်းလေးရဲ့ အရသာကိုပါ ခံစားနိုင်လိမ့်မယ်

ဒီလိုမျိုးသူတို့နှစ်ယောက်ထပ်ပြီး နီးကပ်လာ‌နေဦးမယ်ဆိုရင် ဆောင်းဟွန်း တကယ်ကြီးကို ‌လောဘကြီးချင်‌နေပြီ။

ဆောင်းဟွန်းရဲ့လည်ချောင်းတွေကခြောက်သွေ့လာပြီး အသက်ရှုသံတွေ ပိုပြီးလေးလံလာသည်။

ဆောင်းဟွန်းရှုထုတ်လိုက်တဲ့ ပူနွေး‌သောထွက်သက်‌လေများဟာဂျိတ်ခ်ရဲ့ပါးပြင်ကိုလာရောက်ထိခတ်တဲ့အခါမှသာဂျိတ်ခ်က သတိဝင်သွားပြီး ကားမှန်ပြတင်းပေါက်ဘက်ကို ခေါင်းစောင်းကာ တစ်ဖက်လှည့်လိုက်သည်။

ထိုသို့လုပ်လိုက်ကာမှ သူ၏ ဖြူဖွေးလှပတဲ့ ငွေငန်းဖြူလည်တိုင်လေး ဆောင်းဟွန်းမြင်ကွင်းထဲဝင်ရောက်လာတာကို ဂျိတ်ခ်က သတိမပြုမိလိုက်ပေ။

ဆောင်းဟွန်းက အသက်ပြင်းပြင်းရှုကာ နက်မှောင်နေတဲ့ သူရဲ့မျက်ဝန်းတွေထဲက ခံစားချက်တွေကို ထပ်မံပြီး ဖုံးကွယ်လိုက်ရင်း ဂျိတ်ခ်ကိုခါးပတ် ပတ်ပေးကာ ‌အနောက်ပြန်ဆုတ်လိုက်သည်။

ထိုအခါမှ ဂျိတ်ခ်ကလဲ အသက်အောင့်ထားတာကို ဖြေလျှော့လိုက်ရင်း ကသိ‌ကအောက်ဖြစ်စွာနဲ့ ပြန်ပြောလိုက်သည်။

"အဟမ်း... ကျေးဇူး"

"အင်း ရပါတယ်"

သူတို့နှစ်ယောက်သားရဲ့အနေအထားတွေက ပုံမှန်ပြန်ဖြစ်သွားသော်လည်း ကားထဲမှ လေထုက နည်းနည်းတော့ တမျိုးတမည်နိုင်လှသည်။

တိတ်ဆိတ်နေတဲ့ညအချိန်တွင် နှစ်ဦးသား၏ ရင်ခုန်သံတွေက ပိုပြီးကျယ်လောင်နေသလိုပင်။

ထပ်မံပြီး မျက်လုံးတွေမှိတ်လိုက်တဲ့ ဂျိတ်ခ်ရဲ့စိတ်ထဲမှာ ‌သူနဲ့ဝေးကွာသွားတဲ့ ရနံ့ဖျော့ဖျော့လေးကို နှမြောတသဖြစ်မိနေသလိုလိုပင်။

ဂျိတ်ခ်က သူ့ကိုယ်သူ စိတ်ထဲမှာရယ်မောနေမိသည်။

*ဒီနေ့ညတော့ င့ါဦးနှောက်ဆဲလ်တွေက ကောင်းကောင်းအလုပ်မလုပ်ဘူးထင်ပါရဲ့*

ဆောင်းဟွန်းက ငြိမ်သက်နေတဲ့ ကောင်ငယ်လေးကိုကြည့်ကာ အိပ်လို့အဆင်ပြေအောင် ခုံကို အနောက်သို့ လှန်ပေးလိုက်ပြီး စတင်မောင်းနှင်လိုက်သည်။

ဆောင်းဟွန်း ကားမောင်းတာက ငြိမ်ဆိမ်လွန်းနေကာ ငြိမ့်ငြိမ့်ညောင်းညောင်းလေးဖြစ်နေသဖြင့် ဂျိတ်ခ် မသိလိုက်ခင်တွင်ပင် အိပ်ပျော်သွားခဲ့သည်။

ဂျိတ်ခ် တရေးအိပ်ပျော်သွားပြီး နိုးလာတဲ့အခါ သူဘယ်ရောက်နေလဲဆိုတာ မှတ်မိဖို့ စက္ကန့်အနည်းငယ်လောက်အချိန်ယူလိုက်ရသည်။

*အော် ငါ ဆောင်းဟွန်းရဲ့ကားထဲမှာရှိ‌နေတုန်းပဲ*

ဂျိတ်ခ် တစ်ယောက် ပြန်စဉ်းစားရင်းနဲ့တင် သူ့ကိုယ်သူ ရိုက်ချင်မိသည်။

တစ်ဖက်လူနဲ့ သူနဲ့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးလဲမရှိသလို စကားတောင်မှ တစ်ခါပဲပြောဖူးတာဖြစ်သည်။

