𝘛𝘸𝘰

Background color
Font
Font size
Line height

𝘻𝘢𝘸𝘨𝘺𝘪

" ဟူး... Fighting.. Kim Taehyung.. မင္းလုပ္နိုင္ပါတယ္..."

Taehyungသည္ အတန္းထဲမဝင္ခင္ မိမိကိုယ္ကိုယ္ လက္သီးလက္ေမာင္းေလးတန္းၿပီး ရဲေဆးတင္လိုက္သည္ ။
တစ္သက္နဲ႕တစ္ကိုယ္ သူမ်ားေတြဆီကသာ သေဘာက်ႏွစ္သက္မႈေတြကို ခံယူလာခဲ့ရသူျဖစ္ၿပီး မိမိကိုယ္တိုင္ကိုယ္က် သေဘာက်ႏွစ္သက္ရသည့္သူေပၚလာသည့္အခါ မည္သည္ကေနစတင္ကိုင္တြယ္ရမည္မသိတာကေတာ့ အနည္းငယ္ ႐ုပ္ေပါက္သည္ ။

Taehyung အတန္းထဲဝင္လာသည့္အခါ Jeon Jungkookတို႔အဖြဲ႕ကေတာ့မေရာက္ေသး..။
Taehyungထက္အရင္ေရာက္ႏွင့္ေနေသာ Jiminကေတာ့ ထိုင္ေနက်ခဳံကေန လက္ေလးျမႇောက္အခ်က္လွမ္းျပလာသည္ ။

Taehyungသည္ သူငယ္ခ်င္းျဖစ္သူေဘးမွာ ဝင္ထိုင္လိုက္ၿပီး မေရာက္လာေသးသည့္ မိမိ၏crushကို တေမွ်ာ္ေမွ်ာ္ ။

အခ်ိန္သိပ္ပင္မၾကာ စု႐ုံးစု႐ုံးႏွင့္ Jeon Jungkookတို႔အဖြဲ႕၏ စကားသံမ်ားကိုၾကားလိုက္ရသည္ ။
သူတို႔အဖြဲ႕က လူမေရာက္ခင္ အသံအရင္ေရာက္ႏွင့္ေနသည့္အဖြဲ႕ေတြျဖစ္ၾကသည္မို႔ Taehyungသည္ မိမိကိုယ္ကိုယ္ အဆင္သင့္ျပင္လိုက္သည္ ။

Jeon Jungkookတို႔အဖြဲ အတန္းထဲဝင္လာလွ်င္ Jeon Jungkookႏွင့္ မ်က္လုံးခ်င္းမဆုံဆုံေအာင္ လိုက္ၾကည့္ၿပီး အၾကည့္ခ်င္းဆုံစည္းသည့္အခါ အမ်ားတကာေႂကြက်ရသည့္ လွပခ်စ္စဖြယ္ေလးေထာင့္အၿပဳံးေလးကို ပစ္ေႂကြးလိုက္သည္ ။

Jeon Jungkookက Taehyung သူ႕ကို ႐ုတ္တရက္ဆန္ဆန္ႀကီး ၿပဳံးျပလာ၍ အနည္းငယ္အံ့အားသင့္သြားပုံ ။
ရွက္အမ္းအမ္းျဖစ္သြားေပမယ့္လည္း ဝတၱရားအရ ျပန္လည္ၿပဳံးျပလာသည္ ။

Kim Taehyungက နာမည္ႀကီးေက်ာင္းသားလို႔မေျပာရ ။
သူ႕အၿပဳံးက အေတာ္ေလးလွၿပီး Jungkookကိုေတာင္ တစ္မ်ိဳးတစ္မည္ျဖစ္သြားေစသည္ ။

Jungkookသည္ မိမိ၏ခုံေနရာမွာဝင္ထိုင္လိုက္ရင္း Kim Taehyungက သူ႕ကို လမ္းႀကဳံၿပဳံးျပသည္ဟုပဲယူဆလိုက္ကာ သူငယ္ခ်င္းမ်ားႏွင့္ စကားျပန္လည္ေဖာင္ဖြဲ႕ၿပီး ထိုအေၾကာင္းအရာကို ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားသည္ ။

သို႔ေသာ္ အတန္းခ်ိန္ၿပီး၍ သူတို႔စာအုပ္ေတြကိုယ္စီသိမ္းဆည္းၿပီး ျပန္ထြက္ရန္ျပင္ေတာ့လည္း Kim Taehyungက Jungkook၏ပခုံးကိုလာပုတ္ၿပီး ၿပဳံးျပႏႈတ္ဆက္သြားသည့္အခါ Jungkookမွာ ဇေဝဇဝါျဖစ္ရသည္ ။

ဘယ္လိုလဲ.. ေႂကြသြားတယ္မလား.. Jeon Jungkook..။

Taehyungသည္ မိမိ၏ေခ်ာေမာလွပမႈကို ယုံၾကည္ခ်က္ရွိလွစြာႏွင့္ Jeon Jungkookကိုဖမ္းစားနိုင္မည္ အထင္ေရာက္ခဲ့သည္ ။

" Taehyung.. မင္း... ဘာေတြလုပ္ေနတာလဲ..."

