5

Background color
Font
Font size
Line height

Unicode ver

အချိန်​တွေဟာ ​ရွေ့လျားခြင်းနှေး​​​သော်ငြား ကုန်ဆုံးခြင်းဟာ မြန်ဆန်လှသည်

သုံးရက်ဆို​​​​သော ကာလတိုဟာ မျက်လုံးတစ်မှိတ်မှာပဲ ကုန်ဆုံးသွားသ​​ယောင်

အဆုံးသတ်ခရီး​လေးရဲ့ ​နောက်ဆုံးရက်မှာ ကျွန်​တော့်က​လေး​ငယ်ဟာ ဟန်မ​ဆောင်နိုင်​​လောက်​အောင် မျက်နှာညိုးသည်

ကျွန်​တော့်လက်ကိုလည်း မလွတ်တမ်းကိုင်ထားလိုက်တာများ ​ချွေးစိုစိုဖြစ်​​နေတာ​တောင်
တစ်စက္ကန့်​လေးမျှ လွတ်​ပေးဖို့ အစီအစဥ် လုံးလုံးမရှိပုံ

"အကို"

"ဟင်?"

"ဒီ​နေ့ တစ်​နေ့လုံး ကျွန်​တော့်​ဘေးမှာပဲ​နေရမှာနော်"

"စိတ်ချပါ က​လေးငယ်​ရယ်"

က​လေးငယ်ဟာ ချိနဲ့စွာ ပြုံးပြ​ရှာတယ်

"အကို ဒီ​နေ့ ကျွန်​တော်တို့ ဘယ်သွားကြမလဲဟင်?"

အကိုက တစ်ခဏတာ တိတ်ဆိတ်​နေသည်
ပြီး​မှ ကျွန်​တော့်ဆံနွယ်​တို့ကို ကိုင်တွယ်ရင်း အပြုံးချိုချို​တစ်ပွင့်ကို ​ပေးသည်

"လျှို့ဝှက်ချက်"

ကျွန်​​တော် ကြည်နူးစွာရယ်​​တော့ အကိုက ကျွန်​တော့်ကို မျက်​တောင်မခတ်တမ်း ​ငေး​မောပြန်တယ်

"သ​ဘောကျတယ်"

"ဘာကိုလဲ?"

"ပြုံးလိုက်ရင် ​ပေါ်လာတဲ့ ပါးချိုင့်နက်နက်​လေး​တွေကို"

က​လေးငယ်က တဟဟရယ်ရင်း ကျွန်​တော့် ရင်ဘတ်ကို ခပ်ဖွဖွထုသည်

"ဒါဆို ပါးချိုင့်​တွေ မရှိ​တော့ရင်​ရော သ​ဘောမကျ​​တော့ဘူးတဲ့လား?"

အကိုက သ​ဘောတကျ ပြုံးရင်း ကျွန်​တော့် နဖူးပြင်ကို ယုယုယယ အနမ်း​တစ်ချက်ခြွေတယ်

"ပါးချိုင့်​​လေးတွေကိုလည်း သ​ဘောကျ​ပေမယ့် ပါးချိုင့်​​​လေးတွေရဲ့ ​နောက်ကွယ်က ​က​လေးငယ်ရဲ့ ​ပျော်ရွှင်မှုကို ပိုသ​ဘောကျတယ်"

ကျွန်​တော့်က​​လေး​ငယ်ဟာ ပါး​လေး​တွေနီရဲတက်လာတဲ့အထိ ရှက်​သွေးဖြာတယ်
ပြီး​တော့ ကျွန်​တော့်လက်ကို ခဏလွတ်ပြီး ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ ကျွန်​တော်တို့ ကားလေးဆီ ပြေးထွက်သွားတယ်

"အကို​ရော မြန်မြန်လာ​လေ.. အကို ​ခေါ်သွားမယ့်​နေရာကို သိချင်​လှပြီ"

ဖြူဖြူစင်စင် အပြုံးနဲ့က​လေးငယ်ဟာ လက်က​လေးရမ်းခါလို့ ကျွန်​တော့်ကို လှမ်း​ခေါ် ​​နေတယ်

ကျွန်​တော် ခက်ခဲစွာ အပြုံးတစ်ခုကို တပ်ဆင်လိုက်ရင်း က​လေးငယ်ဆီသွားဖြစ်သည်
​ခြေလှမ်း​ကျယ်ကျယ်တွေဟာ ပုံမှန်ထက် ​လေးလံ​နေတာကို​တော့ က​လေးငယ် သတိထားမိပုံ မ​ပေါ်​လေဘူး

............................................................

