𝖯𝗎𝗋𝗉𝗅𝖾 𝖥𝗈𝗋 𝖳𝗁𝖾𝗆 (𝖲𝗁𝖾𝗇𝖹𝗂𝖧𝖺𝗈)

Background color
Font
Font size
Line height

📌Don't be serious.It's just a fan fiction.

📌Don't be serious.It's just a fan fiction.

📌Don't be serious.It's just a fan fiction.

📌Don't be serious.It's just a fan fiction.

📌Don't be serious.It's just a fan fiction.

အခုမှ နိုးလာတဲ့ပုံရတဲ့ ဟောက်ကောနဲ့ ဟန်ဘင်းက မနက်စာ စားပြီးလို့ ကမ်းခြေဘက်ကို လျှောက်လာနေတယ်။

ထယ်ရယ်ကတော့ အစောကြီး နိုးနေတာမို့လို့ ကမ်းစပ်ကို လာ ပြီး လေတဟူးဟူးကိုခံစားရင်း ဓာတ်ပုံရိုက်နေပြီး သူ့ဝတ္တုအတွက် ဘယ်လိုဇာတ်လမ်းဆက်ရေးရင် ကောင်းမလဲလို့ စဉ်းစားခန်းဖွင့်နေသေးတယ်။

"ငါတို့ ထယ်ရယ်..အစောကြီး န်ိုးနေပါလား.."

ကျန်းဟောက်က သဲပေါ်မှာ ထိုင်ချရင်းပြောတော့  ထယ်ရယ်ကလဲ

"အစောကြီးထရလို့ စိတ်ကြည်မနေဘူး"

"ဟားဟား..အဲ့ဒါကြောင့် ဆူပုတ်ပုတ်ဖြစ်နေတာကိုး..အော် ဒါနဲ့ ညက မင်းကိုမတွေ့မိဘူးနော်"

"ဟုတ်တယ် ဟောက်ကောရ! ကျွန်တော် လုပ်စရာလေးရှိလို့"

ထယ်ရယ်က သူမနေ့ညက အဖွဲ့သားတွေနဲ့ အကင်ပါတီ မကျင်းပနိုင်ကြောင်းကို ရှင်းပြလိုက်တယ်။

တကယ်လဲ သူမနေ့ညက အလုပ်ရှုပ်နေတာဖြစ်တယ်။
နောက်တစ်ပိုင်းအတွက် ဇာတ်ကြောင်းကို စဉ်းစားနေတာနဲ့တင် ဦးနှောက် ခြောက်နေပြီ။

"အော! ဟို ကောင်လေးက ဘာလို့ အစ်ကို ဟွဲထက်နောက် တစ်ကောက်ကောက်လိုက်နေရတာလဲ"

ဒါကတော့ ဟောက်ကောကို လက်ချိတ်ပြီး ဘေးမှာထိုင်နေတဲ့ ဟန်ဘင်းက မေးငေါ့ပြလိုက်တယ်။

ထယ်ရယ်လဲ ဟန်ဘင်းမေးငေါ့ပြ လိုက်တဲ့နေရာကို ကြည့်မိတော့

ဟုတ်ပါ့..အစ်ကိုဟွဲထက်ခင်ဗျာ..ခြေလှမ်းကျဲကျဲတွေနဲ့ လမ်းလျှောက်ပြီး ပြေးသလိုဖြစ်နေရတာ။ အစ်ကိုဟွဲထက်နောက်ကိုလိုက်ရင်း နောက်ကနေလဲ မရမက သိုင်းဖက်နေတာကြောင့် အစ်က်ိုဟွဲထက်က သူ့ရင်ခွင်ထဲမြှုပ်လို့။

အစ်ကိုဟွဲထက်ကတော့ ဒီအခြေနေကို ကျင့်သားမရသေးတဲ့ပုံစံကြောင့် ရှိုးတိုးရှန်းတမ်းဖြစ်နေပေမဲ့ အစ်ကိုဟွဲထက် ထက် ထွားတဲ့ ကောင်လေးကတော့ လက်လျော့မယ့်ပုံလဲ မပေါ်။

အရင်ကလဲ အစ်ကိုဟွဲထက်ကို ပခုံးဖက်လိုက်၊လက်ကိုင်လိုက်နဲ့..ကိုင်ပြီးရင်လဲ မလွှတ်တော့တာကို ထယ်ရယ် သတိထားမိသားဘဲ။

"ကိုကိုဟွဲထက် ပြန်မချစ်ရင် ဒီမှာ ထိုင်ငိုလိုက်မယ်"

"ဟာ..ဟေ့ကောင်လေး!! ဘာလုပ်တာလဲ..မရှက်ဘူးလား"

သဲပေါ်မှာ ထိုင်ချပြီး ငိုဖို့ပြင်နေတဲ့ ကောင်လေးအစား ဟွဲထက်က ရှက်နေရပြီမို့ သဲပေါ်ကနေ ထ ဖို့ အတင်းဆွဲခေါ်နေတာကို အဝေးကနေ ကြည့်ပြီး ထယ်ရယ် တစ်ယောက် လောကကြီးကို စိတ်ကုန်နေတဲ့ ရုပ်ဖြစ်နေရပြီ။

ဘေးမှာထိုင်နေတဲ့ နှစ်ယောက်ကို ကြည့်လိုက်တော့လဲ ထီယယ် ထီယယ် လုပ်နေတာကြောင့် ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူးဆိုတာ သိလိုက်ရပြီ။

ကိုယ့်ဟာကိုယ် ဟိုတယ်ခန်းထဲမှာ ဇိမ်နဲ့ နှပ်ပြီး စာရေးတာမှာ ဟုတ်သေး။

"ငါ့နှယ်..အတွဲတွေများ စိတ်ကုန်လိုက်တာ!"

