𝘻𝘢𝘸𝘨𝘺𝘪
Taehyungသည္ crushႏွင့္အျပန္အလွန္ ပို႔ထားသည့္ စာတိုေတြကို ခဏခဏျပန္ဆြဲၾကည့္ၾကည့္ေနသည္မွာ ဘယ္ႏွစ္ေခါက္ဘယ္ႏွစ္ခါရွိေနၿပီမွန္း မေရတြက္နိုင္ေတာ့ေပ ။
" ဟီးဟီး...."
ရိုးရိုးရွင္းရွင္း စာေလးေတြကို အထပ္ထပ္အခါခါဖတ္ၿပီး သေဘာက်ေက်နပ္မႈေၾကာင့္ မ်က္ႏွာပိုးကိုလည္းေတာ္႐ုံမသတ္နိုင္ ။
ႏြားကေလးက ေတာ္ေတာ္ခ်စ္ဖို႔ေကာင္း..။
ခ်စ္စနိုးႏွင့္ ထိုနာမ္စားကိုသုံးၿပီးသြားမွ သူ႕crushကို ၿပိဳင္တြဲခဲ့သည္ဆိုေသာ စီနီယာအစ္မႀကီး၏အေၾကာင္းကေခါင္းထဲဝင္လာသည္ ။
မွတ္ေလာက္သားေလာက္ေအာင္ အဲ့ဒီ့သက္ႀကီးအိုၾကားကိုလည္း ပညာျပန္ေပးပစ္ရမွာကို..။
သင္းက ဒီအတိုင္း ၿငိမ္ခံေနခဲ့တာလား?..
" အားရွ္... ေတြးရင္းနဲ႕ေတာင္ ေဒါသထြက္တယ္... "
Taehyungသည္ အၾကည္ဓာတ္ေလးေပ်ာက္မည္စိုး၍ ထိုအေၾကာင္းကို ေခါင္းထဲက ထုတ္လိုက္ရင္း crushႏွင့္အျပန္အလွန္ပို႔ထားသည့္ စာေလးေတြကိုထပ္ဖတ္ေနလိုက္သည္ ။
ဘာမွမဟုတ္တဲ့ ဒီလိုစာပို႔တာေလးေတာင္ Kim Taehyungတို႔ ႐ူးမတတ္ျဖစ္ေနတာ..။
crushႏွင့္ အီစီကလီရိုက္သည့္စာေတြသာဆိုလို႔ကေတာ့ ႐ူးသြားမည္ထင္ ။
" ဟီးဟီး...."
Taehyungသည္ ထိုေန႕ညတာတစ္ညလုံးကို ဟီလာတိုက္လ်က္ crushႏွင့္ပို႔ထားသည့္စာေတြကို အျပန္အလွန္ဖတ္ရင္းသာ အခ်ိန္ကုန္ဆုံးလို႔ကုန္ဆုံးမွန္းမသိ ။
ေနာက္တစ္ေန႕မနက္က် တက္ႂကြစြာပင္ တကၠသိုလ္ေက်ာင္းေတာ္ႀကီးဆီသို႔ ျမႇောက္ႂကြျမႇောက္ႂကြ ေျခလမ္းမ်ားႏွင့္ ဦးတည္လာခဲ့သည္ ။
Taehyungအတန္းထဲကိုေရာက္ေတာ့ သူကပဲတက္ႂကြေန၍လားမသိ၊ အတန္းသားတစ္ေယာက္စႏွစ္ေယာက္စသာ ရွိသည္ ။
" ငါ.. အေစာႀကီးလာမိသြားတာလား...."
