13

Background color
Font
Font size
Line height




"အဲ့ဒါက ဘယ်ကပြန်လာတာလဲ"

ည၁၂နာရီထိ မအိပ်သေးတာလာ... ဒါမှမဟုတ်
တရေးနိုးလာတာလား မသိပေမဲ့ Jeeminကို
အထူးတလည် စိတ်၀င်တစားမေးနေသည့်
Jeon Saebiကြောင့် မျက်ခုံးပင့်မိသည်။

သူဘာလို့ Jeeminရှိခြင်း ၊မရှိခြင်းနဲ့ ပတ်သတ်ပြီး
သတိထားနေရတာလဲ..။

"တို့ အစ်ကိုနေမကောင်းလို့ ခဏပြန်သွားတာပါ။ "

"ရှင့် profileမှာတော့ မွေးချင်းမရှိလို့ရေးထားတာ
ပါ။ "

မျက်မှောင်ကုတ်ပြီး မေးနေပုံကို Jeeminကို
သူဒေါသထွက်နေသလို....။

"၀မ်းကွဲပါ။ "

Jeon Saebiက ဘာမှဆက်မမေးဘဲ ဒီတိုင်းသာ
ကြည့်နေတာမို့ Jeeminဘာလုပ်ရမှန်းမသိဖြစ်
နေမိသည်။

"ည၁၂နာရီတောင်ရှိနေပြီး မင်းပြန်မအိပ်တော့ဘူး
လာ။ မင်းသမီးတစ်ယောက်အနေနဲ့ မင်းအိပ်ရေး
ကို ထိန်းသိမ်းရမယ်မလာ...။ "

"အဲ့တာ ကျွန်မကိစ္စပါ။ နောက်ဆို တစ်နေရာရာ
သွားမယ်ဆို ကျွန်မကို အသိပေးပါ။ အခုလို
အချိန်မတော်ကြီး တစ်ယောက်ထဲထွက်သွား
တာ မိန်းကလေးတစ်ယောက်အတွက် အန္တရာယ်
များတာ မသိဘူးလာ။ ပြီးတော့ ဒီလောက်ည့နက်
တဲ့အထိ နောက်တစ်ခါအပြင်ထွက်ဖို့ ကျွန်မ
ခွင့်မပြုဘူး ။ "

Bodyguardတစ်ယောက်ကို စိတ်ပူနေတာဘဲ။
ပြီးတော့ သူထင်သလို Jeeminက သာမန်မိန်းကလေး
တစ်ယောက်မဟုတ်သလို လူသားလည်းမဟုတ်
ပါဘဲ။ သခင်လေးက နေပြန်ကောင်းစဘဲရှိသေး
တာမို့ လိုအပ်လို့ခေါ်ရင် Jeeminပြန်သွားရမည်
သာဖြစ်သည်။

"မင်း သဘောပါဘဲ။ နောက်ထပ်ဘာမှာချင်သေး
လဲ။ "

စိတ်ပူလို့ပြောနေတာကို Bang Jeeminက
အမိန့်စကားလိုတွေးလိုက်တာမို့ Saebiပါးစောင်
ဘက်လျှာထိုးလိုက်မိသည်။ ဒီမိန်းမက သူမကို ရွဲ့နေ
သလား မသိပါ။

ညအချိန်မတော်ကြီး သူ မရှိတော့ ဆယ်ဘီ့မှာ
ဘယ်လောက်တောင် စိုးရိမ်သွားလဲ။

အဲ့ဒါထက် ဒီအချိန်တိုအတွင်းမှာ အဲ့မိန်းမအပေါ်
ဘာလို့ ဂရုစိုက်နေမိမှန်းမသိပါ။

"စောစောနားလိုက်ပါ။ "... ပြောပြီး အခန်းပြန်သွား
သည့် ဆယ်ဘီ့နောက်ကျောကိုကြည့်ရင်း Jeemin
သက်ပြင်းချမိတယ်။

