𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲 (10)

Background color
Font
Font size
Line height

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

ထယ်ယောင်းကတော့ ဂျောင်ကုဆွဲခေါ်ရာ ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်
အသိစိတ်ပြန်ကပ်လို့ ဘေးနားကိုကြည့်မှ ကျောင်းဆောင်နောက်မကိုသွားနေတာပင်
လက်ကနာလာသည် လက်ကိုအသေဆုပ်ကိုင်ထားတာ ကျိုး‌တော့မယ့်အတိုင်းပဲ

"ဂျောင်..ဂျောင်ကု လက်နာတယ်"

ထိုအခါမှ ဆုပ်ကိုင်ထားသည့် လက်မှ အသာအယာပြေလျော့သွားရသည်

"အာ..တောင်းပန်ပါတယ်"

"မင်းကဘာလို့ ဒီကိုခေါ်လာတာလဲ ပြီးတော့ ဘာလို့သူ့ကိုသွားအော်ရတာလဲ"

"အမ်...မသိဘူးလေ နေပါအုံး မင်းကငါသူ့ကိုအော်လို့ ငါ့ကိုပြန်အော်နေတာလား"

"ငါဘယ်မှာအော်လို့လဲ အရူးရဲ့"

"အခုအော်တယ်လေ ငါသာမအော်ရင် မင်းသူ့ကိုလက်ခံလိုက်မှာမလား"

"ဘာတွေပြောနေတာလဲ ငါကငြင်းမလို့ကို မင်းက ကြားဖြတ်ပြီး လျှောက်အော်နေပြီတော့"

"ဘယ်မှာငြင်းလို့လဲ မင်းသူ့ကိုလက်ခံမလို့မဟုတ်ဘူးလား ဟမ်!! "

"မဟုတ်ပါဘူးဆိုနေတာကို မင်းဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျောင်ကု !!'

ကိုယ့်နာမည်အပြည့်အစုံအား ခေါ်လာသူ သေချာတာတော့ တော်တော်စိတ်တိုနေပုံရသည့်
သူမသိဘူး သူဘာလုပ်လိုက်မှန်းကိုရော သူဘာတွေပြောမိလိုက်မှန်းကိုရော

"ကျစ်.."

"ငါ့ဘာသာ ကြိုက်ချင်ကြိုက်မယ် မကြိုက်ချင်မကြိုက်ဘူး အဲ့တာငါ့အလုပ်"

"မရဘူး မင်းပဲငါ့ကိုကြိုက်တယ်ဆို ငါ့ကိုပဲကြိုက်လေ"

"ဟ..အဲ့တာတော့ မင်းလောဘကြီးသွားပြီ"

"အဲ့တာဆို အစောကတည်းလာမကြိုက်နဲ့လေ"

"‌ဪ...အဲ့တော့ ငါ့အပြစ်ပေါ့..? ကောင်းပြီ မင်းကိုငါဆက်မကြိုက်တော့ဘူး မင်းလည်း မင်းလမ်းကိုမင်းလျှောက် ငါလည်းငါ့လမ်းကိုငါလျှောက်မယ် အဲ့တော့ ဘိုင့် ဘိုင့်"

ပြောချင်တာတွေပြောပြီး ‌မိမိအား ကျောခိုင်းသွားတော့မည့် သူရဲ့ လက်ကို ဆွဲပြီး လှည့်လိုက်ကာ ကျောပြင်အား နံရံမှာ ကပ်စေ၍

"အင့် လွှတ် မင်းဘာလုပ်...ပြွတ်စ်"

"ပြွတ်စ်..."

ခနပဲ ခနပါပဲ နားတွေပါအူသွားပြီးတော့ ဘာဆိုဘာမှမကြားရတော့
ဒါကဘာအခြေအနေကြီးလဲ ဂျောင်ကုက သူ့ကို သူ့ကိုနမ်းနေတယ် !?
ပြီးတော့ သူ့လျှာ့ကြီးကလည်း နှုတ်ခမ်းထဲအတင်းတိုးနေတယ် ဟင့်အင်း

"အ့..."

