7

Background color
Font
Font size
Line height

Unicode ver

TaeHyun အိမ်က ထွက်လာပြီး​နောက် ဦးတည်ရာက Frost bar ဆီ

ခပ်မှိန်မှိန် မီးရောင်​စုံအောက်မှာ ငြိမ့်​​ညောင်း​​ညောင်းသီချင်းသံက ပျံ့လွင့်​နေသည်
ယမကာ အနံ့ပြင်းပြင်းက လူကို ရစ်မူးသွား​စေ​ပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ငြိမ်​ဖွယ်ရာ

Waiter တစ်​ယောက်က ကျွန်​တော့်ကို​တွေ့​တော့ ပြုံးကာ နှုတ်ဆက်သည်

"သူ​​ဌေးကို ​ခေါ်​ပေးမယ်​နော်"

ကျွန်​တော့်အ​ဖြေကို​တောင် မ​စောင့်​တော့ဘဲ ​​Waiter ​လေးက အ​ပေါ်ထပ်ကို ​ပြေးသွားသည်
ခဏကြာ​တော့​Waiter လေးနဲ့အတူ ​ကောင်​လေးတစ်​ယောက်လိုက်ဆင်းလာသည်

​ကောင်​လေးက ကျွန်​တော့်ကို​တွေ့​​တော့ နှာ​ခေါင်းရှုံ့ရင်း ကျွန်​တော့်​ဘေးခုံမှာ ဝင်ထိုင်တယ်

"နှုတ်ခမ်း​မွေး​လေး ဘာ​လေးရိတ်ဦး မနက်ဖြန် Soobinnie မင်္ဂလာ​ဆောင်ကို.. ဒါ ဘာပုံစံလဲ?"

​ကောင်​လေးက Bartender ကို လက် ၂ ​ချောင်း​ထောင်ပြလိုက်သည်နှင့် အထာနားလည်​​နေပြီဖြစ်တဲ့ Bartender က ကျွန်​တော်တို့ ​သောက်​နေကျ အရက် နှစ်ခွက်ကို ချ​ပေးသည်

"အဆင်​ပြေရဲ့လား? ​မေးတာ​​မေးရတာ ​ပြေမယ့်ပုံလည်း မ​ပေါ်ပါဘူး"

သူက ကျွန်​​တော့်ပုခုံးတစ်ဖက်ကိုလှမ်းဖက်ပြီး နှစ်သိမ့်သည်

"စိတ်ဓါတ်မကျနဲ့ ဒီ Choi BeomGyu ရဲ့ မျက်နှာလှလှ​လေးကို ကြည့်ပြီး အားတင်းလိုက်"

ကျွန်​တော် ရယ်မိ​တော့ BeomGyu က ပြုံးသည်

"ဘယ်လိုလဲ ​တော်​တော်မှ နာကျင်​နေရဲ့လား?"

"အင်း အရမ်းနာတယ် ငါ​တွေးထားတာထက် အများကြီး နာတာ"

အရက်ခါးခါးတစ်ငုံ လည်​ချောင်းထဲကို ပူခနဲဝင်သွားခါမှ ရင်ဘတ်ထဲက နာကျင်မှု​တွေက ပို​အောင့်လာသလို

"နှုတ်ခမ်းက ဒဏ်ရာက​ရော ဘာဖြစ်တာလဲ?"

"Huening လက်ချက်​ပေါ့"

BeomGyu က တဟားဟား​အော်ရယ်ကာ ကျွန်​တော့်ပုခုံးကို လက်သီးနဲ့ ခပ်ဖွဖွထိုးသည်

"က​လေး ထိုးတာခံလာရတယ်​ပေါ့?"

"ဘယ်ကသာ က​လေး? အရပ်ကြီးဆိုတာလည်း မိုးထိုး​နေပြီ"

"ဟားဟား Soobin ရဲ့ ညီပဲကို"

ကျွန်​တော်တို့ စကားဝိုင်းဟာ တစ်ဖန်ပြန်တိတ်ဆိတ်သည်

"SooBin မ​နေ့တစ်​နေ့က ဒီကိုလာ​သေးတယ်"

ကျွန်​တော် နှုတ်ဆိတ်စွာနား​ထောင်​တော့ BeomGyu က ဆက်​ပြောသည်

"တစ်ညလုံး ​သောက်ပြီး ငို​နေတာ..
အဲ့က​လေး ​သောက်လည်း​သောက်နိုင်တာ မဟုတ်ဘဲနဲ့"

"အိမ်​ကောင်း​ကောင်းပြန်​ရောက်ရဲ့လား?"

"အင်း ငါလိုက်ပို့​ပေးလိုက်တယ်"

ကျွန်​တော် နာနာကျင်​ကျင်ပြုံးဖြစ်​သည်

"ဒါနဲ့ ငါ​မေးဦးမယ် ဂျယ်ဂျူဒိုမှာ က​လေးကို ဘာလို့တစ်​ယောက်တည်းထားခဲ့တာလဲ? မင်းက က​လေးကို အဲ့လို ပစ်စလက်ခ ထားခဲ့မယ့်လူမျိုးမဟုတ်ပါဘူး"

YeonJun က နာကျည်းစွာ ထရယ်ရင်း အသံနိမ့်နိမ့်နဲ့ ​ပြောသည်

"SooBin အ​မေ​ပေါ့"

BeomGyu က မျက်​မှောင်ကြုတ်ရင်း ​တောက် တစ်ချက်ကို ကျယ်​လောင်စွာ​ခေါက်သည်

"အဲ့မိန်းမက ဘာဖြစ်ချင်​နေပြန်တာတဲ့လဲ?"

