6

Background color
Font
Font size
Line height




""တိုမီအိုခါရဲ့မြို့တော်""





အဏုမြူအစိမ်းနုရောင်လေးနဲ့ ရေးထိုးထားတဲ့
စာတန်းလေးကို ဆာရန်း အံ့သြမင်သက်စွာငေးမော
ကြည့်နေမိသည်။ အဏုမြူရောင် တံခါးပေါက်ကြီး
ကိုလည်းမြင်ပေမဲ့ သာမန်တံခါးတစ်ချပ်မဟုတ်တာ
ကိုတော့ ဆာရန်းသိသည်။

ဘေးနားကနေ ဆာရန်းကိုပြုံးကြည့်နေသည့် ခိုခို့
ကြောင့် ဆာရန်းရယ်ပြလိုက်သည်။ ခိုခိုရဲ့ စိတ်ရင်း
ကို သိလိုက်ရတာကြောင့်လားမသိဘူး....အရင်က
လောက် ခိုခို့ကို ကြောက်မနေတော့ပါ။

"ကျွန်မ၀င်လို့ရပါ့မလား KoKo။"

"ငါပါတာဘဲ။ မရစရာအကြောင်းမရှိပါဘူး။"....

ပြောပြီး KoKoက ထူးဆန်းသည့်အသံတစ်မျိုးပြု
လိုက်သည်။ လေချွန်သံနှင့်ဆင်ပေမဲ့ မတူတာက
အဲ့အသံက ဆာရန်းရဲ့စိတ်ကိုပါ ပျော်ရွှင်မှုပေးစွမ်း
နိုင်သည်အထိ နားထောင်ကောင်းလွန်းနေသည်။
အိုဟောင်းပြီး စိတ်၀င်စားဖွယ်ရာကောင်းနေသလို
မျိုး နားထောင်ကောင်းလွန်းသည်။






KoKoက ဆာရန်းကိုလက်ကမ်းပေးတော့ ခိုခို့ရဲ့
လက်ဖဝါးလေးပေါ် ဆာရန်းရဲ့လက်ဖဝါးလေးနဲ့ ပြန်
ဆုပ်ကိုင်ထားလိုက်သည်။ စူးရှတဲ့ အလင်းတန်းတစ်
ခုက ပြိုးပြိုးပြက်ပြက်၀င်ရောက်လာလို့ မျက်လုံးကို
မှိတ်လိုက်မိတယ်။




"ဟိတ်! ... မျက်လုံးဖွင့်ကြည့်လို့ရပြီး။"

"ဝါး.... သဘောကျလိုက်တာ။"



ဆာရန်း Disney ပြဇာတ်မှာဘဲ မြင်ဖူးသည့် စျေးလို
မျိုးအစုအဝေးကြီးကို မျက်စိရှေ့မှာ မြင်တွေ့နေရ
သည်။ လင်းထိန်နေတဲ့ လမ်းမီးတွေ​အပြင် ၊ များပြား
လွန်းသည့် လူစုလူဝေးကြီးနှင့် စျေးဆိုင်အမြောက်
အမြားက ဆာရန်းကို အံ့သြမင်သက်စေပါသည်။



ကိုရီးယားရဲ့ညစျေးနှင့်မတူဘဲ ဒီနေရာက ဂန္တ၀င်ပို
ဆန်သလိုခံစားရသည်။ လူတိုင်းလိုလိုမှာ ထူးဆန်းတဲ့
လက်နက်တွေဆောင်ထားတာတွေ့ရသည်။ ဆာရန်း
နှင့် KoKoက လွဲပြီးတော့ပေါ့။


၀တ်စားမှုပုံစံတွေကလည်း ကျား၊မ မရွေးမိမိုက်လွန်း
နေကြပါသည်။ ဆာရန်းတစ်ယောက်ဘဲ သိမ်မွေ့ပုံ
ပေါက်နေတာ။



"ဒါက ဘာနေရာလဲဟင်။"


ဆာရန်းက KoKoကိုမော့ကြည့်ပြီး မေးလိုက်တော့
KoKoက လက်နောက်ပစ်ကာ...


