Part 15

Background color
Font
Font size
Line height

Unicode............

" ဟယ်လို့ သျှားလေး နင်အဆင်သင့်ဖစ်ပီလား"

"အေးအေး လာခေါ်လို့ရပီ.."

နေပြည်တော်သို့သွားရန်ဖစ်သည် အလုပ်ကိစ္စလဲဖစ်နေတဲ့အပြင် ဟိုကအခြေအနေကိုပါသိချင်သောကြောင့်လိုက်ခဲ့ခြင်းဖစ်သော်လည်း မမကိုတော့လုံးဝစိတ်မချနိုင်ပါ.. ကိုယ်မရှိတဲ့အချိန် မမတစ်ယောက်ထဲနေရမှာပါ မတော်တဆ ဟိုကောင်က မမကိုညဘက်လာတွေ့မယ်ဆိုရင်ကော....ဟာ မဖစ်နိုင်တာ မမကအဲလိုလူမျိုးမဟုတ်ဘူးး မဟုတ်တဲ့အတွေးတေမဝင်နဲ့ သျှားခက်နွယ်အလုပ်ကိုသာ အာရုံစိုက်ထား..

တစ်ရက်နှစ်ရက်လောက် နေရမှာဆိုတော့ အဝတ်အစားအနည်းငယ်ထည့်ထားသည် လိုရမယ်ရ တန်ဆာပလာအနည်းအကျဉ်းနှင့် စာရွက်စာတန်းတချို့ထည့်ထားသော အိတ်ကလဲ သျှားဘေးနားတွင်အဆင်သင့်ဖစ်နေပါပြီ...

သျှားဘက်ကထွက်ခွာဖို့ဘဲကျန်တော့မည် သို့သော်...........

ဖစ်နိုင်လျှင် မမကိုဖက်ပီးနှုတ်ဆက်ချင်သည် / ခါတိုင်း ဒီအချိန်လောက်ဆို မမနိုးနေပါပြီ ဒါပေမဲ့ duty offဖစ်သောကြောင့် သူမလေးအိပ်ရေးဝဝ အိပ်ပါစေဆိုပီးထားလိုက်သည်..ကိုယ့်ကြောင့်တော့ အပြည့်အဝအနားယူရမည်အချိန်ကိုအပဲ့မခံနိုင် ..မှာစရာရှိတာတို့ကို note အဝါစာရွက်လေးအပေါ်ရေးပီး မှာခဲ့လိုက်တော့မယ်...

ရေးပြီးတော့ ထိုစာရွက်လေးကို မမအခန်း၏အဝင်ဝတံခါးပေါ်သို့ကပ်လိုက်သည်

ဘယ်လိုမှန်းမသိ ဒီခရီးသွားဖို့ရန်အတွက် သျှားစိတ်တေက လေးလံနေသလို... ချစ်ရတဲ့သူကြောင့်ဆိုပိုမှန်လိမ့်မယ်

ဖြူဖြူရှည်ရှည်ခြေတံသွယ်သွယ်တို့က ရှေ့သို့ဦးတည်နေသော်လည်း ခေါင်းကတော့ အနောက်သို့လှည့်ကာလှည့်ကားကြည့်ရင်းဖြင့်..စိတ်မှာလဲ မမထွက်လာမှာကို လိုချင်မိသည်...သို့သော် သူမငေးမောနေခဲ့သော တံခါးလေးက မလှုပ်မယှက်ငြိမ်သက်နေဆဲ... ထို့နောက် သူမ မသွားချင်သောခရီးတစ်ခုဆီသို့...လက်ကိုင်အိတ်အမဲလေးအား ဆွဲကိုင်လျှက်ထွက်ခွာသွားခဲ့သည်

...........

တလမ်းလုံးငြိမ်သက်နေသော သူငယ်ချင်းဖစ်သူကိုဆုမြတ်မယုံချင်တော့ သူကအနေအထိုင် အေးဆေးတာမှန်ပေမဲ့ဒီလောက်တော့ တိတ်ဆိတ်မနေတတ်ပါ ..နှစ်ယောက်ထဲရှိသည့်အချိန် အလုပ်အားသည့်အချိန်တို့တွင် စီးပွားရေးအကြောင်းအရာတစ်ခုကိုအမြဲတမ်းပြောလေ့ရှိသည် ခုတော့...