YeonJun က ​လက်ထဲက အရက်ခွက်ကို ​ဆော့ကစားလိုက်သည်

"​က​လေးငယ်နဲ့ နောက်ဆုံးရက်မှာ သူဟိုတယ်ကို​ရောက်လာတယ်"

"မင်းတို့ရှိတဲ့​နေရာကို ဘယ်လိုသိတာလဲ သူက?"

"က​လေးငယ် ဖုန်းမှာ ​ခြေရာခံစက် တပ်ထားတယ်တဲ့"

"အဲ့ အဘွားကြီးက ​တော်​တော်ဆိုးတာပဲ ..အဲ့ဒီ​တော့ ဘယ်လိုဆက်ဖြစ်လဲ"

*Flaskback*

တဒီဒီ တုန်လာတဲ့ ဖုန်းမှာ ရင်ခွင်ထဲက က​လေးငယ် နိုးသွားမလား စိုးရိမ်တကြီးကြည့်လိုက်မိ​ပေမယ့် အဖြူ​ရောင် က​လေးငယ်က​တော့ အိပ်​မောကျလို့​နေသည်

က​လေးငယ်ကို အသာ​လေးနံ​​ဘေးပို့လိုက်ပြီး ​ရေချိုးခန်းထဲဝင်ကာ ဖုန်းကို စစ်ကြည့်​တော့ unknown number တစ်ခုက message တစ်​စောင်

*ငါ ​SooBin အ​မေ .. lobby မှာ​စောင့်​နေတယ် တစ်​ယောက်တည်း ဆင်းလာခဲ့*

​လေးပင်စွာ သက်ပြင်းတစ်ချက်ချလိုက်မိသည် ထို့​နောက် မျက်နှာ မြန်မြန်သစ်ကာ အဝတ်ဝတ်ပြီး ဆင်းလာဖြစ်သည်
Lobby မှာ ​ကျော့​ကျော့​မော့​မော့ ထိုင်​နေတဲ့ သူမဟာ ကျွန်​တော့်ကို​တွေ့​တော့ လက်လှမ်းပြသည်

ကျွန်​တော် ​ခေါင်းတစ်ချက် ငုံ့ပြလိုက်ကာ သူမ​ရှေ့က ခုံမှာ ဝင်ထိုင်ဖြစ်သည်

"Choi SooBin ​မပါလာဘူးမလား?"

"SooBin က အိပ်​နေ​သေးတယ် သူ​ဌေးက​တော်"

"​မင်းကို ငါသတိ​ပေးထားပြီးသားမဟုတ်လား ငါ့သားနဲ့ မပတ်သတ်ပါနဲ့​တော့လို့ .. လွန်ခဲ့တဲ့ တစ်နှစ်တုန်းကလည်း ​ပြောပြီးပြီထင်တယ်"

YeonJun အံကြိတ်ကာ လက်သီးဆုပ်မိသည်

"ဒီလို ပတ်သတ်​နေတာကို ​လောကကြီးက သိသွားရင် ဘယ်လိုလုပ်မလဲလို့​​ပြောပြီးသားမလား ငါတို့ မိသားစု ရဲ့ image ကျတယ်မလား?"

"ဟုတ် ​နောက်မ​တွေ့​တော့ပါဘူး"

"Choi soobin လည်း Choi soobin ပဲ ရာရာစစ ​ယောကျာ်းချင်းလည်း ကြိုက်​သေးတယ် ပြီး​တော့လည်း ကိုယ့်အကိုတဲ့ .. ရွံစရာ ​ကောင်းလိုက်တာ
ငါ့သားလို့ ​ပြောရမှာ​တောင် ရှက်တယ်"

YeonJun ​ဒေါသထွက်စွာ စားပွဲကို ဒုန်းခနဲ လက်နဲ့ရိုက်​တော့ သူမကအနည်းငယ် တုန်တက်သွားသည်

"ကျွန်​​တော့်ကို ကြိုက်သလို​ပြောလို့ရတယ်
SooBin ကို​တော့ မထိပါးပါနဲ့ အန်တီ"

သူမက တဟားဟားရယ်သည်

"မင်းက အ​ပြောက​တော့ တယ်ကြီးတာပဲ စဥ်းစားကြည့်စမ်း ငါ့သားကို တကယ်တမ်းဖျက်ဆီး​နေတာ ဘယ်သူလဲ?သူ့ဘဝရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပန်းချီပညာကို​ လုယူခဲ့တာ​ရော ဘယ်သူလဲ?"

