𝘻𝘢𝘸𝘨𝘺𝘪
ၿမိဳ႕စြန္ၿမိဳ႕ဖ်ားဘက္မွာ တည္ရွိေသာ မိဘမဲ့ေဂဟာေၾကာင့္ Taehyungတို႔ဦးတည္သည့္လမ္းေၾကာင္းေလးသည္ ကားအသြားအလာက်ဲကာ ကားလမ္းေၾကာင္းထက္ သူတို႔Majarအုပ္စုေတြစီးနင္းသည့္ ကား၊ဆိုင္ကယ္ေတြသာ တသီတန္းႀကီးရွိေနသည္ ။
Kim Taehyungပါ၍ ျဖည္းျဖည္းႏွင့္မွန္မွန္ ေမာင္းႏွင္ေနေသာ Jungkook၏ဆိုင္ကယ္က အေနာက္ဆုံးကေနျဖစ္ကာ သူသည္ တစ္ခါမွမေမာင္းဖူးေသးသည့္ ခပ္ႏွေးႏွေးအရွိန္ႏွင့္ေမာင္းႏွင္ေနခဲ့တာျဖစ္သည္ ။
Jungkookသည္ သူ႕အေနာက္မွာ Kim Taehyung၏ကိုယ္ေငြ႕ကို သိသိသာသာခံစားေနရ၍ စိတ္လႈပ္ရွားေနသလိုခံစားခ်က္ႏွင့္ အာ႐ုံက တစ္ခ်က္တစ္ခ်က္ လႊတ္ခ်င္သည္ ။
Taehyungသည္လည္း သူ႕crushေမာင္းႏွင္သည့္ ဆိုင္ကယ္အေနာက္မွာ လိုက္ပါေနရ၍ ရင္တုန္ေနကာ အခြင့္အေရးကိုလက္မလႊတ္ခ်င္၍ အရဲစြန႔္ၿပီး သူ႕၏လက္ေလးေတြႏွင့္ Jeon Jungkook၏အကၤ်ီအနားသားကို ဆုပ္ကိုင္မိလိုက္သည္ ။
Kim Taehyungက Jungkook၏အကၤ်ီအနားသားကို ဆုပ္ကိုင္လိုက္႐ုံဆိုေသာ္လည္း လက္ထိပ္ဖ်ားေလးေတြက Jungkook၏ခါးကိုထိကပ္သြားသည္မို႔ Jungkookသည္ ဒိတ္ခနဲ ႏွလုံးခုန္သံပ်က္သြားမႈႏွင့္အတူ ေယာင္ယမ္းၿပီး အေရွ႕ဘရိတ္ကိုညွစ္လိုက္မိသည့္အခါ ယိုင္ယမ္းသြားသည့္ဆိုင္ကယ္သည္ ဟန္ခ်က္မထိန္းနိုင္ေတာ့ဘဲ လဲသြားခဲ့သည္ ။
" အေမ့!....."
" ဝုန္း!...."
ေတာ္ေသးသည္က သူ႕ဆိုင္ကယ္က အရွိန္ႏွေးႏွေးႏွင့္ေမာင္းသည္ျဖစ္၍ အႀကီးအက်ယ္ ဒဏ္ရာမရဘဲ ဆိုင္ကယ္လဲ႐ုံသာ ႏွစ္ေယာက္သားမွာ ကတၱရာလမ္းေဘးတြင္ပုံ႕ပုံ႕ေလး ။
" အား... ကြၽတ္ကြၽတ္..."
" Taehyung ssi.. ရလား... အဆင္ေျပလား... ဘယ္နားထိခိုက္မိသြားေသးလဲ..."
Jungkookသည္ သူ႕၏အမွားေၾကာင့္ ဆိုင္ကယ္လဲသြားခဲ့သည္ျဖစ္၍ သူ႕ဒဏ္ရာကိုပင္ဂ႐ုမစိုက္နိုင္ဘဲ အေနာက္ကTaehyungကို ကပ်ာကယာလွည့္စစ္ေဆးသည္ ။
Taehyungသည္ ဆိုင္ကယ္႐ုတ္တရက္လဲသြားေသာေၾကာင့္ လန့္သြားရေသာ္လည္း ဒဏ္ရာကေတာ့ ႀကီးႀကီးမားမားမရေခ် ။
လဲက်သည့္အခ်ိန္၌ လက္ျဖင့္ေထာက္လိုက္မိ၍ ပြန္းပဲ့ဒဏ္ရာအနည္းအက်ဥ္းသာရသည္ ။
" ရတယ္... အဆင္ေျပတယ္... "
" အဆင္ေျပတာေသခ်ာလား...."
" အင္း...."
Taehyungသည္ ေခါင္းညိတ္ျပလိုက္မွ Jeon Jungkookက စိတ္ေအးသြားရကာ အားတုံ႕အားနာဟန္ႏွင့္ၾကည့္လာသည္ ။
" ေတာင္းပန္ပါတယ္.. ငါ့ေၾကာင့္... လန့္သြားတယ္မလား..."
" ဟင့္အင္း... ရတယ္.. မင္းေရာ ထိခိုက္မိတာမရွိဘူးလား..."
