Part 5

Background color
Font
Font size
Line height

Unicode~

"ချာတိတ် ကိုယ်​ပြောတာက..."

"ထွက်သွား!"

ထိုတစ်ရက်လုံး ချာတိတ်ကို ​တွေ့ခွင့်မရခဲ့။

ချာတိတ် သူ့အခန်းထဲ ပြန်သွားပြီး သိပ်မကြာ...Joanna တို့ သားအမိတစ်​တွေ ရောက်လာသည်။ Joannaက Suzan ထက်ငယ်သည်... သို့​သော် ရွယ်တူလိုသာ ​ပေါင်းသင်းကြသည်။

"​ဟေး...Suzan မင်းဒဏ်ရာရတာဆို..သက်သာသွားပြီလား"

"သက်သာသွား​ပေါ့ .. အခု​တောင် ကိုယ်မင်းကို ​တွေ့ဖို့ ​​ဒေါက်တာ Jeon နဲ့လိုက်လာတာ"

"ဪ..."

Joanna က Jeonကို တစ်ချက်လှည့်ကြည့်သည်။ ဟို​နေ့က သူနဲ့ ဆင်ဝင်မှာ တိုက်မိတဲ့လူ။
ကိုကို​လေးရဲ့ ဆရာဝန်... ဒီလူဟာ ကိုကို​လေးလို အရူးတစ်​ယောက်ရဲ့ ​ဘေးမှာရှိဖို့​မ​ကောင်း။
ကိုကို​လေးဟာ တစ်​ယောက်တည်းသာ ရှိ​နေ​သင့်သည်။
အထီးကျန်​နေသင့်သည်။

"အို Suzan.. မင်းဂါဝန်ဘယ်လိုဖြစ်​တာလဲ။ ဟို​နေ့ကမှ အသစ်ချုပ်ထားတဲ့ ​အော်ဂန်ဒီဝတ်စုံကြီးမလား"

"ဘာဖြစ်ရမှာလဲ...နှင်းဆီမြိုင်သခင်​လေးဆိုတဲ့လူ​ကြောင့်​ပေါ့ ငါ့ကိုယ်​ပေါ် ​ရေ​နွေးပူလည်း ​လောင်းချတယ်။ လက်​ကောက်ဝတ်ကိုလည်း ကိုင်ပြီး တွန်းချတယ်။ ကြည့်ပါဦး ကိုယ့်ရဲ့လက်​လေး..."

Joanna ရှက်လှပြီ... သူ့အစ်ကိုရဲ့ လုပ်ပုံ​တွေကို ထပ်မကြားလို​တော့။ ​ဖေဖေတို့ကလည်း ဒီအရှုပ်ထုပ်အရူးကို ဘာကိစ္စအတ္တလန်တာက​နေ တကူးတက ​ခေါ်ခဲ့ရတာတုန်း။
ဟုတ်တယ်...​ဖေ​ဖေအသိစိတ်လွတ်​နေလို့ပဲ ဖြစ်ရမည်။

ဒီအရူးကို ၈နှစ်​လောက်အိမ်​ပေါ်​ခေါ်တင်ထားတာနဲ့တင် ရှက်ဖို့​ကောင်းလှပြီ။
အိမ်အတွက် ဘယ်​နေရာမှအသုံးမကျတဲ့ ကိုကို​လေးကို ​ကျွေး​မွေးထားရတာကို သူ့အတွက် ဆုံးရှုံးမှုများလှသည်။

Joanna ကိုကို​လေးကို ဘယ်တုန်းကမှ သ​ဘောမကျခဲ့၊ မကြည်ဖြူခဲ့။
စ​တွေ့တည်းက မုန်းခဲ့သည်။
အခုလည်း ကိုကို​လေး​ကြောင့် အရှက်ရပြန်ပြီ။

"Joanna...Suzanကို အဝတ်အစား​လေး လဲဖို့ ငှားလိုက်ပါလား"

​ယောကျ်ားပျိုတစ်​ယောက်က မိန်းမပျို​လေး​တွေရဲ့ အဝတ်အစားကိစ္စ​ပြော​နေသည်မို့ Joanna​ရော Suzan​ရော ရှက်​သွေးဖြာသွားသည်။
​မေ​မေတို့သာဆို ဒါလူကြီးလူ​ကောင်းစကားမဟုတ်လို့ ရှက်​သွေးဖြာမယ့်အစား ​ဒေါသ​သေး​သေး​​လေးထွက်ပြပြီး ဟန်လုပ်သင့်တယ်လို့ သင်မည်ထင်ရသည်။

"အိုကွယ်...ကိုယ်​မေ့သွားတယ်။ လာ Suzan.. ကိုယ်မင်းအတွက် ဝတ်စုံပြင်​ပေးမယ်"

လူဖြူလူကုံထံအမျိုး​သမီး​လေးတစ်​ယောက် ​ပေ​ရေ​နေတဲ့ ဂါဝန်ကြီးနဲ့ ဟိုဒီသွား​နေတယ်ဆို ​လူ​တွေက အထင်​သေးတတ်ကြသည်။
သစ်လွင်​တောက်ပ​နေတဲ့ ပိုးသားဖဲသားဂါဝန်​တွေကို မီးပူနဲ့ ​ကျော့​နေ​အောင်တိုက်ပြီး ဝတ်မှ ဂုဏ်တင့်သည်ဟု ထင်ကြသည်။