"တိုမီအိုခါရဲ့မြို့တော်လေ။ ငါ့ရဲ့သူငယ်ချင်း
အုပ်ချုပ်တဲ့နယ်မြေလို့ ပြောရမှာပေါ့။ ပြီးတော့
ဒီနေရာမှာ မတူကွဲပြားတဲ့မျိုးနွယ်စုတွေ ရှိကြတယ်။
ဒါပေမဲ့ ဒီနေရာက အန္တရာယ်ကင်းဇုံလို့ဘဲပြောရမှာ
ပေါ့။ ဘယ်သူမှ ဒီနေရာထဲကို လွယ်လွယ်ကူကူ
၀င်လို့မရဘူးလေ။ ပြီးတော့ တိုမီအိုခါဆိုတာ
အကူအညီပေးတဲ့နတ်သား/သမီးတွေနေတဲ့နေရာ။
အကူအညီဆိုတာကလည်း တွေ့ကရာလူကိုပေးလို့
မရဘူး။


သေချာစီစစ်ရတာပေါ့။ သတ်မှတ်ထားတဲ့ ကံကြမ္မာ
ကလွဲရင် ၊ တခြားလွဲချော်နေတဲ့ ဘယ်အရာကိုမဆို
သူတို့ကဖြေရှင်းပေးတာလေ။ ဒီနေရာမှာ အဲ့လိုနတ်
သား/သမီးတွေများပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေတွေ
ဖြစ်တဲ့ တခြားမျိုးနွယ်စုတွေလည်း ရှိတယ်လေ။
အမြဲတမ်းတော့ မဟုတ်ပေမဲ့ပေါ့ ။ ဥပမာ အပျော်
လာကြတဲ့ ငါနဲ့မင်းလိုလေ။ "



ဆာရန်းကိုပြုံးကာ သေချာလေးရှင်းပြပေးနေသည့် ခိုခိုက ဒီလိုကြတော့လည်း အရမ်းကြည့်ကောင်းနေ
တယ်လို့ ခံစားရသည်။



"ဒါဆို ရှင့်သူငယ်ချင်းက ဒီနေရာရဲ့ သခင်ပေါ့။"



"အွန်း...အဲ့လိုဘဲပေါ့။ ဒီမှာတော့ သူ့ကို နံပါတ်၁
မင်းသမီးလေး မာအီ(Mai)လို့ ခေါ်ကြတယ်။ ဒီနေရာ
ကို လေးယောက်ပေါင်းပြီးအုပ်ချုပ်ပေမဲ့ မာအီက
အာဏာအရှိဆုံးနဲ့ စွမ်းအင်အမြင့်ဆုံးလို့ပြောရမှာ
ပေါ့။


(Tomioka Mai .. မာအီ)




နံပါတ်၂ မင်းသားက ဂျိတ်ခ်လို့ခေါ်တယ်။


နံပါတ်၃လည်း မင်းသားဘဲ ။ သူက ရစ်ခီ။



နံပါတ် ၄မင်းသမီးကတော့ ရှောင်ထင်း။


ငါက မာအီရဲ့မိတ်ဆွေမို့ မာအီခွင့်ပြုချက်နဲ့ ဒီကို၀င်
ထွက်ခွင့်ရှိတယ်။ ပြီးတော့ မာအီက ငါ့ကိုယုံကြည်
တာမို့ မင်းလည်း ဒီနေရာကိုလာခွင့်ရှိနေတာဘဲ။ "


"ခိုခိုရား...."

ခေါ်သံတစ်ခုကြောင့် ဆာရန်းကော KoKoပါလှည့်
ကြည့်လိုက်မိတယ်။


"မာအီ ရောက်လာပြီးဘဲ။"

