အပိုင်း(၁၁)

Background color
Font
Font size
Line height

ဒေါင်းနှင်းမေတစ်ယောက်အိမ်ရဲ့ပြတင်းပေါက်နားကစာကြည့်စားပွဲမှာ လက်ကျန်အလုပ်တချို့အားဖြတ်နေသည်။

ချမ်းမြမြလေစိမ်းတချို့အားကြည့်ခြင်းအားဖြင့်များမကြာမှီပင် မိုးရွာတော့မည်ထင်သည်။ပြတင်းပေါက်လေးအားဆွဲပိတ်လိုက်ပြီး စာရင်းတစ်ချို့အားသိမ်းဆည်းလိုက်သည်။

မနက်လဲစောစောထရမှာဖြစ်သည့်အတွက် ည၁၁:၀၀ ဆိုတဲ့အချိန်ဟာမနည်းလှပေ။

*တော်သေးတာပေါ့ လချုပ်စာရင်းလေးပြီးသွားပေလို့*

အိပ်ဖို့ရာ အိပ်ယာလေးထဲဝင်၍ ခေါင်းအုံးလေးပေါ်လှဲလိုက်မိသည်။ပင်ပန်း၍အိပ်နေရမည်ဖြစ်သော်လည်း အတွေးတစ်ချို့ထိပါးလာပြန်သည်။

*ငါသေချာပေါက်ကြားလိုက်ပါတယ် ဒေါင်းဆိုတဲ့အသုံးအနှုန်းကို*

ဟိုတစ်နေ့ကသူ့အားထိုကလေးကြယ်သီးပြန်တပ်ပေးတုန်းက ဒေါင်း ဆိုတဲ့အသုံးအနှုန်းအားကြားလိုက်မိသည်။

သေချာပေါက်ကျွန်မဟာ ကိုယ့်အားဒေါင်းလို့ခေါ်ရင်ကြိုက်သူမဟုတ်ပေ၊‌ထိုနာမ်စားလေးအားမုန်း၍မျိုးမဟုတ်ပဲ သူ့သီးသန့်လေးခံစားချင်နေသောနာမ်စားလေးဖြစ်သည်။ကျွန်မမြတ်နိုးသည့် အရာဖြစ်သောကြောင့်ပင်။ကျွန်မဟာငယ်စဉ်ထဲကမြတ်နိုးသည့်အရာဆိုတစ်သီးတစ်သန့်ဆန်သည်။

ဒေါင်းတစ်ကောင်အလှဟာ ကျူးဖွဲ့၍ပင်မမှီနိုင်လောက်သည့်လှပမှုမျိုးရှိသည်ဟုသူယုံကြည်သည်။ထို့အတူ တည်ကြည်သည် ဂုဏ်ရှိန်ဝါနှင့်အတူထည်ဝါမှုများမှာလဲ ခြေလှမ်းတစ်လှမ်းဆို ဆိုသလောက် လှပသည်။

ထိုကလေးအကြောင်းတွေးမိသော် မနက်ကဖျော်ရည်ဘူးလေးကလဲမပါမဖြစ်ပေ။

သူမကိုယ်တိုင်က ထိုကဲ့သို့ အအေးတွေ၊gasပါတဲ့အချိုရည်တွေမသောက်တတ် အစာအိမ်ရှိသူမို့ကြောင့်လဲဖြစ်မည်၊သူကိုယ်တိုင်မနှစ်သက်သောကြောင့်လဲဖြစ်မည်။ pocari sweat လောက်သာတစ်ခါတစ်လေအမောပြေသောက်တတ်သည်။

နဂိုဆိုကလေးတွေလာပေးတတ်ပင်မဲ့သူမကိုယ်တိုင်ငြင်းမြဲသာ ထိုကလေးလာပေးသောအခါဘာကြောင့်မရငြင်းရက်လဲသူပင်မသိ စာသင်ရင်းပင်တောင်သောက်ဖြစ်မိသည်။

*ကျန်းမာရေးကောင်းသည်ဆိုပဲ*

ထိုကလေးပြောပုံမြင်တော့ သူပင်မသိလိုက်ခင်နှုတ်ခမ်းဖူးဖူးတို့တွန့်ကျိုးစွာပြုံးမိသည်။တကယ်ကိုဆရာလုပ်တဲ့ကောင်မလေး။

