Part 7

Background color
Font
Font size
Line height

Unicode~

"Ms. Hutch ​ပျောက်သွားလို့ဆို"

အ​နောက်က​နေ တစ်စွန်းတစ်စကြားရတဲ့အသံ​တွေ... ရုတ်ရုတ်သဲသဲလူစုဆီကပင်။
Ms. Hutch.. ခုနကတင် သူနဲ့ စကား​ပြော​​နေ​သေးတာမလား။

အ​ရှေ့က ချာတိတ်က နားမလည်သလို ပြူး​ကြောင်​ကြောင်အကြည့်နဲ့ သူ့ကို ကြည့်​နေသည်။ ဒီအကြည့်ကို သူမြင်ဖူးသည်။
ဘယ်တုန်းက မြင်ဖူးခဲ့တာပါလိမ့်၊ သူ့မှတ်ဉာဏ်အပိုင်းအစ​တွေကို ဆက်ကြည့်ရင်း အ​ဖြေရှာသည်။

ယုန်ဖြူ​လေး...ယုန်ဖြူ​လေးကို သတ်တုန်းကပင်။ ယုန်ဖြူ​လေးကို သတ်မိပြီး ​ပြောင်းလဲသွားတဲ့ အကြည့်ပုံစံ။

'သေသွားပြီလားဟင်' ဆို၍ပင် သူ့ကို ​မေးခဲ့​သေးသည်။

"ချာ..ချာတိတ်..မ မဟုတ်မှလွဲ​ရော..."

မဖြစ်ပါ​စေနဲ့...သူထင်သလို မဟုတ်ပါ​စေနဲ့ အတန်တန်ဆု​တောင်း​နေမိသည်။ ချာတိတ်ရဲ့ ပင်ကိုစိတ်​လေးက ဖြူစင်သည်။ သူ့ရဲ့ စိတ်ဒဏ်ရာကို သူကိုယ်တိုင်ထပ်တိုး​အောင်သာ မလုပ်ရင် ကုသဖို့ပိုလွယ်လိမ့်မည်။

"သူ​သေသွားပြီလားဟင်"

ချာတိတ်သူ့ခန္ဓါကိုယ်ကို ဖယ်ပြီး တစ်ခုခုကို ပြသည်။ ကိုယ့်ဆု​တောင်း မပြည့်ခဲ့ပါ။
ရင်ထဲတင်းကြပ်စွာ​သော ခံစားချက်​ကြောင့် အချိန်ပုပ်ခံလို့မဖြစ်..
ချာတိတ်​ရှေ့က Ms. Hutchရဲ့ ရုပ်အ​လောင်းကို Hutchမိသားစုဝင် ဒါမှမဟုတ် အတ္တလန်တာက မည်သူမဆိုသာ မြင်သွားမည်ဆိုလျှင်...

"ချာတိတ် ထ..ကိုယ်တို့အခု ​ပြေးမှဖြစ်မယ်"

"ဘာလို့လဲဟင် သူက အိပ်​နေတာပါ"

"နှင်းဆီရာ..။ ကိုယ့်ကို ခွင့်ပြု​နော်"

ပုံ့ပုံ့က​လေးထိုင်​နေ​သော နှင်းဆီကို ​​ပွေ့ချီပြီး ခန်းမရဲ့ အ​နောက်ခြံ​ပေါက်က​နေ ​ပြေးထွက်ရသည်။ ခန်းမ အ​နောက်​ပေါက်ရှိ လမ်းကြားက ကျဥ်းကျဥ်း​လေး လူပြတ်သည်။
လမ်း​လျှောက်ပြန်ဖို့ကလည်း အိမ်က ​ဝေးလွန်းသည်။

"ချာတိတ် ဒီမှာ ငြိမ်ငြိမ်​လေး ထိုင်​စောင့်​နေ​နော်။ ကိုယ်အ​ရှေ့​ပေါက်က​နေ မြင်းယူလာခဲ့မယ်"

​​ရွှေ​ရောင်ဆံပင်ပိုင်ရှင်​လေးက ဆံသား​လေး​တွေ လှုပ်ခတ်သွား​အောင် ​ခေါင်းညိတ်ပြသည်။
သူ့ကို ထားခဲ့ပြီး အ​ရှေ့​ပေါက်ကို တစ်​ယောက်တည်း ဒုန်းစိုင်းရသည်။ ကံ​ကောင်းချင်​တော့ Ms. Hutchကို ရှာ​ဖွေ​ရေးနှင့် ပတ်သက်ပြီး အလုပ်ရှုပ်​နေကြတာမို့ သူ့ကို ဘယ်သူမှသတိမထားမိကြ။ မြင်းညိုကြီးကို ကြိုးဖြုတ်ပြီး ခပ်သွက်သွက်စီးလာသည်။

​နောက်​ဖေးလမ်းကြားထဲက ​စိမ်းပြာ​ရောင်အကြည့်​တွေကို မမြင်ရမချင်း ရတက်မ​အေး။
Ms. Hutch ​သေဆုံးသည်နှင့် ပတ်သက်၍ သူတို့ဘာသာ ကြိုက်သလို ဆုံးဖြတ်ကြပါ​စေ ကျွန်​တော်တို့နှင့်မဆိုင်​တော့။
ချာတိတ်ကို​တော့ ဘယ်သူမှသံသယမဝင်​လောက်ဟု ထင်ရပါသည်။

"ချာတိတ်စကားတစ်ခုခု​ပြောစမ်းပါကွာ၊ ကိုယ်ရူး​တော့မယ်"

စိတ်​ဝေဒနာသည်တစ်ဦးအဖို့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကြုံပြီး စကားမ​​ပြောနိုင်ခြင်း၊ ​ကြောင်အမ်းအမ်းဖြစ်ခြင်းဆိုတဲ့ လက္ခဏာ​တွေက သိပ်ဆိုးသည်။
ကိုယ်ချာတိတ်အ​ခြေအ​နေကို ဒီ့ထက်မဆိုး​စေချင်၊...ဒါက​တော့ ချာတိတ်အတွက် ကိုယ့်ရဲ့ စိတ်ရင်းပင်။

"သူမ​သေဘူးမလားဟင်"

"အင်း...မ​သေတာမို့ တခြားအ​ကြောင်း ​ပြောရ​အောင်​နော်"

ငါး​မြောင့်ဆိုင် လမ်းဆုံက​နေ ဝါရှင်တန်လမ်းထဲ​ရောက်ဖို့က အ​သင်္ချေအသင်္ချာကြာလွန်းပါသည်။
ချာတိတ်ကို ကိုယ့်အ​ရှေ့မှာထားပြီး ရင်ခွင်ထဲ ထည့်ဖက်ထား​ပေမယ့် ချာတိတ်ခန္ဓါကိုယ်က ​အေးစက်​နေသည်။

"ဟာ သခင်​လေးတို့...သခင်​လေးက မြင်းထိန်းကြီးနဲ့ သွားတာမလား။ ဘယ်လိုလုပ် Mr. Jeon နဲ့..."

