9

Background color
Font
Font size
Line height



"unnie... ညီမကိုလည်း မမေးဘဲဘာလို့ ဘော်ဒီဂတ်
ခန့်လိုက်တာလဲ။ "

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာထိုင်ပြီး အချိန်ဇယား
တွေကြည့်နေသည့် မန်နေဂျာ unnie.. Kim Namra
ကို စူပုတ်ပုတ်နှင့် ဆယ်ဘီပြောတော့ unnieက
သူ့မျက်မှန်လေးချွတ်ကာ ဆယ်ဘီ့ဆီအကြည့်
ရောက်လာသည်။

"လိုအပ်လို့ပေါ့ ဆယ်ဘီရာ....။ အခုလို အခြေအနေ
တွေကို ကာကွယ်ဖို့ပေါ့။ အခုလည်း အရင်တစ်ခါ
လို Fanတွေဆီက ထွက်ပြေးလာရတာဘဲမလား။
ခိုးမထွက်ပါနဲ့လို့ အတန်တန်မှာထားရဲ့သားနဲ့။
paparazziတွေက အမြဲတမ်းသတင်းယူဖို့ချောင်းနေ
တာ။ "

"အဲ့တာတော့ ဆယ်ဘီသိပါတယ်။ ဒါပေမဲ့လည်း
တစ်ခါတစ်လေ မွန်းကြပ်လို့ပါ။ "...

"unnieနားလည်ပါတယ်။ "

တစ်ခြားလူသာဆို ဆယ်ဘီ့အဖြစ်ကိုမြင်ပြီး ဂရုဏာ
သက်သွားနိုင်ပေမဲ့ ဘာအမူအရာမှမပြဘဲ ကျောက်
ရုပ်လိုရပ်နေသည့် Bang Jeeminဆိုတဲ့ ဘော်ဒီဂတ်
ကြီးကိုကြည့်​ပြီး ရင်ခံသွားရပါသည်။ မသိရင် သူ့
လုပ်စာထိုင်စားနေရသလိုနဲ့ အေးစက်နေလိုက်တာ
မျက်နှာက။

ဆယ်ဘီ "ဒါနဲ့ အဲ့တစ်ယောက်က ဘယ်အချိန်ထိ
နေနေမှာလဲ။ ဆယ်ဘီအိမ်ပြန်ရောက်ပြီးဆိုတော့
သူလည်းအိမ်ပြန်သင့်ပြီးထင်တယ်။ "

Namra " သူက ဆယ်ဘီနဲ့အတူနေရမှာ။ unnie
လည်း ညီမနဲ့တစ်အိမ်ထဲအတူနေလို့မရဘူးလေ။
အဲ့တော့ ဆယ်ဘီ့ရဲ့မျက်နှာချင်းဆိုင်အခန်းကလည်း
လွှတ်နေတော့ အဆင်ပြေသွားတာပေါ့။ "

Saebi " မဟုတ်သေးပါဘူး။ မနက်ကတင် အလုပ်
ခန့်ထားတဲ့သူကို ​unnieအဲ့လောက်တောင် ယုံကြည်
တာလာ။ "

Namra " ဒါပေမဲ့ Jeeminက unnieရဲ့ ဝမ်းကွဲမို့
ဆယ်ဘီ ယုံလို့ရပါတယ်။ ဒီနေ့ Scheduleက ညနေ
5နာရီမှာ ပွဲစဥ်တစ်ခုထပ်တက်ဖို့ဘဲရှိတာမို့ ဆယ်ဘီ
အနားယူလိုက်ပါအုံး။ unnieပြန်လိုက်ပါအုံးမယ်။
တစ်ခုခုလိုရင် Jeeminကိုပြောလို့ရတယ်နော်။
unnieသွားတော့မယ်။ "

စကားတွေ တရစပ်ပြောပြီး အိတ်တစ်လုံးလွယ်ကာ
unnieက ထွက်သွားတော့သည်။ ဆယ်ဘီ့မှာ စိတ်
ပျက်ပျက်နဲ့ မျက်နှာတွေပွတ်လိုက်မိတယ်။