*အို.. ခုမှသတိရတယ် လက်ဆောင်ထုပ်*

သူမေ့နေခဲ့တာ၊အိမ်ပြန်‌ရောက်မှဖွင့်ကြည့်ပါဆိုသောကြောင့်တစ်နေကုန်‌သိချင်စိတ်ကိုအောင့်အီးနေခဲ့ရတာ ခုတော့မေ့နေရတယ်လို့။

အိပ်ယာထဲမှထွက်ကာဆွဲခြင်းနားသွားလိုက်သည်  အထဲမှ ပန်းရောင်အိတ်ငယ်လေးအားဆွဲထုတ်လိုက်ပြီး

*ဘာများပါလိမ့်*

ပန်ရောင်အိတ်ထဲတွင် အနီရောင်ဖဲပြားလေးဖြင့်ထုတ်ထားတဲ့လက်ဆောင်ထုပ် ကြည့်ရတာသူကိုယ်တိုင်ပြုလုပ်ထားပုံပင်

ဖဲပြားလေးအားညှင်သာစွာဖြည်ပြီးအထဲကိုဖွင့်ကြည့်မိတော့စာအုပ်လေး နှစ်အုပ်။

တစ်အုပ်က သူကြိုက်တဲ့ကျေးကိုရဲ့  ရင်နှင့်ရင်း၍ရေးသည်ဆိုတဲ့စာအုပ်နဲ့

နောက်တစ်အုပ်က နုနုရည်အင်းဝ ရဲ့ နှင်းဆီလေ...ဟုတ်ဖူးဆိုတဲ့ စာအုပ်လေးပင်။

ထိုစာအုပ်လေးကိုသူမလိုချင်ခဲ့တာကြာပြီ အထဲကိုဖွင့်ကြည့်တော့ လက်မှတ်တောင်ပါနေပေသည်။

လိုချင်နေသည့်အရာများအားကွက်တိကျအောင်သူမည်သို့ဝယ်ခဲ့ပါသနည်း။

ထိုအချိန်အတွေးထဲဝင်လာတဲ့စကားတစ်ခွန်း

*တီချယ်ကလိမ္မာပါတယ်"

အောင်မလေးဒီကလေးကပဲငါ့လိမ္မာတယ်ဆိုပါလား။

"ဟဲ့သမီးမအိပ်သေးဘူးလား ဘာတွေထုတ်နေတာတုန်း"

"အိပ် အိပ်တော့မှာအမေ စာအုပ်တွေထုတ်နေလို့ ပြီးပါပြီ"

တွေးထဲစီးမျောနေချိန်အ‌ေနာက်မှထွက်ပေါ်လာသောအသံကြောင့် စကားတစ်ချို့ထစ်လျော့ကုန်သည်။

"အေး အဲ့တာဆိုလဲအိပ်တော့မနက်လဲထရအုံးမှာကို"

"ဟုတ်အမေ"

ဒေါင်းနှင်းမေလဲ စာအုပ်လေးတွေအားသူမရဲ့ စာအုပ်စင်လေးပေါ်တင်ကာ အိပ်ယာဝင်လိုက်တော့သည်။

..................................
"ဒီနေ့ကောဘာကျွေးရင်ကောင်းမလဲ"

သူစောင့်ကြည့်မိသလောက်အပျိုကြီးဟာမနက်ကျရင်ကျောင်းစောစောလာတဲ့အတွက်မနက်စာအစားဖြစ်ပေ။စားဖြစ်လဲကျောင်းက မုန့်ဈေးထဲကခေါက်ဆွဲပြုတ်တွေသာစားသည်။ သူစုံစမ်းရသလောက်ထိုအမျိုးသမီးဟာအစာအိမ်လဲရှိပေသည်။

ထိုကြောင့်မနက်စာအမျိုးမျိုးအားနေ့စဉ်ယူသွားရန်တွေးမိသည်။

ဒီနေ့တော့ sandwich တစ်ချို့နဲ့ စပျစ်သီးစိမ်း ဖျော်ရည်ဘူးလေးတစ်ဘူးယူသွားမိသည်။

သူကျောင်းရောက်တော့တွေးထားသည့်အတိုင်းသူ့အပျိုကြီးမရောက်လာသေးပေ။

*တော်သေးတာပေါ့ အရင်ရောက်နေလို့*

နေမျိုးကျက်သရေဆိုတာနဲ့အပေါ်က အနက်နဲ့အဖြူဆက်ထားတဲ့ အနွေးထည်ကတော့မပါမဖြစ်ပင်။သူကိုယ်တိုင်ကလဲကြိုက်လွန်းသောကြောင့် တစ်ပုံစံထဲငါးထည်‌ေလာက်ဝယ်ထားသည်။