" သျှား တလမ်းလုံးမျက်နှာလဲမကောင်းပါလား ဘာဖစ်လို့လဲနေမကောင်းဘူးလား"

"အော် ကောင်းပါတယ်ဒီတိုင်း ဟိုတွေးဒီတွေးပေါ့..." မမကိုစိတ်မချနိုင်လို့ပါ တစ်ယောက်ထဲမထားခဲ့ချင်လို့..

general manager တစ်ဦးလဲဖစ်သလို့ သျှား၏သူလျှိုအဖွဲ့ဝင်ထဲက တစ်ယောက်ဖစ်သည့် ကိုသက်ဦးမှာ driver seatတွင်ထိုင်နေရာမှ နောက်သို့လှည့်ကြည့်လာ၍...

"ညီမလေးတို့ အဆင်ပြေလား ကားမူးလို့လား အပေါ့သွားချင်တယ်ဆိုလဲပြောနော် အားမနာနဲ့..."

"ရပါတယ် အကို..ညီမတို့အဆင်ပြေပါတယ်.."

ဆုမြတ်က ဝင်ပြောလိုက်သည် /သျှားသူငယ်ချင်းဆုမြတ်ဟာ ကိုသက်ဦးကိုကြိတ်ကြိုက်နေသည်ဟုဝန်ခံခဲ့ဘူးသည် ယနေ့အချိန်အထိကြိုက်နေဘူးသည်ဟုလဲထင်မိသည် ဘာလို့ဆိုသူမ မျက်ဝန်းတေက ထိုလူအပေါ်သို့သိပ့်ချစ်နေမှန်းမြင်နေရသည်လေ( ကိုယ့် မမအပေါ်ကိုကြည့်တဲ့ မျက်ဝန်းမျိုးပေါ့)

"ရောက်တော့မှာပါ..."

အဝေးပြေးလမ်းပေါ်က ကားလေးတစ်စီးဟာငြိမ်သက်ရင်း လိုရာခရီးသို့ရောက်အောင်သွားနေသည်..

................

အိမ့် အိပ်ယာနိုးတော့ မနက်စားစားဖို့ပြင်ဆင်ဖို့ရန် လုပ်တော့မည်/ ဒီနေ့မနက်ဟာ သိပ့်ကိုသာယာသည်/ နေရောင်ချည်နုနုလေးများကလဲ ကာရံထားသော အိမ့်လက်ဝါးပြင်ကိုဖြတ်ကျော်ထိုးဖောက်ပြီး ပြင်ဆင်မူမရှိသေးတဲ့ အဖြူထည့်သက်သက် မျက်လုံးလေးများအပေါ်လို့ တိုက်ရိုက်ထိုးကျနေသည်/ သူမလက်ဖြူဖြူလေးပေါ်ကနာရီလေးကိုကြည့်လိုက်တော့ ၆ နာရီ၄၅တဲ့..

ငါဒီနေ့ နာရီဝက်လောက်အိပ်လိုက်မိတာဘဲ...

ကလေး ထနေပြီလားမသိဘူး..(မိုးလင်းတာနဲ့ သူမလေးအကြောင်းတွေးမိသည်မှာ နေ့စဉ်ထုံးတမ်းဆင်လာများထဲက တစ်ခုသက်သက်ဖစ်နေပြီလေ..)

အိမ့်လုပ်စရာရှိသည်တို့ကို လုပ်ပီးမနက်စာစားဖို့ပြင်ဆင်တော့မည် /ပိတ်ရက်ဖစ်သောကြောင့် မနက်စာအဖစ်အုန်းနို့ခေါက်ဆွဲ ချက်လိုက်သည် /ကလေးကြိုက်တဲ့အရာများထဲကတစ်ခုပေါ့..ထိုနောက်စားပွဲပေါ်တွင်လဲ ပန်းကန်နှစ်ချပ်ပြင်ဆင်ထားမိသည်

အော် ငါဆိုတာကလဲ တစ်ယောက်စာအတွက်ဘဲချက်သင့်တာကို...ဟွန်းးဟိုနေ့က သူချက်ပေးလို့အစားပြန်ကျွေးတယ်လို့သဘောထားလိုက်မယ်...

