𝘍𝘰𝘶𝘳

Background color
Font
Font size
Line height

𝘻𝘢𝘸𝘨𝘺𝘪

Taehyungသည္ အိမ္ျပန္ေရာက္သည္အထိ ခံစားခ်က္တို႔ကတႏုံ႕ႏုံ႕ျဖစ္ေနဆဲ ။

ကိုယ္လုံးေပၚမွန္အေရွ႕မွာလည္း သူ႕႐ုပ္သူသြားၾကည့္ၿပီး ပိုက္ဆံေခ်းခ်င္သည့္႐ုပ္ျဖစ္ေနလားလည္း သြားစစ္ေဆးရသည္ ။

မွန္ထဲတြင္ထင္ဟပ္ေနသည္က ေ႐ႊေရာင္အဆင္းအသားအေရႏွင့္ ျပစ္ခ်က္ရွာမရေအာင္ေခ်ာေမာသည့္ပုံရိပ္ ။

ငါ ဒီေလာက္ေခ်ာတဲ့ဟာ.. အဲ့ဒီ့crushေကာင္ ဦးေခါင္းက တစ္ခန္းလႊတ္ေနတာမ်ားလား??...

အမွန္ဆို သူ.. ငါ့ကို ျပန္ေႂကြကိုေႂကြရေတာ့မွာေလ..။

အခုက် Taehyungႏွင့္ အဲ့ဒီ့crushေကာင္ရဲ႕ဆက္ဆံေရးက မ်ဥ္းၿပိဳင္ႏွစ္ခုလိုမ်ိဳး တန္းတန္းမတ္မတ္ႀကီးျဖစ္ေနဆဲျဖစ္ကာ သူႏွင့္ဆုံစည္းဖို႔အတြက္ လမ္းစကိုရွာလို႔မရေသး..။

မိမိ၏ကုတင္ထက္ ဝမ္းလ်ားထိုးေမွာက္လိုက္ကာ ေခါင္းအုံးထဲမ်က္ႏွာအပ္လိုက္ၿပီး Taehyung၏ေျခေထာက္ေလးေတြသည္ အလိုမက်မႈေၾကာင့္ တြန့္လိမ္ေနေတာ့သည္ ။

တစ္ဖက္မွ Jeon Jungkookဟာလည္း သူ ဘာအမွားလုပ္မိသြားမွန္းစဥ္းစားလို႔မရ ။
kim Taehyungက ပိုက္ဆံေခ်းခ်င္တဲ့အကူအညီမဟုတ္ဘူးဆိုရင္ သူ႕ဆီကေန ဘာအကူအညီလိုခ်င္တာလဲ??...

စိတ္ဆိုးပုံရသြားသည့္ Kim Taehyungပုံရိပ္ကိုျပန္ျမင္ေယာင္လာလွ်င္ Jungkookသည္ ပင့္သက္ရွိုက္မိသြားသည္ ။
Kim Taehyungကို သူ စိတ္ဆိုးေအာင္လုပ္ခ်င္ခဲ့တာမ်ိဳး မဟုတ္ဘူး..။
သူက ဒီအတိုင္း အကူအညီေတာင္းရခက္ခဲေနမွာစိုးလို႔ လမ္းစဖြင့္ေပး႐ုံ..။

Jungkookသည္ သူ႕အေတြးထဲကေန Kim Taehyung၏အေၾကာင္းပေပ်ာက္ေစရန္ ေခါင္းယမ္းရွင္းထုတ္လိုက္ရသည္ ။
အခုတေလာ သူ Kim Taehyungအေၾကာင္းပဲ ေတြးေနမိတာက မ်ားေနၿပီ...။
.
.
.

" မေန႕က.. အဆင္မေျပဘူးလား... Taehyung.."

" အင္း.. ထားလိုက္ပါ... အဲ့ဒီ့အေၾကာင္း.. ျပန္ကိုမေျပာခ်င္ေတာ့ဘူး..."

ေက်ာင္းဝင္းထဲမွာ မနက္ပိုင္းအတန္းမတက္ခင္ အတူတူေလွ်ာက္လမ္းေနၾကပါသည့္ Taehyungႏွင့္Jimin ။

Taehyungသည္ မေန႕ကႀကဳံေတြ႕ခဲ့ရသည့္ crushေကာင္ႏွင့္အျဖစ္အပ်က္ကို ေယာင္ယမ္း၍ပင္မေတြးမိခ်င္စြာ ၾကက္သီးထသလို ေခါင္းယမ္းရွင္းထုတ္လိုက္သည္ ။

" ဘာလို႔လဲ..."