ယခုလဲအနွေးထည်အားဇစ်ဆွဲလိုက်ပြီး လွယ်အိတ်ထဲမှ သူမရဲ့ဘာသာeng ကိုကြိုထုတ်ထားသည်။ယနေ့ကသူအရှေ့ဆုံးအတန်းပင် သူ့ရဲ့မျက်နှာရှေ့တည့်တည့်မှာ ဆရာမတွေထိုင်တဲ့စားပွဲရှိသည့်အတွက်  ဘုရားရှိခိုးရင်းပင်ချောင်းကြည့်ရပေမည်။

မဟုတ်သောအကြံကိုစတင်တွေးထားသောကြောင့်ဘုရားအား ဦးစွာရှိခိုးတောင်းပန်လိုက်သည်။

"ဟိတ်ကလေးမ ဘာတွေအဲ့တွေလုပ်ထားလို့ဘုရားကိုအသည်းအသန်ဦးချနေရတာတုန်း"

"အောင်မလေးဘုရားတရား အပျိုကြီးငါနဲ့ညား"

"ဟဲ့ အို.."

ရှက်ကာ သူကိုကြည့်နေရာမှတစ်ဖက်သို့လှည့်သွားတဲ့အပျိုကြီး ဘယ်ချိန်ထဲကရောက်လာမှန်းမသိ သူမဟာလေ အမြဲကိုပါပဲ

"ကန်တော့ တီချယ်"

"ရတယ် ရတယ်"

"မနေ့ ကလက်ဆောင်ကြိုက်ရဲ့လား"

"အင်း တို့ သဘောကျပါတယ် ကျေးဇူးပါ‌နော်"

"ပြီးတော့ ဒီမှာမနက်စာ"

မုန့်နဲ့ဖျော်ရည်ဘူးလေးထိုးပေးတော့သူ့ကိုကြည့်လာတယ်။

"တစ်ကူးတကကွယ် တို့ကအမြဲ မုန့်ဈေးထဲကတစ်ခုခုစားလိုက်ရနေတာကို"

"မစားပါနဲ့ဗျာ ဆရာမစားတဲ့ ခေါက်ဆွဲပြုတ်ကဆရာမနဲ့လဲတည့်တာမဟုတ်ပဲ အစာအိမ်ရှိတဲ့ဟာကို နောက်ကျွန်တော်ပဲမနက်စာယူလားပေးမယ် နော်"

အသနားခံသောမျက်ဝန်းတို့နှင့်ကြည့်လာသောကလေးကြောင့်ဒေါင်းနှင်းမေမငြင်းရက်ပေ။

"အေးပါ"

ထိုကလေးလက်ထဲမှမုန့်နှင့်အအေးဘူးလေးအားယူလိုက်သည်။သူအစာအိမ်ရှိမှန်းထိုကလေးဘယ်လိုသိပါလိမ့်။

"အဲ့တာဆို ဆရာမနားနေခန်းသွားလိုက်အုံးမယ်"

"ဆရာမလက်ထဲကဆိုင်ကယ်ဦးထုတ်နဲ့ခြင်းပေးလေ ကျွန်တော်လိုက်ပို့မယ်"

"အဲ့လိုဆိုလဲသဘောပါရှင့် ရော့"

နေကြီးလဲ အပျိုကြီးလက်ထဲကပစ္စည်းတွေကိုလက်လွှဲယူလိုက်ပြီး အရှေ့ကလျှောက်သွားသောအပျိုကြီးရဲ့ခြေရာကျန်ရာအတိုင်း နင်းကာလိုက်လာသည်။

"အိုကလေးရယ် ပြေးတာကြည့်ပြေးမှပေါ့ ကံကောင်းလို့ချော်လဲတော့မလို့"

အရှေ့ကသူ့အပျိုကြီးအားဝင်တိုက်လာသော ကလေးငယ်တစ်ဦး။

ချော်လဲတော့မလိုဖြစ်တဲ့ကလေးကိုထိန်းပေးလိုက်ကာ ချိုသာစွာပြောနေပုံမှာ အခန်းထဲက ဟိုပြောမနာသားတွေကို ဆူတာနှင့်မတူပင်။

