Intro

Background color
Font
Font size
Line height

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

နေ့လည်စာစားချိန်ဖြစ်လို့ Canteen မှာကျောင်းသားကျောင်းသူပေါင်းများစွာနှင့်မို့ အသံမျိုးစုံနှင့်ဆူညံစွာ

"ဂျွန်ဂျောင်ကု"

ထိုအသံဟာ Canteen တစ်ခုလုံးဟိန်းခနဲ..
ပုံမှန်လူဆို အော်ရင် သိပ်မကြားရပင်မယ့်
သူကဘယ်သူလဲ ကင်မ်ထယ်ယောင်းလေ တစ်ထယ်ပဲရှိတယ်။

သူအော်ပြီးနောက် အပ်ကျသံပင် မရှိလောက်အောင်ကို ဆူညံသံများရပ်သွားပြီး သူရှိရာသို့ လှည့်ကြည့်လာကြသော လူများကို သူမသိချင်ယောင်ဆောင်လိုက်သည်။
တစ်လှမ်းချင်း ခြေလှမ်းကြဲကြီးများဖြင့် တခြားသူများကို လျစ်လျှူရှုလျက် သူအာရုံစိုက်ရာ လူဆီသို့သာ ရောက်အောင်သွားလေသည်။

"ဒုန်း.."

'ဟဲ့ ဟဲ့ ပွဲလားမသိဘူး'

'ဟုတ်မယ် ဖုန်း ဖုန်း ဖုန်းရော'

တချို့ကတော့ ဖုန်းထုတ်၍ မှတ်တမ်းတင်သူကတင် တိုးတိုး တိုးတိုးဖြင့် အတင်းတုတ်သူကတုတ်ဖြင့်..
ပြောမှာပေါ့ အခုဟာက ရန်ဖြစ်တော့မယ့်ပုံစံနဲ့လေ ဒါပင်မယ့်သူက
ဂျောင်ကုထိုင်နေသော ရှေ့က စားပွဲခုံကို အသံမြည်အောင်ရိုက်လိုက်ကာ မျက်လုံးကိုစုံကြည့်၍

"ငါမင်းကိုကြိုက်တယ်"

'ဝိုးးးးး'

'ဝါး...ဒယ်ဘား'

'အဟွတ်..အဟွတ်'

ဝိုးတဲ့သူကဝိုး ဝါးတဲ့သူဝါး ထမင်းနင်သူကနင် ရေသီးသူကသီးနှင့်
ဘေးနားမှအကဲခတ်နေသော ထယ်ယောင်းသူငယ်ချင်းများ...မဟုတ်သေးဘူး တစ်ကျောင်းလုံးနဲ့က ကင်မ်ထယ်ယောင်းနဲ့ သူငယ်ချင်းတွေကြီးပဲ ဆရာမတွေကအစ ကျောင်းအုပ်ကြီးအဆုံး သူ့ကိုမသိတဲ့သူမရှိဘူး အဟမ်း..လမ်းကြုံလို့ကြွားရုံပါပဲ ဒါပင်မယ့် ဂျွန်ဂျောင်ကုကလွဲလို့ပေါ့..

ဂျောင်ကုသူငယ်ချင်းတွေရော ထယ်ယောင်းသူငယ်ချင်းတွေပါ အခြေအ‌နေကိုအကဲခတ်နေကြသည်
ဘာမှတော့မဟုတ်ဘူး ပွဲဖြစ်ရင် ကြည့်ရအောင်လို့လေ

ထိုင်နေသည့် ဂျောင်ကုက ဘာစကားမှမ‌ပြောပဲ ထယ်ယောင်းအား တစ်ချက်ကြည့်ကာ ငှက်ပျောသီးနွားနို့..အဲလေ.. Banana milk ကိုတစ်ချက်စုတ်သောက်၍

'ပလွတ်'

"ကြိုက်ရင်လိုက်လေ"

"ဘာ.."

'ဝိုးးးးးး'

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

>>>>>>>>>>>>>>>>

Hi Hi Hi
အသစ်လေးပါ အမြည်းလေးပေါ့နော် တင်ဖို့ကမသေချာသေးပါဘူး ဥထားရတာမနေနိုင်လို့ လာတင်တာ ဟိဟိ

Please vote and feedback
Thank you for vote and feedback (90°bow)

sᴛᴇʟʟᴀ 🐻💜
ေန႕လည္စာစားခ်ိန္ျဖစ္လို႔ Canteen မွာေက်ာင္းသားေက်ာင္းသူေပါင္းမ်ားစြာႏွင့္မို႔ အသံမ်ိဳးစုံႏွင့္ဆူညံစြာ