ကလေး အခန်းရှေ့သို့ရောက်ရှိနေပါပီ....ဘဲလ်နှိပ်ဖို့ပြင်လိုက်သော်လည် အိမ့်လက်ချောင်းလေးများက လေထဲမှာတင် ရပ်တန့်လို့သွားပြန်သည် ဘယ်ကနေစခေါ်ရမှန်းမသိ....ခေါ်မည်တွေးတိုင်း ဟိုရက်ကသူပြောသောစကားများကိုကြားယောင်မိပြန်သည်

ခုတော့ သူမအခန်းရှေ့တွင် လက်ဝါးပေါ်လက်ဝါးတစ်ချပ်ထပ်တင်ပွတ်သပ်ရင်း ရှေ့သွားလိုက်နောက်သွားလိုက်နှင့် ခေါက်တုတ်ခေါက်ပြန်လမ်းလျှောက်နေသည်မှာ ၁၀ခါမကတော့.

နောက်ဆုံးတော့အရဲစွန့်ပြီးး

တီးတောင်....တီးတောင်...

ဟင် ကလေးမရှိဘူးထင်တယ် ဘယ်သွားပါလိမ့်..

သုံးလေးခါလောက်နှိပ့်လိုက်သော်လည်းထွက်မလာသောကြောင့်ကလေးမရှိဘူးဆိုတာသိလိုက်သည် တခုခုဖစ်နေမလားဆိုသည့်စိတ်နှင့်လဲ သူမအခန်းထဲဝင်ကြည့်လိုက်ပြန်သော်လည်းမတွေ့.....

အပြင်သွားတာသေချာတယ်...companyကိုများလား ..ဟာဒီနေ့ပိတ်ရက်ဘဲ ဒီကလေးဘယ်တေသွားနေပါလိမ့်

အတွေးတချို့နှင့် အိမ့်အခန်းထဲဝင်မည်လုပ်တော့ တံခါးရွက်ပေါ်တွင် စာရွက်ဝါဝါလေးက အဆင်သင့်စီးကြိုနေလျှက်...

" မမကိုယ် နေပြည်တော်လို့အလုပ်ကိစ္စနဲ့ ဒီနေ့သွားရမှာ ကျန်းမာရေးဂရုစိုက်နော် ပီးတော့တတ်နိုင်သမျှတော့ အိမ်ကိုစောစောပြန်စေချင်တယ် မမတစ်ယောက်ထဲရှိနေတာကိုယ်တော့တကယ်စိတ်မချဘူး သတိနဲ့နေနော်... ဟိုရက်တေက မမကိုပြောခွင့်မကျုံလို့မပြောရတာစိတ်မဆိုးပါနဲ့ ...ကိုယ်သွားတော့မယ်"

အိမ့်ရင်ထဲ တွင်တော့ဝမ်းနည်းသလိုလိုလွတ်ဟာသွားသလိုခံစားချက်များနှင့်ပြည့်နှက်လျှက်..

ကလေးက အိမ့်အပေါ်လိုလေစိတ်မရှိအောင် တကယ်ဂရုစိုက်ပါသည်/ ပြောပြရင်တော့ကုန်နိုင်မည်မဟုတ်..ထို မေတ္တာတရားတေကိုတော့ တဘက်လူဆီမရောက်စေချင်ပါ အိမ့်လုပ်ရပ်တေဟာကလေးဆန်ပါတယ်ပြောပြော ရူးသွတ်ပါတယ်ပြောပြော ထိုလုပ်ရပ်တေရဲ့ရလဒ်ကိုတော့ကျေကျေနပ်နပ်ကြီးခံယူဝံ့ပါတယ် ..အရေးကြီးတာက ကလေးတခြားသူဆီပါမသွားစေဖို့ဘဲ ...

ထိုနေ့ကပေါ့...

ရေချိုးခေါင်းလျှော်ပီးလို့ဆံပင်သုတ်နေချိန် phလာသောကြောင့်ကြည့်လိုက်သော် ဟိန်းထက်ဇော်ဖစ်နေ၍စိတ်ညစ်သွားသည် မျှော်နေသည်ကတခြား ရောက်ရှိလာသူကတခြား

"အင်း ဟိန်းထက်ဇော်ပြောလေ..."

"နင်ကလဲဟာ သူစိမ်းဆန်လိုက်တာ.. ဇော်လို့ခေါ်ပါဆို..."

အဲတာတေစိတ်ပျက်တာ လူကိုပိုင်ဆိုးပိုင်နင်းနဲ့...

"နင်နဲ့ငါနဲ့ ဘာပက်သက်သေးလို့ ခုလိုနေထွက်ရတာလဲ.."