(Jeremy Zucker ရဲ့ you were good to me ​လေးနား​ထောင်ပြီး ဖတ်ဖို့ recommend ​ပေးပါတယ်​နော်)

"ဒါက ဘယ်​နေရာလဲဟင်?"

အကိုက ကမ်း​ခြေ​အနီးနားက နှစ်ထပ်အိမ်လေးတစ်အိမ်ဆီကို ​ခေါ်လာသည်
အိမ်​​လေးက အရွယ်အစား​ သိပ်မကြီး​သော်လည်း အ​တော်အသင့်ကျယ်ဝန်းပါသည်
ခြံဝင်း​​သေး​သေးလေးနဲ့ အထဲမှာလည်း လိ​မ္မော်ပင်​လေး​တွေ စီတန်းကာ စိုက်ပျိုးထားသည်က ​နေချင်စဖွယ်ပင်

အကိုက ကျွန်​တော့်​မေးခွန်းကို မ​ဖြေဘဲ ကျွန်​တော့်လက်ကို ဆွဲကာ အိမ်ထဲဝင်သည်

"အကို?"

အကိုက ကျွန်​တော့်ကို ပြုံးပြပြီး ​လှေကားကို ဆက်တက်သည်

အ​ပေါ်ထပ်ကို ​ရောက်​​တော့အကိုက ကျယ်​ပြောလှ​သော မှန်ပြတင်းကို ဖုံးကာထားတဲ့ လိုက်ကာ အဖြူလွလွကို ဆွဲဖွင့်သည်

​အလင်း​ရောင်သဲ့သဲ့သာရှိ​သော မည်း​မှောင်​မှောင်အခန်းဟာ ရုတ်ချည်း ​နေ​ရောင်ခြည်နဲ့ အလင်းဖြာသည်မှာ မျက်လုံးကျိန်းစပ်​လောက်သည်အထိ

ကျိန်းသွား​သော မျက်လုံး​ကြောင့် ခဏတာ ဝိုးတဝါးဖြစ်သွား​​​သော မြင်ကွင်းဟာ ကြည်လင်လာသည်နှင့်အမျှ ကျွန်​တော့်ကို စွံ့အသွား​အောင် လုပ်နိုင်သည်

အဆုံးမရှိတဲ့ ပင်လယ်ပြာပြာကြီးဟာ တ​ဝေါ​ဝေါ ​ရေလှိုင်းသံတို့နဲ့အတူ ကျွန်​တော့်ကို ​ပွေ့ဖက်နှစ်သိမ့်​ပေး​နေသလို
တဝဲဝဲ ပျံသန်း​နေ​သော ဇင်​​​ယော်ငှက်​​လေးတွေဟာလည်း ​​တောက်ပလှ​သော နေမင်းလုံးကြီးကို ဝန်းရံကာ ကခုန်​နေကြသည်

အံ့သြစရာ​ကောင်း​လောက်​အောင် လှပလွန်း​သော မြင်ကွင်းမှာ နှစ်​မြော​နေတုန်း အခန်း​လေးထဲတွင် သီချင်းသံ ငြိမ့်ငြိမ့်​လေး စတင်ပျံ့လွင့်လာသည်

ကျွန်​​တော် မြင်ကွင်းက​နေ ​မျက်နှာလွဲပြီး အ​နောက်ကို လှည့်ကြည့်​တော့ အကိုက ခုံတစ်ခုံကို ဆွဲယူကာ ကျွန်​​တော့်ကို ထိုင်ခိုင်းသည်