" မရွိဘူး...."
Jungkookက မရွိဘူးသာေျပာတာ..။
သူ႕၏လက္တံေတာင္ဆစ္သည္လည္း ပြန္းပဲ့ေသြးစို႔ဒဏ္ရာတစ္ခ်ိဳ႕ရသြားသည္ ။
ႏွစ္ေယာက္သားက အေနာက္ဆုံးကျဖစ္တာမို႔ မည္သူကမွ် သူတို႔ဆိုင္ကယ္လဲသည္ကို မေတြ႕လိုက္ေပ ။
အရွက္ကြဲေတာ့ သက္သာသြားတာေပါ့..။
Jungkookက ဆိုင္ကယ္ကို ျပန္ေထာင္ကာ ေသခ်ာစစ္ေဆးလိုက္လွ်င္ ဆိုင္ကယ္သည္ အစင္းအရာတစ္ခ်ိဳ႕ရသြားေသာ္လည္း ႀကီးႀကီးမားမား ထိခိုက္ျခင္းမရွိ ။
" ငါတို႔ ေတာ္ေတာ္ျပတ္က်န္ခဲ့ၿပီ.. ေဆာရီး... "
" ရပါတယ္...."
" ဒီတစ္ေခါက္ကို ငါ ေသခ်ာသတိနဲ႕ေမာင္းမယ္..."
" အင္း..."
အမွန္ေတာ့ ႏွစ္ေယာက္သားက တစ္ေယာက္အေပၚတစ္ေယာက္ မရိုးမ႐ြခံစားခ်က္တို႔ေၾကာင့္ Taehyungဘက္ကေန အထိအေတြ႕ေသးေသးေလး အမွတ္မထင္ ျပဳလုပ္လိုက္သည့္အခါ ရင္တုန္ဖင္တုန္ၿပီး ဆိုင္ကယ္ပါလဲကုန္တာ ။
ဒီတစ္ႀကိမ္ေတာ့ Jungkookက စိတ္မပ်ံ့လႊင့္ရဲေတာ့ဘဲ ဆိုင္ကယ္ကိုေသခ်ာေမာင္းႏွင္သလို Taehyungဟာလည္း လက္ေဆာ့ၿပီး Jungkook၏အကၤ်ီစကို မဆုပ္ကိုင္ရဲေတာ့ေပ ။
သူတို႔ႏွစ္ေယာက္သည္ ပရဟိတလုပ္မည့္ မိဘမဲ့ေဂဟာသို႔ အခ်ိန္အနည္းငယ္ေနာက္က်ၿပီးမွ ေရာက္လာကာ သူတို႔အေၾကာင္းကိုသိေနၾကသည့္ သူငယ္ခ်င္း၊အတန္းေဖာ္ေတြဟာေတာ့ ၿပဳံးစိစိႏွင့္ ။
ကာယကံရွင္ႏွစ္ဦးမွာေတာ့ အျပည့္အဝရင္ခုန္စိတ္မလႈပ္ရွားရဘဲ ဆိုင္ကယ္လဲခဲ့သည္ေၾကာင့္ မ်က္ႏွာထားေလးေတြက သိပ္မသာယာ ။
မိဘမဲ့ေဂဟာမွာရွိေနၾကသည့္ ကေလးငယ္မ်ားကလည္း သူတို႔ဆီပရဟိတလုပ္ေဆာင္ရန္ ေရာက္လာၾကေသာ Taehyungတို႔အနားမွာ ဝိုင္းအုံ၍လာစပ္စုေနၾကသည္ ။
ကေလးခ်စ္တတ္သည့္ Taehyungအတြက္ကေတာ့ သေဘာက်ႏွစ္ၿခိဳက္သည့္အၿပဳံးေလးမ်ားထင္းေနရကာ ကေလးေတြကိုစေနာက္က်ီစယ္လိုက္ေသးသည္ ။
Jungkookသည္ ကေလးမ်ားႏွင့္ခဏတြင္းခ်င္း ရင္းႏွီးသြားသည့္ Kim Taehyungေၾကာင့္ အနည္းငယ္အံ့ၾသစြာၾကည့္မိသြားသလို Kim Taehyungက သူ႕ဘက္အၾကည့္ေရာက္လာလွ်င္ မသိခ်င္ေယာင္ေဆာင္ၿပီး အၾကည့္လႊဲမိလိုက္သည္မွာ ဘာေၾကာင့္ရယ္မသိ ။
" ကဲကဲ... ကေလးေတြေနတဲ့ အေဆာင္ေတြကိုလည္း သန့္ရွင္းေရးလုပ္ေပးရမွာဆိုေတာ့... စၾကရေအာင္...."