"စကားရှည်တာဗျာ...ခြံတံခါး​သော့ခတ်​တော့"

ခြံ​စောင့်ကြီးက မ​ကျေမနပ် ​ဆောင့်အင့်အင့်နဲ့ တံခါးကို ဂျိန်းခနဲပိတ်လိုက်သည်။
သခင်​လေးမဟုတ်တဲ့ တခြားလူက သူ့ကို အမိန်း​ပေး​အော်​ငေါက်​နေတာကို မ​ကျေနပ်​ကြောင်းပြသည်။

"Ms. Hutchကို ဘာလို့လဲ ချာတိတ်"

ချာတိတ်အခန်းထဲ​ရောက်မှ သိချင်တာကို ​မေးပစ်သည်။ ဒီလိုအချိန်မှာ ​မေးလို့​ကောင်း​​သော ​မေးခွန်းမဟုတ်။ သို့​ပေမယ့် သိချင်သည်။
ဒီတစ်ခါ ချာတိတ်သတ်လိုက်တာ ကြက်က​လေး ငှက်က​လေးမဟုတ်။
လှလှပပ ဂုဏ်သ​ရေရှိ အမျိုးသမီးပျို​လေးတစ်​ယောက်။

ကိစ္စက ထင်ထားတာထက် ကြီးသွားနိုင်သည်။ အခင်းဖြစ်တဲ့ ​နေရာကလည်း တကယ့်​နေရာ..။

"သတ်လိုက်ရင် လိုချင်တာရမှာ"

"ချာတိတ်!!"

​ကြောင်​တောင်​တောင်အ​​ငေးသားမျက်ဝန်း​တွေနဲ့ ​ပြော​နေတဲ့ ချာတိတ်စကားကို ကိုယ်နားမလည်နိုင်​အောင်ရှိသည်။
အဲ့စကားကိုပဲ ထပ်ခါတလဲလဲ တတွတ်တွတ်​ပြော​နေသည်။
ချာတိတ်ရဲ့ စိတ်​တွေက လက်ရှိအချိန်မှာ ရှိမ​နေပါ၊ ကျွန်​တော်မသိခဲ့​သော သိဖို့ကြိုးစား​နေ​သော တစ်​နေရာမှာ ပျံ့လွှင့်​နေသည်။

"ချာတိတ် စိတ်ထိန်းပါဦး"

"သတ်လိုက်ရင် လိုချင်တာရမှာ"

"​တော်ပါ​တော့ကွာ..."

ဒီစကားကို ဘယ်ချိန်ထိ ​ပြော​နေမယ်မသိ။ ကျွန်​တော် အရဲစွန့်ပြီး ​နွားနို့တစ်ခွက်ထဲ အိပ်​ဆေးထည့်တိုက်လိုက်သည်။
ဟုတ်တယ် အိပ်လိုက်တာနဲ့ အရာရာပြီးသွားမှာ။
ကျွန်​တော် ဒီထက်လည်း မကြံဖန်တတ်​တော့။

အိပ်​ဆေး​သောက်ပြီးချိန် မိနစ်အနည်းငယ်ကြာသည်အထိ ချာတိတ်က အဲ့စကားကို တတွတ်တွတ်ရွတ်​နေဆဲ။

သူမျက်ခွံ​တွေ​လေးပြီး မအိပ်မချင်း ကျွန်​တော့်မှာ စိတ်မ​ဖြောင့်။

ဒီအချိန် တစ်​ယောက်​ယောက်​ရောက်လာပြီး အဲ့စကားကိုသာ ကြားမယ်ဆို ပြဿနာ​တွေတက်​တော့မည်။

Taehyung အိပ်​သွားမှ Jeonသူ့အခန်းသူပြန်ခဲ့ပြီး ချာတိတ်နဲ့ ပတ်သက်တဲ့ အချက်အလက်​တွေကို စာအုပ်ထဲ ​ရေးမှတ်သည်။
____

"မြို့ထဲမှာ​တော့ တကယ်ကိုရှုပ်ယှက်ခတ်​နေတာပဲ သခင်​လေး​ရေ.."

အိမ်က ထမင်းချက် ကပ္ပလီမကြီးက ​ပြောင်းဖူးစွပ်ပြုတ်တစ်ပွဲကို စားပွဲအလယ်မှာ ချရင်း ဆိုလာသည်။
သူ့ပုံစံက သတင်းဦး သတင်းထူးကြီးကို သိရသကဲ့သို့​သော သူရဲ​ကောင်းပုံစံလို။

"ဘာလို့လဲ"

"ဪ...Ms. Hutch​လေ သခင်​လေး​တော့ သိမှာမဟုတ်ပါဘူး။ သူ့အ​ဖေက ​ဒေါက်တာHutch​လေ.. မြို့မျက်နှာဖုံး​တွေ​ပေါ့။ မ​နေ့ညက Ms. Hutch အသတ်ခံရလို့တဲ့ သခင်​လေး​ရေ..."

Taehyung​ရော Jeon​ရော ​လက်​တွေတုံ့ခနဲ့ ရပ်သွားသည်။ Jeonက ချာတိတ်ကို မသိမသာ အကဲခတ်ကြည့်သည်။
စိတ်အ​ခြေအ​နေ ပုံမှန်...သို့​သော် သူညက ဖြစ်ခဲ့တာ​တွေကို အာရုံထဲ ရှိ​​နေသည်။

ထမင်းချက်ဘွား​တော်က ပါးစပ်ရှည်လွန်းသည်၊ တကယ်တမ်းဆို သူက ချာတိတ်ကို စကားစမြည်​ပြောရမယ့်အဆင့်လား။
နည်းနည်းပါးပါး ​တွေး​​တောကြည့်ဖို့ ​ကောင်းသည်။

"ဟုတ်...ဟုတ်လား။ တရားခံ​ရော..."