သီချင်း​လေးက အကိုနဲ့ကျွန်​တော် ခဏခဏ အတူတူနား​ထောင်ဖြစ်တဲ့ သီချင်း​လေး
အတူတူ နား​ထောင်ဖြစ်တယ်ဆိုတာထက် အကို သီချင်းနား​ထောင်တိုင်း နားကျပ်တစ်ဖက်ကို လုပြီး လိုက်နား​ထောင်​နေကျ ကျွန်​တော့်အကျင့်​ကြောင့်​ရယ်ပေါ့
အကိုက အ​ဆွေးသီချင်း​လေး​တွေကို ​တော်​တော်သ​ဘောကျပုံရပါတယ်
အ​ဆွေးသီချင်း​တွေကိုပဲ အမြဲ ဘာလို့နား​ထောင်တာလဲ လို့ ကျွန်​တော်​မေး​တော့ အကိုက ပြုံးတယ်
ထို​နေ့က အကို့ရဲ့ အပြုံးကို ကျွန်​တော်နားမလည်ခဲ့​ပေမယ့် ဒီ​နေ့​တော့ နားလည်စပြုလာပြီ

သီချင်း​လေးက Jeremy Zucker ရဲ့ You were good to me

အကိုက ကျွန်​တော်ထိုင်သည်နှင့် ကျွန်​တော့်​ရှေ့မှာ ​နေရာယူသည်
ထို့​နောက် တဖြည်းဖြည်းချင်း သံစဥ်နဲ့အညီ ခန္ဓါကိုယ်ကို ​ပျော့​ပျောင်းစွာ ​လှုပ်ရှားသည်

မျက်​တောင်မခတ်ချင်​လောက်​အောင် လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းဟာ ​မှော်ဆန်စွာ အသက်ဝင်သည်
အကို့ရဲ့ ခံစားချက်​တွေအားလုံးဟာ ​ပေါက်ကွဲထွက်လာသလိုမျိုး အနုပညာတစ်ခုကို ပုံ​ဖော်​နေသည်

အကို့ရဲ့ အက ကို မြင်ရတိုင်း ရင်ခုန်ပြီး ​ပျော်ရွှင်တတ်မြဲဖြစ်တဲ့ နှလုံး​သား​လေးဟာ ဒီ​နေ့​တော့ ​သေ​လောက်​အောင် နာကျင်​နေပါ့လား

ဆည်ကျိုးသလို ကျိုးကျလာတဲ့ မျက်ရည်​တွေကို အကိုမြင်​​တော့ အကိုက လှုပ်ရှားမှု အလုံးစုံကို ချက်ချင်း ရပ်တန့်လိုက်ပြီး ကျွန်​တော့်ကို ဝမ်းနည်းစွာ​ငေးကြည့်​သည်

"အကို! အကို!! "

ကျွန်​​တော့်​ရှေ့မှာ ​ဘောင်းဘီစ​လေးနှစ်ဖက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း ​ခေါင်းက​လေး ငုံ့ကာ က​လေး​လေးတစ်​ယောက်လို ​အော်ဟစ်ငို​ကြွေး​နေတဲ့ ကျွန်​တော့်က​လေးငယ်ဟာ ကျွန်​တော့်ရင်ဘတ်ကို အရှင်လတ်လတ် စုတ်ဖြဲ​နေသလို

က​လေးငယ်ဆီသွားပြီး က​လေးငယ်ကို ရင်ခွင်ထဲထည့်ကာ ​ပွေ့ဖက်​တော့က​လေးငယ်က ကျွန်​တော့်ခါး​တွေကို လွတ်ထွက်မသွား​နိုင်အောင် အတင်းဖက်တွယ်သည်

"မငိုပါနဲ့ က​လေးငယ်ရာ ကိုယ်ရင်​တွေ ကွဲလှပြီ"

အငိုမတိတ်တဲ့ က​လေးငယ်ဟာ ကျွန်​တော့်ရင်ခွင်ထဲမှာ ချုံးပွဲချငို​နေဆဲ
ကျွန်​တော်နှစ်သက်ရ​သော သူ့ဆံနွယ်​လေး​တွေကို ငုံ့နမ်းမိ​တော့ ကျွန်​​တော်နဲ့တူ​သော ရှမ်ပူနံ့သင်းသင်း​လေးကို ရသည်

အချိန်အ​တော်ကြာမှ အငိုတိတ်တဲ့ က​လေးငယ်ဟာ ကျွန်​တော့်ကို ရင်ခွင်ထဲက​နေ ​​မော့ကြည့်ရှာသည်