YeonJun စကားတစ်ခွန်းမ​ချေပနိုင်​လောက်အောက် တိတ်ဆိတ်​နေမိသည်

"အခု မင်းက သူ့ဘဝကိုပါ ဖျက်ဆီးဖို့ ကြံ​နေပြန်ပြီလား?"

"​​ကျေးဇူးပြုပြီး အသိတရားဝင်စမ်းပါ Choi YeonJun! အချစ်ဆိုတဲ့အရာက ဘဝကြီးမဟုတ်ဘူး အချိန်ကြာလာရင် ​မေ့သွားမယ့်အရာပဲ SooBin ကို လွတ်​ပေးပါ​တော့"

"ကျွန်​တော် သိပါပြီ"

သူမက အနိုင်ရသူ တစ်​ယောက်လို အပြုံးကို တပ်ဆင်လိုက်ပြီး​ထိုင်နေရာမှထသည်

"မင်းကို ငယ်ငယ်ကတည်းက ပါးနပ်လို့ သ​ဘောကျတယ် ငါ့သားနဲ့ မတူဘူး"

​နောက်ဆုံးစကားတစ်ခွန်းကို​ပြောပြီး သူမက ကျွန်​တော့်မြင်ကွင်းဆီမှ ​ပျောက်ကွယ်သွားသည်

အိပ်မက်က နိုးထချိန်တန်ပြီ Choi YeonJun!

*Flashback end*

"ဒါ​ပေမယ့် ပန်းချီဆွဲတာက မင်း​ကြောင့်မှ မဟုတ်တာ"

BeomGyu စကားကို ငြင်းဆန်ကာ ကျွန်​တော်​ခေါင်းခါမိသည်

"ငါ့​ကြောင့်​ပေါ့"

"..."

"အားလုံးဟာ ငါ့​​ကြောင့်ပါပဲ"

BeomGyu က ဘာမှဆက်မ​မေး​တော့ဘဲ ကျွန်​တော့်ကို ကြည့်သည်

"အဲ့ဒါနဲ့ပဲ က​လေးကို တစ်​ယောက်တည်းထားခဲ့ရ​ရောလား Soobin ​တော်​​တော် ဝမ်းနည်း​နေတာ​နော်"

"အင်း စစ​တော့ သူ့ကို ပြန်လိုက်ပို့မလို့ပါပဲ.. ဒါ​ပေမယ့်​လေ သူ အိပ်​နေတဲ့ မျက်နှာ​လေးကို မြင်လိုက်ရ​တော့.."

YeonJun က အက်ဝင်သွားတဲ့ အသံနဲ့အတူ ရှိုက်သက်တစ်ချက်ကိုရှူပြီး တစ်ခဏကြာမှ စကားပြန်ဆက်သည်

"ဒီအချိန်မှ မထားသွားနိုင်ရင်​....
တစ်သက်လုံး ဖက်တွယ်ထားမိ​တော့မယ်ဆိုတာ သိလို့"

မငိုမိ​အောင် ထိန်းထား​ပေမယ့် မျက်ရည်စက်တို့က ပါးပြင်ထက်ကို အလုအယက်​ပြေးဆင်းသည်

BeomGyu က ကျွန်​​တော့်ကို ဂရုဏာသက်စွာကြည့်ရင်း နောက်​​ကျောကို ပုတ်​ပေးကာ နှစ်သိမ့်သည်
​ယောကျာ်းကြီးတန်မဲ့ ကျွန်​​​​တော်ချုံးပွဲချငိုမိသည်

နာကျင်လွန်းလို့ ဒီ​နေ့တစ်ရက်​တော့ ငိုပါရ​စေ..

မနက်ဖြန်ကျရင် ကျွန်​တော်ပိုင်တဲ့ အ​ဖြူ​ရောင် ကမ္ဘာငယ်​လေးကို  အပြီးအပိုင်နှုတ်ဆက်ရ​တော့မည်
ထာဝရလမ်းခွဲမှာ က​လေးငယ်​ပျော်ရွှင်ဖို့ကို ဆု​တောင်းရင်းပေါ့

.................................................

BeomGyu ရဲ့ bar ဆီကပြန်လာ​တော့ ည​တော်​တော်နက်​နေပြီ

BeomGyu က ကျွန်​တော့်အိမ်လမ်းထိပ်အထိ ကား​မောင်းပို့​ပေးသည်

​အရုဏ်ဦးအလင်း​ရောင်မ​ရောက်ခင် အ​မှောင်ဆုံးအချိန်မှာ လမ်းမီးတိုင်​တွေရဲ့ အလင်း​ရောင်က အမြင်အာရုံကို အကူအညီ​ပေးသည်
​အေးစိမ့်စိမ့် ​လေ​စိမ်းတို့ဟာ တ​ဝေါ​ဝေါ တိုက်ခတ်ရင်း အ​နွေးထည်ထဲအထိ ဝင်ကာ​နှောင့်ယှက်သည်

​လေ​အေး​အေး​တွေကြားထဲမှာ အစားအအိပ်ပျက်ထားတာလည်း  ၂ ရက်တိတိကြာတဲ့အပြင် ယမကာရဲ့ အရှိန်​ကြောင့် လူကရိပ်ခနဲ တစ်ချက်တစ်ချက် မူး​ဝေသွားရသည်

