𝖬𝖺𝖿𝗂𝖺 𝖯𝖺𝗋𝗍 𝖳𝗂𝗆𝖾 𝖩𝗈𝖻 (𝖦𝗎𝗇𝖧𝖺𝗈)

Background color
Font
Font size
Line height

+Extra (Lowkey love)

ထယ်ရယ် တစ်ယောက် ရစ်ခီကိုရှောင်နေတာ တစ်ပတ်ရှိပြီ ဖြစ်တယ်။ ကျောင်းကိုလဲ တူတူမသွားတော့ဘဲ ရစ်ခီ ထက်နောက်ကျပြီးမှ သွားသလို ကန်တင်းကိုတောင် တွေ့မှ စိုးလို့ ခြေဦးတောင် မလှည့်။ ဒါပေမဲ့ သူရစ်ခီကို မနိုင်..သူက ရှောင်လဲ ရစ်ခီက မရှောင်။ အခန်းရှေ့ဝ ကိုရောက်လာပြီး ထယ်ရယ်ကို အပြင်ခဏထွက်ခဲ့ဖို့ လက်ယက်ခေါ်သေးတာ။ ထယ်ရယ်က မမြင်ချင်ယောင်ဆောင်လိုက်ရင်လဲ အခန်းထဲကို ဝင်ချလာတတ်ရော။

ရစ်ခီတို့အိမ်ကိုလဲ ယောင်လို့တောင် မသွားချင်တာမို့လို့ အိမ်က မာတာမိခင်နဲ့ တည့်အောင်နေ နေရတဲ့ ထယ်ရယ်ကို အမေက ထူးဆန်းသလို ကြည့်နေသေးတယ်။

ညဘက် စာလုပ်ချင်စိတ်ဖြစ်လို့ စာကြည့်စားပွဲမှာ ထိုင်ရင်လဲ ရစ်ခီ့ အခန်းနဲ့ ထယ်ရယ့် အခန်းက တစ်ခန်းတည်းဘဲဆိုတော့ မမြင်ချင်မှာအဆုံးဘဲ။

ပိုဆိုးတာက သူ့အခန်းကနေလှမ်းပြီး ထယ်ရယ့်ကို မျက်စိတစ်ဖက်မှိတ်ပြနေလို့ ပြတင်းပေါက်လှမ်းပိတ်လိုက်ရတဲ့ အဖြစ်။

အဲ့ဒါက အသာထား သူတို့ကိစ္စကို အမေရော၊မားမားရော သိသွားပြီ။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။ မားမားကလဲ သူ့အိမ်ကို ထယ်ရယ်လေး မလာတော့ ပျင်းဖို့ကောင်းနေပြီ ၊ရစ်ခီကလဲ ထယ်ရယ်လေးကို အရမ်း သတိရနေတာ စသဖြင့် အိမ်တိုင်ရာရောက် လာပြောတော့တာ။

ဖွင့်ပြောခံရတဲ့နေ့က ရစ်ခီ့ဆီက သူထွက်ပြေးလာတာ ၊ လိုက်ဝင်လာမှာစိုးလို့ အခန်းတံခါးကို သော့ပိတ်လိုက်တဲ့ ထယ်ရယ်က အပြင်မှာ သူ့အမေကို ရစ်ခီတစ်ယောက် ဘာတွေများပြောနေလဲလို့ တံခါးကပ်နားထောင်လိုက်သေးတယ်။

ကြားရသလောက်တော့
ရစ်ခီက အမေ့ကို ' အန်တီ့သားက ကျွန်တော့် အနာဂတ်ကောင်လေးဖြစ်တော့မှာ မလို့ အခုတည်းက အန်တီ့ကို အမေလို့ ခေါ်မယ်နော်' တဲ့။

အမေ့ ဆီက 'ဟေ' ဆိုတဲ့ အသံဘဲကြားလိုက်ရတယ်။

နောက်ဆုံး သူ ရစ်ခီကို ဘယ်လိုမှ ရှောင်မရဘူးဆိုတာ သဘောပေါက်သွားပြီ။ ကင်မ်ထယ်ရယ်ကို ရစ်ခီရှန်က ဘယ်ကတည်းက ကြံနေလဲ မသိ..ထယ်ရယ့်ကို ကြိုက်နေကြောင်း ထယ်ရယ့်က လွဲ အကုန်သိတယ်။ အမေက တောင် ရိပ်မိတယ်ဆိုဘဲ။

အခုမှ ပြန်စဉ်းစားကြည့်မိတယ် ။
အရင်က ရစ်ခီရှေ့မှာအင်္ကျီလဲခဲ့တာတွေ ၊သူ့ကုတင်ပေါ်မှာ အမြဲ သွားအိပ်တာတွေ၊ မနက်နိုးလာရင် တော့ ဖက်ပြီးအိပ်နေတာတွေ...အား..ရှက်လွန်းလို့ ဘယ်သူ့ရင်ခွင်ထဲ ပုန်းရမှန်းတောင် မသိတော့ဘူး။

"ထားလိုက်ပါတော့..ဖြစ်ခဲ့တာတွေ ဖြစ်သွားပြီးပြီဘဲ ဟင်း.."

ထယ်ရယ်က ကန်တင်းကို မသွားဘဲ အခန်းထဲမှာ တစ်ယောက်တည်း ဆူပုတ်ပုတ် ဟိုတွေးဒီတွေး ထိုင်နေတယ်။

"အဲ့တော့ ငါကတကယ်ကြီး ရည်းစားမရတော့တာလား!
အဲ့လိုဆိုလဲ မဟုတ်သေးပြန်ဘူး၊ ဟူး..ငါ့အဖြစ်ကလဲ "

ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးဆီက ရည်းစား စကားပြောခံရရင် ဒီလိုတွေ ခံစားရတတ်တာလား။

"ကင်မ်ထယ်ရယ်..."