EC၏ေဆာ္ၾသမႈႏွင့္အတူ သူတို႔အတန္းသားေတြသည္ မိဘမဲ့ေဂဟာအေဆာင္မ်ားကို သန့္ရွင္းေရး စတင္လုပ္ေဆာင္ခဲ့ၾကသည္ ။
Jungkook၏အနားတြင္ Kim Taehyungသည္ ရစ္သီရစ္သီႏွင့္ သန့္ရွင္းေရးလုပ္ေဆာင္ေနသည္ေၾကာင့္ သူတို႔ႏွစ္ေယာက္သားသည္အတူတူ ။
အေဆာင္တြင္းက ကေလးေတြ၏အိပ္ရာခင္းကိုဖယ္ရွာၿပီး မိန္းကေလးတစ္ခ်ိဳ႕မွာ ထိုအခင္းေတြကို ေလွ်ာ္ဖြတ္ရန္ယူေဆာင္သြားၾကသလို ေယာက္်ားေလးေတြက ၾကပ္ခိုးေတြကို တံျမည္းစည္းအရွည္ႏွင့္ဖယ္ရွားကာ ကုတင္ေတြပစၥည္းအေလးေတြကို ေနရာတက်ခ်သဴကခ်ႏွင့္ မိဘမဲ့ေဂဟာသည္ သူတို႔အုပ္စုမ်ားႏွင့္ အသံေတြေဝဆာေနသည္ ။
" အမယ္ေလး!... အေကာင္ႀကီး..."
Taehyungသည္ စားပြဲခုံကို အဝတ္စႏွင့္ပြတ္တိုက္ သန့္ရွင္းေရးလုပ္ေနစဥ္ သူ႕အေရွ႕ေမွာက္ကို ျပဳတ္က်လာေသာ အိမ္ျမႇောင္ေၾကာင့္ ထိတ္လန့္သြားသလိုမ်ိဳး သူ႕အနီးအနားရွိသည့္ Jungkook၏ခႏၶာကိုယ္အေနာက္တြင္ အကာအကြယ္ယူလိုက္သည္ ။
Jungkookက အေကာင္ကိုေၾကာက္သြားပုံရသည့္ Kim Taehyungေၾကာင့္ ထိုအိမ္ျမႇောင္ကို အသာယာေျခာက္ထုတ္ေပးသည္ ။
" ရႉး... ရႉး...."
အေကာင္ထြက္သြားသည္အထိ Jungkook၏ပခုံးစြန္းေလးအေနာက္မွာ အကာအကြယ္ယူေနခဲ့ေသာ Kim Taehyungက မဝံ့မရဲဝန္ေလးႏွင့္လည္း အေကာင္သြားမသြားကို လွမ္းစစ္ေဆးၾကည့္ေနေသးလွ်င္ Jungkookသည္ သေဘာက်သလိုၿပဳံးမိသြားသည္မွာ ခပ္ေရးေရးေလး...။
" အေကာင္ထြက္သြားၿပီ... မေၾကာက္နဲ႕..."
" ေအ..ေအာ..."
Jungkookက ေလသံနိမ့္နိမ့္ေလးႏွင့္ ႏွစ္သိမ့္သလိုဆိုလာခဲ့မွ Taehyungသည္ မရဲတရဲေလး အကာအကြယ္ယူထားသည့္ Jungkookေနာက္ကေန ထြက္လာခဲ့သည္ ။
" ဒါနဲ႕... မင္းရဲ႕လက္က ဒဏ္ရာေတြက ေဆးမထည့္ရေသးတာကို.. ဖုန္ေတြနဲ႕.. ပိုးဝင္လိမ့္မယ္... ငါ ေဆးသြားရွာဦးမယ္... ဖုန္ေတြထူတဲ့ေနရာမသြားနဲ႕ဦး..."
Jungkookသည္ ဆိုင္ကယ္လဲတုန္းက ရရွိထားသည့္ Taehyung၏ပြန္းပဲ့ဒဏ္ရာတစ္ခ်ိဳ႕ေၾကာင့္ စိတ္ပူသလိုဆိုၿပီး ေဆးရွာရန္ထြက္သြားခဲ့သည္ ။
ဘယ္ဆိုးလို႔လဲ... Jeon Jungkookက.. အဲ့ေလာက္လည္း... မတုံးပါဘူး..။
ငါ့ကို ဂ႐ုစိုက္သားပဲ...။
crushဆီကေန ဂ႐ုစိုက္ခံရမႈေၾကာင့္ Taehyungသည္ သေဘာက်ႏွစ္သက္လွစြာ ႏႈတ္ခမ္းသားေလးေတြသည္ ၿပဳံးတုံ႕တုံ႕ျဖစ္ေနသည္ ။
ခဏအၾကာ၌ Jungkookသည္ မိဘမဲ့ေဂဟာ၏အေဆာင္မႉးဆီကေန အရက္ပ်ံႏွင့္ေဆးဝါရည္ကို သြားေတာင္းယူၿပီး Taehyungရွိရာဆီ ျပန္ေရာက္လာခဲ့လွ်င္ Kim Taehyungက ကေလးေတြၾကားမွာ ပူေဖာင္းကိုလုပုတ္လ်က္ ရယ္ရယ္ေမာေမာ ကစားေနသည္ကို ေတြ႕လိုက္ရသည္ ။
လွပစြာ ျဖစ္တည္ေနသည့္ ေလးေထာင့္ဆန္ဆန္ အၿပဳံးလွလွေလးေတြမွာ ဟန္ေဆာင္မႈမရွိဘဲ ပကတိေပ်ာ္႐ႊင္ေနလ်က္ရွိကာ ထိုအၿပဳံးကို ေငးစိုက္ၾကည့္မိသြားသည့္Jungkook၏ ေဆးဘူးေတြကိုကိုင္ေဆာင္ထားေသာ လက္အစုံမွာ အနည္းငယ္တင္းၾကပ္သြားရသည္ ။
Kim Taehyungက ကေလးမ်ားႏွင့္ေဆာ့ကစားေနရင္းမွ သူ႕ကိုရပ္ၾကည့္ေနေသာ Jungkookကို လွမ္းေတြ႕သြားလွ်င္ လႈပ္ရွားမႈေတြတန့္သြားရသည္ ။
" ေဆာ့ႏွင့္ၾကဦး... ကိုကို ခဏေနမွျပန္လာေဆာ့မယ္..."
