𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ဒီနေ့ကျောင်းပိတ်ရက်ကို မိုးတွေရွာနေတယ် အေးပေါ့လေ မိုးတွင့်ဘက်ပဲရောက်နေပြီကို မနက်ဖြန်လည်း ရွာမဲ့ပုံပေါ်တယ် ဆွေးစရာလေးပေါ့ အဟင်း...ပြောရင်းသူ့အကြောင်းတွေးမိပြန်ပြီ
သူ့ကိုစသဘောကျမိတာက အထက်တန်းပထမနှစ်လောက်ကပေါ့
သူကကျောင်းရဲ့ Canteen မှာသူငယ်ချင်းတွေနဲ့ ရယ်မောနေခဲ့တာ ပထမဆုံးသတိထားမိတာက ယုန်လိုပုံစံနဲ့သွားလေး အဲ့ဒါကချစ်စရာကောင်းတယ် ပြီးတော့ သူ့ရယ်သံက အပျော်တွေကူးစက်စေတယ်
အဲ့နေ့ကစပြီး သူရှိတဲ့နေရာတွေမှာ အရိပ်လိုရှိတယ် သူကတော့ ကိုယ့်ကိုမြင်မဲ့ပုံမပေါ်
တစ်နေ့ စာသင်ခန်းထဲရုတ်တရက်ကြီးဝင်လာတော့ ရင်ဘတ်ထဲကအကောင်ပေါက်က အပြင်ကိုပေါက်ထွက်တော့မဲ့အတိုင်း
ဆရာမဆီကိုစာအုပ်တွေလာပို့ရင်း ဆရာမနဲ့စကားပြောနေခဲ့တာ အဲ့တုန်းကလည်း သူ့မျက်နှာလေးကို မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့သေးတယ်
ဆရာမက ကိုယ့်နာမည်ကို ခေါ်တော့ ကိုယ့်ကိုလှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေ မျက်လုံးချင်းဆုံမိသွားတဲ့ အခိုက်အတန့် အင်း အဲ့ဒါတွေက ကြယ်လေးတွေနဲ့တူတယ် ဝိုင်းစက်နေပြီး မျက်စံနက်နက်ထဲမှာ ကြယ်တွေစုထားသလိုပဲ
နောက်ဆုံး မနေနိုင်တဲ့ကိုယ်ကပဲ အကြည့်လွှဲလိုက်ရတယ်
သူဘာကြိုက်တတ်လဲ သူဘာစားတတ်လဲ ဆိုတာကို စာအုပ်နဲ့အမြဲလိုလိုမှတ်ထားမိတယ် အထက်တန်းပထမနှစ်ကုန်ခံနီးမှာ ဂျီမင်နီးက သူ့စာအုပ်ကိုတွေ့သွားတယ် အဲ့ကနေ ဆော့ဂျင်နီးကဆွဲယူသွားတော့ ဖုံးမရတဲ့အဆုံးအကုန်ပြောမိလိုက်တယ်
ဆော့ဂျင်ကသူ့ကိုမေးတယ်
'အဲ့တော့ မင်း gay သွားတာလား'
'ငါ gay တာမဟုတ်ပါဘူး ငါသူ့တစ်ယောက်ထဲကိုပဲချစ်သွားတာ gay လို့ပြောခံရင်တော့ ငါကသူ့တစ်ယောက်အတွက်ပဲ gay လူသားအချင်းချင်းကြိုက်တာ ဘာမှားနေလို့လဲ'
မေမေလာခေါ်မှ အသိပြန်ဝင်ပြီး လက်ရှိဘဝကိုသာပြန်အာရုံစိုက်လိုက်သည်
"သားရေ"
"ဗျာ"
"မိုးအေးတယ်နော် အနွေးထည်လေးဘာလေးဝတ်ထားချည်"
"ဝတ်ထားတယ် မေမေ"
"အေးအေး"
ဂိမ်းလေးဘာလေးဆော့ရင်ကောင်းမလား နေအုံး ဟိုတစ်ယောက်ကိုစာပို့ရမယ်
'ဘာလုပ်'
တစ်ဖက်ကဂျောင်ကုမှာတော့ ပန်းချီဆွဲနေတုန်း Phone screen ကလင်းလာလို့ကြည့်လိုက်တော့ ဟိုကင်မ်ထယ်ယောင်း ဘာလုပ် တဲ့နေ့တိုင်း စာလာပို့ရင် အဲ့စကားကမပါမဖြစ် ငါ့ဘာသာဘာလုပ်လုပ်ပေါ့ သူနဲ့ဆိုင်တာကြနေတာပဲ
ကြည့်ရုံပဲကြည့်ပြီး အမြင်ကပ်၍ စာမပြန်ပဲထားလိုက်သည်
'မအားဘူးလား'
'မင်းအားမှာပါ'
'ဘာလုပ်နေတာလဲ'
'စာမပြန်မချင်း ပို့နေမှာနော်'
*တောင် တောင် တောင်*
"ကျစ်...ချီးထုပ်ပဲ"
ဖုန်းကတတောင်တောင်မြည်နေတာ မရပ်တော့သည်မို့ စိတ်မရှည်ပဲ Reply ပြန်လိုက်သည်
'ငါ့ဟာငါဘာလုပ်လုပ်ပေါ့ မင်းနဲ့ဘာဆိုင်'
Seen ချက်ချင်းပြပုံ အရတော့ ကြည့်ရတာ ဖုန်းနားမှာ ထိုင်စောင့်နေပုံ