ဒါကိုတောင် သူက သူများကားပေါ် တက်စီးပြီး လိုက်ရှုပ်နေလိုက်သေးသည်။

သူက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ။

တကယ်တမ်းကျတော့ ဆောင်းဟွန်းကလဲ သူများတွေပြောသလို သွေးအေးပြီး ရက်စက်တဲ့သူ မဟုတ်ဘူးလို့ ထင်မိသည်။

သူတွေ့လိုက်တိုင်း ထိုလူက အေးစက်ဖို့နေနေသာသာ နူးညံ့တယ်လို့တောင် ခံစားရသေးတယ်။


*အွန်းလေ ကောလဟာလဆိုတာတွေတကယ်ကို မယုံသင့်ဘူးပဲ

ဒီလောက် စိတ်ကောင်းရှိတဲ့လူကို ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးလို့ခေါ်နိုင်ကြတာလဲ*


ဂျိတ်ခ်က တွေးရင်း ဆောင်းဟွန်းအစား စိတ်တိုသလိုတောင်ဖြစ်လာသည်။

ဆောင်းဟွန်းက ပြီးပြည့်စုံတဲ့ သခင်လေးဆိုတော့ မနာလိုပြီး နာမည်လိုက်ဖျက်နေကြတဲ့လူတွေရှိတာပေါ့။

ဂျိတ်ခ်ကတော့ နောက်ကျရင် အဲ့လို နာမည်ဖျက်နေတဲ့လူတွေတွေ့လို့ကတော့ ဆွဲထိုးပေးလိုက်မည်ဟုပင်တွေးထားလိုက်သည်။

အကယ်၍များ တခြားလူတွေသာ ဂျိတ်ခ်အတွေးတွေကိုကြားနိုင်ရင်
အကုန်လုံး သွေးအန်ကုန်ကြလိမ့်မည်။

ထိုမျှမကသေးပေ။

*ဒီလောက်သွေးအေးတဲ့ မကောင်းဆိုးဝါး‌ရေခဲတုံးကြီးကိုများ စိတ်ကောင်းရှိတယ်ဟုတ်လား နူးညံ့တယ်ဟုတ်လား ငါတို့ရဲ့လောကအမြင်တွေပြိုလဲကုန်ပါပြီ တောင်းပန်ပါတယ် ဆျာဂျိတ်ခ်ရယ်*ဟုဆိုကာ တညီတညွတ်တည်း ငိုချင်းချကုန်လိမ့်မည်။

သို့သော်လည်း သူတို့ပြောတဲ့ဆျာဂျိတ်ခ်ရဲ့အတွးထဲတွင်တော့  ဆောင်းဟွန်းက တကယ်ကောင်းတဲ့လူလို့ပဲ ‌တွေးပါသည်။

ဂျိတ်ခ်မှတ်မိသေး၏။

သူ့15နှစ်ပြည့်မွေးနေ့တွင် မည်သူကမှ သူ့ကို မွေးနေ့ဆုတောင်းဖို့သတိမရဘဲ အပယ်ခံဖြစ်နေချိန် ဆောင်းဟွန်းက မွေးနေ့ဆုတောင်းပေးခဲ့သည်။

ထိုအချိန်က ခံစားချက်ကို ဂျိတ်ခ် သေချာပေါက်မှတ်မိသေးသည်။

ထိုနေ့ကလိုပင် တိုက်ဆိုင်တာလားမသိပေမဲ့ ဆောင်းဟွန်းက အမြဲလိုလို သူအနောက်လှည့်လိုက်တိုင်း သူ့အနောက်တွင် တိတ်တဆိတ်ရှိနေခဲ့သည်။

ယခုလိုမျိုးလဲ သူအကူအညီလိုတိုင်းလဲ ရောက်ရောက်လာတတ်သေးသည်။

ပတ်ခ်ဆောင်းဟွန်းဆိုတဲ့ လူက ဘာဖြစ်ချင်နေလဲကိုဂျိတ်ခ်မသိပေမဲ့ ထိုသူ့အကြောင်းကို ဂျိတ်ခ် ပိုပိုပြီးသိချင်လာသလိုပင်။

ဂျိတ်ခ်က ပြတင်းပေါက်အပြင်ဘက်က  လမ်းမကြီးတစ်လျှောက်ကို ငေးရင်းနဲ့ ဆောင်းဟွန်းဘက်ကိုမနေနိုင်ဘဲလှည့်ကြည့်မိသည်။

ဆောင်းဟွန်းက ကားပြတင်း‌ပေါက်မှန်ပေါ်တွင် တံတောင်ဆစ်ဖြင့်ထောက်ထားလျက် ကျန်လက်တစ်ဖက်တည်းနှင့် steering wheel ကိုကိုင်ကာ ပေါ့ပေါ့ပါးပါး ကားမောင်းနေသည်။

ထိုသူကအပေါ်ထပ်ကုတ်အကျီကို ချွတ်ထားပြီး ဆင်စွယ်ရောင် ရှပ်အင်္ကျီကိုအနက်ရောင် ဘောင်းဘီတစ်ထည်နှင့်သာ ရိုးရှင်းစွာဝတ်ဆင်ထားသည်။

ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်ထိခေါက်တင်ထားသောကြောင့် စတီယာရင်ကိုကိုင်ထားသည့် လက်မှ‌သွေးကြောစိမ်းများကို မီးရောင်မှိန်မှိန်အောက်တွင်ပင် သိသာစွာမြင်နေရလေသည်။

