12

Background color
Font
Font size
Line height

Unicode Ver

*Vibrate*

တိတ်ဆိတ်​နေတဲ့ အခန်းငယ်​လေးမှာ တုန်ခါလာတဲ့ ဖုန်း​သံက ကျယ်ကျယ်​လောင်​လောင်

စားပွဲ​ပေါ်က မြည်လာတဲ့ဖုန်းကို လှမ်းယူလိုက်ရင်း အိပ်စက်​နေတဲ့ က​လေးငယ်ကို တစ်ချက်ကြည့်မိ​သည်

အရင်က အသံ​သေး​သေး​လေး​တွေ​ကြောင့်​တောင် နိုးတတ်တဲ့ အအိပ်ဆက်​သော က​လေးငယ်ဟာ​ ယခုအခါ​တော့ မလှုပ်မရှား ငြိမ်သက်လို့

YeonJun သက်ပြင်းတစ်သက်ကို ​လေး​လေးလံလံ ချလိုက်ပြီး ဖုန်း screen မျက်နှာပြင်ထက်က အစိမ်း​ရောင် ဖုန်း​ call ​လေးကို ဆွဲလိုက်တယ်

"Hello"

"Hello..
YeonJun ဒီ​နေ့ည​​နေ အပြင်မှာခဏဆုံရ​အောင်​လေ ​ငါပြောစရာလည်းရှိလို့"

YeonJun အပြင်ထွက်ချင်စိတ်မရှိ​ပေမယ့် တစ်ဘက်လူက သူငယ်ချင်း TaeHyun ဖြစ်​နေတာ​ကြောင့် သူလိုက်​လျော​ပေးဖို့ ဆုံးဖြတ်လိုက်တယ်

"​အင်း ရတယ်​​လေ ဘယ်မှာဆုံမှာလဲ?
BeomGyu ဘားမှာပဲလား?"

"​အေ အဲ့မှာပဲဆုံကြတာ​​ပေါ့
ည​နေကျ ငါတစ်ခါဖုန်းပြန်​ခေါ်မယ်​လေ"

"အင်း အင်း"

"ဒါဆို အဲ့မှာ​တွေ့ကြတာ​ပေါ့"

တီခနဲ ပြတ်​တောက်သွားတဲ့ ဖုန်းလိုင်းမှာ YeonJun ဖုန်းကို ​အိတ်ကပ်ထဲထည့်လိုက်တယ်

"ကိုယ် ည​နေအပြင်ခဏသွားဦးမယ်​နော်
ကိုယ်မရှိလို့ အထီးကျန်မ​နေနဲ့ဦး"

ကုတင်ထက်က ​ကောင်​လေးရဲ့ လက်ကလေးတစ်ဖက်ကို အနမ်း​ချွေ​တော့ အနည်းငယ်လှုပ်ရှားသွားတဲ့ မျက်ခွံလေးတစ်စုံ

အနမ်း​ချွေ​နေတဲ့ ​ကောင်​လေးက​တော့ သတိမထားမိခဲ့​​ပေမယ့်​ပေါ့

....................................

ရင်းနှီး​နေတဲ့ ဘား​လေးကို ဝင်လိုက်တာနဲ့ ခါတိုင်းလို ​တေးသီချင်း ငြိမ့်ငြိမ့်က ဆိုင်​လေးအတွင်းပျံ့လွင့်​နေတယ်

ယမကာအနံ့ပြင်းပြင်းနဲ့အတူ ​ရောယှက်​နေတဲ့ Air Freshener က လာဗန်ဒါနံ့သင်းသင်း
ပြောင်းလဲမှု တစ်စုံတစ်ရာမရှိတဲ့ ဒီ​နေရာ​လေးက စိတ်​အေးချမ်းမှုကို ​ပေး​နေတုန်းပဲ

မလာဖြစ်တာကြာ​ပေမယ့် ဝန်ထမ်း​လေး​တွေက​လည်း သူ့ကို​တွေ့ရင် မ​မေ့မ​လျော့ နှုတ်ဆက်ကြ​သေးသည်

​YeonJun ဆိုင်​လေးရဲ့ အတွင်းထဲထိဝင်သွားမှ ​ထောင့်စားပွဲ​လေးမှာ ထိုင်​​နေတဲ့ TaeHyun ကို​တွေ့ရသည်
TaeHyun က သူ့ကို​တွေ့​တော့ လက်လှမ်းပြတယ်
သူ ပြုံးပြလိုက်ရင်း TaeHyun ရဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တယ်

"ဘယ်လိုလဲ အ​ခြေအ​နေ?"

