4 (Final)

Background color
Font
Font size
Line height

သိမ်‌ေမွ့သည့် အချစ်ပညာနှင့် နက်နဲသည့် အနမ်းဂါထာတို့၏ စိတ်ညှို့ခြင်းကိုခံလိုက်ရသော ဂျယ်ယွန်း၏ နှုတ်ခမ်းများက အတော်ကြာသည်အထိ စားသုံးခံလိုက်ရသည်။



သို့သော်လည်း ဂျယ်ယွန်းက မပျော်မရွှင်မဖြစ်မိပေ။



ဒါက သူတို့နှစ်ယောက်လုံးအတွက် ပထမဆုံးအနမ်းဖြစ်ပြီး ပြိီးပြည့်စုံခဲ့သော ထိုအနမ်းအတွက် ဂျယ်ယွန်းက ကျေနပ်နေခဲ့၏။




သို့ပေမဲ့ ဒီနေရာမှာမကျေနပ်သူတစ်ဦးရှိပါသေးသည်။



ဆောင်းဟွန်းက ဂျယ်ယွန်းအား တစ်ခါတည်း နမ်းရတာမ၀သဖြင့် နောက်ထပ် အခါခါ ထပ်နမ်းခဲ့သည်။



ဂျယ်ယွန်းက သူ့ကိုအလိုမလိုက်ဖို့လုပ်သည့်အခါ ဒီရက်တွေအတွင်း ဂျယ်ယွန်းက သူစိတ်ဆိုးအောင် လုပ်ထားခဲ့သဖြင့် ဒီအနမ်းများဖြင့် အပြစ်ပေးတာဟု ဆိုကာ ခပ်တည်တည်ဖြင့်ဆက်နမ်းနေခဲ့သည်။



အဆုံးသတ်တွင် အပြစ်သားလေး ဂျယ်ယွန်းကတော့ ညဉ့်နက်သန်းခေါင်အထိ ထိုအတိုင်း အပြစ်ပေးခံလိုက်ရတော့သည်။



တစ်ပတ်ကျော်ကြာအောင် စိတ်ဆိုးစိတ်ကောက်ကြလို့အပြိးမှာတော့ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဆင့်သို့‌ေရာက်သွားသဖြင့် ဆောင်းဟွန်း ပျော်နေခဲ့သည်။



ဂျယ်ယွန်း က သူ့ချစ်သူဖြစ်လာတယ်ဆိုသည့် အသိနှင့်ပင် ဆောင်းဟွန်း၏ ပျော်ရွှင်မှုတွေက အကန့်အသတ်မရှိ ကြာရှည်ခံနေခဲ့သည်။




ဂျယ်ယွန်း အတွက်လည်း ထိုနည်း၎င်းပါပင်။



သို့သော် သူတို့၏ဆက်ဆံရေးက အနည်းငယ် အလျှင်စလိုဖြစ်သွားကြတာကြောင့် လက်ရှိတွင် ဘယ်သူကမှမသိကြသေးချေ။



ချစ်သူအသစ်စက်စက်‌ေလးအနားမှာ ရှိနေတဲ့အခါ နေ့ရက်တိုင်းကချိုမြိန်မှု‌တွေနှင့်ပြည့်လို့နေသည်မှာ မလွဲမသွေပင်။



နောက်ဆုံးComeback ကလဲ အရမ်းကိုအောင်မြင်ခဲ့ပြီး အယ်လ်ဘမ်ကိုသန်းနဲ့ချီရောင်းချခဲ့ရသည်။



Music Show တွေမှာပဲ ဆက်တိုက် win ခဲ့ပြီးတော့ ဂုဏ်ယူစရာကောင်းစွာနှင့် promotion ကာလ ပြိးသွားခဲ့သည်။



မည်မျှပင် အလုပ်များနေခဲ့စေကာမူ သူတို့နှစ်ယောက်၏ အချစ်ကိုမထိခိုက်ခဲ့ဘဲ ပို၍သာတိုးလို့ ချစ်ခဲ့ကြသည်။



