𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (11)

Background color
Font
Font size
Line height

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

နောက်နေ့တွေမှာလည်းကျောင်းကို ဘာမှမဖြစ်ခဲ့သလိုပုံမှန်တိုင်းလာကြတဲ့သူတို့နှစ်ယောက်

ဟုတ်တယ်လေ သူတို့နှစ်ယောက်ကဘာမှမှမဖြစ်ခဲ့တာ အဟမ်း ဟိုကိစ္စကတော့ သူတို့နှစ်ယောက်ပဲသိတာပေါ့

ထယ်ယောင်းကတော့ သူ့ဘာသာသူအငြိမ်နေပင်မယ့် ကိုယ့်ဘာသာကိုယ်အငြိမ်မနေနိုင်တာကတော့ ဂျောင်ကုပင်
အတန်းမရှိတာနဲ့ သူ့ခုံမှာမရှိ ဘယ်ရောက်သွားတာလဲမမေးနဲ့ ထယ်ယောင်းတို့အတန်းမှာပင်
အကြောင်းမရှိလဲ အကြောင်းရှာပြီးသွားတတ်တယ်သူပါရယ်

ဘာလို့ခန ခနသွားနေတာလဲ မေးလိုက်ရင်

'မသိဘူး သူ့ကိုမမြင်ရရင်မနေနိုင်လို့ အမြင်ကပ်လို့'

အမြင်ကပ်လို့ပဲပေါ့ အမြင်သာမကပ်ရင် ကော်နဲ့သာကပ်ထားမလားပဲ

အခုလည်း ကျောင်းတက်ခေါင်းလောင်းမထိုးခင် ထယ်ယောင်းအခန်းထဲတွင်ရပ်ပြီး ထယ်ယောင်းနဲ့စကားပြောနေခြင်းပင်

"ယား...ဂျွန်ဂျောင်ကု မင်းကိုမင်းရဲ့ငှက်ပျောသီးနွားနို့လည်း ဝယ်တိုက်ပြီးပြီလေ အခုဘာရပ်လုပ်နေတာလဲ"

"အေးနော် ငါလည်းမသိဘူး မင်းကိုမတွေ့ရရင် ရင်ဘတ်ထဲမှာယားသလိုလိုနဲ့"

"အဲ့တာဝဲပေါက်နေတာ"

"ဘာဆိုင်လို့"

"ယားတယ်ဆို"

"အင်းလေ"

"ဟူး...သွားတော့"

"ဘာလို့လဲ မသွားဘူး"

"အလုပ်မရှိဘူးလား မင်းကအတန်းခေါင်းဆောင်လေ လူစစ်တာတို့ လက်မှတ်..."

"အာ...နမ်ဂျွန်းကိုလွှဲပေးလိုက်ပြီ အတန်းခေါင်းဆောင်လုပ်ရတာပျင်းလာလို့"

"မင်းကဘာလို့ဒီကိုလာလာနေရတာလဲ"

"လာချင်လို့"

ဒီကောင် တော်တော်ပြောရဆိုရခက်ပါလား နေအုံး မင်းရဲ့အားနည်းချက်ကိုသိထားပါတယ်ကွ ဟင်း ဟင်း
အဲ့တာကတော့

"သွားတော့ မသွားရင် ဟိုနေ့က မင်းငါ့ကိုဆွဲနမ်းတဲ့ကိစ္စကိုတစ်ကျောင်းလုံးသိအောင်ပြောလိုက်မှာနော်"

"ဟျောင့်...တိုးတိုးပြောပါကွ"

"အဲ့တာဆိုသွားတော့"

"ပြီး..ပြီးရော"

အဲ့ကိစ္စကတော့ ထယ်ယောင်းအတွက်တော့ လက်နက်တစ်ခုလိုပင်
ဟိုးတနေ့ကမှ ‌ဘာလို့နမ်းတာလဲပြန်မေးကြည့်တော့

'မင်း...မင်းကထွက်သွားတော့မလို့မလား ပြီးတော့ ငါ့ကိုလည်း ဆက်မကြိုက်နိုင်တော့ဘူးလည်းပြောသေးတယ် အဲ့..အဲ့တာကြောင့် ငါကဒီတိုင်းလုပ်မိလုပ်ရာလုပ်လိုက်တာ'