Bang Jeeminဆိုတဲ့လူကြီးကိုကြည့်လိုက်တော့
ဆယ်ဘီ့ကိုကြည့်နေပြီး ငြိမ်သက်စွာ ရပ်နေတယ်။

"ဒီမှာ Bang Jeemin ။ အဲ့တိုင်းဘဲရပ်နေတော့မှာ
လာ။ ထိုင်လို့ရတာမို့ ထိုင်ပါအုံး။ တော်ကြာ အလုပ်
ရှင်က စာနာစိတ်မရှိဘူးဆိုပြီး အသံထွက်လာအုံး
မယ်။ "

"တို့ အဲ့လိုမျိုးမလုပ်တတ်ပါဘူး။ မင်းက ထိုင်စေချင်
ရင်တော့ ထိုင်ပါ့မယ်။ "

"ကြီးကျယ်လိုက်တာ" (whisper)

"ဒါနဲ့ ရှင်က ဒီမှာနေမှာဆိုတော့ အဝတ်အစားတွေ
ဘာတွေသွားမယူဘူးလာ။ "

"Namra unnieက ဒီကိုလာရင်းတစ်ခါထဲယူ
လာပေးတာမို့ အခုလောက်ဆို အဝတ်အစားတွေက
တို့နေရမဲ့ အခန်းမှာရှိလောက်ပါပြီး။ စိတ်မပူပါနဲ့။
နေရမဲ့အခန်းကလည်း မင်းရဲ့မျက်နှာချင်းဆိုင်မှာ
ဆိုတော့ မင်အနားယူချင်ရင် တို့လိုက်ခဲ့ပါ့မယ်။ "

"ရှင်က ကျွန်မရဲ့အိပ်ခန်းထိ ဘာလိုက်လုပ်မလို့
လဲ!!!။ "

"အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ မင်းအနားယူမယ်ဆို

မင်းအနောက်လိုက်တဲ့အချိန် တို့လည်း မင်းမျက်နှာ
ချင်းဆိုင်က တို့နေရမဲ့အခန်းဆီဝင်သွားမလို့ပါ။ "

"ရှင်က နားချင်ပြီးလာ။ "

"မဟုတ်ပါဘူး။ မင်းကိုမေးကြည့်တာပါ။ မင်းနား
ချင်ရင်တော့ အနှောင့်အယှက်မဖြစ်အောင် တို့
လည်း အခန်းမှာဝင်နေမလို့လေ။ "

လူမှုရေးတော့သိတတ်သား။ မဆိုးပါဘူး။

ဆယ်ဘီထရပ်လိုက်ပြီး လက်နောက်ပစ်ကာ သူ့အ
နားသွားပြီး...

"ဒါဆိုလည်း ကျွန်မအနောက်ကလိုက်ခဲ့ပါ။ အနားယူ
တော့မှာမို့။ "

Jeeminသူမအရှေ့ကနေ ကျော့ကျော့လေးထွက်
သွားသည့် မင်းသမီးချောလေးအနောက်ကို လိုက်ရ
တော့သည်။

ဆယ်ဘီအခန်းရှေ့ရပ်ကာ ကိုယ်လေးစောင်းပြီး
အနောက်လှည့်ကြည့်လိုက်တော့ ကျောက်ရုပ်ကြီး
အလားရပ်နေသည့် Bang Jeemin။

"ကျွန်မ ညနေ၅နာရီ ပွဲတစ်ခုတက်ရမှာဆိုတော့
ရှင်လည်း အဆင်သင့်လုပ်ရမှာပေါ့။ အဲ့အတော
အတွင်း လွတ်လွတ်လပ်လပ် သွားလာအနားယူနိုင်
ပါတယ်။ ကျွန်မက စည်းကမ်းမတင်းကြပ်ပါဘူး။
ဒါဆို ကောင်းကောင်းအနားယူပါ။ "

"မင်းလည်း ကောင်းကောင်းအနားယူပါ။ "

