᯽13(Z)᯽

Background color
Font
Font size
Line height

ထိုအခိုက်၌ ရှင်းမ်အိမ်တော်တွင်...


ရှင်းမ်မြောင်ဆူက ထမင်းစားခန်းအတွင်းတွင် မနက်စာစားနေရင်း
ဂျိတ်ခ်ထံသို့ ညနေတွေ့မည့်အကြောင်းစာပို့ကာ ဖုန်းကိုဘေးသို့ချလိုက်သည်။



သူက  ကော်ဖီတစ်ခွက်ကို မယူကာ သောက်နေရင်း မျက်နှာအမူအရာကပုံမှန်သာဖြစ်နေသော်လည်း သူ့စိတ်ထဲတွင်ဘာတွေတွေးနေမှန်းဘယ်သူမှမသိနိုင်ပေ။



နံဘေးမှ ဂန်ဆောဂျင်းကလဲ သူ့ခင်ပွန်းချထားတဲ့ဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောပဲ တိတ်တဆိတ်မနက်စာစားနေသည်။



သို့သော်သူမ‌စိတ်ထဲတွင်တော့မနေ့ညကအကြောင်းကို ပြန်တွေးနေလေသည်။


မနေ့ညက သူမနှင့် သူမခင်ပွန်းဖြစ်သူဟာ အိပ်ရာပေါ်ကကိစ္စတွေပြီးစီးတဲ့အချိန် သူမခင်ပွန်းက သူမကိုရင်ခွင်ထဲထည့်ကာ ဂျိတ်ခ်အကြောင်းကိုရင်ဖ်ငင့်တိုင်ပင်လာလေသည်။




ဂန်ဆောဂျင်းမှာ ရှင်းမ်မြောင်ဆူပြောပြသမျှကိုနားထောင်ပြီးမယုံနိုင်လောက်အောင်ကို အံ့ဩသွားရလေသည်။



သူမက  အပြင်မှာ  နူးညံ့ပြီး ဂရုဏာသက်နေတဲ့မျက်နှာလေးဟန်ဆောင်နေသော်လည်း အတွင်းတွင် ဒေါသထွက်လွန်းလို့ သွားကျိုးမတတ် အံကြိတ်ထားလေသည်။



သူမက သုံးစားမရတဲ့အမှိုက်လိုကြွက်စုတ်ဟုသတ်မှတ်ထားသူ လင်ပါသားက ယခုတော့ သူမတို့ကို ဒုက္ခပေးနိုင်တဲ့ အကောင်ကြီးကြီးဖြစ်နေသည်ဆိုတာကို မနာလိုမရှုစိမ့်နိုင်သည့်အပြင် လက်မခံနိုင်ပေ။




သူမက သူမယောက်ျားအား မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် မော့ကြည်ကာ စိုးရိမ်ပူပန်နေသော အသံသေးသေးလေးဖြင့်ပြောလိုက်သည်။




"ဒါဆို ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲဟင် ယောက်ျား~

တောင်းပန်ပါတယ် ဒါတွေအားလုံးကျွန်မအသုံးမကျခဲ့တာပါ...ကျွန်မညံ့ဖျင်းခဲ့လို့ပါရှင်

ကျွန်မကိုယ်တိုင်ပျိုးထောင်ခဲ့တဲ့ကလေးက ဒီလို ယုတ်မာတဲ့ စရိုက်နဲ့လူဖြစ်‌လာမယ်မှန်း ဘယ်လိုမှမထင်ထားခဲ့မိဘူး"





သူမကပြောရင်းပြောရင်း နာကျင်နေဟန်ဖြင့်ရှိုက်လိုက်ကာ ကျလာတဲ့မျက်ရည်များကိုတစ်ဖက်လှည့်၍ခိုးသုတ်လိုက်သည်။


ရှင်းမ်မြောင်ဆူ၏နှလုံးသားက နူးညံ့သွားကာ ဇနီးဖြင်သူအားဆွဲ၍ ရင်ခွင်ထဲထည့်ကာ လက်မောင်း‌အား ပွတ်သပ်ရင်းချော့လိုက်သည်။




"မဟုတ်တာကွာ မင်းအမှားမပါပါဘူး

အဲ့ဒီကောင်ကိုက စိတ်အနှောင့်ယှက်ပဲပေးတတ်တဲ့ ပြဿနာကောင်ဖြစ်နေတာပါ

ကျစ်...ဒင်းက တော်တော် အာရုံနောက်ဖို့ကောင်းတဲ့ကောင်ပဲ!

ဘယ်သူနဲ့တူနေမှန်းကိုမသိ!"




ဂန်ဆောဂျင်းက ရှင်းမ်မြောင်ဆူလက်မောင်းတွေထဲတိုးဝင်လိုက်ပြီး...



