- 16 -

Background color
Font
Font size
Line height

လမ်းတွေနဲ့မရင်းနှီးသည့်ကလေးမို့ပြန်လှည့်လာမလားဆိုသည့်အတွေးနှင့်ဆွန်းချောလ်ထိုနေရာမှာသာကားရပ်၍စောင့်နေမိသည်။
သန်းခေါင်နားနီးချိန်ထိပြန်မလာတာကြောင့်အိမ်ပဲတန်းပြန်သွားသလား ဒါမှမဟုတ် တခြားများရောက်နေလားဆိုသည့်စိတ်တွေနဲ့ဆက်ပဲစောင့်နေရမလို့ အိမ်ပဲပြန်ရမလို။

» သားငယ်ပြန်ရောက်နေပြီ

ဆိုသည့်မေမေ့ဆီကmessageဝင်တော့မှဆွန်းချောလ်သက်ပြင်းချမိကာကားကိုပြန်ကွေ့၍အိမ်ပြန်လာခဲ့လိုက်သည်။

ဆွန်းချောလ်ပြန်ရောက်တော့ဖေဖေရောမေမေရောမအိပ်သေးဘဲဧည့်ခန်းမှာရှိနေကြကာ ဝေါန်ဝူကိုတော့မတွေ့။

" ရှာမနေနဲ့ ... ငိုရလွန်းလို့ပင်ပန်းပြီးအိပ်သွားပြီနေမယ် ။ "

ကားသော့ကိုအဝင်အဝနားကထားနေကြနေရာလေးမှာတင်လို့ မေမေတို့နှင့်မျက်နှာချင်းဆိုင်မှာထိုင်ကာစကားစဖို့ပင်မဟရသေးဘဲ‌ မေမေကအရင်စပြောလာသည်။

" ဒီရက်ပိုင်းမင်းတို့ညီအစ်ကိုဘယ်လိုဖြစ်တာလဲ ??? မင်းကလည်းပြသာနာမဖြစ်ဖြစ်အောင်လုပ်တယ် ဟိုကလည်းငိုတယ် ဟမ် ??? "

" ကျွန်တော်ဘာမှမလုပ်ပါဘူး ဝေါန်ဝူ .. သူစိတ်အဆင်မပြေလို့နေမှာပါ "

" နင်မလုပ်ဘဲဝေါန်ဝူငိုစရာအကြောင်းမရှိဘူး ဆွန်းချောလ် .... ! ဟိုကငါတို့ကိုခင်တွယ်လွန်းလို့သူ့မိဘတွေနဲ့တောင်အတူမနေဘဲ ငါတို့နဲ့နေနေတာ ကလေးကိုစိတ်ဆင်းရဲအောင်မလုပ်စမ်းပါနဲ့ "

တစ်ခါတလေကြရင်‌သားအရင်းကဘယ်သူလဲလို့တောင်ပြန်မေးချင်မိသည့်အထိမေမေကဂျော်န်ဝေါန်ဝူကိုအရမ်းကာကွယ်ပေးလွန်းသည်။
ဆွန်းချောလ်ချစ်တာထက်မလျော့အောင်ချစ်ပြီးဂရုတစိုက်လည်းရှိလွန်းလှသည်။

" မင်းလည်းအလုပ်တစ်ဖက်နဲ့မို့ဒီကြားထဲစိတ်ပင်ပန်းတော့ရှိမှာသိတယ် ... အဲ့ဒါတွေကိုဝေါန်ဝူအပေါ်ပုံချပစ်တာမျိုးမလုပ်နဲ့ ဒီကလေးမင်းကိုဘယ်လောက်ထိခင်တွယ်လည်းဆိုတာမင်းသိသားပဲ။ "

ဖေဖေကပါဝင်ပြောလာသည်မို့ဆွန်းချောလ်ခုခံဖို့ခွန်အားမရှိတော့။

" ကျွန်တော်လည်းမသိတော့ဘူး ဟိုတစ်ရက်ဆေးရုံလိုက်လာပြီးကတည်းကအခုချိန်ထိကိုစကားပြောရတာအဆင်မပြေတာ "

" နင်စကားပြောအချိုးမပြေလို့နေမှာပေါ့ ... ကလေးကိုအပြစ်လွှဲချဖို့စဉ်းစားမနေနဲ့။
အဆင်ပြေအောင်ညှိ မဟုတ်ရင်တော့သူ့ဆန္ဒအတိုင်းကနေဒါပြန်ဖို့ငါအကုန်စီစဉ်ပေးတော့မှာ "

ပြောပြီးတာနှင့်မေမေကဖေဖေ့ကိုခေါ်ကာထသွားပြီးအခန်းထဲဝင်သွားတော့သညါမို့ဆွန်းချောလ်တစ်ယောက်သာဧည့်ခန်းမှာငူငူကြီးကျန်နေခဲ့သည်။