အခန်းဝကိုထုံးစံအတိုင်းရောက်လာပြန်တဲ့ ရစ်ခီ က လက်ထဲမှာလဲ မုန့်ထုတ်တွေနဲ့။

ဗိုက်ဆာနေတဲ့ နဲ့အတော်ဘဲ။ ထယ်ရယ်တို့များ..အကြည့်က ရစ်ခီ ဆီမှာရှိမနေဘဲ သူ့အတွက်ယူလာပေးတဲ့ လက်ထဲက မုန့်ကိုဘဲ အာရုံရောက်နေလိုက်တာများ။

ထယ်ရယ်က ရစ်ခီ လက်ထဲက မုန့်ထုတ်အိတ်ကို ဆွဲယူဖို့ လုပ်တော့ ရစ်ခီက မပေးဘဲ ပြန်ဆွဲထားလိုက်တော့ ထယ်ရယ်မျက်နှာက ရစ်ခီရဲ့ဗိုက်နဲ့ ထိသွားတယ်။

ဒီကောင်လေး အကြီးကို ဘယ်လိုတောင်ပြုမူ!

"ဖယ်စမ်း.."

"မကြိုက်သလိုလုပ်မနေနဲ့ ကင်မ်ထယ်ရယ် !နားရွက်တွေ နီနေပြီးတော့"

ရစ်ခီက လှောင်ရယ်သလိုအသံနဲ့အတူပြောတော့ ထယ်ရယ်က သူ့နားရွက်တွေကို အမြန်ဖုံးအိပ်ပြီးမှ ရစ်ခီကို မျက်စောင်းနဲ့ကြည့်တော့တယ်။

"မျက်စောင်းထိုးပြတာ ကြောက်ဖို့မကောင်းဘူး၊ချစ်ဖို့ကောင်းနေတယ် ကင်မ်ထယ်ရယ်ရဲ့"

ရစ်ခီက အဲ့လိုစကားတွေကိုရုပ်တည်ကြီးနဲ့ပြောရင် ကျောချမ်းစရာ။ ထယ်ရယ်မှာ သူ့အစားရှက်လွန်းလို့ မျက်လုံးတောင် မဆုံရဲတော့ဘဲ မုန့်ထုတ်ကို သာ ဖောက်စားလိုက်တယ်။

အစကတော့ ရစ်ခီနဲ့တွေ့မှာစိုးလို့ ကန်တင်းမသွားဘဲ အခန်းထဲမှာဘဲ ကျန်ရစ်ခဲ့တာ။အခုတော့ ရစ်ခီက သူ့ထယ်ရယ်ဗိုက်ဆာမှာစိုးလို့ မုန့်ယူလာပြီး ထယ်ရယ့် စာသင်ဆောင်မှာဘဲ နေ့လည်စာ တူတူစားတာကိုဘဲ ထယ်ရယ်က အကြိုက်တွေ့နေမိသလိုခံစားနေရတယ်။

"ရစ်ခီ..ငါမေးမလ်ို့"

ရစ်ခီက  ပါမုန့်အမှုန့်တွေ ကပ်နေတဲ့ ထယ်ရယ့်ရဲ့ နူတ်ခမ်းကို သုတ်ပေးလိုက်ပြီး

"ချစ်လားလို့မေးမလို့လား..ဒါဆို အဖြေက အမြဲတမ်း ချစ်တယ်ဘဲ"

ဟာ..အဲ့လိုမပြောနဲ့ဟ ။ ကြာရင် အဲ့လိုစကားတွေကြောင့် မင်းကို ကြိုက်မိသွားတော့မှာဘဲ ရစ်ခီရှန်ရေ...။
မဖြစ်ဘူး..ရစ်ခီကို ကြိုက်ချင်တဲ့ ဆန္ဒကို မုန့်စားချင်တဲ့ ဆန္ဒနဲ့ ထိန်း ဟုတ်ပြီလား။

"ငါ့ကို အဲ့လို ပလီပလာစကားတွေ လာမပြောနဲ့"

"ဘာလဲ ! ချစ်မိသွားမှာစိုးလို့လား"

ရစ်ခီက စကားပြောတိုင်း ပေါ်လာတတ်တဲ့ ထယ်ရယ့်ရဲ့ ပါးပေါ်က ပါးချိုင့်တွေကို တို့ထိလိုက်၊ ဆံပင်တွေကို သပ်တင်ပေးလိုက်နဲ့ အလုပ်များနေတယ်။

"မေးမယ်ဆို! မမေးတော့ဘူးလား၊ ဘာလဲ ကျွန်တော့်အသံကြားရင် ရင်ခုန်မိမှာစိုးလို့ လား"

ထယ်ရယ်မှာ ဘာမှ မတတ်နိုင်တော့..သက်ပြင်းသာချရုံတတ်နိုင်တယ်။ သူ့စကားတွေကြောင့် မေးဖို့ ကိစ္စပါ မေ့တဲ့ အဖြစ်။

"အော်..မှတ်မိပြီ..မင်းတို့ပထမနှစ်မှာ မာဖီယားရဲ့သား ကျောင်းပြောင်းလာတယ်ဆို"

စပ်စပ်စုစု မေးနေတဲ့ ထယ်ရယ်ရဲ့ မျက်ဝန်းတွေက သိချင်စိတ်ပြင်းပြနေတယ်။

"ဘယ်က ပေါက်ကရသတင်းတွေကြားလာပြန်ပြီလဲ! ကျွန်တော့်ကို ပြန်ချစ်မယ့်အကြောင်းကိုသာ ခေါင်းထဲ ထည့်ထားပါဆို"

"မင်းရဲ့ ဖလစ်စကားတွေကိုခဏထား၊ငါက မကြားချင်လဲကြားနေရဦးမှာ..ငါသိချင်တာက..မင်းတို့ပထမနှစ်မှာ ကျောင်းပြောင်းလာတဲ့သူ ရှိလား မရှိဘူးလား"

"ဘယ်သိမှာလဲ..ကျွန်တော်က ကင်မ်ထယ်ရယ်ကို ချစ်တာဘဲ သိတာကို"

ကင်မ်ထယ်ရယ် ရဲ့မျက်နှာက တစ်လောကလုံးကို စိတ်ကုန်နေတဲ့ရုပ်ဖြစ်သွားတယ်။ ဒီရစ်ခီက သူသိတဲ့ရစ်ခီမှ ဟုတ်ရဲ့လားလို့။

အခုတစ်လော အကြီးတန်းတွေမှာ နာမည်ကြီး သတင်းက ခေတ်စားနေတာ။ ဒီကျောင်းကို မာဖီးယားတစ်ယောက်ရဲ့ သား ကျောင်းပြောင်းလာတယ်လို့လေ။ ပြီးတော့ အဲ့ကောင်လေးက ပထမနှစ်ကဘဲတဲ့။

"ရစ်ခီ..ရစ်ခီ..ရစ်ခီလို့.."