Jiminကလည္းမေရာက္ေသး၍ ေက်ာပိုးအိတ္ခြၽတ္ကာ ဖုန္းထိုင္သုံးေနလိုက္သည္ ။
အေခါက္ေခါက္အခါခါ အလည္ေရာက္ျဖစ္သည့္ Crush၏accထဲ အလည္တစ္ေက်ာ့ျပန္ေရာက္ေနစဥ္ အတန္းသားေတြသည္ တစ္စႏွင့္တစ္စေရာက္လာခဲ့ကာ Jiminလည္းေရာက္လာခဲ့သလို သိပ္မၾကာလိုက္၊ Jeon Jungkookတို႔အုပ္စုလည္းေရာက္လာခဲ့သည္ ။
Taehyungသည္ မွတ္မိေနသည့္ သူတို႔အဖြဲ႕၏ဆူညံဆူညံစကားသံမ်ားကိုၾကားသည္ႏွင့္ ကိုယ္ဟန္ေလးမတ္သြားခဲ့ကာ အေပါက္ဝကို ေမွ်ာ္လင့္တႀကီးေစာင့္စားေနမိသည္ ။
သူ႕သူငယ္ခ်င္းေတြၾကားထဲ၌ Taehyung၏မ်က္ဝန္းထဲ သူ႕တစ္ေယာက္သာထင္ေပၚေနကာ Jeon Jungkookက Taehyungရွိရာဘက္ မေတာ္တဆ အၾကည့္ေရာက္လာသည့္အခါ Taehyungသည္ လွပခ်စ္စဖြယ္ေလးေထာင့္အၿပဳံးေလးႏွင့္ ႀကိဳဆိုလိုက္၏ ။
Taehyung၏အၿပဳံးေၾကာင့္ နား႐ြက္ဖ်ားအနည္းငယ္ရဲသြားခဲ့သည့္ Jungkookသည္ တန္ျပန္အၿပဳံးတစ္ခုကိုေပးလာခဲ့သည္ ။
ထိုအခိုက္အတန့္က ကမၻာေလာကႀကီးထဲတြင္ Taehyungႏွင့္ Jeon Jungkookႏွစ္ေယာက္ထဲသာက်န္ရစ္ခဲ့သလိုမ်ိဳး လႈပ္ရွားမႈေတြတိုင္းကလည္း ႏွေးေကြးသြားရသည္ ။
သူတို႔ႏွစ္ေယာက္၏အၾကည့္ခ်င္းဆုံသြားမႈကို အေပါင္းအသင္းေတြႏွင့္အတန္းသားတစ္ခ်ိဳ႕က ရိပ္မိကာ ၿပဳံးစိစိ ။
Jungkookသည္ အနည္းငယ္ ပူအိုက္ပူေလာင္ခံစားခ်က္ႏွင့္အတူ Kim Taehyung၏ခုံေဘးကေန ျဖတ္ေက်ာ္ေလွ်ာက္ခဲ့ရၿပီး သူ႕၏စာသင္ခုံတြင္ဝင္ထိုင္လိုက္သည္ ။
Taehyungဟာလည္း ၾကည္ႏူးႏွစ္သက္မႈႏွင့္အတူ ေက်ာပိုးအိတ္ထဲကေန စာအုပ္အခ်ိဳ႕ကိုထုတ္လိုက္ရင္း ဆရာဝင္လာသည့္အခါ သင္ၾကားေရးပိုင္းကို အာ႐ုံစိုက္လိုက္ေတာ့သည္ ။
" Jungkook... ငါတို႔ စာအတူလုပ္မယ္ေျပာထားတာ.. မွတ္မိတယ္မလား..."
" ေအာ...."
အတန္းၿပီးသည့္အခါ Taehyungဘက္ကေနပင္ Jeon Jungkookကို စတင္ခ်ဥ္းကပ္လိုက္သည္ ။
" Mingyu... မင္းတို႔ေရာ.. Assignmentအတြက္.. စာမလုပ္ၾကဘူးလား.. အတူတူလုပ္မယ္ေလ..."
Jungkookသည္ Kim Taehyungႏွင့္ ႏွစ္ေယာက္တည္းစာလုပ္ဖို႔အတြက္က တစ္မ်ိဳးႀကီးခံစားေနရ၍ ေဘာ္ဒါေတြကိုအေဖာ္စပ္လိုက္သည္ ။
" အာ... မလုပ္ခ်င္ပါဘူး... အခ်ိန္နီးမွ ကိုယ့္ကိုယ္ေရးတင္လိုက္မယ္.. မင္းတို႔ဘာသာပဲလုပ္..."
" ဟုတ္တယ္.. စာကိုေတာ့ အေဖာ္လာမစပ္နဲ႕.. သားႀကီး..."
Taehyungက Jungkookကိုႀကိဳက္ေနမွန္း အကုန္လုံးကသိေနၾက၍ သူငယ္ခ်င္းေတြကလည္း အလိုက္တသိႏွင့္ သူတို႔ႏွစ္ဦးထဲအခ်ိန္ကုန္ဆုံးနိုင္ေအာင္ ပံ့ပိုးကူညီၾကသည္ ။
Taehyungသည္ အလိုက္သိလွေသာ Jeon Jungkook၏သူငယ္ခ်င္းေတြကို ေတာ္သည္ဟူသည့္သေဘာႏွင့္ အၿပဳံးႀကီးႀကီးေပးလိုက္လွ်င္ Mingyuတို႔က Jungkookေနာက္ကြယ္ကေန Taehyungကို ႀကိဳးစားထားဆိုသည့္ဟန္ႏွင့္ Fightingေတြလုပ္ျပၿပီး ထြက္ခြာသြားၾကသည္ ။
" ဒီေကာင္ေတြကေတာ့... တကယ္ပါပဲ..."