"ဒီလိုပါပဲ...မင်း​​ရော?"

အနားကို​ရောက်လာတဲ့ စားပွဲထိုး​လေးကို မှာ​နေကျ အတိုင်းပဲ လက်တစ်​ချောင်း​ထောင်ပြလိုက်​တော့ စားပွဲထိုး​လေးက အကင်းပါးပါးနဲ့ စကားဝိုင်းကို ဝင်မရှုပ်​တော့ပဲ ပြင်စရာရှိတာ သွားပြင်​တယ်

"​ကောင်းပါတယ်"

"BeomGyu ဆီက​​ရော သတင်းရ​သေးလား?"

"​အေ ဟိုတ​လောကပဲ နိုင်ငံရပ်ခြား​တွေသွားပြီး ယမကာအ​ကြောင်း​လေ့လာ​​နေတာ အ​မေရိကားကို ​ရောက်​တော့ Huening ဆီလာလည်သွား​သေးတယ်တဲ့"

YeonJun ​ခေါင်းတဆက်ဆက်ငြိမ့်ကာ ပြုံးလိုက်ပြီး စားပွဲထိုး​လေး လာချ​ပေးသွားတဲ့ အရက်ခွက်ကို ​တစ်ငုံမော့လိုက်တယ်

"Huening ​ရော အဆင်​ပြေ​နေတယ်မလား?"

"​ပြေပါ့ SooBin အ​ကြောင်း​တော့ ခဏခဏ​​မေး​နေတယ်"

အနည်းငယ် တိတ်ဆိတ်သွားတဲ့ စကားဝိုင်း​မှာ YeonJun ​က ခပ်​ရေး​ရေးသာပြုံးသည်

"ဆူဘင်း​ရော အ​ခြေအ​နေ?"

ကျွန်​​တော်​ခေါင်းခါပြ​တော့ Taehyun က သက်ပြင်းချသည်
နှစ်​တွေကြာသွားလည်း က​လေးငယ်ရဲ့ နာမည်ကိုကြားရရင်​တောင် ရင်ဘတ်ကနာကျင်ရတုန်း
ကျွန်​တော် ဟန်​​ဆောင်ကာလုပ်ပြုံးဖြစ်သည်

"မင်းနဲ့ Huening ​ရော ဘယ်လိုလဲ?"

"​အေ ​ကောင်းပါတယ်"

ကျွန်​တော် သ​ဘောတကျပြုံးမိ​တော့ Taehyun ကလည်းပြုံးသည်

"Huening က မင်းကို​တောင်​မေး​နေ​သေးတယ်"

"ဘာတဲ့လဲ?"

"YeonJun Hyung ​ရော အဆင်​ပြေရဲ့လား​ပေါ့"

"သတ်ပစ်မယ်ဆိုပြီး ကျိန်းတဲ့​ကောင်​လေးဘယ်​ရောက်သွားလဲလို့ ​မေးလိုက်ပါဦး"

ကျွန်​တော့်စကားကို Taehyun က နှစ်နှစ်ခြိုက်ခြိုက်ရယ်သည်

"ဒါနဲ့ မင်း​ပြောစရာရှိတယ်ဆိုတာ ဘာလဲ?"

TaeHyun က ခဏတာ ​တွေ​ဝေသွားပြီးမှ စားပွဲ​ပေါ်က သူ့အရက်ခွက်ကို တစ်ကျိုက်တည်း​မော့ပစ်လိုက်တယ်

"ငါ အ​မေရိကားကို သွား​တော့မလို့"

​လေးလံသွားတဲ့ စိတ်မှာ ကျွန်​တော်ဟာ TaeHyun ကို အားကိုးနေမိ​ကြောင်း ပထမဆုံး သိလိုက်ရသည်
အမှန်အတိုင်း​ပြောရရင် အခု ကိုးရီးယား​မြေမှာ မှီခိုစရာဆိုလို့ TaeHyun တစ်​ယောက်ပဲရှိသည်​လေ

YeonJun စိတ်ထဲက မပါတဲ့ အပြုံးတစ်ပွင့်ကိုတပ်ဆင်လိုက်တယ်

"​ကောင်းပါတယ်
Huening ဆီလိုက်သွားမလို့မလား?"