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

"ဂြၽန္ေဂ်ာင္ကု"

ထိုအသံဟာ Canteen တစ္ခုလုံးဟိန္းခနဲ..
ပုံမွန္လူဆို ေအာ္ရင္ သိပ္မၾကားရပင္မယ့္
သူကဘယ္သူလဲ ကင္မ္ထယ္ေယာင္းေလ တစ္ထယ္ပဲရွိတယ္။

သူေအာ္ၿပီးေနာက္ အပ္က်သံပင္ မရွိေလာက္ေအာင္ကို ဆူညံသံမ်ားရပ္သြားၿပီး သူရွိရာသို႔ လွည့္ၾကည့္လာၾကေသာ လူမ်ားကို သူမသိခ်င္ေယာင္ေဆာင္လိုက္သည္။
တစ္လွမ္းခ်င္း ေျခလွမ္းႀကဲႀကီးမ်ားျဖင့္ တျခားသူမ်ားကို လ်စ္လ်ႉရႈလ်က္ သူအာ႐ုံစိုက္ရာ လူဆီသို႔သာ ေရာက္ေအာင္သြားေလသည္။

"ဒုန္း.."

'ဟဲ့ ဟဲ့ ပြဲလားမသိဘူး'

'ဟုတ္မယ္ ဖုန္း ဖုန္း ဖုန္းေရာ'

တခ်ိဳ႕ကေတာ့ ဖုန္းထုတ္၍ မွတ္တမ္းတင္သူကတင္ တိုးတိုး တိုးတိုးျဖင့္ အတင္းတုတ္သူကတုတ္ျဖင့္..
ေျပာမွာေပါ့ အခုဟာက ရန္ျဖစ္ေတာ့မယ့္ပုံစံနဲ႕ေလ ဒါပင္မယ့္သူက
ေဂ်ာင္ကုထိုင္ေနေသာ ေရွ႕က စားပြဲခုံကို အသံျမည္ေအာင္ရိုက္လိုက္ကာ မ်က္လုံးကိုစုံၾကည့္၍

"ငါမင္းကိုႀကိဳက္တယ္"

'ဝိုးးးးး'

'ဝါး...ဒယ္ဘား'

'အဟြတ္..အဟြတ္'

ဝိုးတဲ့သူကဝိုး ဝါးတဲ့သူဝါး ထမင္းနင္သူကနင္ ေရသီးသူကသီးႏွင့္
ေဘးနားမွအကဲခတ္ေနေသာ ထယ္ေယာင္းသူငယ္ခ်င္းမ်ား...မဟုတ္ေသးဘူး တစ္ေက်ာင္းလုံးနဲ႕က ကင္မ္ထယ္ေယာင္းနဲ႕ သူငယ္ခ်င္းေတြႀကီးပဲ ဆရာမေတြကအစ ေက်ာင္းအုပ္ႀကီးအဆုံး သူ႕ကိုမသိတဲ့သူမရွိဘူး အဟမ္း..လမ္းႀကဳံလို႔ႂကြား႐ုံပါပဲ ဒါပင္မယ့္ ဂြၽန္ေဂ်ာင္ကုကလြဲလို႔ေပါ့..

ေဂ်ာင္ကုသူငယ္ခ်င္းေတြေရာ ထယ္ေယာင္းသူငယ္ခ်င္းေတြပါ အေျခအေနကိုအကဲခတ္ေနၾကသည္
ဘာမွေတာ့မဟုတ္ဘူး ပြဲျဖစ္ရင္ ၾကည့္ရေအာင္လို႔ေလ

ထိုင္ေနသည့္ ေဂ်ာင္ကုက ဘာစကားမွမေျပာပဲ ထယ္ေယာင္းအား တစ္ခ်က္ၾကည့္ကာ ငွက္ေပ်ာ္သီးႏြားနို႔..အဲေလ.. Banana milk ကိုတစ္ခ်က္စုတ္ေသာက္၍

'ပလြတ္'

"ႀကိဳက္ရင္လိုက္ေလ"

"ဘာ.."

'ဝိုးးးးးး'

𝗧𝗵𝗲𝗼𝗿𝘆 𝗢𝗳 𝗟𝗼𝘃𝗲

>>>>>>>>>>>>>>>>

Hi Hi Hi
အသစ္ေလးပါ အျမည္းေလးေပါ့ေနာ္ တင္ဖို႔ကမေသခ်ာေသးပါဘူး ဥထားရတာမေနနိုင္လို႔ လာတင္တာ ဟိဟိ

Please vote and feedback
Thank you for vote and feedback (90°bow)
sᴛᴇʟʟᴀ 🐻💜


You are reading the story above: TeenFic.Net