နှုတ်ခမ်းစပ်နှစ်ခုအား တင်းတင်းစေ့ပိတ်ထားတော့ ဂျောင်ကုက ထယ်ယောင်းရဲ့အောက်ကနှုတ်ခမ်းကို ဖွဖွလေးကိုက်ဆွဲလိုက်သည်
ထိုအခါကြမှ ပွင့်ဟလာသည့် အသည်းပုံနှုတ်ခမ်းဝ
လျှာလေးနဲ့တဖြေးဖြေးချင်းတိုးဝင်တော့ စွဲမက်ဖွယ်အရသာ လက်မလွှတ်ချင်လောက်အောင်ကိုပဲ

နွယ်ရင်းနွယ်ရင်း နွယ်ပင်လေးလိုရစ်ပတ်နေကြတယ်
နှုတ်ခမ်းတွေပူလာသည် လျှာတွေလည်းထုံလာသည် သို့ပင်မယ့်ရှေ့ဆက်နေဆဲ
အလွန်ဆုံးပါးစောင်မှအရည်ကြည်များ စီးကျလာသည်အထိ မရပ်နိုင်သေး

နမ်းလို့ကောင်းတယ် ချိုတယ် ဟင်မ်း...စတော်ဘယ်ရီသွားတိုက်ဆေးလား ဟက်...ကလေးကြနေတာပဲ

"ပြွတ်စ်...ဟ့..အသက်ရှု...ကျပ် "

"အ့..."

လူကအသက်ရှုကျပ်ပြီးသေတော့မယ် တစ်ဖက်ကလူကမလွှတ်ပေးတာကြောင့် သူ့နှုတ်ခမ်းအား အားပါပါနဲ့ကိုက်ချလိုက်ရသည်

"မင်းဘာလို့ကိုက်တာလဲ"

"သေမလိုနမ်းနေတော့ ကိုက်မှရမှာပေါ့လို့ အား..ချီးပဲ စပ်လိုက်တာ"

"အဲ့..အဲ့တာက အဟမ်း"

"ဘာလို့လာနမ်းတာလဲ အရူးကောင်ရဲ့"

"မင်း..မင်းကငါ့ကိုထားသွားမလို့မလား"

"အဲ့တော့ ? "

"......."

"အဖြေမရှိဘူးမလား အဲ့တော့ ငါတို့ကိစ္စကိုဒီမှာပဲရပ်လိုက်တော့မယ် ဒီကိစ္စကိုလည်း မဖြစ်ခဲ့သလိုပဲမှတ်ထားလိုက်တော့"

"နေအုံး"

ဘာလဲဆိုသည့်သဘောဖြင့် စောင်းငဲကြည့်လာတော့

"ငါ့ကိုခနစောင့်"

"-ီးပဲ"

"အကြီးကိုဆဲစရာလား"

"မင်းနဲ့ရွယ်တူပဲကို ဘူဘူချင်းတစ်လုပ်မနေနဲ့"

"......."

>>>>>>>>>>>>>>>>>>>

ကျောင်းခန်းရှေ့ရောက်တော့ နှစ်ယောက်သား ကိုယ့်အခန်းကိုယ်ဝင်ကာ ပုံမှန်အတိုင်းမသိသလိုနေလိုက်သည်

ထယ်ယောင်းအခန်းထဲဝင်လိုက်တော့ အခန်းထဲကလူတွေကသူ့ကိုထူးဆန်းသလိုကြည့်နေကြသည်

"ကင်မ်ထယ်ယောင်း ကင်မ်ထယ်ယောင်း သူ့ဟာနဲ့အဆင်ပြေသွားတော့ ဒီကအစ်ကိုကြီးတွေကိုမေ့ပြီပေါ့လေ"

"ဘာ..ဘာကိုလဲ"

"အမယ် စကားတွေတောင်ထစ်နေပြီ ပြောစမ်း နှုတ်ခမ်းကဘာဖြစ်တာလဲ ပျားတုတ်ခံထားရတဲ့အတိုင်းပဲ"