Company staff တွေကတော့ သူတို့နှစ်ယောက် ပြန်တည့်သွားပြီဖြစ်တဲ့အတွက် ၀မ်းသာနေခဲ့ကြသည်






သူတို့က ဆောင်းဟွန်းနှင့် ဂျယ်ယွန်း ချစ်သူ‌ေတွဖြစ်သွားကြတာကို မရိပ်မိဘဲ ရန်ဖြစ်ပြီး ပြန်ချစ်ကြတဲ့ သူငယ်ဂျင်းအတွဲရဲ့ ခွေးစာတွေက ပိုပြီးချိုမြိန်နေသည်ဟု တွေးမိရုံသာ။



ထိုအကြောင်းကို ပထမဆုံး ဈေးဦးပေါက်သိရှိသွားသူကတော့ မန်နေဂျာသာဖြစ်သည်။



တစ်ရက်‌တွင်‌ သူတို့နှစ်ဦး ည နှစ်နာရီကျော်တဲ့အထိ အကတိုက်
နေကြပြီး ခဏအနားယူကြချိန်တွင် ဆောင်းဟွန်းက ဂျယ်ယွန်းအား studio ကြမ်းပြင်တွင် ဖိထားပြီး နမ်းနေသည်ကို ညလယ်စာလာပို့ပေးသော မန်နေဂျာကြီးက တွေ့သွားလေသည်။



မန်နေဂျာ၏ ပထမဆုံး တုံ့ပြန်မှုကတော့ မေးရိုးကြီး အောက်ပြုတ်ကျသွားခြင်းပင်။




ဂျယ်ယွန်းက ရှက်သွားတာကြောင့် သူ့ကိုဖိထားသောဆောင်းဟွန်းအား တွန်းထုတ်ကာ ဆူပူလိုက်သည်။


ဆောင်းဟွန်းကတော့ နားရွက်များရဲနေရုံကလွဲပြီး သူဘာမှအမှားမလုပ်ခဲ့သည့်အတိုင်းနေနေခဲ့သည်။



မန်နေဂျာကတော့ အတည်ပြုစရာမလိုဘဲ သူတို့၏ ဆက်ဆံရေးကို ခန့်မှန်းနိုင်ခဲ့တာကြောင့် ပြုံးပြုံးကြီးနဲ့ ဂုဏ်ပြုစကားဆိုပေးလိုက်သည်။



လိုက်ဖက်လှသော ကောင်လေးနှစ်ယောက်ကို ကြည့်ရင်း မန်နေဂျာကြီး၏ ရင်ထဲတွင် ပီတိတွေဖြာနေကာ သူ့သားတွေကို အိမ်ထောင်ရက်သားချပေးလိုက်ရသလို ခံစားနေရသည်။




ထိုသို့ဖြင့် ‌သူတို့တွဲတာ တစ်လပြည့်သည့်အခါ ဂျယ်ယွန်းနဲ့ ဆောင်းဟွန်းက D နိုင်ငံမှာ schedule ‌ရှိတာကြောင့် အတူသွားခဲ့ကြသည်။



D နိုင်ငံရှိ အလုပ်ကိစ္စပြီးသည့်နောက် သူတို့အတွက် အရမ်းရှားပါးတဲ့ နားရက်ရတာကြောင့် ဆောင်းဟွန်းက မပြန်‌ေသးဘဲ တစ်ရက်လောက်အနားယူဖို့ ဆုံးဖြတ်လိုက်သည်။


နားရက်ရတယ်ဆိုတာကလဲ ပုံမှန်အတိုင်းဆို ဖြစ်နိုင်မှာမဟုတ်ပေမဲ့ ဆောင်းဟွန်းက သူ့ချစ်သူလေး ‌ပင်ပန်းကာ နေမကောင်းဖြစ်ချင်နေတာကို မြင်ပြီး စိတ်မသက်သာသဖြင့် company ကို အတိုက်ခံလုပ်တောင်းဆိုထားခြင်းကြောင့်ဖြစ်သည်။