"အာ ဆောတီးပါနော်..ငါနည်းနည်းလွန်သွားတယ်"

" ရတယ် လိုရင်းကိုပြောလေ ဘာကိစ္စလဲ."

"ဒီနေ့ငါ့မွေးနေ့လေ အဲတာနင့်ကိုခေါ်မလို့..နင်လိုက်ခဲ့လို့ရမလားဟင်.."

တီ.တီ.တီ.

passwardနှိပ့်နေသံကြားသောကြောင့် ကလေးဝင်လာနေတာဆိုတာ တန်းသိလိုက်သည်

ထိုကြောင့် စကားပြောင်းကာ ဟိန်းထက်ဇော်နှင့် အိမ့် ဘာလိုလိုညာလိုလိုပုံစံနှင့်ပြောခဲ့သည်

ကိုယ့်ဘက်ကလွန်သွားပီဆိုသည့်စိတ်နှင့် ကိုယ့်အပေါ်သူပြောခဲ့သော စကားလုံးတေကြောင့် အိမ့်သိက္ခာကိုထိပါး၍ဖစ်ပေါ်လာသော မာန တရားတို့ကလွန်ဆွဲနေသည် ..သူမလေးထွက်သွားသော်လည်း အိမ့်ခြေလှမ်းတို့က ရပ်တန့်ရင်းငေးမောနေခဲ့သည်

အဟက်..အိမ့်ဟာ သိပ့်ကလေးဆန်သွားသလား ဒီတခါတော့သူမလေးပြန်လာလျှင် ကိုယ့်ဘက်ကိုမပါပါအောင်သိမ်းသွင်းရမယ်...

.............

" ဟာ မာမီရာ မလုပ်ချင်ပါဘူးဆိုဇွတ်ခိုင်းနေတော့တာဘဲ ပိုးကခုမငယ်ငယ်လေးဘဲရှိသေးတာကို...ပိုးလွတ်လပ်ခွင့်ကို မပိတ်နဲ့.."

မာမီရဲ့ ဪဇာသီးများကို စတင်စားသောက်ရပါတော့မည်...

"ပိုးပိုး နင်ကလူကြီးတေစကားကိုအာခံချင်တာလား နင်ဆိုးခဲ့သမျှလဲငါတို့လိုက်ဖြေရှင်းပြီးပြီ သမီးလေးတစ်ယောက်ရှိလို့ အလိုလိုက်မိပါတယ်..ကျောင်းမှာဆိုလဲကျောင်မှာမလို့ထားလိုက်တဲ့ရည်းစာတေ ကားဆိုလဲတစ်နှစ်မကြာဘူးဟိုနေရာတိုက်ပြန်ပီဒီနေရာတိုက်ပြန်ပီနဲ့ ရဲစခန်းကိုလိုက်ရတဲ့အခေါက်ပေါင်းလဲမနည်းတော့ဘူး၊ မိန်းကလေးဖစ်ပီး ဘီယာသောက်အရက်သောက် ကလပ်တက်နဲ့...နင့်လောက်ဆိုးတဲ့သူဒီကမ္ဘာပေါ်မှာရှာလို့တောင် မရဘူး တခါတလေငါ့သမီးဟုတ်ရဲ့လားတောင် သံသယဝင်မိတယ်"

" မာမီ သမီးမဟုတ်ပါဘူး ဒေါ်ခင်လေးသူရဲ့သမီးပါ....."

"ငါ...တယ်လုပ်လိုက်ရ..." မာမီလက်တွင် တံမျက်စည်းရိုးကိုင်ထားသည် ပိုးကိုရိုက်ဖို့လေ

" မိန်းမရာ သမီးမလုပ်ချင်တာကိုဇွတ်မခိုင်းပါနဲ့ သမီးကငယ်သေးတယ်လေ"

"ဒယ်ဒီ...." ဒယ်ဒီအခန်းထဲမှ ထွက်လာတော့ မာမီရန်ကို ကာကွယ်ရန်အလို့ငှာ ရှိသမျှဆိုဖာတေအပေါ်က ခုန်ပျံကျော်လွှားပြီးဒယ်ဒီ့ကိုယ်လုံးနောက်တွင် ပုန်းလိုက်သည်..တကယ်ပါ ပိုးက ဒယ်ဒီကိုအချစ်ဆုံးး

"အေးရှင်လဲ ကြပ်ကြပ်အလိုလိုက် ရှင်ဖျက်လို့ရှင့်သမီးက ပျက်စီးနေတာ ရှင်ရှေ့က ကာစီးကာစီးလုပ်နေလို့ကို ဒီဟာမ အကန်းတက်နေတာ...ရည်းစားကလဲထားလိုက်သေး လူကြည့်တော့ ကလေးလိုလိုခွေးလိုလိုနဲ့.."