လေတိုက်၍ မျက်လုံးရှေ့ကျလာသော ဆံပင်တစ်ချို့ကို ပြတင်း‌ပေါက်တွင် ထောက်ထားသော လက်တစ်ဖက်ဖြင့် သပ်တင်လိုက်သောအခါ တစ်ဖက်လူ၏ မျက်နှာချောချောက ပိုပြီးထင်ပေါ်လာသည်။

မလင်းလွန်းမ‌မှောင်လွန်းသည့် ပြီးပြည့်စုံသော Lighting အနေအထားအောက်မှ ပြီးပြည့်စုံသော လူသား၏ Side Profile ကိုကြည့်နေရင်း ဂျိတ်ခ်က တဒိတ်ဒိတ်နှင့် ‌ကျယ်‌လောင်စွာခုန်‌နေ‌သော သူ၏ နှလုံးခုန်သံကို ပြန်ကြားနေရသည်။

ထိုအခိုက်အတန့်မှာ ဂျိတ်ခ်အတွက် ရုပ်ရှင်တွေထဲကလို အနှေးပြကွက်‌နှင့် ဖြစ်နေရင်း သူမသိလိုက်ခင်တွင် မိန်းမောကာ ငေးနေမိသည်။

ဆွဲဆောင်အားပြင်းတဲ့ မျက်ခုံးထူထူလေးများ‌၊

မဟူ‌ရာရောင်တဖိတ်ဖိတ်တောက်နေသည့် အေးစက်နူးညံ့သော မျက်ဝန်းတစ်စုံ၊

လှပတဲ့ နှာတံချွန်ချွန်လေးနှင့် မှဲ့နက်လေး

ရှပ်အင်္ကျီအောက်မှ မဖုံးနိုင်မဖိနိုင်ပဲ တစ်စွန်းတစ်စ မြင်သာနေသော လက်မောင်းကြွက်သားများ

ဟ‌နေတဲ့ အကျီအောက်က ညှပ်ရိုးတစ်စုံနှင့် ရင်အုပ်ကျယ်ကျယ်၊

ထိုအရာတွေအားလုံးကို ဂျိတ်ခ်တစ်ယောက် ဘယ်လောက်ကြာအောင်ငေးကြည့်နေမိမှန်းမသိလိုက်ပေ။

ရုတ်တရက် ခပ်တိုးတိုး ရယ်သံလေးကြားလိုက်ရမှ ဂျိတ်ခ်သတိဝင်သွားလေသည်။

သတိဝင်သွားသော်လည်း ဆောင်းဟွန်းရယ်လိုက်ကာမှ ပါးပေါ်တွင် ခပ်ရေးရေးထင်လာသော ပါးချိုင့်လေးကိုမြင်လိုက်ရသောအခါ ဂျိတ်ခ်က အကြည့်မလွှဲနိုင်သေးပါ။

*အာ...အရမ်းကြည့်ကောင်းတယ်*

*WTF!!!ငါဘာတွေတွေးမိနေတာလဲ*

ထိုခဏ၌ ဂျိတ်ခ်က သူ့ကိုယ်သူ နှာဘူးတစ်ယောက်လို့တောင်တွေးမိသွားပြီး စိတ်ထဲမှာလဲ တိုင်နဲ့ခေါင်းနဲ့စောင့်နေပြီးပြီ။

ထိုသို့ ဂျိတ်ခ်အကြည့်မလွှဲနိုင်ခင်မှာပင် ဆောင်းဟွန်းက သူ့ဘက်လှည့်လာပြီး ပြုံးပြုံးလေးနှင့် ဂျိတ်ခ်ကိုကြည့်နေလေသည်။

ရုတ်တရက်ကြီး လှည့်လာသူကြောင့် ဂျိတ်ခ်ကလန့်သွားပြီးတံ‌တွေးသီးတော့မလိုပင်ဖြစ်သွားလေသည်။

အကြည့်ချင်းဆုံသွားသောအခါ ခိုးကြည့်နေ‌တာကိုလူမိသွားသောကြောင့် အပြစ်မကင်းစိတ်နဲ့ ဂျိတ်ခ်ကအပြင်ဘက်ကို အမြန်အကြည့်လွှဲလိုက်‌လေသည်။

"...မင်း!အရှေ့ကိုကြည့်မောင်းလေ
ငါမသေချင်သေးဘူးနော်"

ပါးစပ်ကပြောရုံသာမက လက်ဟန်ဖြင့်လဲဆောင်းဟွန်းကိုဟိုဘက်လှည့်ခိုင်းလိုက်သေးသည်။

ဆောင်းဟွန်းက လူကတော့ လှည့်မကြည့်လာဘဲ သူ့ကိုလက်ပြကာ ရှက်ရမ်းရမ်းနေသူကိုကြည့်ရင်း ရယ်ကာ အရှေ့တည့်တည့်ကိုပြန်လှည့်သွားတော့သည်။