Jiminက Taehyung၏အျပဳအမူကို သတိျပဳမိသြားလ်က္ အထူးတဆန္းေမးခြန္းထုတ္လာသည္ ။
Taehyungက ကိုယ့္ဘက္ကေနစၿပီး အဲ့လိုျပဳမူႏႈတ္ဆက္တတ္သည့္သူမ်ိဳးမွ မဟုတ္ဘဲ..။

" အင္း... ငါ.. ဘာေတြလုပ္ေနတယ္ထင္လဲ..."

အတန္းခ်ိန္ၿပီး၍ အျပင္ကိုအတူတူယွဥ္တြဲေလွ်ာက္လာၾကသည့္ သူငယ္ခ်င္းႏွစ္ေယာက္သား..။

Jiminသည္ Kim Taehyung၏အျပဳအမူအတြက္ စိတ္ထင့္ေနသည့္မွတ္ခ်က္တစ္ခုရွိေနေသာ္လည္း ေျပာဖို႔ရာအတြက္ ခ်င့္ခ်ိန္ေနပုံ ။

အခုတေလာ ေက်ာင္းမွာသတင္းသဲ့သဲ့ထြက္ေပၚေနတာက Kim Taehyungက Jeon Jungkookကိုႀကိဳက္ေနတာတဲ့..။
ထိုသတင္းစကားကလည္း Jimin၏နားထဲထိေပါက္လာကာ Jiminမွာ Taehyungကိုေမးမည္ေမးမည္ႏွင့္ မေမးျဖစ္ေသး ။

အခုက် Kim Taehyungရဲ႕ပုံစံက အနည္းငယ္ ထိုသတင္းစကားေတြကို အမွန္ျဖစ္ေစနိုင္သည့္ပုံစံမ်ိဳးေပၚေနသည္ ။

" မဟုတ္မွ... မင္း... Jeon Jungkookကို...."

" မွန္တယ္... ငါ သူ႕ကို ႀကိဳက္ေနတာ..."

Jimin၏မွတ္ခ်က္မဆုံးခင္ပင္ အေျဖေပးလိုက္သည့္ Taehyungေၾကာင့္ အေတာ္ေလးအံ့အားသင့္သြားေသာ Park Jiminမွာ မ်က္လုံးေမွးေမွးေလးေတြပင္ ျပဴးက်ယ္ဝိုင္းစက္သြားသလိုမ်ိဳး ။

" တကယ္ႀကီးလား!..."

" အင္း.. ငါ.. သူ႕ကိုသေဘာက်တယ္.. Jimin.. "

Jiminကို Taehyungသည္ ပြင့္ပြင့္လင္းလင္းပင္ ဝန္ခံလိုက္သည္ ။

လူတစ္ေယာက္ကို သေဘာက်ေၾကာင္းဝန္ခံရတာက ရွက္စရာမွမဟုတ္တာ..။
ၿပီးေတာ့ Taehyungသည္ သူ႕သူငယ္ခ်င္းကို မည္သည့္လွ်ို႔ဝွက္ခ်က္မွမထားခ်င္..။

" ဖိုက္တင္း... Taehyung.. မင္းတို႔အခ်စ္ေရးကို.. ငါ အားေပးေနမယ္..."

Jiminက အံ့အားသင့္သြားေသာ္လည္း Taehyungဘာလုပ္လုပ္ေထာက္ခံေပးမည့္သူငယ္ခ်င္းပီပီ အားေပးႏွစ္သိမ့္လာခဲ့သည္ ။

" Ok.. ငါက.. ဘယ္သူမလို႔လဲ... Jeon Jungkookက ငါ့ကို ျပန္ႀကိဳက္ကိုႀကိဳက္လာမွာ.. အခုေတာင္.. သူ ငါ့အေၾကာင္းေတြးရင္ေတြးေနမွာ.."

Taehyung၏မွန္းဆခ်က္အတိုင္းပင္ Jungkookသည္ သူ႕ကို တကူးတကလာၿပဳံးျပသြားသည့္ Kim Taehyung၏အျပဳအမူကို စိတ္ထဲေရာက္ေနမိသည္ ။

အတန္းသားအခ်င္းခ်င္း လမ္းႀကဳံၿပဳံးျပရတယ္ေျပာရေအာင္လည္း တစ္မ်ိဳးေတာ့တစ္မ်ိဳးပဲ..။

သူသည္ ေက်ာင္းကျပန္ေရာက္သည္ႏွင့္ ေရခ်ိဳးခန္းထဲဝင္လိုက္ကာ ေရမိုးခ်ိဳးအဝတ္အစားလဲလိုက္သည္ ။