Jungkookသည္ သူ႕ကိုေနာက္ခ်န္သြားၾကေသာ သူငယ္ခ်င္းေတြေၾကာင့္ Kim Taehyungဘက္ကို မလုံမလဲၾကည့္မိလိုက္သည္ ။
သူ႕အား အရည္လဲ့ေနသည့္မ်က္လုံးလွလွေတြႏွင့္ ၾကည့္ေနပါေသာKim Taehyungႏွင့္အၾကည့္ခ်င္းဆုံလွ်င္ နား႐ြက္ေတြက ပူထူလာသလိုခံစားလိုက္ရျပန္သည္ ။
" အဟမ္း.. ငါတို႔ ႏွစ္ေယာက္ပဲ... စာလုပ္ရမယ္ထင္တယ္.. အဆင္ေျပတယ္မလား..."
" အင္း... ေျပတယ္.. ဘယ္မွာလုပ္ၾကမလဲ..."
" စာၾကည့္တိုက္... သြားမယ္ေလ.. အဲ့မွာက.. စာလုပ္ရ အဆင္ေျပဆုံးပဲ..."
" အင္း...."
သို႔ႏွင့္ Taehyungတို႔ႏွစ္ေယာက္သည္ ေက်ာင္းစာၾကည့္တိုက္ဘက္ကို အတူယွဥ္တြဲေလွ်ာက္လာခဲ့ၾကသည္ ။
Jungkookက ရွပ္အကြက္ေလးႏွင့္ဂ်င္းကိုရိုးရိုးရွင္းရွင္း ဝတ္စားထားကာ ေက်ာပိုးအိတ္ကိုက ပခုံးတစ္ဖက္ေပၚသာ တင္လြယ္ထားသည္ ။
Taehyungဟာေတာ့ ဘြိုင္လာဂ်င္းေဘာင္းဘီမိုးျပာေရာင္ေလးႏွင့္ လူငယ္ဆန္ဆန္အသြင္အျပင္ျဖင့္ ခ်စ္ဖို႔ေကာင္းေနသည္ ။
ေက်ာပိုးအိတ္ႀကိဳးႏွစ္ဖက္လုံးကို လက္ႏွင့္ဆုပ္ကိုင္ထားရင္း crushႏွင့္ စာလုပ္ရမည္ေၾကာင့္ တက္ႂကြေနသည့္Taehyung၏ေျခလမ္းေတြ...။
စာၾကည့္တိုက္သို႔ေရာက္လွ်င္ လူလစ္လွပ္သည့္ စားပြဲတစ္ခုတြင္ေနရာယူလိုက္ၾကကာ Assignmentႏွင့္သက္ဆိုင္သည့္ အေထာက္အကူသင္ရိုးစာအုပ္တစ္ခ်ိဳ႕ ရွာေဖြရသည္ ။
စာအုပ္စင္တန္းတစ္ခုမွာ ေဘးခ်င္းယွဥ္ရပ္၍ စာအုပ္ရွာေဖြေနပါသည့္ Taehyungႏွင့္ Jungkook၏အရပ္က မတိမ္းမယိမ္း ။
Taehyungသည္ Jungkookေ႐ြ႕သြားသည့္ ေျခလမ္းအတိုင္း မသိမသာလိုက္တိုးကပ္ေနကာ သူတို႔ႏွစ္ဦး၏ပခုံးစြန္းေလးေတြသည္ ထိတိုက္လုမတတ္အေျခအေနရွိေနသည္ ။
crushႏွင့္ နီးနီးကပ္ကပ္ရွိေနရသည့္ အေျခအေနေၾကာင့္ Taehyung၏ႏွလုံးသားေလးသည္ ပုံမွန္ထက္စိတ္လႈပ္ရွားစြာႏွင့္ ခုန္ေပါက္လ်က္ရွိေနသည္ ။
နီးကပ္ေနသည့္crushထံကေန lotionအနံ႕လား ေရေမႊးနံ႕လားမသိ၊ ခပ္သင္းသင္းရနံ႕ေလးကိုလည္းရသည္ ။
" အ... မမွီဘူးပဲ..."