"ဒယ်ဒီ မာမီပိုးပိုးကိုဆူနေတယ်..ရည်းစားထားတယ်ဆိုတာအရင်တုန်းကလေ ပြတ်တာကြာပီလေ ကြားထဲက သွေးထိုးနေတဲ့ အဒေါ်ကြီးတေစကားကိုမာမီကယုံတယ်" ဒယ်ဒီကိုမျက်နှာငယ်လေးနှင်လုပ်ပြလိုက်တော့..

"ဟုတ်သားဘဲ မိန်းမရာ သမီးက ကလေးဘဲရှိသေးတာပါ ဒို့မိသားစုကိုမနာလိုလို့ပြောကြတာပါကွာ..သွားသွား ပိုးလေးအခန်းထဲဝင်တော့.."

"ဟုတ်ဒယ်ဒီ.."

မွစ်...

မာမီဘက်လှည့်ကြည့်ကာ လျာထုတ်ပြလိုက်တော့ မာမီတစ်ယောက်ဒေါသထွက်ကျန်ခဲ့သည်မှာ ပိုးသိသည်

ကျွန်မ နာမည်က ပိုးဒါလီပါ ဒယ်ဒီတို့မာမီတို့ကတော့ ပိုးပိုးလို့ခေါ်ကြတယ် အသက်ကတော့၁၈နှစ် third years ကျောင်းသူဆိုပါတော့..ကောင်လေးတေကြားမှာ နာမည်ကြီးတဲ့သူဆိုလဲမမှားပါဘူး ဘာလို့ဆိုပိုးကရည်းစားလဲရှုပ်တယ်လေ...ကောင်လေးတစ်ယောက်ကို တပတ်တွဲတဲ့သူပါ..ပီးရင်ပိုးဘက်က အရင်စဖြတ်တာဘဲ

ယောကျာ်းတေအသဲခွဲရတာ သိပ့်ပျော်စရာကောင်းတယ် အထိအတွေ့လိုချင်တဲ့ ထိုယောကျာ်းတေဟာ ပိုးကိုခပ်လွယ်လွယ်မိန်းမလို့ထင်ရင် သိပ့်မှားသွားမှာပေါ့...ယုံမလားတော့မသိဘူး တွဲလာသမျှရည်းစားတိုင်းကို ပိုးဘက်က ဘယ်တော့မ စတင်မနမ်းရှိုက်ပါ ဘယ်လိုပြောရမလဲ feelမလာဘူးဆိုပါတော့...သူတို့ဘက်က စနမ်းတာနဲ့ ပိုးကတခါတဲတန်းဖြတ်လိုက်တာပါ ..ဒါဟာ ပိုးရဲ့ဝါသနာလေ..

.........................

At the meeting...

"ဒါက ကျွန်တော်တို့ productရဲ့ 2021 ခုနှစ် julyလ တစ်လအတွင်း သတ်မှတ်ထားသော ဝယ်ယူသူဦးရည်က 75%ပါ "

နေပြည်တော်ရုံးခွဲတွင် ခန့်အပ်ထားသော မန်နေဂျာဖစ်သူမှ excel စာရင်းတွင်ရှင်းပြနေချင်းဖစ်သည်

time skip...

" သျှား ပေးတဲ့အကြံက မဆိုးဘူးဟ အသုံးဝင်တယ် မသိရင်နင်က MDကြီးကျရောပြောချလိုက်တာ အကုန်ကွက်တိငါ့မှာcalculatorဖွင်နေရုံရှိသေး နင်ကအသားလွတ်ကြီးပြောချသွားတာ assistant အဖစ်လာတာက နင်လားငါလားမသဲကွဲဘူး"

သျှားဆုမြတ်အား ပြုံးပြလိုက်ပီး

"နင့်လောက်တော့ ဘယ်တော်မလဲဟယ်..ငါကနင့်ပါမွှားအဆင့်လောက်ပါဘဲ.."

"အမလေး ငါ့ထက်သာတော်ရင်တော့... ပြောကိုမပြောဘူးနော်..ဟွန်းး"

"ကဲပါ လေတေပေါမနေနဲ့ ဂိုထောင်ဘက်သွားစစ်ရဦးမှာ..."

