2

Background color
Font
Font size
Line height





ပုံမှန်ဆို သူမ ည12ရီမှ အသွင်ပြောင်းပေမဲ့ ထူးထူး
ဆန်းဆန်း Ryu Sarangရောက်လာမှ ​အသွင်ပြောင်း
တဲ့အချိန်က နဂိုထက် ပိုစောနေသည်။ အဲ့မိန်းကလေး
ဆီကနေ အနံ့တစ်ခု KoKoရသည်။ သွေးနံ့ဆိုပေမဲ့
တခြားလူတွေနဲ့မတူဘဲ သူ့သွေးကို လတ်ဆတ်တယ်
လို့ ခံစားရတယ်။ လူသွေးရွံတတ်သည့် သူမက
အဲ့မိန်းကလေးနဲ့ကျမှ ဒီလိုတွေဖြစ်နေရလို့ စိတ်တိုမိ
သည်။

သူ့အရှေ့မှာ အတတ်နိုင်ဆုံးထိန်းနေပေမဲ့ သူ့
လည်တိုင်ဖွေးဖွေးလေးကြောင့် သွေးကြောစိမ်းလေး
ကို ကိုက်ဖောက်ပစ်ချင်နေသည့် ဆန္ဒကိုထိန်းနေရ
သည်။

သူ့ကို အနားမှာ ကြာကြာထားလို့မဖြစ်တာမို့ သူနေမဲ့
အခန်းကို အမြန်ပို့ပေးလိုက်ရသည်။ ပြီးနောက်
KoKoကိုယ့်အခန်းကိုယ် ပြန်လာကာ ကုတင်ပေါ်မှာ
လူးလိမ့်နေမိသည်။

ဆယ့်နှစ်နာရီမထိုးခင်မှာပင် ခိုခို့ရဲ့ သွားစွယ်နှစ်
ချောင်းရှယ်ထွက်လာပြီး လက်သည်းများသည်
လည်းရှည်ထွက်လာခဲ့သည်။ မျက်စံအနက်ရောင်ဟာ
အနီရောင်ဘက်သို့ ကူးပြောင်းလာကာ ပိုရဲလာသည်။
နတ်ဆိုးဖခင်ရဲ့အမွေတွေကို ခိုခို ရထားပြန်သည်။
အနက်ရောင်အတောင်ပံများဟာ ဒီနေ့မှဖြည်းညင်း
စွာ တိုးထွက်နေသယောင်။ ထိုအတောင်ပံကြောင့်
နာကျင်မှုက အဆမတန်။

မြန်ဆန်နေသည့် နှလုံးခုန်သံနှင့်အတူ ခိုခိုရဲ့ဒေါသမီး
များဟာ တောက်လောင်နေသည်။ စိတ်ရှိလက်ရှိ
အော်ဟစ်ပြီး ပေါက်ကွဲပစ်ချင်နေမိသည်။ ထို
ကြောင့် ခိုခို့အခန်းနှင့်ဆက်နေသည့် ဝရန်တာဆီသို့
ထွက်ကာ အပြင်သို့ ပျံထွက်သွားလိုက်သည်။

ညလေအေးရဲ့ အေးချမ်းမှုကြောင့် KoKoစိတ်များ
အနည်းငယ်သက်သာကာ အဆင်ပြေသွားခဲ့သည်။
အချိန်တော်တော်များများတောဘက်ကို လှည့်ပတ်

ကြည့်နေမိသည်။

ထိုစဥ် KoKoအနားရောက်လာသည့် အဖေတူအမေ
ကွဲ နတ်ဆိုးညီမလေး Choi Jungeun။





(Choi Jungeun)





"ဘယ်လိုလဲ အစ်မ။ စိတ်အေးလက်အေး သွားလာနေ
တာ အစ်မရဲ့ အပိုင်လူသားလေးကို စိတ်မပူဘူး
လာ။"

ဟိုမိန်းကလေးရောက်တာမှ နာရီပိုင်းလေးဘဲ ရှိ​သေး
သည်။ သတင်းပေါက်ကြားမှုက မြန်လိုက်တာ။ အ
ထူးအဆန်းလုပ်ပြီး စိတ်၀င်စားပြနေသည့်
Jungeunကြောင့် စိတ်အလိုမကျမှုဟာ ချက်ချင်း
ရောက်လာသည်။

"နင် အရေးထားရမဲ့ကိစ္စမဟုတ်ဘူး ဂျောင်အွန်း။ ပြီး
တော့ ငါ့အနေနဲ့ လူသားတစ်ယောက်ကို စိတ်ပူနေ
စရာ ဘာအကြောင်းမှလည်း မရှိဘူး။ ဟိုနက္ခတ်
တွက်တဲ့ အရူးအဖိုးကြီးတွေကြောင့် သူက ငါ့ရဲ့အပိုင်
၊ ငါ့ကြင်ရာတော်ဖြစ်လာမဲ့သူဆိုပေမဲ့ ငါလူသား
မိန်းကလေးတစ်ယောက်အပေါ် ဘယ်တော့မှ
ချစ်မိသွားမှာ မဟုတ်ဘူး။"