ထို့ကြောင့် မန်နေဂျာဟျောင်း၏အကူအညီဖြင့် သူတို့တွင် အားလပ်ရက်နှစ်ရက်ရခဲ့‌ေလသည်။




ဆောင်းဟွန်းက "D" နိုင်ငံရဲ့ 5 Stars Luxurious Hotel ကို ဘိုကင်လုပ်ထားပြီးသားမို့ သူတို့က ဒီနေရာမှာတင် တစ်ရက်တာကိုအပန်းဖြေရင်း ကုန်ဆုံးကြလိမ့်မည်ဖြစ်သည်။



အထပ်၂၀ကျော်ရှိ ဇိမ်ခံ suite room သည် သူတို့နှစ်ဦးနားနေဖို့အတွက် တော်တော်လေး ကောင်းမွန်သည်။



ဂျယ်ယွန်းနှင့်ဆောင်းဟွန်းဟာ လက်ရှိတွင် သူတို့ငှားရမ်းထားသော private pool တွင်ရေကူးရင်း အပန်းဖြေနေကြသည်။



တစ်နှစ်ပတ်လုံးအလုပ်များနေတဲ့ Celebrity များအဖို့တော့ ယခုလို ဇိမ်ခံရင်း အပန်းဖြေရတာအတော်ကို ကျေနပ်စရာဖြစ်နေခဲ့သည်။



သူတို့နှစ်ယောက်ကလွဲလို့ ဘယ်သူမှရှိမနေဘဲ လွတ်လွတ်လပ်လပ်အနားယူလို့ရတာကြောင့် ဂျယ်ယွန်းရောဆောင်းဟွန်းပါကျေနပ်လို့နေသည်။



ရေကူးကန်‌ေဘာင်ကို မှီရင်း တန်ဖိုးကြီး‌ေသာ ဝိုင်တစ်ခွက်စီကိုကိုင်ကာ  နှစ်ဦးသားက  Cheers လုပ်လိုက်ကြသည်။



D Country ၏ သက်၀င်လှုပ်ရှား‌ေန‌ေသာ Night View အလှကို ခံစားရင်း ရေစိမ်နေရသည်မှာ အမှန်တကယ်ကိုဇိမ်ခံခြင်းပင်။


ဆောင်းဟွန်း၏ ဝိုင်က အရင်ကုန်သွားတာကြောင့် ဝ်ို‌‌င်‌ေသာက်‌ေန‌ေသာ ဂျယ်ယွန်းအား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။


ဂျယ်ယွန်းကတော့ စိုက်ကြည့်ခံနေရတာကိုမသိလိုက်ဘဲ သူ့လက်ထဲက ဝိုင်ခွက်ကို မော့သောက်လေသည်။



ဂျယ်ယွန်းက နှုတ်ခမ်းနှင့်တေ့ထားသော ဝိုင်ခွက်အား ဖယ်လိုက်သည်နှင့်တပြိုင်နက် ဆောင်းဟွန်းက ရုတ်တရက်ကြီး ရှေ့တိုးလာပြီး ဂျယ်ယွန်းခါးကို သူ့ဘက်သို့ ဆွဲယူကာ နမ်းလာသည်။



ဂျယ်ယွန်း၏နောက်ကျောက ရေကူးကန်ဘောင်နှင့် ထိကပ်နေပြီး တကိုယ်လုံးအား ဆောင်းဟွန်း၏ အုပ်မိုးခြင်းခံထားရလေသည်။


ဂျယ်ယွန်းက ရုတ်တရက်မို့လန့်သွားသည်မှာ အသေအချာပင်။



သို့သော် အသိ၀င်သွားသည့်အချိန်တွင်လည်း သူက ဆောင်းဟွန်း၏ အနမ်းအား တွန်းဖယ်မပစ်လိုက်ဘဲ ဆောင်းဟွန်း၏လည်တိုင်ကို သူ၏လက်များနှင့် ပြန်ပြီး ချိတ်တွယ်ထားလိုက်သည်။


သူတို့၏နှုတ်ခမ်းများက ထိကပ်နေပြီး ဂျယ်ယွန်း၏ နှုတ်ခမ်းများက ဆောင်းဟွန်းထံမှစုပ်ယူနမ်းရှိုက်ခြင်းအားခံလိုက်ရလေသည်