" ဒီအတိုင္းပဲ ရွိတယ္.. ငါ မနက္စာ မစားလာဘူး.. ဗိုက္ဆာတယ္.. ကန္တင္းသြားရေအာင္..."

" မင္း ေကြၽးမွာလား..."

" အေမရိကန္စစ္စတန္..."

" ဒါဆို.. မလိုက္ဘူး.. ေဟ့ေရာင္..."

" အမယ္ေလး.. လန့္လိုက္တာ!..."

သူငယ္ခ်င္း ႏွစ္ေယာက္သားသည္ ေလွ်ာက္လမ္းေလးထက္ တြတ္ထိုးၿပီး ေလွ်ာက္လမ္းေနစဥ္ သူတို႔ေဘးကေန ဆိုင္ကယ္တစ္စီးသည္ အၾကမ္းပတမ္းျဖတ္ေမာင္းသြားခဲ့သည့္အခါ လန့္ျဖတ္သြားေသာ Taehyungသည္ ဆဲေရးတိုင္းထြာရန္ျပင္လိုက္ၿပီးမွ crushေကာင္၏ဆိုင္ကယ္ျဖစ္ေနသည့္အခါ စိတ္ျပန္ေလွ်ာ့ခ်လိဳက္ရသည္ ။

" ေက်ာင္းဝင္းထဲမွာကို.. ဆိုင္ကယ္ကို ျဖည္းျဖည္းသာသာ ေမာင္းမယ္မရွိဘူး..."

သို႔ေပမယ့္ မဟုတ္မခံစိတ္ရွိသည္ေၾကာင့္ ဝသီအတိုင္း တစ္ခြန္းႏွစ္ခြန္းေတာ့ ေျပာထြက္သြားသည္ ။

Taehyungတို႔ ကန္တင္းရွိရာဘက္ ဦးမတည္ခင္ ခပ္လွမ္းလွမ္းမွာ ဆိုင္ကယ္ထိုးဆိုက္သြားသည့္ Jeon Jungkookက ဆိုင္ကယ္ထက္ကေနဆင္းၿပီး Helmetခြၽတ္လိုက္သည့္ျမင္ကြင္းအား Taehyungသည္ တေမ့တေမာလွမ္းၾကည့္မိသြားသည္ ။

" Aigoo.. အဲ့ေလာက္ေတာင္.. သေဘာက်တာလား.. သူ႕ကို.. ေနပါဦး.. ဘာလို႔ Jeon Jungkookကို မင္းကႀကိဳက္သြားတာလဲ..."

" အင္း.. သူနဲ႕ငါက.. ကံၾကမၼာက ဖန္ဆင္းေပးတဲ့.. ဖူးစာဖက္ေတြမလို႔ ေနမွာေပါ့.. ငါက သူ႕ရဲ႕ ခပ္ထြားထြား.. က်ားကိုးစီးစားမကုန္တဲ့ ခႏၶာကိုယ္ႀကီးကိုလည္းႀကိဳက္တယ္... ခပ္ျပဴးျပဴးမ်က္လုံးေတြကိုလည္း ႀကိဳက္တယ္... အေရွ႕ကိုထြက္ေနတဲ့ခပ္ႀကီးႀကီး သြားႏွစ္ေခ်ာင္းကိုလည္းႀကိဳက္တယ္... တုံးလြန္းတဲ့ဦးႏွောက္ကလည္း.. စိတ္မရွည္ခ်င္စရာေကာင္းေပမယ့္ ခ်စ္ဖို႔ေကာင္းတယ္.."

Kim Taehyung၏ crushအေပၚ တင္စားေနမႈမ်ားေၾကာင့္ Jimin၏မ်က္ႏွာမွာ ရႈံ႕တြသြားရသည္ ။

" မင္းက.. Crushေနတာေရာ ဟုတ္ရဲ႕လား... Bullyတာနဲ႕ ပိုတူေနတယ္.."

" ဗိုက္ဆာတယ္.. ကန္တင္းျမန္ျမန္သြားမယ္... ဗိုက္ျပည့္မွ ငါ သူ႕ကိုေငးနိုင္ဖို႔အင္အားရွိမွာ..."

" အူး... အသဲယားစရာႀကီး..."

