Part 31 💥

Background color
Font
Font size
Line height

Unicode..

" သျှားးခက်နွယ်"

" ဟော..ခုအော်သံလေးတောင် ခါတိုင်းလို မမာနိုင်တော့ဘူး အဲတာ အားမရှိလို့လေ စားလိုက်ပါ ရော့"

မွှေးကြိုင်နေသော အနံ့တို့ကြောင့် အိမ့် တစ်ယောက်မှာဆက်ပြီး မမူနိုင်တော့ပါ ဗိုက်ကလဲ အရမ်းဆာနေသည်မို့ ပါးစပ်နား ဇွန်းရောက်လာတော့ ခပ်တည်တည်နက်ဘဲ ပါးစပ်ဟပေးလိုက်သည်

ဖြည်းဖြည်းချင်းစီဝါးပြလိုက်ပြီး လျာဖျားနဲ့ ထိတွေ့နေတဲ့ ထိုရသာက နောက်တခါ ထပ်စားပေးပါလို့ အိမ့်စိတ်ကို အထပ်ထပ်အခါခါတောင်းဆိုနေသလို..

သူ့ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးက အိမ့်မျက်နှာပေါ်မှာမရှိ အိမ့်နှုတ်ခမ်းနားကကိုမခွာတာလေ..

အော်..ငါ့ဘဝလဲရင်လေးစရာ..ငါ့အိမ်မှာတောင် ပိုင်စိုးပိုင်နင်းနဲ့ သူလုပ်ချင်သလိုလုပ်ခံရတာ သူ့အိမ်များဆို ..အမလေး 

တလုတ်ဝါးပြီး မြိုချလိုက်တော့ အသဲအသန် ရေသွားခပ်ပေးပြီး ရေခွက်ကို သူ့လက်တစ်ဘက်က အိမ့်ပါးစပ်နားတေ့စေပြီး ကျန်လက်တစ်ဘက်က အိမ့်ပါးစပ်အောက်နားခံထားသေးတယ်လေ

အိမ့်သူ့ကိုပြူးကြည့်နေတော့..

" ဘာကြည့်နေတာလဲ မရဲ့ သောက်လိုက်လေနော် လည်ချောင်းမရှင်းမှာဆိုးလို့ တငုံလောက်သောက်လိုက်နော် ပြီးရင်ဆက်ကျွေးမယ် လိမ္မာတယ်ကို့ ပူတူးပေါက်လေးက အာ..ဂလုဆိုမျိုချလိုက် "

ကျွန်မ သူနဲ့တွေ့တော့မ လူနာရှင်လုံးလုံးကိုဖစ်ကော..မဟုတ်ဘူး ၃နှစ်ကလေးဘဝရောက်သွားတာ..

အိမ့် အတွက်ဒီလိုတေ ဂရုစိုက်ခံရပြန်တော့လဲ ဒီကလေးကို သနားသလိုလို  ရယ်ချင်သလိုလိုနဲ့ သေချာတာက အိမ့်သူကို စိတ်မပြတ်နိုင်သေးတယ်ဆိုတာဘဲ ..ဘယ်လောက်ကြီး မချစ်တော့ပါဘူး မုန်းတယ်ပြောပြော အိမ့်အတွင်းစိတ်ကိုတော့ အိမ့်တစ်ယောက်သာ အသိဆုံး

သေချာတွေးကြည့်ပြန်တော့လဲ သူ့မှာ မိဘမရှိရှာတော့ ဘဝကိုအတော်လေးရုန်းကန်ခဲ့ရရှာမှာ..သူ ဟိုသားအဖကို နာနာကျည်းကျည်းဖစ်နေတာ   မဟုတ်မဖြင့် ဟိန်းထက်ဇော်တို့ သားအဖနဲ့ သူမိဘတေက တခုခုမြန်း ပက်သက်ဆက်နွယ်ခဲ့တာလား သူဘယ်လိုဖစ်လို့ အရမ်းနာကျည်းတဲ့ပုံဖစ်နေရှာတာလဲ...

ကိုယ်ကိုတိုင်နွံထဲ အတင်းထိုးထည့်လိုက်ပါပြီဆိုတဲ့ အချစ်ရတနာခဲလေးတခုကို ...

ပြန်လည်တူးဖော်ချင်နေတာလဲ ကိုယ်ကိုတိုင်ပါဘဲလား 

အိမ့် မသိလိုက်တာတခုက ခွဲခွာချင်းနောက်မှာ မနည်းမနော သံယောဇဉ်ကြိုးတေကပ်တွယ်ငြိ နေခဲ့တယ်ဆိုတာကိုပေါ့...