"ဗျာ..ဘာလို့ အဲ့လောက်ခေါ်နေတာလဲ ကြားတယ်လေ"

ကင်မ်ထယ်ရယ်က ရစ်ခီရဲ့ အနားကို ကပ်သွားပြီး ဘေးဘီကို ဟိုကြည့်ဒီကြည့် အကဲခေတ်လိုက်သေးတယ်။
ဘယ်သူမှမရှိဘူးဆိုတာ သေချာတော့မှာ ရစ်ခီကို တိုးတိုးလေးကပ်ပြောတော့တယ်။

"ငါသတင်းအတိအကျရထားတာကွ၊ အဲ့ကောင်လေးက အသက်ငယ်ပေမဲ့ ဗလတွေရှိတယ်တဲ့၊ အဖေကလဲ မာဖီယားဆိုတော့ လက်နက်တွေယူလာရင်ယူလာမှာ..မင်းလဲ သတိထားနေဦး၊ သူနဲ့ အပေါင်းအသင်းမလုပ်နဲ့၊ ထိပ်တိုက်တွေ့ရင် လဲရန်ဖြစ်မနေနဲ့..ထွက်သာပြေး..အနိုင်ကျင့်ခံရရင် ငါ့ဆီကို တန်းလာခဲ့...အတူတူထွက်ပြေးတာပေါ့..ငါက မထိုးကြိတ်တတ်ဘူးလေ ဟီး.."

နားထောင်နေတာ အကောင်း၊ အဆုံးကျမှ အဖျားရှူးသွားတဲ့ ကင်မ်ထယ်ရယ် စကားကြောင့် ရစ်ခီ ရယ်ချင်စိတ်ကို ထိန်းထားရတယ်။ ဒါပေမဲ့လဲ ဟီးကနဲ ရယ်ပြနေတဲ့ ထယ်ရယ်က သူ့နှလုံးကို အခုန်မြန်စေတယ်။

ကျောင်းကို ဘယ်သူက လက်နက်တွေယူလာမှာလဲ ၊ကင်မ်ထယ်ရယ် တစ်ယောက် ဘယ်က ပေါက်ကရသတင်းတွေကို ကြားပြီး အယုံလွယ်ပြန်ပြီ။ သူချစ်တယ်လို့ပြောတာကိုကျတော့ မယုံဘူး။

ကာကွယ်ပေးမှတော့ သူဘဲ ထယ်ရယ်ကိုကာကွယ်ပေးမှာပေါ့။

အခုလဲ လက်ထဲက ကျန်နေတဲ့ ပါမုန့်ကိုတစ်မြုံမြုံ ဆက်စားနေတယ်။

"ကျွန်တော့်အခန်းကို ဘာတော့ ပြန်လာအိပ်မှာလဲ"

"အဟွတ် ဟွတ်..အဟွတ်ဟွတ်.."

ရစ်ခီရဲ့ အနှောင့်အသွားမလွတ်တဲ့ စကားကြောင့် ပါမုန့်တောင် မဝါးလိုက်ရဘဲ အစာအိမ်ထဲ တန်းရောက်သွားပြီ။

ပါမုန့်နင်သွားတော့ ထယ်ရယ်ရဲ့ကျောကို ဖွဖွလေး ထုပေးတဲ့ ရစ်ခီကို လက်ကာပြလိုက်တယ်။

"လွမ်းနေတာ..ကင်မ်ထယ်ရယ်ကို မဟုတ်ဘဲ ဖက်လုံးကိုဖက်အိပ်နေရတာ အဆင်မပြေဘူး"

"အခု..အခုက မင်းနဲ့ငါက အခြေနေမတူတော့ဘူးလေ၊..
တစ်မျိုးဖြစ်နေမှာပေါ့..ရှက်သလိုခံစားရတယ်ဟ..."

"အဲ့ဒါကြောင့် အရင်လို ကျွန်တော့်အိမ်လာပြီး အတူတူမအိပ်ရဲတော့တာပေါ့"

"အွန်း.."

"သဘောပေါက်ပြီ! ကင်မ်ထယ်ရယ်က ကျွန်တော့်အိမ်ကိုမလာမှတော့ ကျွန်တော်က ကင်ထယ်ရယ် အိမ်လာရမှာပေါ့..စောင့်နေ၊ ဒီည အတူတူ လာအိပ်မှာ..ဒါဘဲ ကျွန်တော် အတန်းပြန်ပြီ"

"ဟိတ်..ဘာတွေပြောနေတာလဲ..ငါတံခါးမဖွင့်ပေးဘူးနော်
ရစ်ခီရှန်"

ရစ်ခီက အခန်းဝကနေ လှမ်းအော်ပြောလိုက်တယ်။

"မဖွင့်ပေးလဲ ရိုက်ချိုးဝင်လာမယ်" တဲ့။

•Mafia Part Time Job•

ရစ်ခီ အတန်းထဲ မဝင်ခင် ကောင်မလေး တစ်ယောက်က သူ့လက်ကိုဆွဲကာ တိုးတိုးလေး လာပြောတယ်။

"ရစ်ခီ နင် သတိထားဦးနော်!"

"ဘာကိုလဲ!"