Taehyungသည္ သူ႕ထက္အရပ္နိမ့္ေသာ Jimin၏ပခုံးေလးကို အားႏွင့္ဖက္တြယ္လိုက္ကာ ကန္တင္းဘက္ကို ေျခဦးလွည့္လိုက္သည္ ။

Taehyungကို လွမ္းေတြ႕သြားသည့္ Jungkookသည္ ဆိုင္ကယ္လက္ကိုင္မွာ Helmetကိုခ်ိတ္လိုက္ရင္း သူငယ္ခ်င္းျဖစ္သူႏွင့္ရယ္ရယ္ေမာေမာစကားေျပာရင္း ထြက္ခြာသြားေသာ Kim Taehyung၏ေနာက္ေက်ာပုံရိပ္ကို ၾကည့္က်န္ခဲ့ရသည္ ။

မေန႕က အေျခအေနသည္ သူတို႔ၾကား ကေတာက္ကဆမည္သည္ေျပာလို႔မရေပမယ့္ Kim Taehyungကို သူက စိတ္ဆိုးေအာင္လုပ္မိသြားတယ္ဆိုရင္ ျပန္ေတာင္းပန္စကားဆိုရဦးမည္မလား..။

ခဏအၾကာ၌ Jungkook၏ေဘာ္ဒါတစ္သိုက္သည္လည္း ဆိုင္ကယ္အသီးသီးႏွင့္ေရာက္လာၾကကာ သူတို႔အုပ္စုသည္ တ႐ုန္း႐ုန္းႏွင့္ အတန္းထဲဝင္ခဲ့ၾကေတာ့သည္ ။

Jungkookထိုင္ေနက် စာသင္ခုံသို႔ေရာက္လွ်င္ ထုံးစံအတိုင္းေတြ႕လိုက္ရပါသည့္ စာလႊာတစ္ခ်ိဳ႕ႏွင့္ သၾကားလုံးတစ္ခ်ိဳ႕..။
သူ႕ကို သေဘာက်ေနသည့္သူေတြထံမွ ရိုးရာမပ်က္စာေတြ၊လက္ေဆာင္ပစၥည္းပိုးေၾကးပန္းေၾကးေတြ ရေနက်ျဖစ္၍ Jungkookအတြက္ မထူးဆန္း ။

စာသင္ခုံထက္က စာလႊာႏွင့္သၾကားလုံးေတြကို ရွင္းလင္းလိုက္ကာ သူ႕၏ေနရာတြင္ဝင္ထိုင္စဥ္ သူ႕၏ဖုန္းထဲသို႔ဝင္လာပါသည့္ မတ္ေဆ့ခ်္ေတြ..။

'Jungkook.. အထင္လႊဲတာပါ.. Noonaရွင္းျပမယ္..။

'ဖုန္းဆက္တာ မကိုင္ခ်င္ရင္လည္း စာေလးေတာ့ ဝင္ဖတ္ေပး..။

'Jungkook ah.. Noonaမွာက.. မင္းပဲရွိတာ..။

'Noona တကယ္ခ်စ္တာက.. မင္းကိုပါ..။

Jungkookသည္ ဆက္တိုက္ဆိုသလို ဝင္လာသည့္စာေတြကို Noti barကေနတဆင့္သာ ၾကည့္လိုက္ၿပီး သူမ၏ဖုန္းနံပါတ္ထဲသို႔ေတာ့ဝင္မၾကည့္ ။

" Inna Noonaဆီကလား..."

စာေတြတစ္စြန္းတစ္စကို လွမ္းျမင္သြားသည့္ Mingyuကအေမးထုတ္လာလွ်င္ အတြင္းသိအစင္းသိေတြျဖစ္ေသာ ေဘာ္ဒါေတြအကုန္လုံးက Jungkookဘက္ အၾကည့္စုၿပဳံလာသည္ ။

" အင္း..."

" အဲ့ဒီ့ Noonaက မ်က္ႏွာေျပာင္လြန္းတာ မဟုတ္ဘူးလား.. ဟိုတစ္ေန႕ကမွ.. သူ႕ဘဲနဲ႕ေမြးေန႕ေတြဘာေတြ ေကာက္က်င္းပေနၿပီးေတာ့.. မင္းကို ျပန္ကပ္ေနတာလား..."

" ထားလိုက္ပါ.. သူ႕အေၾကာင္းကို..."

" ရား.. ဒီအတိုင္း ထားလို႔ရမလား.. သူက မင္းကို ဂ်ိဳတပ္ေပးသြားတာေလ.. သူ႕ထက္ အဆတစ္ရာသာတဲ့သူနဲ႕ျပန္တြဲျပလိုက္..."

" မဟုတ္မွ.. မင္း သူ႕ကို သေဘာက်ေနေသးတာေတာ့ မဟုတ္ဘူးမလား..."

" အဲ့လိုမ်ိဳး မဟုတ္ဘူး..."