မြတ်နိုးရတဲ့ က​လေးငယ်ဟာ မျက်လုံး​တွေ​ရော နှာထိပ်​လေး​တွေပါ ရဲတွတ်လို့

​မျက်ရည်စ​လေး​တွေကို ကျွန်​တော် သုတ်ဖယ်​ပေး​​တော့ က​လေးငယ်ရဲ့ မျက်လုံးအိမ်​လေး​တွေဟာ တစ်ဖန်ပြန်ပြည့်လျှံလာပြန်သည်

"​မငိုပါနဲ့​တော့ က​လေးငယ်ရယ် ​​ခေါင်း​တွေမူးလိမ့်မယ်​လေ"

လိမ္မာတဲ့ က​လေးငယ်ဟာ မျက်ရည်စ​တွေကို ပြန်သိမ်းပြီး ကျွန်​တော့်ကို ​ငေး​မောသည် ခါး​နှစ်ဖက်က သူ့လက်​တွေကိုလည်း မလွတ်တဲ့အပြင် ပိုတင်းကာ ဖက်တွယ်ထား​သေးသည်

"အကို..
ကျွန်​တော် အကိုနဲ့ တကယ်မခွဲနိုင်ဘူးထင်ပါတယ်"

ကျွန်​တော် က​လေးငယ်ခေါင်း​လေး​တွေကို ပွတ်​ပေး​ဖြစ်သည်

"အချိန်​တွေ ကုန်သွားရင် ကိုယ့်ကို ​မေ့နိုင်လာမှာပါ"

"မ​မေ့နိုင်ရင်​ရော?"

ကျွန်​တော် သက်ပြင်းတစ်ချက်ချရင်း ခါး​ပေါ်က က​လေးငယ်ရဲ့ လက်​ကလေး​တွေကို ဖယ်ကာ က​လေးငယ်ရှေ့ ဒူး​တစ်ဖက်​ထောက်ကာ ထိုင်ချလိုက်သည်

"မ​မေ့နိုင်လည်း ​မေ့ရမယ် က​လေးငယ် မဆိုးစမ်းပါနဲ့"

က​လေးငယ်က ကျွန်​တော့်ကို စူးရဲစွာကြည့်သည်
ကျွန်​တော့်စကား ပြတ်ပြတ်မှာ က​လေးငယ်မျက်ဝန်းထဲမှာ ​ဒေါသ အနည်းငယ်ဖြတ်​ပြေးသွား​ပေမယ့် မကြာလိုက် ဝမ်းနည်းမှုအဖြစ်​ပြောင်းသွားပြန်သည်

"အကိုက အမြဲအဲ့လိုပဲ"

"​တောင်းပန်ပါတယ်"

"မ​တောင်းပန်စမ်းနဲ့အကို ...
အကိုက အမြဲပဲ ကျွန်​တော့်ကို အနိုင်ယူ​​​နေတာ"

အကိုက ကျွန်​တော့်လက်နှစ်ဖက်ကို ​နွေး​ထွေးစွာ ဆုပ်ကိုင်သည်
ကျွန်​တော် ရုန်းလိုက်ချင်​ပေမယ့် ခန္ဓါကိုယ်တို့က ကျွန်​တော့်ဆန္ဒနဲ့ ဆန့်ကျင်စွာ ငြိမ်သက်သည်

"​ပြောစရာစကားမရှိပါဘူး"

"အကို့ကို နောက်ဆုံးတစ်ခါ ကျွန်​​တော်​မေးမယ်"

"....."

"ကျွန်​တော့်ကို မ​ရွေးဘူးဆိုတာ ​သေချာပြီလား?"

က​လေးငယ်ရဲ့ မျက်လုံး​တွေဟာ ​ကြောက်ဖို့​ကောင်း​လောက်​အောင် ​ကန်ရေပြင်ပမာ တည်ငြိမ်​နေသည်

"အင်း"

ကျွန်​တော်​လေးလံစွာ ​ခေါင်းညိမ့်ပြ​တော့ က​လေးငယ်ဟာ အဓိပ္ပါယ်​ဖော်မရတဲ့ အပြုံးတစ်ပွင့်ကို တပ်ဆင်သည်

"​ကောင်းပြီ​လေ အကို ..
အကို့​ရွေးချယ်မှုကို တစ်သက်လုံး ​နောင်တ​ရ​​​နေအောင်လုပ်ပြီး အကို့ကို ကျွန်​တော်အနိုင်ယူပြမယ်"

အကိုက ကျွန်​တော့်လက်နှစ်ဖက်ကို ပူးကာကိုင်ပြီး သူ့နှုတ်ခမ်းနဲ့ အချိန်အတန်ကြာအထိ ထိကပ်ထားသည်
ပြီး​နောက် ခပ်တိုးတိုး​​လေသံနဲ့ ဆိုသည်

"က​လေးငယ် ကိုယ့်ကို မနိုင်ပါဘူး"

............................................................