ေ‌ဆာင်းဟွန်းရယ်သံကြော့င် ရှက်သွားတဲ့ ဂျိတ်ခ်က သူ့နားရွက်ဖျားတွေရော မျက်နှာပါပူလာတာကိုခံစားလိုက်ရတာမို့ လေပိုရစေရန် ခေါင်းလေးကိုပြတင်းပေါက်ဘက်တိုးလိုက်ပြီး ‌ဆောင်းဟွန်းဘက်ကိုယောင်လို့ပင်လှည့်မကြည့်တော့ချေ။

အရယ်အပြုံးနဲပြီးအေးစက်လွန်းသူကြီး ပတ်ဆောင်းဟွန်းကတော့ ဂျိတ်ခ်ကိုကြည့်ရင်း ခဏခဏ ပြုံးနေမိတာကြောင့် နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်‌နေလေသည်။

တကယ်က ဆောင်းဟွန်းက ဂျိတ်ခ်နိုးနိုးချင်းထဲက သိနေပေမဲ့ ထိုကောင်လေးက သူ့ကိုငေးကြည့်နေတာကြောင့် ငြိမ်နေမိတာဖြစ်သည်။

အချိန်အကြာကြီးစိုက်ကြည့်ခံနေရတာကြောင့် ဆောင်းဟွန်းအာရုံကြောတွေတောင့်တင်းနေပြီး စိတ်လှုပ်ရှားမှုကြောင့် ကားစတီယာရင်ကို ကိုင်ထားမိတဲ့လက်တွေကပိုတင်းကြပ်လာတာ လက်ကအကြောတွေတောင် ထောင်လာတဲ့အထိပဲ။

ဂျိတ်ခ်ကသတိမထားမိလိုက်ပေမဲ့ ဆောင်းဟွန်းက တစ်လျှောက်လုံးဂနာမငြိမ်စွာနှင့် တောင့်"ကြီးထိုင်နေမိတာဖြစ်သည်။

ဂျိတ်ခ်အနားနေရတာနှင့်ဆောင်းဟွန်းက စိတ်လှုပ်ရှားနေရသော်လည်း ပျော်ရတာက ပိုပါသည်။

‌ဆောင်းဟွန်းကပျော်နေသလို ဂျိတ်ခ်ကိုယ်တိုင်လဲ စိတ်အခြေ‌အနေကောင်းနေသည်။

‌သူ့မိခင်ကိုသတိရပြီးဝမ်းနည်းနေမှု‌တွေအပြင် ဖခင်နှင့် မိထွေးတို့ကြောင့် စိတ်ပျက်နေရတာတွေက တိုက်ခတ်လာတဲ့လေအေးကြောင့်  တဖြည်းဖြည်းရှင်းလင်းလာလေသည်။

‌ဂျိတ်ခ်က အပြင်ကရှုခင်းများကိုကြည့်ရင်း ခေါင်းလေးထုတ်လိုက်ပြီး ပြတင်းပေါက်ဘက်တစ်ကိုယ်လုံးမှီကာ လက်တစ်ဖက်ကိုလဲအပြင်ဘက်သို့ဆန့်တန်းထားလိုက်သည်။

လေရှိန်ပြင်းပြင်းကို မျက်လုံးလေးတွေမှိတ်ကာ ခံစားနေသော ကောင်လေးကို မနှောင့်ယှက်ချင်တာကြောင့် ဆောင်းဟွန်းက သတိထားဖို့သာပြောပြီး အလိုလိုက်ထားလိုက်သည်။

အပြင်မှလေကြောင့် ဂျိတ်ခ်ရဲ့ ဆံနွယ်စ‌လေး‌တွေဟာ ရှုပ်ရှက်ခတ်ကုန်သောကြောင့် အမွှေးဖွာဖွာခွေးပေါက်လေးလိုဖြစ်နေသည်။

ကောင်ကလေး၏ခေါင်းလုံးလုံးလေးကို ဆွဲဖွပစ်ချင်နေသည့် လက်ကိုထိန်းချုပ်ကာ ဆောင်းဟွန်းက 'My Youth'သီချင်းကိုဖွင့်လိုက်သည်။

ထို့နောက် တိတ်ဆိတ်နေသော လေထုအတွင်း သာယာသော သီချင်းသံစဉ်တချို့ ပျံ့လွင့်လာခဲ့လေပြီ။

ဂျိတ်ခ်က သီချင်းကိုနား‌ဆင်ရင်း မှိတ်ထားသောမျက်လုံးတွေကိုဖွင့်မလာခဲ့သလို ဆောင်းဟွန်းကလဲ စကားတစ်ခွန်းမှမဆိုခဲ့ပေ။

နှစ်ယောက်ကြားမှာ စကားမပြောဖြစ်ပဲ တိတ်ဆိတ်နေသော်လည်း အထီးကျန်ဆန်မှုကိုမဖြစ်စေဘဲ သီချင်းစာသားများက နူးညံ့တဲ့ စိတ်ခံစားမှုလှိုင်းများကိုလှုံ့ဆော်ပေးနေသည်။


🎶What if, what if we start to drive?

What if, what if we close our eyes?