ထယ်ရယ်က တိုးတိုးလေးပြောလိုက်ပေမဲ့..တိုးတိုး ပြောပြော၊ ကျယ်ကျယ်ပြောပြော ဘေးမှာ ထယ်ရယ် တစ်ယောက်လုံးရှိနေသေးတာကို မသိတော့တဲ့ ကျန်းဟောက် နဲ့ ဟန်ဘင်းက ကြားမယ့်ပုံလဲမပေါ်ပါဘူး။

ထယ်ရယ် အခန်းတံခါးဖွင့်ဝင်လိုက်တော့ အခန်းဖော် က ကုတင်ပေါ်မှာမရှိတော့ဘူး။ ရေချိုးသံကြားတာကြောင့် နိုးပြီ ထင်ပါ့။

ဒီလောက်အေးတာကို မနက်စောစော ရေချိုးရလား။

ထယ်ရယ်ကတော့ အသား တစ်ဆတ်ဆတ်တုန်ခံပြီး သူ့လို ရေမချိုးနိုင်ပေါင်။

တော်ပြီ!! ဘောင်းဘီ အနီရောင်နဲ့ အနွေးထည် အမဲရောင် ဝတ်ပြီး စာရေးတော့မယ်။

•Purple For Them•

"ငါးဘယ်နှစ်ကောင်မိပြီလဲ"

"ကိုယ် ငါးဖမ်းနေတာမဟုတ်ဘူး"

ဝစ်ကျစ်ဟောက်လို့ခေါ်တဲ့လူက ငါးမျှားတံကို ကိုင်ပြီး ငါးဖမ်းနေတာ မဟုတ်ဘူးဆိုတဲ့ ပြန်ဖြေသံကြောင့် မေးလိုက်တဲ့သူမှာ လှောင်ရယ် သလိုရယ်လိုက်မိတယ်။

ဒါဆို ငါးဖမ်းနေတာမဟုတ်ဘဲဘာလုပ်နေတာလဲလို့ မမေးလိုက်ခင် ဝမ်ကျစ်ဟောက်က

"ရေအောက်က ကိုယ့်ရဲ့အတွေးမှတ်ဉာဏ်တွေကို ပြန် ချိတ်နေတာ"

ဝစ်ကျစ်ဟောက်ရဲ့ စကားအဆုံး ချွမ်ရွေ့ လို့ခေါ်တဲ့ ကောင်လေးဟာ ရုပ်တည်သွားရတယ်။

ကန်ရေပြင်ကို မျက်နှာမူထားတဲ့ ဝမ်ကျစ်ဟောက်က သူ့ကို ဘယ်သူစကားလာပြောနေတာလဲဆိုတာကို လှည့်မကြည့်ဘူး။

ဘေးဖက်ကို လှည့်ကြည့်ချင်စိတ်လဲ မရှိသလို၊ ဘေးနားက ကောင်လေးက ဘယ်သူလဲဆိုတာကို စိတ်မဝင်စား။

ဝမ်ကျစ်ဟောက် စိတ်ဝင်စားတာက ဒီကန်ရေပြင်ကိုဘဲ။

ဒီကန်ရေပြင်က သူ့ရဲ့ အိမ်နဲ့တူသယောင်။

အိမ်လို့ခံစားနေရပေမဲ့ အကျဉ်းထောင်နဲ့တူတယ်။

အိမ်ဆိုတာနွေးထွေးမှုရှိတဲ့ အရိပ်လို့ပြောကြပေမဲ့ ဒီရေပြင်အိမ်ကတော့ ပိတ်လှောင်ထားခံရတဲ့ အကျဉ်းထောင်နဲ့တူတယ်။

ချွမ်ရွေ့ဟာ သူ့ရဲ့အပြာရောင်လမင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်။

ချွမ်ရွေ့လည်ပင်းမှာ ဆွဲထားတဲ့ လပုံစံဆွဲကြိုးဟာလဲ သူ့ပိုင်ရှင်ကို တွေ့လိုက်ရလို့ အပြာရောင် ဖြာထွက်လို့။

အချိန်တွေ အကြာကြီးကို ဖြတ်ကျော်ခဲ့ပြီးမှ ပြန်တွေ့ရတဲ့ လမင်းပြာ။

လမင်းကိုမှ သိမ်းပိုက်မိပြီး ပျောက်ကွယ်သွားမှာစိုးလို့ သိမ်းဆည်းမိတာက အရာဝတ္တုမှမဟုတ်ဘဲ။

ပုံရိပ်ယောင်တွေထပ်ဟပ်စေနိုင်တဲ့ ဒီကန်ရေပြင်ဟာ တစ်ချိန်တုန်းက စိတ်ဒဏ်ရာတွေရဲ့ မြစ်ဖျားခံ။

နှစ်တစ်ထောင်ကျော်အချိန်ကာလအတွင်းမှာ နောင်တနဲ့ နေထိုင်ခဲ့လားလို့ ချွမ်ရွေ့ကို မေးရင် တစ်ခွန်းတည်း ပြန်ဖြေလိုက်မှာ။

"လုံးဝ နောင်တမရဘူး"

ဘာလို့လဲဆိုတော့ ဒီဘဝမှာတော့ သူတို့ဟာ ကျိန်းသောက်ပေါက် ပျော်ရွှင်စရာဇာတ်လမ်းနဲ့ အဆုံးသတ်ရမှာ မို့လို့ပါဘဲ။

•Purple For Them•

"မိစ္ဆာတိုင်းပြည်ကို တစ်ခါလောက် အလည်သွားချင်ပါတယ်..ခွင့်ပြုပေးနိုင်မလား ခမည်းတော်"

ဝစ်ကျစ်ဟောက်က သူ့ရဲ့ ဖခမည်းတော်ကို ဦးညွှတ်ရင်း တောင်းဆိုလိုက်တာကြောင့် လအရှင်ဝမ် ဟာ တွေးစစ ဖြစ်သွားတယ်။

သူ့ရဲ့တစ်ဦးတည်းသော သားရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးတဲ့ အကြိမ်အရေအတွက်ဆိုတာ မရှိတာ မို့လို့ ဒီတစ်ခေါက်တော့ နဲနဲ အကျပ်ရိုက်သွားရတယ်။

သားဖြစ်သူ ဝမ်ကျစ်ဟောက် အလည်အပတ်သွားချင်တဲ့နေရာက မိစ္ဆာတို့နေထိုင်ရာတိုင်းပြည်လေ။

ဝစ်ကျစ်ဟောက်က  သူမရောက်ဖူးတဲ့ နေရာတွေကို အလည်အပတ်သွားဖို့အမြဲတမ်းလိုလ်ို ဖခမည်းတော်ဆီကနေ ခွင့်တောင်းနေကျ။

လတိုင်းပြည်ရဲ့အရှင် တို့နဲ့ မိစ္ဆာတိုင်းပြည်ရဲ့အရှင်တွေဟာ နန်းအဆက်ဆက် မှာ အမြင်စောင်းတတ်ကြတော့ ဝမ်ကျစ်ဟောက်ကို သွားခွင့်ပြုဖို့ရာ ပြန်စဉ်းစားရတော့မယ်။

"ဖခမည်းတော် စိတ်ပူနေတာကို သားတော်သိပါတယ်၊ ဒါပေမဲ့ စိတ်ချပါ..သားတော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်.."