Maiဆိုတဲ့တစ်ယောက်က ကြည့်ကောင်းလိုက်တာ။
ဒီလောက်လှတဲ့မိန်းကလေးကို ကြင်ရာတော်
မမြောက်ဘဲ ဘာလို့ဆာရန်းကို ကြင်ရာတော်
တင်မြောက်ချင်နေလည်း ခန့်မှန်းမတတ်တော့။
ခိုခိုရဲ့ ဘိုးဘေတွေလာ ဒါမှမဟုတ် နမိတ်ဖတ်သူတွေ
လာ... သူတို့က အရူးတွေနေမယ်။ ဆာရန်း မသွားဘဲ
သူတို့နှစ်ယောက်ထဲ ရပ်နေတာနှင့်တောင် အရမ်း
ကြည့်ကောင်းနေတာ။ ဒါနဲ့ ဆာရန်းက ဘာလို့ ၀မ်း
နည်းသလိုကြီး ခံစားနေရတာလဲ။



"လာလေ ဆာရန်း။"


KoKoခေါ်လို့ ဆာရန်း ခိုခိုရဲ့ဘေးနာ သွားရပ်လိုက်
သည်။

"မိတ်ဆက်ပေးရအုံးမယ်။ သူက Tomioka Mai ။
မာအီ သူက ...

"နင့်ရဲ့ မကြာခင်ဖြစ်လာမဲ့ ကြင်ရာတော်လေး
မဟုတ်လာ။"

စကားမဆုံးခင် ခိုခို့ထက်အရင်​ပြောလာတဲ့ မာအီ
ကြောင့် ပြုံးနေရုံသာတတ်နိုင်သည်။ တခြားသူ
တော်တော်များများ သိပြီးသားကိစ္စကို Maiလည်း
သိပြီးနေလောက်ရောပေါ့။

"ဟုတ်တယ်။"

Mai " တွေ့ရတာ ၀မ်းသာပါတယ်။ KoKoရဲ့
ကြင်ရာတော်လေး။"

ဆာရန်း စိတ်ထဲပျော်သလိုခံစားလိုက်ရတာက
ဘာကြောင့်လဲ။ KoKoရဲ့ ကြင်ရာတော်မှန်း မင်းသမီး
လေးMaiက သိနေလို့များလာ။


Sarang " ကျွန်မလည်း တွေ့ရတာ ၀မ်းသာပါတယ်
မင်းသမီး။"

Mai" အဟင်း ... Maiလို့ဘဲခေါ်ပါ။ မင်းနာမည်က
KoKoမပြောလဲ ဆာရန်းဆိုတာ တို့သိထားပြီးသား
ပါ။ "

Sarang "ဟုတ်ကဲ့။"

KoKo "ဒါဆို ငါတို့သွားကြမလာ။"

Mai " ဒါပေါ့။ ရောက်တုန်း ဆာရန်းကို တိုမီအိုခါ
အနှံ့လိုက်ပြပေးလိုက်ပါ KoKo။ ငါပါတာထက်
နှစ်ယောက်ထဲဆို ပိုကောင်းတာမို့။ "

မာအီ ခိုခို့ရဲ့နားအနားကပ်ကာ အသံတိုးတိုးဖြင့်...

"ကိုယ့်လူကိုယ် သေချာဂရုစိုက် ခိုခိုရေ။ ရေခဲ
နှလုံးသားမျိုး လုပ်နေမယ်ဆိုရင် တစ်ခြားသူလက်ထဲ
ပါသွားလိမ့်မယ်။"


"ငါက အဲ့လိုဖြစ်ခွင့်ပြုစရာလာ။"

"ဟားဟား ငါ့ရဲ့ Vampireအဆိုးလေးအကြောင်း
ငါမေ့သွားတယ်။"



နှစ်ယောက်သား တိုးတိုး၊ တိုးတိုးနှင့် ဘာတွေပြော
ပြီး ကြိတ်ရယ်နေကြမှန်းမသိပေမဲ့ ဆာရန်းစိတ်ထဲ
ဘာကိုအလိုမကျဖြစ်နေမှန်းမသိပါ။ ဆာရန်းကိုကြ
ကြင်ရာတော်ဆိုပြီး သူကြ မာအီနဲ့ ပူးပူးကပ်ကပ်
နေနေတယ်။

နေပါအုံး ... ငါက ဘာဖြစ်နေတာလဲ။

Maiထွက်သွားတော့ KoKo ဆာရန်းကို Karinaရဲ့
ဆိုင်သို့ ခေါ်လာခဲ့သည်။

(Karina)