Jungkookက သူ႕ထက္ႏွစ္ႏွစ္ႀကီးတဲ့ စီနီယာအစ္မတစ္ေယာက္နဲ႕တြဲခဲ့ဖူးတယ္..။
အဲ့ဒါကလည္း သူ႕ဘက္က စႀကိဳက္တာမ်ိဳးမဟုတ္ဘဲ Noonaက သူ႕ကိုသေဘာက်ေၾကာင္းဝန္ခံလာခဲ့တာ..။

Noonaက မိန္းကေလးဆန္ဆန္နဲ႕လွပတဲ့မိန္းကေလးမို႔ Jungkookကလည္း သူမနဲ႕တြဲဖို႔ဆႏၵရွိခဲ့တယ္..။
ဒါေပမယ့္ ေနာက္မွသိလိုက္ရတာက Noonaမွာက Jungkookထက္အရင္ တြဲေနတဲ့သူရွိေနခဲ့ၿပီး Jungkookက သူ႕အတြက္နံပါတ္၂ျဖစ္ခဲ့တာ..။

စိတ္ပ်က္ဖို႔ေကာင္းလြန္းလို႔ Jungkook အဲ့အေၾကာင္းေတြ ထပ္မေတြးခ်င္ေတာ့ဘူး..။

သူက အလိုလိုေနရင္း သူမ်ားရည္းစားကို အေခ်ာင္လိုခ်င္သည့္သူျဖစ္ခဲ့ရေသးသည္ ။
ပထမဆုံးတြဲခဲ့ဖူးတဲ့သူဆီကေန ထိုသို႔အလုပ္ခံလိုက္ရေတာ့ Jungkook အေတာ္ေလးစိတ္ကုန္သြားကာ ေနာက္ထပ္တြဲမည့္သူဆိုတာေတြကိုလည္း စိတ္ကူးကိုမရွိေတာ့တာ..။

Noonaက သူ႕ကိုျပန္ကပ္ေနတာကိုလည္း သူ႕စိတ္ထဲဘာမွမရွိဘဲ စိတ္ပ်က္သည့္ခံစားခ်က္သာရွိသည္ ။

" Kim Taehyungဆို ဘယ္လိုလဲ... သူက တစ္ေက်ာင္းလုံးမွာ.. အလွဆုံးေနာ္..."

Kim Taehyungနာမည္ပါလာမွ Jungkookသည္ လက္ရွိကိုျပန္ေရာက္သည္ ။

" ဘာကိစၥ Kim Taehyungက ပါလာတာလဲ..."

" ရား.. မင္း မသိခ်င္ေယာင္ေဆာင္ေနတာလား.. Kim Taehyungက မင္းကို.."

Mingyu၏ စကားေတြသည္ အဆုံးမသတ္လိုက္ ။
အဘယ္ေၾကာင့္ဆိုေသာ္ အတန္းထဲကို သူငယ္ခ်င္းျဖစ္သူႏွင့္အတူတူဝင္လာခဲ့ေသာ Kim Taehyungက Jungkookရွိရာထံ တန္းတန္းမတ္မတ္ေလွ်ာက္လာေသာေၾကာင့္ ျဖစ္သည္ ။

Jungkookသည္လည္း သူရွိရာဆီ ေလွ်ာက္လမ္းလာေသာ Kim Taehyungေၾကာင့္ အနည္းငယ္အံ့အားသင့္သြားရသည္ ။

Taehyungသည္ သူ႕လက္ထဲတြင္ ကိုင္ေဆာင္လာသည့္ colaဘူးကို Jungkook၏အေရွ႕ကစာသင္ခုံထက္ခ်ေပးလိုက္လွ်င္ အာေမဋိတ္မ်ိဳးစုံထြက္သြားၾကသည့္ အတန္းထဲသူေတြ...။

" ဝိုး!!...."

" မင္း.. မေန႕က တိုက္တဲ့ colaအတြက္.. အစားျပန္တိုက္တာ..."

" အာ... မလိုပါဘူး..."

" ေက်းဇူးပဲ... Jeon Jungkook...."

Jungkookကို ေလးေထာင့္ဆန္ဆန္အၿပဳံးလွလွေလး ေပးလာခဲ့သည့္Kim Taehyungေၾကာင့္ Jungkookသည္ မွင္သက္သြားမႈႏွင့္အတူ ေငးခနဲ..။

Kim Taehyungက သူ႕အေရွ႕ကေန လွည့္ထြက္သြားသည္အထိ Jungkookသည္ ေငးၾကည့္က်န္ခဲ့ရကာ သူ႕ေဘးက Mingyuက သူ႕ပခုံးကို လာတြန္းတိုက္မွ အသိျပန္ကပ္သည္ ။

" အံမယ္.. မင္းက.. ဘယ္တုန္းက Kim Taehyungကို colaဝယ္တိုက္လိုက္တာလဲ.. ငါတို႔လည္းမသိလိုက္ရပါလား..."

" ေအးေလ...."