ဂျယ်ယွန်းကလဲ အနမ်းများကို အလိုအလျှောက်တုန့်ပြန်လာပြီး  မကြာမီတွင် အရှိန်တက်လာသော အနမ်းကြောင့် သူတို့၏လျှာတွေက ဆက်နွယ်ကုန်သည်။


ဂျယ်ယွန်း ခံတွင်းထဲမှ ဝိုင်များက  ဆောင်းဟွန်း၏ လျှာဖျားအတွင်းသို့ အညီအမျှပျံ့နှံ့သွားပြီး တချို့တစ်၀က်က ဂျယ်ယွန်း၏ နှုတ်ခမ်းထောင့်မှတဆင့် သေသပ်လှပသော မေးရိုးတစ်လျှောက် စီးကျလာသည်။


ဆောင်းဟွန်းက ထိုဝိုင်များကိုလဲ အလွတ်မပေးဘဲ သူ၏လျှာဖြင့် လိုက်လံကာ တစ်စက်မကျန် လျက်လိုက်ပြီးမှ သူတို့၏ အနမ်းကို ပြန်ဆက်ပြန်သည်။



မြင်ကွင်းတစ်ခုလုံးက အလွန်အမင်း ဆွဲဆောင်မှုရှိလို့‌ေနပြီး ပတ်၀န်းကျင်လေထု၏ အပူရှိန်က အလိုအ‌ေလျာက်မြင့်တက်တာတော့သည်။



နူးညံ့တလှည့် ကြမ်းတမ်းတလှည့်အနမ်းများ၊ ချိုမြ ပြင်းရှတဲ့ ဝိုင်အရသာများက ရေစိုနေတဲ့ ခန္ဓာကိုယ်များ၏အပူရှိန်ကို တရိပ်ရိပ်တိုးအောင် လှုံ့ဆော်နေသည်။



နှစ်‌ဦးသားမှာ အပေါ်ပိုင်းဗလာဖြစ်နေကြတာမို့ သူတို့၏လက်များက တခြားသူ၏ ခန္ဓာကိုယ်အနှံ့ပြေးလွှားထိတွေ့‌လို့နေကြသည်။



မီးရောင်စုံနေတဲ့ မြို့ပြကြီး၏အလှကိုနောက်ခံထားပြီး ပြာလဲ့‌‌ေန‌ေသာ ရေကန်အလယ်တွင် အလှပဆုံး ချစ်ခြင်းတစ်ခုကို ဖော်ကျူးခဲ့ကြသည်။



အစစ်အမှန်ညစာကိုမစားမီ ညစာမမည်တဲ့ ညစာအဖြစ်နှင့် ဂျယ်ယွန်း၏ နှုတ်ခမ်းများက ဆောင်းဟွန်းထံမှ အငမ်းမရစားသုံးခံလိုက်ရသည်။



ရေကန်ထဲတွင်‌ရှည်ကြာသော အနမ်းတိုက်ပွဲ၀င်ပြီးကာမှ ‌သူ့ကောင်လေး အအေးမိမှာစိုးသဖြင့်ဆောင်းဟွန်းက ရပ်လိုက်‌ေလသည်။




ထို့နောက်တွင်တော့  Hotel ခေါင်မိုးထပ်ရှိ restaurant တွင် အစစ်အမှန်ညစာကိုအတူတကွစားကြလေသည်။




သိုးသားကင်နှင့်ဝိုင်က လိုက်ဖက်ညီလို့နေပြီး ကမ်းခြေဘက်မှတိုက်ခတ်လာသော လေနုအေးလေးများက အရမ်းကို စင်ကြယ်နေသည်။


ဆောင်းဟွန်းနှင့် ဂျယ်ယွန်းက သီးသန့်စားပွဲမှာထိုင်နေတာမို့ သူတို့အနားတွင် လူသူကင်းရှင်းလို့နေသည်။