"သားကို အဲ့လိုမပြောပါနဲ့ ‌အစ်ကိုရယ်

သူဘယ်လောက်ဆိုးဆိုး ကျွန်မတို့သားပဲလေ"




"ဟူး...မင်းကအဲ့လိုစိတ်ထားဖြူစင်လွန်းလို့ခက်နေတာ

ရှင်းမ်ဂျိတ်ခ်က  အခုလို စိတ်ထားမသေးသိမ်ဘဲ မင်းတို့သားအမိရဲ့တစ်ဝက်လောက်ပဲ ကောင်းမယ်ဆိုရင်တောင် ငါခေါင်းကိုက်နေရမှာမဟုတ်ပါဘူးကွာ"




"ကျွန်မက သားကိုစိတ်ပူလို့ပြောတာပါရှင်

ဒါနဲ့လေ သူဒီလို မိဘကို ကျေးဇူးကန်းတဲ့သူအဖြစ် လမ်းမှားရောက်သွားလို့မဖြစ်ဘူးနော်

ယောက်ျား ...ရှင် ဒီတိုင်းပဲကြည့်နေတော့မလို့လား

ကျွန်မသား‌လေးအတွက် စိတ်ပူရလွန်းလို့ပါ တစ်ခုခုပြောပါဦး"




ရှင်းမ်မြောင်ဆူက စိတ်ပူနေသော သူ့ဇနီးအား မလျှို့ဝှက်ထားနေတော့ဘဲ သူ၏အကြံအစည်အား ပြောပြလိုက်လေသည်။




ရင်ခွင်ထဲတွင် ခေါင်းငုံ့၍ ခိုးပြုံးလိုက်သော ဂန်ဆောဂျင်းက သူမခင်ပွန်းအားမော့ကြည့်လိုက်ချိန်တွင် သူမမျက်နှာဟာ စိုးရိမ်သောကပူပန်မှုတွေဝေနေကာ ဂရုဏာသက်ချင်စရာဖြစ်သည်။



ထိုသည်ကို ဂျိတ်ခ်သာမြင်လျှင် အော်စကာဆုရနိုင်တဲ့ သရုပ်ဆောင်စကေးဟု ချီးမွမ်းမိဦးမှာပင်။



ဂန်ဆောဂျင်းက ရှင်းမ်မြောင်ဆူအားကြည့်ကာ အသံတိုးတိုးလေးပြောလိုက်သည်။




"ဖြစ်ပါ့မလားရှင် အစ်ကို့အစီအစဉ်က အန္တရာယ်မများလွန်းဘူးလား...မတော်တဆ သားလေးများတစ်ခုခု ထိခိုက်သွားရင် ကျွန်မတို့ပဲရင်နာရမှာ"





ဂန်ဆောဂျင်းဆံပင်လေး‌တွေအား ရှင်းမ်မြောင်ဆူက ကြင်နာစွာသပ်တင်ပေးလိုက်သည်။




"စိတ်မပူပါနဲ့...ကိုယ်ကသူ့ကို ခြိမ်းခြောက်ရုံပဲခိုင်းတာပါ
ကိုယ့်သားကိုယ်တော့ ဘေးဖြစ်အောင်မလုပ်ပါဘူး"




ဂန်ဆောဂျင်းမျက်ဝန်းများထဲအမည်မသိအရိပ်အယောင်များဖြတ်ပြေးသွားသည်။




"ဒါဆိုရင်လေ ဒီကိစ္စကိုဘယ်သူ့ကိုခိုင်းထားတာလဲဟင်
အဲ့လူက စိတ်ချရပါ့မလား?"




"အင်း ကိုယ့်လက်အောက်က ဂင်ချောဆူတို့အဖွဲ့ကိုပဲခိုင်းတာပေါ့ကွာ ဒီကောင်တွေက စိတ်ချရပါတယ် ခြောက်လှန့်ရုံပဲလုပ်တတ်တာ အန္တရာယ်မရှိပါဘူး

ကိုယ်သေချာမှာထားသေးတာမို့ မင်း ဘာမှတွေးပူမနေနဲ့"




"ဟုတ်ကဲ့ပါ"




ထို့နောက် သူတို့နှစ်ဦးစကားတပြောပြောနှင့် ခဏအကြာတွင် အိပ်ပျော်သွားလေတော့သည်။


ဂန်ဆောဂျင်းက နံဘေးမှအိပ်ပျော်နေသော ယောင်္ကျားအား တစ်ချက်ကြည့်ကာ စားပွဲပေါ်မှဖုန်းကိုယူပြီး အပြင်ထွက်လိုက်သည်။


သူမက မှောင်မဲနေသော ဧည့်ခန်းထဲကဆိုဖာပေါ်တွင် ဟန်ပါပါနှင့် ခြေချိတ်ထိုင်လိုက်ပြီး သူမ၏လှပ‌သောလက်သည်းရှည်များဖြင့် ဖုန်းနံပါတ်တစ်ချို့ကိုနှိပ်လိုက်သည်။



ခဏအကြာတွင် ဖုန်းတစ်ဖက်မှယောက်ျားတစ်ဦးအသံကထွက်ပေါ်လာသည်။




"အိုး! သူဌေး‌ကတော်ကြီးက ဒီအချိန်ကြီးဘာကိစ္စရှိလို့လဲ"




ဂန်ဆောဂျင်းက လက်ကိုကွေးညွတ်ကာ လှစွာပုံဖော်ထားသော သူမလက်သည်းတွေကိုသဘောကျစွာကြည့်လိုက်ရင်း ပြုံးလိုက်သည်။




"ငါ့မှာ နင်လုပ်ပေးနိုင်မဲ့အလုပ်တစ်ခုရှိတယ်"



"ဟားဟား ပြောပါဦး အလုပ်လက်ခံဖို့ မခံဖို့ကတော့ အခကြေးငွေပေါ်မူတည်တယ်နော် မဒမ်"