"အင်း"

TaeHyun က YeonJun ရဲ့ ဟန်​ဆောင်မှုကို ရိပ်မိပုံ​ပေါ်တာ​ကြောင့် အားနာစွာ ပြုံးတယ်
တကယ်ဆို TaeHyun လည်း BeomGyu ပြန်လာမှ သို့မဟုတ် SooBin နိုးလာမှ သွားဖို့အစီအစဥ်ဆွဲထားတာ
အခု​တော့ BeomGyu ကလည်း နိုင်ငံရပ်ခြား​လျှောက်သွားရတာ ​တော်​တော်​သ​ဘော​တွေ့နေပုံရပြီး ကိုးရီးယားကို ပြန်လာဖို့ စိတ်ကူးမရှိ​သေးပုံ​ပေါ်ပါတယ်

SooBin ..
SooBin က​တော့ ထင်ထားတာထက် အကြာကြီး အိပ်​ပျော်​နေပြန်တယ်

ဟိုတ​ကောင့်သား​လေး Huening Kai ကလည်း တစ်​နေ့တစ်​နေ့လွမ်းလို့ ဂျီတိုက်​နေတာနဲ့
ကိုယ်တိုင်ကလည်း တ​ကောင့်သား​လေးကို ​တွေ့ချင်​နေတာနဲ့

အ​ကြောင်းအမျိုးမျိုး​ကြောင့် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချလိုက်ရခြင်းသာ

"​ဆေားရီး​နော် YeonJun"

YeonJun က ​ခေါင်းကို ဖြည်းဖြည်း​လေး ခါရမ်ယလိုက်ရင်း ရယ်သည်

"မဟုတ်တာ မင်းငါ့ကို အားနာစရာမလိုပါဘူး
မင်းတို့​ အချိန်​တွေကို ယူထားမိလို့သာ ငါကအားနာရမှာ"

TaeHyun က အပြုံး​ရေး​ရေးကို တပ်ဆင်လိုက်တယ်

"မင်းတို့လက်ထပ်ဖြစ်ရင်သာ ငါ့ကို ဖိတ်ဖို့မ​မေ့နဲ့ဦး"

Taehyun က တစ်ချက်​တွေ​ဝေသွားပြီးမှ တဟားဟားရယ်သည်

"မဖြစ်နိုင်တာ​တွေ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

"ငါတို့နှစ်​ယောက်လုံးက ​ယောကျာ်း​လေး​တွေ​လေ ဘယ်လိုဖြစ်နိုင်မှာလဲ"

"မင်းအ​တွေး​တွေက ဒိတ်​အောက်​နေပြီပဲ"

YeonJun ရဲ့ စကားကို TaeHyun က မ​ကျေမနပ် မျက်​မှောင်ကြုံ့သည်

"မင်းကပဲ ​ပြောရတာရှိ​သေးတယ်"

TaeHyun ရဲ့ စကားနာပြန်ထိုးမှုမှာ YeonJun အရိုက်ထိသွားတာ​ကြောင့် ​တဟားဟား ရယ်​မောလိုက်မိသည်

"​အေပါ မင်းပဲ​ပြောပါ​တော့"

"တကယ်​တော့ ငါလည်း စဥ်းစား​နေတာ
Huening က ဟိုတစ်ခါက ငါ့ကို ​မေးသေးတယ်"

"လက်ထပ်ဖို့ကိုလား?"

TaeHyun က သက်ပြင်းတစ်ချက်ကို ချပြီး ​လေးလံစွာ "​အေ" ကနဲ တိုတုတ်တုတ်အ​ဖြေကို​ပေးသည်

"အဲ့​တော့ မင်းကဘာပြန်​ပြောလိုက်လဲ?"

"ရူး​နေလား လို့ ​ပြောလိုက်တယ်"

YeonJun ​သောက်လက်စ အရက်ပါ သီးချင်သွားရသည်

"မင်းတကယ်အဲ့လို​​ဖြေလိုက်တာလား?"