" မ..မ ကိုပြောနေတာကြားလားလို့ ဘာတေတွေးနေတာလဲမရဲ့"

" ဟန်..အမ် ဘာပြောလိုက်တာလဲ "

" ပါးစပ်ဟ ပေးလို့ နောက်တလုတ်ထပ်ခွံ့မလို့.."

သျှားခက်နွယ်ကို မျက်စောင်းထပ်ထိုးလိုက်ကာ

"  သိပ့်စားချင်နေတယ်ထင်မနေနဲ့ မျက်စီရှေ့မမြင်ရင်ပီးကော စားပေးနေတာ.." 

ဒီစကားကြောင့် သျှားတစ်ယောက် ပြုံးစိစိဖစ်ကာ..

" ဟုတ်လား ကို အခန်းထဲဝင်လာတော့ ဒီနားက ဂွီဂွီ.ဆိုတဲ့အသံလေးများကြားလိုက်သလားလို့..အော်..ဟော့တယ်... ဘာကောင်ပါလိမ့် ကို့မိန်းကလေးအနားလာပြီး ဆူဆူညံညံလုပ်ဝံ့တယ်လို့"

k-dramaထဲက မင်းကြီးလို ခါးကိုတည်တည့်မတ်မတ်ရပ်လိုက်ပြီး  အသံအောအော မာမာထန်ထန်နှင့် ခပ်တည်တည် ပြောချလိုက်တော့... 

" သျှားးခက်နွယ်..."

အိမ့် တစ်ယောက် သျှားလက်ဝါးစောင်းကိုယူကာ အတင်းဖိကိုက်ချလိုက်တော့..

အားးး အားး သ.‌သေပါပြီး အမလေး ကယ်ကြပါအုန်း ဒီမှာ ကြွက်မလေး တစ်ကောက်ကိုက်နေပါတယ်ဗျို့...

အားးလွတ်.လွတ်တော့လေ မရဲ့ ..ဒီလောက်လေးဘဲ အမျက်တော်ရှတော်မူပါသခင်မလေးရယ်..ဒီမှာအရမ်းနာနေပြီ 

ငိုမဲ့မဲ့ရုပ်နဲ့ ကိုက်ရာကို ပြန်ကြည့်လိုက်တော့ သွေးစို့နေပြီလေ...

" မှတ်ပလား စချင်အုန်းလူကို နောက်ခါသွေးထွက်အောင်ကိုက်မှာ ဘာမှတ်နေလဲ.."

အိမ့် လောလောလတ်လတ်ကိုက်ခဲ့တဲ့ သူဒဏ်ရာကို ကြည့်လိုက်တော့..

ဟုတ်ပါရဲ့ သွားရာအကွင်းလိုက်ကြီး ငါတော်တော်လွန်သွားတာလဲ သူအတော်နာနေတော့မှာ..

ဒါတောင် သူကပြုံးကြည့်နေသေးတယ် (ဘာလား ဒီလူတော့ ကျပ်ကောပြည့်သေးလားမသိဘူး)

" ပေး ပြန်ဖြေပေးမယ် ချစ်လို့တော့မထင်နဲ့နော် ဆရာဝန်တစ်ယောက်ရဲ့တာဝန်အရ လုပ်ပေးမှာ"

သူ့လက်ကို အသာဆွဲယူကာ ကိုက်ခဲ့တဲ့ နေရာလေးကို လေလေးနဲ့ ဖွဖွလေး မှုတ်ပေးနေလိုက်သည်

တိတ်ဆိတ်နေတဲ့အခြေအနေကြောင့် မျက်နှာကိုမော့ကြည့်လိုက်တော့

သူက အိမ့်ကိုစိုက်ကြည့်နေတယ်လေ သူ့မျက်ဝန်းတောက်တောက်တေနဲ့ပေါ့...

သျှားလက်ကို အတင်းဆွဲယူမှုတ်ပေးနေတဲ့ သူမလေးကိုကြည့်ရင်း အသဲယားလာသည်

မြတ်နိုးရတဲ့ နှုတ်ခမ်းနှစ်လွှာလေးကြားရှိ လေနွေးနွေးလေးက သျှား၏သာမန်နှလုံးခုန်တာဝန်ကို ထပ်မံတိုးမြင့်စေသည်

ကြောင်တောင်တောင်လေး မော့ကြည်နေတဲ့ သူမလေးက ဖြူစင်တဲ့ယုန်မလေးသဖွယ်..