လအရှင်ဟာ ဝစ်ကျစ်ဟောက်က သူ့ကိုယ်သူ ကာကွယ်နိုင်မယ်ဆိုတာ ယုံကြည်သော်လဲ စိတ်ပူစိတ်က ရေချိန်မြင့်တက်နေဆဲ။

"အချိန်ဘယ်လောက်ကြာအောင်နေမှာလဲ သားတော်"

"အရမ်းအန္တာရယ်များတဲ့နေရာမို့လို့ အရင်လိုအကြာကြီးနေမှာမဟုတ်ပါဘူး..၊လည်ပတ်ရုံလောက်ပါဘဲ ခမည်းတော်..."

"ကောင်းပြီ! ခမည်းတော် သားတော်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတော်မူမယ်!ဒါကြောင့် ဒီတစ်ခေါက်ခရီးကပြန်လာရင် လတိုင်းပြည်ရဲ့ အရှင် အရိုက်အရာကို ဆက်ခံဖို့ပြင်ထားပါ"

"ကောင်းပါပြီ..သားတော်လဲ ခမည်းတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"

အပေးအယူမျှတနေတဲ့ ဝမ်နတ်ဘုရားတို့သားအဖဟာ ရှေ့ရေးကို ကြိုမသိခဲ့ကြဘူး။

ဒီတွေ့ဆုံမှုဟာ သူတို့အတွက် နောက်ဆုံးအကြိမ်။

မိစ္ဆာတိုင်းပြည်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိစမ်းချင်းပါဘိ။

လတိုင်းပြည်လို အေးချမ်းမှုမရှိဘူးဆိုတဲ့ သတင်းတော့ကြားဖူးတယ်။

ပူလောင်ခြင်းတွေ၊အတ္တတွေ၊မာန်မာနတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမိစ္ဆာတိုင်းပြည်မှာရှိတဲ့ ပြည်သူတွေဟာ ဘယ်လိုပုံစံမျိုးတွေလဲ။

အရင်ဆုံး မိစ္ဆာတိုင်းပြည်ကို ဝင်ခွင့်ရဖို့ ကျစ်ဟောက် က မိစ္ဆာအသွင်ပြောင်းဖို့လိုတာကြောင့် သူ့မှာရှိတဲ့ အစွမ်းတွေနဲ့ အေးချမ်းတဲ့ အသွင်ကနေ ပူလောင်မှုအသွင် ဖြစ်တဲ့ မိစ္ဆာပုံပြောင်းလဲလိုက်တယ်။

"ဒီလောက်ဆို ရပြီထင်တယ်"

မိစ္ဆာတိုင်းပြည်ထဲကိုဝင်တော့ အဲ့က မိစ္ဆာ အဖို၊အမတွေက ကျစ်ဟောက်ကို လှည့်ကြည့်ကာ တီးတိုပြောနေကြတာမို့လို့ လတိုင်းပြည်က လာတဲ့သူ ဆိုတာ သိသွာတာများလားလို့ ရင်ထဲ တစ်ထိပ်ထိပ်ဖြစ်သွားရတယ်။

ဒါပေမဲ့လဲ မသိချင်ယောင်ဆောင်ရင် ခပ်တည်တည်ဖြင့် လမ်းလျှောက်နေလိုက်တဲ့ ကျစ်ဟောက်က မိစ္ဆာတွေကျင်းပတဲ့ ညပွဲတော်ကိုရောက်နေတာဖြစ်တယ်။

"လှလိုက်တာ"

အနီရောင်ကို ကိုယ်စားပြုတဲ့ မိစ္ဆာတိုင်းပြည်က အဲ့လောက်တောင် လှရလား။

ကျစ်ဟောက်က ပါးစပ်အဟောင်းသားနဲ့၊မျက်လုံးအရောင် တစ်လဲ့လဲ့နဲ့ လိုက်ငေးကြည့်နေတော့တယ်။

မိစ္ဆာမလေးတွေ ယိမ်းယကနေတာကိုလဲ ကြည့်ပြီး ကျစ်ဟောက်က ခုန်ဆွခုန်ဆွနဲ့ လက်ခုတ်တီးပြီး အားပေးနေသေးတာ။

သဘောတစ်ကျရယ်မောနေတာကြောင့် ကျစ်ဟောက်ရဲ့ မျက်လုံးပေါက်ကျဉ်းကျဉ်းတွေဟာ ပိုပြီးမှေးကာ ခွေးပေါက်လေး တစ်ကောင်နဲ့တူနေတယ်။

မိစ္ဆာငယ်တွေရဲ့ စွမ်းအင်ပြကွက်တွေသရုပ်ဖော်နေတာကို မြင်ရဖို့ ခုန်ဆွခုန်ဆွထက်လုပ်နေပြီး သဘောတစ်ကျနဲ့ သွားတွေပေါ်အောင် ရယ်ပြနေတဲ့ ကျစ်ဟောက်က ကလေးလေးနဲ့တူတယ်။

ကလေးလေးနဲ့တူတယ်လို့ဆိုလိုရခြင်းက သူ့အပြုအမူတွေကြောင့်ဘဲ။

သူစိတ်ပျော်နေရင်း မျက်လုံးမှေးကျဉ်းသွားတဲ့ထိ ရယ်မောတတ်ပြီး ဘယ်လိုလေးမှန်းမသိ အလုံထုတ်ထားတဲ့ ဖက်ထုတ်ပြုတ်နဲ့ တူတယ်လို့ထင်တယ်။