*သူ့ပါသူကလေးတွေနဲ့ဆို ငါ့အပျိုကြီးကအေးချမ်းနေရော*

"ကဲသေချာဂရုစိုက်သွားနော် ထပ်ပြီးပြေးမနေနဲ့တော့နော်သားလေး "

"ဟုတ်ကဲ့ဆရာမ"

"လိမ္မာလိုက်တာ"

ထိုသူငယ်တန်းကလေးအားပါး‌လေးကိုနမ်းပြီးတက်တာပြနေသောအပျိုကြီး။ကလေးကတော့သူ့အခန်းကိုပြန်သွားလေပြီ။

အနောက်မှာဝောာ့~~

*ဟာကုန်ပါပြီကွာ ငါချော်လဲရမှာကွ စောက်ကလေးတွေကံကောင်းလိုက်တာ ငါ့တုန်းကကျ လာတောင်မထူတဲ့ဆရာမနဲ့တိုးတယ် အပျိုကြီးရေ ကျွန်တော့်ကိုသူငယ်တန်းပြန်ပို့ပေး*

နေကြီးလဲ တွေးရင်းနဲ့နားနေခန်းရှေ့ရောက်လာသည်ကိုပင်မသိလိုက်။

"ဟိတ်ကလေး ဘာတွေတွေးနေတာတုန်း"

"ကလေးဖြစ်ချင်လို့"

"ဟင်"

"ဘာ ဘာမှမဟုတ်ပါဘူး "

"ကဲ ပစ္စည်းတွေကို ဆရာမနေရာမှသွားချလိုက်နော် ဆရာမ ရုံးခန်းမှာအဝင်sign သွားထိုးလိုက်အုံးမယ် ပြီးမှလာခဲ့မယ်"

"ဟုတ် "

နေကြီးလဲနားနေခန်းက ပုံမှန်ယူနေကျ အချိန်ပိုင်းစာအုပ်တွေယူပြီးအခန်းပြန်လာလိုက်သည်။

သိပ်မကြာလက်ထဲကမုန့်နဲ့ အအေးလေးကိုင်ပြီး သူမရဲ့လက်ကိုင်အိတ် အနီရောင်လေးကိုလက်မှာချိတ်ကာဝင်လာသည်။

ပြီးနောက်သူ့ရှေ့မှာပင် အအေးထိုင်သောက်နေလေသည်။ နေကြီးမှာပြုံး၍ကြည့်နေမိပေသ‌ည်။

ကျောင်းရဲ့စာရင်းကိုင်ဦးလေးကြီးမှ ဆရာမဆီက  ကျောင်းသားစာရင်းလာတောင်းတော့သူ့သားလေးပါလာပေသည်။

အပျိုကြီးမှာကလေးကို‌သူ‌အားပေးထားတဲ့မုန့်ကိုပြန်ကျွေးချင်သည့်အတွက်နေကြီးအားကြည့်လာပေသည်။

နေမျိုးကျက်သရေလဲခေါင်းလေးငြိမ့်ပြလိုက်တော့ကလေးအားပေါင်မုန့်လေးကျွေးလိုက်ပေသည်။

ထို့နောက်တစ်ဖန်သူ့အားပြန်ပြုံးပြလာပေသည်။

"ဟဲ့သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ပြီးပြုံးနေကြတော့မှာလား"

နေကြီးရဲ့တစ်ခုံကျော်မှ လမင်းချိုမှပုတီးအားမေးလာလေသည်။

"ပြီးရင်တော့ငိုပြကြမယ်ထင်တာပဲ"

ပုတီးမှရွဲ့ကာဆိုလာပေသည်။

"နင်ကလဲငါကအကောင်းပြောတာကို ခုလဲကြည့် သောက်နေပြန်ပြီမနေ့ကနဲ့တံဆိပ်တူ အအေး အသီးပဲကွာသွားတယ်"

"အေးနော်နဂိုဆရာမကငါတို့တိုက်တောင်သောက်တာမဟုတ်အရမ်းဂျီးများတာကို ခုကျနေ့တိုင်းလိုလို"

တောင်~တောင်(ကျောင်းခေါင်းလောင်းထိုးသံ)