ေပါ့ေပါ့ပါးပါး တီရွပ္ႏွင့္ေဘာင္းဘီတိုကိုသာ ဝတ္ဆင္ထားသည့္Jungkookသည္ လက္တစ္ဖက္ကေတာ့ ေရစိုေနသည့္ဦးေခါင္းကို တဘက္ပိုင္းေလးႏွင့္ပြတ္သုတ္ေနရင္း က်န္လက္တစ္ဖက္ကေတာ့ ဖုန္းသုံးေနသည္ ။

News feed၌ တက္လာပါသည့္ postတစ္ခု ။

ထိုpostသည္ Kim Taehyung၏ပုံတင္ထားေသာ postျဖစ္ကာ cafeတစ္ခုမွာ ရိုက္ထားဟန္တူကာ ပုံတစ္ပုံျခင္းဆီသည္ လွပအသက္ဝင္လ်က္ တင္ထားသည္မွာသိပ္မၾကာေသးေသာ္လည္း love reactေတြက တန္းစီေနသည္ ။

Jungkookသည္ ထိုpostေၾကာင့္ ခဏမွ်တန့္သြားရကာ သူ႕၏လက္တို႔ကလည္း မေကာင္းတတ္သည့္ဟန္ႏွင့္ လက္မတစ္ခ်က္ေပးလိုက္သည္ ။

" တင္လ္..."

Taehyungသည္ Cafeမွာ Jiminႏွင့္အတူ ဆိုင္ထိုင္ေနေသးစဥ္ ဖုန္းဆီကေနဝင္လာေသာfb Notiသံေၾကာင့္ သာမန္ကာလွ်ံကာသာေကာက္ၾကည့္လိုက္ေသာ္လည္း Notiပိုင္ရွင္ကိုေတြ႕လွ်င္ ေသာက္လက္စ စေတာ္ဘယ္ရီမစ္ရွိတ္ပင္သီးသြားရသည္ ။

" အဟြတ္!.. ဟြတ္..."

" ဘာျဖစ္လို႔လဲ.. ျဖည္းျဖည္းေသာက္ေလ..."

" အဟြတ္!.. မဟုတ္ဘူး... Jeon.. Jeon Jungkookက.. ငါ့postကို reactေပးတယ္..."

" ဟုတ္လား...."

fbမွာ friendျဖစ္ေနသည့္အတြက္ Taehyungတင္သည့္postကို Jeon Jungkookက reactေပးတာက အဆန္းတၾကယ္ကိစၥမဟုတ္ေသာ္လည္း Jeon Jungkookကို crushေနေသာ Taehyungအဖို႔ေတာ့ စိတ္လႈပ္ရွားၾကည္ႏူးေစလ်က္ ဟီလာတိုက္ေနမိသည္ ။

စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ျမဴးေနမိၿပီးမွ Jeon Jungkookေပးထားသည္က လက္မျဖစ္ေနမွန္းသတိမူမိလိုက္လွ်င္ အေပ်ာ္ေတာင္ အနည္းငယ္ေပ်ာက္ရွခ်င္သည္ ။

ဘာလို႔ လက္မလဲ?...
ေတာဆန္လိုက္တာ...။
Taehyungဘဝမွာ အမုန္းဆုံးက သူတင္တဲ့postေတြကို လက္မႀကီးတကားကားေပးတဲ့သူေတြပဲ..။

အျခားသူကိုသာဆိုလွ်င္ မင္းေပးတဲ့လက္မကို ဖင္ထဲျပန္ထည့္လို႔မန့္လိုက္ခ်င္ေပမယ့္ အခုလက္မေပးသည့္သူက Crushျဖစ္ေနသည့္အခါ Taehyungသည္ ျဖည့္ေတြးေပးလ်က္ သေဘာထားႀကီးစြာႏွင့္သာေက်ာ္သြားေပးလိုက္သည္ ။

Taehyungသည္ Crushဆီကေန reactရရွိမႈေၾကာင့္ တစ္ေန႕လုံးေပ်ာ္ျမဴးေနကာ သီခ်င္းေလးတညည္းသည္းႏွင့္ ။

အေခါက္ေပါင္းမ်ားစြာ တိတ္တိတ္ေလး အလည္ေရာက္ျဖစ္သည့္ Jeon Jungkook၏wallကို ေအာက္ဆုံးထိတိုင္ျပန္ဆြဲၿပီး ထပ္ခါထပ္ခါၾကည့္ေနမိကာ စိတ္ကူးေလးေပၚသြားလ်က္ Jeon Jungkookစတင္ တင္ခဲ့သည့္postကေန အခုထိမေပးရေသးေသာ postမ်ားကို ေတာက္ေလွ်ာက္ love reactထိုင္ေပးလိုက္သည္ ။

ဤသည္က Taehyung၏ သူ႕အေပၚထားရွိေသာ စိတ္ဝင္စားမႈကို Jeon Jungkookျမင္နိုင္ေစရန္ ရည္႐ြယ္သည္ ။

ထိုသို႔ရည္႐ြယ္ခ်က္ေၾကာင့္လားမသိ၊ စိတ္လႈပ္ရွားသည့္ခံစားခ်က္ႏွင့္အတူ Taehyung၏ခႏၶာကိုယ္တစ္ခုလုံးမွာ ပူထူတက္လာသည္ ။

" ငါ... messagerကေန.. စကားသြားေျပာသင့္လား...."