နှလုံးသားလေးရဲ့ ပူဆာမူကြောင့် သူမမျက်နှာလေးနားကပ်လာမိသည်

အိမ့်ကို စိုက်ကြည့်နေတဲ့ သူက အိမ့်အနားတဖြည်းဖြည်း ကပ်လာတော့ အိမ့်မျက်လုံးက အလိုလိုမှေးစက်ချင်လာသလို

အိပ်ယာစတို့ကို လက်နှစ်ဘက်လုံးက ဆုပ်ကိုင်ထားလိုက်ရင်းး အိမ့်ဆီအရင်းဆုံးရောက်လာတဲ့ အထိအတွေ့တေက သူရှူထုတ်နေတဲ့ လေနွေးနွေးလေးး

ဒေါက်..ဒေါက်

" မမလေး ခင်ဗျ အောက်မှာ ဧည့်သည်ရောက်နေပါပြီ.."

ဘုတ်..

အားယို ့သေပါပြီမရယ် ဖြည်းဖြည်း တွန်းလဲရပါတယ်..

အရင်ကတော့ alcohol အကူအညီကြောင့်ပေမဲ့ အခုတော့ ထင်ထင်ရှားရှားကြီးလေ

အိမ့်မှာ ရှက်လိုက်တာတအား မုန်းပါတယ်လဲပြောသေး အနမ်းခံဖို့လုပ်နေသေးတာလဲ အိမ့်.. ငါ့ကိုတော့ မျက်နှာပြောင်တိုက်တယ် ထင်တော့မှာဘဲ ငါရှင်ချင်တယ် အိမ့်မှူးမောင်မောင်ရယ်..

" သွား သွားတော့လေ ဧည့်သည်ရောက်နေတာကို.."

" မမလေး ခင်ဗျ"

သျှားတစ်ယောက် သက်ပျင်းအရှည်ကြီးချလိုက်ရင်း

" အေးအေး ခနစောင့်လို့ပြောလိုက်"

" လာ ဆက်ခွံ့မယ် "

" ဟမ် ဧည့်သည့်ကစောင့်နေရမယ်လေ သွားလိုက်ပါ ကိုယ့်ဘာသူစားလဲရတယ်"

" ရတယ် ရတယ် ကိုမခွံ့ဘဲထားရင် မက  မစားဘဲနေနေအုန်းမယ် ဒါကုန်တော့မ သွားမယ် /သူတို့က ဘယ်လောက်ကြီးအရေးကြီးတယ်ပြောပြော ကို့ကောင်မလေးလောက်အရေးမကြီးဘူး နောက်ဆုံး အမေရိကန်သမ္မတ ရောက်နေတယ်ဆိုရင်တောင် မကို ခွံ့ပြီးမဆင်းမယ် လာ ဟ"

အိမ့်ရဲ့ ရှက်ပြုံးလေးကိုတော့ သျှားတစ်ယောက်မြင်ဖစ်အောင် မြင်ခဲ့ပါတယ်

" ပုစွန်ကြီးဘဲ မခွံ့နဲ့ ဟိုအရွက်ကြော်လေး နဲပါခွံ့"

အာ..

" ကောင်းလား"

" အွန်းး"

" သေချာဝါးနော် အစားမကြေဖစ်နေမယ်"

မျက်စောင်းထိုးပြလိုက်ပြန်တော့

" အယ် ကို့ကောင်မလေး နဂါးသာဖစ်ရင် ကိုမဟုတ်ဘူး ကို့အိမ်ပါ ပြာကျနေလောက်ပြီး ဒါပေမဲ့ ကိုတော့ အဲလိုဆူပုပ်ပုပ်ရုပ်လေးနဲ့ ထိုးထိုးပြနေတာကိုအရမ်းချစ်တာဘဲ နောက်လဲကျန်တဲ့ ဘဝလေးကိုဒီလိုလေးဖြတ်သန်းရအောင်နော်.."

" ကဲ ထမင်းလဲ ကုန်ပြီဆိုတော့  ကိုသွားတော့မယ်နော် ချစ်တယ် ကို့ဇနီးလောင်းလေး"

အခန်းထဲမှာကျန်ခဲ့တဲ့  ကောင်မလေး တစ်ယောက်ရဲ့ ပါးလေးကတော့ နီမြန်းလို့ကျန်ခဲ့၏

....