What if speeding through red lights into paradise? 🎶

ဂျိတ်ခ် မျက်ဝန်းတွေမှိတ်ထားတဲ့အခါ ဆောင်းဟွန်းက ဆက်လက်ပြီးမောင်းနှင်နေလိမ့်မယ်။

ဆောင်းဟွန်းက သူနဲ့ ဂျိတ်ခ်ရဲ့ကြားက မမြင်ရတဲ့စည်းတွေကို ဖြတ်ကျော်ချင်နေသည့်အလား ကားကို အရှိန်တင်လိုက်ကာ တကယ်ကြီး မီးနီကို ဖြတ်‌ပြီးမောင်းလာခဲ့သည်။

မျက်လုံးမှိတ်ကာအနားယူနေသည့်ဂျိတ်ခ်ဟာလဲ ဒီခရီးအဆုံးကဘယ်နေရာလဲဆိုတာမသိ‌လေဘူး။

*ဘယ်နေရာဖြစ်နိုင်မလဲ...? Paradise လား...?*

ဂျိတ်ခ်ကဆက်ပြီးတွေးတောနေသလို သီချင်းသံကလဲဆက်လက်ပြီး ထွက်ပေါ်လို့နေလေသည်။

🎶'Cause we've no time for getting old

Mortal body, timeless souls

Cross your fingers, here we go, oh oh oh

And when the lights start flashing like a photo booth

And the stars exploding, we'll be fireproof

My youth, my youth is yours

Trippin' on skies, sippin' waterfalls

My youth, my youth is yours

Runaway now and forevermore

My youth, my youth is yours

A truth so loud you can't ignore

My youth, my youth, my youth

My youth is yours🎶

ထိုအပိုဒ်‌ရောက်‌သောအခါ ဆောင်းဟွန်းက မနေနိုင်ဘဲ သူ့ဘေးကကောင်လေးကို တစ်ချက်လှည့်ကြည့်မိသည်။

တကယ်ကိုမှန်တာပေါ့။

ဆောင်းဟွန်းရဲ့ ငယ်ရွယ်မှုက ဂျိတ်ခ်ရဲ့အပိုင်ပဲလေ

ငယ်ရွယ်မှုမှမဟုတ်ဘူး ဂျိတ်ခ်သာအလိုရှိရင် ဆောင်းဟွန်းက ဂျိတ်ခ်အပိုင်အဖြစ်ပေးနိုင်ပါတယ်

ချွင်းချက်မရှိ အရာအားလုံးပေါ့...

ဂျိတ်ခ်သာအလိုရှိရင်လေ...

ကံမကောင်းစွာနဲ့ ဆောင်းဟွန်းရဲ့ ‌အ‌တွေးစိတ်ကူးတွေကို ဂျိတ်ခ်က မကြားနိုင်ခဲ့သလို သူ့ရဲ့ ရဲတင်းတဲ့အတွေးတွေကို ဆောင်းဟွန်းကလဲ မပြောရဲခဲ့ပါဘူး။

ပုံမှန် ပြဿနာအိုး ဆတ်ဆတ်ထိမခံစွာ‌တေးလန်လေး ရှင်းမ်ဂျိတ်ခ်နဲ့ကွဲပြားစွာပင် နူးညံ့ပြီးငြိမ်သက်နေတဲ့သူ့‌ဘေးကကောင်ငယ်လေးကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။

ဆောင်းဟွန်းရဲ့အကြည့်တွေက အနည်းငယ် အကူအညီမဲ့နေသော်လည်း ထိုအကြည့်ထဲတွင် ချစ်မြတ်နိုးစွာနှင့် အလိုလိုက်ချင်နေသည့် စိတ်ခံစားချက်တစ်စွန်းတစပါနေသေးသည်။

ဆောင်းဟွန်းက အရှေ့ဘက်ကိုသာပြန်လှည့်လိုက်ပြီး ဂျိတ်ခ်ကိုနှောင့်ယှက်မိမှာစိုးသည့်အလား ‌သက်ပြင်းမောလေးတစ်ချက်ခိုးပြီးချမိသည်။

မျက်လုံးများမှိတ်ကာအနားယူနေသည့် ဂျိတ်ခ်တစ်ယောက်ကတော့ဖြင့် သူ့ဘေးက ကောင်လေး၏ ကမ္ဘာပျက်နေပုံကို ရိပ်မိခြင်းမရှိခဲ့ပေ။

နောက်ဆုံးတွင် သီချင်းကပြီးဆုံးပြီးရပ်သွားသော်လည်း လူသူရှင်းလင်းနေသော လမ်းမတစ်လျှောက်တွင် အနီရောင်ပြိုင်ကားလေးတစ်စီးက ဆက်လက်ကာ အပြေးလေး ခရီးနှင်နေ‌တော့သည်။

ထိုသို့ အရှိန်ပြင်းစွာ တိုးဝှေ့တိုက်ခတ်နေသောလေများအား မခံစားရတော့ကာမှ ဂျိတ်ခ်က ကားရပ်သွားမှန်းသိလိုက်ပြီး မျက်လုံးများဖွင့်ကြည့်လိုက်သည်။

မျက်လုံးဖွင့်ဖွင့်ချင်း ဂျိတ်ခ်က သူ့မျက်စိရှေ့မှာမြင်လိုက်ရသည့်အရာကြောင့် ရုတ်တရက် အံ့အားသင့်ကာ စကားပြောဖို့ပင်မေ့သွားလေသည်။