" မဟုတ္ဘူး.. မသိဘဲ ဘာမွေလွ်ာက္ေျပာမေနၾကနဲ႕...."

သူငယ္ခ်င္းေတြကို အေျဖျပန္ေပးၿပီး မသိမသာႏွင့္ colaဘူးကို စာသင္ခုံေအာက္ထဲထည့္လိုက္ပါသည့္ Jungkook ။

အေအးစက္ထဲကေနထုတ္ထားသည္မွာ မၾကာေသးသည့္Colaဘူး၏ ေအးစက္စက္အထိအေတြ႕ေၾကာင့္ သူ႕၏ႏႈတ္ခမ္းသားေတြသည္လည္း အနည္းငယ္ ေကြးၫႊတ္သြားခဲ့ရ၏..။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.

𝘶𝘯𝘪𝘤𝘰𝘥𝘦

Taehyungသည် အိမ်ပြန်ရောက်သည်အထိ ခံစားချက်တို့ကတနုံ့နုံ့ဖြစ်နေဆဲ ။

ကိုယ်လုံးပေါ်မှန်အရှေ့မှာလည်း သူ့ရုပ်သူသွားကြည့်ပြီး ပိုက်ဆံချေးချင်သည့်ရုပ်ဖြစ်နေလားလည်း သွားစစ်ဆေးရသည် ။

မှန်ထဲတွင်ထင်ဟပ်နေသည်က ရွှေရောင်အဆင်းအသားအရေနှင့် ပြစ်ချက်ရှာမရအောင်ချောမောသည့်ပုံရိပ် ။

ငါ ဒီလောက်ချောတဲ့ဟာ.. အဲ့ဒီ့crushကောင် ဦးခေါင်းက တစ်ခန်းလွှတ်နေတာများလား??...

အမှန်ဆို သူ.. ငါ့ကို ပြန်ကြွေကိုကြွေရတော့မှာလေ..။

အခုကျ Taehyungနှင့် အဲ့ဒီ့crushကောင်ရဲ့ဆက်ဆံရေးက မျဥ်းပြိုင်နှစ်ခုလိုမျိုး တန်းတန်းမတ်မတ်ကြီးဖြစ်နေဆဲဖြစ်ကာ သူနှင့်ဆုံစည်းဖို့အတွက် လမ်းစကိုရှာလို့မရသေး..။

မိမိ၏ကုတင်ထက် ဝမ်းလျားထိုးမှောက်လိုက်ကာ ခေါင်းအုံးထဲမျက်နှာအပ်လိုက်ပြီး Taehyung၏ခြေထောက်လေးတွေသည် အလိုမကျမှုကြောင့် တွန့်လိမ်နေတော့သည် ။

တစ်ဖက်မှ Jeon Jungkookဟာလည်း သူ ဘာအမှားလုပ်မိသွားမှန်းစဥ်းစားလို့မရ ။
kim Taehyungက ပိုက်ဆံချေးချင်တဲ့အကူအညီမဟုတ်ဘူးဆိုရင် သူ့ဆီကနေ ဘာအကူအညီလိုချင်တာလဲ??...

စိတ်ဆိုးပုံရသွားသည့် Kim Taehyungပုံရိပ်ကိုပြန်မြင်ယောင်လာလျှင် Jungkookသည် ပင့်သက်ရှိုက်မိသွားသည် ။
Kim Taehyungကို သူ စိတ်ဆိုးအောင်လုပ်ချင်ခဲ့တာမျိုး မဟုတ်ဘူး..။
သူက ဒီအတိုင်း အကူအညီတောင်းရခက်ခဲနေမှာစိုးလို့ လမ်းစဖွင့်ပေးရုံ..။

Jungkookသည် သူ့အတွေးထဲကနေ Kim Taehyung၏အကြောင်းပပျောက်စေရန် ခေါင်းယမ်းရှင်းထုတ်လိုက်ရသည် ။
အခုတလော သူ Kim Taehyungအကြောင်းပဲ တွေးနေမိတာက များနေပြီ...။

.
.
.

" မနေ့က.. အဆင်မပြေဘူးလား... Taehyung.."

" အင်း.. ထားလိုက်ပါ... အဲ့ဒီ့အကြောင်း.. ပြန်ကိုမပြောချင်တော့ဘူး..."

ကျောင်းဝင်းထဲမှာ မနက်ပိုင်းအတန်းမတက်ခင် အတူတူလျှောက်လမ်းနေကြပါသည့် Taehyungနှင့်Jimin ။

Taehyungသည် မနေ့ကကြုံတွေ့ခဲ့ရသည့် crushကောင်နှင့်အဖြစ်အပျက်ကို ယောင်ယမ်း၍ပင်မတွေးမိချင်စွာ ကြက်သီးထသလို ခေါင်းယမ်းရှင်းထုတ်လိုက်သည် ။

" ဘာလို့လဲ..."