ဂန်ဆောဂျင်းမျက်ဝန်းထဲတွင် အထင်မြင်သေးစက်ဆုတ်ဟန်များပြည့်သွားသော်လည်း သူမက ကောက်ကျစ်စွာပြုံးလိုက်သည်။




"နင်ပူစရာမလိုပါဘူး ငါခိုင်းတာအောင်မြင်အောင်လုပ်နိုင်ရင် ကောင်းကောင်းဆုချမှာပါ"



"ကြိုက်ပြီလေ...ဘာလုပ်ပေးရမှာလဲ"



"လုပ်ပေးရမှာက....×××"



တစ်ဖက်မှယောက်ျားကအနည်းငယ်ဆွံ့အသွားပြီး သဘောကျစွာရယ်လိုက်လေသည်။



"တကယ်ကြီးလား!"



"အင်း လုပ်နိုင်လား

နောက်ပိုင်းကိစ္စက ပူစရာမလိုဘူး ငါရှင်းနိုင်တယ် "




"ဟားဟား ဟား ဘယ့်နှယ့်ပြောလိုက်ပါလိမ့်

လုပ်နိုင်တာပေါ့ဗျာ

ကျုပ်တော့ ပိုက်ဆံလဲရ ဗိုက်လဲဝဖြစ်တာပေါ့

မဒမ်စိတ်သာချထားလိုက် ကျွန်တော်ကပြောပြီးရင် တာဝန်ကျေပါတယ်"



"ကောင်းပြီ"



ဂန်ဆောဂျင်းက ဖုန်းချလိုက်ပြီး ပြီးဆုံးသွားသော ဖုန်းခေါ်ဆိုမှုမှတ်တမ်းအား ဖျက်ပစ်လိုက်သည်။


ထို့နောက် သူမက သန်းဝေလိုက်ပြီး စိတ်ပျော်ရွှင်စွာဖြင့် အိပ်ခန်းထဲပြန်ဝင်သွားတော့သည်။


...

ဂန်ဆောဂျင်းက ထမင်းစားစားပွဲတွင် ထိုင်နေရင်း မနေ့ညကအကြောင်းကိုပြန်တွေးနေခြင်းအားရပ်လိုက်သည်။


သူက မျက်နှာပေါ်မှကောက်ကျစ်သောအပြုံးအား ဖုံးကွယ်ရန် ကော်ဖီခွက်ကိုမကာ ကော်ဖီတစ်ငုံသောက်လိုက်လေသည်။



ဂန်ဆောဂျင်းနှင့် ရှင်းမ်မြောင်ဆူကအတွေးကိုယ်စီရှိနေသလိုပင် သူတို့အနားရှိ ဂျယ်နီကလဲ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသည်။



ဒီရက်ပိုင်းတွင် ကြားနေမြင်နေရသော ဆောင်းဟွန်းနှင့် ဂျိတ်ခ်ရဲ့သီတင်းများကြောင့် ဂျယ်နီကျောင်းပင်သွားချင်စိတ်မရှိပေ။



*ဘာလို့ ငါလိုချင်တာမှန်သမျှ ရှင်းမ်ဂျိတ်ခ်က ရသွားရတာလဲ

သူ့လိုအမှိုက်ကဘာများကောင်းလို့ အကုန်လုံးက သဘောကျနေရတာလဲ!*



ဂျယ်နီက ဂျိတ်ခ်ကို မနာလိုဝန်တိုစိတ်နှင့် လက်ထဲက နို့ခွက်ကိုကောက်သောက်လိုက်သည်။


ရလဒ်‌အနေနဲ့တော့ ‌နို့ခွက်က ပူနေသေးသဖြင့် လျှာကျက်သွားပြီး ပူလွန်း၍ သူမလွှတ်ချလိုက်တာကြောင့် ခွက်ကျကွဲသွားကာ သူမကျောင်းဝတ်စုံက စိုရွှဲသွားပြီး အပူလောင်သွားလေတော့သည်။


ဂျယ်နီက စိတ်တိုလွန်းသဖြင့် အော်ဟစ်လိုက်ချင်ပေမဲ့အများရှေ့တွင် နူးညံ့ဟန်လဲဆောင်ရသေးသဖြင့် အံကြိတ်ထားလေသည်။



ထိုမိသားစုနှင့်ခြားနားစွာပင် ဂျိတ်ခ်၏တိုက်ခန်းအတွင်းတွင်တော့
ကောင်လေးနှစ်ယောက်၏မနက်စာထမင်းဝိုင်းလေးမှာ နွေးထွေးကာ ချိုမြိန်မှုအပြည့်နှင့်ပင်။



ဂျိတ်ခ်ကတော့ ဂျယ်နီ့လို အပူလောင်ဖို့နေနေသာသာ သူ့နို့ခွက်အားဆောင်းဟွန်း ကိုယ်တိုင် လေမှုတ်ပေးကာ အအေးခံ၍ ပါးစပ်နားထိ နို့ခွက်ကိုကိုင်ထားပေးသောကြောင့် ခေါင်းလေးငုံ့ကာ လိမ်လိမ်မာမာလေး သောက်လိုက်သည်။


ဂျိတ်ခ်က သူကိုင်ထား‌ပေးတဲ့ ခွက်ကို ‌ခေါင်းလေးငုံ့၍သောက်နေသည်အား ဆောင်းဟွန်းက အပေါ်စီးမှကြည့်ကာ အသည်းယားနေသည်။