ကပွဲတွေက နေရာတစ်ခုတည်းမှာ ကျင်းပတာ မဟုတ်တဲ့ အတွက် ကျစ်ဟောက်ဆက်မကြည့်တော့ဘဲ ရှေ့ဆက်သွားလိုက်တယ်။

လက်နှစ်ဖက်ကို ရင်ဝယ်အပ်ပြီး အရောင်တစ်လဲ့လဲ့ မျက်လုံးတွေက ဟိုငေးဒီငေး။

မိစ္ဆာပြည်ရဲ့ စားသောက်ဆိုင်တွေက တော့ ကြောက်ဖို့ကောင်းတာအမှန်ဘဲ။ လူသားတွေ အပြင် တိရစ္ဆာန်တွေကိုပါ တွဲချိတ်ထားတာမှ သွေးတွေဟာ တစ်တောက်တောက် ကျနေတယ်။

ကျစ်ဟောက်လဲ သွေးတွေကိုမြင်တော့ ရှုံ့မဲ့သွားပြီး သတ္တဝါတွေ အတွက် စိတ်မကောင်းဖြစ်မိသွားတယ်။

"မိစ္ဆာတွေက ကြောက်ဖို့ကောင်းလိုက်တာ"

•Purple For Them•

မိစ္ဆာတော်ဝင်နန်းတော် ထဲက မိစ္ဆာမင်းသားရှန်ရဲ့ အခန်းမှာ အနီရောင် အငွေ့တွေဟာ လှိုင်လှိုင်ထလို့။

ဒါဟာ မိစ္ဆာတိုင်းပြည်ထဲကို သူစိမ်းဝင်လာကြောင်း ပြောတဲ့ သက်သေ။

မိစ္ဆာတိုင်းပြည်ရဲ့ အနာဂတ်အရှင် ရှန်မင်းသားရဲ့ အစွမ်းက တိုင်းပြည်ကို သူစိမ်းဝင်လာ၊မလာ သိနိုင်ခြင်းဖြစ်တယ်။

ပူလောင်မှုမဟုတ်ဘဲ အေးချမ်းမှုကို ခံစားနေရတဲ့ ချွမ်ရွေ့ဟာ မျက်မှောင်ကြုတ်လိုက်မိတယ်။

"ဒီတစ်ခေါက် ကျူးကျော်ဝင်ရောက်လာတဲ့သူက ဘယ်သူများဖြစ်မလဲ..."

မိစ္ဆာတို့ရဲ့ ရှန်ဘုရင်ထက် ကြောက်ဖို့ကောင်းတဲ့ ရှန်မင်းသားဟာ ကျူးကျော်ဝင်ရောက်လာသူကို ဘယ်လိုလုပ်ပစ်မလဲဆိုတာ စိတ်ဝင်စားစရာ။

မိစ္ဆာတိုင်းပြည်ကို နှိမ်နင်းချင်နေတဲ့ တစ်ခြားတိုင်းပြည်က သူတွေကို ပြန်နှိမ်နင်းနိုင်တဲ့ မိစ္ဆာတိုင်းပြည်ဟာ အာဏာအကြီးဆုံးပေါ့။

ဒါကြောင့် စကားတစ်ခွန်းရှိတယ်မလား။

သူ့ဟာသူ နေနေတဲ့ မိစ္ဆာတိုင်းပြည်က ရှန်ချွမ်ရွေ့မင်းသားကို သွားစိန်မခေါ်ပါနဲ့ တဲ့။

နန်းတော်ထဲမှာ မနေတော့ဘဲ ချွမ်ရွေ့ကိုယ်တိုင် ကျူးကျော်ဝင်ရောက်လာတဲ့ သူကို သတ်ပစ်ဖို့ ပြည်သူတွေရှိတဲ့ နန်းပြင်က်ိုထွက်လာတော့တယ်။

ချွမ်ရွေ့ကိုယ်တိုင် ကျူးကျော်တဲ့သူကို ဖမ်းချင်တာကြောင့် ရုပ်ဖျက်ပြီး အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်မှာ ဒူးချိတ်ကာ ထိုင်စောင့်နေတော့တယ်။

ချွမ်ရွေ့ ရင်ဝယ်ထဲ တစ်ဖြေးဖြေး ပို၍ အေးချမ်းမှုကို ရရှိနေတာကြောင့် ကျူးကျော်လာတဲ့သူဟာ ချွမ်ရွေ့ရဲ့ အနီးနားမှာရောက်နေပြီဆိုတာ သိလိုက်ရပြီ။

ပျော်ပါးနေတဲ့ မိစ္ဆာတစ်သိုက်ထဲကို ချွမ်ရွေ့ လ်ိုက်ရှာနေစဉ် သူ့ရင်ထဲ တစ်မျိုး တစ်မည်ဖြစ်စေတဲ့ မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရတယ်။

မိစ္ဆာ...မျက်လုံးအရောင် တောက်ပပြီး ကကွက်တွေကို ငေးမောကြည့်ကာ လက်ခုတ်တီးနေတဲ့ မိစ္ဆာဟာ အရမ်းပျော်မြူးနေပုံရတယ်။

ဒါပေမဲ့ ခွေးပေါက်လေးနဲ့ တူတဲ့ မိစ္ဆာကို ချွမ်ရွေ့က မိစ္ဆာလို့ မခံစားရဘဲ..သူ့နှလုံးသားထဲ အအေးဓာတ်တွေ လွှမ်းခြုံလာရတာမို့ ကျူးကျော်ဝင်ရောက်လာတဲ့သူက သူဘဲ ဖြစ်ရမယ်ဖို့ ချွမ်ရွေ့အတပ်သိလိုက်တယ်။

"ရာရာစစ မိစ္ဆာတိုင်းပြည်ကို လာပြီး..."