ကျွန်​တော် တုန်ရီရီနဲ့ ​လှေကားကို တက်လာလိုက်ပြီးကျွန်​တော့်တိုက်ခန်းတံခါးဝကို မြင်လိုက်ရတဲ့အချိန်မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက ရင်ဘတ်ကို သံဆူးကြိုးနဲ့ ညစ်လိုက်သလို ​သေမတတ် ​နာကျင်လှသည်

ကျွန်​တော့် က​လေးငယ်ဟာ အိမ်ခန်းတံခါးကို မှီထားပြီး  ကျုံ့ကျုံ့​လေးထိုင်​နေရှာတယ်
​ဒီ​လောက်​အေးတဲ့ ရာသီဥတုမှာ ​ခေါင်းမာတဲ့ ဒီက​လေးငယ် ဘယ်နှနာရီကြာကြာ ကျွန်​တော့်ကို ထိုင်​စောင့်​နေခဲ့သလဲ

ကျွန်​​တော့် ​ခြေသံကြား​တော့ က​လေးငယ်ဟာ ဒူးလေး​နှစ်ဖက်ကြားမှာ ဖွက်ထားတဲ့ မျက်နှာ​လေးကို ​မော့ကာကြည့်သည်

"​နောက်ဆုံး​တော့ အကို​ရောက်လာပြီ"

တိုးတိတ်တိတ်အသံမှာ အားအင်တို့ ချိနဲ့​နေတဲ့ က​လေးငယ်ဟာ ထဖို့အားယူ​နေ​ပေမယ့် ကျင်​နေတဲ့ ​​ခြေ​ထောက်​တွေ​ကြောင့် ချက်ချင်းမထနိုင်ရှာ

ကျွန်​တော်မျက်လွာနှစ်ဖက်ကို အတင်းပိတ်ချလိုက်ရင်း မျက်ကွယ်ပြုလိုက်တယ်

"ဘာလာလုပ်တာလဲ?"

"အကို့ကို ​နောက်ဆုံးအ​နေနဲ့လာ​တွေ့တာ"

"မနက်ဖြန်လည်း ​တွေ့ရဦးမှာပဲကို"

က​လေးငယ်ဟာ အသက်မဲ့စွာပြုံးသည်

"အကိုက ဆုံးဖြတ်ချက် တစ်ခါချပြီးရင် မပြင်တတ်တာသိတာ​မို့ကျွန်​​တော် ဘာမှထပ်မ​တောင်းဆို​တော့ပါဘူး"

ကျွန်​တော့်လက်ကို ကိုင်ဆုပ်လာတဲ့ က​လေးငယ်ရဲ့ လက်​တွေဟာ ​အေးစက်လှသည်
​သေချာကြည့်မှ သိသိသာသာ ပိန်ကျသွားတဲ့ က​လေးငယ်ဟာ မျက်ကွင်း​လေး​တွေလည်း ညိုလို့

ကျွန်​တော့်လက်ကို ယူကာ က​လေးငယ်က နှုတ်ခမ်းပါးတို့နဲ့ အချိန်တန်ကြာ​အောင် ဖိကပ်ထားသည်
ပြီးမှ ​ကျေနပ်စွာ အပြုံးတစ်ပွင့်ကို ပန်ဆင်ရင်း ခပ်တိုးတိုး​လေသံနဲ့ ​ဆိုတယ်

"​နောက်ဆုံးအချိန်ထိ အကို့ကို ချစ်​နေမယ်"
​
​ထွေပြားလာတဲ့မြင်ကွင်းမှာ ​နောက်ဆုံးမြင်ရသည်က ကလေးငယ်ရဲ့ မျက်ရည်စက်တစ်စက်နဲ့အတူ တစ်သက်လုံး အမှတ်ရ​နေမယ့် အပြုံး​နုနုတစ်ပွင့်

"နှုတ်ဆက်ခဲ့ပါတယ် အကို"
.............................................

TBC

.............................................

Zawgyi ver

TaeHyun အိမ္က ထြက္လာၿပီး​ေနာက္ ဦးတည္ရာက Frost bar ဆီ

ခပ္မွိန္မွိန္ မီးေရာင္​စုံေအာက္မွာ ၿငိမ့္​​ေညာင္း​​ေညာင္းသီခ်င္းသံက ပ်ံ႕လြင့္​ေနသည္
ယမကာ အနံ႔ျပင္းျပင္းက လူကို ရစ္မူးသြား​ေစ​ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ စိတ္ၿငိမ္​ဖြယ္ရာ

Waiter တစ္​ေယာက္က ကြၽန္​ေတာ့္ကို​ေတြ႕​ေတာ့ ၿပဳံးကာ ႏႈတ္ဆက္သည္

"သူ​​ေဌးကို ​ေခၚ​ေပးမယ္​ေနာ္"

ကြၽန္​ေတာ့္အ​ေျဖကို​ေတာင္ မ​ေစာင့္​ေတာ့ဘဲ ​​Waiter ​ေလးက အ​ေပၚထပ္ကို ​ေျပးသြားသည္
ခဏၾကာ​ေတာ့​Waiter ေလးနဲ႔အတူ ​ေကာင္​ေလးတစ္​ေယာက္လိုက္ဆင္းလာသည္

​ေကာင္​ေလးက ကြၽန္​ေတာ့္ကို​ေတြ႕​​ေတာ့ ႏွာ​ေခါင္းရႈံ႕ရင္း ကြၽန္​ေတာ့္​ေဘးခုံမွာ ဝင္ထိုင္တယ္

"ႏႈတ္ခမ္း​ေမြး​ေလး ဘာ​ေလးရိတ္ဦး မနက္ျဖန္ Soobinnie မဂၤလာ​ေဆာင္ကို.. ဒါ ဘာပုံစံလဲ?"