စာအုပ္စင္တန္း၏အေပၚဘက္က စာအုပ္ေလးတစ္အုပ္ကို ေျခဖ်ားေလးေထာက္ကာ ယူဟန္ျပဳလိုက္သည့္Taehyung ။
သူ႕၏စိတ္ထဲတြင္ သူမမွီလွ်င္ Jeon Jungkookက ယူေပးမည္အထင္ေရာက္ခဲ့သည္ ။
ထို႔ေၾကာင့္ Jungkookၾကားေအာင္ ေရ႐ြတ္ၿပီး Jungkookက သူ႕ကိုအကူအညီေပးေအာင္ မ်က္လုံးလွလွေလးေတြႏွင့္လည္း ေစာင္းငဲ့ၾကည့္လိုက္ေသးသည္ ။
Jungkookသည္ သူႏွင့္မတိမ္းမယိမ္း Kim Taehyung၏အရပ္ေၾကာင့္ Kim Taehyungကိုတစ္လွည့္ Kim Taehyungမမွီနိုင္ေသာ စာအုပ္ကိုလည္းတစ္ခ်က္လွမ္းၾကည့္သည္ ။
" မင္း မမွီရင္... ငါလည္း.. မမွီဘူး..."
တုံးတိႀကီးအေျဖေပးလာခဲ့သည့္ ငတုံးcrushေၾကာင့္ ရင္ခုန္စိတ္လႈပ္ရွားေနသည့္Taehyung၏ခံစားခ်က္ေတြပင္ ၾကက္ေပ်ာက္ဌက္ေပ်ာက္ ျဖစ္ခ်င္သြားသည္ ။
" အာ..."
" ေလွကားရွိမယ္ထင္တယ္... ခဏ... ငါ ရွာလိုက္မယ္..."
" ရတယ္.. မရွာနဲ႕.. ငါ အဲ့စာအုပ္ကို မယူေတာ့ဘူး..."
" ဟိုမွာေတြ႕ၿပီ..."
ခပ္လွမ္းလွမ္းတြင္ စာအုပ္စင္အျမင့္ပိုင္းက စာအုပ္ေတြကိုယူရလြယ္ကူေစရန္ ထားရွိေပးထားသည့္ေလွကားကို ေတြ႕သြားသည့္Jungkookက Taehyungကတားျမစ္သည့္တိုင္ ခပ္ျမန္ျမန္ပင္သြားယူခဲ့သည္ ။
ေလွကားယူၿပီး Taehyungအလိုရွိသည့္စာအုပ္ကို ယူရန္အားထုတ္ေပးသည့္crushက ဆိုးေတာ့မဆိုး ။
Taehyungသည္ သူ႕အေပၚအေရးစိုက္ေသာ Jeon Jungkookေၾကာင့္ ႏႈတ္ခမ္းသားေလးပင္ ၿပဳံးတုံ႕တုံ႕ ။
" ဒီမွာ... ေလွကားယူလာေပးတယ္.. မင္း.. တက္ယူလို႔ရၿပီ..."
သို႔ေသာ္ ထိုcrushေကာင္က ႐ုပ္ကသာေခ်ာၿပီး ဦးႏွောက္သုံးစားမရသည့္အခါ Taehyungအနား ေလွကားထားေပးၿပီးသည္ႏွင့္ သူ႕ကိုယ္သူ စာအုပ္ျပန္ရွာေနလွ်င္ Taehyungမွာ ေျပာစရာစကားေတာင္ ေပ်ာက္ရွသြားရသည္ ။
ဒီေကာင္က.. တကယ္.. ငတုံးပဲ...။
" မတက္ဘူးလား..."
" တက္မွာ...."
စာအုပ္ကိုတက္မယူေသးသည့္ Taehyungကို ထိုသို႔ပင္ အေမးထုတ္လာေဖာ္ရေသးလွ်င္ Taehyungသည္ အီလည္လည္ႏွင့္သာ ေလွကားကေနတဆင့္တက္ၿပီး စာအုပ္ကိုယူေဆာင္လိုက္ရသည္ ။
" အေမ့!...."
ေလွကားထစ္အဆင္း၌ ေျခေခ်ာ္က်မလိုျဖစ္သြားပါသည့္Taehyungသည္ လက္တစ္ဖက္ကလည္း စာအုပ္ကိုင္ေဆာင္လ်က္သားမို႔ ဟန္ခ်က္မထိန္းနိုင္လိုက္ဘဲ ေနာက္သို႔လွန္က်သြားလွ်င္ Jungkookသည္ အေနာက္ကေနၿပီး Taehyung၏ခါးေလးကို သူ႕လက္ႏွစ္ဖက္လုံးႏွင့္ ထိန္းကိုင္၍ ဟန္ခ်က္ညွိေပးလာသည္ ။
ေလွကားထက္မွာ ရွိေနဆဲျဖစ္ေသာTaehyung၏ ခါးေလးသည္ Jungkook၏လက္ႏွစ္ဖက္ၾကားထဲမွာ အံဝင္ခြင္က် ။
Jungkookေၾကာင့္ပင္ Taehyung ေနာက္လွန္မက်သြားရတာ..။
လန့္သြားသည့္စိတ္ကသက္သက္၊ ၾကည္ႏူးႏွစ္သက္သည့္စိတ္ကသက္သက္ျဖစ္၍ Taehyungသည္ၿပဳံးတုံ႕တုံ႕ေလးျဖစ္သြားရသည္ ။
" ေက်းဇူးပဲ..."