" ဒီအတိုင်းပဲ ရှိတယ်.. ငါ မနက်စာ မစားလာဘူး.. ဗိုက်ဆာတယ်.. ကန်တင်းသွားရအောင်..."

" မင်း ကျွေးမှာလား..."

" အမေရိကန်စစ်စတန်..."

" ဒါဆို.. မလိုက်ဘူး.. ဟေ့ရောင်..."

" အမယ်လေး.. လန့်လိုက်တာ!..."

သူငယ်ချင်း နှစ်ယောက်သားသည် လျှောက်လမ်းလေးထက် တွတ်ထိုးပြီး လျှောက်လမ်းနေစဥ် သူတို့ဘေးကနေ ဆိုင်ကယ်တစ်စီးသည် အကြမ်းပတမ်းဖြတ်မောင်းသွားခဲ့သည့်အခါ လန့်ဖြတ်သွားသော Taehyungသည် ဆဲရေးတိုင်းထွာရန်ပြင်လိုက်ပြီးမှ crushကောင်၏ဆိုင်ကယ်ဖြစ်နေသည့်အခါ စိတ်ပြန်လျှော့ချလိုက်ရသည် ။

" ကျောင်းဝင်းထဲမှာကို.. ဆိုင်ကယ်ကို ဖြည်းဖြည်းသာသာ မောင်းမယ်မရှိဘူး..."

သို့ပေမယ့် မဟုတ်မခံစိတ်ရှိသည်ကြောင့် ဝသီအတိုင်း တစ်ခွန်းနှစ်ခွန်းတော့ ပြောထွက်သွားသည် ။

Taehyungတို့ ကန်တင်းရှိရာဘက် ဦးမတည်ခင် ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်ထိုးဆိုက်သွားသည့် Jeon Jungkookက ဆိုင်ကယ်ထက်ကနေဆင်းပြီး Helmetချွတ်လိုက်သည့်မြင်ကွင်းအား Taehyungသည် တမေ့တမောလှမ်းကြည့်မိသွားသည် ။

" Aigoo.. အဲ့လောက်တောင်.. သဘောကျတာလား.. သူ့ကို.. နေပါဦး.. ဘာလို့ Jeon Jungkookကို မင်းကကြိုက်သွားတာလဲ..."

" အင်း.. သူနဲ့ငါက.. ကံကြမ္မာက ဖန်ဆင်းပေးတဲ့.. ဖူးစာဖက်တွေမလို့ နေမှာပေါ့.. ငါက သူ့ရဲ့ ခပ်ထွားထွား.. ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကြီးကိုလည်းကြိုက်တယ်... ခပ်ပြူးပြူးမျက်လုံးတွေကိုလည်း ကြိုက်တယ်... အရှေ့ကိုထွက်နေတဲ့ခပ်ကြီးကြီး သွားနှစ်ချောင်းကိုလည်းကြိုက်တယ်... တုံးလွန်းတဲ့ဦးနှောက်ကလည်း.. စိတ်မရှည်ချင်စရာကောင်းပေမယ့် ချစ်ဖို့ကောင်းတယ်.."

Kim Taehyung၏ crushအပေါ် တင်စားနေမှုများကြောင့် Jimin၏မျက်နှာမှာ ရှုံ့တွသွားရသည် ။

" မင်းက.. Crushနေတာရော ဟုတ်ရဲ့လား... Bullyတာနဲ့ ပိုတူနေတယ်.."

" ဗိုက်ဆာတယ်.. ကန်တင်းမြန်မြန်သွားမယ်... ဗိုက်ပြည့်မှ ငါ သူ့ကိုငေးနိုင်ဖို့အင်အားရှိမှာ..."

" အူး... အသဲယားစရာကြီး..."

Taehyungသည် သူ့ထက်အရပ်နိမ့်သော Jimin၏ပခုံးလေးကို အားနှင့်ဖက်တွယ်လိုက်ကာ ကန်တင်းဘက်ကို ခြေဦးလှည့်လိုက်သည် ။

Taehyungကို လှမ်းတွေ့သွားသည့် Jungkookသည် ဆိုင်ကယ်လက်ကိုင်မှာ Helmetကိုချိတ်လိုက်ရင်း သူငယ်ချင်းဖြစ်သူနှင့်ရယ်ရယ်မောမောစကားပြောရင်း ထွက်ခွာသွားသော Kim Taehyung၏နောက်ကျောပုံရိပ်ကို ကြည့်ကျန်ခဲ့ရသည် ။