ဒီနေ့ ဆေးမသောက်ရသေးတော့ ခုဏက
သွေးဆာလောင်မှုကို တော်တော်ထိန်းချုပ်လိုက်
ရသည်။ ဆေးဘူးက ဒီအိမ်မှာဘဲကျန်ခဲ့တာမို့
အိပ်ခန်းအမြန်ပြန်ရင်းကုတင်ဘေးက ဗီရိုအံဆွဲ
တစ်ခုကို အမြန်ဆွဲဖွင့်ကာ ဆေးတစ်လုံးယူ
သောက်လိုက်သည်။

အခုမှ အဆင်ပြေသွားသည်။ ဆေးသာမရှိရင်
တော့ Jeon Saebiက Jeeminရဲ့အစာဖြစ်သွား
လိမ့်မယ်။ အဲ့ခါကြရင် သခင်လေးအပြစ်ပေးတာကို
ပါခံနေရမှာ။

နောက်ကို Jeeminသတိထားမှ ဖြစ်တော့မည်။





🖇️





"အခုလို ကျွန်တော်တို့နဲ့လာပူးပေါင်းပေးတဲ့
အတွက် ကျေးဇူးပါဗျ။ နောက်ဆို Vampireနဲ့
Demonဆက်ဆံရေးက ပိုတောင်ကောင်းလာ
တော့မှာ။ "

"အဟက်!.. နဂိုလည်း ကောင်းပြီးသားပါ။
ပြီးတော့ သူသာမရှိရင် ရှင်တို့မျိုးနွယ်စုလည်း
Demonတွေလက်ထဲမှာ သွေးချောင်းစီးနေ
လောက်ပြီး။ "

သူဆိုတာ Narai KoKoကိုပြောတာ ဒီလူ

သိမည်ထင်ပါသည်။

"ဟားဟား... ဟုတ်တာပေါ့ဗျာ။ မင်းသမီးရဲ့
ကျေးဇူးကို မမေ့ပါဘူး။ "

"မလိုပါဘူး။ လက်ထပ်ပွဲဖြစ်မလာဖို့ ကူညီပေးမှာ
မို့ ကတိအတိုင်း Jiyoonဆက်ရှင်သန်နိုင်ဖို့အတွက်
အဲ့ဆေးလုံးကိုပေးမယ်မလာ။ "

" ကျွန်တော်က ကတိတည်ပါတယ်ဗျ။ ဒါပေမဲ့
ဆေးကိုသောက်ပြီးရင် သူက သာမန်လူသား
တစ်ယောက်ဘဲဖြစ်သွားမှာ။ ပိုတောင်အန္တရာယ်
များတာကို အဲ့လိုလုပ်လို့ဖြစ်ပါ့မလာ။ "

"ရှင့် ကိစ္စမဟုတ်တာမို့ အာရုံထားမနေပါနဲ့။ "...
ပြောပြီး စွမ်းအင်သုံးကာ Jungeunထိုနေရာမှ
ထွက်ခဲ့တော့သည်။

ထိုင်နေကြ တောင်စွန်းနားက သစ်ပင်ကြီးရဲ့အကိုင်း
ခပ်ကြီးတစ်ခုပေါ်မှာ ထိုင်ရင်းကောင်းကင်ကြီးကို
ကြည့်နေမိတယ်။

နင်မလိုချင်တဲ့ အဲ့ဘ၀ကနေကယ်တင်ပေးပါ့
မယ်။ မုန်းသွားမယ်ဆိုလည်းရတယ်။ ငါ့အတွက်
နင်အသက်ရှင်နေဖို့သာ အဓိကမို့။ ငါအသက်ရှင်
နေသရွေ့ နင့်ကိုဘယ်သူမှ ထိခိုက်အောင်မလုပ်
စေရဘူး Jiyoon။








🖇️





"လက်ထပ်ရမဲ့ ကိစ္စကို အချိန်ဆွဲနေတာလား သမီး"

မေမေ မေးတော့ KoKoဘာမှ ပြန်မဖြေနိုင်ခဲ့။
အလျင်စလိုလုပ်ပြီး ဆာရန်းကိုလည်း စိတ်မညစ်စေ
ချင်။

ဘာမှပြန်မဖြေသည့် သမီးဖြစ်သူကြောင့် Sana
သမီးအနားသွားလိုက်ပြီး ပုခုံးကိုခပ်ဖွဖွပုတ်လိုက်
ကာ...