"ဘာတရားခံရမလဲ သခင်​လေး​ရယ်။ အခုချိန် ဘယ်သူမှ တရားခံမရှာနိုင်ဘူး။ ပြည်တွင်းစစ်ကြီးက မနက်ဖြန်သန်ဘက်ခါ ဘာဖြစ်မယ်မသိဘူးကို ဒီလူသတ်မှုအတွက် ဘယ်​ရှေ့​​နေက အချိန်​ပေးနိုင်ပါ့မလဲ"

"အ​ဒေါ်ကြီး ကျွန်​တော့်ကို ​ပေါင်မုန့်ကင်​နောက်တစ်ချပ်​လောက်"

ထမင်းချက်ကြီးရဲ့ စကား​တွေ မလွန်လာခင် စကားဖြတ်လိုက်ရသည်။
ကပ္ပလီ​တွေများ တစ်ခွန်း​​မေးမိရင် ​ဖြေတာက ဆယ်ခွန်းမက​တော့။

"ချာတိတ် အဆင်​ပြေရဲ့လား။ ညက..."

"​တော်​တော့။ ဒါပထမဆုံး မဟုတ်ဘူး"

အံ့ကြိတ်ပြီး တိုးတိုး​ပြောကာ ထမင်းစားပွဲက ထသွားသည်။ ပထမဆုံး မဟုတ်ဘူးဆိုတာက​ရော ဘာလဲ။
နှင်းဆီရဲ့ တစ်ဖက်ခြမ်းက ခန့်မှန်းရခက်လိုက်တာ။

ကိုယ်နဲ့ မ​တွေ့ခင် မသိခင်က ချာတိတ်ဘာ​တွေလုပ်ခဲ့လဲ၊ ချာတိတ်ဘဝက ဘယ်​လို​တွေဖြစ်ခဲလဲ သိချင်သည်။
ကိုယ်တတ်နိုင်သမျှ​တော့ ဒါ​တွေသိ​အောင်ကြိုးစားဦးမည်၊ အချိန်​တွေ ကျန်ဦးမှာပါ​လေ။

ကြက်​သွေး​ရောင်ခန်းဆီးကြီးကို ပင့်ပြီး အ​ဝေးက လူကို ​ငေးကြည့်မိသည်။
Jeonက မြင်းညိုကြီးကို ရထားမှာ ချည်ယူ၍ အပြင်သွားရန်လုပ်​နေသည်။

​ဒီ​နေ့​ရော အဲ့ဒီ ဇိမ်အိမ်ဆိုတာကြီးကို သွားဦးမှာလား... ကိုယ်​ယောင်လို့​တောင်မ​တွေးရဲပင်။
ကိုယ်ဟာ Jeonကို နည်းနည်းမှမယုံနိုင်။
Jeon ကလည်း ယုံကြည်စရာ​ကောင်း​အောင်မ​နေ။

ဦး​လေး Aidenရဲ့လူဖြစ်​နေခြင်းက Jeonကို ယုံဖို့ကိစ္စတိုင်းကို ​နှောင့်​နှေး​​စေသည်။
ကုန်​လှောင်ရုံကိစ္စနဲ့ ပတ်သက်ပြီး Jeonကို မျက်နှာလွဲ​ခဲ့သည်... ဒါဟာလည်း ယုံလွန်းလို့​တော့မဟုတ်။

သို့​သော် ဇိမ်မယ်​တွေနဲ့ တွဲသွားခြင်းက​တော့ ကိုယ်​ရေးကိုယ်တာအရ ​မ​ကျေနပ်ခြင်း။
ဒါကို ဘယ်လို​ခေါင်းစဥ်တပ်တပ် တပ်နိုင်သည်။

Jeonဆီမှာ သူကလွဲပြီး အတူတွဲသွားစရာအ​ဖော်ရှိ​နေတာမျိုးဆို ​ယောကျ်ား​သော်လည်း​ကောင်း၊ မိန်းမ​သော်လည်း​ကောင်း သူမုန်း​နေသည်။

Suzan နဲ့ Joannaကို သူသ​ဘောမကျ၊ ဇိမ်အိမ်က လျှပ်ပေါ်​လော်လီတဲ့ မိန်းမ​တွေနဲ့ မတွဲ​စေချင်၊ Ms. Hutch ဆိုသူနဲ့လည်း စကားမ​ပြော​စေချင်ခဲ့။

စိတ်ထိန်းမရတဲ့အဆုံး ထိုစကားကို ပြန်ကြား​ယောင်မိသည်..
"သတ်လိုက်ရင် လိုချင်တာရမှာ" တဲ့​လေ။

ထိုစကားကိုပဲ အထပ်ထပ်ကြား​နေရင်း အခါခါ ဂါထာတစ်ပုဒ်လို ​ရေရွတ်​နေရင်း Ms. Hutchကို ဘဝကူး​ပြောင်း​စေလိုက်သည်။

'ပထမဆုံးအကြိမ်မှ မဟုတ်တာ' လို့ သူ့ကိုယ်သူအား​ပေး​နေ​ပေမယ့် အဆင်မ​ပြေနိုင်။
ဒီကိစ္စကြီး တစ်ခုလုံးက Jeonမျက်စိ​ရှေ့မှာ ဖြစ်သွားတာပင်။
Jeon သူ့ကို ဘယ်လိုထင်လိမ့်မလဲ ​တွေးပူ​နေရသည်။

အကယ်၍ သူ့ကို ရွံရှာပြီး တခြားမိန်းမ​​တွေနဲ့သာ...

ဟင့်အင်း...အဲ့လို အဖြစ်မခံနိုင်။
____

​"အစ်ကိုကြီးတို့များ အတ္တလန်တာမှာ ဟန်ကျ​နေ​ရော​နော်"

"​ဟောဗျာ...​ပြောပါဦး ကိုယ်က ဘာ​တွေများ ဟန်ကျမိလို့လဲ"

"ဟန်ကျတာ​ပေါ့... အစ်ကိုကြီးက အတ္တလန်တာက မိန်းမပျို​လေး​တွေရဲ့ အသည်းကို ဖမ်းစားဖို့လာသလား ​အောက်​မေ့ရတာကိုး"

Jeon တစ်​ယောက် အလိုက်အထိုက်ပြန်ရယ်သည်။ ညုတုတုအမျိုးသမီး​တွေနဲ့ မပတ်သက်ချင်လို့မရ... ​ခေတ်ပျက်သူ​ဌေး​တွေရဲ့ သတင်းအစုံအလင်က ဒီက အမျိုးသမီး​လေး​တွေဆီမှာရှိသည်။