မနေ့က အခြေအနေသည် သူတို့ကြား ကတောက်ကဆမည်သည်ပြောလို့မရပေမယ့် Kim Taehyungကို သူက စိတ်ဆိုးအောင်လုပ်မိသွားတယ်ဆိုရင် ပြန်တောင်းပန်စကားဆိုရဦးမည်မလား..။

ခဏအကြာ၌ Jungkook၏ဘော်ဒါတစ်သိုက်သည်လည်း ဆိုင်ကယ်အသီးသီးနှင့်ရောက်လာကြကာ သူတို့အုပ်စုသည် တရုန်းရုန်းနှင့် အတန်းထဲဝင်ခဲ့ကြတော့သည် ။

Jungkookထိုင်နေကျ စာသင်ခုံသို့ရောက်လျှင် ထုံးစံအတိုင်းတွေ့လိုက်ရပါသည့် စာလွှာတစ်ချို့နှင့် သကြားလုံးတစ်ချို့..။
သူ့ကို သဘောကျနေသည့်သူတွေထံမှ ရိုးရာမပျက်စာတွေ၊လက်ဆောင်ပစ္စည်းပိုးကြေးပန်းကြေးတွေ ရနေကျဖြစ်၍ Jungkookအတွက် မထူးဆန်း ။

စာသင်ခုံထက်က စာလွှာနှင့်သကြားလုံးတွေကို ရှင်းလင်းလိုက်ကာ သူ့၏နေရာတွင်ဝင်ထိုင်စဥ် သူ့၏ဖုန်းထဲသို့ဝင်လာပါသည့် မတ်ဆေ့ချ်တွေ..။

'Jungkook.. အထင်လွှဲတာပါ.. Noonaရှင်းပြမယ်..။

'ဖုန်းဆက်တာ မကိုင်ချင်ရင်လည်း စာလေးတော့ ဝင်ဖတ်ပေး..။

'Jungkook ah.. Noonaမှာက.. မင်းပဲရှိတာ..။

'Noona တကယ်ချစ်တာက.. မင်းကိုပါ..။

Jungkookသည် ဆက်တိုက်ဆိုသလို ဝင်လာသည့်စာတွေကို Noti barကနေတဆင့်သာ ကြည့်လိုက်ပြီး သူမ၏ဖုန်းနံပါတ်ထဲသို့တော့ဝင်မကြည့် ။

" Inna Noonaဆီကလား..."

စာတွေတစ်စွန်းတစ်စကို လှမ်းမြင်သွားသည့် Mingyuကအမေးထုတ်လာလျှင် အတွင်းသိအစင်းသိတွေဖြစ်သော ဘော်ဒါတွေအကုန်လုံးက Jungkookဘက် အကြည့်စုပြုံလာသည် ။

" အင်း..."

" အဲ့ဒီ့ Noonaက မျက်နှာပြောင်လွန်းတာ မဟုတ်ဘူးလား.. ဟိုတစ်နေ့ကမှ.. သူ့ဘဲနဲ့မွေးနေ့တွေဘာတွေ ကောက်ကျင်းပနေပြီးတော့.. မင်းကို ပြန်ကပ်နေတာလား..."

" ထားလိုက်ပါ.. သူ့အကြောင်းကို..."

" ရား.. ဒီအတိုင်း ထားလို့ရမလား.. သူက မင်းကို ဂျိုတပ်ပေးသွားတာလေ.. သူ့ထက် အဆတစ်ရာသာတဲ့သူနဲ့ပြန်တွဲပြလိုက်..."

" မဟုတ်မှ.. မင်း သူ့ကို သဘောကျနေသေးတာတော့ မဟုတ်ဘူးမလား..."

" အဲ့လိုမျိုး မဟုတ်ဘူး..."

Jungkookက သူ့ထက်နှစ်နှစ်ကြီးတဲ့ စီနီယာအစ်မတစ်ယောက်နဲ့တွဲခဲ့ဖူးတယ်..။
အဲ့ဒါကလည်း သူ့ဘက်က စကြိုက်တာမျိုးမဟုတ်ဘဲ Noonaက သူ့ကိုသဘောကျကြောင်းဝန်ခံလာခဲ့တာ..။

Noonaက မိန်းကလေးဆန်ဆန်နဲ့လှပတဲ့မိန်းကလေးမို့ Jungkookကလည်း သူမနဲ့တွဲဖို့ဆန္ဒရှိခဲ့တယ်..။
ဒါပေမယ့် နောက်မှသိလိုက်ရတာက Noonaမှာက Jungkookထက်အရင် တွဲနေတဲ့သူရှိနေခဲ့ပြီး Jungkookက သူ့အတွက်နံပါတ်၂ဖြစ်ခဲ့တာ..။