ဝေါန်ဝူအခန်းရှေ့ရပ်နေမိပေမယ့် အခန်းတံခါးလည်းမခေါက်မိသလို ဝင်ဖို့လည်းခွင့်မတောင်းမိ။
အတော်ကြာအောင်ရပ်နေပြီးမှ ဘေးချင်းကပ်လျက်ကကိုယ့်အခန်းထဲကိုယ်ဝင်ကာကုတင်ပေါ်ပစ်လှဲချပစ်လိုက်သည်။

" ဟူးးးးးးး ~ "

လေပူတွေနဲ့အတူ စိုးရိမ်မှုတချို့ကိုလွှတ်ထုတ်ကာဆွန်းချောလ်စဉ်းစားခန်းဝင်နေမိသည်။

အလုပ်ကဝင်ခါစပေမယ့်ဂျူတီ‌တွေဆက်တိုက်ဝင်ရကာ ပင်ပန်းလွန်းသည်။
History ပေါင်းမြောက်မြားစွာကိုဖတ်ရသည့်အပြင်မြင်ချင်သည့်မျက်နှာ ကြားချင်သည့်အသံကိုမကြားရတာကြောင့်လူကအလိုလိုနေရင်းကိုစိတ်ညစ်ညူးနေမိခဲ့သည်။

ရောက်လာသည့်ရက်တုန်းကလည်းဆွန်းချောလ်စိတ်ထဲတကယ်ပျော်နေမိပေမယ့်လူကပင်ပန်းလွန်းတာကြောင့်ဘယ်လိုမှဟန်မဆောင်နိုင်။
ပြုံးဖို့တောင်မနည်းကြိုးစားနေသည့်အခိုက်အတန့်မှာစိတ်ဆိုးပြီးထပြန်သွားတာကြောင့်အလိုလိုနေရင်းစိတ်ကတိုပြီးရင်းတိုလာရသည်။

ဒီနေ့လည်းဘာကြောင့်စိတ်ဆိုးသလဲဆိုတာဆွန်းချောလ်မသိရ။
ထိုလိုမျိုးရှုပ်ထွေးသည့်နေရာတွေမသွားတတ်သည့်သူကဘာကြောင့်ရောက်နေလဲမေးမိရာကနေ အကုန်လုံးမှားယွင်းနေသလိုခံစားလိုက်ရသည်။

" ဂျော်န်ဝေါန်ဝူ ..... တကယ်ပါကွာ ..! "

ဝေါန်ဝူကတော့ဘာမှကိုတွေးမနေတော့ဘဲအိပ်မောကျလျက်ရှိကာ
ကုတင်ခြေရင်းတွင်လည်း luggage ကအဆင်သင့်ရှိလို့နေသည်။



မနက်ခင်းဆွန်းချောလ်အစောကြီးနိုးနေကာ ဂျူတီပြန်မဝင်ခင်မနက်စာစားဖို့အောက်ဆင်းလာတော့ဘယ်သူမှမရှိ။

ခြံအလုပ်သမားလေးကိုမေးကြည့်တော့မှ ဖေဖေရောမေမေရာပွဲရှိသည့်အတွက်အပြင်သွားကြကာ ဝေါန်ဝူကတော့မနိုးသေးပုံပင်။

" ကျွန်တော့်ကိုကူသယ်ပေးပါဦး "

ဆွန်းချောလ်အိမ်ထဲပြန်အဝင်ကြားလိုက်ရသည့်အသံကြောင့်လှေကားထိပ်ကိုကြည့်လိုက်တော့ luggage ကြီးသယ်လျက်မနိုင်မနင်းဆင်းလာနေသည့် ဝေါန်ဝူကိုအလုပ်သမားလေးကကူသယ်ပေးလို့နေသည်။

ဆွန်းချောလ်လှေကားအောက်ခြေထိပ်ကနေခါးထောက်လျက်ကြည့်နေသည်ကို၎င်းမမြင်။
နှစ်ယောက်သားမနိုင်မနင်းသယ်လျက်ဆင်းလာကြသည်။

လှေကားအောက်ခြေရောက်မှဆွန်းချောလ်ကိုမြင်တာကိုမမြင်ချင်ယောင်ဆောင်ကာluggage ကိုဆွဲလျက်ဘေးဘက်ကနေရှောင်ထွက်သွားတာကြောင့် အနောက်ကနေလိုက်ရပြန်သူကဆွန်းချောလ်ပင်။

" ဘယ်ကိုသွားမှာလဲ ဝေါန်ဝူ ။ "

" ကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းပဲ ! "