တိုင်းပြည်ပျက်ချိန်မှာ ပိုက်ဆံက ရှာတတ်ရင်ရှာတတ်သ​လောက်သိပ်လွယ်သည်။ လူ​တွေအမြင်မှာသာ သိက္ခါမဲ့ချင်မဲ့မည်။ ပိုက်ဆံအရ​တော့ သိပ်လွယ်သည်၊ သိပ်မြန်သည်။

"ဒါနဲ့ အစ်ကိုကြီး အဆက်​လေးတွေ ဒီ​နေ့ အတ္တလန်တာကို လာမှဆို။ အစ်ကိုကြီး​တော့ ညီမတို့ကို ​မေ့​တော့မှာ​ပေါ့"

ကလူသံမြူသံ​လေးနဲ့ မိန်းမလှ​လေးက ချစ်စရာ။ သို့​ပေမယ့် ဒါကလည်း သမားရိုးကျဆန်လွန်းသည်။ သူ့စိတ်ကို မလှုပ်ခတ်နိုင်။

"အဆက်​​လေး​တွေ မဟုတ်ရပါဘူးဗျာ။ ကိုယ့်ညီမ​တွေပါ။ ဟိုမှာဆို မလုံမခြုံမို့ ဒီမှာ ခဏ​ခေါ်ထားရတဲ့သ​ဘောပါ"

Jeonစိတ်ထဲ အပြစ်သားတစ်​ယောက်လို ခံစားလိုက်ရသည်။ ဒီအစီအစဥ်နဲ့ ပတ်သက်ပြီး အန်ကယ် Aiden နဲ့ Mr. Clark​ကြောင့် သ​ဘောတူလိုက်ရ​ပေမယ့် နှင်းဆီမြိုင်သခင်​လေးက ​ဒေါအပွကြီးပွလိမ့်မည်။

Suzan နဲ့ Joanna ဆိုတာ ချာတိတ်နဲ့ စည်းမကပ်ကြသူ​တွေမလား။ ချာတိတ်နဲ့ ပြဿနာကြီးကြီးမားမား မတက်ဖို့ရာသာ ​မျှော်လင့်ပါရဲ့။

ဇိမ်အိမ်က​နေ ပြန်လာပြီး ဘူတာမှာ Suzanနဲ့ Joannaကို သွားကြိုရသည်။
နှင်းဆီမြိုင်နဲ့ သစ်ကတိုးစုက လုံခြုံမှုမရှိတာ​ကြောင့် ဒီကို ပို့လိုက်ခြင်းပင်။

အမှန်ဆို ဒီကိစ္စက Taehyungကို တိုက်ရိုက်စာပို့​ပြောသင့်သည့်ကိစ္စ...အခု​တော့ အန်ကယ် Aidenက သူ့ကို ခွင့်​တောင်းလာသည်။

"Jeonက အတ္တလန်တာမှာ အဆင်​ပြေ​​နေပုံပဲ​နော်။ ခန့်လို့ သန့်လို့ အပျို​လေး​တွေ ဝိုင်း​နေ​တော့မှာပဲ"

"ဘယ်အပျို​တွေဝိုင်းဝိုင်း ဒီက Suzanကို​တော့ဖြင့် မ​မေ့နိုင်ပါဘူးဗျာ"

Jeon စကား​ကြောင့် Suzanခမျာ ရှက်​သွေးဖြာရသည်။ အဲ့စကား​လေး ကြားချင်လို့ပဲ စကားလမ်း​ကြောင်းရှာရတာ ဆို​ပေမယ့် တကယ်ကြား​တော့ မျက်နှာ​တွေ နီရဲလို့။

"ကိုကို​လေး​ရော အဆင်​ပြေ​နေလား"

Joannaက စကားဖြတ်​​မေးသည်။ မ​ကောင်းတတ်လို့သာ ​မေးရမယ် သိပ်စိတ်ပါပုံမရ။
Joannaက Taehyungကို အသားလွတ်ကြီး မုန်း​နေတာကို Jeonသိပ်မကြိုက်ချင်။
Joannaရဲ့ အမုန်းက သိသိသာသာ... မဖုံးနိုင်မဖိနိုင်။

"သူအဆင်​ပြေ​နေပါတယ်"

"သူ့​ရောဂါက​ရော.."

"ဟင်.."

Suzan အ​နေနဲ့ Taehyungရဲ့ စိတ်အ​ခြေအ​နေနဲ့ ပတ်သက်ပြီး ဘာကိုမှမသိတာ​ကြောင့် Joanna ရုတ်တရက်​​ပြောလိုက်ချိန်မှာ သိချင်စိတ်ပြင်းပြသွားသည်။

Jeonက​တော့ Joannaကို စိတ်အပျက်ကြီး ပျက်​နေမိသည်။ ဘယ်​လောက်​တောင် မစ္ဆရိယစိတ်များလိုက်သလဲဆို သူနဲ့ Suzan ဘယ်လိုပဲရင်းနှီးပါ​စေဦး ကိုယ့်​ဆွေမျိုးသားချင်းရဲ့ ကျန်းမာ​ရေးအ​ကြောင်းကို ခုလို လက်လွတ်စပယ်ထုတ်​ပြောဖို့ရာမ​ကောင်း။

"သူ​နေ​ကောင်းပါတယ်"

"​နေပါဦး သူက ဘာဖြစ်​နေလို့လဲ...တစ်မျိုး​တော့ မထင်ပါနဲ့ Suzan သိချင်လို့ပါ"

"Suzan မသိဘူးကိုး...ကိုကို​လေးက စိတ်​​ဝေဒနာ..."

"Joanna!"

Jeon တား​ပေမယ့် အလျင်မမီလိုက်..စကားကလွန်သွား​ချေပြီ။

အကင်းပါးသည့် Suzanကလည်း Jeonကို ဘာအတွက် နှင်းဆီမြိုင်က ​ခေါ်လဲဆိုတာ သိလိုက်ပြီ။
​သေချာတာ​ပေါ့ Jeonက Taehyungကို မျက်နှာ​သာ​ပေးသည်ဆိုတာ သူ့လူနာဖြစ်​နေလို့သာ...စင်စစ် Jeonဟာ Suzanဆိုတဲ့ သူ့ကိုကလွဲရင် ဘယ်သူ့ကိုမှ မျက်လုံးထဲမြင်မှာမဟုတ်။

Suzanနဲ့ Joannaကို မြင်းရထား​ပေါ် တင်​ခေါ်ပြီး အိမ်ပြန်လာသည်။ လမ်းမှာ လူကြီးသူမတချို့​တွေ့လျှင် မိတ်ဆက်​​ပေးရ​သေးသည်။
ပြည်တွင်းစစ်ကာလမို့ အမျိုးသမီး​တွေက ​ကြက်​ခြေနီအသင်းမှာ အလုပ်အကိုင်ကူရ​လေ့ရှိသည်...ထို့​ကြောင့် ကြက်​ခြေနီအသင်းက အမျိုးသမီး​တွေက Joanna နဲ့ Suzanကို လုပ်အား​ပေးဖို့ မဲဆွယ်​နေကြသည်။

"ဟာ မမ​လေးတို့ ပါလာတာကိုး.."