"အမ်...အာ အဲ့..အဲ့တာက ဂျောင်ကုလေ ဂျောင်ကုနဲ့ရန်ဖြစ်တာ"

"ဟုတ်လို့လား"

မသင်္ကာသည့်မျက်လုံးဖြင့်ကြည့်ကာပြောနေသည့် ဆော့ဂျင်အား ထယ်ယောင်း နရင်းပိတ်အုပ်ချင်လာသည်

တစ်ဖက်ကဂျောင်ကုမှာလည်း အခန်းထဲဝင်လာထဲက လူတွေဝိုင်းကြည့်နေသလိုခံစားနေရသည် သို့ပင်မယ့် ထိုကိစ္စဟာ သူ့အတွက်တော့ အထွေအထူးမဟုတ် ဘာလို့ဆို သူကချောတယ်လေ အဲ့တော့ဒါကပုံမှန်ပါပဲ

"ဆိုပါအုံး"

ထူးထူးဆန်းဆန်း ယွန်းဂီကမေးလာသည့်မို့ ကြောင်အအဖြင့် ဘာကိုလဲဆိုသည့်အကြည့်ဖြင့် ကြည့်ရင်း

"မသိချင်ယောင်ဆောင်မနေနဲ့ မင်းတို့တွဲလိုက်ကြတာလား ကျွတ်ကျွတ် တွဲခါစတောင် ဒီလိုဖြစ်နေတာ တွဲတာကြာရင်တော့ အို့...တော် တော် မစဉ်းစားတော့ဘူး"

"ဘာ..ဘာတွေပြောနေတာလဲ"

*ဂွက်*

"အ့..."

အခုထိမခုတ်တတ်သည့်ကြောင်လိုလုပ်နေသည့် ဂျောင်ကုအား နမ်ဂျွန်းမှ ခေါင်းကိုခေါက်ရင်း

"မင်းနှုတ်ခမ်းကိုပြောနေတာ လူလိုမနမ်းကြဘူး"

"ဟင် အာ..အဲ့တာက ဟို ရန်ဖြစ်လာတာ"

"ဪ....ရန်ဖြစ်လာတာ... ဟုတ်ပါပြီ ယုံပါတယ် ယွန်းဂီရေယုံပေးလိုက်ပါကွာ"

"အေးပါ ငါလည်းယုံပါတယ်"

"မင်း..မင်းတို့ဘာတွေဖြစ်နေကြတာလဲ"

"ငါတို့ကဘာမှမဖြစ်ဘူး မင်းဘာသာမင်းတစ်ယောက်ထဲဖြစ်ပျက်နေတာ

သုံးယောက်သား စကားစပ်မိနေတုန်း အခန်းထဲကိုဝင်လာတဲ့ ဂန်ယူဂျင်း သူ့ကိုကြည့်လိုက်ရင်း သူနဲ့ကိုယ်အကြည့်ချင်းဆုံသွားပင်မယ့် သူ့ဘက်ကမျက်နှာလွှဲသွားသည် မျက်နှာလည်းသိပ်မကောင်းပါလား ဘာပဲဖြစ်ဖြစ်ပါ အဲ့တာသူ့အကြောင်းလေ

ဂန်ယူဂျင်းမှာတော့ ကျောင်းခန်းထဲ ဝင်ဝင်ချင်းတွေ့လိုက်ရတဲ့ ဂျောင်ကုမျက်နှာကြောင့် ပျော်သွားရပင်မယ့် နှုတ်ခမ်းမှ ပေါက်ပြဲရာကိုတွေ့တော့ မျက်နှာလေးပြန်ညှိုးငယ်သွားရသည်

ထိုင်ခုံမှာထိုင်ရင်း ခုနကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်တွေးမိတော့ သူ့မျက်ဝန်းတစ်ဝိုက် အရည်ကြည်များ ရစ်ဝိုင်းလာရသည်