Jeeminကိုကြည့်ပြီး ဆယ်ဘီကသူ့အခန်းထဲဝင်
သွားတော့သည်။ Jeeminလည်း ဆယ်ဘီ့အရှေ့က
အခန်းဆီဝင်တော့သည်။ အခန်းထဲရောက်ရောက်
ချင်းမှာဘဲ စိတ်ချင်းဆက်သွယ်လာတဲ့ သခင်လေး။

"အစီအစဥ်အတိုင်းလုပ်နေတယ်ဆိုတော့ တော်
တယ် Jeemin။ ဒါနဲ့ Sarangနဲ့တွေ့ရသေးလာ။ "

"မတွေ့ရသေးပါဘူး သခင်လေး။ ဆယ်ဘီက ဒီညနေ
ပွဲတစ်ခုတက်ရမှာဆိုတော့ အဲ့ကိုလိုက်သွားပေးရ
မှာပါ။ ကြည့်ရတာ သခင်မလေး KoKoကော သွား
မလားမသိပါဘူး။ အဲ့ခါကြရင်တော့ ဆာရန်းကိုတွေ့
ရမယ်ထင်ပါတယ်။ "

"ကောင်းတယ်။ သေချာစောင့်ကြည့်ထားပါ။
အခြေအနေတစ်ခုခုထူးရင် ငါ့ကို အကြောင်းပြန်ပါ။ "

"ဟုတ်ကဲ့ပါ သခင်လေး။ "





🖇️




တစ်နေကုန် scheduleတွေနဲ့ ပြည့်နေတဲ့ခိုခို့ကြောင့်
ဆာရန်းလည်းပင်ပန်းနေရပြီး။ နေ့လည်စာတောင်
လွှတ်ခဲ့တာမို့ အခုချိန်လောက်ဆို သူဗိုက်ဆာနေ
လောက်မှာ။ ညနေ5နာရီမှာ ပွဲတစ်ခုတက်ပြီးရင်
ပြီးပြီးဆိုတော့ အခုအားတုန်းလေး ဆာရန်းကို
နေ့လည်စာ သဘောမျိုးတစ်ခုခုသွားကျွေးရမယ်။

"အခုကစပြီး အားတယ်ဆိုတော့ တစ်နေရာသွားရ
အောင်။ "

"ကောင်းပါပြီး။ "

ကားရပ်ထားတဲ့ဆီကို သူမတို့၂ယောက်အတူ
လျှောက်လာခဲ့သည်။ ကားထဲ၀င်ပြီးပေမဲ့ မောင်းသူ
နေရာမှာ ၀င်ထိုင်မဲ့ဆာရန်းကို ဆွဲခေါ်သွားတော့မည့်
အရိပ်မဲ၂ခုကြောင့် အလင်းရဲ့အလျင်လို ဖြတ်ခနဲ့
ထို၂ကောင်ဆီသွားကာ လည်းပင်ကိုညစ်ထားလိုက်

သည်။

"မင်းတို့ဘယ်သူတွေလဲ။ "

KoKoမေးတော့ ထိုနှစ်ကောင်ဟာပြုံးသည်။ ပေါ်
ထွက်လာတဲ့သွားရှည်တွေနဲ့အတူ KoKoကို ခပ်မဲ့
မဲ့ပြုံးပြနေသည်။

"အခုချိန်အဲ့ဒါမေးရမှာ မဟုတ်ဘူးထင်တယ်။ ဟိုမှာ
မင်း ကြင်ရာတော်ကိုကြည့်အုံး။ "

KoKoကြည့်လိုက်တော့ Sarangနဲ့တိုက်ခိုက်နေတဲ့
သာမန်မျိုးနွယ်စုက လူ၂ယောက်။ သွားကူညီဖို့
လုပ်ပေမဲ့ ဒီကောင်တွေက KoKoလမ်းကို၀င်ရှုပ်
သည်။