ကျွန်​တော်တို့ ထိုအိမ်က ထွက်လာ​ကတည်းက စကားတစ်ခွန်းမှ မ​ပြောဖြစ်ကြပါ
​အကိုရော ကျွန်​တော်ပါ အသံတိတ်စစ်ပွဲကို ဆင်နွဲသည်

တကယ်တမ်းဆို အကိုနဲ့ ​နောက်ဆုံးရက်မှာ ဒီလို ညို့မှိုင်းမှိုင်းမ​နေချင်တာအမှန်

အကိုဆိုသည်မှာလည်း ကျွန်​တော့်ကို ​'ခေါင်းမာတယ်' တာ ​ပြော​ပြော​နေတာ တကယ်တမ်း ပို​ခေါင်းမာတာ သူဆိုတာ မသိတာလား မသိချငိ​ယောင်​ဆောင်​နေတာလားပဲ

​ကား​ပေါ်က​နေ ဟိုတယ်​ရောက်တဲ့အထိ စကားတစ်ခွန်းမဆိုတဲ့ အကို့ကို elevator ထဲ​ရောက်​တော့ ကျွန်​တော် အမြင်ကပ်စွာ မျက်​စောင်းနဲ့ စိုက်ကြည့်​နေလိုက်​သည်

"အကိုက လွန်လွန်းတယ်မဟုတ်လား?"

အကိုက ကျွန်​တော့်စကားသံကိုကြားမှ ​ခေါင်းလှည့် ကြည့်သည်

"ဘာကိုလဲ?"

ကျွန်​တော် စိတ်တိုတိုနဲ့ အကို့ရဲ့ ဝမ်းဗိုက်ကို ခပ်နာနာထိုးလိုက်​​တော့ အကိုက ဗိုက်ကိုကိုင်ပြီး အားခနဲ ​အော်သည်

"အားနဲ့ထိုးရလား Soobin ရဲ့"

အချိန်ကိုက်ပွင့်လာတဲ့ Elevator ​ကြောင့် ကျွန်​​တော်ခပ်မြန်မြန် Elevator ကဆင်းလိုက်ပြီး အကို့ကို လျှာထုတ်ကာ ​ပြောင်ပြလိုက်သည်

အကိုက ဟက်ဟက်ပက်ပက်ရယ်ရင်း ကျွန်​​တော့်​​နောက်ကို ​ပြေးလိုက်ကာ လက်ကို ဆွဲသည်

"ခဏ​​လေး​နေပါဦး က​လေးငယ်ရဲ့"

"ဘာလဲ?ကျွန်​​တော့်ကို သိလို့လား?"

အကိုက ကျွန်​တော့်ပါးတစ်ဖက်ကို လျပ်တပြက်နမ်းကာ ပြုံးသည်

"စိတ်ဆိုး​နေတဲ့ ကိုယ့်​က​လေးငယ်က သိပ်ချစ်ဖို့​ကောင်းတာပဲ"

"​တော်လိုက်စမ်းပါ ချွဲ​ယောန်းဂျွန်ရှီ ..
ဒီ​လောက်နဲ့​ပျော့မယ်ထင်ရင်မှားသွားမယ်"

အကိုက တဟဟရယ်ရင်း ​ခေါင်းငြိမ့်ပြသည်

"ဟုတ်ပါပြီ.. ကိုယ်မှားပါတယ်"

"သိရင်ပြီးတာပဲ"

အကိုက ရယ်သည်
ထို့​နောက် ကျွန်​​တော့်နားရွက်နားကပ်ရင်း ​လေတိုးသံသဲ့သဲ့နဲ့​ပြောသည်

"ခဏ​နေ ကိုယ့်အခန်းထဲကို လာခဲ့နိုင်မလား?"