" ျမန္ျမန္ျပန္လာေနာ္..."
" ဟုတ္ပါၿပီ..."
ကေလးေတြက သူတို႔ႏွင့္ရင္းရင္းႏွီးႏွီးေဆာ့ကစားေပးေသာ Taehyungကို ခဏတြင္းခ်င္းပင္ ခင္မင္တြယ္တာသြားၾကကာ Taehyungမွာ ကေလးေတြၾကားကေန မနည္းျပန္ထြက္လာခဲ့ရသည္ ။
" ေဆးယူလာၿပီ... "
" အင္း...."
Jungkookက သူ႕အနားကို Taehyungေရာက္လာမွ အေယာင္ေယာင္အမွားမွားႏွင့္ သူယူေဆာင္လာေသာ ေဆးဘူးေလးေတြကို ျမႇောက္ျပလာသည္ ။
" ေရာ့...."
" ငါ.. ကိုယ့္ကိုယ္ထည့္လို႔ အဆင္မေျပဘူးထင္တယ္... မင္း ထည့္ေပးပါလား..."
" အာ..."
Taehyungဘက္ကေန ေတာင္းဆိုလိုက္မႈေၾကာင့္ Jungkookက ေခါင္းညိတ္လိုက္ၿပီး အေဆာင္ေရွ႕က ေလွကားထစ္ေလးေတြမွာ ထိုင္ခ်ကာ Taehyung၏လက္က ပြန္းပဲ့ဒဏ္ရာကို ေဆးထည့္ေပးသည္ ။
" အ...."
" စပ္သြားလား..."
အရက္ပ်ံႏွင့္သုတ္မွေတာ့ Taehyung၏ဒဏ္ရာက မစပ္ရိုးလား..။
Taehyungသည္ စပ္ဖ်ဥ္းသြားသည့္ခံစားခ်က္ကို အၿပဳံးတုေလးႏွင့္ အလွ်င္အျမန္ဖုံးကာလိုက္ရသည္ ။
" ရ..ရတယ္..."
" ဖူး... ဖူး...."
ဒီတစ္ႀကိမ္ ေဆးရည္ကိုထည့္ေပးခ်ိန္မွာေတာ့ Jeon Jungkookက Taehyung၏ဒဏ္ရာကို မစပ္ေအာင္ ေလေလးႏွင့္ခပ္ဖြဖြမႈတ္ေပးလာခဲ့သည္ ။
ၾကက္သီးအဖ်င္းဖ်င္းထသြားရသည္အထိ ရင္ခုန္စိတ္လႈပ္ရွားမႈ..။
Taehyung၏ပါးျပင္ေလးသည္ အနီေစြးလာခဲ့ကာ Jungkook၏နား႐ြက္ဖ်ားဟာလည္း အနီရင့္ရင့္ ။
" အနာကတ္ပလာစတာကပ္ရင္.. ဒဏ္ရာက ပိုဆိုးတတ္လို႔.. မယူလာတာ..."
" ေအာ.. ေက်းဇူး..."
" ရတယ္.. ငါ ဒါေတြ ျပန္သြားေပးလိုက္ဦးမယ္..."
" ခဏ... မင္းေရာ.. မထည့္ေတာ့ဘူးလား..."
" ငါက ရၿပီ...."