ချွမ်ရွေ့ဟာ ကြောက်ဖို့ကောင်းအောင် လှောင်ရယ် ရယ်လိုက်ပြီး ကျူးကျော်ဝင်ရောက်လာတဲ့ သူကို အပြတ်ဖြတ်ဖို့ ခေါင်မိုးပေါ်က နေ ခုန်ချဆင်းလိုက်တယ်။

မိစ္ဆာတိုင်းပြည်က တွေ့သမျှ အရာရာ အားလုံးကို ပါးစပ်အဟောင်းသားနဲ့ ငေးမောနေတဲ့ မိစ္ဆာ အယောင်အဆောင်က မကြာခင် သေရတော့မှာမို့ သနားစရာဘဲ။

"မင်းတော့ ဒီနေ့ သေပြီဘဲ မိစ္ဆာ အယောင်အဆောင်.."

ချွမ်ရွေ့ဟာ ကြုံးဝါးလိုက်ရင်း ကျစ်ဟောက်အလာကို ထောင့်ကနေ ကွယ်ကာ စောင့်နေလိုက်တယ်။

ကျစ်ဟောက် သူ့နားကို တစ်ဖြေးဖြေး လျှောက်လာလေလေ အေးချမ်းမှုကို ခံစားနေရတာက ထူးဆန်းတယ်။

ကျစ်ဟောက်လဲ ထောင့်ကို အကွေ့ ချွမ်ရွေ့ကလဲ အဲ့အချိန်မှ တမင် ထောင့်ကနေထွက်လာပြီး ကျစ်ဟောက်ကို တမင် ဝင်တိုက်လိုက်တာကြောင့်

"အာ့.."

ကျစ်ဟောက်က မိစ္ဆာတိုင်းပြည်က မိစ္ဆာတစ်ကောင်နဲ့ တိုက်မိသွားတာကြောင့် အလွန် ထိပ်လန့်သွားတယ်။

"တောင်းပန်ပါတယ်..မမြင်လိုက်လို့ပါ"

မိစ္ဆာတစ်ကောင်နဲ့ စကားအကြာကြီးပြောနေဖို့ မသင့်တာကြောင့် ကျစ်ဟောက် တောင်းပန်စကားပြောပြီး သူ့ရှေ့ကနေ အမြန်ထွက်သွားဖို့ အလုပ် ၊လက်လာဆွဲတာကြောင့် ရင် တစ်ထိပ်ထိပ်။

"ခဏနေဦး!"

ချွမ်ရွေ့ဟာ ကျစ်ဟောက်ရဲ့လက်က်ို ဆွဲထားပြီး ကျစ်ဟောက်ရဲ့ လည်ပင်းပေါ်မှာ နေရာယူထားတဲ့ လပုံစံရှိတဲ့ ဆွဲကြိုးကို အတန်ကြာ စိုက်ကြည့်ပြီးမှ ကျစ်ဟောက်ကို မျက်လုံးလှန်ကာ ကြည့်လိုက်တယ်။

ဒီဆွဲကြိုးက...

ဆံပင်ရွှေရောင်ရှိတဲ့ မိစ္ဆာက ကျစ်ဟောက်ရဲ့ လက်ကို ဆွဲထားရင်း သူ့ရဲ့ မျက်စံဟာ အမဲရောင်ကနေ အနီရောင်ကို ပြောင်းလဲသွားတာကို တွေ့လိုက်ရတော့ တုန်လှုပ်သွားတယ်။

ချွမ်ရွေ့ရဲ့ မျက်လုံးအရောင်ဟာ အနီကိုပြောင်းသွားသလို ကျစ်ဟောက်ရဲ့ မျက်လုံးအရောင်ဟာလဲ အပြာရောင်ကို ပြောင်းသွားနှင့်နေပြီ။

ကျစ်ဟောက်ရဲ့ လပုံစံရှိတဲ့ဆွဲကြိုးဟာလဲ သူ့ပိုင်ရှင်ရဲ့စေလိုချက်အတိုင်း အပြာရောင် အငွေ့တန်းတွေ ဖြာထွက်လာတာမို့လို့ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ ခံစားချက်တွေ ဖြစ်တည်လာပြီး ပိတ်လှောင်မှုတွေ ဖြစ်လာတော့မှာ။

တစ်ချိန်တည်းမှာဘဲ ကောင်းကင်တစ်ခွင်လုံးဟာ ခရမ်းရောင်ကို ပြောင်းသွားတော့တယ်။

ကျူးကျော်ဝင်ရောက်လာတဲ့ သူဟာ သာမာန်ဘာမဟုတ်တဲ့ တိုင်ပြည်ကလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းက လတိုင်းပြည်က လမင်းသားဖြစ်နေတယ်တဲ့။

ဒါကြောင့် ချွမ်ရွေ့ဟာ ထူးထူးခြားခြား အေးချမ်းမှုတွေ ရနေတာကိုး။

•Purple For Them•

မိစ္ဆာတိုင်းပြည်ကိုအလည်ရောက်လာတာ အချိန်တိုအတွင်း ဘဲရှိသေးသော်လဲ အမိခံလိုက်ရတဲ့ အဖြစ်က ရင်တုန်စရာပါဘဲ။

လည်ပင်းညှစ်ခံထားရတဲ့ ကျစ်ဟောက်ဟာ လွှတ်ပေးပါလို့ ချွမ်ရွေ့ကို မတောင်းဆိုမိ။

"ဘာရည်ရွယ်ချက်ရှိလို့ မိစ္ဆာတိုင်းပြည်ကိုရောက်လာတာလဲ"

လည်ပင်းညှစ်တာ ပိုအားထည့်လာတဲ့ ချွမ်ရွေ့ကြောင့် ကျစ်ဟောက် မျက်လုံးပြူးကျယ်လာရပြီ။

"အလည်လာချင်ရုံသပ်သပ်ပါ"

"ရူးနှမ်းလိုက်တာ..မိစ္ဆာပြည်ကို အလည်လာချင်တဲ့သူ ဘယ်သူမှမရှိဘူး လမင်းသားလေးရဲ့.."