အဲ့နေ့ကစပြီး အဲ့ကိစ္စကို လျှောက်မပြောနဲ့နော် အစမဖော်နဲ့နော် ဆိုပြီးနှုတ်ပိတ်ခိုင်းတော့သည်
သို့ပင်မယ့် ကင်မ်ထယ်ယောင်းမလား သူပြောတိုင်းလုပ်ရအောင် သူကငါ့အမေလည်းမဟုတ်
သူ့ဘာသာသူနမ်းပြီးသူ့ဘာသာသူရှက်နေတဲ့ ဂျွန်ဂျောင်ကု အရူးကောင် ငါကမရှက်ရဘူး သူကရှက်နေတယ်

>>>>>>>>>>>>>>>>

"ထယ်ယောင်းနား..."

ကျောင်းဆင်းလို့အိမ်ပြန်တော့ လမ်းလျှောက်နေတုန်း အနောက်မှ ကြားလိုက်ရတဲ့အသံတစ်ခု လှည့်ကြည့်လိုက်တော့ ဂျောင်ကုပင်

"ဟမ်..အော.."

"ဟို..."

"ဘာလဲ"

"ခနနေအုံး တူတူသွားမယ်"

"မင်းနဲ့ငါလမ်းမှမတူတာ ကိုယ့်ဘာသာကိုယ်သွားစမ်းပါ ငါသွားပြီ"

"နေ..နေအုံးလို့"

"ဘာလဲလို့ ဒီ..."

ပြောလည်းပြောရင်း လမ်းလျှောက်ကလည်းလျှောက်နေရင်း အဆက်မပြတ်လျက်

"ငါ..ငါမင်းကိုကြိုက်နေပြီထင်တယ်"

ရပ်တန့်သွားပါသော မိမိခြေလှမ်းများ
တင်းကျပ်သွားပါသည့် မိမိလက်သီးဆုပ်
ခေါင်းထဲမှာ Question mark တွေတန်းစီလျက်

"ကင်မ်ထယ်ယောင်း.."

"...."

"ယား..ခေါ်နေတယ်လေ ကင်မ်ထယ်ယောင်း"

"ဟင်..အော..ပြောလေ"

"ဘာ..မင်းမကြားဖူးလား"

"ကြားတယ်လေ"

"ကြားတယ်ဆိုပြောလေ"

"ငါကဘာပြောရမှာ"

"မင်းပဲငါ့ကိုကြိုက်တယ်ဆို"

"မင်းပြောတာမဟုတ်ဘူးလား"

"မင်းအရင်ပြောတာလေ"

"ငါမင်းကိုမကြိုက်တော့ဘူးလို့ပြောပြီးပြီလေ"

"ဘာ..ဘယ်တုန်းကလဲ ငါမကြားလိုက်ဘူး"

"ငါမင်းကိုမကြိုက်ဘူး အခုပြောလိုက်ပြီ"

"မသိဘူး... ငါပြောတယ်လေ ငါးလမပြည့်ခင် ငါမင်းကိုပြန်ကြိုက်မိရင်တွဲမယ်လို့လေ ဘာလဲ မင်းကငါ့ကိုငြင်းပြီး ဟိုဒူအွန်းဆိုလား ဘာအွန်းဆိုလား အဲ့ကောင်ကိုပြန်ကြိုက်မလို့လား"

ကဲ ကြည့် တလွဲတွေတွေးပြန်ပြီ လူကဖြင့် ကျားကိုးစီးစားမကုန်ကို တွေးတော့ကလေး‌အတွေး

"ဒီမှာဂျောင်ကု..မင်းငါ့ကိုကြိုက်တယ်ဆိုတာနဲ့ ပြိးသွားတဲ့ကိစ္စမဟုတ်ဘူး ငါကမင်းကိုချစ်တာ
မင်းကငါ့ကိုကြိုက်တာ ကြိုက်တာ ချစ်တာမတူဘူး ဂျွန်ဂျောင်ကုရဲ့
ကဲပြော မင်းငါ့ကိုချစ်လား"

"......."

"မင်းမဖြေနိုင်ဘူးမလား"

"ငါ..."