ကျောင်းခေါင်းလောင်းသံမြည်ပြီဖြစ်၍နိုင်ငံတော်သီချင်းဆိုရန်ထွက်ကြရသည်။

နေမျိုးကျက်သရေလဲ အရှေ့တန်းမှာစီပြီး ဘေးကအပျိုကြီးအားငမ်းနေမိသည်။

"ဟိတ်ကလေး အလေးပြုရတော့မယ် ရှေ့လှည့် ငါရိုက်လိုက်ရရင်တော့"

နှုတ်ခမ်းလေးကိုက်ကာ ဆူလာသောအပျိုကြီးအားသူအသည်းယားစွာဖြင့်ရယ်မိလိုက်ပြီး အ‌ေရှ့ပြန်လှည့်ကာအလေးပြုလိုက်ပေသည်။

သီချင်းဆိုပြီးဆရာမကြီးကရုံးခန်းမှတစ်ဆင့်မိုက်ဖြင့် ဩဝါဒချွေနေစဉ်မှာတော့ပြန်၍ငမ်းနေလိုက်သည်။

"ဒို့ကိုကြည့်တာတော်တော့လေ တစ်ခုခုများပေနေလို့လား ဒို့မျက်နှာမှာ"

သူ့နားလေးကိုကပ်ကာအရှေ့ကိုကြည့်လျက် နှစ်ယောက်သာကြားနိုင်လောက်မည့်အသံဖြင့်ဆိုလာသော ဒေါင်းငယ်။

"ပေနေတယ် ချောမောမှုတွေ အကြည့်လွှဲချင်ပေမဲ့လွှဲလို့ရမနေလို့ ဟီး"

"မင်းဟာလေ တကယ့်ကိုပဲ"

ထိုစဉ်အနောက်မှစီရပ်နေသော သူတွေဆီမှအသံကြားလိုက်သည်။

"ဆရာမ ဒီမှာတစ်ယောက်မူးလဲလို့"

အသံကြားရသို့နေမျိုးကျက်သရေရောဒေါင်းနှင်းမေပါလှည့်ကြည့်လိုက်သည်။

မူးလဲသောမိန်းကလေးအားကျန်တဲ့သူများမှ တွဲထားသည်။

နှင်းမေလဲ အနောက်တန်းကိုအမြန်သွား၍ ကလေးကိုသတိရအောင်ဝိုင်းလုပ်နေသည်။

"မေခင်မြတ်နိုး တန်းစုမှူးနဲ့ အခြားဆရာမတွေကိုခေါ်လိုက်"

ခင်ကြီးမှအတန်းရဲ့မိန်းကလေး monitor ဖြစ်သည်။

မေခင်မြတ်နိုးလဲအမြန်ပင်ပြေးသွားသည်။

ဆရာမအနားမှာတော့ အခန်းထဲကကြက်ခြေနီအသင်းဝင်ထားတဲ့မိန်းကလေးတစ်ချို့ သူမနဲ့အတူ ပြုစုနေကြသည်။

"သမီးသမီး သတိ‌ထားလေ ဟေ့"

ထိုကလေးငြင်သာစွာပုတ်ခက်လျက်သတိရအောင်ပြုမူနေပေသည်။

သိပ်မကြာတခြားဆရာမတွေလဲရောက်လာပင်သည်။

"ကျန်တဲ့ကလေးတွေအထဲဝင်ကြ ဘုရားရှိခိုးကြတော့ လူမအုံနေနဲ့ ကျောင်းအုပ်ဆရာမကြီးမြင်ရင်ဆူခံရမယ်"

ဒေါ်ထိပ်ထားဗိုလ်ရဲ့အသံအဆုံးအားလုံးလဲအထဲပြန်ဝင်လာကြသည်။

ခုတော့နေကြီးရဲ့ထိုင်ငေးမဲ့အကြံဟာလဲပျက်လျက်

အပြင်မှာတော့ ထိုကလေးကိုနားနေခန်းသို့ခေါ်ဆောင်ရန်ပြုလုပ်နေကြသည်။

နေကြီးလဲတခြားကလေးများဘုရားရှစ်ခိုးနေတုန်း အဘယ်ကြောင့်မသိအတွေးထဲတစ်ခုပေါ်လာသည်။

*ဟာ အဲ့လိုမလုပ်ရလောက်ပါဘူး ငါဟာလေ ပေါက်ပေါက်ရှာရှာ တွေးနေတယ်*

ကိုယ့်အတွေးနှင့်ကိုယ်ပြုံးမိပင်မဲ့ ဘုရားသာဆက်ရှစ်ခိုးနေတုန်း

"နေကြီး‌ရေ နေကြီး"