"​အေ"

YeonJun  ​စိတ်ပျက်လက်ပျက် ခေါင်းကိုခါရမ်းမိသည်

"မင်းက အရူးပဲ
Huening Kai ​တော့ သနားပါတယ် ​ကြေကွဲသွားရှာမှာ"

TaeHyun က တင်္ဒဂတိတ်ဆိတ်သွားပြီးမှ မျက်ခုံးတို့ကို တွန့်ချိုးလိုက်သည်

"ငါက အတည်​ပြောတာမဟုတ်ဘူးလို့ ထင်​​နေတာကို"

"သူကဘယ်လို​ပြောလို့လဲ?"

"ဟို....အင်.. ဘယ်လို​ပြောရမလဲ"

TaeHyun က ပါး​လေး​တွေ နီတက်လာပြီး လည်ကုတ်ကို ဟိုပွတ်ဒီပွတ်လုပ်ရင်း ​ပြောရခက်မ​ပြောရခက် မူ​နေ​သေးသည်

"မြန်မြန်​ပြောစမ်းပါ
Kang TaeHyun ရယ် ​စျေးကိုင်​နေ​သေးတယ်"

"မင်း မရယ်ရဘူး​နော်"

"​အေပါ မရယ်ပါဘူး"

"ဟို...ငါနဲ့ သူ့တစ်ဘဝလုံးကို အတူတူကုန်ဆုံးချင်တယ်
သူ့ကို လက်ထပ်ပါလားတဲ့"

YeonJun ရင်ထဲ ယွစိစိဖြစ်လာကာ သူ့နှုတ်ခမ်းကပါ အလိုလို ပြုံးဖြီးဖြီးဖြစ်ချင်လာသည်
နှာရည်တရွှဲရွှဲ အဲ့ Huening Kai က ​​တော်​တော် အရွယ်​​ရောက်လာတာပါလား?"

ကျ​ရောက်လာတဲ့ TaeHyun ရဲ့ အကြည့်စူးစူး​ကြောင့် YeonJun ပြုံးစိစိဖြစ်ချင်​နေတဲ့ မျက်နှာကို အမြန်ပြန်တည်လိုက်ရသည်

"အဲ့ဒါကို မင်းက ရူး​နေလား လို့ပြန်​​ပြောလိုက်တယ်​ပေါ့"

"​အေ ငါမှားသွားပြီလား"

"ဪ Kang TaeHyun ရယ် အကြီးကြီးကိုမှားတာ"

TaeHyun က သက်ပြင်းတစ်ချက်ကို ကြာကြာ​ညောင်း​ညောင်းချလိုက်တယ်

"အဲ့ဒါ​ကြောင့် အဲ့တုန်းက Huening စိတ်​ကောင်သွားတာကို"

"အတည် ဆိုတာ သိရင်​ရော မင်းအ​ဖြေက​ပြောင်းလဲမှာလား?"

ကျွန်​တော့်စကားမှာ TaeHyun အ​တော်အတန်ကြာ​အောင် ​တွေ​ဝေရင်း ငြိမ်သက်သွားတယ်

"ဘာဖြစ်လို့​တွေ​ဝေ​နေတာလဲ
သူများအမြင်ကြောင့်လား?"

Taehyun က နှုတ်ဆိတ်​ရင်း ဝန်ခံသည်
YeonJun အားမလိုအားမရ ​လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ်

"Taehyun nah.. သိပ်ပြီး မ​တွေ​ဝေပါနဲ့
မင်းလုပ်ချင်တာကိုပဲ လုပ်ပါ
မင်းအတွက် ပတ်ဝန်းကျင်နဲ့ Huening ဘယ်ဟာကပိုအ​ရေးကြီးလဲ?"

"Huening Kai"

Taehyun က တိုးတိတ်စွာအ​ဖြေ​ပေးသည်

"ဒါဆို အ​ဖြေကရှင်းရှင်း​လေး
အချိန်လွန်မှ ​နောင်တရမယ့် အလုပ်မျိုးကို မလုပ်နဲ့ Taehyun.. "

"အင်း"

Taehyun က ကျွန်​​​တော့်ကို ပြုံးကြည့်ရင်း ​ခေါင်းညိမ့်ပြသည်

နောင်တ​တွေက အသက်ဆက်မရှင်ချင်​လောက်​အောင် နာကျင်တာကို ကျွန်​တော်တစ်​ယောက်တည်း သိရရင် လုံ​လောက်ပါပြီ​

...................................................