Jungkookသည္ ပ်က္ယြင္းလာသည့္ သူ႕ရင္ခုန္သံစည္းခ်က္ေတြေၾကာင့္ မလုံမလဲႏွင့္ Kim Taehyungကေန ထေရွာင္ထြက္ရန္ႀကိဳးစားသည္ ။
Taehyungသည္လည္း ေလာေလာလတ္လတ္ ရင္ခုန္စိတ္လႈပ္ရွားေနမႈေၾကာင့္ အတင္းကာေရာထထြက္သြားသည့္ Jeon Jungkookကို မတားျမစ္လိုက္နိုင္..။
ခပ္သုတ္သုတ္ ထြက္သြားခဲ့ေသာ Jeon Jungkook၏ ေက်ာျပင္က်ယ္ကိုသာ ေငးစိုက္ၾကည့္က်န္ရစ္ခဲ့ရသည္ ။
ၿပီးမွ Jeon Jungkook၏သူ႕အေပၚ ဂ႐ုစိုက္မႈကို ျပန္ေတြးမိကာ ႏႈတ္ခမ္းသားထက္ ႏွစ္သက္ၾကည္ႏူးသည့္ အၿပဳံးလွလွေလးသည္ထင္းခနဲ ။
ေနာက္မွ ထိုင္ရာကေနထလိုက္ကာ အေဆာင္ထဲျပန္ဝင္ရန္ျပင္လိုက္ေသာ Taehyung၏အကၤ်ီလက္ေပၚသို႔ အိမ္ျမႇောင္တစ္ေကာင္သည္ျပဳတ္က်လာခဲ့လွ်င္ Taehyungသည္ ႐ုတ္တရက္မို႔လန့္သြားရေသာ္လည္း ထူးထူးျခားျခားဘာမွျဖစ္မေနဘဲ အိမ္ျမႇောင္၏အၿမီးကိုဆြဲကာ သူ႕အကၤ်ီအေပၚကေန ဖယ္ရွားလိုက္ေလေတာ့သည္ ။
ဒီအေဆာင္မွာ အိမ္ျမႇောင္ေတြကလည္း မ်ားလိုက္တာ.. လြန္ပါေရာ..။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘶𝘯𝘪𝘤𝘰𝘥𝘦
မြို့စွန်မြို့ဖျားဘက်မှာ တည်ရှိသော မိဘမဲ့ဂေဟာကြောင့် Taehyungတို့ဦးတည်သည့်လမ်းကြောင်းလေးသည် ကားအသွားအလာကျဲကာ ကားလမ်းကြောင်းထက် သူတို့Majarအုပ်စုတွေစီးနင်းသည့် ကား၊ဆိုင်ကယ်တွေသာ တသီတန်းကြီးရှိနေသည် ။
Kim Taehyungပါ၍ ဖြည်းဖြည်းနှင့်မှန်မှန် မောင်းနှင်နေသော Jungkook၏ဆိုင်ကယ်က အနောက်ဆုံးကနေဖြစ်ကာ သူသည် တစ်ခါမှမမောင်းဖူးသေးသည့် ခပ်နှေးနှေးအရှိန်နှင့်မောင်းနှင်နေခဲ့တာဖြစ်သည် ။
Jungkookသည် သူ့အနောက်မှာ Kim Taehyung၏ကိုယ်ငွေ့ကို သိသိသာသာခံစားနေရ၍ စိတ်လှုပ်ရှားနေသလိုခံစားချက်နှင့် အာရုံက တစ်ချက်တစ်ချက် လွှတ်ချင်သည် ။
Taehyungသည်လည်း သူ့crushမောင်းနှင်သည့် ဆိုင်ကယ်အနောက်မှာ လိုက်ပါနေရ၍ ရင်တုန်နေကာ အခွင့်အရေးကိုလက်မလွှတ်ချင်၍ အရဲစွန့်ပြီး သူ့၏လက်လေးတွေနှင့် Jeon Jungkook၏အင်္ကျီအနားသားကို ဆုပ်ကိုင်မိလိုက်သည် ။
Kim Taehyungက Jungkook၏အင်္ကျီအနားသားကို ဆုပ်ကိုင်လိုက်ရုံဆိုသော်လည်း လက်ထိပ်ဖျားလေးတွေက Jungkook၏ခါးကိုထိကပ်သွားသည်မို့ Jungkookသည် ဒိတ်ခနဲ နှလုံးခုန်သံပျက်သွားမှုနှင့်အတူ ယောင်ယမ်းပြီး အရှေ့ဘရိတ်ကိုညှစ်လိုက်မိသည့်အခါ ယိုင်ယမ်းသွားသည့်ဆိုင်ကယ်သည် ဟန်ချက်မထိန်းနိုင်တော့ဘဲ လဲသွားခဲ့သည် ။
" အမေ့!....."
" ဝုန်း!...."
တော်သေးသည်က သူ့ဆိုင်ကယ်က အရှိန်နှေးနှေးနှင့်မောင်းသည်ဖြစ်၍ အကြီးအကျယ် ဒဏ်ရာမရဘဲ ဆိုင်ကယ်လဲရုံသာ နှစ်ယောက်သားမှာ ကတ္တရာလမ်းဘေးတွင်ပုံ့ပုံ့လေး ။
" အား... ကျွတ်ကျွတ်..."
" Taehyung ssi.. ရလား... အဆင်ပြေလား... ဘယ်နားထိခိုက်မိသွားသေးလဲ..."
Jungkookသည် သူ့၏အမှားကြောင့် ဆိုင်ကယ်လဲသွားခဲ့သည်ဖြစ်၍ သူ့ဒဏ်ရာကိုပင်ဂရုမစိုက်နိုင်ဘဲ အနောက်ကTaehyungကို ကပျာကယာလှည့်စစ်ဆေးသည် ။
Taehyungသည် ဆိုင်ကယ်ရုတ်တရက်လဲသွားသောကြောင့် လန့်သွားရသော်လည်း ဒဏ်ရာကတော့ ကြီးကြီးမားမားမရချေ ။
လဲကျသည့်အချိန်၌ လက်ဖြင့်ထောက်လိုက်မိ၍ ပွန်းပဲ့ဒဏ်ရာအနည်းအကျဥ်းသာရသည် ။
" ရတယ်... အဆင်ပြေတယ်... "
" အဆင်ပြေတာသေချာလား...."