အပြင်ကနေ အပြေးလာသော ခင်ကြီးကြောင့်အလန့်တကြားရှိလှသည်။တစ်ခန်းလုံးလဲသူ့အသံကြောင့် အာရုံများသူ့ဆီရောက်လာကြသည်။

"ဘာလဲကွာလန့်တာ အော်ကြီးဟစ်ကျယ်"

"ပြန်အော်မနေနဲ့ ဆရာမက လူလာမ တဲ့"

"ဟားဟား "

အတန်းထဲမှ တခြားကောင်တွေထရယ်ကြသည်။ မိန်းကလေးဖြစ်လို့သူတို့လဲမဖို့မသင့်တော်ပေ။

"ဘာ..."

"ဟာဗျာ ခင်ဗျားအပျိုကြီးက လူလာသယ်ပေးပါတဲ့ မြန်မြန်"

*WTF ငါတွေးမိတာကြီးတကယ်ဖြစ်လာတာလား*

နေကြီးအတွေးတို့အားဆက်မတွေးနိုင်ပဲ ခင်ကြီးရဲ့ခေါ်ဆောင်ရာသို့ အပြေးလိုက်ရပြန်သည်။

ဟိုရောက်တော့ မူးလဲတဲ့ကောင်မလေးကို သူမနဲ့ အခန်းထဲကတစ်ယောက်ကတစ်ဖက်ဆီမှတွဲထားသည်။

"မျိုး နိုင်လောက်တယ်မလားဟင် သူ့ကိုဆေးရုံပို့မှရလောက်မှာမလို့ ဒို့တွေလဲမနိုင်လို့"

သူ့အား အားကိုးတကြီးကြည့်လာသည်။

"စမ်းကြည့်ရမှာပေါ့ဗျာ"

နေကြီးလဲအလယ်မှနေရာယူလိုက်ပြီး ထိုကောင်မလေးအားပွေ့လိုက်သည်။ကျန်တဲ့ခင်ကြီးနဲ့အတန်းထဲကတစ်ယောက်ကတော့ဘေးမှဝိုင်းထိန်းပေးကြသည်။

သေချာမကြည့်မှတော်တော်စီးတဲ့ကိုယ်အလေးချိန်ပဲ။

နေမျိုးကျက်သရေ ထိုမိန်းကလေးအားမလိုက်တာနဲ့ အနောက်က အတန်းထဲမှကြည့်နေတဲ့တစ်ဖွဲ့လုံးမှ ထအော်ကြလေသည်။

"ဝိုးးးး နေကြီး နေကြီး"

နေကြီးလဲထိုကောင်တွေအားပြန်အာရုံမရောက်နိုင်ပဲ ဂိတ်ဝသို့အမြန်ရောက်ရန်သာချီလျက်ပြေးလွှားရပြန်သည်။ အချိန်ကြာရင်ကြာသလိုပိုပိုလေးလာသောကြောင့်ပင်။

ဒေါင်းနှင်းမေလဲရှေ့ကနေ ချီလျက် အမြန်ပြေးနေရသော ကလေးကိုကြည့်ကာပြုံးမိသည်။

*အားတော့တကယ်သန်တာပဲ*

ဂိတ်ဝ‌ရောက်မှသာ သက်ပြင်းချနိုင်တော့သည်။

အရှေ့ကနေဆေးရုံသို့ခေါ်သွားမဲ့ သုံးဘီးမလာခင်ထိစောင့်နေမိသည်။

မျက်စိဝေ့ဝိုက်ကာဘေးဘီကြည့်မိတော့ ခြုံထဲ၌ မြက်နှုတ်နေရသော မြတ်နိုးဦးတို့ ဘေးမှာသူတို့ရဲ့အတန်းပိုင် chemistry ဆရာမ ဒေါ်ဆွေဇင်စိမ်း ကြည့်ရတာဒဏ်ပေးခံထားရပုံပဲ သူတို့။