တစ်ချက်တောင်လှည့်မကြည့် ကျောပေးလျက်သားရှိနေကာခြေလှမ်းတွေကအိမ်တံခါးဝကိုကျော်ခါနီးနီးတွင်ရှိနေသည်။

" တကယ်ကြီးအဲ့လိုလုပ်ဖို့လိုအပ်လို့လား ဝေါန်ဝူ ? ဘာကိုအဆင်မပြေတာလဲ ကိုကို့ကိုပြောပြမှသိမှာလေ ... "

" ပြောပြလည်းကိုကိုကဂရုစိုက်မှာမဟုတ်တာကျွန်တော်သိထားပါသေးတယ် ။ အဲ့တော့ ... ပြောနေတာကိုနားမထောင်တာထက်မပြောပြတာကပိုကောင်းမယ်ထင်ပါတယ်။ "

အနည်းဆုံးတော့ ဝေါန်ဝူခံစားချက်တွေရှုပ်ထွေးမနေတော့သလို ထပ်ပြီးတော့မဖြစ်လာနိုင်သည့်အခြေအနေတွေအတွက်စိတ်ကူးယဉ်နေစရာလည်းမလိုတော့ပေ ။

စောစောစီးစီးလက်လျှော့လိုက်ပြီးအနေဝေးသွားရင်တော့ဝေါန်ဝူခံစားချက်တွေအနည်ထိုင်ပြီးအဆင်ပြေသွားလောက်မှာသေချာပါသည်။

" ကျွန်တော်သွားတော့မယ် ... တီတီနဲ့အန်ကယ်လ်ကိုနှုတ်ဆက်တယ်ပြောပေးပါ "

" မပြောပေးနိုင်ဘူး။ "

ဆွန်းချောလ်ကျောပေးထားသည့်သူကိုဆွဲလှည့်ကာမျက်နှာချင်းဆိုင်စေပြီး luggageကိုဝေါန်ဝူလက်ထဲကနေဆွဲယူကိုင်ထားလိုက်သည်။

" မင်း ... ဒီအိမ်ထဲကနေခြေတစ်လှမ်းလှမ်းရဲရင်လှမ်းကြည့်လိုက်ဝေါန်ဝူ !! "

" ဘာဖြစ်နေတာလဲ ??? ကျွန်တော့် luggageပြန်ပေး "

" မပေးဘူး ... မင်းလည်းအိမ်ထဲကနေခြေတစ်လှမ်းကျော်လှမ်းဖို့မတွေးနဲ့ !!! "

" ကိုကို !!! "

Luggage ကိုလက်လွှဲပြောင်းယူကာအိမ်အတွင်းပိုင်းထဲပစ်ထည့်လိုက်ကာ အိမ်တံခါးမကြီးကိုပါပိတ်ချပစ်လိုက်သည်။

ဝေါန်ဝူတကယ်ပဲကိုကိုဘာတွေလုပ်နေလဲဆိုတာကိုမတွေးနိုင်တော့ပေ။


" မင်းနဲ့စကားများရတာ‌နဲ့တင်ကိုကိုရူးချင်သလိုဖြစ်နေတာ ... မင်းထွက်သွားမယ်လို့တွေးထားရင်ကိုယ်ဘယ်အခြေအနေထိရောက်သွားမလဲဆိုတာကိုပါမင်းတွေးထားသင့်တယ် ဝေါန်ဝူ ... "

ကိုယ့်ကိုငေးကြည့်ရင်းရပ်မြဲအတိုင်းရပ်နေသည့်ဝေါန်ဝူကိုခပ်ဖြေးဖြေးဆွန်းချောလ်လက်ကလေးဆွဲကိုင်ရာကနေပွေ့ဖက်ထားရင်း ......

" ကိုကိုမှန်တာဘာမှမရှိခဲ့ဘူး ... မင်းကိုအဆင်မပြေဖြစ်စေခဲ့လို့တောင်းပန်ပါတယ် ... ထွက်သွားဖို့လောက်ထိတော့မရင်စက်ပါနဲ့ ဒီနှစ်တွေတောက်လျှောက်ကိုကိုမင်းနဲ့အတူရှိလာတာ မင်းမရှိဘဲဘယ်လိုနေရမလဲဆိုတာကိုယ်တွေးတောင်မတွေးကြည့်ဖူးဘူး ဝေါန်ဝူ "

ခပ်ဖြေးဖြေးကနေတင်းကြပ်စွာပွေ့ဖက်ထားကာကျောပြင်လေးကိုထိတွေ့ထားမိသည်။


" ထွက်မသွားပါနဲ့ ဝေါန်ဝူ ~ "










-----------------------------------------------------------------------------


You are reading the story above: TeenFic.Net