​ေကာင္​ေလးက Bartender ကို လက္ ၂ ​ေခ်ာင္း​ေထာင္ျပလိုက္သည္ႏွင့္ အထာနားလည္​​ေနၿပီျဖစ္တဲ့ Bartender က ကြၽန္​ေတာ္တို႔ ​ေသာက္​ေနက် အရက္ ႏွစ္ခြက္ကို ခ်​ေပးသည္

"အဆင္​ေျပရဲ႕လား? ​ေမးတာ​​ေမးရတာ ​ေျပမယ့္ပုံလည္း မ​ေပၚပါဘူး"

သူက ကြၽန္​​ေတာ့္ပုခုံးတစ္ဖက္ကိုလွမ္းဖက္ၿပီး ႏွစ္သိမ့္သည္

"စိတ္ဓါတ္မက်နဲ႔ ဒီ Choi BeomGyu ရဲ႕ မ်က္ႏွာလွလွ​ေလးကို ၾကည့္ၿပီး အားတင္းလိုက္"

ကြၽန္​ေတာ္ ရယ္မိ​ေတာ့ BeomGyu က ၿပဳံးသည္

"ဘယ္လိုလဲ ​ေတာ္​ေတာ္မွ နာက်င္​ေနရဲ႕လား?"

"အင္း အရမ္းနာတယ္ ငါ​ေတြးထားတာထက္ အမ်ားႀကီး နာတာ"

အရက္ခါးခါးတစ္ငုံ လည္​ေခ်ာင္းထဲကို ပူခနဲဝင္သြားခါမွ ရင္ဘတ္ထဲက နာက်င္မႈ​ေတြက ပို​ေအာင့္လာသလို

"ႏႈတ္ခမ္းက ဒဏ္ရာက​ေရာ ဘာျဖစ္တာလဲ?"

"Huening လက္ခ်က္​ေပါ့"

BeomGyu က တဟားဟား​ေအာ္ရယ္ကာ ကြၽန္​ေတာ့္ပုခုံးကို လက္သီးနဲ႔ ခပ္ဖြဖြထိုးသည္

"က​ေလး ထိုးတာခံလာရတယ္​ေပါ့?"

"ဘယ္ကသာ က​ေလး? အရပ္ႀကီးဆိုတာလည္း မိုးထိုး​ေနၿပီ"

"ဟားဟား Soobin ရဲ႕ ညီပဲကို"

ကြၽန္​ေတာ္တို႔ စကားဝိုင္းဟာ တစ္ဖန္ျပန္တိတ္ဆိတ္သည္

"SooBin မ​ေန႔တစ္​ေန႔က ဒီကိုလာ​ေသးတယ္"

ကြၽန္​ေတာ္ ႏႈတ္ဆိတ္စြာနား​ေထာင္​ေတာ့ BeomGyu က ဆက္​ေျပာသည္

"တစ္ညလုံး ​ေသာက္ၿပီး ငို​ေနတာ..
အဲ့က​ေလး ​ေသာက္လည္း​ေသာက္ႏိုင္တာ မဟုတ္ဘဲနဲ႔"

"အိမ္​ေကာင္း​ေကာင္းျပန္​ေရာက္ရဲ႕လား?"

"အင္း ငါလိုက္ပို႔​ေပးလိုက္တယ္"

ကြၽန္​ေတာ္ နာနာက်င္​က်င္ၿပဳံးျဖစ္​သည္

"ဒါနဲ႔ ငါ​ေမးဦးမယ္ ဂ်ယ္ဂ်ဴဒိုမွာ က​ေလးကို ဘာလို႔တစ္​ေယာက္တည္းထားခဲ့တာလဲ? မင္းက က​ေလးကို အဲ့လို ပစ္စလက္ခ ထားခဲ့မယ့္လူမ်ိဳးမဟုတ္ပါဘူး"

YeonJun က နာက်ည္းစြာ ထရယ္ရင္း အသံနိမ့္နိမ့္နဲ႔ ​ေျပာသည္

"SooBin အ​ေမ​ေပါ့"

BeomGyu က မ်က္​ေမွာင္ၾကဳတ္ရင္း ​ေတာက္ တစ္ခ်က္ကို က်ယ္​ေလာင္စြာ​ေခါက္သည္

"အဲ့မိန္းမက ဘာျဖစ္ခ်င္​ေနျပန္တာတဲ့လဲ?"