"နင့် နောက်ခုံက အသစ်ရောက်လာတဲ့ တစ်ယောက်က မာဖီးယားသားတဲ့နော်"

လာပြန်ပြီ ဒီသတင်း! ရစ်ခီက မျက်မှောင်ကြုတ်လိုက်တော့ အတန်းဖော် ကောင်မလေးက

"နင် မယုံမှန်းသိတယ်၊ဒါပေမဲ့ သတင်းက တိကျတဲ့ ရပ်ကွက်ကဟေး၊ မနက်အတန်းလဲ လာမတက်ဘူး၊ အခုလဲ မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ ..သတိထား"

ရစ်ခီ ခေါင်းဘဲငြိမ့်ပြလိုက်ပြီး အတန်းထဲ ဝင်ထိုင်လိုက် တယ်။ ခါတိုင်းဆို ပရော်ဖက်ဆာ ရှေ့မှာ စာပြနေတာတောင် မှ စကားများနေကြတဲ့ လူတွေတောင် ဒီနေ့မှ ထူးထူးဆန်းဆန်း ငြိမ်ပြီး စာလိုက်မှတ်နေကြသေးတယ်။

အတန်းထဲမှာ မာဖီးယား သားရှိနေလို့တဲ့လေ။ ယောင်လို့တောင် အနောက်ကို လှည့်မကြည့်ရဲ..ပရော်ဖက်ဆာ ပြောနေတာတွေကို လိုက်မှတ်နေကြလို့ ဆရာတောင် နောက်နေ့ 'ငါမိန်းမရတော့မယ်ထင်တယ်' လို့တောင် ပြောသွားသေးတယ်။

ရစ်ခီလဲ အတန်းပြီးပြီ မို့လို့ ထယ်ရယ်ဆီကိုတော့ အရင် သွားမှာမဟုတ်ဘူး။ ထယ်ရယ့်ကြိုက်တတ်တဲ့ မုန့်ဆိုင်မှာ မုန့်သွားဝယ်မလို့။ ဒါမှ ကင်မ်ထယ်ရယ်အိမ်မှာ သူကြိုက်တတ်တဲ့မုန့်တွေကို အတူတူစားပြီး တီတီတာတာတွေ ပြောကြမှာ မလားလို့။

"ဟိတ်..ရှေ့က တစ်ယောက်.."

အနောက်က မာဖီးယားသားဆိုတဲ့သူတစ်ယောက်က ရစ်ခီကို ခေါ်တော့

"ငါ့နာမည် ရှေ့က တစ်ယောက်မဟုတ်ဘူး..ရစ်ခီ"

"ငါ့နာမည် ပတ်ဂွန်းအူ....ဒီအတန်းထဲက လူတွေ ထူးဆန်းတယ်၊ ငါမိတ်ဆက်တာကို ကြောက်လန့်တစ်ကြား ထွက်ပြေးသွားကြတယ်၊ မဟုတ်မှ ငါက ကြောက်ဖို့ကောင်းနေလို့လား"

ဂွန်းအူက သူ့မျက်နှာသူ ကိုင်ကာ မင်္သကာသလို ဖြစ်သွားရတယ်။

"မင်းက ငါ့ကို ပထမဆုံးစကားပြန်ပြောတဲ့သူဘဲ..သူငယ်ချင်းလုပ်ကြမလား..ရစ်ခီ"

"ဆောရီး..ငါ့ကိုကိုက သူစိမ်းတွေနဲ့ မပေါင်းခိုင်းထားလို့"

ရစ်ခီက စကားဆက်မပြောတော့ဘဲ အတန်းပြင်က်ို ထွက်သွားတော့ ခေါင်းကုတ်၊မျက်မှောင်ကြုတ်ကာ ကျန်ခဲ့တဲ့ ဂွန်းအူက ကျိန်ဆဲတော့တယ်။

"ဒီကျောင်းကလူတွေ က တစ်ခုခုဘဲ၊ဘာအချိုးချိုးတာလဲ၊ အဖေ့ကို တိုင်ပြီး အကုန်လက်စ ဖျောက်ခိုင်းလိုက်ရ"

ဂွန်းအူပြောလိုက်တဲ့ စကားကို အခန်းထဲမှာ ကျန်နေသေးတဲ့ တစ်ခြားကျောင်းသားနှစ်ယောက်က ကြားသွားတယ်။ သူတို့ နှစ်ယောက်က ဂွန်းအူကို ကြောက်လန့် တစ်ကြား ကြည့်နေတာမို့လို့ အမြင်ကတ်ပုဒ်မနဲ့ ထပ်ပြောလိုက်တယ်။

"ဘာကြည့်တာလဲ သေချင်လို့လား"

အဲ့ထဲက တစ်ယောက်ဆို ဂွန်းအူရဲ့ စကားကြောင့် လက်တုန်ကာ စာရွက်တွေပါ ပြုတ်ကျကုန်တယ်။

ဒီကျောင်းက လူတွေ က ကြောင်တောင်တောင်နဲ့၊ ဖင်ခေါင်းက လဲ စတားသေး။ ဘာတဲ့ သူ့ကိုကိုက သူစိမ်းတွေနဲ့ မပေါင်းခိုင်းလို့တဲ့။

"ဟေး..မင်းတို့ခဏနေဦး!"

ဂွန်းအူးက အခန်းအပြင်ကို အပြေးထွက်ဖို့ပြင်နေတဲ့ အတန်းဖော်နှစ်ယောက်ကို ခေါ်လိုက်တော့ တုံ့ကနဲ ရပ်သွားပြီး လှည့်ကြည့်လာတယ်။ မျက်နှာတွေကလဲ ဇီးရွက်လောက်ဘဲရှိတော့တယ်။

"ဘာ...ဘာ..ဘာ..ပြော..မ..လို့..လဲ ဟင်"

"ဘာလို့ စကားထစ်နေတာလဲ! ငါ ဘတ်စ်စကတ်ဘောအသင်းထဲ ဝင်ချင်လို့..အဲ့ဒါဘယ်မှာသွားပြောရလဲ မင်းတို့သိလား"

"..အဲ့..ဒါက..ကျောင်းသာရေးရာကို သွားပြီး မေးလိုက်ရင်ရပြီ"

ဂွန်းအူးလဲ ခေါင်းညိမ့်ပြပြီး ဘဲ ထွက်လာခဲ့တယ်။

အခန်းထဲမှာ ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ဘုရားတရင်း ကျန်ခဲ့တော့တယ်။

ဂွန်းအူလဲ သူ့ဟာသူ အားကိုးရင်း ကျောင်းသားရေးရာကနေတစ်ဆင့် ဘတ်စ်စကတ်ဘောကွင်းကိုရောက်သွားတော့တယ်။ ဂွန်းအူက ကျောင်းကို နှစ်တဝက်မှ ရောက်လာတဲ့သူဆိုတော့ အသင်းဝင်ဖို့ ပြဿနာနဲနဲလေးရှိနေတယ်။  ပြီးတော့ စတုတ္ထနှစ်စီနီယာတွေက သူ့ကို အသင်းထဲ မဝင်စေချင်ကြဘူးလေ။ မာဖီးယားသားလို့ သတင်းထွက်နေတာ တစ်ကျောင်းလုံးမွှန်လို့။