"​အေး သခင်​လေး အိမ်ထဲမှာလား"

" သခင်​လေးက ဘယ်တုန်းက အပြင်သွားလို့လဲ Mr. Jeon ရဲ့"

အိမ်​​ရှေ့ဆင်ဝင်ကို ဖြတ်ပြီး တံခါးမကြီးကို ဖွင့်လိုက်လျှင် ချာတိတ် ​လှေကား​ပေါ်က ဆင်းလာချိန်နှင့် ကြုံသည်။
အမည်မသိ​သော အခိုးအရိပ်တချို့ ချာတိတ်မျက်နှာ​ပေါ် ဖြတ်သွားလျက်။

"ဘယ်လို ​ရောက်လာကြတာလဲ"

"ကိုကို​လေးကလည်း ကိုယ့်ညီမ​ရောက်လာတာ​တောင် ဝမ်းမသာသလိုကြီး ဟွန့်"

ဝမ်းမသာပါ ဘယ်နည်းနဲ့မှ ဝမ်းမသာနိုင်ပါ။ ဝမ်းမသာသည့်အပြင် ရင်ဘတ်တစ်ခုလုံး ဆွဲစုတ်ထားသလိုပါ ခံစားရသည်။

ဒီပုံရိပ် ဒီမြင်ကွင်းကြီးဟာ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက မြင်ကွင်းကြီးနဲ့ ဘာများ ကွာခြား​သေးသနည်း။
​ဖေ​ဖေ့​နေရာမှာ Jeon ဖြစ်သွားတာပဲရှိသည်...။

နှင်းဆီမြိုင်က​နေ Joannaကို ​ခေါ်လာတဲ့ ​​ဖေ​ဖေ၊ နှင်းဆီမြိုင်ကလာတဲ့ Joannaကို သွားကြိုလာတဲ့ Jeon..Suzan Clarkဆိုတဲ့မိန်းမပါ အဆစ်ပါ​သေးသည်။

Joannaဆိုတာ ကံဆိုးခြင်း​တွေကိုသာ သယ်လာတတ်သူ၊ သူကျွန်​တော့်ကို မုန်းသည်ဆိုတာ မစ္ဆရိယစိတ်သက်သက်ဆိုလျှင် ကျွန်​တော်သူ့ကိုမုန်းတာက အ​သွေးအသားထဲက ကွယ်လွန်​လေပြီး​သော မိဘနှစ်ပါးကိုပါ တိုင်တည်၍ လှိုက်လှိုက်လှဲလှဲမုန်းတာပင်။

​ခေါင်းထဲ ရိပ်ခနဲ ရိပ်ခနဲ ... ဝါရှင်တန်လမ်းက အိမ်ကြီးက အမြင်အာရုံထဲ လှုပ်ရမ်း​နေသည်။ လူ​တွေက နှစ်ထပ်ပုံရိပ်​တွေဖြစ်ပြီး ​နောက်ဆုံးမှာ​တော့...

"ချာတိတ်​!!"

သူဟာ ​​ဖေ​ဖေနဲ့ ​မေ​မေ​ပြောသည့်အတိုင်း သူ့ညီမဝမ်းကွဲ​လေးနဲ့ အတတ်နိုင်ဆုံး သင့်မြတ်ဖို့ ကြိုးစားခဲ့သည်။
သို့​ပေမယ့် တစ်ဖက်က Joannaဆိုတဲ့ ညီမ​လေးက သူ့ကို လိုလိုလားလားမရှိခဲ့။

Joannaက အသက်၄နှစ်နဲ့မလိုက်​အောင် အနက်​ရောင် ဆံပင်အ​​ခွေအလိပ်ကြီး​တွေရှိပြီး ထိုဆံပင်​တွေကို လှလှပပထုံးဖွဲ့ချင်သူ။

"ကိုကို​လေး ငါ့ကို ဆံပင်ထုံး​​ပေး"

"ကိုကို​လေးက ​ယောကျ်ား​လေး​လေ ဒါ​တွေဘယ်လုပ်တတ်မလဲ"

"မသိချင်ဘူး။ ကိုကို​လေးဘာသာ ဘာကြီးဖြစ်ဖြစ် ငါ့ကို ဆံပင်ရ​အောင်ထုံး​ပေးရမယ်"

သူကြိုးစားပမ်းစားနဲ့ ဆံပင်ထုံး​ပေးသည်။ ဆံပင်ထူထူအလိပ်ကြီး​တွေက ၅နှစ်သားက​လေးရဲ့ လက်​သေး​သေး​လေးနဲ့ မဆန့်၊ ထိန်းလို့မရ အကုန်​ပြေကျကုန်သည်။

"ကိုကို​လေး မင်း​တော်​တော်အသုံးမကျတာပဲ ကဲဟာ!"

"အား!! မကိုက်ပါနဲ့ ဗြဲ အီးဟီး"

သူ့ညာဘက် လက်ဖျံ​ပေါ် သွားရာအကွင်းလိုက်။ ​သွေး​နည်းနည်း စို့ချင်သည်။ သူအာ​ခေါင်ခြစ်ပြီး ​အော်ငို​ပေမယ့် အိမ်ကြီးက ကြီးလွန်းသည်။ အခန်းနံရံထုက ထူသည်၊ အသံလုံသည်။ ဘယ်သူမှ မကြား။

"​​​ယောကျ်ားတန်မဲ့ ငိုမ​နေစမ်းနဲ့ ငါနားညည်းတယ် ကိုကို​လေး"

"ဟင့် မလုပ်ပါနဲ့ အား!"

'ဘုန်း! ဒုတ်!'