ဆိုင်တံခါးအပြင်ကကြည့်ရင် ဘာမှမဟုတ်ဘူးလိုနဲ့။
အတွင်းထဲရောက်မှ ဆာရန်းပါးစပ်ဟနေရသည်။







ဆိုင်အပြင်အဆင်လေးက အရမ်းကို အံ့သြမင်သက်
ဖြစ်ရတယ်။ သစ်ပင်ကြီးတစ်ပင်လုံးကို အချောကိုင်
ထားတာက အရမ်းအနုစိတ်လွန်းတယ်။ ပြီးတော့
မီးအိမ်ကြီးတွေနှင့်အရမ်းကိုလှသည်။ ညပိုင်းမို့ ပိုလှ
နေတာလည်းဖြစ်မည်။




စားသုံးသူက နည်းတယ်လည်းမဟုတ်၊ များတယ်
လည်းမဟုတ် ၃ခုံစာလောက်တော့ လွှတ်နေသေး
သည်။ အပင်အောက်က စားပွဲတစ်ခုတွင် ဆာရန်း
ကော၊ KoKoပါ ၀င်ထိုင်လိုက်ကြသည်။ waiter
တစ်ယောက်က KoKoဘေးနားရောက်လာပြီး
Menu စာအုပ်အစားသူ့ရဲ့လက်ကိုပြသည်။

ဒီတိုင်းလက်ချည်း သက်သက်တော့မဟုတ်ပေ။
လက်ပေါ်တွင် အပြာနုရောင် အလင်းတွေက လေး
ထောင့်အပြားလို ဖြန့်ကျက်နေပြီး အဲ့ဒီအလင်းတန်း
ကနေတစ်ဆင့် Menuအမျိုးအစား အများကြီးကို
တွေ့ရသည်။

KoKoမှာပြီးသွားတော့ ထိုwaiterက ထွက်သွား
သည်။


"မင်းကိုမှာစေချင်ပေမဲ့ ဒီတစ်ခါတော့ ငါမှာပေးတာ
အရင်စားပေါ့။ မင်းကိုသေချာပေါက် စားစေချင်တာ
ရှိတယ်။ ဒီနေရာမှာ ကမ္ဘာအနှံ့က နိုင်ငံပေါင်းစုံရဲ့
အစားအစာတွေကို ရနိုင်တယ်။ ငါမင်းကို အခုစားစေ
ချင်တာကတော့ မြန်မာအစားအစာတစ်မျိုးပေါ့။
မင်းကြိုက်မယ်လို့ ငါယုံကြည်တယ်။"


ခဏကြာတော့ Waiterက စားစရာနှင့်သောက်စရာ
ဖန်အိုးလေးနှစ်ခု လာချပေးသည်။


"ဒါက Tea Leaf Saladလေ။ မြန်မာအခေါ်အဝေါ်ဆို
လက်ဖက်သုပ်လို့ခေါ်တယ်။ စားကြည့်လေ။"




KoKoပြောလို့ ဆာရန်းတစ်ဇွန်းခပ်စားကြည့်လိုက်
တယ်။

Wow....

မျက်၀န်းများကျယ်ပြီး ပါးချိုင့်လေးပေါ်အောင် ပြုံး
ပြရင်း ဆာရန်းက လက်ဖက်သုပ်ကို ဆက်ဝါးနေတာ
တွေ့ရတော့ ခိုခိုရယ်လိုက်မိတယ်။ ဆာရန်း
သဘောကျမယ်မှန်း သိသားဘဲ။



"ဘယ်လိုပြောရမလဲ... စိမ့်စိမ်လေးနဲ့ သူ့အညွန့်လေး
က ချဥ်ချဥ်လေး။ ပုဇွန်ခြောက်လေးတွေနဲ့ အရမ်းစား
ကောင်းတယ်သိလာ။ ကျွန်မသိပ်ပြီးတော့ ပြောပြ
မတတ်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ တစ်
ဇွန်းစားပြီးရင် မရပ်တန့်နိုင်ဘဲ နောက်တစ်ဇွန်းထပ်
စားချင်နေတာမျိုး။ အံသြစရာဘဲ။ "


"မင်းသဘောကျသွားပြီးမလာ။"