'မေးကြည့်တာကို စိတ်ကြီးပဲ'
'မင်းကရော အလုပ်မရှိဘူးလား အားနေ စာပဲလာပို့နေတာ
'ရှိတယ်လေ မင်းကိုစာပို့တဲ့အလုပ်'
'👍🏻'
'ဘာလဲ အဲ့လက်မက'
'စာဆက်မပို့နဲ့တော့ ပန်းချီဆွဲနေတာ အနှောင့်အယှက်ဖြစ်တယ်'
'Ok Ok 🙄'
စာဆက်မပို့တော့ ဆွဲလက်စပန်းချီကိုသာ အာရုံစိုက်ထားလိုက်သည်
တစ်ဖက်က ကင်မ်ထယ်ယောင်းမှာတော့
"အား ရှီးလ် ပျင်းလိုက်တာ မိုးကလည်းရွာနေတယ်"
*Picture perfect, you don't need no filter...*
ဖုန်းသံကြားလို့ထကြည့်မိတော့ 'ဟိုဘက်အိမ်က ဂျင်ဂျင်'
'ဟယ်လို...'
'ဂိမ်းဆော့မယ်လေ ထယ်ထယ် ငါပျင်းလို့'
'အေးကွာ ငါလည်းပျင်းနေတာ'
'အေး ဝင်ခဲ့တော့'
'အင်း'
>>>>>>>>>>>>>>>>>>>>
ဒီနေ့ကကျောင်းဖွင့်တဲ့ရက်
"ချီးလိုပဲ မျက်စိတစ်မှိတ်အတွင်း ပိတ်ရက်ကကုန်သွားပြီ"
မနက်စာစားပြီး ကျောင်းကားမှီအောင်လိုက်ရတာလည်း အလုပ်တစ်လုပ် ညကညဉ့်နက်မှအိပ်တာလေ အိမ်စာရှိမှန်းညကမှ သိတော့ ညကကုန်းရုံးရေးရတာ
ကျောင်းရှေ့ရောက်တော့ လူတွေကအုံလို့ မိုးကလည်းရွာနေတာကို ဗွက်တွေကိုကျော်ရ ခွရနဲ့ လူတွေက ငါတိုးသူဦးနေကြတာ တော်သေးတယ် သူ့မှာထီးပါလာလို့ပေါ့
အဲ့တာက ခနနေအုံး ကျောင်းတက်ခေါင်းလောင်းမထိုးခင် ဟိုတစ်ယောက်အတွက် Banana milk ကသွားပို့ရအုံးမယ်
"ရော့"
"အာ..အင်း ကျေးဇူး"
"အင်း"
ဆိုပြီး လှည့်ထွက်သွားတဲ့ ထယ်ယောင်း..
ဂျောင်ကုကတော့ ထယ်ယောင်းလုပ်နေတာတွေကိုကြောင်အစွာကြည့်နေမိသည်
အရင်ကလို ပရော်ပရည်လည်းမလုပ်သလို စကားအပိုတွေလည်းမပြောတော့ မနေ့ညကရောမနက်ကရောစာလာမပို့ပါ
ဒါလည်းကောင်းတာပါပဲ သူ့အတွက်စိတ်အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့
ထယ်ယောင်းကတော့ သူ့အခန်းထဲ ဝင်ပြီး စားပွဲပေါ်ခေါင်းမှောက်လိုက်သည် ပြီးတော့မှ အသံတိတ်ဖြင့်
"ရက်စ်! "
လက်သီးစုပ်ကာ လေထဲကိုထိုလိုက်သည် တကယ်တော့ မနေ့ညက သူစာလုပ်ရင်း
*Flash back*
"ဟူး...ဒီပုံစံအတိုင်းဆို ဘာမှဖြစ်လာမှာမဟုတ်ဘူး အကြံလေးတော့ထုတ်ရမယ် ဆိုတော့ Go to YouTube"
'crush ကပြန်ကြိုက်နည်း'
'crush ပြန်ကြိုက်အောင်ဘယ်လိုလုပ်ရမလဲ'
Search bar မှာရှာလိုက်တော့ ထွက်လာတာက အစီအရင်ပုံစံတွေ နိုးပါ ကင်မ်ထယ်ယောင်းတို့အဲ့လောက်တော့ အလုပ်ရှုပ်မခံနိုင်ဘူး
နောက်ဆုံးမှာတော့ ကြံရာမရတဲ့အဆုံး
'ကိုယ်သဘောကျရတဲ့လူက ကိုယ့်ကိုပြန်သဘောကျလာအောင်ဘယ်လိုလုပ်ရမလဲ'
အမ် ဘာကြီးလဲ အဲ့ဒါမြန်မာနိုင်ငံက မမဆောင်းမလား ဘာတွေထွက်လာမှန်းကိုမသိဘူးကွာ
"ကျစ်...အတွေ့အကြုံရှိတဲ့လူ ဘယ်သူရှိမလဲ ဂျင်ရော ဂျင်နီကအဲ့လောက်တော့ သိလောက်မှာပါ"
*တူ....တူ....တူ....*
'ဟယ်လို'
'အေး ဂျင်ဂျင် အားလားငါမေးစရာရှိလို့'
'ဪအေး မေးလေ အားတယ်'
'အေးကွာ ဂျွန်ဂျောင်ကုငါ့ကိုပြန်ကြိုက်လာအောင်ဘယ်လိုလုပ်ရမလဲ'
'ကင်မ်ထယ်ယောင်း မင်းမဟုတ်မှ အတည်ကြီးတွဲမလို့လား'
'အေး..'