" ရ...ရတယ္.. သတိထားၿပီးဆင္း...."
Jungkookဟာေတာ့ ေသးသြယ္သည့္ခါးထက္က သူ႕လက္အစုံကို ကျပာကယာျပန္ဖယ္လိုက္ရင္း ရွက္႐ြံ႕သြားသလိုမ်ိဳး မေနတတ္မထိုင္တတ္ျဖစ္သြားရသည္ ။
ဒီအႀကိမ္မွာေတာ့ သူ႕နား႐ြက္ဖ်ားသာမက တစ္ကိုယ္လုံးပူထူသြားခဲ့ရတာ..။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘶𝘯𝘪𝘤𝘰𝘥𝘦
Taehyungသည် crushနှင့်အပြန်အလှန် ပို့ထားသည့် စာတိုတွေကို ခဏခဏပြန်ဆွဲကြည့်ကြည့်နေသည်မှာ ဘယ်နှစ်ခေါက်ဘယ်နှစ်ခါရှိနေပြီမှန်း မရေတွက်နိုင်တော့ပေ ။
" ဟီးဟီး...."
ရိုးရိုးရှင်းရှင်း စာလေးတွေကို အထပ်ထပ်အခါခါဖတ်ပြီး သဘောကျကျေနပ်မှုကြောင့် မျက်နှာပိုးကိုလည်းတော်ရုံမသတ်နိုင် ။
နွားကလေးက တော်တော်ချစ်ဖို့ကောင်း..။
ချစ်စနိုးနှင့် ထိုနာမ်စားကိုသုံးပြီးသွားမှ သူ့crushကို ပြိုင်တွဲခဲ့သည်ဆိုသော စီနီယာအစ်မကြီး၏အကြောင်းကခေါင်းထဲဝင်လာသည် ။
မှတ်လောက်သားလောက်အောင် အဲ့ဒီ့သက်ကြီးအိုကြားကိုလည်း ပညာပြန်ပေးပစ်ရမှာကို..။
သင်းက ဒီအတိုင်း ငြိမ်ခံနေခဲ့တာလား?..
" အားရှ်... တွေးရင်းနဲ့တောင် ဒေါသထွက်တယ်... "
Taehyungသည် အကြည်ဓာတ်လေးပျောက်မည်စိုး၍ ထိုအကြောင်းကို ခေါင်းထဲက ထုတ်လိုက်ရင်း crushနှင့်အပြန်အလှန်ပို့ထားသည့် စာလေးတွေကိုထပ်ဖတ်နေလိုက်သည် ။
ဘာမှမဟုတ်တဲ့ ဒီလိုစာပို့တာလေးတောင် Kim Taehyungတို့ ရူးမတတ်ဖြစ်နေတာ..။
crushနှင့် အီစီကလီရိုက်သည့်စာတွေသာဆိုလို့ကတော့ ရူးသွားမည်ထင် ။
" ဟီးဟီး...."
Taehyungသည် ထိုနေ့ညတာတစ်ညလုံးကို ဟီလာတိုက်လျက် crushနှင့်ပို့ထားသည့်စာတွေကို အပြန်အလှန်ဖတ်ရင်းသာ အချိန်ကုန်ဆုံးလို့ကုန်ဆုံးမှန်းမသိ ။
နောက်တစ်နေ့မနက်ကျ တက်ကြွစွာပင် တက္ကသိုလ်ကျောင်းတော်ကြီးဆီသို့ မြှောက်ကြွမြှောက်ကြွ ခြေလမ်းများနှင့် ဦးတည်လာခဲ့သည် ။
Taehyungအတန်းထဲကိုရောက်တော့ သူကပဲတက်ကြွနေ၍လားမသိ၊ အတန်းသားတစ်ယောက်စနှစ်ယောက်စသာ ရှိသည် ။
" ငါ.. အစောကြီးလာမိသွားတာလား...."