"အရမ်းဘဲပေါ့။"

ခေါင်းလေးငြိမ့်ကာ ပြုံးပြီးပြန်ဖြေသည့် ဆာရန်း
ကြောင့် KoKoပါပြုံးမိပြန်တယ်။

"မင်းသိလာ။ မြန်မာလူမျိုးတွေက လက်ဖက်လေး
စားရင်း ရေနွေးကြမ်းသောက်တတ်တာ။ "

"ဟုတ်လား။ ဘာလို့လဲဟင်။"


"အွန်း။ ငါလည်းကောင်းကောင်း မသိပေမဲ့ ခံစားမှု
တစ်ခုလို့ဘဲ ပြောရမလာ။ ဒီနေရာမှာ ရေနွေးကြမ်း
အစား green teaနဲ့ Lavender teaရှိတယ်။ မင်း
သောက်ကြည့်လေ။ အဲ့ခါကြရင် ဘာလို့လဲဆိုတဲ့
မင်းရဲ့အမေးစကားကို ငါမဖြေလည်း မင်းနားလည်
သွားမှာပါ။"





ဆာရန်းက green teaပူပူလေးကို မှုတ်ပြီး
ဖြည်းဖြည်းချင်းသောက်လိုက် ၊ လက်ဖက်လေး
စားလိုက်နှင့် တော်တော့်ကို အဆင်ပြေနေသည်။


ခိုခိုမှာတော့ သူ့နှုတ်ခမ်းပေါ်က ချွေးစလေးကို
သုတ်ပေးလိုက်နှင့် ဘဲပေါက်စလေးကို သဘောကျ
စွာ ငေးကြည့်နေမိသည်။

ကြည့်ရတာ သူမေးတဲ့မေးခွန်းကို သူ့ဘာသာ
နားလည်သွားပုံဘဲ။ လက်ဖက်စားပြီး ရေနွေးချမ်း
သောက်ရတဲ့ ခံစားချက်က ဘာနဲ့မှကို လဲမနိုင်ဘူး
ဆိုတဲ့ ခံစားချက်မျိုးကို သူခံစားမိသွားတာထင်ပါရဲ့။


"လက်ဖက်စားပြီးရင် ဗိုက်ပွတတ်တယ်ဆိုတာသိ
လာ။ ဒါပေမဲ့ မင်းစိတ်မပူနဲ့နော်။ ဒါက သာမန်
စားသောက်ဆိုင် မဟုတ်ဘူး။ Karinaက မှော်နဲ
ဘေးထွက်ဆိုးကျိုးတွေအားလုံးကို ဖယ်ရှားထားပြီး
သား။"

"တစ်ကယ်ကြီးလာ။ ဝါး... အံ့သြစရာဘဲ။"

"ပြီးတော့ green teaကိုသောက်လိုက်တဲ့အတွက်
မင်းညကြရင် ကောင်းကောင်းအိပ်ပျော်မှာပါ။
ဆေးဘက်၀င် လက်ဖက်ရည်နဲ့ပတ်သတ်လာရင်
ရီနာ့အိမ်သူ မင်ဂျောင်းက ဆရာတစ်ဆူလို့ ပြောလို့
ရတယ်။"

(Min Jeong)





"အိမ်သူဆိုတော့ သူတို့က အချင်းချင်းလက်ထပ်
ထားတာပေါ့။ "


"ဒါပေါ့။ သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုက မင်းနဲ့ငါ့
လိုပါဘဲ။"


"အေ.... ဟေ.... ရှင်က ဒီလိုမျိုးလဲ နေရာ၀င်ယူတတ်
တယ်နော်။ ကိုယ့်ဘက်ကိုယ်ယက်နေတာဘဲ။"




"မင်းကို ပြုံးစေရင် ငါကျေနပ်ပါတယ်။"

ပါးလေးရဲသွားပြီး ဘာမှပြန်မဖြေတဲ့ပုံအရ သူရှက်
သွားမှန်း ခိုခို ခံစားမိတယ်။ ရှက်တာတောင် ချစ်ဖို့
ကောင်းနေတဲ့ လူသားမျိုးစိပ်ကို KoKoအခုမှ
ပထမဆုံးတွေ့ဖူးတာဘဲ။