လူတွေသတိထားမိလို့မဖြစ်တာမို့ နေရာဒေသကို
တောအုပ်တစ်ခုသို့ ကူးပြောင်းလိုက်သည်။

ဒီလိုစွမ်းအင်မျိုးကို တော်ဝင်သွေးပါသည့်သူများ
သာလုပ်နိုင်ပေသည်။

သာမန်vampireတွေက KoKoကို ဘာမှမလုပ်နိုင်
ပေ။ သစ္စာဖောက်တွေကို ရှင်းပစ်ဖို့ အချိန်2မိနစ်သာ
ကြာခဲ့သည်။ ပြီးနောက် ဆာရန်းနှင့်တိုက်ခိုက်နေ
သည့် ခွေးအ,မျိုးနွယ်စုထဲက 2ကောင်ကို အရှိန်းနှင့်
ပြေးထိုးလိုက်တာမို့ ထို၂ကောင်ဟန်ချက်ပျက်သွား
သည်။ ထိုအချိန် မီးတောက်ဓားသုံးကာ အဲ့၂ကောင်
ကို ခုတ်ဖြတ်လိုက်တဲ့အခါမှာ အနက်ရောင်အမှုန်
အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ပြီးနောက်ဆာရန်းအနားပြေးသွားလိုက်ပြီး ထိခိုက်
ဒဏ်ရာရမိလားစစ်ကြည့်တော့ ဆာရန်းကအနည်း
ငယ်ရယ်လျက်...

"ကျွန်မ ဘာမှမဖြစ်ပါဘူး။ "

"တကယ် ဘာမှမထိမိခိုက်ဘူးလာ။ "

"ကျွန်မက ကိုယ်ခံပညာတတ်ထားသူမို့ ကိုယ့်ကိုယ်
ကို အနာတရမဖြစ်အောင်တော့ ကာကွယ်နိုင်ပါ
တယ်။ "

"တောင်းပန်ပါတယ်။ ငါ့ကြောင့် မင်းအန္တရာယ်များရ
ပြီး။ "

"တောင်းပန်စရာမလိုပါဘူး။ ကျွန်မရဲ့ကံကြမ္မာကိုက
ဒီလိုဘဲကို။ "

ဆာရန်းပြောတာ့ KoKoမှာ စိတ်မကောင်းဖြစ်ရပါ
သည်။ ဘာမှမလုပ်ပေးနိုင်တဲ့အခါမှာ KoKoရဲ့ဖြစ်
တည်မှုကိုတောင် မလိုချင်မိသည်အထိ ရှက်မိပါ
တယ်။ ပထမဆုံးအကြိမ် Demon - Vampireအဖြစ်
မွေးဖွားလာတာကို နောင်တရမိခြင်းပင်။

မျက်နှာလေး ညိုးငယ်နေတဲ့သူ့ကြောင့် ဆာရန်း
သူ့ပခုံးပေါ်လက်လေးတင်ကာ ပြုံးပြရင်း...

"ပြန်ကြရအောင် ။ ရှင်ညနေကြရင် ပွဲတက်ရမယ်
မလား။ "

KoKo ခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေမဲ့ ဆာရန်းကို
ဗိုက်မဆာစေချင်တာကြောင့် စိတ်စွမ်းအင်သုံးကာ
Karinaပိုင်တဲ့ဆိုင်ခွဲတစ်ခုကို အထူးအခန်းတံခါးမှ
၀င်လာခဲ့လိုက်သည်။

အထူးအခန်းဆိုတာက လူသားတွေလိုမဟုတ်ဘဲ
သူမတို့လို တခြားမျိုးနွယ်စုတွေ လာစားသုံးလို့ရတဲ့
အထူး၀င်ပေါက်တစ်ခု။

KoKoအနေနဲ့ သွေးမသောက်ရသေးတာမို့ သွေး
သောက်ဖို့လိုအပ်နေသည်။ သို့ပေမဲ့ ဆာရန်းကို အနေ
ခက်မှုမျိုး မဖြစ်စေချင်တာမို့ ဆာရန်းမှာသည့်အစား
အစာများကိုပင် လိုက်စားဖို့ဆုံးဖြတ်လိုက်သည်။

ထိုဆုံးဖြတ်ချက်သည် အမှားကြီးမှားတော့မည်ဆို
တာကိုသာ KoKoသိခဲ့ရင်....