မြတ်နိုးဦးနဲ့ကျော်ကြီးတို့အားကြည့်မိတော့ သူ့ကိုလူမတဲ့ပုံစံလုပ်ကာ စနေပြန်သည်။

*ငါ့ဘဝတော့သွားပါပြီကွာ မချင်တာ‌တစ်ယောက် ခုတော့မရတာ‌တစ်ယောက်*

သုံးဘီးရောက်လာတော့နေကြီးလဲပြန်မယ်အလုပ်

ဂိတ်မှဆရာမများမှ

"သမီးရယ် ပြန်မပေးပါအုံးဆရာမတို့မနိုင်လို့"

သူ့အပျိုကြီးအားကြည့်မိတော့ခေါင်းလေးငြိမ့်ပြသဖြင့် နေကြီးလဲစိတ်တိုင်းကျစေရန် ပြန်မလိုက်သည်။

ပို့မည့်ပို့ကူးတို့ ရောက်အောင်ပင်ပို့ရတော့မည်။

သုံးဘီးပေါ်ထိတင်ပေးပြီးနောက် အပျိုကြီးနဲ့အခန်းထဲကတစ်ယောက်ကလိုက်သွားသည်။

သူ့အားပါးစပ်အမူအရာဖြင့်အပျိုကြီးကမှာနေသော်လည်းဘာတွေပြောနေမှန်းသူမသိပါ။

ဘာပဲဖြစ်ဖြစ်ခင်ကြီးနဲ့အတူအတန်းထဲပြန်လာလိုက်သည်။

အတန်းထဲသို့ဝင်လိုက်တာနဲ့

"‌ကိုကိုနေရေ ဒို့ကိုလဲချီ"

"ဒို့လဲအချီ ခံချင်လို့"

"အောင်မလေး မူးမူးလာပြီ"

"မူးရင်လဲ လှဲသာသေလိုက်တော့ဟေ့"

အချီခံချင်လို့အမျိုးစုံမူယာမာယာများနေသောမိန်းကလေးတစ်ဖွဲ့အားမေတ္တာမရှိစွာပြန်ပြောလိုက်သည်။

နေကြီးလဲနေရာမှာပြန်ဝင်ထိုင်လိုက်ပြီး ဘေးမှခင်ကြီးအားမေးကြည့်သည်။

"ကဲဆိုစမ်းပါအုံး ဘယ်ကဘယ်လိုငါ့ကိုမခိုင်းရသတုန်း"

"ဒါကဒီလို နေကြီးအပျိုကြီးက‌‌ ဆေးရုံပို့ရမှာဘယ်သူနိုင်‌‌လောက်လဲတဲ့ နေမျိုးကျက်သရေဆိုနိုင်လောက်လားတဲ့"

အဲ့တာနဲ့ကျွန်တော်လဲနိုင်လောက်တယ် ကျွန်တော်ကိုတောင်အသာလေးချီပြီးလှည့်တာ ပုတီးကိုလဲသူနိုင်တယ်ဆိုတော့

အဲ့တာဆိုမြန်မြန်သွားခေါ်ဆိုလို့ ဟီး"

"ဒါဆိုတရားခံကမင်းပေါ့ "

"အဲ့လိုလဲမဟုတ်ဘူးလေဗျာ နေကြီးကလဲ"

"ငါကွာချီချင်တာက တစ်ယောက်နော်..."

သူ့ဘာသာသင်ပြင်းတွေချပြီးစိတ်ညစ်နေသောနေကြီးအားခင်ကြီးလဲ မျက်နှာပြောင်ကာကြည့်နေလိုက်သည်။

‌အနောက်ကမိန်းကလေးများမှာတော့

"ဒို့ကိုချီ ဒို့ကိုချီ ဒို့မှာရည်းစားမရှိတော့အချီမခံဘူးလို့"ဆိုပြီးအော်နေလျှက်

တစ်ချို့ဆိုချီ‌ေပးပါမုန့်ပါကျွေးမည်ဆိုပဲလေ။

#2729words
#21.5.2023

ဒေါင်းတို့ကိုအမြတ်တနိုးနဲ့ဖတ်ပေးကြလို့ကျေးဇူးအရမ်းတင်ပါတယ်ဗျ စာလုံးပေါင်းအမှားလေးတွေပါရင်သည်းခံပေးပါ ကျွန်တော်အမြန်ရေးရတာမလို့ပါဗျ။တချို့စာဖတ်လို့အဆင်မပြေတဲ့နေရာတွေဆိုအသိပေးပါအုံးဗျာ ကျွန်တော်စာလုံးပေါင်းပြင်ချင်လို့ပါ။








You are reading the story above: TeenFic.Net