(Narai Sana = King and KoKo's mom)




"သမီးအလျင်စလိုမလုပ်ချင်တာ မေမေသိပါတယ်။
ဒါပေမဲ့ အချိန်ဆွဲနေလို့ ကောင်းတာမရှိဘူးဆိုတာ
ကိုတော့ မေမေသမီးကို မမေ့စေချင်ဘူး။ သမီး
အချိန်ဆွဲလေ... အဲ့ကလေးမအတွက် အန္တရာယ်
များလေဘဲ။ "

"သမီးကို အချိန်ခဏလောက်ပေးပါ မေမေ။
တောင်နတ်ဘုရားဖြစ်စေချင်သလို ဆာရန်းနဲ့
လက်ထပ်ရမှာဆိုပေမဲ့ လက်ထပ်ပြီးရင် ဆာရန်းက
လူသားကမ္ဘာကို ပြန်လာလို့မရတော့ဘူးမလာ။ "

"ဟုတ်တယ် သမီး။ သမီး သေချာအချိန်ယူပါ။
မေမေ အတင်းမတိုက်တွန်းပါဘူး။ "...ပြောပြီး မေမေ
က ထွက်သွားတာမို့ KoKoတစ်ယောက်ထဲ အတွေး
များရင်း ကျန်ခဲ့သည်။

ငါမင်းကို သဘောကျနေမိပြီး ဆာရန်း။ ဒါပေမဲ့
မင်းဘက်က ငါ့အပေါ်ခံစားချက်ကိုတော့ ငါတွေး
မတတ်တော့ဘူး။ ငါနဲ့အတူရှိချိန်တိုင်း မင်းကိုပြုံး
နေနိုင်အောင် ငါလုပ်ပေးချင်တယ်။ မင်းနဲ့အတူ
နှစ်ယောက်ထဲ နေရာတွေအများကြီးကိုလည်း
သွားချင်တယ်။

အတင်းအကြပ်လုပ်ယူထားတဲ့ ၊ မဖြစ်မနေလုပ်ရမဲ့
လက်ထပ်ပွဲတစ်ခုမှာ မင်းရဲ့စိတ်ရင်းမပါဘဲ လုပ်ဖို့

အတွက်လည်း ငါတွန့်ဆုတ်နေမိပြီး။

အဲ့ညက မင်းရဲ့ထူဆန်းတဲ့ပြောင်းလဲမှုကိုလည်း အခု
ချိန်ထိ ငါအဖြေရှာလို့မရသေးဘူး။

ငါဘာဆက်လုပ်သင့်လဲ...။ မင်းကို ထပ်ပြီးအထိ
အခိုက်မခံချင်တော့ဘူး။





🖇️




ကော်ဖီတစ်ငုံသောက်ရင်း အပြီးသတ်ဖို့ကျန်နေသည့်
ဒီဇိုင်းကို Jiyoon အာရုံစိုက်ပြီးဆွဲနေမိတယ်။ အခုဆို
အိမ်တွင်းအောင်းနေမိတာ တစ်ပတ်နီးပါးရှိပြီး။

Jungeunကလည်း Jiyoonကိုဆို သတိရဖော်တောင်
မရဘူး။ messageလေးတစ်ကြောင်းလောက်တော့
မျှော်လင့်မိတာကို။ သွေးအေးတဲ့ Demonကြီး။

ဆွဲနေတာလေးကို ဆယ်မိနစ်ကျော်အတွင်းအပြီး
သတ်ပြီးသည့်နောက် ကော်ဖီခွက်ကိုင်ရင်း ၀ရန်တာ
ဘက်ထွက်လာခဲ့သည်။ အရမ်းမကျယ်သည့် ၀ရန်
တာပေမဲ့ တစ်ယောက်စာဆိုဖာလေးတစ်လုံးစာ
လောက်ကျယ်တာမို့ ဆိုဖာတစ်လုံးထားဖြစ်သည်။