"တကယ်..ကယ် ပြောတာပါ..မိစ္ဆာတိုင်းပြည််မှာ ဘာတွေရှိလဲ စူးစမ်းချင်ရုံ...အဟွတ်ဟွတ်"

ချွမ်ရွေ့ဟာ ကျစ်ဟောက်ကို လွှတ်ပေးလိုက်တော့ လဲကျသွားပြီး ချောင်း ဆက်တိုက်ဆိုးနေတော့တယ်။

မျက်နှာတွေ အစ်လာရတာမို့ သေပြီတောင် ထင်နေတာ။

"ဘာကို စူးစမ်းချင်တာလဲ"

ချွမ်ရွေ့ဟာ ကျစ်ဟောက်နား ထိုင်ချလိုက်ပြီး ခေါင်းငုံ့နေတဲ့ ကျစ်ဟောက်ကို ဆွဲမော့လိုက်ပြီး မေးလိုက်တယ်။

"မိစ္ဆာတွေရဲ့ အကြောင်းကို စူးစမ်းချင်တာ"

"ဒါဖြင့် မိစ္ဆာတွေအကြောင်းသိရပြီလား"

"အကြောင်းစုံမသိရသေးပေမဲ့ မိစ္ဆာတွေက အရမ်းကြောက်ဖို့ကောင်းတယ်ဆိုတာတော့သိလိုက်ရပြီ"

"အဲ့တော့ ငါ့လိုအနာဂတ်မိစ္ဆာအရှင်ကို ကြောက်တယ်လ်ို့ပြောချင်တာပေါ့"

ချွမ်ရွေ့ဟာ မျက်ခုံးပင့်လျက်မေးလိုက်တော့ ကျစ်ဟောက်လဲ သူ့မေးကို ကိုင်ထားတဲ့ ချွမ်ရွေ့လက်ကို ဇက်ကနဲ ဖယ်ထုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်တာ မို့ ချွမ်ရွေ့က

"ဒီအပြုအမူကဘာလဲ..အဟား..မကြောက်ဘူးဆိုတာကို သက်သေပြတာလား"

"မဟုတ်ဘူး..ငါက ဘယ်သူ့ကိုမှ မကြောက်တာ၊ ကြောက်စရာကောင်းတယ်ဆိုတာ ထင်မြင်ရုံသပ်သပ်ဘဲ..ဒါပေမဲ့ ငါက မကြောက်တတ်ဘူး..မင်းဟာမင်း မိစ္ဆာအရှင် မကလို့ ဘာကြီးဘဲ ဖြစ်နေဖြစ်နေ"

မျက်နှာထားတည်တည်နဲ့ မိစ္ဆာမင်းသားရှန် ချွမ်ရွေ့ကို ပြောနေတဲ့ ဝမ်ကျစ်ဟောက်က ခဏက ပွဲတော်မှာ ပျော်ပါးနေတဲ့ ဝမ်ကျစ်ဟောက်လို မဟုတ်တော့ဘူး။

မိစ္ဆာအတုအယောင်ဆိုတာ ပေါ်သွားတာကြောင့် ပြောင်းလဲထားတဲ့ ဝတ်ရုံ အနီရောင်က အလိုလို အပြာရောင်ပြန်ဖြစ်သွားရတယ်။

"မိစ္ဆာတိုင်းပြည်က်ို ကျူးကျော်ရောက်လာတဲ့သူ မှန်သမျှ အိမ်ပြန်လမ်းမရှိဘူးဆိုတာ ကြားဖူးမှာပေါ့"

ချွမ်ရွေ့က ကျစ်ဟောက်ကိုမေးတော့

"မကြားဖူးစရာအကြောင်းမှမရှိဘဲ"

"သိရဲ့သားနဲ့ ရူးမိုက်တာပေါ့..ဒါဆိုရင် ငါ မင်းကို ဘယ်လို ပစ်ဒဏ်ပေးရမလဲ..ပြောကြည့်စမ်း..မင်းဘယ်လို ပစ်ဒဏ်ကိုကြိုက်လဲ..မင်းရဲ့ နောက်ဆုံး ဆန္ဒကို ငါ တစ္ဆာမင်းသားရှန်က ဖြည့်ဆည်းပေးမှာပါ"

"ဟင့်အင်း..ငါသေလို့မရဘူး"

"အန္တာရယ်တွင်းထဲကို ခုန်ချပြီးမှ သေလို့ မရဘူးလို့ ထင်နေတာလား၊ အထင်ကြီးလိုက်တာ လနတ်သားရ"

"မင်းလဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာဘဲ မဟုတ်လား.."

"ငါ့လို မိစ္ဆာမင်းသားက အရာအားလုံးကို နှိမ်နင်းနိုင်မှတော့ အထင်ကြီးတာ မဖြစ်သင့်ဘူးလား..လနတ်သား"

"ငါ့နာမည် လနတ်သားမဟုတ်ဘူး..ဝမ်ကျစ်ဟောက်"

ကျစ်ဟောက်က သူ့နာမည်ကို တစ်လုံးချင်းပြောရင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ချွမ်ရွေ့ကို နှိပ်ကွပ်လိုက်တယ်။

စကားပြောလိုက်ရင် 'ငါ့လို အနဂတ်မိစ္ဆာအရှင်' ဆိုတာကို ပါးစပ်က မချတာမို့ တော်တော် အမြင်ကတ်နေပြီဖြစ်တယ်။

"ဂုဏ်ပုဒ်တွေ မမက်တဲ့ လနတ်သားဘဲ၊ ကောင်းပြီလေ..ဝမ်ကျစ်ဟောက် ..နာမည်ကလှသားဘဲ"

"စကားတွေကို တောင်ပြော မြောက်ပြောလုပ်မနေနဲ့တော့၊ ငါ့ကို လွှတ်ပေးသင့်နေပြီ"

"မင်းမှာ လွတ်လမ်းမရှိဘူးလို့ပြောထားပြီးသားမလား..သတ်ပစ်ရင်သတ်ပစ် မဟုတ်ရင် မင်းရဲ့သွေးတွေကို မိစ္ဆာတွေကို ကျွေးရမယ်"

"ငါက မင်းသတ်လို့သေမယ့်သူ မဟုတ်ဘူး"

"ထူးဆန်းလိုက်တာ..ဝမ်ကျစ်ဟောက်၊ဒါမင်းရဲ့ စွမ်းအားတစ်မျိုးလား"

"ဘာကိုပြောချင်တာလဲ"

"ထူးဆန်းစွာနဲ့ဘဲ..ငါလဲ မင်းကို သတ်ချင်စိတ် မဖြစ်နေဘူးလေ..ဝမ်ကျစ်ဟောက်.."