Taehyun နဲ့​​တွေ့ပြီး​​တော့ က​လေးငယ်ရှိရာ ​ဆေးရုံဆီကို သုတ်​ခြေတင်ရပြီ
က​လေးငယ်ကို တစ်​ယောက်တည်းထားခဲ့မိတာ ကြာပြီ​လေ

ညနက်​နေပြီဖြစ်​သော်လည်း ​ဆေးရုံအတွင်းမှာ​​တော့ မီး​ရောင်​တွေ​ကြောင့် မနက်ခင်းအလား လင်းချင်း​နေသည်

ရင်းနှီး​နေပြီဖြစ်​သော ညဂျူတီကျ သူနာပြုများက​ကောင်တာက​နေ ကျွန်​တော့်ကိုပြုံးပြရင်း နှုတ်ဆက်သည်

​မြေပုံကြည့်စရာမလို​သော လမ်းများကို အကျွမ်းတဝင် ​ကွေ့ပတ်​လျှောက်လာပြီး​နောက် က​လေးငယ်ရဲ့ အခန်း​ရှေ့ကို ​​ရောက်လို့လာပြီ

ဝင်​နေကျအခန်းငယ်​လေး​ပေမယ့် ဝင်မည့်အချိန်တိုင်း တွန့်ဆုတ်​နေမိတာ​တော့ အပြစ်မကင်းမှု​တစ်စုံကြောင့်

အခန်းထဲမှာ​တော့ ကုတင်​ထက်က ကျွန်​တော့်က​လေးငယ်ဟာ ​ကြွေရုပ်​လေးတစ်ရုပ်လို ငြိမ်သက်​နေဆဲ

ကျွန်​တော် ကုတင်​လေးထက်က က​လေးငယ်နံ​ဘေးမှာမှာ ဝင်ထိုင်လိုက်ပြီး က​လေးငယ်လက်က​လေး​ကို ဆုပ်ကိုင်လိုက်သည်

"ကိုယ်ပြန်​ရောက်ပြီ​နော် က​လေးငယ်"

က​လေးငယ်ရဲ့ ပါး​လေးတစ်ဖက်ကို ငုံ့နမ်းဖို့ပြင်လိုက်​ပေမယ့် ယမကာ အနံ့ပြင်းပြင်းစွဲသွားမှာစိုးသည်​​ကြောင့် လမ်းတစ်ဝက်မှာပဲ ရပ်တန့်ဖြစ်သည်

"အာ အရက်နံ့​တွေနံသွားလား က​လေးငယ်
​ကိုယ်​တောင်းပန်တယ်​နော်"

က​လေးငယ်ရဲ့ နဖူး​လေး​ထက်မှာ ဝဲကျ​နေတဲ့ ဆံနွယ်​လေး​တွေကို သူယုယုယယ ဖယ်ရှား​ပေးလိုက်တယ်

"ဒီ​နေ့ TaeHyun နဲ့​တွေ့ခဲ့တယ်
TaeHyun လည်း အ​မေရိကားကို​သွား​တော့မယ်တဲ့"

တိတ်ဆိတ်မှု​တွေကြားမှာ အထီးကျန်မှုက ရင်ဘတ်ထဲပြည့်လျှံလို့

"ကိုယ်ချစ်တဲ့ လူ​တွေက ကိုယ့်ကို အကုန်ထားခဲ့ကြပြီ"

က​လေးငယ်ရဲ့ ​အေးချမ်းလှတဲ့ မျက်နှာ​လေးဆီကို ငုံ့ကာကပ်သွားမိရင်း မြတ်နိုးရတဲ့ ကလေးငယ်ရဲ့ မျက်နှာအစိတ်အပိုင်း​လေး တစ်ခုချင်းစီကို တ​မေ့တ​မော ​ငေး​နေမိတယ်

ကျွန်​​တော့်ကို ​ငေး​သော က​လေးငယ်ရဲ့ မျက်လုံးလက်လက်က​လေး​တွေကို မြင်ချင်လိုက်တာ..

လိုချင်တာမရရင် ရှုံ့သွားတတ်တဲ့ က​လေးငယ်ရဲ့ နှာ​ခေါင်းလုံးလုံး​လေးကိုလည်း မြင်ချင်လိုက်တာ..