" အင်း...."
Taehyungသည် ခေါင်းညိတ်ပြလိုက်မှ Jeon Jungkookက စိတ်အေးသွားရကာ အားတုံ့အားနာဟန်နှင့်ကြည့်လာသည် ။
" တောင်းပန်ပါတယ်.. ငါ့ကြောင့်... လန့်သွားတယ်မလား..."
" ဟင့်အင်း... ရတယ်.. မင်းရော ထိခိုက်မိတာမရှိဘူးလား..."
" မရှိဘူး...."
Jungkookက မရှိဘူးသာပြောတာ..။
သူ့၏လက်တံတောင်ဆစ်သည်လည်း ပွန်းပဲ့သွေးစို့ဒဏ်ရာတစ်ချို့ရသွားသည် ။
နှစ်ယောက်သားက အနောက်ဆုံးကဖြစ်တာမို့ မည်သူကမျှ သူတို့ဆိုင်ကယ်လဲသည်ကို မတွေ့လိုက်ပေ ။
အရှက်ကွဲတော့ သက်သာသွားတာပေါ့..။
Jungkookက ဆိုင်ကယ်ကို ပြန်ထောင်ကာ သေချာစစ်ဆေးလိုက်လျှင် ဆိုင်ကယ်သည် အစင်းအရာတစ်ချို့ရသွားသော်လည်း ကြီးကြီးမားမား ထိခိုက်ခြင်းမရှိ ။
" ငါတို့ တော်တော်ပြတ်ကျန်ခဲ့ပြီ.. ဆောရီး... "
" ရပါတယ်...."
" ဒီတစ်ခေါက်ကို ငါ သေချာသတိနဲ့မောင်းမယ်..."
" အင်း..."
အမှန်တော့ နှစ်ယောက်သားက တစ်ယောက်အပေါ်တစ်ယောက် မရိုးမရွခံစားချက်တို့ကြောင့် Taehyungဘက်ကနေ အထိအတွေ့သေးသေးလေး အမှတ်မထင် ပြုလုပ်လိုက်သည့်အခါ ရင်တုန်ဖင်တုန်ပြီး ဆိုင်ကယ်ပါလဲကုန်တာ ။
ဒီတစ်ကြိမ်တော့ Jungkookက စိတ်မပျံ့လွှင့်ရဲတော့ဘဲ ဆိုင်ကယ်ကိုသေချာမောင်းနှင်သလို Taehyungဟာလည်း လက်ဆော့ပြီး Jungkook၏အင်္ကျီစကို မဆုပ်ကိုင်ရဲတော့ပေ ။
သူတို့နှစ်ယောက်သည် ပရဟိတလုပ်မည့် မိဘမဲ့ဂေဟာသို့ အချိန်အနည်းငယ်နောက်ကျပြီးမှ ရောက်လာကာ သူတို့အကြောင်းကိုသိနေကြသည့် သူငယ်ချင်း၊အတန်းဖော်တွေဟာတော့ ပြုံးစိစိနှင့် ။
ကာယကံရှင်နှစ်ဦးမှာတော့ အပြည့်အဝရင်ခုန်စိတ်မလှုပ်ရှားရဘဲ ဆိုင်ကယ်လဲခဲ့သည်ကြောင့် မျက်နှာထားလေးတွေက သိပ်မသာယာ ။
မိဘမဲ့ဂေဟာမှာရှိနေကြသည့် ကလေးငယ်များကလည်း သူတို့ဆီပရဟိတလုပ်ဆောင်ရန် ရောက်လာကြသော Taehyungတို့အနားမှာ ဝိုင်းအုံ၍လာစပ်စုနေကြသည် ။
ကလေးချစ်တတ်သည့် Taehyungအတွက်ကတော့ သဘောကျနှစ်ခြိုက်သည့်အပြုံးလေးများထင်းနေရကာ ကလေးတွေကိုစနောက်ကျီစယ်လိုက်သေးသည် ။
Jungkookသည် ကလေးများနှင့်ခဏတွင်းချင်း ရင်းနှီးသွားသည့် Kim Taehyungကြောင့် အနည်းငယ်အံ့သြစွာကြည့်မိသွားသလို Kim Taehyungက သူ့ဘက်အကြည့်ရောက်လာလျှင် မသိချင်ယောင်ဆောင်ပြီး အကြည့်လွှဲမိလိုက်သည်မှာ ဘာကြောင့်ရယ်မသိ ။
" ကဲကဲ... ကလေးတွေနေတဲ့ အဆောင်တွေကိုလည်း သန့်ရှင်းရေးလုပ်ပေးရမှာဆိုတော့... စကြရအောင်...."