ဂွန်းအူ သူ့ရှေ့က စီနီယာတွေကို ဆွဲထိုးမိတော့တယ်။ ပထမ ဆုံးကျောင်းတက်တဲ့နေ့မှာတဲ့ တစ်ယောက်မှကို အချိုး မပြေ။

တကယ်ဘဲ ဒီကျောင်းမှာ ပတ်ခ်ဂွန်းအူနဲ့ အဆင်ပြေတဲ့သူ တစ်ယောက်လောက်တောင် မရှိတော့ဘူးလား။

"အော်..ကျန်းဟောက်..လာဦး..ဒီက ဂျူနီယာလေးနဲ့ အသင်းဝင်မယ့် ကိစ္စလာ ပြောလိုက်ဦး အစ်ကိုတို့ လုပ်စရာရှိသေးလ်ို့..."

"ဗျာ..ကျွန်တော်က ဆေးအကူလေ..စီနီယာတို့ နေကြဦးလေ.."

တော်တော် အားကိုးရတဲ့ စီနီယာတွေ၊ ငါ့လက်ထဲက လွတ် ဗြွတ်ဆိုပြီး..ဂွန်းအူကို ကျန်းဟောက် လက်ထဲ အပ်သွားတယ်။ သူတို့က တော့ခြေလှမ်း ခပ်သွက်သွက်နဲ့ ပြေးသွားတာများ မြင်မကောင်း။

ကျန်းဟောက်က ဘတ်စ်စကတ်ဘောအသင်းရဲ့ ဆေးအကူအဖွဲ့လေ၊ အသင်းဝင်ဖို့ လက်ခံတယ်၊လက်မခံဘူးဆိုတာက ကျန်းဟောက်က ဘယ်လ်ို ဆုံးဖြတ်ပေးရမှာလဲ။

ကျန်းဟောက်က သူ့နောက်ကျောက်ို တစ်စုံတစ်ယောက်က ဖောက်ထွက်မတတ်ကြည့်နေသလို ခံစားရတော့ နောက်လှည့်ကြည့်ကာမှ ကျန်းဟောက်ပါ ခဏက စီနီယာတွေအတူ ထွက်ပြေးချင်သွားပြီ။

ဟင် ဟိုကောင်လေး!

ကျန်းဟောက် သူ့ရှေ့က သူ့ထက် အရပ်မြင့်ပြီး သူ့ထွက်ပိုထွားတဲ့ကောင်လေးကိုတွေ့တာနဲ့ မူးပါမေ့ချင်သွားတယ်။

တစ်နေ့က ဒီကောင်လေးကို သူတွေ့ခဲ့တယ်။

ကျောင်းက ကလေးတစ်ချို့ကို ဓားနဲ့ ထောက်ပြီး ငွေတောင်းနေတာကိုတွေ့ခဲ့တာ။ပြီးတော့ ဒီကောင်လေးက မာဖီးယားတစ်ယောက်ရဲ့သားလို့ပြောနေကြတယ်။

အဲ့တုန်းက ကောင်လေးက သူ့ကို  တွေ့လိုက်ပုံမရ။

အပုန်းကောင်းတဲ့ ကျန်းဟောက်ကြောင့် မတွေ့တာလဲပါမယ်။

အခုလဲ မျက်နှာပေါ်မှာ ဒဏ်ရာ တစ်ချို့ရှိနေတာ တွေ့တော့ ကျန်းဟောက် လန့်သွားတယ်။ မာဖီးယား မျိုးနွယ်တွေဆိုတော့ သတ်ရင်းဖြတ်ရင်း ရခဲ့တဲ့ ဒဏ်ရာတွေဘဲ နေမှာ။

"ဘာကြည့်တာလဲ!"

"ဖာမီယားသား!"

"ဘာတွေပြောနေတာလဲ..ဒီမှာ..ကျွန်တော်ဘတ်စ်စကတ်ဘော အသင်းဝင်ချင်လို့..အဲ့ဒါ ပေးဝင်မှာလား ၊မပေးဝင်ဘူးလား"

"ပေးဝင်မယ်..ပေးဝင်မယ်..ပေးဝင်မှာ မို့ ဘာမှတော့ မလုပ်လိုက်ပါနဲ့"

"ဘာကိုလုပ်ရမှာလဲ..ကြောင်တောင်တောင်နဲ့"

တကယ်ပါ! ဒီကျောင်းက လူတွေ ကျပ်ရော ပြည့်ရဲ့လားမသိ။

အသင်းဝင် ဖောင် ဖြည့်ဖို့ ကမ်းပေးလာတဲ့ စာရွက်ကို ဖြည့်ရင်း ဂွန်းအူက မိတ်ဆက်လိုက်တယ်။

"ကျွန်တော့်နာမည် ပတ်ခ်ဂွန်းအူ..ဘတ်စ်စကတ်ဘောအသင်းထဲအခုမှ ဝင်တယ်ဆိုပေမဲ့ မဆော့တတ်တဲ့သူ မဟုတ်ဘူး၊အရည်အချင်းက ပြိုင်ပွဲဝင် အဆင့်လောက်ရှိတယ်၊ ဒါကြောင့်မို့ အရံနေရာမှာ မနေခိုင်းပါနဲ့"

"ဟုတ်ကဲ့ စီနီယာတွေကို ပြောပေးပါ့မယ်"

ဖောင်ဖြည့်နေရင်း ဂွန်းအူက ကျန်းဟောက်ကို ဖြတ်ကနဲမော့ကြည့်လိုက်တယ်။

"ခင်ဗျားက ဘတ်စ်စကတ်ဘော အသင်းဝင်မဟုတ်ဘူးလား"

"မဟုတ်ဘူး..ဆေးအကူအဖွဲ့က"

"အော်..ဒါနဲ့ နာမည်က"

"ကျန်းဟောက်.."

"ချစ်စရာလေးဘဲ.."

"ဟမ်.."