လက်အသားကို ပြတ်ထွက်မတတ် ဆွဲဆိတ်​နေ​သော Joanna​ကို သူသည်းမခံနိုင်စွာဖြင့် တွန်းမိလိုက်သည်။
ကံဆိုးချင်​တော့ စားပွဲခုံ​စောင်းနဲ့ Joannaနဲ့ တိုက်မိလျက်သား။
က​လေး အားမို့ အရှိန်မများသလို ဒဏ်ရာမရ​ပေမယ့် Joannaက သဲသဲမဲမဲ ​အော်ငို​ချေပြီ။

"ဟဲ့ က​လေး​တွေ ဘယ်လိုဖြစ်ကြတာလဲ!"

"​မေ​မေ...ဟင့်!"

"ဟယ် သမီး ဘယ်လိုဖြစ်ရတာလဲ"

​မေ​မေ​ရောက်လာလို့ အားကိုးတကြီး ဖက်တွယ်မယ် ကြံ​သော်လည်း ​မေ​​​မေ့ကို ဖက်တွယ်ခွင့်မရ။ ​မေ​မေ့အာရုံက ပြန်မထနိုင်​အောင် ငို​နေ​သော Joanna ဆီမှာ။
​မေ​မေက သူ့လက်ဖျံက ​သွေးစို့​နေတဲ့ သွားကွင်းရာကြီးကို မမြင်ခဲ့။

သူအရင်လို ​မေ​မေ့ဆီက ​နွေး​ထွေးမှုရချင်သည်။ ​မေ​မေက သူ့ကိုဆူလိုက်တာကမှ ခံသာဦးမည်...အခုလို လျစ်လျူရှုခံရတာက အစများစွာ သာ၍ဆိုးသည်။
သူ​မေ​မေ့ကို ဖြစ်​ကြောင်းကုန်စင် ရှင်းပြချင်လိုက်တာ။

Joannaက တ​ဖြေး​ဖြေးနဲ့ သူပိုင်ဆိုင်သမျှ​တွေကို သူ့ဆီက ဆွဲထုတ်သွားသည်။
၄နှစ်သမီး​လေးဘဝကစခဲ့တဲ့ မာယာက ​ကြောက်ခမန်းလိလိ။

Joannaရဲ့ မာယာ​တွေဟာ မျိုးရိုးလိုက်လာတယ်ဆိုတာ Joannaနဲ့​တွေ့ပြီး နှစ်နှစ်ကြာမှ သူသိလိုက်ရသည်။

ကြိုသာသိခဲ့မယ်ဆို ​ချောင်တစ်​ချောင်မှာ အမြဲကပ်ငို​နေမယ့်အစား...

"​မေ​မေထင်သလို မဟုတ်ဘူး​နော်..!"

"သားဘာမှမလုပ်ဘူး သူအရင်လုပ်တာ"

"သူ့ကိုမယုံကြပါနဲ့!"

စသဖြင့် ​ပြောခဲ့မိလျှင်...

"သူ့ကို မယုံနဲ့ အား!!"

"ချာတိတ်...သတိရလာပြီလား။ ဒီမှာ သံပရာ​​ရေ​လေး ​သောက်လိုက်ဦး"

"သူ့ကိုမယုံပါနဲ့"

"ဟင်..."

ကမ်း​ပေး​သော သံပရာရည်​ခွက်ကို ငြင်းပယ်ပြီး သူ့ရင်ခွင်ထဲ ​ပြေးဝင်လာ​သော နှင်းဆီ။
​ရွှေ​​ရောင်ဆံပင်​တွေကို ပွတ်သပ်​ပေး​တော့ တအားငိုချ​တော့သည်။

TBC~

ဒီfic​လေးက ​ရေး​နေကျ​တွေထက် များလိမ့်မယ်ထင်တယ်။
​ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ Ongoingလိုက်​ပေးကြပါ​နော်။
Hidden parts​တွေလည်း တ​ဖြေး​ဖြေး​ပြသွားပါမယ်။

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"Ms. Hutch ​ေပ်ာက္သြားလို႔ဆို"

အ​ေနာက္က​ေန တစ္စြန္းတစ္စၾကားရတဲ့အသံ​ေတြ... ႐ုတ္႐ုတ္သဲသဲလူစုဆီကပင္။
Ms. Hutch.. ခုနကတင္ သူနဲ႔ စကား​ေျပာ​​ေန​ေသးတာမလား။

အ​ေရွ႕က ခ်ာတိတ္က နားမလည္သလို ျပဴး​ေၾကာင္​ေၾကာင္အၾကည့္နဲ႔ သူ႔ကို ၾကည့္​ေနသည္။ ဒီအၾကည့္ကို သူျမင္ဖူးသည္။

ဘယ္တုန္းက ျမင္ဖူးခဲ့တာပါလိမ့္၊ သူ႔မွတ္ဉာဏ္အပိုင္းအစ​ေတြကို ဆက္ၾကည့္ရင္း အ​ေျဖရွာသည္။

ယုန္ျဖဴ​ေလး...ယုန္ျဖဴ​ေလးကို သတ္တုန္းကပင္။ ယုန္ျဖဴ​ေလးကို သတ္မိၿပီး ​ေျပာင္းလဲသြားတဲ့ အၾကည့္ပုံစံ။

'ေသသြားၿပီလားဟင္' ဆို၍ပင္ သူ႔ကို ​ေမးခဲ့​ေသးသည္။

"ခ်ာ..ခ်ာတိတ္..မ မဟုတ္မွလြဲ​ေရာ..."

မျဖစ္ပါ​ေစနဲ႔...သူထင္သလို မဟုတ္ပါ​ေစနဲ႔ အတန္တန္ဆု​ေတာင္း​ေနမိသည္။ ခ်ာတိတ္ရဲ႕ ပင္ကိုစိတ္​ေလးက ျဖဴစင္သည္။ သူ႔ရဲ႕ စိတ္ဒဏ္ရာကို သူကိုယ္တိုင္ထပ္တိုး​ေအာင္သာ မလုပ္ရင္ ကုသဖို႔ပိုလြယ္လိမ့္မည္။

"သူ​ေသသြားၿပီလားဟင္"

ခ်ာတိတ္သူ႔ခႏၶါကိုယ္ကို ဖယ္ၿပီး တစ္ခုခုကို ျပသည္။ ကိုယ့္ဆု​ေတာင္း မျပည့္ခဲ့ပါ။
ရင္ထဲတင္းၾကပ္စြာ​ေသာ ခံစားခ်က္​ေၾကာင့္ အခ်ိန္ပုပ္ခံလို႔မျဖစ္..
ခ်ာတိတ္​ေရွ႕က Ms. Hutchရဲ႕ ႐ုပ္အ​ေလာင္းကို Hutchမိသားစုဝင္ ဒါမွမဟုတ္ အတၱလန္တာက မည္သူမဆိုသာ ျမင္သြားမည္ဆိုလွ်င္...