YeonJun က ​လက္ထဲက အရက္ခြက္ကို ​ေဆာ့ကစားလိုက္သည္

"​က​ေလးငယ္နဲ႔ ေနာက္ဆုံးရက္မွာ သူဟိုတယ္ကို​ေရာက္လာတယ္"

"မင္းတို႔ရွိတဲ့​ေနရာကို ဘယ္လိုသိတာလဲ သူက?"

"က​ေလးငယ္ ဖုန္းမွာ ​ေျခရာခံစက္ တပ္ထားတယ္တဲ့"

"အဲ့ အဘြားႀကီးက ​ေတာ္​ေတာ္ဆိုးတာပဲ ..အဲ့ဒီ​ေတာ့ ဘယ္လိုဆက္ျဖစ္လဲ"

*Flaskback*

တဒီဒီ တုန္လာတဲ့ ဖုန္းမွာ ရင္ခြင္ထဲက က​ေလးငယ္ ႏိုးသြားမလား စိုးရိမ္တႀကီးၾကည့္လိုက္မိ​ေပမယ့္ အျဖဴ​ေရာင္ က​ေလးငယ္က​ေတာ့ အိပ္​ေမာက်လို႔​ေနသည္

က​ေလးငယ္ကို အသာ​ေလးနံ​​ေဘးပို႔လိုက္ၿပီး ​ေရခ်ိဳးခန္းထဲဝင္ကာ ဖုန္းကို စစ္ၾကည့္​ေတာ့ unknown number တစ္ခုက message တစ္​ေစာင္

*ငါ ​SooBin အ​ေမ .. lobby မွာ​ေစာင့္​ေနတယ္ တစ္​ေယာက္တည္း ဆင္းလာခဲ့*

​ေလးပင္စြာ သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္ ထို႔​ေနာက္ မ်က္ႏွာ ျမန္ျမန္သစ္ကာ အဝတ္ဝတ္ၿပီး ဆင္းလာျဖစ္သည္
Lobby မွာ ​ေက်ာ့​ေက်ာ့​ေမာ့​ေမာ့ ထိုင္​ေနတဲ့ သူမဟာ ကြၽန္​ေတာ့္ကို​ေတြ႕​ေတာ့ လက္လွမ္းျပသည္

ကြၽန္​ေတာ္ ​ေခါင္းတစ္ခ်က္ ငုံ႔ျပလိုက္ကာ သူမ​ေရွ႕က ခုံမွာ ဝင္ထိုင္ျဖစ္သည္

"Choi SooBin ​မပါလာဘူးမလား?"

"SooBin က အိပ္​ေန​ေသးတယ္ သူ​ေဌးက​ေတာ္"

"​မင္းကို ငါသတိ​ေပးထားၿပီးသားမဟုတ္လား ငါ့သားနဲ႔ မပတ္သတ္ပါနဲ႔​ေတာ့လို႔ .. လြန္ခဲ့တဲ့ တစ္ႏွစ္တုန္းကလည္း ​ေျပာၿပီးၿပီထင္တယ္"

YeonJun အံႀကိတ္ကာ လက္သီးဆုပ္မိသည္

"ဒီလို ပတ္သတ္​ေနတာကို ​ေလာကႀကီးက သိသြားရင္ ဘယ္လိုလုပ္မလဲလို႔​​ေျပာၿပီးသားမလား ငါတို႔ မိသားစု ရဲ႕ image က်တယ္မလား?"

"ဟုတ္ ​ေနာက္မ​ေတြ႕​ေတာ့ပါဘူး"

"Choi soobin လည္း Choi soobin ပဲ ရာရာစစ ​ေယာက်ာ္းခ်င္းလည္း ႀကိဳက္​ေသးတယ္ ၿပီး​ေတာ့လည္း ကိုယ့္အကိုတဲ့ .. ႐ြံစရာ ​ေကာင္းလိုက္တာ
ငါ့သားလို႔ ​ေျပာရမွာ​ေတာင္ ရွက္တယ္"

YeonJun ​ေဒါသထြက္စြာ စားပြဲကို ဒုန္းခနဲ လက္နဲ႔႐ိုက္​ေတာ့ သူမကအနည္းငယ္ တုန္တက္သြားသည္

"ကြၽန္​​ေတာ့္ကို ႀကိဳက္သလို​ေျပာလို႔ရတယ္
SooBin ကို​ေတာ့ မထိပါးပါနဲ႔ အန္တီ"

သူမက တဟားဟားရယ္သည္

"မင္းက အ​ေျပာက​ေတာ့ တယ္ႀကီးတာပဲ စဥ္းစားၾကည့္စမ္း ငါ့သားကို တကယ္တမ္းဖ်က္ဆီး​ေနတာ ဘယ္သူလဲ?သူ႔ဘဝရဲ႕  တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ ပန္းခ်ီပညာကို​ လုယူခဲ့တာ​ေရာ ဘယ္သူလဲ?"

YeonJun စကားတစ္ခြန္းမ​ေခ်ပႏိုင္​ေလာက္ေအာက္ တိတ္ဆိတ္​ေနမိသည္

"အခု မင္းက သူ႔ဘဝကိုပါ ဖ်က္ဆီးဖို႔ ႀကံ​ေနျပန္ၿပီလား?"