"ခေါင်းပေါ်က ကလစ်နဲ့ လိုက်တယ်၊ မသိရင် ကလေးလေးလို့ ထင်မိမှာ.."

ဖောင်စာရွက်ကို ကျန်းဟောက်ရဲ့ လက်ထဲ ထည့်ပေးပြီး ထွက်သွားတဲ့ မာဖီးယားရဲ့သား ပတ်ခ်ဂွန်းအူက ကျန်းဟောက်ကို ချစ်စရာလေးလို့ပြောသွားတာလား။

နေပါဦး! သူအခု ဂွန်းအူကို အသင်းထဲဝင်ခိုင်းလိုက်တာလား။ စီနီယာတွေ တော့ သတ်တော့မှာဘဲ။ တကယ်လဲ ကျန်းဟောက် ကြောက်ကြောက်လန့်လန့်နဲ့ ဘာအသိဉာဏ်မှမရှိတော့ဘဲ အသင်းဝင်လို့ရပါတယ်လို့ ပါးစပ်ကနေ ထွက်သွားတာ။

မာဖီးယားရဲ့သား ဆိုလဲ ဖာမီးယား သားပေါ့။ ကျန်းဟောက်နဲ့ လဲ အဲ့လောက်တွေ့ရမှာ မဟုတ်ဘူးလေ။ သူက ကစားသမားတွေ ဒဏ်ရာ ရရင် ဆေးထည့်ပေးရုံဘဲဟာကို။ သတိနဲ့နေလိုက်ရုံပေါ့။

ကြောက်စရာကောင်းပြီး အသဲမာတဲ့ မာဖီးယားက အချစ်တွေနဲ့ နူးညံ့သွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာဘဲရှိတယ်။

•Mafia Part Time Job•

မျက်နှာသေးသေးလေးပိုင်ရှင်က ချစ်ဖို့ကောင်းနေတော့ ဂွန်းအူမမေ့နိုင်။ ထူးထူးဆန်းဆန်း ကလစ်ကိုလဲ ခေါင်းပေါ်တင်ထားတာက ဘာမှန်းမသိ။ သူ့ထက် အသက်ကြီးတဲ့ စီနီယာလို့ ပြောရင် ယုံဖွယ်မရှိ။ လှုပ်စိလှုပ်စိနဲ့ ချစ်ဖို့ကောင်းတယ်။

ဘတ်စ်စကတ်ဘောအသင်းထဲ မှာအရံ နေရာ မပေးဖို့ကို ကျန်းဟောက်က ပြောထားပေးတဲ့ပုံဘဲ။ တကယ်လဲ
ဂွန်းအူက အရန်နေရာမလိုချင်ပါ။ ဘတ်စ်စကတ်ဘောကို ငယ်ငယ်ကတည်းက အဖေ့နောက်လိုက်တွေနဲ့ အတူတူ ကစားနေကျ။ တက္ကသိုလ်ရောက်မှ ဂွန်းအူက ပြိုင်ပွဲတွေလဲ ပြိုင်ချင်လာတာကြောင့် အသင်းဝင်လိုက်တာ။

စီနီယာတွေက လဲ ဂွန်းအူကို တလေးတစား ဆက်ဆံကြတယ်။ စကားပြောရင် 'ဟုတ်ကဲ့'က မပါမဖြစ်။

ဒါပေမဲ့ ကျန်းဟောက်ဆိုတဲ့လူကို အခုထိမတွေ့မိ။ စီနီယာတွေကို မေးကြည့်တော့..ဆေးအဖွဲ့က အစမ်းပြိုင်ပွဲ၊ အစိန်ကြီးပြိုင်ပွဲတွေရှိတော့မှ လာတာတဲ့လေ။

"ဒါဖြင့် ကျန်းဟောက်စီနီယာက ဘယ်ဌာနကလဲ.."

"နိုင်ငံတကာဆက်ဆံရေးဌာနမှာ..ဘာလုပ်ဖို့လဲ ဂွန်းအူ.."

"မတွေ့တာကြာပြီလေ..သတိရလို့"

ဂွန်းအူက ခပ်ပြတ်ပြတ်ပြောပြီး ဘတ်စ်စကတ်ဘေးကွင်းက နေထွက်သွားတော့တယ်။ ကျန်ခဲ့တဲ့ စီနီယာကတော့ ကျန်းဟောက်ဆီ အမြန် မက်ဆေ့ပို့ သတိပေးရတော့တယ်။

[ဟေ့ရောင်...မင်းမြန်မြန်ရှောင်တော့၊ မာဖီးယား သားက
မင်းကို သတိရလို့တဲ့ လာတွေ့နေပြီ]

နောက်လှည့်ကာ စကားထိုင်များနေတဲ့ ကျန်းဟောက်က တော့ ဖုန်း မက်စေ့သံကို မကြားပါ။ခဏနေလဲ အတန်းဆင်းတော့မှာဆိုတော့ အတန်းထဲမှာ ကမ္ဘာပျက်ချင်တိုင်း ပျက်နေကြတယ်။

အတန်းဆင်းပြီဆိုတော့ အတန်းထဲကနေ ခုန်ဆွ ခုန်ဆွဲ နဲ့ထွက်လာတဲ့ ကျန်းဟောက်ကို အပြင်မှာ ရပ်စောင့်နေတဲ့ ဂွန်းအူက တာ့တာ့ပြလိုက်တာကို တွေ့တော့ တစ်ခြားကျောင်းသားတွေ က ခြေလှမ်းခပ်သွက်သွက်နဲ့ ထွက်သွားကြတယ်။

ကျန်ခဲ့တာကတော့ ကျန်းဟောက်နဲ့ ဂွန်းအူဘဲ။

"အော်..ဂွန်းအူ..ဒီဌာနကို ဘာလာလုပ်တာလဲ"

"ကျန်းဟောက် စီနီယာကို လာတွေ့တာ၊ဟိုနေ့ကဘဲ တွေ့ပြီး နောက်ရက်တွေ မတွေ့တော့လို့၊ အသက်ရှိကျန်းမာသေးရဲ့လားလို့ လာကြည့်တာ"

"အမ်.."