"ခ်ာတိတ္ ထ..ကိုယ္တို႔အခု ​ေျပးမွျဖစ္မယ္"

"ဘာလို႔လဲဟင္ သူက အိပ္​ေနတာပါ"

"ႏွင္းဆီရာ..။ ကိုယ့္ကို ခြင့္ျပဳ​ေနာ္"

ပုံ႔ပုံ႔က​ေလးထိုင္​ေန​ေသာ ႏွင္းဆီကို ​​ေပြ႕ခ်ီၿပီး ခန္းမရဲ႕ အ​ေနာက္ၿခံ​ေပါက္က​ေန ​ေျပးထြက္ရသည္။ ခန္းမ အ​ေနာက္​ေပါက္ရွိ လမ္းၾကားက က်ဥ္းက်ဥ္း​ေလး လူျပတ္သည္။
လမ္း​ေလွ်ာက္ျပန္ဖို႔ကလည္း အိမ္က ​ေဝးလြန္းသည္။

"ခ်ာတိတ္ ဒီမွာ ၿငိမ္ၿငိမ္​ေလး ထိုင္​ေစာင့္​ေန​ေနာ္။ ကိုယ္အ​ေရွ႕​ေပါက္က​ေန ျမင္းယူလာခဲ့မယ္"

​​ေ႐ႊ​ေရာင္ဆံပင္ပိုင္ရွင္​ေလးက ဆံသား​ေလး​ေတြ လႈပ္ခတ္သြား​ေအာင္ ​ေခါင္းညိတ္ျပသည္။
သူ႔ကို ထားခဲ့ၿပီး အ​ေရွ႕​ေပါက္ကို တစ္​ေယာက္တည္း ဒုန္းစိုင္းရသည္။ ကံ​ေကာင္းခ်င္​ေတာ့ Ms. Hutchကို ရွာ​ေဖြ​ေရးႏွင့္ ပတ္သက္ၿပီး အလုပ္ရႈပ္​ေနၾကတာမို႔ သူ႔ကို ဘယ္သူမွသတိမထားမိၾက။ ျမင္းညိဳႀကီးကို ႀကိဳးျဖဳတ္ၿပီး ခပ္သြက္သြက္စီးလာသည္။

​ေနာက္​ေဖးလမ္းၾကားထဲက ​စိမ္းျပာ​ေရာင္အၾကည့္​ေတြကို မျမင္ရမခ်င္း ရတက္မ​ေအး။
Ms. Hutch ​ေသဆုံးသည္ႏွင့္ ပတ္သက္၍ သူတို႔ဘာသာ ႀကိဳက္သလို ဆုံးျဖတ္ၾကပါ​ေစ ကြၽန္​ေတာ္တို႔ႏွင့္မဆိုင္​ေတာ့။
ခ်ာတိတ္ကို​ေတာ့ ဘယ္သူမွသံသယမဝင္​ေလာက္ဟု ထင္ရပါသည္။

"ခ်ာတိတ္စကားတစ္ခုခု​ေျပာစမ္းပါကြာ၊ ကိုယ္႐ူး​ေတာ့မယ္"

စိတ္​ေဝဒနာသည္တစ္ဦးအဖို႔ ထိတ္လန္႔ဖြယ္ရာ အျဖစ္အပ်က္ႀကဳံၿပီး စကားမ​​ေျပာႏိုင္ျခင္း၊ ​ေၾကာင္အမ္းအမ္းျဖစ္ျခင္းဆိုတဲ့ လကၡဏာ​ေတြက သိပ္ဆိုးသည္။
ကိုယ္ခ်ာတိတ္အ​ေျခအ​ေနကို ဒီ့ထက္မဆိုး​ေစခ်င္၊...ဒါက​ေတာ့ ခ်ာတိတ္အတြက္ ကိုယ့္ရဲ႕ စိတ္ရင္းပင္။

"သူမ​ေသဘူးမလားဟင္"

"အင္း...မ​ေသတာမို႔ တျခားအ​ေၾကာင္း ​ေျပာရ​ေအာင္​ေနာ္"

ငါး​ေျမာင့္ဆိုင္ လမ္းဆုံက​ေန ဝါရွင္တန္လမ္းထဲ​ေရာက္ဖို႔က အ​သေခ်ၤအသခ်ၤာၾကာလြန္းပါသည္။
ခ်ာတိတ္ကို ကိုယ့္အ​ေရွ႕မွာထားၿပီး ရင္ခြင္ထဲ ထည့္ဖက္ထား​ေပမယ့္ ခ်ာတိတ္ခႏၶါကိုယ္က ​ေအးစက္​ေနသည္။

"ဟာ သခင္​ေလးတို႔...သခင္​ေလးက ျမင္းထိန္းႀကီးနဲ႔ သြားတာမလား။ ဘယ္လိုလုပ္ Mr. Jeon နဲ႔..."

"စကားရွည္တာဗ်ာ...ၿခံတံခါး​ေသာ့ခတ္​ေတာ့"

ၿခံ​ေစာင့္ႀကီးက မ​ေက်မနပ္ ​ေဆာင့္အင့္အင့္နဲ႔ တံခါးကို ဂ်ိန္းခနဲပိတ္လိုက္သည္။
သခင္​ေလးမဟုတ္တဲ့ တျခားလူက သူ႔ကို အမိန္း​ေပး​ေအာ္​ေငါက္​ေနတာကို မ​ေက်နပ္​ေၾကာင္းျပသည္။

"Ms. Hutchကို ဘာလို႔လဲ ခ်ာတိတ္"

ခ်ာတိတ္အခန္းထဲ​ေရာက္မွ သိခ်င္တာကို ​ေမးပစ္သည္။ ဒီလိုအခ်ိန္မွာ ​ေမးလို႔​ေကာင္း​​ေသာ ​ေမးခြန္းမဟုတ္။ သို႔​ေပမယ့္ သိခ်င္သည္။
ဒီတစ္ခါ ခ်ာတိတ္သတ္လိုက္တာ ၾကက္က​ေလး ငွက္က​ေလးမဟုတ္။
လွလွပပ ဂုဏ္သ​ေရရွိ အမ်ိဳးသမီးပ်ိဳ​ေလးတစ္​ေယာက္။

ကိစၥက ထင္ထားတာထက္ ႀကီးသြားႏိုင္သည္။ အခင္းျဖစ္တဲ့ ​ေနရာကလည္း တကယ့္​ေနရာ..။

"သတ္လိုက္ရင္ လိုခ်င္တာရမွာ"

"ခ်ာတိတ္!!"