"​​ေက်းဇူးျပဳၿပီး အသိတရားဝင္စမ္းပါ Choi YeonJun! အခ်စ္ဆိုတဲ့အရာက ဘဝႀကီးမဟုတ္ဘူး အခ်ိန္ၾကာလာရင္ ​ေမ့သြားမယ့္အရာပဲ SooBin ကို လြတ္​ေပးပါ​ေတာ့"

"ကြၽန္​ေတာ္ သိပါၿပီ"

သူမက အႏိုင္ရသူ တစ္​ေယာက္လို အၿပဳံးကို တပ္ဆင္လိုက္ၿပီး​ထိုင္ေနရာမွထသည္

"မင္းကို ငယ္ငယ္ကတည္းက ပါးနပ္လို႔ သ​ေဘာက်တယ္ ငါ့သားနဲ႔ မတူဘူး"

​ေနာက္ဆုံးစကားတစ္ခြန္းကို​ေျပာၿပီး သူမက ကြၽန္​ေတာ့္ျမင္ကြင္းဆီမွ ​ေပ်ာက္ကြယ္သြားသည္

အိပ္မက္က ႏိုးထခ်ိန္တန္ၿပီ Choi YeonJun!

*Flashback end*

"ဒါ​ေပမယ့္ ပန္းခ်ီဆြဲတာက မင္း​ေၾကာင့္မွ မဟုတ္တာ"

BeomGyu စကားကို ျငင္းဆန္ကာ ကြၽန္​ေတာ္​ေခါင္းခါမိသည္

"ငါ့​ေၾကာင့္​ေပါ့"

"..."

"အားလုံးဟာ ငါ့​​ေၾကာင့္ပါပဲ"

BeomGyu က ဘာမွဆက္မ​ေမး​ေတာ့ဘဲ ကြၽန္​ေတာ့္ကို ၾကည့္သည္

"အဲ့ဒါနဲ႔ပဲ က​ေလးကို တစ္​ေယာက္တည္းထားခဲ့ရ​ေရာလား Soobin ​ေတာ္​​ေတာ္ ဝမ္းနည္း​ေနတာ​ေနာ္"

"အင္း စစ​ေတာ့ သူ႔ကို ျပန္လိုက္ပို႔မလို႔ပါပဲ.. ဒါ​ေပမယ့္​ေလ သူ အိပ္​ေနတဲ့ မ်က္ႏွာ​ေလးကို ျမင္လိုက္ရ​ေတာ့.."

YeonJun က အက္ဝင္သြားတဲ့ အသံနဲ႔အတူ ရႈိက္သက္တစ္ခ်က္ကိုရႉၿပီး တစ္ခဏၾကာမွ စကားျပန္ဆက္သည္

"ဒီအခ်ိန္မွ မထားသြားႏိုင္ရင္​....
တစ္သက္လုံး ဖက္တြယ္ထားမိ​ေတာ့မယ္ဆိုတာ သိလို႔"

မငိုမိ​ေအာင္ ထိန္းထား​ေပမယ့္ မ်က္ရည္စက္တို႔က ပါးျပင္ထက္ကို အလုအယက္​ေျပးဆင္းသည္

BeomGyu က ကြၽန္​​ေတာ့္ကို ဂ႐ုဏာသက္စြာၾကည့္ရင္း ေနာက္​​ေက်ာကို ပုတ္​ေပးကာ ႏွစ္သိမ့္သည္
​ေယာက်ာ္းႀကီးတန္မဲ့ ကြၽန္​​​​ေတာ္ခ်ဳံးပြဲခ်ငိုမိသည္

နာက်င္လြန္းလို႔ ဒီ​ေန႔တစ္ရက္​ေတာ့ ငိုပါရ​ေစ..

မနက္ျဖန္က်ရင္ ကြၽန္​ေတာ္ပိုင္တဲ့ အ​ျဖဴ​ေရာင္ ကမာၻငယ္​ေလးကို  အၿပီးအပိုင္ႏႈတ္ဆက္ရ​ေတာ့မည္
ထာဝရလမ္းခြဲမွာ က​ေလးငယ္​ေပ်ာ္႐ႊင္ဖို႔ကို ဆု​ေတာင္းရင္းေပါ့

.................................................

BeomGyu ရဲ႕ bar ဆီကျပန္လာ​ေတာ့ ည​ေတာ္​ေတာ္နက္​ေနၿပီ

BeomGyu က ကြၽန္​ေတာ့္အိမ္လမ္းထိပ္အထိ ကား​ေမာင္းပို႔​ေပးသည္

​အ႐ုဏ္ဦးအလင္း​ေရာင္မ​ေရာက္ခင္ အ​ေမွာင္ဆုံးအခ်ိန္မွာ လမ္းမီးတိုင္​ေတြရဲ႕ အလင္း​ေရာင္က အျမင္အာ႐ုံကို အကူအညီ​ေပးသည္
​ေအးစိမ့္စိမ့္ ​ေလ​စိမ္းတို႔ဟာ တ​ေဝါ​ေဝါ တိုက္ခတ္ရင္း အ​ေႏြးထည္ထဲအထိ ဝင္ကာ​ေႏွာင့္ယွက္သည္