*Flash back*

သူငယ်ချင်းတဲ့ ဟက်...ကင်မ်ထယ်ယောင်း နင်ဒီတစ်ခါတော့ လွတ်သွားတာပါ ဂျွန်ကနောက်ဆိုငါ့အပိုင်ပဲ ‌ဂျွန်ကငါ့ကိုချစ်တာ အဲ့ဒီ့ဂျွန့်ပါးစပ်ကပြောတဲ့ သူငယ်ချင်းဆိုတဲ့စကားကနေ ကိုယ့်ချစ်သူပါလို့ နင့်အရှေ့မှာသေချာပေါက်ပြောနေရင်း နင်နာကျင်နေတာကိုကြည့်မယ်

ဖြူစင်တဲ့မျက်လုံးလေးနဲ့သာကြည့်နေပင်မယ့် အတွင်းစိတ်ကတော့ပုပ်ပွလျက်
သူမသာဒီလိုတွေးနေတာကို သိရင် ထယ်ယောင်းဘယ်လောက်အံဩသွားမလဲ မဟုတ်ဘူး တစ်ကျောင်းလုံး ဘယ်လောက်အံ့ဩသွားမလဲ

သို့ပင်မယ့် ကံကြမ္မာက သူမအပေါ်မျက်နှာသာပေးပုံမပေါ် လွဲရင်းနဲ့သာ လွဲနေသည် သို့ပင်မယ့် ထိုလွဲလွဲလေးကသာ အဆင်ပြေသွားတယ်မဟုတ်လား
.
.
.
.
.

သူမတစ်ချက်နှုတ်ဆက်ပြီး လှည့်ထွက်သွားပင်မယ့် ဂျောင်ကုတို့နားမှာ လူတို့ဝိုင်းနေတာကြောင့် သူမသွားကြည့်လိုက်တော့ ဂျောင်ကုပြောသည့် စကားကြောင့် သူမမှာ ကြောင်အစွာနဲ့ ရပ်နေမိသည်

လိုက်ကပ်နေတာတဲ့လား သူမထင်ထားတာက ဂျွန်ကသူမကိုကြိုက်နေလောက်တယ်ဆိုပြီးတော့လေ ပြီးတော့ လွယ်လွယ်နဲ့ သူငယ်ချင်းမဖွဲ့တတ်တဲ့သူက ကိုယ့်ကိုပဲ လွယ်လွယ်နဲ့ သူငယ်ချင်းလုပ်ခိုင်းတော့ သူမ..သူမအထင်မှားမိသွားခဲ့တာပဲ

ထယ်ယောင်းကျောင်းမတက်တဲ့နေကဆို ဂျွန်နဲ့သူမရဲ့သတင်းတွေက ဟိုပြောဒီပြောနဲ့ဟိုလေးတကြော်ကြော်ဖြစ်သွားတာကို ကြားရင်း သူမပျော်နေခဲ့တာ ဘာလို့ဆို ဂျွန်ကဒီကိစ္စမရှင်းခဲ့လို့လေ

သူမမယုံကြည်နိုင်စွာ ဂျွန့်‌‌နောက်ကိုလိုက်သွားတော့ ထယ်ယောင်းအားကျောင်းဆောင်နောက်ကိုခေါ်သွားတဲ့ဂျွန်
ရန်ဖြစ်နေကြတယ် ပြီးတော့ ထယ်ယောင်းလက်ကို ဂျွန်ကဆွဲလိုက်တယ် ပြီးတော့ ပြီးတော့ သူတို့...နမ်းနေကြတယ်

ထိုမြင်ကွင်းအား သူမဆက်မကြည့်နိုင်တော့ရှိုက်သံမထွက်မိအောင် ပါးစပ်အား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ရင်း ထိုနေရာမှ ပြေးထွက်မိသည်
ထို့နောက် မိန်းကလေးအိမ်သာထဲမှာထိုင်ရင်း တံခါးကိုလော့ချကာငိုနေမိသည်