ဆိုဖာပေါ်၀င်ထိုင်ရင်း နေ့ခင်းဘက်သွားလာလှုပ်ရှား
မှုတွေကို ငေးကြည့်နေမိတယ်။ လူသားကမ္ဘာက
အသက်မွေး၀မ်းကြောင်းအတွက် တော်တော်လေး
ကြိုးပမ်းရတာဘဲ။ ဒါပေမဲ့ စိတ်ချမ်းသာရပါတယ်။
ကိုယ်ဝါသနာပါတာလေး လုပ်ရရင်ပင်ပန်းစရာရယ်
လို့တော့ ဖြစ်နေမှာမဟုတ်ဘူး။

တခြားသောပူလောင်မှုတွေက လူသားတွေတောင်
မဟုတ်ဘဲ Jiyoonတို့လို Vampireအနွယ်၀င်ဘဲ
ဖြစ်ဖြစ်၊ တခြားအနွယ်၀င်ဘဲဖြစ်ဖြစ်ခံစားကြရတာ
ဘဲမလား။

ဥပမာ.. အချစ်၊ အမုန်း ၊ အာဏာနဲ့ မနာလိုမှုတွေ...





ဘာမှသိပ်မကွာတဲ့အပြင် Vampireဘ၀ကတောင်
ပိုပြီးမြင့်မြတ်နေလောက်တာကို မလိုချင်ဖြစ်နေမိ
လည်းဆိုတော့.... အင်း....

လူ့အသတ်သေဆုံးနေလို့ပါဘဲ။ လူတစ်ယောက်ကို
သတ်ဖြတ်ပြီးမှ ရလာမဲ့သွေးတွေနဲ့ အသက်ဆက်
နေရတာက ဘယ်လောက်တောင်ရွံဖို့ကောင်းလဲ။

Jiyoonအနေနဲ့ တိုက်ရိုက်လူသတ်စရာမလိုပေမဲ့
မှောင်ခိုသွေး၀ယ်ယူပေးနေတဲ့ မိဘတွေရှိတာမို့
သွေးအတွက်ပူပင်စရာမလိုပေမဲ့ တစ်နည်းအားဖြင့်
Jiyoonလည်း မသမာတဲ့နည်းနဲ့သူများသွေးတွေ
သောက်နေရတာဘဲမလာ။

ဘယ်လောက်တောင်ဆိုးရွားလိုက်လဲ။

"ဘာတွေတွေးနေတာလဲ။ "

အတွေးလွန်နေတာနဲ့ Jungeunရောက်လာတာကို
သတိမထားမိလိုက်ဘူး။

"နင်ဘယ်လိုရောက်လာတာလဲ။ "

"နင့်အိမ်ရဲ့ ဘယ်နေရာကိုမဆို၀င်ဖို့ ငါ့အတွက်မခက်
တာ သိရဲ့သားနဲ့။ "

ဂျောင်အွန်းက ၀ရန်တာလက်ရန်းကို နောက်ကျော
မှီရင်း လက်ပိုက်ကာဆိုတော့ Jiyoonခပ်မဲ့မဲ့ပြုံးလိုက်
မိသည်။ ကျေနပ်နေလို့တော့မဟုတ်.... လာဖို့လွယ်
တာတောင် အခုမှရောက်လာလို့ Choi Jungeunကို
စိတ်ဆိုးပါသည်။

"မသိပါဘူး။ နင့်အကြောင်း ငါဘာမှမသိဘူး။
သိလည်းမသိချင်တော့ဘူး။ "

လွမ်းလွန်းလို့ အပြေးလေးလာတွေ့တာကို စိတ်
ကောက်နေပုံရတော့ Jungeun ခပ်သဲ့သဲ့ပြုံးလိုက်မိ

သည်။


"ဟော.... ဒါက ဘာဖြစ်ပြန်။ ငယ်ငယ်ကလို ငါ့ကို
စိတ်ကောက်နေတယ်လို့တော့ မပြောနဲ့နော်။ "