ဂျိတ်ခ်က သူ့ရှေ့က အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကိုကြည့်လိုက်သောအခါ သူစိတ်ညစ်ညူးနေတာတွေမှန်သမျှ ပျောက်သွားသလိုပင်။

ဂျိတ်ခ်နံဘေးမှ ဆောင်းဟွန်းက မျက်လုံးလေးပြူးကာအံ့အားသင့်နေသော ကောင်လေးကို ပြုံးကာကြည့်ရင်း နှဖူးကိုခပ်ဖွဖွလေး တောက်လိုက်သည်။

နှဖူးတောက်သည်ဟု‌ဆိုသော်လည်း ဆောင်းဟွန်းလုပ်လိုက်သည်မှာ လုံးဝမနာကျင်စေဘဲ ထိသည်ဆိုရုံမျှလေးသာဖြစ်သည်။

ထို့ကြောင့် ဂျိတ်ခ်တစ်ယောက်စိတ်မဆိုးနိုင်ဘဲ ဆောင်းဟွန်းကိုအူကြောင်ကြောင်လေးလှည့်ကြည့်လာသည်။

လေတိုက်ခံထားရသောကြောင့် ဆံပင်လေးတွေဖွာလန်နေကာ အူတူတူရုပ်လေးနှင့်ကြည့်နေသော ဂျိတ်ခ်က ဆောင်းဟွန်းမျက်စိထဲတွင် ခွေးပေါက်စအကောင်သေးသေးလေးနှင့်တူနေသည်။

ချစ်ဖို့ကောင်းလွန်းလို့ သူ့မှာ ထိုအကောင်ပေါက်လေးကို လက်မောင်းတွေထဲထည့်ဖက်ကာ ပွတ်သပ်ချော့မြူပေးချင်သည့်စိတ်ကိုမနည်းထိန်းထားနေရသည်။

ဆောင်းဟွန်းက ဂျိတ်ခ်ကိုကြည့်ကာ သူပင်မသိလိုက်ဘဲ မထိန်းနိုင်အောင် ပြုံးမိနေသောကြောင့် သူ့ပါးထက်တွင် ပါးချိုင့်လေးကခွက်ဝင်သွားပြန်သည်။

ဆောင်းဟွန်းကိုပြန်ကြည့်မိသော ဂျိတ်ခ်မှာလဲ ဆောင်းဟွန်းအပြုံး‌ကြောင့်ဖြစ်လာ‌သော ထိုပါးချိုင့်လေးနှင့် သွားစွယ်ဖြူဖြူလေးတွေကိုတွေ့သွားကာ မိန်းမောရပြန်သည်။

ဂျိတ်ခ်က စိတ်ထဲတွင် * ဆောင်းဟွန်းရဲ့ပါးချိုင့်လေးဟာ သူတို့ရှေ့က အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကြီးထက်ပင် အန္တရာယ်များလွန်းလှတယ်* ဟုပင် တွေးမိသွားသည်။

ဂျိတ်ခ်တစ်ယောက် သတိလက်လွတ်ဖြစ်နေတာကို အခွင့်ကောင်းယူကာ ဆောင်းဟွန်းက လက်မြှောက်လျက် ရှုပ်ပွနေတဲ့ ဂျိတ်ခ်ဆံပင်လေးတွေကိုသပ်ပေးလာသည်။

သူက ဆံပင်ကို ပုံစံကျအောင် ပြန်မသပ်ပေးခင်တွင် သူအရမ်းလုပ်ချင်နေတဲ့ ဂျိတ်ခ်ဆံပင်လေးတွေကို မသိမသာ ဆွဲဖွလိုက်သေးသည်။

ဆောင်းဟွန်းရဲ့ ခိုးကြောင်ခိုးဝှက်လုပ်ရပ်ကို ဂျိတ်ခ်ကတော့ ထုံးစံအတိုင်းမသိခဲ့ပေ။

ဂျိတ်ခ်သိတာဆိုလို့ သူ့ဆံပင်‌တွေကိုထိကိုင်ကာ သူ့ခေါင်းပေါ်မှာ လှုပ်ရှားနေတဲ့ဆောင်းဟွန်းရဲ့လက်ဖဝါး‌နွေးနွေးစီက အပူချိန်ရယ်၊လျစ်လျူမရှုထားနိုင်လောက်အောင် အခုန်မြန်နေတဲ့ သူ့ရဲ့နှလုံးခုန်သံတွေရယ်သာရှိသည်။

ဂျိတ်ခ်က ဘာမှမပြောနိုင်ခင် ဆောင်းဟွန်းက သူ့လက်ကိုပြန်ရုတ်သွားပြီး အရင်ပြောလိုက်လေသည်။

"ရပြီ ဆံပင်တွေမရှုပ်တော့ဘူး"

"အာ... ကျေးဇူးပဲ"

ဆောင်းဟွန်းကသူ့ရဲ့ ပိုင်စိုးပိုင်နင်းအပြုအမူတွေအတွက် မတောင်းပန်သလို ဂျိတ်ခ်ကလဲ စိတ်ဆိုးရကောင်းမှန်းကိုမေ့နေပြန်ပြီဖြစ်သည်။

ဂျိတ်ခ်ရဲ့ နေရခက်နေသည့်အမူအရာလေးကိုကြည့်ရင်း ဆောင်းဟွန်းက တိုးတိုးလေးနှင့် နူးညံ့စွာဆိုလာလေသည်။

"မလိုပါဘူးကွာ~"

"အင်း..."