"ဟုတ်ကဲ့ပါ..ဆရာမကြီးရယ်..."

ဆုမြတ်၊ သျှားနှင့်ကိုသက်ဦးတို့ သုံးယောက်လုံး ဂိုထောင်ဘက်သို့သွားခဲ့ကြသည်

ကြားဖြတ်စားထားသည့် ကိစ္စကြောင့် သွားမစစ်လို့လဲမဖစ် ဒီအပိုင်းကိုဆုမြတ်တာဝန်ယူထားသောကြောင့် သူမကို ဂယက်ရိုက်လာမည်ကိုမလိုလားပါ..meetingတုန်းကလဲ အမှားတစ်ခုကို သျှားထောက်ပြလိုက်သောကြောင့်ခံသာသွားသည် ထိုလူဒီလိုမျိုးလုပ်နေသည်မှာ ဘယ်လောက်ကြနေသည်မသိ..

" သျှား နက်ဖြန်ငါတို့လျှောက်လည်မှာမလို့ နင်ပါလိုက်ခဲ့နော်.."

"နက်ဖြန် မမမွေးနေ့လေ ငါပြန်မဖစ်မယ် ကိတ်လေးလုပ်ပေးချင်လို့.."

"အော် အေးအေး နင့်မလဲနော်..ပိုကိုပိုလွန်းတယ်"

"ချစ်တာကိုဟ.."

"အမလေးအေ သူငယ်ချင်းကိုတော့ပလစ်ထားခဲ့ရက်တယ်နော် ညည်းး"

" ကိုသက်ဦးကစိတ်ချရပါတယ် နင်လဲအတွက်လဲအဆင်ပြေတယ်လေ"

"အောင်မယ်..ကောင်မ.."

ဟားး

မမမွေးနေ့ တွင်သျှားကိုယ်တိုင်ဖုတ်ပေးတဲ့cakeလေးနှင့် သျှားကိုယ်တိုင် design ဆွဲပေးထားသည့် ဟန်းချိန်းလေးအား လုပ်ပေးရန်ဖစ်သည် /ဟန်းချိန်းကတော့ ဟိုရက်ကမှလုပ်ထားတာဆိုတော့ကိတ်ဘဲကျန်တော့မယ်...သျှားက ကိတ်မဖုတ်တတ်သောကြောင့် ရုံးဆင်းပီးတာနဲ့သင်တန်းတန်းတက်ရသည် ခုတော့လုပ်တတ်နေပါပီ..ဆိုင်မှာဝင်လုပ်ရုံဘဲရှိတောတယ်..

..............

"ဟယ်လို ကားအဆင်သင့်ဖစ်နေပီလား"

"ဟုတ်ကဲ့ပါ မမလေး"

"ဒီမှာပါ...ခင်ဗျ.."

"အရှေ့လမ်းကျော်တွင် လူတစ်ယောက်လက်လှန်းပြနေသောကြောင့် ရောက်နေပီဆိုတာသိလိုက်သည်"

သျှားတပည့်တချို့ကို ကားလှမ်းပို့ရန်မှာလိုက်သည်မှာလွန်ခဲ့တဲ့ရက်ကပင်.. busကိုမစီးတတ်သောကြောင့် သျှားကိုယ်တိုင် မောင်းပြန်မည့်ကားကို မှာထားခြင်းဖစ်သည် အမြန်ပြန်မဖစ်မည် နမို့နောက်ကျသွားနိုင်သည်

"ဒီမှာသော့ပါ မမလေး"

"အော်အေး"

ဂျောက်...

ကားမောင်းနေရင်းပင် မမအကြောင်းတွေးမိတာနဲ့တင် ကြည်နူးမိသည် လက်ထဲကဟန်းချိန်းလေးကိုလဲ ခနခနထုတ်ကြည့်မိသည် ခုမအပြန်ခရီဟာနှေးနေသလိုပါဘဲ..

သျှားမောင်းနေရင်း ကားရှေ့လူတစ်ယောက်ဖြတ်လာသောကြောင့် မနည်းဘရိတ်အုပ်လိုက်ရသည်

ကျွီ...အားးး

ဒုက္ခဘဲတိုက်မိသွားပီလား မသိဘူး

သျှားအလျင်အမြန်ဘဲ ကားပေါ်ဆင်းကြည့်လိုက်တော့...