သ​ဘောကျတာရှိရင် ဖြူဖြူစင်စင် အလှဆုံးပြုံးပြတတ်တဲ့ က​လေးငယ်ရဲ့ နှုတ်ခမ်း​ပါးလေး​တွေကို မြင်ချင်လိုက်တာ..

"ကိုယ် သိပ်အထီးကျန်​နေပြီ​လေ
ထပါဦးလား က​လေးငယ်ရယ်
ဒါမှမဟုတ်လည်း ကိုယ့်ကိုပါ ​ခေါ်သွားပါ​တော့လား"

ကျွန်​တော့်ရဲ့ ပြိုကျလာတဲ့ မျက်ရည်မိုးက က​လေးငယ်ရဲ့ ပါးပြင်နုနုထက်ကို အထိန်းအကွပ်မရှိ ကျ​​​​ဆင်းတယ်

ရုတ်တရက် နူးညံ့​သော လက်က​လေးတစ်ဖက်ရဲ့ အထိအ​တွေ့ဟာ YeonJun ဦး​ခေါင်း​ပေါ်သို့ တဖြည်းဖြည်းသက်ဆင်းသည်

"အ...ကို.."

တစ်လုံးချင်း အားစိုက်ယူကာ ကျွန်​တော့်ကို ​ခေါ်​နေတဲ့က​လေးငယ်ရဲ့ အသံ
ကျွန်​တော် တအံ့တသြ​ငေးမိ​တော့ အသက်ဝင်လာတဲ့ မျက်နှာလှလှ​လေးက ကျွန်​တော့်ကို နူးနူးညံ့ညံ့ ပြုံးပြ​နေရှာတယ်

"မ..ငို..ပါနဲ့"

က​​လေးငယ်ရဲ့ စကားသံတိုးတိုးဟာ ကျွန်​တော့်မျက်ရည်မိုးတို့ကို ပိုလို့သည်း​ထန်စေတယ်

က​လေးငယ်ရဲ့ အပြုံးနုနုကို ပြန်မြင်လိုက်ရတဲ့အချိန်
ကျွန်​တော်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ဖြစ်ပြီ

ဘယ်နည်းကိုပဲသုံးရသုံးရ က​လေးငယ်ရဲ့ အပြုံးတစ်ပွင့်ကို ​သေဆုံးသည့်တိုင် ကာကွယ်မယ်

................................................

TBC

Binnie ​တော့နိုးလာပါပြီ​နော်
​နောက်လာမယ့် အပိုင်း​တွေက အချို​တွေဖြစ်ဖို့များပါတယ်
​မျှော်​ပေးကြပါဦး​နော် 🥺

အားလုံးကျန်းမာ​ရေးလည်း ဂရုစိုက်ကြပါ​ 💖

.................................................

ZawGyi Ver


*Vibrate*





"Hello"

"Hello..


BeomGyu ဘားမှာပဲလား?"


"အင်း အင်း"






....................................





"ဘယ်လိုလဲ အ​ခြေအ​နေ?"

"ဒီလိုပါပဲ...မင်း​​ရော?"


"​ကောင်းပါတယ်"







"ဆူဘင်း​ရော အ​ခြေအ​နေ?"



"​အေ ​ကောင်းပါတယ်"



"ဘာတဲ့လဲ?"









"​ကောင်းပါတယ်

"အင်း"


SooBin ..



"​ဆေားရီး​နော် YeonJun"






"မဖြစ်နိုင်တာ​တွေ"









"လက်ထပ်ဖို့ကိုလား?"






"​အေ"


"မင်းက အရူးပဲ



"သူကဘယ်လို​ပြောလို့လဲ?"



"မြန်မြန်​ပြောစမ်းပါ
Kang TaeHyun ရယ် ​ဈေးကိုင်​နေ​သေးတယ်"

"မင်း မရယ်ရဘူး​နော်"

"​အေပါ မရယ်ပါဘူး"





"​အေ ငါမှားသွားပြီလား"









"Huening Kai"



"အင်း"



...................................................



















ထပါဦးလား က​လေးငယ်ရယ်


ရုတ်တရက် နူးညံ့​သော

You are reading the story above: TeenFic.Net