ထို့နောက် ကသိကအောက်ဖြစ်နေသည့်လေထုကိုဆောင်းဟွန်းက ပြင်ဆင်ရန်ကြိုးစားလိုက်သည်။

"ဂျိတ်အိခုရှီ ကမ်းခြေနားကိုသွားမကြည့်တော့ဘူးလားဗျ"

ဆောင်းဟွန်းလေသံကစနောက်ကျီစယ်နေသည့်ဟန်အနည်းငယ်စွက်နေသော်လည်း ဂျိတ်ခ်က သူအထင်မှားတာဖြစ်မည်ဟုသာထင်လိုက်သည်။

*အေးစက်လွန်းလို့ ရေခဲမင်းသားလို့တောင် နာမည်ပြောင်ရထားတဲ့ ရေခဲတုံးကြီးက စနောက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားနော်*

ဂျိတ်ခ်က ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ဆောင်းဟွန်းသတိပေးမှ ပင်လယ်‌ရောက်‌နေတဲ့အကြောင်း သတိရသွားသောကြောင့် အနည်းငယ်ရှက်သွားသည်။

*အမ်း...ဆောင်းဟွန်းပြုံးတာမြင်လိုက်ရပြီး ပင်လယ်ရောက်နေတာပါမေ့သွားတယ်ဆိုတော့ နည်းနည်းတော့ ရှက်စရာကောင်းတာပဲလေ*

*ဒါပေမဲ့ ပတ်ဆောင်းဟွန်းကိုက ကြည့်ကောင်းနေတဲ့ဟာ ဘယ်သူမဆို ဒီလိုဖြစ်ကြမှာပဲ ငါ ငေးမိတာအပြစ်မဟုတ်ပါဘူး ဟီး *

ထိုသို့‌ဂျိတ်ခ်တစ်ယောက် သူ့ဘာသူတွေးပြီး ရှက်သွားတဲ့အကြောင်းကိုသာ ဂျေးသိရင် တလောကလုံးမှာ အရှက်မရှိဆုံး သူ့သူငယ်ချင်းမွေးစားသားလေးတစ်ယောက် လူစားထိုးခံရပြီဆိုပြီး ထင်နေမိမှာအမှန်ပင်။

ဂျိတ်ခ်ကလဲ စိတ်ထဲတွင် သူ့ဘာသူ ဆင်ခြေတွေပေးကာ ဆောင်းဟွန်းကို ထောက်ခံသည့်အသံလေးသာပြုလိုက်ရင်း နှစ်ယောက်သားကားပေါ်ကဆင်းလိုက်ကြသည်။

ကမ်းခြေဘက်ကိုလျှောက်လာကြရင်း ပင်လယ်နှင့်နီးလေ ပင်လယ်ဘက်မှတိုက်ခတ်လာသောလေအေးအေးကသယ်ေ‌ဆာင်လာသည့် ပင်လယ်အနံ့ကိုရလေဖြစ်သည်။

ဂျိတ်ခ်က ပင်လယ်ကြီးကိုကြည့်ရင်း စိတ်ရောကိုယ်ပါလန်းဆန်းသွားသလိုခံစားလိုက်ရပြီး သဘောအကျကြီးကျလို့နေလေသည်။

သူတို့နှစ်ယောက်ယှဉ်ရက်လျှောက်လာကြရင်း တဖြည်းဖြည်းနှင့် ဂျိတ်ခ်က ပင်လယ်ရေထဲဆင်းဖို့ပြင်လိုက်သည်။

ထို့ကြောင့် ဆောင်းဟွန်းက အလျှင်မီလှမ်းဆွဲကာ တားလိုက်သည်။

"မနက်မှ ရေဆော့ချင်ဆော့
အခုတော့မရဘူး အအေးမိလိမ့်မယ်"

ရုပ်တည်ကြီးနဲ့‌တားလာသော ဆောင်းဟွန်းကြောင့် ဂျိတ်ခ်ကအနည်းတန့်သွားလေသည်။

ပုံမှန်အတိုင်းဆိုရင်တော့ ဂျစ်တူးလေးဂျိတ်ခ်က ဘယ်သူဘာ‌ပြော‌ပြော သူလုပ်ချင်ရာလုပ်တဲ့သူ‌ပေမဲ့ ‌ဘာကြောင့်မှန်းမသိဘဲ ဆောင်းဟွန်းစကားကိုတော့ မငြင်းပယ်ပေ။

ဂျိတ်ခ်က သူ့စကားနားထောင်သည်ကိုမြင်သောအခါမှဆောင်းဟွန်းကကျေနပ်သွားပြီးလွှတ်ပေးလိုက်သည်။

ဂျိတ်ခ်ကလဲ "ငါက ခြေထောက်နားလေး‌လောက်ပဲ ရေထိချင်တာကို" ဟု တိုးတိုး တိုးတိုးနဲ့ မကျေမနပ်ရေရွတ်နေသော်လည်း အဆုံးတွင်ရေထဲမဆင်းခဲ့ပေ။