"ငါသွားတော့မယ် မင်းလည်းပြန်တော့ နောက်ကျရင်မကောင်းဘူး"

သက်ပြင်းလေးကိုမသိမသာချရင်း ပြန်တော့မယ့်အချိန် အနောက်ကစကားသံကြောင့်ထပ်မံအံ့ဩသွားရသည်
ထိုစကားကတော့

"ငါမင်းကိုပြန်ချစ်လာအောင် ကြိုးစားလို့ရတာပဲ"

"အဲ့တာတော့ မင်းဘာသာမင်းကြိုးစားပေါ့"

"ဘယ်လိုမျိုးလဲ"

"ငတုံး...ပြန်တော့"

"ဒါပင်မယ့် ငါမင်းကိုကြိုက်တယ်လေ"

"ဟူး..ကြိုက်ရင်လိုက်လေ"

"တကယ်လား"

"အင်းလေ..အာ..ပြီးတော့ မင်းပြောတဲ့ မင်းကိုလိုက်ဖို့ငါးလအချိန်ပေးထားပင်မယ့် အခုမှ ၁လကျော်ပဲရှိသေးတာဆိုတော့ ငါကတော့ငါ့ကိုလိုက်ဖို့ မင်းကိုသုံးလအချိန်ပဲ‌ပေးမယ် ဘယ်လိုလဲ.."

ခနလောက်စဉ်းစားပြီးမှ

"ရတယ် အဆင်ပြေတယ် ဒီကြားထဲမင်းလုံးဝ ငါ့ဆီမှာကျရှုံးလာမှာပါ"

"အပြောကြီးလိုက်တာ"

"ဟိုဟာလည်းကြီးတယ်"

"ဘာပြောတယ်"

"ငါက ဗလတွေကိုပြောတာပါ မင်းကဘာတွေတွေး"

"စကားကိုကြည့်ကြပ်ပြော"

"ဟုတ်ကဲ့ပါဗျ"

"သွားတော့"

"ဟုတ်ကဲ့ပါဗျ မနက်ဖြန်ကြမှတွေ့မယ်နော်"

"သွား..သွား..သွား"

သူ့ရဲ့မူပိုင်ယုန်သွားလေးဖြင့် ကလေးလိုပြုံးပြလာရင်း စနေသည့် ဂျောင်ကု
ဂျောင်ကုပြန်သွားတော့
ဂျောင်ကုရဲ့ ကလေးဆန်လှတဲ့အပြုအမူကိုတွေးရင်း ပြုံးနေမိတဲ့ ထယ်ယောင်း

.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ဒီတလော update နှေးမယ်ထင်တယ် အဖွားအိမ်သွားရမှာဆိုတော့လေ အဖွားကစည်းကမ်းကျပ်တော့ ဖုန်းသိပ်ကိုင်ရမှာမဟုတ်လို့ရယ်

Please vote and feedback
Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲










"အဲ့တာဝဲပေါက်နေတာ"

"ဘာဆိုင်လို့"

"ယားတယ်ဆို"

"အင်းလေ"

"ဟူး...သွားတော့"

"ဘာလို့လဲ မသွားဘူး"




"လာချင်လို့"

အဲ့တာကတော့



"အဲ့တာဆိုသွားတော့"

"ပြီး..ပြီးရော"




>>>>>>>>>>>>>>>>

"ထယ်ယောင်းနား..."


"ဟမ်..အော.."

"ဟို..."

"ဘာလဲ"

"ခနနေအုံး တူတူသွားမယ်"


"နေ..နေအုံးလို့"

"ဘာလဲလို့ ဒီ..."





"ကင်မ်ထယ်ယောင်း.."

"...."


"ဟင်..အော..ပြောလေ"

"ဘာ..မင်းမကြားဖူးလား"

"ကြားတယ်လေ"

"ကြားတယ်ဆိုပြောလေ"

"ငါကဘာပြောရမှာ"



"မင်းအရင်ပြောတာလေ"







"......."


"ငါ..."


ထိုစကားကတော့



"ဘယ်လိုမျိုးလဲ"

"ငတုံး...ပြန်တော့"


"ဟူး..ကြိုက်ရင်လိုက်လေ"

"တကယ်လား"




"အပြောကြီးလိုက်တာ"

"ဟိုဟာလည်းကြီးတယ်"

"ဘာပြောတယ်"



"ဟုတ်ကဲ့ပါဗျ"

"သွားတော့"


"သွား..သွား..သွား"

.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲   


sᴛᴇʟʟᴀ 🐻💜


You are reading the story above: TeenFic.Net