ထိုအထိေတာ့.. Taehyungသည္ မဝံ့ရဲေသး၍ ေခါင္းယမ္းရွင္းထုတ္လိုက္ရသည္ ။

ျဖည္းျဖည္းခ်င္းပဲေပါ့...။
Jeon Jungkookက သူ႕ခံစားခ်က္ေတြကို သတိျပဳမိလာမွာပါ...။

Crushအေၾကာင္းကို ေတြးမိသည္ႏွင့္ Taehyungသည္ စိတ္လႈပ္ရွားအသည္းယားစြာ အိပ္ရာထက္လူးလိမ့္မိသြားသည္ ။

အ႐ူးေပါက္စေလးလို သူ႕၏ရယ္သံေတြသည္လည္း ခိုးခိုးခစ္ခစ္ ။

တစ္ဖက္မွ Jeon Jungkookကေတာ့ သူ႕wallထဲ love reactဝင္ဝုန္းသြားေသာ Kim Taehyungေၾကာင့္ ဆက္တိုက္ဆိုသလို Notiတေတာင္ေတာင္ႏွင့္တက္လာ၍ ဖုန္းကိုၾကည့္မိသြားကာ အထူးတဆန္းျဖစ္သြားရသည္ ။

Kim Taehyungႏွင့္သူက စကားတစ္လုံးစ၊ႏွစ္လုံးစေလာက္ပဲေျပာဖူးကာ မရင္းႏွီးေသာ္လည္း Kim Taehyungကို သူ ေကာင္းေကာင္းႀကီးသိသည္ ။

Kim Taehyungက သူတို႔Majorမွာသာမက အျခားMajorအထိပါ နာမည္ႀကီးၿပီး သေဘာက်သည့္သူမ်ားျပားသည္ ။

အခုေနာက္ပိုင္းမွ Jungkookကို ရင္းႏွီးလိုဟန္ခ်ဥ္းကပ္လာသည့္ Kim Taehyungရဲ႕ရည္႐ြယ္ခ်က္က ဘာမ်ားျဖစ္မလဲ?

Taehyungသည္ ေနာက္ရက္ေတြလည္း Jeon Jungkookကို မ်က္လုံးခ်င္းမဆုံဆုံေအာင္ လိုက္လံၾကည့္တတ္ကာ အၾကည့္ခ်င္းဆုံလွ်င္ ႏွစ္လိုဖြယ္ အၿပဳံးလွလွေလးကို ပစ္ေကြၽးလိုက္သည္

Jungkookသည္ Kim Taehyungၿပဳံးျပလို႔သာ ျပန္လည္ၿပဳံးျပလိုက္ရတာ..။

သူ႕စိတ္ထဲတြင္ေတာ့ အေတြးတစ္ခ်ိဳ႕ရွိေနသည္ ။

Taehyungက popularေက်ာင္းသားျဖစ္သည္ႏွင့္အညီ Taehyung၏ Jeon Jungkookအေပၚ ျပဳမူေနသည့္အျပဳအမူမ်ားကို သတိထားမိၾကကာ လူေျပာစရာျဖစ္လာခဲ့သည္ ။

အတန္းထဲတြင္ျဖစ္ျဖစ္ျဖစ္ ကန္တင္းတြင္ျဖစ္ျဖစ္ Jeon Jungkookကို လက္ေထာက္ေမွးတင္ၿပီး စိုက္စိုက္ၾကည့္တတ္ေသာ Kim Taehyungေၾကာင့္ Kim Taehyung၏ Jeon Jungkookအေပၚ စိတ္ဝင္စားသေဘာက်ေနမႈကို လူတိုင္းကအရိပ္ဖမ္းလာနိုင္ခဲ့သည္ ။

Taehyungက Jeon Jungkookကို ေပၚတင္ပင္ သူႀကိဳက္ေၾကာင္းျပသလာခဲ့ေတာ့တာ..။

Taehyung၏ရည္႐ြယ္ခ်က္ကလည္း ရိုးရွင္းသည္ ။
Crushအေပၚ အ႐ူးရင့္လာခဲ့သည္ႏွင့္အမွ် Crushကို သူ႕၏စိတ္ရင္းအားသိေစၿပီး Crushကလည္း သူ႕အေပၚျပန္လည္သေဘာက်ေစခ်င္သည္ ။