•Purple For Them•

မိစ္ဆာမင်းသားရှန်ချွမ်ရွေ့ဟာ သူအမိန့်အတိုင်း ကျူးကျော်ဝင်ရောက်လာတဲ့သူကို ပြန်မလွှတ်ပေးခဲ့ပါ။

ထူးဆန်းစွာနဲ့ ဘဲ ဝမ်ကျစ်ဟောက်ကို သတ်ချင်စိတ်လုံးဝ မရှိတဲ့အတွက် ဖမ်းတော့ချုပ်ထားလိုက်တယ်။

လနတ်သားဖြစ်တဲ့အတွက် မိစ္ဆာတွေရဲ့ အကျဉ်းထောင်မှာ ဝမ်ကျစ်ဟောက်ကို ထားဖို့ မသင့်တော်တဲ့ အတွက် ချွမ်ရွေ့ဟာ လအရိပ်ကောင်းစွာရတဲ့ ရေကန်တစ်ကန် ကို အမြန်ရှာခိုင်းလိုက်တယ်။

လတိုင်းပြည်လို အေးချမ်းမှုမရှိပေမဲ့ လပုံရိပ်ယောင် ထင်ဟပ်နေတဲ့ ဒီကန်ရေပြင်က ဝမ်ကျစ်ဟောက်ကို အနည်းဆုံးတော့ အိမ်လို ခံစားရစေမှာ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်။

ရက်သတ္တပတ်ကြာအောင် ဒီကန်ရေပြင်မှာ ပိတ်လှောင်ခံထားရတဲ့ ဝမ်ကျစ်ဟောက်က မိစ္ဆာတိုင်းပြည်က်ို အလည်လာတာ မှားသွားပြီလို့ နောင်တရချင်လာပြီ။

လနတ်ဘုရားရာထူးကို အပိုင်စားရမှသာ ထိုးဖောက် နိုင်စွမ်းရမယ့် ဝမ်ကျစ်ဟောက်က ဒီရေကန်ပြင်ကို ဘယ်လို ဖောက်ထွက်ရပါ့မလဲ။

လရိပ် ရနေတာကြောင့် အိမ်လိုခံစားနေရတာမှန်ပေမဲ့ အကျဉ်းကျနေတဲ့ အပြစ်သားလို ခံစားနေရတယ်။

ဟုတ်ပါတယ် ရှန်ချွမ်ရွေ့ အတွက်တော့ သူဟာ ကျူးကျော်လာတဲ့ အပြစ်သား။

"အဲ့လိုမှန်းသိရင် ချွမ်ရွေ့ကို သတ်ခိုင်းလိုက်ပါတယ်....အား ဒါပေမဲ့ သူ သတ်လို့ သေမယ့်သူက ငါမှမဟုတ်ဘဲ.."

အခန်းဆောင်မှာ တစ်ယောက်တည်း စကားပြောရင်း ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေတဲ့ ဝမ် ကျစ်ဟောက်က ဖခမည်းတော်ကိုလဲ သတိရပါတယ်။

ဖခမည်းတော်ကတော့ ကျစ်ဟောက်ကို စိတ်ပူနေတော့မှာဘဲ။

ဝမ်ကျစ်ဟောက်ကို ဘယ်သူ သတ်သတ် သေမှာ မဟုတ်ဘူးဆိုတာ ကြောင့် ခမည်းတော်က သူ့သားတော် သေမှာကိုတော့ စ်ိတ်ပူမှာတော့ မဟုတ်လောက်ဘူး။

ဒါပေမဲ့....

"ပျင်းနေတာလား..."

"လန့်လိုက်တာ"

"ဘာလာလုပ်တာလဲ ရှန် ချမ်ရွေ့"

"ငါ့ပိုင်နက်ထဲ ငါလာတာ ဘာဖြစ်လဲ"

အဲ့ဒါတွေဘဲကြည့်! အမြဲလိုလို ချွမ်ရွေ့က ကျစ်ဟောက်ကနားကိုရောက်ရောက်လာတာ။

ဟုတ်ပြီလေ သူပြောတဲ့ အကျဉ်းသား..အကျဉ်းသားဆီကို ခဏခဏလာတာ က မဟုတ်သေးဘူးမလား။

ပြီးတော့ ဘယ်လောက်ဘဲ ကျစ်ဟောက်ကို ရေအောက်ပြင်မှာ ထိန်းချုပ်ထားပါစေ မိစ္ဆာနဲ့ အနေများလာလို့ ကျစ်ဟောက်က အအေးဓာတ်ကိုသိပ်မခံစားရတော့ဘဲ ချွမ်ရွေ့ဆီက အပူလှိုင်းကို ခံစားနေရတယ်။

"ငါ့ဆီခဏခဏမလာနဲ့..မင်းလာရင် ငါပူလို့"

"အော! ငါက အေးချင်လို့ မင်းဆီရောက်လာတာ"

ကျစ်ဟောက်က စိတ်ပျက်သလို မျက်လုံး လှန်တင်လိုက်တယ်။

"ငါတော့ အဲ့လို မထင်ဘူး"

ကျစ်ဟောက်က စိတ်မရှည်တဲ့လေသံနဲ့ပြောတော့ ချွမ်ရွေ့က မျက်ခုံးပင့်ပြလိုက်တယ်။

သဘောက 'ဒါဆို ဘယ်လိုထင်လို့လဲ' ပေါ့။

"မိစ္ဆာတိုင်းပြည်နဲ့ လတိုင်းပြည်နဲ့က ဘာလို့ မတည့်လဲဆိုတာ မင်းလဲ သိတယ်မလား"

"မသိဘဲနေမလား.."