*Flash end*

ကျောင်းစတက်ကတည်းက ရှေ့သွားနှစ်ချောင်းနဲ့ ယုန်လေးလိုရယ်နေတဲ့ ဂျွန့်ကိုသူမသိပ်သဘောကျခဲ့တာ ငယ်ငယ်လေးကတည်းက ချမ်းသာကာအထက်တန်းစားထဲ ဝင်သည်မို့ လိုချင်တာပူဆာတိုင်းမရတာမရှိခဲ့

အရင်ကျောင်းမှာလည်း သူမကရုပ်ရည်အသင့်အတင့်နှင့် ချမ်းသာတာကြောင့် Popular girl ဖြစ်ခဲ့ပြီးတော့ ယောင်္ကျားလေးတိုင်းရဲ့ အသဲစွဲပျိုမဒီလေးဖြစ်ခဲ့တာ သို့ပင်မယ့် သူမတစ်ယောက်မှကိုစိတ်မဝင်စားခဲ့
သို့ပင်မယ့် သူမရဲ့လှပမှုတွေ စွဲဆောင်မှုတွေက သူ့အလှည့်ကြမှ အသုံးမဝင်တော့ ဒါကဝဋ်လည်တာလို့ခေါ်တာလား

လက်လွှတ်ရမှာလား ဟင့်အင်း...ငါလက်လွှတ်လိုက်ရင် သူပျော်လောက်မယ်ထင်လား အင်း..ငါလောဘကြီးခဲ့မိတာပဲ
ထယ်ယောင်းကိုအားကျတယ် သူ့ဆီကနေ သူမ'မရခဲ့ဖူးတဲ့ နွေးထွေးတဲ့အကြည့်တွေ နွေးထွေးတဲ့အပြောအဆိုတွေ အင်း...ငါဘယ်တော့မှ မရနိုင်လောက်ဖူးထင်တယ်

သူ့သူငယ်ချင်းတွေနဲ့ပြုံးရယ်နေသည့် ဂျောင်ကုအား ကြည့်ရင်း အဓိပ္ပာယ်ဖော်မရသည့် အပြုံးလေးကိုပြုံးကာ
နင်ပျော်မယ်ထင်လို့ ငါလက်လွှတ်ပေးခဲ့မယ် ဂျောင်ကု
ဒါပင်မယ့် နင်ကတော့ ငါ့ရဲ့အချစ်ဦးအဖြစ် ငါ့ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေအုံးမှာပါ
.
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

VOTE !?
ဖတ်ရတာထောက်နေမှာဆိုးလို့ တစ်ခါထဲအပ်ပေးလိုက်ပြီ
ယူဂျင်းကိုသနားပင်မယ့် ဇာတ်လမ်းကမဖြစ်မနေဒီလိုရှေ့ဆက်ရမှာမို့လို့ရယ် ဒါပင်မယ့် ဒူအွန်းကျန်သေးတယ်နော် ဟင်း ဟင်း

Please vote and feedback

Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲




"အာ..တောင်းပန်ပါတယ်"









"ကျစ်.."








"ပြွတ်စ်..."


"အ့..."





"အ့..."


"မင်းဘာလို့ကိုက်တာလဲ"


"အဲ့..အဲ့တာက အဟမ်း"



"အဲ့တော့ ? "

"......."


"နေအုံး"


"ငါ့ကိုခနစောင့်"

"-ီးပဲ"

"အကြီးကိုဆဲစရာလား"


"......."

>>>>>>>>>>>>>>>>>>>




"ဘာ..ဘာကိုလဲ"



"ဟုတ်လို့လား"



"ဆိုပါအုံး"



"ဘာ..ဘာတွေပြောနေတာလဲ"

*ဂွက်*

"အ့..."





"အေးပါ ငါလည်းယုံပါတယ်"






*Flash back*



.
.
.
.

.



သူမမယုံကြည်နိုင်စွာ ဂျွန့်နောက်ကိုလိုက်သွားတော့ ထယ်ယောင်းအားကျောင်းဆောင်နောင်ကိုခေါ်သွားတဲ့ဂျွန်


*Flash end*




.
.
.
.
.
.
𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

VOTE !?

sᴛᴇʟʟᴀ 🐻💜


You are reading the story above: TeenFic.Net