Jiminကလည်းမရောက်သေး၍ ကျောပိုးအိတ်ချွတ်ကာ ဖုန်းထိုင်သုံးနေလိုက်သည် ။
အခေါက်ခေါက်အခါခါ အလည်ရောက်ဖြစ်သည့် Crush၏accထဲ အလည်တစ်ကျော့ပြန်ရောက်နေစဥ် အတန်းသားတွေသည် တစ်စနှင့်တစ်စရောက်လာခဲ့ကာ Jiminလည်းရောက်လာခဲ့သလို သိပ်မကြာလိုက်၊ Jeon Jungkookတို့အုပ်စုလည်းရောက်လာခဲ့သည် ။
Taehyungသည် မှတ်မိနေသည့် သူတို့အဖွဲ့၏ဆူညံဆူညံစကားသံများကိုကြားသည်နှင့် ကိုယ်ဟန်လေးမတ်သွားခဲ့ကာ အပေါက်ဝကို မျှော်လင့်တကြီးစောင့်စားနေမိသည် ။
သူ့သူငယ်ချင်းတွေကြားထဲ၌ Taehyung၏မျက်ဝန်းထဲ သူ့တစ်ယောက်သာထင်ပေါ်နေကာ Jeon Jungkookက Taehyungရှိရာဘက် မတော်တဆ အကြည့်ရောက်လာသည့်အခါ Taehyungသည် လှပချစ်စဖွယ်လေးထောင့်အပြုံးလေးနှင့် ကြိုဆိုလိုက်၏ ။
Taehyung၏အပြုံးကြောင့် နားရွက်ဖျားအနည်းငယ်ရဲသွားခဲ့သည့် Jungkookသည် တန်ပြန်အပြုံးတစ်ခုကိုပေးလာခဲ့သည် ။
ထိုအခိုက်အတန့်က ကမ္ဘာလောကကြီးထဲတွင် Taehyungနှင့် Jeon Jungkookနှစ်ယောက်ထဲသာကျန်ရစ်ခဲ့သလိုမျိုး လှုပ်ရှားမှုတွေတိုင်းကလည်း နှေးကွေးသွားရသည် ။
သူတို့နှစ်ယောက်၏အကြည့်ချင်းဆုံသွားမှုကို အပေါင်းအသင်းတွေနှင့်အတန်းသားတစ်ချို့က ရိပ်မိကာ ပြုံးစိစိ ။
Jungkookသည် အနည်းငယ် ပူအိုက်ပူလောင်ခံစားချက်နှင့်အတူ Kim Taehyung၏ခုံဘေးကနေ ဖြတ်ကျော်လျှောက်ခဲ့ရပြီး သူ့၏စာသင်ခုံတွင်ဝင်ထိုင်လိုက်သည် ။
Taehyungဟာလည်း ကြည်နူးနှစ်သက်မှုနှင့်အတူ ကျောပိုးအိတ်ထဲကနေ စာအုပ်အချို့ကိုထုတ်လိုက်ရင်း ဆရာဝင်လာသည့်အခါ သင်ကြားရေးပိုင်းကို အာရုံစိုက်လိုက်တော့သည် ။
" Jungkook... ငါတို့ စာအတူလုပ်မယ်ပြောထားတာ.. မှတ်မိတယ်မလား..."
" အော...."
အတန်းပြီးသည့်အခါ Taehyungဘက်ကနေပင် Jeon Jungkookကို စတင်ချဥ်းကပ်လိုက်သည် ။
" Mingyu... မင်းတို့ရော.. Assignmentအတွက်.. စာမလုပ်ကြဘူးလား.. အတူတူလုပ်မယ်လေ..."
Jungkookသည် Kim Taehyungနှင့် နှစ်ယောက်တည်းစာလုပ်ဖို့အတွက်က တစ်မျိုးကြီးခံစားနေရ၍ ဘော်ဒါတွေကိုအဖော်စပ်လိုက်သည် ။
" အာ... မလုပ်ချင်ပါဘူး... အချိန်နီးမှ ကိုယ့်ကိုယ်ရေးတင်လိုက်မယ်.. မင်းတို့ဘာသာပဲလုပ်..."
" ဟုတ်တယ်.. စာကိုတော့ အဖော်လာမစပ်နဲ့.. သားကြီး..."
Taehyungက Jungkookကိုကြိုက်နေမှန်း အကုန်လုံးကသိနေကြ၍ သူငယ်ချင်းတွေကလည်း အလိုက်တသိနှင့် သူတို့နှစ်ဦးထဲအချိန်ကုန်ဆုံးနိုင်အောင် ပံ့ပိုးကူညီကြသည် ။
Taehyungသည် အလိုက်သိလှသော Jeon Jungkook၏သူငယ်ချင်းတွေကို တော်သည်ဟူသည့်သဘောနှင့် အပြုံးကြီးကြီးပေးလိုက်လျှင် Mingyuတို့က Jungkookနောက်ကွယ်ကနေ Taehyungကို ကြိုးစားထားဆိုသည့်ဟန်နှင့် Fightingတွေလုပ်ပြပြီး ထွက်ခွာသွားကြသည် ။
" ဒီကောင်တွေကတော့... တကယ်ပါပဲ..."