ညစာအားလုံးစားကုန်သွားပြီး ဂျယ်ယွန်းက သူ့လက်ထဲက ဓားနှင့်ခက်ရင်းကိုချလိုက်သည်နှင့် တပြိုင်နက် မျက်နှာချင်းဆိုင်မှာထိုင်‌ေနတဲ့ ဆောင်းဟွန်းကဂျယ်ယွန်း၏ လက်လေးအား ဆွဲကိုင်လိုက်သည်။



နွေးထွေးသော မီး‌ရောင်အောက်တွင် သူ့ကိုကြည့်နေတဲ့ ဆောင်းဟွန်း၏ မျက်၀န်းတွေနူးညံ့နေပုံမှာ ဂျယ်ယွန်းအားအရည်ပျော်ကျမတတ်ဖြစ်သွားစေသည်။



ဂျယ်ယွန်းက သူတို့နှစ်ဦးကြားတွင် ယခုလောက် romantic ဆန်တဲ့အ‌ေခြအ‌ေနမျုိး မကြုံဖူးတာ‌ေကြာင့် အနည်းငယ်ရှက်လို့နေသည်။



ဆောင်းဟွန်းက ဂျယ်ယွန်းလက်ကိုမလွှတ်ဘဲ ကျန်လက်တစ်ဖက်ဖြင့် သူ့အိတ်ကပ်ထဲက  လက်စွပ်ဘူးကိုထုတ်လိုက်သည်။



ဆောင်းဟွန်းက လက်စွပ်ဘူးဖွင့်လိုက်သောအခါ Couple လက်စွပ်နှစ်ကွင်းထွက်ပေါ်လာလေသည်။



ဂျယ်ယွန်းက "T" Brand နှင့်ရင်းနှီးနေသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလက်စွပ်များသည် Love and engagement ring. များဖြစ်ကြောင်းသိနေခဲ့သည်။



ဂျယ်ယွန်းကဆောင်းဟွန်းထံအကြည့်ပြန်ပို့လိုက်သောအခါ တစ်ဖက်လူက သူ့ကိုပါးချိုင့်များ‌ေပါ်သည်အထ်ိပြုံး၍ကြည့်နေသည်ကိုတွေ့လိုက်ရတာကြောင့် သူ့နှလုံးသားလေး ပြင်းပြင်းထန်ထန်လှုပ်ရှားသွားရသည်။




"ချစ်ခြင်းမေတ္တာ‌ရဲ့ အတိမ်အနက်တွေကို နားမလည်ခဲ့တဲ့ ကိုယ့်လိုလူကို ချစ်တတ်လာအောင် သင်ပေးခဲ့တာ မင်းပါပဲ

အနာဂတ်မှာလဲ မင်းကို အများကြီးချစ်ပေးချင်သေးလို့ ကိုယ့်ရဲ့ သက်ဆိုင်သူဖြစ်ပေးပါလို့ တရား၀င်ခွင့်တောင်းပါရစေ"





ဂျယ်ယွန်းက အချိုမြိန်ဆုံးပြုံးလိုက်ပြီး သူ့လက်ကိုကမ်းပေးလိုက်သည်။



တောက်ပတဲ့ဂျယ်ယွန်းအပြုံးက လှပလွန်းလို့ လမင်းကြီးထံမှ လရောင်ကိုတောင် မှေးမှိန်သွားစေနိုင်တာပဲလို့ ဆောင်းဟွန်း တွေးထင်နေခဲ့သည်။



ဆောင်းဟွန်းက လက်စွပ်ကိုယူကာ ဂျယ်ယွန်း၏ လက်သန်းလေးတွင်၀တ်ပေးလိုက်သည်။



ထို့နောက် သူက ဂျယ်ယွန်း၏ လက်ဖမိုးကို အနမ်းတစ်ချက်ပေးလိုက်သည်။



ထို့အပြင် ဂျယ်ယွန်းလက်ညှိုးမှ friendship ring နှင့် လက်သန်းမှ အသစ်စက်စက် engagement ring လေးကိုလဲ နူးညံ့စွာနှင့် တစ်ချက်စီ နမ်း‌လိုက်လေသည်။