🖇️





"မအောင်မြင်ခဲ့ဘူး ဟုတ်လာ။ တော်၀င်သွေးရဲ့
ကြင်ရာတော်ကို ဘာမှဟုတ်တဲ့ကောင်တွေနဲ့ခိုင်းရ
အောင်ထိ မင်းကရန်သူကို လျော့တွက်ထားလာLeo။
KoKoသာ သူ့ကြင်ယာတော်နဲ့လက်ထပ်သွားရင်
ငါတို့ vampireမျိုးနွယ်စုတွေအကုန်လုံး လူသွေး
တွေကို သောက်ခွင့်ရှိတော့မှာမဟုတ်ဘူး။ ပြီးတော့
လူသားလိုမျိုးအဆင့်နိမ့်တဲ့ဟာတွေက ငါတို့ရဲ့အသုံး
တော်ခံတွေဘဲဖြစ်သင့်တယ်ဆိုတာ မင်းမြဲမြဲမှတ်
ထား။ KoKoက လူသွေးမသောက်တဲ့အတွက် လူ
သွေးသောက်ထားတဲ့ကောင်တွေဆီကို အပျိုစင်သွေး
တွေထပ်တိုက်လိုက်။ KoKoအဲ့ကောင်တွေနဲ့ လော
လောဆယ် ယှဥ်နိုင်သေးမှာတော့မဟုတ်ဘူး။ သူ့
ညီKingနဲ့တိုက်ပေးဖို့ လုပ်ပေမဲ့ အဲ့ကောင်က ရူဆာ
ရန်းဆီမှာ ကျရှုံးသွားတယ်လေ။ ငါနှစ်ပေါင်းများစွာ
ကြာအောင် Kingကို စကားနားထိုးပြီး ဖျက်ဆီးခဲ့
သမျှ အခုအားလုံးပျက်စီးကုန်ပြီး။ အဲ့တော့ ညနေ
ကြရင် KoKoပွဲတက်ဖို့ရှိတယ် ။ ရူဆာရန်းကိုရအောင်
ခေါ်လာခဲ့ Leo။ "

"ကောင်းပါပြီး Dad "






🖇️





အရောင်အသွေးစုံလင်လှသည့် အတွင်း၀တ်တွေက
Jiyoonကို ရယ်ပြနေသယောင်....။ Choi Jungeun
အဲ့လောက်ထိ ယုတ်မာမယ်မထင်ထားဘူး။ မုန့်လေး
တစ်ခါစားမိပါတယ်။ သူ့ရဲ့အရှုပ်ဇယားတွေကို လက်ဆောင်ပေးဖို့ဆိုပြီး အတွင်း၀တ်တွေအထိပါ
Jiyoonကို လာရွေးခိုင်းသည်။ ဒီလို မိုက်ရိုင်းတဲ့ဟာ
လေးနဲ့ ငယ်ငယ်ကဘာလို့ပေါင်းမိပါလိမ့်။

Arsh....မုန်းဖို့ကောင်းလိုက်တာ.. ။ Choi Jung Eun
မကောင်းတဲ့ဟာကြီး ။ နတ်ဆိုးမ... အဲလေ...မေ့လို့
Demonမို့လို့ အဲ့လိုသောက်ကျင့်မကောင်းတာပေါ့။

" ရား.... Jiyoon။ မြန်မြန်လာပါဆို။ "

"လာပြီးလို့.... တကယ်ပါဘဲ။ "



(A/n- ဟုတ်ကဲ့ ဇာတ်ကောင်အသစ် Leoပါလာပြီး
နော်။ Kingလိုဘဲ Leoလည်း အရေးပါတဲ့ ဇာတ်
ကောင်တစ်ခုပါ။ Leoနဲ့တူတဲ့ အနီးစပ်ဆုံးပုံလေး ရှာ
ပေးထားပါတယ်။ )

Leo


You are reading the story above: TeenFic.Net