Jungkookသည် သူ့ကိုနောက်ချန်သွားကြသော သူငယ်ချင်းတွေကြောင့် Kim Taehyungဘက်ကို မလုံမလဲကြည့်မိလိုက်သည် ။
သူ့အား အရည်လဲ့နေသည့်မျက်လုံးလှလှတွေနှင့် ကြည့်နေပါသောKim Taehyungနှင့်အကြည့်ချင်းဆုံလျှင် နားရွက်တွေက ပူထူလာသလိုခံစားလိုက်ရပြန်သည် ။
" အဟမ်း.. ငါတို့ နှစ်ယောက်ပဲ... စာလုပ်ရမယ်ထင်တယ်.. အဆင်ပြေတယ်မလား..."
" အင်း... ပြေတယ်.. ဘယ်မှာလုပ်ကြမလဲ..."
" စာကြည့်တိုက်... သွားမယ်လေ.. အဲ့မှာက.. စာလုပ်ရ အဆင်ပြေဆုံးပဲ..."
" အင်း...."
သို့နှင့် Taehyungတို့နှစ်ယောက်သည် ကျောင်းစာကြည့်တိုက်ဘက်ကို အတူယှဥ်တွဲလျှောက်လာခဲ့ကြသည် ။
Jungkookက ရှပ်အကွက်လေးနှင့်ဂျင်းကိုရိုးရိုးရှင်းရှင်း ဝတ်စားထားကာ ကျောပိုးအိတ်ကိုက ပခုံးတစ်ဖက်ပေါ်သာ တင်လွယ်ထားသည် ။
Taehyungဟာတော့ ဘွိုင်လာဂျင်းဘောင်းဘီမိုးပြာရောင်လေးနှင့် လူငယ်ဆန်ဆန်အသွင်အပြင်ဖြင့် ချစ်ဖို့ကောင်းနေသည် ။
ကျောပိုးအိတ်ကြိုးနှစ်ဖက်လုံးကို လက်နှင့်ဆုပ်ကိုင်ထားရင်း crushနှင့် စာလုပ်ရမည်ကြောင့် တက်ကြွနေသည့်Taehyung၏ခြေလမ်းတွေ...။
စာကြည့်တိုက်သို့ရောက်လျှင် လူလစ်လှပ်သည့် စားပွဲတစ်ခုတွင်နေရာယူလိုက်ကြကာ Assignmentနှင့်သက်ဆိုင်သည့် အထောက်အကူသင်ရိုးစာအုပ်တစ်ချို့ ရှာဖွေရသည် ။
စာအုပ်စင်တန်းတစ်ခုမှာ ဘေးချင်းယှဥ်ရပ်၍ စာအုပ်ရှာဖွေနေပါသည့် Taehyungနှင့် Jungkook၏အရပ်က မတိမ်းမယိမ်း ။
Taehyungသည် Jungkookရွေ့သွားသည့် ခြေလမ်းအတိုင်း မသိမသာလိုက်တိုးကပ်နေကာ သူတို့နှစ်ဦး၏ပခုံးစွန်းလေးတွေသည် ထိတိုက်လုမတတ်အခြေအနေရှိနေသည် ။
crushနှင့် နီးနီးကပ်ကပ်ရှိနေရသည့် အခြေအနေကြောင့် Taehyung၏နှလုံးသားလေးသည် ပုံမှန်ထက်စိတ်လှုပ်ရှားစွာနှင့် ခုန်ပေါက်လျက်ရှိနေသည် ။
နီးကပ်နေသည့်crushထံကနေ lotionအနံ့လား ရေမွှေးနံ့လားမသိ၊ ခပ်သင်းသင်းရနံ့လေးကိုလည်းရသည် ။
" အ... မမှီဘူးပဲ..."
စာအုပ်စင်တန်း၏အပေါ်ဘက်က စာအုပ်လေးတစ်အုပ်ကို ခြေဖျားလေးထောက်ကာ ယူဟန်ပြုလိုက်သည့်Taehyung ။
သူ့၏စိတ်ထဲတွင် သူမမှီလျှင် Jeon Jungkookက ယူပေးမည်အထင်ရောက်ခဲ့သည် ။
ထို့ကြောင့် Jungkookကြားအောင် ရေရွတ်ပြီး Jungkookက သူ့ကိုအကူအညီပေးအောင် မျက်လုံးလှလှလေးတွေနှင့်လည်း စောင်းငဲ့ကြည့်လိုက်သေးသည် ။
Jungkookသည် သူနှင့်မတိမ်းမယိမ်း Kim Taehyung၏အရပ်ကြောင့် Kim Taehyungကိုတစ်လှည့် Kim Taehyungမမှီနိုင်သော စာအုပ်ကိုလည်းတစ်ချက်လှမ်းကြည့်သည် ။
" မင်း မမှီရင်... ငါလည်း.. မမှီဘူး..."