​ေလ​ေအး​ေအး​ေတြၾကားထဲမွာ အစားအအိပ္ပ်က္ထားတာလည္း  ၂ ရက္တိတိၾကာတဲ့အျပင္ ယမကာရဲ႕ အရွိန္​ေၾကာင့္ လူကရိပ္ခနဲ တစ္ခ်က္တစ္ခ်က္ မူး​ေဝသြားရသည္

ကြၽန္​ေတာ္ တုန္ရီရီနဲ႔ ​ေလွကားကို တက္လာလိုက္ၿပီးကြၽန္​ေတာ့္တိုက္ခန္းတံခါးဝကို ျမင္လိုက္ရတဲ့အခ်ိန္ျမင္ေတြ႕လိုက္ရတဲ့ ျမင္ကြင္းက ရင္ဘတ္ကို သံဆူးႀကိဳးနဲ႔ ညစ္လိုက္သလို ​ေသမတတ္ ​နာက်င္လွသည္

ကြၽန္​ေတာ့္ က​ေလးငယ္ဟာ အိမ္ခန္းတံခါးကို မွီထားၿပီး  က်ဳံ႕က်ဳံ႕​ေလးထိုင္​ေနရွာတယ္
​ဒီ​ေလာက္​ေအးတဲ့ ရာသီဥတုမွာ ​ေခါင္းမာတဲ့ ဒီက​ေလးငယ္ ဘယ္ႏွနာရီၾကာၾကာ ကြၽန္​ေတာ့္ကို ထိုင္​ေစာင့္​ေနခဲ့သလဲ

ကြၽန္​​ေတာ့္ ​ေျခသံၾကား​ေတာ့ က​ေလးငယ္ဟာ ဒူးေလး​ႏွစ္ဖက္ၾကားမွာ ဖြက္ထားတဲ့ မ်က္ႏွာ​ေလးကို ​ေမာ့ကာၾကည့္သည္

"​ေနာက္ဆုံး​ေတာ့ အကို​ေရာက္လာၿပီ"

တိုးတိတ္တိတ္အသံမွာ အားအင္တို႔ ခ်ိနဲ႔​ေနတဲ့ က​ေလးငယ္ဟာ ထဖို႔အားယူ​ေန​ေပမယ့္ က်င္​ေနတဲ့ ​​ေျခ​ေထာက္​ေတြ​ေၾကာင့္ ခ်က္ခ်င္းမထႏိုင္ရွာ

ကြၽန္​ေတာ္မ်က္လြာႏွစ္ဖက္ကို အတင္းပိတ္ခ်လိုက္ရင္း မ်က္ကြယ္ျပဳလိုက္တယ္

"ဘာလာလုပ္တာလဲ?"

"အကို႔ကို ​ေနာက္ဆုံးအ​ေနနဲ႔လာ​ေတြ႕တာ"

"မနက္ျဖန္လည္း ​ေတြ႕ရဦးမွာပဲကို"

က​ေလးငယ္ဟာ အသက္မဲ့စြာၿပဳံးသည္

"အကိုက ဆုံးျဖတ္ခ်က္ တစ္ခါခ်ၿပီးရင္ မျပင္တတ္တာသိတာ​မို႔ကြၽန္​​ေတာ္ ဘာမွထပ္မ​ေတာင္းဆို​ေတာ့ပါဘူး"

ကြၽန္​ေတာ့္လက္ကို ကိုင္ဆုပ္လာတဲ့ က​ေလးငယ္ရဲ႕ လက္​ေတြဟာ ​ေအးစက္လွသည္
​ေသခ်ာၾကည့္မွ သိသိသာသာ ပိန္က်သြားတဲ့ က​ေလးငယ္ဟာ မ်က္ကြင္း​ေလး​ေတြလည္း ညိဳလို႔

ကြၽန္​ေတာ့္လက္ကို ယူကာ က​ေလးငယ္က ႏႈတ္ခမ္းပါးတို႔နဲ႔ အခ်ိန္တန္ၾကာ​ေအာင္ ဖိကပ္ထားသည္
ၿပီးမွ ​ေက်နပ္စြာ အၿပဳံးတစ္ပြင့္ကို ပန္ဆင္ရင္း ခပ္တိုးတိုး​ေလသံနဲ႔ ​ဆိုတယ္

"​ေနာက္ဆုံးအခ်ိန္ထိ အကို႔ကို ခ်စ္​ေနမယ္"
​
​ေထြျပားလာတဲ့ျမင္ကြင္းမွာ ​ေနာက္ဆုံးျမင္ရသည္က ကေလးငယ္ရဲ႕ မ်က္ရည္စက္တစ္စက္နဲ႔အတူ တစ္သက္လုံး အမွတ္ရ​ေနမယ့္ အၿပဳံး​ႏုႏုတစ္ပြင့္

"ႏႈတ္ဆက္ခဲ့ပါတယ္ အကို"
.............................................

TBC








You are reading the story above: TeenFic.Net