EC၏ဆော်သြမှုနှင့်အတူ သူတို့အတန်းသားတွေသည် မိဘမဲ့ဂေဟာအဆောင်များကို သန့်ရှင်းရေး စတင်လုပ်ဆောင်ခဲ့ကြသည် ။
Jungkook၏အနားတွင် Kim Taehyungသည် ရစ်သီရစ်သီနှင့် သန့်ရှင်းရေးလုပ်ဆောင်နေသည်ကြောင့် သူတို့နှစ်ယောက်သားသည်အတူတူ ။
အဆောင်တွင်းက ကလေးတွေ၏အိပ်ရာခင်းကိုဖယ်ရှာပြီး မိန်းကလေးတစ်ချို့မှာ ထိုအခင်းတွေကို လျှော်ဖွတ်ရန်ယူဆောင်သွားကြသလို ယောက်ျားလေးတွေက ကြပ်ခိုးတွေကို တံမြည်းစည်းအရှည်နှင့်ဖယ်ရှားကာ ကုတင်တွေပစ္စည်းအလေးတွေကို နေရာတကျချသူကချနှင့် မိဘမဲ့ဂေဟာသည် သူတို့အုပ်စုများနှင့် အသံတွေဝေဆာနေသည် ။
" အမယ်လေး!... အကောင်ကြီး..."
Taehyungသည် စားပွဲခုံကို အဝတ်စနှင့်ပွတ်တိုက် သန့်ရှင်းရေးလုပ်နေစဥ် သူ့အရှေ့မှောက်ကို ပြုတ်ကျလာသော အိမ်မြှောင်ကြောင့် ထိတ်လန့်သွားသလိုမျိုး သူ့အနီးအနားရှိသည့် Jungkook၏ခန္ဓာကိုယ်အနောက်တွင် အကာအကွယ်ယူလိုက်သည် ။
Jungkookက အကောင်ကိုကြောက်သွားပုံရသည့် Kim Taehyungကြောင့် ထိုအိမ်မြှောင်ကို အသာယာခြောက်ထုတ်ပေးသည် ။
" ရှူး... ရှူး...."
အကောင်ထွက်သွားသည်အထိ Jungkook၏ပခုံးစွန်းလေးအနောက်မှာ အကာအကွယ်ယူနေခဲ့သော Kim Taehyungက မဝံ့မရဲဝန်လေးနှင့်လည်း အကောင်သွားမသွားကို လှမ်းစစ်ဆေးကြည့်နေသေးလျှင် Jungkookသည် သဘောကျသလိုပြုံးမိသွားသည်မှာ ခပ်ရေးရေးလေး...။
" အကောင်ထွက်သွားပြီ... မကြောက်နဲ့..."
" အေ..အော..."
Jungkookက လေသံနိမ့်နိမ့်လေးနှင့် နှစ်သိမ့်သလိုဆိုလာခဲ့မှ Taehyungသည် မရဲတရဲလေး အကာအကွယ်ယူထားသည့် Jungkookနောက်ကနေ ထွက်လာခဲ့သည် ။
" ဒါနဲ့... မင်းရဲ့လက်က ဒဏ်ရာတွေက ဆေးမထည့်ရသေးတာကို.. ဖုန်တွေနဲ့.. ပိုးဝင်လိမ့်မယ်... ငါ ဆေးသွားရှာဦးမယ်... ဖုန်တွေထူတဲ့နေရာမသွားနဲ့ဦး..."
Jungkookသည် ဆိုင်ကယ်လဲတုန်းက ရရှိထားသည့် Taehyung၏ပွန်းပဲ့ဒဏ်ရာတစ်ချို့ကြောင့် စိတ်ပူသလိုဆိုပြီး ဆေးရှာရန်ထွက်သွားခဲ့သည် ။
ဘယ်ဆိုးလို့လဲ... Jeon Jungkookက.. အဲ့လောက်လည်း... မတုံးပါဘူး..။
ငါ့ကို ဂရုစိုက်သားပဲ...။
crushဆီကနေ ဂရုစိုက်ခံရမှုကြောင့် Taehyungသည် သဘောကျနှစ်သက်လှစွာ နှုတ်ခမ်းသားလေးတွေသည် ပြုံးတုံ့တုံ့ဖြစ်နေသည် ။
ခဏအကြာ၌ Jungkookသည် မိဘမဲ့ဂေဟာ၏အဆောင်မှူးဆီကနေ အရက်ပျံနှင့်ဆေးဝါရည်ကို သွားတောင်းယူပြီး Taehyungရှိရာဆီ ပြန်ရောက်လာခဲ့လျှင် Kim Taehyungက ကလေးတွေကြားမှာ ပူဖောင်းကိုလုပုတ်လျက် ရယ်ရယ်မောမော ကစားနေသည်ကို တွေ့လိုက်ရသည် ။
လှပစွာ ဖြစ်တည်နေသည့် လေးထောင့်ဆန်ဆန် အပြုံးလှလှလေးတွေမှာ ဟန်ဆောင်မှုမရှိဘဲ ပကတိပျော်ရွှင်နေလျက်ရှိကာ ထိုအပြုံးကို ငေးစိုက်ကြည့်မိသွားသည့်Jungkook၏ ဆေးဘူးတွေကိုကိုင်ဆောင်ထားသော လက်အစုံမှာ အနည်းငယ်တင်းကြပ်သွားရသည် ။
Kim Taehyungက ကလေးများနှင့်ဆော့ကစားနေရင်းမှ သူ့ကိုရပ်ကြည့်နေသော Jungkookကို လှမ်းတွေ့သွားလျှင် လှုပ်ရှားမှုတွေတန့်သွားရသည် ။
" ဆော့နှင့်ကြဦး... ကိုကို ခဏနေမှပြန်လာဆော့မယ်..."