တုံးတိကြီးအဖြေပေးလာခဲ့သည့် ငတုံးcrushကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေသည့်Taehyung၏ခံစားချက်တွေပင် ကြက်ပျောက်ဌက်ပျောက် ဖြစ်ချင်သွားသည် ။
" အာ..."
" လှေကားရှိမယ်ထင်တယ်... ခဏ... ငါ ရှာလိုက်မယ်..."
" ရတယ်.. မရှာနဲ့.. ငါ အဲ့စာအုပ်ကို မယူတော့ဘူး..."
" ဟိုမှာတွေ့ပြီ..."
ခပ်လှမ်းလှမ်းတွင် စာအုပ်စင်အမြင့်ပိုင်းက စာအုပ်တွေကိုယူရလွယ်ကူစေရန် ထားရှိပေးထားသည့်လှေကားကို တွေ့သွားသည့်Jungkookက Taehyungကတားမြစ်သည့်တိုင် ခပ်မြန်မြန်ပင်သွားယူခဲ့သည် ။
လှေကားယူပြီး Taehyungအလိုရှိသည့်စာအုပ်ကို ယူရန်အားထုတ်ပေးသည့်crushက ဆိုးတော့မဆိုး ။
Taehyungသည် သူ့အပေါ်အရေးစိုက်သော Jeon Jungkookကြောင့် နှုတ်ခမ်းသားလေးပင် ပြုံးတုံ့တုံ့ ။
" ဒီမှာ... လှေကားယူလာပေးတယ်.. မင်း.. တက်ယူလို့ရပြီ..."
သို့သော် ထိုcrushကောင်က ရုပ်ကသာချောပြီး ဦးနှောက်သုံးစားမရသည့်အခါ Taehyungအနား လှေကားထားပေးပြီးသည်နှင့် သူ့ကိုယ်သူ စာအုပ်ပြန်ရှာနေလျှင် Taehyungမှာ ပြောစရာစကားတောင် ပျောက်ရှသွားရသည် ။
ဒီကောင်က.. တကယ်.. ငတုံးပဲ...။
" မတက်ဘူးလား..."
" တက်မှာ...."
စာအုပ်ကိုတက်မယူသေးသည့် Taehyungကို ထိုသို့ပင် အမေးထုတ်လာဖော်ရသေးလျှင် Taehyungသည် အီလည်လည်နှင့်သာ လှေကားကနေတဆင့်တက်ပြီး စာအုပ်ကိုယူဆောင်လိုက်ရသည် ။
" အမေ့!...."
လှေကားထစ်အဆင်း၌ ခြေချော်ကျမလိုဖြစ်သွားပါသည့်Taehyungသည် လက်တစ်ဖက်ကလည်း စာအုပ်ကိုင်ဆောင်လျက်သားမို့ ဟန်ချက်မထိန်းနိုင်လိုက်ဘဲ နောက်သို့လှန်ကျသွားလျှင် Jungkookသည် အနောက်ကနေပြီး Taehyung၏ခါးလေးကို သူ့လက်နှစ်ဖက်လုံးနှင့် ထိန်းကိုင်၍ ဟန်ချက်ညှိပေးလာသည် ။
လှေကားထက်မှာ ရှိနေဆဲဖြစ်သောTaehyung၏ ခါးလေးသည် Jungkook၏လက်နှစ်ဖက်ကြားထဲမှာ အံဝင်ခွင်ကျ ။
Jungkookကြောင့်ပင် Taehyung နောက်လှန်မကျသွားရတာ..။
လန့်သွားသည့်စိတ်ကသက်သက်၊ ကြည်နူးနှစ်သက်သည့်စိတ်ကသက်သက်ဖြစ်၍ Taehyungသည်ပြုံးတုံ့တုံ့လေးဖြစ်သွားရသည် ။
" ကျေးဇူးပဲ..."
" ရ...ရတယ်.. သတိထားပြီးဆင်း...."
Jungkookဟာတော့ သေးသွယ်သည့်ခါးထက်က သူ့လက်အစုံကို ကပြာကယာပြန်ဖယ်လိုက်ရင်း ရှက်ရွံ့သွားသလိုမျိုး မနေတတ်မထိုင်တတ်ဖြစ်သွားရသည် ။
ဒီအကြိမ်မှာတော့ သူ့နားရွက်ဖျားသာမက တစ်ကိုယ်လုံးပူထူသွားခဲ့ရတာ..။
.
.
.
𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.
You are reading the story above: TeenFic.Net