"ဒါနဲ့ Lavender teaနဲ့ Green teaကိုသောက်ရင်ရမဲ့
အကျိုးကျေးဇူးတွေ ကျွန်မကို ပြောပြပါလာ။ "


"အဟင်း။ နောက်မှပေါ့။ "


"အခုတော့ မင်းကို နောက်ထပ်ခေါ်သွားရမဲ့နေရာ
ရှိတယ်။ "


"ဒါနဲ့ ပိုက်ဆံမရှင်းတော့ဘူးလာ။ "



"ရှင်းစရာမလိုဘူး။ ဒီစားစရာတွေနဲ့ပတ်သတ်တဲ့
အရာမှန်သမျှ သူပိုင်တဲ့နေရာတွေ နိုင်ငံတိုင်းမှာ
အများကြီးဘဲ။ ငါတို့ဆီက ကောင်းမွန်တဲ့ အမူအရာနဲ့
မှတ်ချက်တွေက သူ့ကိုအကျိုးဖြစ်ထွန်းစေတယ်။
ဥပမာ စပါးတစ်ဧကစိုက်ထားရင် နောက်တစ်ဧကစာ
လောက်သူ့ထဲမှာ တိုးပွားလာတာမျိုး။ ဒီဆိုင်က
ပိုက်ဆံရှင်းပေးပြီး စားရတာမဟုတ်ဘူး။ သူလိုတာ
ငွေရှင်းပေးတဲ့သူ မဟုတ်ဘူး။ လာစားပေးတဲ့သူ။
မင်း ပိုက်ဆံရှင်းချင်တယ်ဆိုရင်တော့ ကိုရီးယားရဲ့
JMစားသောက်ဆိုင်ကြီးမှာ သွား၀ယ်စားသင့်တယ်။"

"ကျွန်မ အဲ့ဒီမှာ တစ်ခါလောက်လေးသွားစားလိုက်
တာနဲ့တင် ကျွန်မရဲ့နှစ်လစာက အေးဆေးလေးပလုံ
သွားမှာ။ JMက နာမည်းကြီးစားသောက်ဆိုင်လေ။
နိုင်ငံတော်တော်များများမှာ သူ့ရဲ့ဆိုင်ခွဲတွေ အများ
ကြီးရှိတယ်။ ဒါနဲ့ ဘာလို့ အဲ့မှာသွားစားရမှာလဲ။"



"ဘာလို့ဆို JMပိုင်ရှင် ယူဂျီမင်းက ဒီဆိုင်ရဲ့ပိုင်ရှင်
Karinaဖြစ်နေလို့ဘဲလေ။ ပြီးတော့ တိုမီအိုခါရဲ့
မြို့တော်ဆိုတာ ညနေ၅နာရီမှစပေါ်လာတာ။
မနက်၃နာရီဆို ပျောက်ကွယ်သွားပြီးလေ။ ဒီက
မျိုးနွယ်စုအသီးသီးက သက်ဆိုင်ရာနယ်မြေတွေမှာ
လူသားဟန်ဆောင်ပြီး ပုံစံပြောင်းနေထိုင်ကြတယ်
လေ။ ဥပမာ- Karinaနဲ့ Maiလိုမျိုးပေါ့။ အင်း....
မာအီကတော့ သာမန်မိန်းကလေးလိုဘဲ နေထိုင်လို့
မင်းသူ့ကို သိမှာမဟုတ်ဘူး။ "


"အ့ဆို လူသားစစ်စစ်က ရှိတောင်ရှိပါ့တော့မလား။
ကျွန်မတို့ကမ္ဘာကြီးက မလုံခြုံတော့ဘူးပေါ့။ "

"အဲ့လိုတော့ ဘယ်ဟုတ်မလဲ။ လူမှာလည်း
လူကောင်း ၊ လူဆိုးတွေရှိသလို ။ တစ်ခြားမျိုးနွယ်စု
တွေမှာလည်း ကောင်းတဲ့သူနဲ့၊ မကောင်းတဲ့သူဆိုပြီး
ရှိတယ်။ ကံကြမ္မာမှာ အကောင်းနဲ့အဆိုးဆိုတာ
ဒွန်တွဲပြီး ပါလာစမြဲဘဲ။ မင်း အများကြီးမတွေးပါနဲ့။
ဒီတိုင်း ပေါ့ပေါ့ပါးပါးဘဲတွေးပါ။ "