ပုံမှန်ဆို ဆတ်ဆတ်ထိမခံ အဆိုးအစွာ‌လေးက ယခုလို လိမ်မာပြီး နူးညံ့နေတဲ့အခါ ချစ်စရာပါပီလေးတွေလိုပင် အသည်းယားလွန်း၍ မပွတ်သပ်‌ပေးရဘဲမနေနိုင်အောင်ဖြစ်ရလေသည်။



ဆောင်းဟွန်းက ဂျိတ်ခ်ရဲ့ စင်းနေတဲ့ မျက်တောင်ဖျားလေးတွေအား ကြည့်နေရင်းဖြင့် ခေါင်းလေးကိုဖွဖွပွတ်သပ်ပေးလိုက်သည်။



ဂျိတ်ခ်က နို့ကိုအားလုံးကုန်အောင် လိမ်မာစွာသောက်လိုက်ပြီးနောက် ဆောင်းဟွန်းက ခွက်ကိုဖယ်ပေးလိုက်သောအခါ ကောင်လေး၏ နှုတ်ခမ်းပေါ်တွင် ပေကျံနေသော နွားနို့မလိုင်တချို့ကိုတွေ့လိုက်ရသဖြင့် သဘောကျစွာရယ်လိုက်သည်။



ဂျိတ်ခ်က ဘာမှန်းမသိဘဲ အူတူတူလေးဖြစ်နေစဉ် ဆောင်းဟွန်းကမတ်တပ်ထရပ်လိုက်ပြီး ထမင်းစားပွဲပေါ်တွင် လက်ထောက်၍ ခန္ဓာကိုယ်အားအရှေ့သို့ကိုင်းကာ ဂျိတ်ခ်ခေါင်းအနောက်ကို ကိုင်လျက်နှုတ်ခမ်းအား နမ်းရှိုက်လိုက်သည်။


ဂျိတ်ခ်မှာ ရုတ်တရက်ကြီး အနမ်းခံလိုက်ရ၍ အံ့အားသင့်ချိန်မရလိုက်ခင်မှာပင် ဆောင်းဟွန်းက ဂျိတ်ခ် နှုတ်ခမ်း‌တွင် ပေနေသော နို့များအား လျှာဖြင့် လျက်ပြီးအရသာခံလိုက်သည်။



သူကစိတ်ကြိုက်နမ်းပြီးမှ လူချင်းပြန်ခွာကာ ခုံတွင်ဟန်မပျက်ပြန်ထိုင်လိုက်သည်။



ဂျိတ်ခ်ဘာမှမပြောရသေးခင် ဆောင်းဟွန်းက သူ့နှုတ်ခမ်းသူ လျှာဖြင့်သပ်လိုက်ကာ တွေးတွေးဆဆပြောလာသည်။




"ဒီနွားနို့ကအဆီထုတ်ပြီးသားဆိုတာ ညာ‌တာများလား

ဘာလို့ဒီ‌လောက်‌တောင် အရမ်းချိုနေရတာလဲ"




"..."



တစ်ကျောင်းလုံးကို လိုက်ပြီး Flirt လာတဲ့ အ‌ယောင်ဆောင် ပလေးဘွိုင်းလေး ဂျိတ်ခ်မှာ နားရွက်လေးတွေနီရဲကာ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံ ပြောလိုက်သည်။




"အရှက်လဲမရှိဘူး မြေခွေးကြီး"




ဆောင်းဟွန်းက စားပွဲအောက်မှနေ၍ သူ့ခြေထောက်ဖြင့် ဂျိတ်ခ် ခြေတံတစ်လျှောက်ပွတ်သပ်လိုက်ပြီး ဉာဏ်များတဲ့ အပြုံးကြီးပြုံးကာပြောလိုက်သည်။



"တကယ်အရှက်မရှိဘူးဆိုတာ ဘယ်လိုလဲလို့ ညကျမှ ဘေဘီသိအောင် သင်ပေးရမယ်"



ဂျိတ်ခ်က သူ့ကိုလာပွတ်သပ်ကာ ပရောပရည်လုပ်နေသူကြောင့် ဆွံ့အကာ ဘေးလွတ်ရာသို့ ချက်ချင်းထွက်ပြေးတော့သည်။



သူက ဖင်လေးလှုပ်တုပ်လှုပ်တုပ်ဖြင့် လုံးနေအောင် အိမ်ရှေ့သို့ထွက်ပြေးလိုက်ပြီး ပြန်လှည့်အော်လေသည်။




"မျက်နှာနှစ်ဖက်နဲ့ လူ!

ကျောင်းမှာ မင်းကိုရေခဲမင်းသားလို့ခေါ်တဲ့လူတွေကို မင်းရဲ့အရှက်မရှိတဲ့ ဘက်အခြမ်းကိုပြလိုက်ချင်တယ်"




ဆောင်းဟွန်းက ဂျိတ်ခ်နောက်မှနေ၍ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ထမင်းစားခန်းဘက်မှ အေးဆေးလမ်းလျှောက်ထွက်လာပြီး မေးလိုက်သည်။




"မင်း?"