ကျွန်​တော့် တစ်ကိုယ်လုံး လျှပ်စစ်နဲ့တို့လိုက်သလို ကျင်တက်ရသည် အထူးသဖြင့် နှလုံးသားက မခံနိုင်စွာ အရည်​ပျော်ကျသည်

က​လေးငယ်က အသည်းယားစရာ​ကောင်း​လောက်​အောင် မျက်လုံးပြူးပြူး​လေး​တွေနဲ့ အံ့သြတကြီး ကျွန်​တော့်ကို ကြည့်သည်

"ဘာ ဘာ လုပ် ဖို့ လဲ?"

အလန့်တကြားဖြစ်​နေတဲ့ က​လေးငယ်ကို စ​နောက်ချင်စိတ်က ပိုလာရတာနဲ့ က​လေးငယ်ရဲ့ ​ပျော့အိအိ ပါးနုနုက​လေးကို ဆွဲညစ်လိုက်သည်

"ဪ ညစာစားဖို့ပါ room service မှာထားလို့"

က​လေးငယ်ဟာ ပါးမို့မို့​လေး​တွေ​ရော နားရွက်​​လေးတွေပါနီတက်လာကာ ကျွန်​​တော့် ဒူး​ခေါင်းကို အားနဲ့ကန်ဖို့လုပ်​​ပေမယ့် ကျွန်​တော် အချိန်မှီ​ရှောင်လိုက်နိုင်တာ ​တော်​သေးသည်

တဟားဟားရယ်လိုက်ပြီး ​ဒေါသ​ကြောင့် အနည်းငယ်ဆူထွက်​နေတဲ့ နှုတ်ခမ်းပါး​လေးကို လစ်ကနဲသုံး​ဆောင်လိုက်​တော့ က​လေးငယ်က မျက်​စောင်းပစ်သည်

"လာခဲ့​နော် ကိုယ်​စောင့်​နေမယ်"

​ခေါင်း​လေးကို ပုတ်​ပေးပြီး သူ့အခန်းထဲ သူဝင်သွားတဲ့ အကို့ကို ကြည့်ရင်း ကျန်ရစ်ခဲ့သူရဲ့ ရင်ဘတ်က​တော့ လိပ်ပြာ​တွေပျံဝဲ​နေလို့

....................................................

TBC

..................................................

Zawgyi ver





"အကို"

"ဟင်?"


"စိတ်ချပါ က​လေးငယ်​ရယ်"




"လျှို့ဝှက်ချက်"


"သ​ဘောကျတယ်"

"ဘာကိုလဲ?"









ကျွန်​တော် ခက်ခဲစွာ အပြုံးတစ်ခုကို တပ်ဆင်လိုက်ရင်း က​လေးငယ်ဆီသွားသည်

............................................................


"ဒါက ဘယ်​နေရာလဲဟင်?"



"အကို?"





တဝဲဝဲ ပျံသန်း​နေ​သော ဇင်​​​ယော်ငှက်​တွေဟာလည်း ​​တောက်ပလှ​သော နေမင်းလုံးကြီးကို ဝန်းရံကာ ကခုန်​နေကြသည်








ဆည်ကျိုးသလို ကျိုးကျလာတဲ့ မျက်ရည်​တွေကို အကိုမြင်​​တော့ အကိုက အနုပညာဖန်တီး​နေမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး ကျွန်​တော့်ကို ဝမ်းနည်းစွာ​ငေးကြည့်​သည်

"အကို!! အကို "




အငိုမတိတ်တဲ့ က​လေးငယ်ဟာ ကျွန်​တော့်ရင်ခွင်ထဲမှာ ရှုံးပွဲချငို​နေဆဲ









"မ​မေ့နိုင်ရင်​ရော?"




"အကိုက အမြဲအဲ့လိုပဲ"

"​တောင်းပန်ပါတယ်"





"....."



"အင်း"


"​ကောင်းပြီ​လေ အကို ..



............................................................







"ဘာကိုလဲ?"












"သိရင်ပြီးတာပဲ"

အကိုက ရယ်သည်




"ဘာ ဘာ လုပ် ဖို့ လဲ?"







....................................................

TBC


















You are reading the story above: TeenFic.Net