အားးကယ်ကြပါအုန်းရှင် အားး

"ဒီမှာ.."

ကျွန်မ သေပီလား မသိဘူး အားးး

"ဟေ့ ဟေ့ ဒီမှာမိန်းမလေး"

ပိုးလက်မောင်းကိုလှုပ်ကိုင်ခံရသောကြောင့်..

ဟင် ငါငါ မသေပါလားး တော်သေးတယ်မသေလို့ သေပီထင်မိတာ အမလေးဒယ်ဒီရေတော်ပါသေးရဲ့...

သို့သော် ပိုးကိုတိုက်မည့်သူကိုရဲစခန်းကိုတိုင်မှဖစ်မယ် ပိုးဒါလီတဲ့ တလီတဲရှိတယ်...

"ဒီမှာရှင် ကားကို...."

ပိုးဒါလီတို့ စွန့်အ သွားမိသွားသည် ချောလိုက်တာ...

တရုတ်ရက် သူကိုကြည့်နေရင်းပင် ပိုးရင်တေခုန်လာသလိုဘဲ သူ့ကိုယ်သင်းရနံ့လေးကလဲမွှေးလိုက်တာ...ဟာ သူကမိန်းမကြီးလေ..

"မင်းတော့ သေတော့မလို့ဘဲ လမ်းဖြတ်လဲရှေ့ကြည့်နောက်ကြည့်ပီးဖြတ်လေ..ဟေ့ငါပြောနေတာကြားလား"

"ရှ-ရှင် အာဟုတ်"

ဘယ်လိုအူတူတူမှန်းမသိဘူး

" မင်းဘာမဖစ်ဘူးမလား ငါသွားတော့မယ်"

ဒီမိန်းကလေးကိုပိုးမြင်ဘူးသလိုဘဲ ဘယ်မှာမြင်ဘူးတာပါလိမ့်..အာသိပီ

သျှားထွက်သွားတော့မည်အပြု..

"ရှင်ရှင်..ကလောကတစ်ယောက်မလား ပိုးကိုကယ်ခဲ့တဲ့တစ်ယောက်မလား"

"မင်းက.."

"ပိုးကိုလူဆိုးတေလက်ထဲက ကယ်ခဲ့တာလေ မှတ်မိလားဟင်..."

သျှား ဦးနှောက်ကိုအလျင်အမြန်အလုပ်လုပ်ပီး

"အော် ဟိုကောင်မလေးကို..."
"ဟီးး ဟုတ် အဲတုန်းကလဲထွက်ပြေးခဲ့မိလို့တောင်းပန်ပါတယ် ပိုးအရမ်းကြောက်လို့ပါ"

"ရပါတယ်..မင်းထနိုင်လား"

ပိုးခန္ဓာကိုယ်ကိုပြန်လည်ဆန်းစစ်ကြည့်တော့ ဘာမတော့မဖစ် ..သို့သော်သူနဲ့ နေချင်မိသောကြောင့်..

"ဟို ခြေထောက်ခေါက်သွားတယ်ထင်တယ်.."

အ့

ခြေခေါက်ချင်ယောင်ဟန်ဆောင်ပြလိုက်သည်

"မင်းဆေးခန်းသွားမလား "

"ရပါတယ် ဟိုပိုးအိမ်ကိုလိုက်ပို့ပေးလို့ရမလား အားနာလိုက်တာ.."

"ရပါတယ်"

ပြောပြောဆိုဆိုနှင့် ပိုးခန္ဓာကိုယ်လေးလေထဲရောက်သွားသည် သူကချီလိုက်တာကို.. secနှင့်အမျှစူးစိုက်ကြည့်နေမိသည်..ရင်တေခုန်လိုက်တာ..

ကားမောင်းနေတာကလဲချောလိုက်တာ...

"မင်းအိမ်ဘယ်နားလဲ "

"ဟို အရှေ့ဆိုရောက်ပီ.."

အိမ်ရောက်တော့...

"မာမီရေ ဒယ်ဒီ..."

ပိုးအသံကြားသောကြောင့် ဒယ်ဒီကအလောတကြီးထွက်လာသည်

"ဒယ်ဒီ ဒီမှာကြည့်လိုက်အုန်း"

ဒယ်ဒီတစ်ယောက်မျက်လုံးပြူးသွားသည်

"ဟင် ဒါ-ဒါ...future companyရဲ့ ဒုဥက္ကဋ္ဌကြီးပါလား..."