သို႔ေပမယ့္ crushကို ႀကိဳက္ေၾကာင္းေတာ့ ေပၚတင္ဖြင့္မေျပာရဲေသး..။
Crushက သူ႕ကိုသေဘာမက်ေသးဘဲ ျငင္းဆန္လိုက္သည့္အခါ သူ႕အသည္းကြဲရမည္စိုး၍ျဖစ္သည္ ။
ထို႔ေၾကာင့္ သူ ႀကိဳက္ေၾကာင္းကို အမူအရာ၊အျပဳအမူမ်ားႏွင့္ ျပသၿပီး Crushဘက္ကေနလည္း မီးစိမ္းျပသည္ဆိုမွ ဖြင့္ေျပာရန္ရည္႐ြယ္ထားေသာ္လည္း...

ခက္သည္က..

သူ႕crushေကာင္က အရိပ္အကဲခတ္ အလြန္ညံ့ဖ်င္းသည့္ ငတုံးတစ္ေကာင္ျဖစ္ေနေလ၏ ။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.

𝘶𝘯𝘪𝘤𝘰𝘥𝘦

" ဟူး... Fighting.. Kim Taehyung.. မင်းလုပ်နိုင်ပါတယ်..."

Taehyungသည် အတန်းထဲမဝင်ခင် မိမိကိုယ်ကိုယ် လက်သီးလက်မောင်းလေးတန်းပြီး ရဲဆေးတင်လိုက်သည် ။
တစ်သက်နဲ့တစ်ကိုယ် သူများတွေဆီကသာ သဘောကျနှစ်သက်မှုတွေကို ခံယူလာခဲ့ရသူဖြစ်ပြီး မိမိကိုယ်တိုင်ကိုယ်ကျ သဘောကျနှစ်သက်ရသည့်သူပေါ်လာသည့်အခါ မည်သည်ကနေစတင်ကိုင်တွယ်ရမည်မသိတာကတော့ အနည်းငယ် ရုပ်ပေါက်သည် ။

Taehyung အတန်းထဲဝင်လာသည့်အခါ Jeon Jungkookတို့အဖွဲ့ကတော့မရောက်သေး..။
Taehyungထက်အရင်ရောက်နှင့်နေသော Jiminကတော့ ထိုင်နေကျခုံကနေ လက်လေးမြှောက်အချက်လှမ်းပြလာသည် ။

Taehyungသည် သူငယ်ချင်းဖြစ်သူဘေးမှာ ဝင်ထိုင်လိုက်ပြီး မရောက်လာသေးသည့် မိမိ၏crushကို တမျှော်မျှော် ။

အချိန်သိပ်ပင်မကြာ စုရုံးစုရုံးနှင့် Jeon Jungkookတို့အဖွဲ့၏ စကားသံများကိုကြားလိုက်ရသည် ။
သူတို့အဖွဲ့က လူမရောက်ခင် အသံအရင်ရောက်နှင့်နေသည့်အဖွဲ့တွေဖြစ်ကြသည်မို့ Taehyungသည် မိမိကိုယ်ကိုယ် အဆင်သင့်ပြင်လိုက်သည် ။

Jeon Jungkookတို့အဖွဲ အတန်းထဲဝင်လာလျှင် Jeon Jungkookနှင့် မျက်လုံးချင်းမဆုံဆုံအောင် လိုက်ကြည့်ပြီး အကြည့်ချင်းဆုံစည်းသည့်အခါ အများတကာကြွေကျရသည့် လှပချစ်စဖွယ်လေးထောင့်အပြုံးလေးကို ပစ်ကြွေးလိုက်သည် ။

Jeon Jungkookက Taehyung သူ့ကို ရုတ်တရက်ဆန်ဆန်ကြီး ပြုံးပြလာ၍ အနည်းငယ်အံ့အားသင့်သွားပုံ ။
ရှက်အမ်းအမ်းဖြစ်သွားပေမယ့်လည်း ဝတ္တရားအရ ပြန်လည်ပြုံးပြလာသည် ။

Kim Taehyungက နာမည်ကြီးကျောင်းသားလို့မပြောရ ။

သူ့အပြုံးက အတော်လေးလှပြီး Jungkookကိုတောင် တစ်မျိုးတစ်မည်ဖြစ်သွားစေသည် ။

Jungkookသည် မိမိ၏ခုံနေရာမှာဝင်ထိုင်လိုက်ရင်း Kim Taehyungက သူ့ကို လမ်းကြုံပြုံးပြသည်ဟုပဲယူဆလိုက်ကာ သူငယ်ချင်းများနှင့် စကားပြန်လည်ဖောင်ဖွဲ့ပြီး ထိုအကြောင်းအရာကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည် ။