ဂျိတ်ခ်က စိတ်ထဲမှ မျက်လုံးလှန်ပစ်လိုက်ကာ မျက်တောင်လေးခတ်လျက်ဗြောင်လိမ်လိုက်သည်။



"ကိုကိုလို့ပြောတာပါ ကိုကိုနားကြားမှားတာဖြစ်မယ်"



"ကောင်းပြီလေ...ဒါ‌ပေမဲ့ နောက်တစ်ခါ ကိုယ်နားကြားမှားမိရင်တော့ အပြစ်ပေးတဲ့အနေနဲ့ ဖက်နမ်းပစ်မှာနော်"




ဂျိတ်ခ်ကမကျေမနပ်နဲ့ တိုးတိုးလေးရေရွတ်လိုက်သည်။



"ဟွန့် အပြစ်မပေးလဲနမ်းနေတာပဲကို လျှောက်ပြောနေ"



ဆောင်းဟွန်းက နားပါး‌တာ‌ကြောင့် ကြားလိုက်ရပြီး စနောက်နေလေသည်။




"အပြစ်မပေးလဲ နမ်းမယ်

အပြစ်ပေးတဲ့အနေနဲ့ဆို ပိုနမ်းမယ်

ဘာလဲ မကျေနပ်ဘူးလား ဟန်နီက"




"မကျေနပ်ဘူး"




ဂျိတ်ခ်က ရွှတ်နောက်နောက်လေးပြုံးလျက် ဆောင်းဟွန်းလည်တိုင်ကို လက်များဖြင့် ချိတ်လိုက်သည်။





"ဘာလို့မကျေနပ်တာလဲဆိုတာကို မမေးတော့ဘူးလားလို့...ဟင်~ကိုကို?"




ဆောင်းဟွန်းက ဂျိတ်ခ်ခါးလေးကို အသည်းယားစွာဖြစ်ညှစ်လိုက်သည်။




"ဘာလို့မကျေနပ်တာလဲ"



ဂျိတ်ခ်ကပြန်မဖြေဘဲ ဆောင်းဟွန်းပါးကို မွမွပေးလိုက်သည်။



ထို့နောက် ချစ်စဖွယ်ခေါင်းလေးစောင်းကာပြောလာသည်မှာ




"ဘာလို့လဲဆိုတော့ ကိုကိုကပဲနမ်းပြီး ဟန်နီကမနမ်းရလို့ပေါ့"




ဆောင်းဟွန်းအသက်ရှုသံကအနည်းငယ်လေးလံသွားကာ ဂျိတ်ခ်ရဲ့မေးဖျားလေးအားပင့်တင်လိုက်သည်။




"မကျေနပ်ရင် ကျေနပ်သွား‌အောင် အခု ကိုယ့်ကိုပြန်နမ်းလေ"



"နမ်းပါဘူး!"



ဂျိတ်ခ်က လူဆိုးလေးလိုမျိုး ပြုမူလျက် လျှာထုတ်ပြောင်ပြပြီး‌နောက် ဆောင်းဟွန်းကိုလက်လွှတ်ကာ နောက်‌လှည့်ပြေးဖို့ကြံလိုက်လေသည်။



သို့သော်လည်း ဂျိတ်ခ်လုံးဝမေ့သွားသည်မှာ သူ့ခါးပေါ်တွင် မြဲမြံစွာရှိနေတဲ့ ဆောင်းဟွန်းလက်များကိုပင်။


ဆောင်းဟွန်းက ဂျိတ်ခ်ထွက်ပြေးမည်ကြံတာနှင့် ခါးကနေပြန်ဆွဲကာ သူ့ရှေ့သို့ ပြန်‌ဆွဲလိုက်သည်။



ထိုသို့ဖြင့် ဂျိတ်ခ်ရဲ့ လှည့်ဖျားမဲ့အကြံစည်လေးဟာ ဆောင်းဟွန်းဆီမှပြန်အဖမ်းခံလိုက်ရသဖြင့် ကျရှုံးသွားပြီး အဆိုး‌လေးက‌တော့အပြစ်ပေးခံလိုက်ရလေသည်။



ထို့‌နောက် သူတို့နှစ်ဦးမှာ ‌ပျော်ရွှင်စွာဖြင့် ကျောင်းအတူသွားလိုက်ကြပြီး ကျောင်းကလူများအား ရိုးရာမပြတ်အချိုတွေကျွေးကြပြန်သည်။


တနေ့တာအတန်းချိန်များပြီးသည်နှင့် ဆောင်းဟွန်းက ဂျိတ်ခ်တို့အဆောင်ဘက်တွင် ရပ်စောင့်နေနှင့်ပြီးဖြစ်သည်။



ဂျိတ်ခ်ကလဲ တစ်ချက်မငြင်းဘဲ သူ့အငယ်တွေကို ပလစ်ကာ ဆောင်းဟွန်းနောက်ကောက်ကောက်ပါအောင်လိုက်သွားတော့လေသည်။



ဂျိတ်ခ်၏ ညီငယ်လေးများက ဂျေးကိုဖက်ကာ အသံပြဲကြီးတွေနှင့် အော်ငိုလိုက်ကြသည်။



"ဝူး...ဝူး အစ်ကိုကြီးက ကျွန်တော်တို့ကိုမချစ်တော့ဘူး
ရေခဲတုံးကြီး‌ နောက်ပါသွားပြီး အူးဝါး"