" နေကောင်းလား ညီမလေး မျက်နှာလေး အတော်ချောင်ကျသွားသလိုဘဲနော်"

သျှားတစ်ယောက် သွန်းဆက်ဘေးနားကိုကြည့်လိုက်တော့ သူ့အဒေါ်ကို မမြင်တာကြောင့်

 " ကောင်းပါတယ် မသွန်း တီလေးရော အဆင်ပြေရဲ့လား ကြည့်ရတာ အလုပ်ကိစ္စအရမ်းအရေးကြီးတဲ့ပုံဖစ်နေသလိုဘဲ "

" companyမှာ အခုရက်ပိုင်းပြဿနာတေ အမျိုးမျိုးဝင်တယ်လေ..သူခါတိုင်းလို မလုပ်နိုင်တာလဲ ပါမှာပေါ့ပြေလိုက်မပြေလိုက်ပေါ့ သူကတော့ သျှားလေးကို အမြန်ဆုံးပြန်လာစေချင်နေပီလေ အလုပ်တေကလဲ သျှားလေးရှိမ ပိုအဆင်ပြေတာဆိုတော့ သူလဲ ကျန်းမာရေး တဘက်နက်မလား"

" အွန်း ကိုယ်လဲ အမြန်ဆုံးပီးစီးအောင်လုပ်နေတာဘဲလေ စိတ်ချရတဲ့သူတစ်ယောက်လက်ထဲအပ်ပြီးရင် အဲရာထူးကိုလက်ခံလိုက်တော့မယ် သူလဲ အေးအေးဆေးဆေးနားချင်ရှာမှာပေါ့.."

" ဟင်..တကယ်ပြောတာလား သျှားလေး အန်တီသိရင် သိပ့်ဝမ်းသာမှာဘဲ"

သျှား သွန်းဆက်ကို ကြည့်လိုက်ပြီး

" နောက်တခုက အရေးကြီးကိစ္စပြောစရာရှိတယ် "

" ပြောလေ သျှားလေး ဘာကိစ္စလဲ ပြီးတော့ မမနဲ့ အန်တီကိုဘာကိစ္စကြောင့်မလို့ ဒိကိုခေါ်လိုက်တာကို မေးရအုန်းမယ်"

" ကိုယ်မဂ်လာဆောင်တော့မယ် အခြေအနေတစ်ခုကြောင့်မလို့ အမြန်ဆုံးဆောင်ချင်တာ တည့်တည့်ပြောရရင် အကျဉ်းချုန်းဆောင်မလို့ဘဲ ဟိုရောက်တော့မ သာမန်အခြေအနေတခုလို မဂ်လာပွဲကိုကျင်းပမယ်လို့တွေးထားတယ်"

" ဟင်..."

သျှားလေးက ...သူလို့ ကလေးတစ်ယောက်က ဘယ်လိုဖစ်လို့..

" သျှားလေးက ရုတ်တရက်ကြီး ဘယ်လိုဖစ်လို့ ဘယ်သူနဲ့.. မမကိုသေချာရှင်းပြပါအုန်း မမလဲဘာတစ်မ မသိပါလား"

" အင်းး ဒါက ဒီလိုရှိတယ်"

...

အိမ်တစ်ယောက်ထဲ ပျင်းနေတာနဲ့ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ရင်း အခန်းဝနားရောက်တော့ အောက်ထပ်က ရယ်သံများကို အတိုင်းသားကြားနေရသည်..သေချာနားထောင်ကြည့်တော့ သူ့အသံဆိုမ သူ့အသံအစစ်..

ဒီကလေးက ခုလိုပေါ့ပေါ့ပါးပါး အကျယ်ကြီးရယ်တာ တခါမ မကြားဘူးပါဘူး မဟုတ်မ စောန ဧည့်သည်ဆိုတဲ့သူကြောင့်လားး

အိမ့်ခေါင်းထဲအတွေးပေါင်းစုံဝင်လာသလို သူ့တို့ပြောနေတဲ့စကားတေကိုနားထောင်ချင်တဲ့ စိတ်တေလဲတားဆီးလို့မရ

တံခါးဝနားကနေ လက်သည်းကိုက်ကာ ခြေလျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေသူမှာ အိမ့်မှူးမောင်မောင် တစ်ယောက်ရယ်ပါ..

အိမ့်ဆုံးဖြတ်လိုက်သည်က...