သို့သော် အတန်းချိန်ပြီး၍ သူတို့စာအုပ်တွေကိုယ်စီသိမ်းဆည်းပြီး ပြန်ထွက်ရန်ပြင်တော့လည်း Kim Taehyungက Jungkook၏ပခုံးကိုလာပုတ်ပြီး ပြုံးပြနှုတ်ဆက်သွားသည့်အခါ Jungkookမှာ ဇဝေဇဝါဖြစ်ရသည် ။

ဘယ်လိုလဲ.. ကြွေသွားတယ်မလား.. Jeon Jungkook..။

Taehyungသည် မိမိ၏ချောမောလှပမှုကို ယုံကြည်ချက်ရှိလှစွာနှင့် Jeon Jungkookကိုဖမ်းစားနိုင်မည် အထင်ရောက်ခဲ့သည် ။

" Taehyung.. မင်း... ဘာတွေလုပ်နေတာလဲ..."

Jiminက Taehyung၏အပြုအမူကို သတိပြုမိသွားလျက် အထူးတဆန်းမေးခွန်းထုတ်လာသည် ။
Taehyungက ကိုယ့်ဘက်ကနေစပြီး အဲ့လိုပြုမူနှုတ်ဆက်တတ်သည့်သူမျိုးမှ မဟုတ်ဘဲ..။

" အင်း... ငါ.. ဘာတွေလုပ်နေတယ်ထင်လဲ..."

အတန်းချိန်ပြီး၍ အပြင်ကိုအတူတူယှဥ်တွဲလျှောက်လာကြသည့် သူငယ်ချင်းနှစ်ယောက်သား..။

Jiminသည် Kim Taehyung၏အပြုအမူအတွက် စိတ်ထင့်နေသည့်မှတ်ချက်တစ်ခုရှိနေသော်လည်း ပြောဖို့ရာအတွက် ချင့်ချိန်နေပုံ ။

အခုတလော ကျောင်းမှာသတင်းသဲ့သဲ့ထွက်ပေါ်နေတာက Kim Taehyungက Jeon Jungkookကိုကြိုက်နေတာတဲ့..။
ထိုသတင်းစကားကလည်း Jimin၏နားထဲထိပေါက်လာကာ Jiminမှာ Taehyungကိုမေးမည်မေးမည်နှင့် မမေးဖြစ်သေး ။

အခုကျ Kim Taehyungရဲ့ပုံစံက အနည်းငယ် ထိုသတင်းစကားတွေကို အမှန်ဖြစ်စေနိုင်သည့်ပုံစံမျိုးပေါ်နေသည် ။

" မဟုတ်မှ... မင်း... Jeon Jungkookကို...."

" မှန်တယ်... ငါ သူ့ကို ကြိုက်နေတာ..."

Jimin၏မှတ်ချက်မဆုံးခင်ပင် အဖြေပေးလိုက်သည့် Taehyungကြောင့် အတော်လေးအံ့အားသင့်သွားသော Park Jiminမှာ မျက်လုံးမှေးမှေးလေးတွေပင် ပြူးကျယ်ဝိုင်းစက်သွားသလိုမျိုး ။

" တကယ်ကြီးလား!..."

" အင်း.. ငါ.. သူ့ကိုသဘောကျတယ်.. Jimin.. "

Jiminကို Taehyungသည် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည် ။

လူတစ်ယောက်ကို သဘောကျကြောင်းဝန်ခံရတာက ရှက်စရာမှမဟုတ်တာ..။
ပြီးတော့ Taehyungသည် သူ့သူငယ်ချင်းကို မည်သည့်လျှို့ဝှက်ချက်မှမထားချင်..။

" ဖိုက်တင်း... Taehyung.. မင်းတို့အချစ်ရေးကို.. ငါ အားပေးနေမယ်..."

Jiminက အံ့အားသင့်သွားသော်လည်း Taehyungဘာလုပ်လုပ်ထောက်ခံပေးမည့်သူငယ်ချင်းပီပီ အားပေးနှစ်သိမ့်လာခဲ့သည် ။

" Ok.. ငါက.. ဘယ်သူမလို့လဲ... Jeon Jungkookက ငါ့ကို ပြန်ကြိုက်ကိုကြိုက်လာမှာ.. အခုတောင်.. သူ ငါ့အကြောင်းတွေးရင်တွေးနေမှာ.."