" မြန်မြန်ပြန်လာနော်..."
" ဟုတ်ပါပြီ..."
ကလေးတွေက သူတို့နှင့်ရင်းရင်းနှီးနှီးဆော့ကစားပေးသော Taehyungကို ခဏတွင်းချင်းပင် ခင်မင်တွယ်တာသွားကြကာ Taehyungမှာ ကလေးတွေကြားကနေ မနည်းပြန်ထွက်လာခဲ့ရသည် ။
" ဆေးယူလာပြီ... "
" အင်း...."
Jungkookက သူ့အနားကို Taehyungရောက်လာမှ အယောင်ယောင်အမှားမှားနှင့် သူယူဆောင်လာသော ဆေးဘူးလေးတွေကို မြှောက်ပြလာသည် ။
" ရော့...."
" ငါ.. ကိုယ့်ကိုယ်ထည့်လို့ အဆင်မပြေဘူးထင်တယ်... မင်း ထည့်ပေးပါလား..."
" အာ..."
Taehyungဘက်ကနေ တောင်းဆိုလိုက်မှုကြောင့် Jungkookက ခေါင်းညိတ်လိုက်ပြီး အဆောင်ရှေ့က လှေကားထစ်လေးတွေမှာ ထိုင်ချကာ Taehyung၏လက်က ပွန်းပဲ့ဒဏ်ရာကို ဆေးထည့်ပေးသည် ။
" အ...."
" စပ်သွားလား..."
အရက်ပျံနှင့်သုတ်မှတော့ Taehyung၏ဒဏ်ရာက မစပ်ရိုးလား..။
Taehyungသည် စပ်ဖျဥ်းသွားသည့်ခံစားချက်ကို အပြုံးတုလေးနှင့် အလျှင်အမြန်ဖုံးကာလိုက်ရသည် ။
" ရ..ရတယ်..."
" ဖူး... ဖူး...."
ဒီတစ်ကြိမ် ဆေးရည်ကိုထည့်ပေးချိန်မှာတော့ Jeon Jungkookက Taehyung၏ဒဏ်ရာကို မစပ်အောင် လေလေးနှင့်ခပ်ဖွဖွမှုတ်ပေးလာခဲ့သည် ။
ကြက်သီးအဖျင်းဖျင်းထသွားရသည်အထိ ရင်ခုန်စိတ်လှုပ်ရှားမှု..။
Taehyung၏ပါးပြင်လေးသည် အနီစွေးလာခဲ့ကာ Jungkook၏နားရွက်ဖျားဟာလည်း အနီရင့်ရင့် ။
" အနာကတ်ပလာစတာကပ်ရင်.. ဒဏ်ရာက ပိုဆိုးတတ်လို့.. မယူလာတာ..."
" အော.. ကျေးဇူး..."
" ရတယ်.. ငါ ဒါတွေ ပြန်သွားပေးလိုက်ဦးမယ်..."
" ခဏ... မင်းရော.. မထည့်တော့ဘူးလား..."
" ငါက ရပြီ...."
Jungkookသည် ပျက်ယွင်းလာသည့် သူ့ရင်ခုန်သံစည်းချက်တွေကြောင့် မလုံမလဲနှင့် Kim Taehyungကနေ ထရှောင်ထွက်ရန်ကြိုးစားသည် ။
Taehyungသည်လည်း လောလောလတ်လတ် ရင်ခုန်စိတ်လှုပ်ရှားနေမှုကြောင့် အတင်းကာရောထထွက်သွားသည့် Jeon Jungkookကို မတားမြစ်လိုက်နိုင်..။
ခပ်သုတ်သုတ် ထွက်သွားခဲ့သော Jeon Jungkook၏ ကျောပြင်ကျယ်ကိုသာ ငေးစိုက်ကြည့်ကျန်ရစ်ခဲ့ရသည် ။
ပြီးမှ Jeon Jungkook၏သူ့အပေါ် ဂရုစိုက်မှုကို ပြန်တွေးမိကာ နှုတ်ခမ်းသားထက် နှစ်သက်ကြည်နူးသည့် အပြုံးလှလှလေးသည်ထင်းခနဲ ။
နောက်မှ ထိုင်ရာကနေထလိုက်ကာ အဆောင်ထဲပြန်ဝင်ရန်ပြင်လိုက်သော Taehyung၏အင်္ကျီလက်ပေါ်သို့ အိမ်မြှောင်တစ်ကောင်သည်ပြုတ်ကျလာခဲ့လျှင် Taehyungသည် ရုတ်တရက်မို့လန့်သွားရသော်လည်း ထူးထူးခြားခြားဘာမှဖြစ်မနေဘဲ အိမ်မြှောင်၏အမြီးကိုဆွဲကာ သူ့အင်္ကျီအပေါ်ကနေ ဖယ်ရှားလိုက်လေတော့သည် ။
ဒီအဆောင်မှာ အိမ်မြှောင်တွေကလည်း များလိုက်တာ.. လွန်ပါရော..။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.
You are reading the story above: TeenFic.Net