ဒေါက်ဒေါက်

အိမ့်တခါးခေါက်လိုက်သောကြောင့် အစောင့်ကောင်လေး တစ်ယောက်က တံခါးဖွင့်ပေးလိုက်ရင်း

" မမလေးအိမ့် ဘာလို့အပ်လို့လဲ ခင်ဗျ ..ကျွန်တော် ဘာကူညီပေးရမလဲ "

" ကော်ဖီ ကော်ဖီသောက်ချင်လို့"

" ဟုတ် ကျွန်တော်တို့သွားဖျော်လိုက်ပါ့မယ် ခဏလေးစောင့်ပေးပါ"

" မဟုတ်..အမ ကိုယ်တိုင်ဖျော်သောက်ချင်တာ"

ထိုကောင်လေးမှ ရုတ်တရက်ဆိုသလိုမျက်နှာပျက်သွားပြီး

" အဲတာတော့ မရဘူးခင်ဗျ ကျွန်တော်တို့ မမလေးက သေချာမှာခဲ့တာ တခုခုဖစ်သွားရင် ကျွန်တော့ဘဝမလွယ်ဘူး"

" စိတ်ချ မောင်လေးတို့ ဘာမ မဖစ်စေရဘူး အမအာမ ခံတယ်  အမကို နောက်က စောင့်ကြည့်နေလို့လဲ ရတယ် ၁၀ပေ လောက်အကွာလောက်က"

ထိုကောင်လေး တစ်ယောက်ကတော့ရှုန့်မဲ့မဲ့နှင့်ခေါင်းငုံလျှက်..

....

" ဟားး ဟားး ဟားး မသွန်းက အဲလိုထင်တာကို.. အင်း မသွန်း ထင်သလိုပါဘဲ"

ဟားးဟားးဟားး

အိမ့်တစ်ယောက် ကော်ဖီသာ လက်က ဖျော်နေရတာ နားကတော့ ထိုစကားဝိုင်းဆီသို့..

တကယ်တဲ ဘာတေများ ဒီလောက်ပြောနေကြလို့ ငါ့ကိုတောင် မမြင်လောက်သည်ထိ မိုးမမြင်လေမမြင် ဖစ်နေတယ်မသိဘူး မျက်နှာကလဲ ကောင်မလေးတစ်ယောက်နဲ့ဆိုတော့ ဖြီးနာဘဲ

ကော်ဖီခွက်ရှာရင်းပင်..

အိမ်မသိမသာနဲ့ ထိုကောင်မလေးကိုကြည့်လိုက်တော့ ချောနေတာမ မှုန်နေရော..အိမ့်ကိုယ်တိုင်တောင် သိမ်ငယ်မိတယ်..

ဘေးနားက ဟာကြီးကလဲ...သွား၃၂မဟုတ်ဘူး ၆၄ချောင်းလောက်ကို ပေါ်နေတော့တာ..

ကြည့်နေရင်းပင် သျှားလက်မောင်းကို ထိုမိန်းကလေးက ရယ်နေရင်းရိုက်လိုက်တာ မြင်တော့...

..

ချလွမ်...

သျှားတို့နှစ်ယောက် စကားပြောနေရင်းပင် dining room ထဲကဖန်ခွက်ကွဲသံကြားလိုက်ကာ ထကြည့်လိုက်တော့

" ဟင်.. မ"

ဖန်ကွဲစတေကို အိမ့်တစ်ယောက် ကောက်သိမ်းနေတာတွေ့တော့ သျှားခက်နွယ်၏ စိုးရိမ်စိတ်တေက ငယ်ထိပ်ရောက်ပီလေ.. ငါ့မှာတော့ ဖူးဖူးမှုတ်ထားလိုက်ရတာ..ခုကောက်နေတာက ဖန်ကွဲစတေ မတော်ဖြင့် ရှကုန်မ

" မ မလုပ်..ဟာ သွေးတေ"

တွေးနေတာတောင် မဆုံးသေး သူမ လက်ဝါးထဲက သွေးစတေကိုမြင်လိုက်တော့..သျှားလေ ဒီနေရာမှာဘဲ အော်ငိုလိုက်ချင်တယ်.

အိမ့်အနားအပြေးလေးသွားလိုက်ရင်းပင် ထွက်နေတဲ့သွေးတေကို သျှားနှုတ်ခမ်းသားများနှင့်ဆုပ်ယူလိုက်သည်

အင်း အိမ့်အကြံအောင်မြင်တယ်ပြောရမယ် 

..

အခုဖတ်နေတဲ့ အထဲမှာ fa တေရှိကြလား

Zawgyi...............................................................................................................

" သျှားးခက်နွယ်"























" သျှားးခက်နွယ်..."



















ဒေါက်..ဒေါက်


ဘုတ်..





" မမလေး ခင်ဗျ"



" လာ ဆက်ခွံ့မယ် "





အာ..

" ကောင်းလား"

" အွန်းး"






....











" ဟင်..."



" အင်းး ဒါက ဒီလိုရှိတယ်"

...






ဒေါက်ဒေါက်










....


ဟားးဟားးဟားး







..

ချလွမ်...


" ဟင်.. မ"


" မ မလုပ်..ဟာ သွေးတေ"




..


You are reading the story above: TeenFic.Net