Taehyung၏မှန်းဆချက်အတိုင်းပင် Jungkookသည် သူ့ကို တကူးတကလာပြုံးပြသွားသည့် Kim Taehyung၏အပြုအမူကို စိတ်ထဲရောက်နေမိသည် ။

အတန်းသားအချင်းချင်း လမ်းကြုံပြုံးပြရတယ်ပြောရအောင်လည်း တစ်မျိုးတော့တစ်မျိုးပဲ..။

သူသည် ကျောင်းကပြန်ရောက်သည်နှင့် ရေချိုးခန်းထဲဝင်လိုက်ကာ ရေမိုးချိုးအဝတ်အစားလဲလိုက်သည် ။

ပေါ့ပေါ့ပါးပါး တီရှပ်နှင့်ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားသည့်Jungkookသည် လက်တစ်ဖက်ကတော့ ရေစိုနေသည့်ဦးခေါင်းကို တဘက်ပိုင်းလေးနှင့်ပွတ်သုတ်နေရင်း ကျန်လက်တစ်ဖက်ကတော့ ဖုန်းသုံးနေသည် ။

News feed၌ တက်လာပါသည့် postတစ်ခု ။

ထိုpostသည် Kim Taehyung၏ပုံတင်ထားသော postဖြစ်ကာ cafeတစ်ခုမှာ ရိုက်ထားဟန်တူကာ ပုံတစ်ပုံခြင်းဆီသည် လှပအသက်ဝင်လျက် တင်ထားသည်မှာသိပ်မကြာသေးသော်လည်း love reactတွေက တန်းစီနေသည် ။

Jungkookသည် ထိုpostကြောင့် ခဏမျှတန့်သွားရကာ သူ့၏လက်တို့ကလည်း မကောင်းတတ်သည့်ဟန်နှင့် လက်မတစ်ချက်ပေးလိုက်သည် ။

" တင်လ်..."

Taehyungသည် Cafeမှာ Jiminနှင့်အတူ ဆိုင်ထိုင်နေသေးစဥ် ဖုန်းဆီကနေဝင်လာသောfb Notiသံကြောင့် သာမန်ကာလျှံကာသာကောက်ကြည့်လိုက်သော်လည်း Notiပိုင်ရှင်ကိုတွေ့လျှင် သောက်လက်စ စတော်ဘယ်ရီမစ်ရှိတ်ပင်သီးသွားရသည် ။

" အဟွတ်!.. ဟွတ်..."

" ဘာဖြစ်လို့လဲ.. ဖြည်းဖြည်းသောက်လေ..."

" အဟွတ်!.. မဟုတ်ဘူး... Jeon.. Jeon Jungkookက.. ငါ့postကို reactပေးတယ်..."

" ဟုတ်လား...."

fbမှာ friendဖြစ်နေသည့်အတွက် Taehyungတင်သည့်postကို Jeon Jungkookက reactပေးတာက အဆန်းတကြယ်ကိစ္စမဟုတ်သော်လည်း Jeon Jungkookကို crushနေသော Taehyungအဖို့တော့ စိတ်လှုပ်ရှားကြည်နူးစေလျက် ဟီလာတိုက်နေမိသည် ။

စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေမိပြီးမှ Jeon Jungkookပေးထားသည်က လက်မဖြစ်နေမှန်းသတိမူမိလိုက်လျှင် အပျော်တောင် အနည်းငယ်ပျောက်ရှချင်သည် ။

ဘာလို့ လက်မလဲ?...
တောဆန်လိုက်တာ...။
Taehyungဘဝမှာ အမုန်းဆုံးက သူတင်တဲ့postတွေကို လက်မကြီးတကားကားပေးတဲ့သူတွေပဲ..။

အခြားသူကိုသာဆိုလျှင် မင်းပေးတဲ့လက်မကို ဖင်ထဲပြန်ထည့်လို့မန့်လိုက်ချင်ပေမယ့် အခုလက်မပေးသည့်သူက Crushဖြစ်နေသည့်အခါ Taehyungသည် ဖြည့်တွေးပေးလျက် သဘောထားကြီးစွာနှင့်သာကျော်သွားပေးလိုက်သည် ။

Taehyungသည် Crushဆီကနေ reactရရှိမှုကြောင့် တစ်နေ့လုံးပျော်မြူးနေကာ သီချင်းလေးတညည်းသည်းနှင့် ။

အခေါက်ပေါင်းများစွာ တိတ်တိတ်လေး အလည်ရောက်ဖြစ်သည့် Jeon Jungkook၏wallကို အောက်ဆုံးထိတိုင်ပြန်ဆွဲပြီး ထပ်ခါထပ်ခါကြည့်နေမိကာ စိတ်ကူးလေးပေါ်သွားလျက် Jeon Jungkookစတင် တင်ခဲ့သည့်postကနေ အခုထိမပေးရသေးသော postများကို တောက်လျှောက် love reactထိုင်ပေးလိုက်သည် ။

ဤသည်က Taehyung၏ သူ့အပေါ်ထားရှိသော စိတ်ဝင်စားမှုကို Jeon Jungkookမြင်နိုင်စေရန် ရည်ရွယ်သည် ။

ထိုသို့ရည်ရွယ်ချက်ကြောင့်လားမသိ၊ စိတ်လှုပ်ရှားသည့်ခံစားချက်နှင့်အတူ Taehyung၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူထူတက်လာသည် ။

" ငါ... messagerကနေ.. စကားသွားပြောသင့်လား...."