"ဟားဟား.. အစ်မက အရမ်းကိုယ့်ကိုကိုယ်
အထင်ကြီးတာဘဲ။ အေးပေါ့လေ Vampireမျိုးနွယ်
စုရဲ့ဆက်ခံသူသခင်မလေးဖြစ်တဲ့အပြင် Demon
သွေးနှောဆိုတော့လည်း။ ဒါပေမဲ့ သတိတော့ထား
ပေါ့။ ငါက အစ်မကို စိတ်ပူလို့ ပြောတာမဟုတ်ဘူး
နော်။ အစ်မရဲ့ညီ ဟိုသွေးနှောကောင် အရူးက အဲ့
မိန်းကလေးကို ဖျက်စီးပစ်လိုက်မှာဆိုးလို့ပြောတာ။
နောက်ပြီး အစ်မ တစ်စုံတစ်ခုဖြစ်လို့ အဲ့ကောင်

အစ်မရဲ့နေရာဆက်ခံရင်တော့ သေချာတယ်
နတ်ဆိုးမျိုးနွယ်နဲ့ Vampireမျိုးနွယ်စုက တစ်သက်
တာ ရန်သူတွေဖြစ်သွားမှာဘဲ။"

ဂျောင်အွန်းက ပြောချင်တာပြောပြီး​ပျံထွက်သွား
သည်။ အတွေးများနေရသူမှာ ခိုခို။

Narai King... သူက Vampireသွေးနှောဖြစ်တဲ့
လူသားတစ်ယောက်ဘဲ။

KoKoရဲ့ အမေတူအမေကွဲ ညီအစ်ကို။ ဟုတ်တယ်
KoKoရဲ့ အမေက ဖေဖေနဲ့လမ်းခွဲပြီးနောက် လူသား
မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တာ။

ယောကျာ်းဟော်မုန်းလည်း ပါရှိသည့်မေမေဟာ
ထိုမိန်းကလေးနဲ့အတူ သားတစ်ဦးရရှိလာခဲ့သည်။
ငယ်ငယ်ကတည်းက ဖျက်စီးတတ်တဲ့ နက္ခတ်နဲ့ဖွား​
မြင်လာတဲ့မောင်ဖြစ်သူ Kingကို KoKoလည်း သနား
တာကြောင့် ၊တချို့သောကိစ္စရပ်တွေကို လွှတ်ထား
ပေးရသည်။ Kingဟာ ငယ်ငယ်က လိမ်မာတဲ့
ကလေးတစ်ယောက်ဘဲလေ။ ဘာကြောင့် ဒီလိုတွေ
ပြောင်းလဲသွားလည်း မသိပေမဲ့ပေါ့။

မြို့ထဲက တရားခံမပေါ် အမျိုးသမီးငယ်တွေရဲ့
သေဆုံးမှုမှာ Kingစနက်မကင်းတာ KoKoသိသည်။
သူတစ်ညတာပျော်ပါးလို့ ဝသွားရင် Kingက
အဲ့မိန်းကလေးရဲ့သွေးကို သောက်သုံးပြီး သတ်ပစ်
တတ်သည်။

လူသားတွေက ဒီလိုအားနည်းတတ်တဲ့ အမျိုးအစား
ဖြစ်နေလို့ကို ခိုခို မကြိုက်တာ။ ကံဆိုးသည် ပြောရ
မလာ။ ကြင်ရာတော်ဖြစ်လာမည့်သူကလည်း
လူသားဖြစ်နေခဲ့သည်။

ရုတ်တရက် သူ့ကို တစ်ယောက်ထဲ အိမ်ကြီးထဲမှာ
ချန်ထားမိသည်ကို သတိရပြီး စိတ်ပူသွားမိသည်။
ခိုခို စိတ်စွမ်းအင်သုံးပြီး သူမရဲ့အခန်းကို အာရုံပြု
လိုက်ကာ ချက်ချင်း ပြန်ခဲ့လိုက်သည်။

အိမ်ထဲရောက်သည်နှင့် နာရီလက်တံကိုကြည့်လိုက်
တော့ 12ရီထိုးဖိုး 5မိနစ်။

မလွန်ဆန်နိုင်တဲ့အနံ့ကြောင့် နှလုံးခုန်သံဟာလည်း
ရူးသွပ်သွားနိုင်တဲ့အထိ မြန်ဆန်လာပြန်သည်။

"ငါ ရူးတော့မှာဘဲ။ ဒီအနံ့။ ပြီးတော့သူ့ရဲ့ နှလုံးခုန်
သံလေး...

12နာရီထိုးခါနီးမို့လားမသိဘူး။ ထိန်းချုပ်နိုင်စွမ်း
လုံးဝကင်းမဲ့နေသည်။ နောက်ဆုံး မခံနိုင်သည့်အဆုံး
သူမရဲ့ နတ်ဆိုးအသံဟာ ဟိန်းထွက်လာခဲ့သည်။

"အား.... "(shout)

"သူ...