ခပ်စစရယ်ရင်း Jungeunပြောတော့ မျက်စောင်း
ထိုးရင်းထရပ်ကာ အိပ်ခန်းထဲပြန်၀င်ခဲ့သည်။

Yoon Jiyoonတို့များ.... စိတ်ကောက်တာတောင်
ချစ်ဖို့ကောင်းအောင် ကောက်နိုင်လွန်းတယ်။
Jungeunသူ့အနောက်ကနေ ခပ်သုတ်သုတ်ကလေး
ပြေးလိုက်ကာ လက်ကောက်၀တ်ကို လှမ်းဆွဲလိုက်
တော့ အားပါသွားလို့ထင်ပါသည်။

ရင်ခွင်ထဲ၀င်လုမတတ် မျက်နှာချင်းနီးကပ်သွားခဲ့
သည်။ ဖြူအုနေတဲ့ Jiyoonပါးပြင်နုနုလေးက ရဲလာ
တော့ တစ်ဖွဖွနမ်းချင်စိတ်ကိုထိန်းထားရသည်။

အဲ့မျက်၀န်းဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်နေတော့
ခွေးပေါက်လေးနဲတူနေလို့ Jungeunမှာ သူ့ကို
အူယားနေမိတယ်။




ဒီအခြေအနေက ဘာကြီးလဲမသိပေမဲ့ မူမမှန်တဲ့
ရင်ခုန်သံကြောင့် Jungeunကြားသွားမှာကိုတောင်
စိုးရိမ်နေမိတယ်။

dudu~~dudu~~dudu


Choi Jungeunရဲ့အကြည့်စူးစူးတွေကို အခုချိန်ထိ
ခံနိုင်ရည်မရှိသေးပါ။ သူ့ထွက်သက်နွေးနွေးလေးက
Jiyoonနဖူးလေးကို ရိုက်ခတ်ကျီစယ်နေသည်။

ပြုံးကြည့်နေရာမှ တည်သွားသည့် Jungeunဟာ
တဖြည်းဖြည်းပိုပြီးနီးကပ်လာသည်မို့ မျက်၀န်းများ
မှိတ်ချလိုက်မိတယ်။

နူးညံ့တဲ့အထိအတွေ့လေးဟာ Jiyoonမျက်ခွံပေါ်မှာ
ခပ်ကြာကြာ....။

သွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသလို
ရင်ခုန်သံရဲ့ ရထားခုတ်မောင်းမှုဟာ Jiyoonကို လက်
ဖျားများပင်အေးစက်စေသည်အထိ။

Choi Jungeunက Jiyoonကို ပထမဆုံးအကြိမ်
အနမ်းပေးနေခဲ့တာ။ မျက်ခွံပေါ်က အထိအတွေ့
ကြောင့် Jiyoonဒီလောက်ထိတောင် ခံစားချက်တွေ
ပြင်းထန်လာတာ ပထမဆုံးအကြိမ်...။

မျက်ခွံပေါ်ကနေ အနမ်းခွာသွားသည့် Jungeunရဲ့
လည်တိုင်ကို လက်နှင့်သိုင်းဖက်ပြီး နှုတ်ခမ်းရဲရဲလေး
ကို ထိကပ်လိုက်မိသည်။

အဖြေရှာဖို့လိုအပ်နေတာကို Jiyoonအဖြေရှာနေမိ
ပြီး။

အံ့သြနေတဲ့ Jungeunက အနမ်းတွေကို တုန့်ပြန်လာ
သလို ခါးပေါ်မှ Jungeunရဲ့လက်များဟာလည်း
ပိုတင်းကြပ်လာခဲ့သည်။



နူးညံ့သည်မဆိုသော်... ကြမ်းတမ်းချင်းမမည်သည့်
အနမ်းတစ်ခုကို Jiyoonတို့နှစ်ယောက်လုံးပုံဖော်နေ
မိသည်.....။

သေချာတာတော့ ဒီကိစ္စပြီးရင် Jiyoonတို့နှစ်ယောက်
လုံး သူငယ်ချင်းဆက်မဖြစ်နိုင်တော့ဘူးဆိုတာဘဲ။





You are reading the story above: TeenFic.Net