ထိုအထိတော့.. Taehyungသည် မဝံ့ရဲသေး၍ ခေါင်းယမ်းရှင်းထုတ်လိုက်ရသည် ။

ဖြည်းဖြည်းချင်းပဲပေါ့...။
Jeon Jungkookက သူ့ခံစားချက်တွေကို သတိပြုမိလာမှာပါ...။

Crushအကြောင်းကို တွေးမိသည်နှင့် Taehyungသည် စိတ်လှုပ်ရှားအသည်းယားစွာ အိပ်ရာထက်လူးလိမ့်မိသွားသည် ။

အရူးပေါက်စလေးလို သူ့၏ရယ်သံတွေသည်လည်း ခိုးခိုးခစ်ခစ် ။

တစ်ဖက်မှ Jeon Jungkookကတော့ သူ့wallထဲ love reactဝင်ဝုန်းသွားသော Kim Taehyungကြောင့် ဆက်တိုက်ဆိုသလို Notiတတောင်တောင်နှင့်တက်လာ၍ ဖုန်းကိုကြည့်မိသွားကာ အထူးတဆန်းဖြစ်သွားရသည် ။

Kim Taehyungနှင့်သူက စကားတစ်လုံးစ၊နှစ်လုံးစလောက်ပဲပြောဖူးကာ မရင်းနှီးသော်လည်း Kim Taehyungကို သူ ကောင်းကောင်းကြီးသိသည် ။

Kim Taehyungက သူတို့Majorမှာသာမက အခြားMajorအထိပါ နာမည်ကြီးပြီး သဘောကျသည့်သူများပြားသည် ။

အခုနောက်ပိုင်းမှ Jungkookကို ရင်းနှီးလိုဟန်ချဥ်းကပ်လာသည့် Kim Taehyungရဲ့ရည်ရွယ်ချက်က ဘာများဖြစ်မလဲ?

Taehyungသည် နောက်ရက်တွေလည်း Jeon Jungkookကို မျက်လုံးချင်းမဆုံဆုံအောင် လိုက်လံကြည့်တတ်ကာ အကြည့်ချင်းဆုံလျှင် နှစ်လိုဖွယ် အပြုံးလှလှလေးကို ပစ်ကျွေးလိုက်သည်

Jungkookသည် Kim Taehyungပြုံးပြလို့သာ ပြန်လည်ပြုံးပြလိုက်ရတာ..။
သူ့စိတ်ထဲတွင်တော့ အတွေးတစ်ချို့ရှိနေသည် ။

Taehyungက popularကျောင်းသားဖြစ်သည်နှင့်အညီ Taehyung၏ Jeon Jungkookအပေါ် ပြုမူနေသည့်အပြုအမူများကို သတိထားမိကြကာ လူပြောစရာဖြစ်လာခဲ့သည် ။

အတန်းထဲတွင်ဖြစ်ဖြစ်ဖြစ် ကန်တင်းတွင်ဖြစ်ဖြစ် Jeon Jungkookကို လက်ထောက်မှေးတင်ပြီး စိုက်စိုက်ကြည့်တတ်သော Kim Taehyungကြောင့် Kim Taehyung၏ Jeon Jungkookအပေါ် စိတ်ဝင်စားသဘောကျနေမှုကို လူတိုင်းကအရိပ်ဖမ်းလာနိုင်ခဲ့သည် ။

Taehyungက Jeon Jungkookကို ပေါ်တင်ပင် သူကြိုက်ကြောင်းပြသလာခဲ့တော့တာ..။

Taehyung၏ရည်ရွယ်ချက်ကလည်း ရိုးရှင်းသည် ။
Crushအပေါ် အရူးရင့်လာခဲ့သည်နှင့်အမျှ Crushကို သူ့၏စိတ်ရင်းအားသိစေပြီး Crushကလည်း သူ့အပေါ်ပြန်လည်သဘောကျစေချင်သည် ။

သို့ပေမယ့် crushကို ကြိုက်ကြောင်းတော့ ပေါ်တင်ဖွင့်မပြောရဲသေး..။
Crushက သူ့ကိုသဘောမကျသေးဘဲ ငြင်းဆန်လိုက်သည့်အခါ သူ့အသည်းကွဲရမည်စိုး၍ဖြစ်သည် ။
ထို့ကြောင့် သူ ကြိုက်ကြောင်းကို အမူအရာ၊အပြုအမူများနှင့် ပြသပြီး Crushဘက်ကနေလည်း မီးစိမ်းပြသည်ဆိုမှ ဖွင့်ပြောရန်ရည်ရွယ်ထားသော်လည်း...

ခက်သည်က..

သူ့crushကောင်က အရိပ်အကဲခတ် အလွန်ညံ့ဖျင်းသည့် ငတုံးတစ်ကောင်ဖြစ်နေလေ၏ ။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.


You are reading the story above: TeenFic.Net