ဂျေးက ရုပ်ကြမ်းကြီးတွေနှင့် နွဲ့နေသော ထိုအဖွဲ့ကို သံယောဇဉ်မဲ့စွာခါထုတ်ကာ အတူပြန်ဖို့ပြောထားသည့် ဂျောင်ဝန်းစောင့်နေရာနေရာသို့ အမြန်ထွက်လာလိုက်တော့သည်။



ဂျေးက ထိုစကားများကာ စပ်စုတတ်သော ကောင်လေးအား စိတ်ရှုပ်ရသော်လည်း ပစ်ပစ်ခါခါမပြောရက်ပါပေ။



ဂျေးက ပြေးမလို လမ်းအမြန်လျှောက်ကာထွက်သွားပြီး ဘယ်သူမှမမေးပါဘဲ သူ့ကိုယ်သူမလုံမလဲနှင့်ပြောလိုက်သည်။



*အိမ်ပြန်တဲ့လမ်းကတူနေလို့ အတူပြန်ရုံပါပဲ

အခုလဲ အိမ်ပြန်နောက်ကျမှာစိုးလို့ မြန်မြန်သ်ားလိုက်တာပါ

ဘာသဘောမှမဟုတ်ပါဘူး*



ဂျောင်ဝန်းကိုအဝေးမှလှမ်းမြင်သည်နှင့် ဂျေးခြေလှမ်းများက သိသိသာသာကြီး အရှိန်လျော့ကာ နှေးကွေးသွားလေသည်။



ဂျောင်ဝန်းက ဂျေးအားမြင်သည်နှင့် ကြောင်ပေါက်စလေးလို ခုန်ဆွဆွလုပ်ကာ လက်ပြရင်း ပါးချိုင့်လေးတွေပေါ်အောင် ပြုံးပြလာလေသည်။




ဂျေးနှုတ်ခမ်းထောင့်က သူပင်မသိလိုက်ပဲ ကွေးညွတ်သွားလေသည်။


ဂျောင်ဝန်းက ပျော်ရွှင်စွာနှင့် သူ့ထံသို့ ပြေးလာသည်အားကြည့်ကာ ဂျေးရင်ထဲ တမျိုးတမည်ခံစားလိုက်ရသည်



*အဟမ်း...ဒီလိုကျတော့လဲချစ်စရာလေး*



ဂျောင်ဝန်းက ဂျေးထံသို့အပြေးလာကာ အာပြဲကြီးနှင့်မေးလိုက်သည်။



"အစ်ကိုဂျေး! အစ်ကိုဂျေး!

အစ်ကိုဂျေးသားဂေးဖြစ်မယ်ဆိုရင် အပေါ်ထပ်လုပ်မှာလား အောက်ထပ်လုပ်မှာလားဆိုတာ စဉ်းစားပြီးပြီလားလို့!

ကျွန်တော်ဟိုနေ့ထဲကမေးထားတာကိုအခုထိမဖြေရသေးဘူး"





ဂျေးမျက်နှာထက်ကအပြုံးက လျှင်မြန်စွာပင်ပျောက်ကွယ်သွားကာ ဘာမှန်းမသိတဲ့အမူအရာသာကျန်ခဲ့တော့သည်။


သူက ဂျောင်ဝန်းရဲ့ သိချင်စိတ်အပြည့်ဖြင့် တောက်ပနေသောမျက်ဝန်းနက်လေးတွေကိုကြည့်လိုက်ပြီး အနောက်ပြန်လှည့်ကာ ခြေလှမ်းသွက်သွက်လှမ်း၍ အမြန်ထွက်ပြေးတော့သည်။



ဂျောင်ဝန်းကလဲ အားကျမခံပင် ဂျေးနောက်မှပြေးလိုက်ကာ အာပြဲကြီးနှင့် တစ်ကျောင်လုံးကြားအောင်အော်မေးနေသည်။



"အစ်ကိုဂျေးသာဂေးဆိုရင် အပေါ်ထပ်ကိုရွေးမှာလား အောက်ထပ်ကိုရွေးမှာလားလို့!"



"..."


ဂျေးကနားကန်းချင်ယောင်ဆောင်ကာ ဘာမှပြန်မဖြေ။



ဂျောင်ဝန်းကလဲလက်မလျှော့ဘဲ ဂျေးနောက်မှ‌တောက်လျှောက်လိုက်ကာ



"အစ်ကိုဂျေးသာ ဂေး..."




ဂျေးကပတ်ပြေးနေရင်း စိတ်ထဲကနေ အော်ဟစ်လိုက်သည်။



*ဘာကိုချစ်စရာကောင်းရမှာလဲ နည်းနည်းမှကိုချစ်စရာမကောင်းဘူး ဒီကြောင်ယောင်ဆောင်ထားတဲ့နတ်‌ဆိုးလေးနဲ့တော့!*



ခဏအကြာတွင် ဂျေး‌ခေါင်းထဲ၌ "ဂေး"၊ "အပေါ်ထပ်"နှင့် ‌"အောက်ထပ်"ဆိုတဲ့စကားလုံးတွေပဲပြည့်နှက်နေပြီး ကောင်းကောင်းကြီး ဦးနှောက်ဆေးခံလိုက်ရတော့သည်။


သူ့သူငယ်ချင်း၏ သနားစရာကောင်းသောအဖြစ်ကိုမသိသော ဂျိတ်ခ်ကတော့ ဆောင်းဟွန်းနှင့် ကြည်နူးနေဆဲပင်။