စိတ်ပျက်ဖို့ကောင်းလွန်းလို့ Jungkook အဲ့အကြောင်းတွေ ထပ်မတွေးချင်တော့ဘူး..။
သူက အလိုလိုနေရင်း သူများရည်းစားကို အချောင်လိုချင်သည့်သူဖြစ်ခဲ့ရသေးသည် ။
ပထမဆုံးတွဲခဲ့ဖူးတဲ့သူဆီကနေ ထိုသို့အလုပ်ခံလိုက်ရတော့ Jungkook အတော်လေးစိတ်ကုန်သွားကာ နောက်ထပ်တွဲမည့်သူဆိုတာတွေကိုလည်း စိတ်ကူးကိုမရှိတော့တာ..။

Noonaက သူ့ကိုပြန်ကပ်နေတာကိုလည်း သူ့စိတ်ထဲဘာမှမရှိဘဲ စိတ်ပျက်သည့်ခံစားချက်သာရှိသည် ။

" Kim Taehyungဆို ဘယ်လိုလဲ... သူက တစ်ကျောင်းလုံးမှာ.. အလှဆုံးနော်..."

Kim Taehyungနာမည်ပါလာမှ Jungkookသည် လက်ရှိကိုပြန်ရောက်သည် ။

" ဘာကိစ္စ Kim Taehyungက ပါလာတာလဲ..."

" ရား.. မင်း မသိချင်ယောင်ဆောင်နေတာလား... Kim Taehyungက မင်းကို.."

Mingyu၏ စကားတွေသည် အဆုံးမသတ်လိုက် ။
အဘယ်ကြောင့်ဆိုသော် အတန်းထဲကို သူငယ်ချင်းဖြစ်သူနှင့်အတူတူဝင်လာခဲ့သော Kim Taehyungက Jungkookရှိရာထံ တန်းတန်းမတ်မတ်လျှောက်လာသောကြောင့် ဖြစ်သည် ။

Jungkookသည်လည်း သူရှိရာဆီ လျှောက်လမ်းလာသော Kim Taehyungကြောင့် အနည်းငယ်အံ့အားသင့်သွားရသည် ။

Taehyungသည် သူ့လက်ထဲတွင် ကိုင်ဆောင်လာသည့် colaဘူးကို Jungkook၏အရှေ့ကစာသင်ခုံထက်ချပေးလိုက်လျှင် အာမေဋိတ်မျိုးစုံထွက်သွားကြသည့် အတန်းထဲသူတွေ...။

" ဝိုး!!...."

" မင်း.. မနေ့က တိုက်တဲ့ colaအတွက်.. အစားပြန်တိုက်တာ..."

" အာ... မလိုပါဘူး..."

" ကျေးဇူးပဲ... Jeon Jungkook...."

Jungkookကို လေးထောင့်ဆန်ဆန်အပြုံးလှလှလေး ပေးလာခဲ့သည့်Kim Taehyungကြောင့် Jungkookသည် မှင်သက်သွားမှုနှင့်အတူ ငေးခနဲ..။

Kim Taehyungက သူ့အရှေ့ကနေ လှည့်ထွက်သွားသည်အထိ Jungkookသည် ငေးကြည့်ကျန်ခဲ့ရကာ သူ့ဘေးက Mingyuက သူ့ပခုံးကို လာတွန်းတိုက်မှ အသိပြန်ကပ်သည် ။

" အံမယ်.. မင်းက.. ဘယ်တုန်းက Kim Taehyungကို colaဝယ်တိုက်လိုက်တာလဲ.. ငါတို့လည်းမသိလိုက်ရပါလား..."

" အေးလေ...."

" မဟုတ်ဘူး.. မသိဘဲ ဘာမှလျှောက်ပြောမနေကြနဲ့...."

သူငယ်ချင်းတွေကို အဖြေပြန်ပေးပြီး မသိမသာနှင့် colaဘူးကို စာသင်ခုံအောက်ထဲထည့်လိုက်ပါသည့် Jungkook ။

အအေးစက်ထဲကနေထုတ်ထားသည်မှာ မကြာသေးသည့်Colaဘူး၏ အေးစက်စက်အထိအတွေ့ကြောင့် သူ့၏နှုတ်ခမ်းသားတွေသည်လည်း အနည်းငယ် ကွေးညွှတ်သွားခဲ့ရ၏..။
.
.
.

𝘚𝘢𝘯𝘥𝘪 𝘉𝘦𝘢𝘳
𝘛𝘢𝘦𝘬𝘰𝘰𝘬 𝘮𝘢𝘬𝘦𝘴 𝘮𝘦 𝘩𝘢𝘱𝘱𝘺.


You are reading the story above: TeenFic.Net