ကြားသွားပြီး။"

KoKoအသံမထွက်အောင် ပြန်ထိန်းလိုက်ရသည်။
ဒီမိန်းကလေးရဲ့ ရနံ့ဟာ တဖြည်းဖြည်းနီးကပ်လာ
သလိုခံစားရသည်။ အချိန်တန်ရင် သူမရဲ့သရုပ်မှန်ကို

ဒီမိန်းကလေးသိရမှာဆိုပေမဲ့ အခုလိုမျိုး ချက်ချင်း
ကြီးကြ။

အခန်းဘက်ကို ဝင်ရောက်လာသည့် မီးအလင်း
ရောင်ကြောင့် ခိုခို့စိတ်ဟာထောင်းခနဲ။ သူမအနေနဲ့
ဒီလိုအချိန်မှာ အလင်းရောင်မြင်ရတာကို သေ
လောက်အောင် မုန်းပါသည်။ ချက်ချင်း ရူဆာရန်းရဲ့
လက်ကောက်ဝတ်ကိုဆွဲကာ အခန်းတံခါးကို ဆောက်
ပိတ်ပစ်လိုက်ပြီး လော့ချကာ သူ့ရဲ့ပါးပြင်လေးကို
ဖျစ်ညစ်လိုက်သည်။

ဒေါသလည်း အတော်ထွက်နေမိတာမို့ သူ့ကို စူးရဲစွာ
ကြည့်ကာ...

"မင်းကို ငါပြောထားတယ်မလာ။ ငါမခေါ်ဘဲနဲ့ မလာ
ပါနဲ့လို့!!!..."

သူ့ရဲ့ရနံ့သင်းသင်းလေးက အတော်ဆွဲဆောင်
နေသည်မို့ ခိုခို စိတ်မထိန်းနိုင်စွာ သူ့လည်တိုင်လေး
ဆီ တိုးကပ်သွားမိသည်။ သွေးကြောလေးရှိရာဆီ
ကို ခိုခို့ရဲ့နှုတ်ခမ်းလေးနှင့် မထိတထိ ထိရှပ်ကာ
ကျီစယ်နေမိပြန်သည်။ သို့ပေမဲ့....

အကြီးအကျယ် တုန်လှုပ်ပြီး မြင်းဒုန်းစိုင်းသလို
အခုန်မြန်နေသည့် သူ့နှလုံးခုန်သံလေးကြောင့် ခိုခို
အသိစိတ်များ ပြန်ဝင်လာကာ သူ့လက်ကိုကိုင်လိုက်
တော့ အေးစက်နေသည့် သူ့ရဲ့လက်ကလေး။

ကြောက်ရွံ့တုန်လှုပ်နေသည့် သူ့ကြောင့် ခိုခိုရဲ့ ဒေါသ
များပြေလျှော့သွားသလို လူအသွင်ပြန်ပြောင်းသွား
ခဲ့သည်။

အသွင်ပြောင်သွားသည့် ခိုခို့ကို ဆာရန်းက ကြောင်
ကြည့်နေပြီး...

"တကယ်ဘဲ ရှင်ကဘာကြီးလဲ။"

ဘုတ်!''

လဲကျသွားသည့် ဆာရန်းကိုကြည့်ပြီး ခိုခို လေပူလေး
တစ်ချက်မှုတ်ထုတ်ကာ မျက်မှောက်ကြုံ့လိုက်ပြီး...

"Arrsh... တကယ်ပါဘဲ။ ဒီမိန်းကလေးနှဲ့။"

ခိုခို သူ့ကိုသိုင်းချီကာ ကုတင်ပေါ်တင်ပေးလိုက်
သည်။ ပြီးနောက် တစ်ခန်းလုံးက မီးတွေကိုဖွင့်ထား
ပေးလိုက်သည်။

"Arr! မျက်စိကျိန်းလိုက်တာ။"

အလင်းမကြိုက်ပေမဲ့ နိုးလာရင် သူထပ်ကြောက်နေ
မှာဆိုးလို့ မီးကိုဖွင့်ပေးလိုက်သည်။ KoKoက မအိပ်
လည်းရတာမို့ တစ်ညလုံး သူ့ကို ထိုင်ကြည့်နေဖို့သာ
ဆုံးဖြတ်လိုက်သည်။

စိတ်ထဲမှာတော့ ခုဏက ထိကပ်မိတဲ့ သူ့ရဲ့လည်တိုင်
က သွေးကြောစိမ်းလေးကို ပြန်မြင်ယောင်နေမိ
တယ်။

"ဟင်း... ကိုက်ဖောက်လိုက်ရ။ ဘာလဲဟာ။ သူက လူ
လေ။ ကြက်မှ မဟုတ်တာ... သတိလေးဘာလေး
ကပ်အုံး ခိုခိုရဲ့။"

မေ့မျောနေသည့် ဆာရန်းမှာ ဘာမှမသိပေမဲ့ ခိုခို
တစ်ယောက် သူ့အတွေးပေါင်းစုံနှင့်သူ တစ်ယောက်
ထဲ ဂယောက်ဂယက်တွေဖြစ်လို့။


You are reading the story above: TeenFic.Net