"အန်..ဒယ်ဒီဘာတေပြောနေတာလဲ..ဒါသမီးအသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်လေ ဒယ်ဒီ့ကိုတခါပြောဘူးတယ်လေ ကလောတုန်းကလေ"

"အော် သိပီ အိမ်ထဲဝင်ပါအုန်းခင်ဗျ..."

သူတို့ပြောနေတာကို ခေါင်းထဲမဝင်နိုင်တော့အရေးကြီးတာက ပြန်မဖစ်မည်..

"ရတယ် ကျွန်မအရေးတကြီးသွားစရာရှိသေးလို့..သွားလိုက်ပါအုန်းမယ်.."

"ဟုတ်ကဲ့ပါ ခင်ဗျ.."

ဝူးးကားလေးတစ်စီး ပိုးတို့ခြံထဲမှအမြန်မောင်းထွက်သွားသည်

"ဟာ ဒယ်ဒီရာ ဘာလို့မတားလိုက်တာလဲ..ခက်တာဘဲ ဘာအဆက်မသွယ်မ မရတော့ဘူးထင်တယ်"

" သမီးကို ဒယ်ဒီ အကုန်ပြောပြမယ် လာအထဲ..."

............................

သျှား မမဆီသို့တန်းမဝင်ဘဲ ကိတ်လေးအားအမြန်လုပ်လိုက်သည် အချိန်ကြည့်တော့ရလောက်မှာပါ..

ခရီးပန်းလာတာကို ဂရုမထားနိင်တော့အရေးကြီးတာက အမြန်ပီးမဖစ်မယ်..

အကုန်အဆင်သင့်ဖစ်တော့ အိမ်သို့တိတ်တိတ်လေးပြန်လာခဲ့သည် ..သို့သော် မမကတော့ရှိမနေခဲ့.

..အချိန်ကား ည၇နာရီ..

phဆက်ပြန်တော့လဲ စက်ပိတ်ထားတယ်တဲ့ ..မမရာဘယ်တေသွားနေတာလဲစိတ်ပူနေပြီ..

၉နာရီတောင်ထိုးနေပြီခုထိပြန်မလာသေး

ကိတ်မုန့်လေး ဖက်ကာ မမအခန်းရှေ့မှာဘဲထိုင်ဆောင့်နေမိသည်/ခြင်တေကလဲ ကိုက်လိုက်တာ..

ကားအနီလေးတစ်စီး ဝင်လာခဲ့သည် မမကားမဟုတ်သောကြောင့် မမ မဟုတ်တာသိပါသည် ဒါပေမဲ့ထိုကားဟာ ဟိန်းထက်ဇော်ကားနှင့်သိပ့်တူနေသည်/ မဟုတ်ပါစေနဲ့လို့အကြိမ်ကြိမ်ဆုတောင်းပေမဲ့ ဆန္ဒတို့မပြည့်ဝနိုင်...

ကားပေါ်က ဆင်းပြီးပြီးချင်း ကိုယ်သိပ့်ချစ်သော မိန်းမကို သူစိမ်းယောကျာ်သားတစ်ဦးက ဖက်လိုက်သည်...

ဘုတ်...

ကိတ်မုန့်လေးကတော့ အောက်သို့ လွတ်ချခံလိုက်ရသည်...

သျှားသိပ့်မုန်းသော မျက်ရည်များကလဲ ဒလဟော...

ဖော်ပြလို မရတော့သည့် နာကျင်မူ...ခေါင်းစဉ်တပ်မရတော့သည့် နာကျင်မူ ...အသဲနှလုံးများကို ဓားနှင့်မွှန်းနေသော ထိုခံစားချက်များးးခုတော့ပင်ပန်းရကျိုးနပ်သွားပါလားး

မမဟာ ညအချိန်မတော် ပြန်လာတာ ထိုယောကျာ်းကြောင့်လားး

"အဟက် မမက ကိုယ့်ကိုသိပ့်လျော့တွက်ထားတာကို..."

ထိုနောက်ခြေလှန်းတို့က barတစ်ခုဆီသို့...

နောက်တစ်ပိုင်း စောင်ကိုက်လို့ရပီနော်...

Zawgyi.............................................................................................


"အေးအေး လာခေါ်လို့ရပီ.."








...........








"ရောက်တော့မှာပါ..."


................









တီးတောင်....တီးတောင်...








ထိုနေ့ကပေါ့...






"အာ

You are reading the story above: TeenFic.Net