သူတို့နှစ်ဦးက အိမ်သို့ပြန်လာကြပြီး အနားယူကာ ရေမိုးချိုးလိုက်သည်။




ဒီနေ့တွင် ဆောင်းဟွန်းက သူ့မိဘတွေကိုသွားတွေ့ရမှာဖြစ်ပြီး ဂျိတ်ခ်က သူ့အဖေချိန်းထားသည့်နေရာအားသွားရမည်ဖြစ်သည်။



ဆောင်းဟွန်းက ဂျိတ်ခ်ကိုလိုက်ပို့ပြီးမှ သူ့အိမ်ပြန်မည်ပြောလာသဖြင့် ဂျိတ်ခ်ငြင်းသော်လည်း ဆောင်းဟွန်း၏တစ်ချက်လွှတ်အမိန့်အား ငြင်းပယ်ခွင့်မရခဲ့ပေ။



ည‌နေ ၆နာရီထိုးကာနီးတွင် ဆောင်းဟွန်းက ဂျိတ်ခ်ကို သူ့ဖခင်နှင့် ချိန်းထားသောဟိုတယ်အား ပို့‌ပေးလိုက်သည်။



ဂျိတ်ခ်က ကားပေါ်မှဆင်းလိုက်ပြီး ဆောင်းဟွန်းကိုပြုံးပြရင်းလက်ပြလိုက်သည်။



"ကိုကို သွားတော့လေ!"



"ဟင့်အင်း ဟန်နီအထဲဝင်သွားတာကြည့်ပြီးမှ"



"မရဘူး အန်တီတို့စောင့်နေရမှာအားနာစရာကြီး အခုသွားတော့"



ဆောင်းဟွန်းကလဲ ပြောမရသဖြင့် လက်ခံကု ဂျိတ်ခ်ကိုနှုတ်ဆက်ရင်း ဟိုတယ်ဝင်ပေါက်မှပြန်လှည့်ထွက်သွားသည်။



ဂျိတ်ခ်ကဆောင်းဟွန်းကားလေးမြင်ကွင်းက‌ပျောက်သွားသည်အထိကြည့်ကာ ဟိုတယ်ထဲဝင်ဖို့နောက်လှည့်လိုက်သည်။



ထိုခဏမှာပင် သူ့အားလူတစ်ချို့မှ ဖမ်းချုပ်ထားခြင်းကိုခံလိုက်ရပြီး ထိုအကြောင်းကို ဂျိတ်ခ်သိစဉ်တွင် နောက်ကျသွားခဲ့လေပြီ။


သူကကြိုးစားရုန်းကန်သော်လည်း ခွန်အားချင်းမမျှဘဲ ခဏအကြာတွင် လူတစ်ယောက်မှ သူ့နှာခေါင်း‌နှင့်ပါးစပ်အား မေ့ဆေးလက်ကိုင်ပုဝါဖြင့် အုပ်လိုက်၍ ဂျိတ်ခ် ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျသွားလေသည်။



နာရီဝက်ခန့်ကြာပြီးနောက်...




*ဗွမ်း...ဗွမ်း*



ရေအပြည့်ထည့်ထား‌သောရေပုံးဖြင့်လောင်းချခံလိုက်ရသဖြင့် ထိုင်ခုံပေါ်တွင်ထိုင်နေသော ကောင်ငယ်လေး၏တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားလေသည်။


ထိုအခါမှ သတိမေ့မျောနေသော ကောင်လေးမှာ သတိပြန်ရလာပြီး မျက်လုံးများကိုအားယူကာဖွင့်ကြည့်လိုက်သည်။



သူ့မျက်တောင်ဖျားလေးတွေက ရေစက်လေးတွေ ဝေ့သီနေပြီး လူငယ်လေး၏ မျက်နှာလှလှလေးတစ်ခုလုံးဟာလဲ ရေစိုနေသောဆံပင်မှကျလာသောရေစက်များဖြင့်ပြည့်နေသည်။



ဂျိတ်ခ်က သတိရလာချင်း သူ့လက်ကိုကြိုးချည်ခံထားရသည်အား သိလိုက်သည်။



သူကမျက်လုံးကိုဖွင့်ကြည့်လိုက်သော်လည်း အလင်းရောင်နှင့်အသားမကျဖြစ်သွားသဖြင့်အရှေ့ကလူမျက်နှာကိုမမြင်ရပေ။




သူကခဏမျှစောင့်လိုက်ကာမှ အရှေ့ကလူ၏မျက်နှာကို မြင်နိုင်တော့သည်။




*ဟက်...ထင်ထားတဲ့အတိုင်းပဲ သူ့အဖေဘက်ကလူကိုး*




ဂျိတ်ခ်၏မျက်နှာက မထီမဲ့မြင်ဖြင့် သူတို့ကိုလှောင်ပြုံးပြုံးကာကြည့်နေခြင်းကြောင့် လူမိုက်အဖွဲ့မှာ ကသိကအောက်ဖြစ်ကာ‌ဒေါသထွက်သွားရလေသည်။



သို့သော်လည်း သူတို့ဖမ်းလာသူမှာ သူဌေးသားဖြစ်ပြီး ထိခိုက်စေရန် လုပ်ခွင့်မရှိတာကြောင့် သည်းခံလိုက်ကြရသည်။