"မအမ်နဲ့! ဗိုက်ဆာတယ် ရေခဲမုန့်လိုက်ဝယ်ကျွေး"

ဟမ်! သူနဲ့ ဒီကောင်လေးက ဘယ်တုန်းက ခင်သွားလို့ မုန့်လိုက်ဝယ်ကျွေးခိုင်းနေတာလဲ။ ဂွန်းအူရဲ့ မျက်နှာက လိုက်ဝယ် ကျွေးမှာလား၊မကျွေးဘူးလား ၊လိုက်ဝယ်မကျွေးရင် လွယ်အိတ်ထဲပါလာတဲ့ သေနတ်နဲ့ ပစ်သတ်မယ်ဆိုတဲ့ အရိပ်အယောင် ရနေတာမို့လို့ ကျန်းဟောက် မအီမသာ ခေါင်းညိမ့်ပြလိုက်ရတယ်။

ရှေ့လျှောက် ဂွန်းအူက ကျန်းဟောက်ကို အဲ့လို နည်းတွေနဲ့ အနိုင်ကျင့်ရင်ရော။ သွားပြီ..ကျန်းဟောက်ဘဝက ရေစုန်မြောတော့မယ်ထင်တယ်။

ဂွန်းအူက ကျန်းဟောက်ကို တက္ကသိုလ်အနားက နာမည်ကြီး ရေခဲမုန့်ဆိုင်ကိုခေါ်သွားတော့တယ်။

မာဖီးယားသားဖြစ်ပြီး ရေခဲမုန့်တောင် မဝယ်စားနိုင်ဘူးလားလို့ ကျန်းဟောက်စိတ်ထဲ ခပ်ချဉ်ချဉ်တွေးလိုက်မိသေးတယ်။

ကျန်းဟောက်ကို ဘာလို့ အခုလို စကားတွေလာပြောပြီး တမင်ခင်သလိုလို ပုံစံမျိုး လာဖမ်းနေရတာလဲ။ မဟုတ်မှ..ကျန်းဟောက်ကို အရင်ခင်အောင်လုပ်ပြီး ရောင်းစားမလို့ များလား။ ဒါမှမဟုတ် သတ်ပြီး ကလီစာတွေရောင်းစားလိုက်မှာလား။ အလောင်းကို မြေမြှုပ် လိုက်တာဖြစ်ဖြစ် ပင်လယ်ထဲ ငါးစာကျွေးလိုက်ရင်ရော။

မဖြစ်ဘူး..ဒီကောင်လေးနဲ့ ဝေးဝေးရှောင်မှ။

"ဘာတွေငေးနေတာလဲ..ရေခဲမုန့်အရည်ပျော်တော့မယ်"

"အော် အင်းအင်း"

"ဘယ်လိုလဲ အရသာက ကောင်းတယ်မလား"

"အင်း ကောင်းပါတယ်.."

ကျန်းဟောက်က ရေခဲမုန့်ကိုသာ ငုံ့စားနေပြီး ဂွန်းအူတစ်ခါမေး တစ်ခါဖြေသာ လုပ်နေတယ်။

ခဏအကြာတော့ ဆိုင်ထဲကို ဂွန်းအူရဲ့ အတန်းဖော် ရစ်ခီက ဝင်လာပြီး သူ့ဘေးမှာ ပြုံးလိုက်ရင် ပါးချိုင့်တွေပေါ်လာတဲ့ လူတစ်ယောက်လဲပါလာတယ်။

ဂွန်းအူက ရစ်ခီကိုတွေ့တော့ လက်ပြကာ နူတ်ဆက်လိုက်ပေမဲ့ ရစ်ခီက တစ်ချက်သာကြည့်ပြီး မကြည့်ချင်ယောင်ဆောင်သွားတော့ ဂွန်းအူ စိတ်တိုသွားကာ ကျန်းဟောက်ကို တိုင်ဖို့လုပ်တော့တယ်။

"အဲ့ရစ်ခီဆိုတဲ့ တစ်ယောက်ကလေ ကျွန်တော်ပြုံးပြရင် ပြုံးတောင် မပြုံးပြဘူး၊ အခုလဲ ကြည့် ခင်လို့ တာ့တာ့ပြတာကို မသိချင်ယောင်ဆောင်သွားတယ်"

ကျန်းဟောက်တွေ့သားဘဲ၊ ကျန်းဟောက် စိတ်ထဲ..ဘယ်သူက ဖာမီယားလဲတောင် ဖြစ်သွားတယ်။

ဆိုင်မှာ ခုံနေရာလဲ မရှိတာကြောင့် တိုက်တိုက်ဆိုင်ဆိုင် ရစ်ခီနဲ့ ထယ်ရယ်က ဂွန်းအူနဲ့ကျန်းဟောက်တို့ ဘေးမှာလွတ်နေတဲ့ စားပွဲကိုရောက်လာတယ်။

"ကျွန်တော်တို့ ဒီမှာ ထိုင်မယ်နော်"

ထယ်ရယ်က အပြုံးချိုချိုတွေနဲ့ ခွင့်တောင်းလိုက်တော့ ကျန်းဟောက်က ရပါတယ် ပြောပြီး ခေါင်းညိမ့်ပြလိုက်တယ်။

ဂွန်းအူကတော့ တွေးလိုက်တယ်။ ဒီပါးချိုင့်တွေနဲ့ စီနီယာက ရစ်ခီပြောတဲ့ သူ့ကိုကိုဘဲ ဖြစ်ရမယ်။

ထယ်ရယ်ဆီက စကားများမှုတွေက စလာတော့တယ်။

"ရစ်ခီ ..အခုတစ်လော မာဖီယားရဲ့သား သတင်းတွေ ငြိမ်နေပေမဲ့ သတိထားဦး၊ လူဆိုးတွေ ငြိမ်တယ်ဆိုတာ သူတို့လှုပ်ရှားဖို့ အကွက်ချောင်းနေတာ.."

ဘေးမှာ ထိုင်နေတဲ့ ထယ်ရယ်ရဲ့စကားတွေက ကြားနေရတာမို့လို့ ကျန်းဟောက် မသိမသာ ဂွန်းအူကို မျက်လုံးလှန်ကာ အကဲခေတ်လိုက်တယ်။

ဂွန်းအူက သူနဲ့ မဆိုင်သလို မကြားသလို ပြုမူရင်း
ကျန်းဟောက်ကို ပြုံးပြလိုက်တာမို့လို့ အကြည့်လွှဲလိုက်ရတယ်။

"ရစ်ခီ..သိလားလို့၊ ဒါနဲ့လေ ငါမာဖီယားတွေကို အပြင်မှာ မမြင်ဖူးလို့..တစ်ခါလောက် မင်းအတန်းထဲ လာဦးမယ်.."