'ဝါး...တကယ်ကြီးပေါ့ မယုံနိုင်စရာပဲ'
'လုပ်စမ်းပါကွာ ပြောပြစမ်းပါ'
'အင်း...ငါတွေ့ဖူးတာတော့ ကိုယ်ကြိုက်နေတဲ့သူ ကိုယ့်ကိုအာရုံစိုက်လာအောင် အင်း...'
'မင်းကလည်း တအင်းအင်း အီးညှစ်နေတာလား'
'ငါပြောတာမပြီးသေးဘူး ပိတ်ထား'
'ပြီးရော'
'မင်းသူ့ကို အရင်က ဂရုစိုက်တာတွေရှိတယ်မလား'
'အေး အအေးသွားပို့တာတို့ စကားသွားပြောတာတို့ စာသွားပို့တာတို့ ဘာညာသရကာ'
'အင်း မင်းခုချိန်ကစပြီး သူ့ကိုလျစ်လျူရှုလိုက်တော့'
'ဟမ် ဘာလို့လဲ'
'ဟျောင့် မင်းပဲစဉ်းစားကွာ မင်းကသူ့ကိုကြိုက်နေမှန်းသိလို့ တမင်ချေမိုးနေတာလေ အဲ့တော့မင်းကလည်း သူနဲ့တန်းတူ ပြန်ချေပြလိုက်ရင်....'
'သူ့ကပြန်ကြိုက်မယ်လို့ပြောချင်တာလား'
'နိုး နိုး အဲ့လောက်အမြင့်ကြီးမတွေးနဲ့ အမောင်ထယ်ယောင်းရှီး စကားပြန်ပြောရုံလောက် ဒါမှမဟုတ် မင်းကိုပြန်ဂရုစိုက်နိုင်လောင်တဲ့ အဆင့်လောက်ပေါ့'
'သေချာလို့လားကွာ'
'အောင်မယ် ငါကဘယ်သူလဲ ကင်မ်ဆော့ဂျင်ပါကွ ငါပြောရင် မဖြစ်တဲ့ဟာမရှိဘူး'
'ပြောတာပဲ ငါယုံလိုက်မယ် အိုကေ ကျေးဇူး'
'အိုကေ'
*Flash end*
"ဟူး..အလုပ်ဖြစ်ဖို့မျှော်လင့်တာပဲ"
>>>>>>>>>>>>>>>>>>>
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
ဒါလေးကိုပြစ်ထားသလိုဖြစ်သွားတယ်"(
Please vote and feedback
Thank you for vote and feedback (90°bow)
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
"သားရေ"
"ဗျာ"
"ဝတ်ထားတယ် မေမေ"
"အေးအေး"
'ဘာလုပ်'
'မအားဘူးလား'
'မင်းအားမှာပါ'
'ဘာလုပ်နေတာလဲ'
*တောင် တောင် တောင်*
"ကျစ်...ချီးထုပ်ပဲ"
'👍🏻'
'ဘာလဲ အဲ့လက်မက'
'Ok Ok 🙄'
'ဟယ်လို...'
'အေး ဝင်ခဲ့တော့'
'အင်း'
>>>>>>>>>>>>>>>>>>>>
"ရော့"
"အာ..အင်း ကျေးဇူး"
"အင်း"
"ရက်စ်! "
*Flash back*
*တူ....တူ....တူ....*
'ဟယ်လို'
'ဪအေး မေးလေ အားတယ်'
'အေး..'
'ပြီးရော'
'ဟမ် ဘာလို့လဲ'
'သေချာလို့လားကွာ'
'အိုကေ'
*Flash end*
>>>>>>>>>>>>>>>>>>>
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲
sᴛᴇʟʟᴀ 🐻💜
You are reading the story above: TeenFic.Net