ဂျိတ်ခ်က စိတ်ဝင်စားစွာဖြင့် အရှေ့ကလူမိုက်အဖွဲ့ကိုကြည့်လိုက်သည်။



"ဘယ်သူများလဲလို့...ငါ့အဖေရဲ့ သစ္စာရှိနောက်လိုက်ခွေးလေးတွေကိုး"



လူမိုက်ခေါင်းဆောင် ချောဆူက စိတ်တိုစွာဖြင့် ဂျိတ်ခ်ကိုကြည့်လိုက်သည်။



တစ်ဖက်ကလူငယ်လေးမှာ ဖမ်းခေါ်လာခံရသည်အား ကြောက်ဖို့နေနေသာသာ ကစားစရာအသစ်တွေ့သွားတဲ့ ကလေးငယ်လေးလို သူ့မျက်ဝန်းများက စိတ်ဝင်စားမှုဖြင့် တဖျတ်ဖျတ်တောက်ပနေသည်။



ချောဆူက ဂျိတ်ခ်ကိုကြည့်ကာ‌ ဆွံ့အသွားသော်လည်း ဟန်ကိုယ့်ဖို့ မာန်တင်းကာဆိုလိုက်သည်။




"အပိုတွေပြောမနေနဲ့ မင်းရဲ့လက်ထဲက ရှယ်ယာတွေကိုသာ လိမ်လိမ်မာမာနဲ့လွှဲပေးပြီး အစည်းအဝေးကိုလက်လျှော့လိုက်"




"ငါက ဘာလို့လုပ်ရမှာလဲ"



ချောဆူက လက်ထဲကစာရွက်ကို ဂျိတ်ခ်ရှေ့ချကာ ပြလိုက်သည်။




"ဒီမှာ လက်ဗွေလေးနှိပ်လိုက်ရုံပဲလေ

ဒါဆို မင်းကိုငါတို့ပြန်လွှတ်ပေးမယ်

မင်းလဲမထိခိုက်ဘူး ငါတို့လဲအဆင်ပြေတယ် ဘယ်လောက်ကောင်းတဲ့နည်းလမ်းလဲ

ရော့ မြန်မြန်လုပ်လိုက်စမ်းပါ"




ဂျိတ်ခ်က ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြီးခုနကစကားကိုသာပြန်မေးသည်။



"ငါကဘာလို့လုပ်ရမှာလဲ"



ထိုစကားကြောင့် ချောဆူကဒေါသထွက်သွားပြီးခြိမ်းခြောက်လာသည်။




"ငါတို့ကိုဘာထင်နေလဲ!

ဒါကစားနေတာမဟုတ်ဘူးနော်

မင်းလိုမလောက်လေးမလောက်စားလေးကို လက်စဖျောက်ပစ်လိုက်ဖို့ကအလွယ်လေးပဲ"



ဂျိတ်ခ်ကစိတ်ဝင်စားစွာမျက်ခုံးပင့်လိုက်ပြီးရွှင်မြူးစွာပြောလေသည်။




"ဒါဆိုလဲလုပ်ကြည့်လေ

ခင်ဗျားတို့ လုပ်နိုင်စွမ်းကို ကျွန်‌တော်တိတိကျကျအကဲဖြတ်ပေးပါ့မယ်"




ချောဆူက ဒေါသကိုမထိန်းနိုင်တော့ဘဲ ဂျိတ်ခ်ရဲ့ရေစိုနေတဲ့ဆံပင်တွေကိုဆွဲဆုတ်ကာ ခေါင်းကို‌မော့‌စေရန်အနောက်သို့ဆွဲလှန်သည်။




ဂျိတ်ခ်က ဦးရေပြားမှနာကျင်မှုကိုတစ်ချက်မညီးညူပဲ အပြုံးမပျက်ပေ။




"ချော့ပြောနေလို့ အကောင်းမှတ်မနေနဲ့

ငါတို့ အကြမ်းနည်းမသုံးခင် လိမ်လိမ်မာမာနဲ့ ခိုင်းတဲ့အတိုင်းလုပ်လိုက်

မင်းပိုင်ဆိုင်မှုတွေကို လက်လွှတ်ကြောင်း ၀န်ခံပြီးတာနဲ့ မှည့်တစ်ပေါက်မစွန်းစေရဘဲပြန်ပို့ပေးမယ်

မဟုတ်လို့ကတော့ မင်းပြန်သွားလို့ရရင်တောင် အဂ်ါမစုံတော့မှာကို စိုးရိမ်မိပါရဲ့"



‌ဂင်ချောဆူရဲ့ လူမိုက်ဟန်ပန်သရုပ်ဆောင်ချက်တွေကို ဂျိတ်ခ်က မျက်လုံးလေးပင့်၍ ကြည့်နေလေသည်။



သူကပြုံးပြုံးလေးနှင့်



"အင်း...စိတ်ဝင်စားစရာပဲ"



"ဒါမဲ့..."


ဂျိတ်ခ်ကမျက်ခုံးကိုပင့်လိုက်ကာမေးငေါ့ပြလိုက်သည်။



"ခင်ဗျား ဒီနား ခဏတိုးခဲ့... ဒီထက်စိတ်ဝင်စားဖို့ကောင်းတာပြောပြမယ်"



ချောဆူက

You are reading the story above: TeenFic.Net