*ပြွတ်*

ဒီတစ်ခါမှာတော့  ထယ်ရယ်သာ မက ဘေးခုံက ဂွန်းအူရော ကျန်းဟောက်ပါ ရေခဲမုန့်ဇွန်းကြီး ကိုက်ထားပြီး အလန့်တစ်ကြား ထယ်ရယ်ရဲ့ နူတ်ခမ်းကို နမ်းလိုက်တဲ့ ရစ်ခီကို ပြူးကြည့်တော့တယ်။

ထိုင်နေရကနေ လှမ်းနမ်းလိုက်တဲ့ ရစ်ခီက

"ပါးစပ်ကနေ လျှောက်မပြောရဘူးကိုကိုရဲ့.. ပြီးတော့ ကိုကို့ ပါးစပ်မှာ ရေခဲမုန့်ပေနေလို့ သုတ်ပေးတာ"

လျှပ်တစ်ပြတ်အနမ်းခံလိုက်ရပြီး ကတည်းက ထယ်ရယ် ဆီက စကားသံတောင် မထွက်လာတော့ဘဲ ရေခဲမုန့်ကိုဘဲ သဲကြီးမဲကြီးငုံ့စားနေလိုက်တော့တယ်။

ဂွန်းအူမှာ မကျေမနပ်ဖြစ်သွားရတယ်။ တစ်ကျောင်းလုံးမှာ ရည်းစားတွေကြီးဘဲ။အခုလဲ သူ့ရှေ့မှာ ထိုင်တဲ့ ရစ်ခီက လဲ တစ်ကိုတည်းကိုနေရုံတင်မက ဆိုင်မှာ လာနမ်းပြနေပြန်ပြီ။

သူလဲ ကိုကို တစ်ယောက်လောက်ရှာလိုက်ရင်ရော

ဂွန်းအူရဲ့ အကြည့်တွေက သူ့ရှေ့မှာ ရေခဲမုန့် ကို အရသာခံမစားဘဲ တစ်မြုံမြုံ ဝါးစားနေတဲ့ ကျန်းဟောက်ဆီကို အကြည့်ရောက်သွားတယ်။

နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ။..ကိုကို လို့ ခေါ်ရမယ့်သူကို။

"ကိုကို...ကိုကိုလို့..ကိုကို"

ကျန်းဟောက်က သူ့ကို ခေါ်မှန်း မသိ ဂွန်းအူ တစ်ယောက် ဘယ်သူ့ကို ခေါ်နေတာလဲလို့ကြောင်ကြည့်နေတယ်။

"ကိုကို ကျန်းဟောက်ကို ခေါ်တာ"

"ဟမ်.."

ကျန်းဟောက်က သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ငါလားတဲ့။

"ကိုကိုက ဒီနေ့ကစပြီး ကျွန်တော့်ရည်းစားဘဲ"

အခုမှအသံတိုးတိုးလေးထွက်လာတဲ့ ထယ်ရယ်ဆီက စကားက

"ငါတို့ကို အားကျလို့များလား" တဲ့။

•Mafia Part Time Job•

ရည်းစားလေးတစ်ယောက် နေရင်းထိုင်ရင်း ကောက်ရမိတဲ့ ကျန်းဟောက်က သူများတွေလို့ မပျော်နိုင်။

သူ့ရည်းစားက မာဖီယားသားဖြစ်တဲ့အပြင် ကျောင်းကကလေးတွေကို ပိုက်ဆံလုတောင်းတဲ့သူမျိုး။

ကျန်းဟောက်အဲ့မြင်ကွင်းကို အခုထိ မမေ့နိုင်သေး။

အတန်းလာတဲ့လမ်းမှာ ဂွန်းအူက သူ့ထက်ငယ်တဲ့ အထက်တန်းကလေးတွေကို ခြိမ်းခြောက်နေပြီး လက်တစ်ဖက်မှာလဲ ဓားကို မွှေ့ယမ်း ကစားနေသေးတာ။

အမလေး..ကျန်းဟောက်ကို ဘယ်သူမှမကယ်နိုင်တော့ဘူးလား။

ဟင့်အင်း..ငါ မင်းရဲ့ကိုကို မလုပ်ဘူးလို့ ငြင်းချိန်တောင် မရလိုက်။

ဆရာသမား က 'ကိုကို..ကျွန်တော့်ရည်းစား လုပ်မှာလား ၊မလုပ်ဘူးလားတဲ့'

ရည်းစားစကားပြောနေတာလား ၊ခြိမ်းခြောက်နေတာလားတောင် မသဲဲကွဲဘူး။

ငြင်းလိုက်ရင်လဲ ရုပ်ရှင်ထဲကလို အိမ်ကို အတင်းအဓမ္မ ကြိုးတုတ်ခေါ်သွားပြီး....မဖြစ်ဘူး မဖြစ်ဘူး..ဂွန်းအူက ကျန်းဟောက်ကို စိတ်ကုန်သွားတဲ့ အထိ စောင့်မှ ဖြစ်မယ်။

ကျန်းဟောက်လို လူမျိုးကို ကြာလာရင် ဂွန်းအူက ပျင်းသွားမှာ။ အဲ့အခါကျမှ လမ်းခွဲကြရအောင် ပြောရင် ပျော်ပျော်ကြီး လမ်းခွဲပေးလိုက်မယ်။ အခုတော့ ပြောစကားနားထောင်ကြရအောင် ကျန်းဟောက်ရေ။

တစ်ပတ်ကျော်ကျော် အတွင်း ဂွန်းအူဆီက ဆိုးတဲ့ လူဆိုး လက္ခဏာမတွေ့ရသေး။ ဒါကြောင့်လဲ ကျန်းဟောက်က ပိုသတိထားနေရသေးတယ်။

အခုဆိုရင် ကျန်းဟောက်ကို စီနီယာတွေက ပါ

You are reading the story above: TeenFic.Net

#boyplanet