"ဘိုးဘေးတွေ ကျိန်သွားတဲ့ ကျန်စာက ငါတို့နှစ်ယောက် အပေါ်သက်ရောက်နေတယ်လို့ မထင်ဘူးလား"

ကျစ်ဟောက်ကတော့ အဲ့လို ခံစားမိတာပါဘဲ။

"ဘာလို့ အဲ့လိုထင်ရတာလဲ"

ချွမ်ရွေ့က ပြန်မေးတော့ ကျစ်ဟောက်က

"ငါတို့ စတွေ့တုန်းက မင်းမျက်လုံးတွေက အနီရောင် ပြောင်းသွားတယ်"

"မိစ္ဆာပါဆိုမှ အနီရောင် မပြောင်းလို့ ဘာအရောင်းပြောင်းရမှာလဲ"

"ကျစ်..မင်းတစ်ယောက်တည်းမဟုတ်ဘူး၊ ငါ့မျက်လုံးအရောင် လဲ အပြာရောင် ပြောင်းသွားသလို ဆွဲကြိုးကလဲ အပြာရောင်ဖြာလာတယ်"

"ပြီးတော့ ကောင်းကင်က ခရမ်းရောင်ပြောင်းသွားတယ်"

ဒီတစ်ခါမှာတော့ချွမ်ရွေ့က ကျစ်ဟောက်ရဲ့ စကားကို ထောက်ပေးလိုက်တယ်။

အနီရောင်နဲ့ အပြာရောင်ပေါင်းစပ်ပြီး ခရမ်းရောင် ဖြစ်ပေါ်လာတာကြောင့် ကျိန်စာဟာ သူတို့ အလှည့်မှာ သက်ရောက်မှုရှိတာလို့ ကျစ်ဟောက်က ထင်နေပုံဘဲ။

"ပြီးတော့ ဒီလ ပုံစံ ဆွဲကြိုးက ငါ့ဆွဲကြိုးမဟုတ်ဘူး.."

ကျစ်ဟောက်က သူ့လည်ပင်းပေါ်က ဆွဲကြိုးကို ကိုင်ကြည့်ရင်းပြောတော့ ချွမ်ရွေ့လဲ အနားရောက်လာပြီး ကျစ်ဟောက်ရဲ့ ဆွဲကြိုးကို ကိုင်ကြည့်တော့တယ်။

"ဒါဆို ဒီဆွဲကြိုးက ငါတို့ မိစ္ဆာတိုင်းပြည်က ဆွဲကြိုးပေါ့"

"ဟုတ်တယ်"

ရှန်ချွမ်ရွေ့တို့၊ဝမ်ကျစ်ဟောက်တို့ မဖြစ်ပေါ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်တယ်။

မိစ္ဆာမင်းသားနဲ့ လမင်းသားတို့ရဲ့ အချစ်ဇာတ်လမ်း။

အလည်အပတ်တွေ သွားရတာ ကြိုက်တဲ့ လမင်းသားဟာ မိစ္ဆာတိုင်းပြည်ကို အလည်အပတ်သွားရာမှ မိစ္ဆာမင်းသားနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။

လမင်းသားဝမ်ကျစ်ဟောက်ဆီကို အလည်အပတ်သွားနိုင်ဖို့ လတိုင်းပြည်က ပြည်သူလို ဟန်ဆောင်ခဲ့ရတဲ့
ရှန် ချွမ်ရွေ့။

မိစ္ဆာမင်းသား ရှန်ချွမ်ရွေ့ဆီကို သတိရတိုင်း သွားတွေ့ရင် မိစ္ဆာပြည်သူလို ဟန်ဆောင်ခဲ့ရတဲ့ ဝမ်ကျစ်ဟောက် တို့ရဲ့
အချစ်သက်တမ်းက အများကြီး မကြာခဲ့ပါဘူး။

တိုင်းပြည်နှစ်ပြည်လုံးက အရှင်တွေဟာ ထိုကိစ္စကို သိသွားပေမဲ့ မိစ္ဆာတိုင်းပြည်ရဲ့ အရှင်က ပိုပြီး အမျက်ထွက်လို့နေတယ်။

ဒါကြောင့်မ်ို့ သားဖြစ်သူ ချွမ်ရွေ့ကို စေခိုင်းချက်တစ်ခု အမိန့်ပေးတယ်။

'မင်းရဲ့ချစ်ရသူ လတိုင်းပြည်က လ မင်းသား ဝမ်ကျစ်ဟောက်ကို ကိုယ်တိုင် သတ်စေ'  ။

ဝမ်ကျစ်ဟောက်မသိခဲ့တာတွေ အများကြီးရှိခဲ့ရပေမဲ့ ချွမ်ရွေ့က တမင် အသိမပေးခဲ့တာတွေလဲရှိတယ်။

ချစ်သူကို ကိုယ်တိုင် သတ်ပစ်ခဲ့ရလို့ နောင်တ ရလားဆိုတော့ ချွမ်ရွေ့ နောင်တမရပါဘူး။

ဘာလို့လဲဆိုတော့ ချွမ်ရွေ့ဟာ ဖခမည်းတော်နဲ့ နှစ်ကိုယ်ကြား အပေးအယူကို ယူခဲ့လိုဘဲ။

အသက်မရှိတော့တဲ့ ချစ်ရသူ ကျစ်ဟောက်ရဲ့ ခန္တာကိုယ်ပေါ်မှာ လမင်းကို ကိုယ်စားပြုတဲ့ လပုံစံဆွဲကြိုးကို ဆွဲပေးခဲ့တယ်။

အသတ်မခံရခင် ကျစ်ဟောက်ဟာ ကျိန်စာ တစ်ခုဆိုခဲ့တယ်။

ကျိန်စာဆိုခဲ့တဲ့ အတိုင်း တစ်ဝက်လောက်က အမှန်ဖြစ်နေတာ မို့လို့ ရှေ့ဆက်ဖြစ်လာမယ့်အရာကို အခုဘဝက ချမ်ရွေ့က တွေးမိသွားတဲ့ပုံဘဲ။

"ဒါဆို ငါတို့ နှစ်ယောက်က

You are reading the story above: TeenFic.Net