"ရှင်ပြောတာလည်း မှန်တာပါဘဲ။ တစ်ကယ်ဆို
တစ်ချို့လူတွေရဲ့ လောဘတွေက မကောင်းဆိုးဝါး
တွေထက်တောင် ပိုပြီးဆိုးဝါးသေးတယ်။ တွေးကြည့်
လိုက်မှ ဒီလောက်လည်း ထိတ်လန့်စရာ မကောင်း
တော့ဘူးဘဲ။ "


"ဒါဆို သွားကြမလာ။ မင်းကို တစ်နေရာခေါ်သွားချင်
သေးတယ်။"

"အွန်း။ သွားမယ်လေ။"








စိတ်ကူးယဥ်ကမ္ဘာ



စိတ်ကူးယဥ်ကမ္ဘာလို့ ရေးထိုးထားတဲ့ ကျွန်းတံခါး
ကြီးရှေ့မှာ သူမတို့ရပ်နေကြသည်။ ရိုးရှင်းတယ်ထင်
ရပေမဲ့ နာမည်နဲ့တင် မရိုးရှင်းဘူးဆိုတာ ဆာရန်း
ခံစားမိသည်။


"ဒီနေရာထဲမ၀င်ခင် မင်းသွားချင်တဲ့နေရာရယ် ၊ တွေ့
ချင်တဲ့သူရယ်ကို အားလုံး မင်းရဲ့စိတ်ကူးနဲ့ဖန်းတီး
လို့ရတယ်။ ပြီးတော့ စိတ်ကူးယဥ်မဟုတ်ဘဲ မင်းနဲ့
သက်ဆိုင်တဲ့အတိတ်ကိုလည်း ပြန်သွားလို့ရတယ်။"


"အဲ့တာဆို ကျွန်မရဲ့အမေကိုကော တွေ့လို့ရလာ။"

အမေ့ကို မမြင်ချင်ဘူးပြောခဲ့ပေမဲ့ ဆာရန်းကို စွန့်ပစ်
သွားခဲ့သည့်သူကို တစ်ခါလောက်တော့ တွေ့ဖူးချင်ပါ
သည်။

KoKo ဆာရန်းကို ဂရုဏာသက်စွာကြည့်ကာ....

"ရတာပေါ့။ မင်းသာဆန္ဒရှိမယ်ဆိုရင်။"








[A/N- စိတ်ကူးယဥ် FICလေးလိုဖြစ်သွား
ပြီးရယ်။ ယာယာ့ရဲ့ Fav idolတွေကို နေ
ရာ အသီးသီးမှာ ဧည့်သည်အနေနဲ့ကော၊
အရံအနေနဲ့ပါ ထည့်ထားတာလေ။ သဘော
မတွေ့မိရင်တော့ ယာယာအရေးအသားလို
အပ်ချက်တွေရှိသွားတယ်လို့ဆိုရမှာဘဲ။
အဲ့အတွက်လည်း တောင်းပန်ပါတယ်။


ဆိုတော့ ဒီFicလေးက အပိုင်းတွေများမယ်
ထင်ပါတယ်။ ဖြည်းဖြည်းချင်းဆီ ယာယာ
နဲ့အတူလိုက်ပါစီးမျောပေးပါအုံး။ ပြီးတော့
Izna ficလေးဖန်တီးဖို့ အတွေးရှိရင် ယာယာ
ပြောချင်တာက ဖန်တီးလိုက်ပါလို့။ အရေး
အသားက ဖြည်းဖြည်းချင်းစီ ပြင်ရေးရင်
အဆင်ပြေသွားမှာပါ။ ယာယာတော့ Izna
myanmar Fan Ficလေးတွေ များလာဖို့
မျှော်လင့်နေမိပြီး။ ]







You are reading the story above: TeenFic.Net