ဆောင်းဟွန်းက ဒီတစ်ခါတွင်မပြုံးလိုက်သော်လည်း မျက်ဝန်းတွေက‌တော့ ပျော်ရွှင်မှုကိုမထိန်းနိုင်ဘဲ ရွှင်မြူးနေလေသည်။

ဆောင်းဟွန်း၏စကားကမှန်ပေသည်။

ခဏအကြာတွင် ဂျိတ်ခ်က အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာပြီး နာခေါင်းထိပ်လေးတွေပါပန်းရောင်သန်းလာလေသည်။

ဂရုတစိုက်မကြည့်မိရင် လုံးဝကိုမသိသာပေမဲ့ အရိပ်တကြည့်ကြည့် ကြည့်နေသောဆောင်းဟွန်းကတော့ ဂျိတ်ခ်တစ်‌ယောက်အေးနေမှန်းသိသွားလေသည်။

ဂျိတ်ခ်က ‌အအေးဒဏ်ကိုအံတုနေစဉ် ရုတ်တရက် သူ့ကိုယ်ပေါ်ကိုလွှမ်းခြုံလာသည့် ကုတ်အကျီရှည်ကြောင့် ကြောင်အသွားပြီး သူ့နံဘေးမှ လူကိုချက်ချင်းလှည့်ကြည့်လိုက်မိသည်။

ထုံးစံအတိုင်းပင်ဆောင်းဟွန်းက သူ့ကို ခပ်ပြုံးပြုံးလေးကြည့်နေပြန်သည်။

ဂျိတ်ခ်တကယ်ကိုသံသယ၀င်လာပြီဖြစ်သည်။

*ငါသိတဲ့ပတ်ဆောင်းဟွန်းဆိုတာက ဒီလိုခဏခဏပြုံးပြနေတဲ့သူနဲ့တစ်ယောက်တည်းရောဟုတ်ရဲ့လား*

*ပြီးတော့ သူပြုံးတာ အရမ်းကြည့်ကောင်းတာပဲ*

*အာ...မဟုတ်သေးပါဘူး...အခုအဲ့ဒါကအရေးကြီးတာမှမဟုတ်တာ*

ဂျိတ်ခ်က သတိဝင်သွားသောအခါမှ သူ့ကိုယ်ပေါ်ခြုံထား‌သော coatကိုပြန်ချွတ်ပေးဖို့ပြင်လေသည်။

သို့သော်လည်း ဆောင်းဟွန်းကချွတ်ခွင့်မပေးဘဲ ဂျိတ်ခ်ကိုသာပြန်ခြုံပေးထားသည်။


"ဘာလုပ်တာလဲ...ပြန်ယူလေ"

"မယူဘူး...မင်း အေးနေတယ်လေ"

"အဲ့လောက်မဟုတ်ပါဘူး
မင်းဘယ်လိုသိတာလဲ"

"ကိုယ်သိတယ်"

"ဒါပေမဲ့ မင်းလဲမအေးဘူးလား
ပြန်ယူလိုက်ပါ ငါကအဆင်ပြေတယ်"

"ကိုယ်ကအဆင်မပြေဘူး"

"နေပါဦး မင်းကဘာလို့ ကိုယ်လို့ပြောနေတာလဲ
ငါတို့ကရွယ်တူပဲလေ"

စကား‌ပြော‌နေရင်း အရေးထဲကို စွာဖို့မမေ့‌သေးသည့် ဂျိတ်ခ်ကိုကြည့်ရင်းဆောင်းဟွန်းက ရယ်လေသည်။

ထို့နောက်မှ စသလိုနောက်သလိုဖြင့်ပြန်ပြောလိုက်သည်။

"မတူဘူး ကိုယ်ကမင်းထက်တစ်နှစ်လောက်ပိုကြီးတယ်
သိပြီလား ကလေးလေး"

"ကျစ်...ဘာကလေးလဲ
တစ်နှစ်လောက်‌လေးကြီးတာကိုကွာ~"

"ကိုယ့်မျက်စိထဲမှာတော့ မင်းကအမြဲတမ်း ကလေးလေးပဲ"

ဆောင်းဟွန်းရဲ့ အနှောင့်အသွားမလွတ်သည့်စကားကြောင့် ဂျိတ်ခ်ကထူးဆန်းသွားပြီး ရှက်သလိုဖြစ်လာပြန်သဖြင့်စကားလွှဲလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကုတ်အကျီပြန်ယူတော့
မဟုတ်ရင် ‌မင်း အအေးမိလိမ့်မယ်"

"ဂျိတ်ခ်က ကိုယ် အေးနေမှာစိုးရိမ်လို့လား"

"အင်းလေ"

"ဒါဆိုလဲ..."


ဆောင်းဟွန်းက ဆက်မပြောတော့ဘဲ ကုတ်အကျီ‌အောက်မြုပ်နေသည့်ဂျိတ်ခ်လက်ကလေးအား ဆုပ်ကိုင်ထားလိုက်သည်။


ဂျိတ်ခ် : "???"


ရုတ်တရက်ကြီး

You are reading the story above: TeenFic.Net