​ေၾကာင္​ေတာင္​ေတာင္အ​​ေငးသားမ်က္ဝန္း​ေတြနဲ႔ ​ေျပာ​ေနတဲ့ ခ်ာတိတ္စကားကို ကိုယ္နားမလည္ႏိုင္​ေအာင္ရွိသည္။
အဲ့စကားကိုပဲ ထပ္ခါတလဲလဲ တတြတ္တြတ္​ေျပာ​ေနသည္။
ခ်ာတိတ္ရဲ႕ စိတ္​ေတြက လက္ရွိအခ်ိန္မွာ ရွိမ​ေနပါ၊ ကြၽန္​ေတာ္မသိခဲ့​ေသာ သိဖို႔ႀကိဳးစား​ေန​ေသာ တစ္​ေနရာမွာ ပ်ံ႕လႊင့္​ေနသည္။

"ခ်ာတိတ္ စိတ္ထိန္းပါဦး"

"သတ္လိုက္ရင္ လိုခ်င္တာရမွာ"

"​ေတာ္ပါ​ေတာ့ကြာ..."

ဒီစကားကို ဘယ္ခ်ိန္ထိ ​ေျပာ​ေနမယ္မသိ။ ကြၽန္​ေတာ္ အရဲစြန္႔ၿပီး ​ႏြားႏို႔တစ္ခြက္ထဲ အိပ္​ေဆးထည့္တိုက္လိုက္သည္။
ဟုတ္တယ္ အိပ္လိုက္တာနဲ႔ အရာရာၿပီးသြားမွာ။
ကြၽန္​ေတာ္ ဒီထက္လည္း မႀကံဖန္တတ္​ေတာ့။

အိပ္​ေဆး​ေသာက္ၿပီးခ်ိန္ မိနစ္အနည္းငယ္ၾကာသည္အထိ ခ်ာတိတ္က အဲ့စကားကို တတြတ္တြတ္႐ြတ္​ေနဆဲ။
သူမ်က္ခြံ​ေတြ​ေလးၿပီး မအိပ္မခ်င္း ကြၽန္​ေတာ့္မွာ စိတ္မ​ေျဖာင့္။

ဒီအခ်ိန္ တစ္​ေယာက္​ေယာက္​ေရာက္လာၿပီး အဲ့စကားကိုသာ ၾကားမယ္ဆို ျပႆနာ​ေတြတက္​ေတာ့မည္။

Taehyung အိပ္​သြားမွ Jeonသူ႔အခန္းသူျပန္ခဲ့ၿပီး ခ်ာတိတ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္​ေတြကို စာအုပ္ထဲ ​ေရးမွတ္သည္။
____

"ၿမိဳ႕ထဲမွာ​ေတာ့ တကယ္ကိုရႈပ္ယွက္ခတ္​ေနတာပဲ သခင္​ေလး​ေရ.."

အိမ္က ထမင္းခ်က္ ကပၸလီမႀကီးက ​ေျပာင္းဖူးစြပ္ျပဳတ္တစ္ပြဲကို စားပြဲအလယ္မွာ ခ်ရင္း ဆိုလာသည္။
သူ႔ပုံစံက သတင္းဦး သတင္းထူးႀကီးကို သိရသကဲ့သို႔​ေသာ သူရဲ​ေကာင္းပုံစံလို။

"ဘာလို႔လဲ"

"ဪ...Ms. Hutch​ေလ သခင္​ေလး​ေတာ့ သိမွာမဟုတ္ပါဘူး။ သူ႔အ​ေဖက ​ေဒါက္တာHutch​ေလ.. ၿမိဳ႕မ်က္ႏွာဖုံး​ေတြ​ေပါ့။ မ​ေန႔ညက Ms. Hutch အသတ္ခံရလို႔တဲ့ သခင္​ေလး​ေရ..."

Taehyung​ေရာ Jeon​ေရာ ​လက္​ေတြတုံ႔ခနဲ႔ ရပ္သြားသည္။ Jeonက ခ်ာတိတ္ကို မသိမသာ အကဲခတ္ၾကည့္သည္။
စိတ္အ​ေျခအ​ေန ပုံမွန္...သို႔​ေသာ္ သူညက ျဖစ္ခဲ့တာ​ေတြကို အာ႐ုံထဲ ရွိ​​ေနသည္။

ထမင္းခ်က္ဘြား​ေတာ္က ပါးစပ္ရွည္လြန္းသည္၊ တကယ္တမ္းဆို သူက ခ်ာတိတ္ကို စကားစျမည္​ေျပာရမယ့္အဆင့္လား။
နည္းနည္းပါးပါး ​ေတြး​​ေတာၾကည့္ဖို႔ ​ေကာင္းသည္။

"ဟုတ္...ဟုတ္လား။ တရားခံ​ေရာ..."

"ဘာတရားခံရမလဲ သခင္​ေလး​ရယ္။ အခုခ်ိန္ ဘယ္သူမွ တရားခံမရွာႏိုင္ဘူး။ ျပည္တြင္းစစ္ႀကီးက မနက္ျဖန္သန္ဘက္ခါ ဘာျဖစ္မယ္မသိဘူးကို ဒီလူသတ္မႈအတြက္ ဘယ္​ေရွ႕​​ေနက အခ်ိန္​ေပးႏိုင္ပါ့မလဲ"

"အ​ေဒၚႀကီး ကြၽန္​ေတာ့္ကို ​ေပါင္မုန္႔ကင္​ေနာက္တစ္ခ်ပ္​ေလာက္"

ထမင္းခ်က္ႀကီးရဲ႕ စကား​ေတြ မလြန္လာခင္ စကားျဖတ္လိုက္ရသည္။
ကပၸလီ​ေတြမ်ား တစ္ခြန္း​​ေမးမိရင္ ​ေျဖတာက ဆယ္ခြန္းမက​ေတာ့။

"ခ်ာတိတ္ အဆင္​ေျပရဲ႕လား။ ညက..."

"​ေတာ္​ေတာ့။ ဒါပထမဆုံး မဟုတ္ဘူး"

အံ့ႀကိတ္ၿပီး

You are reading the story above: TeenFic.Net