ဆောင်းဟွန်းက ဂျယ်ယွန်း၏ Ring Finger ကိုတော့ Wedding Ring အတွက်နေရာ တမင်ချန်ထားခြင်းဖြစ်ပြီး ထို့ကြောင့်သာ ယခုလက်စွပ်ကို လက်သန်းမှာ၀တ်ပေးခဲ့ခြင်းဖြစ်သည်။



ဂျယ်ယွန်းကဆောင်းဟွန်းအား အပြန်အလှန် လက်စွပ်ကို၀တ်ဆင် ပေးလိုက်ပြီးချိန်တွင် ‌ဂျယ်ယွန်းက ဆောင်းဟွန်းလက်မောင်းများကြားပြေး၀င်လာတာကြောင့် ပွေ့ဖက်ကာစီးကြိုလိုက်ရသည်။



ဂျယ်ယွန်းက ဆောင်းဟွန်းရင်ခွင်ထဲနေ၍ ချစ်စဖွယ်မော့ကြည့်လိုက်ကာ ဆောင်းဟွန်းနှုတ်ခမ်းကို အနမ်းတစ်ပွင့်ဖြင့် ခတ်နှိပ်ခဲ့သည်။



"အများကြီးချစ်တယ် ဆောင်းဟွန်း"



"အိခုလေးကိုလဲ ကိုယ်က အများကြီး အများကြီး ချစ်တယ်"



ဂျယ်ယွန်း၏ ရယ်သံလွင်လွင်လေးက ပျံ့လွင့်လာပြီး ဆောင်းဟွန်း‌အ‌ေပြာကို သဘောကျနေမှန်းသိသာပေသည်။



သူက လက်ကိုထောင်လျက် လက်စွပ်နှစ်ကွင်းကို သေချာကြည့်လိုက်သည်။



"ဟီးဟီး  ငါတို့ရဲ့ couple လက်စွပ်နှစ်ကွင်းလုံးကို လိုင်းပေါ်မှာတင်ပြီး ကြွားကြရအောင်"



"ငကြွားလေး~လူတွေက ကိုယ်တို့အကြောင်းကိုရိပ်မိသွားမှာမစိုးရိမ်ဘူးလား"




"မစိုးရိမ်ပါဘူး ဖြစ်နိုင်ရင် ငါကတစ်ကမ္ဘာလုံးကိုတောင် ကြွားချင်‌ေသးတာ

ဘာလဲမင်းက လူတွေသိမှာကြောက်နေလို့လား"




"မဟုတ်ပါဘူး ကိုယ်ကတော့ ဖြစ်နိုင်ရင် ဂျယ်ယွန်းက ကိုယ့်အပိုင်ပါဆိုတဲ့အကြောင်းကို စကြာ၀ဠာတစ်ခုလုံးကြားအောင် အော်ပြောပစ်လိုက်ချင်တာ"



ဆောင်းဟွန်း၏ ပိုပိုသာသာအပြောတွေက ဂျယ်ယွန်းအား နောက်တခါ ရယ်မောသွားစေခဲ့သည်။



ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကြီးရဲ့ လရောင်အောက်တွင် အချစ်ငှက်ကလေးတွေက တီတီတာတာ ကျီစားလျက် ခိုးခိုးခစ်ခစ်ရယ်နေခဲ့ကြသည်မှာ လှပလွန်းသောမြင်ကွင်းလေးကို ဖြစ်‌ေပါ်နေ‌ေစခဲ့တော့သည်။







[ပြီးပါပြီရှင်]




Okey-Dokey-Yo has something to say: ဂျယ်ယွန်းလေးမွေးနေ့အတွက် ပေါ့ပေါ့ပါးပါးလေးတစ်ပုဒ်လောက် တင်ချင်လို့ ရေးဖြစ်သွားပါတယ် ဒီcelebrityအတွဲလေးကို သဘောကျတယ်ဆိုရင်တော့ Extra တစ်ပိုင်းလောက်ရှိကောင်းရှိနိုင်ပါလိမ့်မယ် ဖတ်ပေးတဲ့သူတွေအားလုံး love you all 💗


You are reading the story above: TeenFic.Net