Jeon ဧည့်ခန်းထဲမှာ တစ်​ယောက်တည်း ထိုင်​နေရင်း ချာတိတ်အ​ကြောင်း ​တွေးမိသည်။
ချာတိတ်က စိတ်အ​ပြောင်းအလဲ အတက်အကျမြန်သူမို့ သူ​နည်းနည်း​​ပြောလိုက်ရင် အဆင်​ပြေသွားမှာလို့ တစ်ထစ်ကျ​တွေး​နေမိသည်။

ထို​ည​နေက Kim Aiden က Suzanကို ည​နေစာစားပြီးမှ ပြန်ခိုင်းသည်။ ဧည့်ဝတ်​ကျေပွန်လွန်းတဲ့ ​တောင်ပိုင်းသား​တွေက လူတစ်​ယောက်ကို ထမင်းဖိတ်​ကျွေးဖို့ရာ ဝန်မ​လေး။

"ကျွန်​တော်လုပ်စရာ​လေး ရှိ​သေးလို့ ခွင့်ပြုပါဦး"

အချိုပွဲဆက်မစားတော့ဘဲ Taehyungအခန်းကို လာ​တော့ ထင်တဲ့အတိုင်း တံခါးကြီး ပိတ်ထားသည်။

"ထွက်သွား!"

လျင်လိုက်တာလည်း လွန်ပါ​ရော..။ တံခါးလက်တံကို လှည့်ကြည့်ရုံရှိ​သေး သူက ​မောင်းထုတ်​နေပြီ။

"ချာတိတ် တံခါးမဖွင့်မချင်း ကိုယ်​စောင့်​နေမှာ"

"​လဲ​သေလိုက်ပါလား"

အဲ့လို​အော်နိုင်ပုံ​ထောက်ရင်​တော့ စိတ်အ​ခြေအ​နေက ပုံမှန်လို့ ​ပြောလို့ရသည်။
ကိုယ်တကယ်ကြီး သူ့အခန်း​ရှေ့ ​​စောင့်​နေမိသည်။
သူက တံခါးမဖွင့် ကျွန်​တော်​စောင့်​နေမှာ သိရက်နဲ့​လေ။

'ဒုတ်!'

ပြတင်း​ပေါက်ဆီ တစ်ခုခု မှန်လာသည်။ အခန်းပြင်ဘက်က တတိုင်း​မွှေးပန်းရုံ​ပေါ်တက်တတ်​သော ရှဥ့်​လေး​တွေလက်ချက်ဖြစ်လိမ့်မည်။

'ဒုတ်!'

ဒီ​နေ့မှ ရှဥ့်​တွေက ​သောင်းကျန်လိုက်တာ။ နံရံက နာရီကြီးက ၁၁ ကို ညွှန်ပြ​နေပြီး တ​ဒေါင်​ဒေါင်မြည်​နေပြီ။ ဒီရှဥ့်​တွေက မအိပ်တတ်ကြဘူးလား။

အိပ်ရာ​အောက်မှာ ဝှက်ထားတဲ့ ပစ္စတိုကို ယူလိုက်ပြီး ပြတင်း​ပေါက်ကို ဖွင့်ကြည့်လိုက်သည်။
ရှဥ့်မဟုတ်.. ရှဥ့်ထင်ပြီး ပစ္စတိုလက်ချက်မိမှာဖြင့် မ​တွေးရဲစရာ။
ဒီလူလုပ်လိုက်ရင် ကြံကြံဖန်ဖန်။

"ခင်ဗျား ဘာလုပ်​နေတာလဲ။ ကျုပ်အိပ်လို့မရဘူးဗျ"

"ကိုယ် နှင်းဆီတံခါးဖွင့်မလားလို့ ​စောင့်​နေတာ နှင်းဆီမှ မဖွင့်ဘဲ"

"ဘာနှင်းဆီလဲ ရူး​နေတာလား၊ ခင်ဗျားကို ကျုပ်ထပ်မ​တွေ့ချင်ဘူးလို့ မ​ပြောထားဘူးလား"

ထပ်မ​တွေ့ချင်..ကိုယ့်ကို မယုံတဲ့လူနဲ့ ထပ်​တွေ့စရာအ​ကြောင်းမရှိ။
လူကဲခတ်ညံ့တဲ့လူဆို Taehyung သာ၍ မုန်းသည်။
လူကဲမခတ်တတ်ဘဲ ရှင်သန်​နေရင် ဘဝက စုတ်ပြတ်သည်ထက် စုတ်ပြတ်သွားမယ်လို့ ခံယူထားသည်။

"ထွက်သွား!"

'ဂျိန်း!'

ပြတင်းတံခါးရွက်က ကြီးလွန်းတာ​ကြောင့် တံခါးကို ​ဆောင့်ပိတ်လိုက်​တော့ ဂျိန်းခနဲ မြည်သည်။

Taehyung ခပ်ရဲ့ရဲ့ပြုံးသည်။ သူ့ပတ်ဝန်းကျင်မှာ အ​ပေါ်ယံသိပ်များသည်။
____

သန်း​ခေါင်​ကျော် ၂ချက်တီး အချိန်။

နှင်းဆီမြိုင်အိမ်က ပတ်ပတ်လည်ဧက​ထောင်ချီဝါခင်း​တွေကြား ထီးထီးကြီး။
ခမ်းခမ်းနားနား ​ခြောက်​ခြောက်ခြားခြား။

နှင်းဆီမြိုင်အိမ်ရဲ့ ဘယ်ဘက်အခြမ်းအ​ပေါ်ထပ်မှာ အိပ်ခန်းကျယ်ကြီး ၂ခန်း။
တစ်​ယောက်စာ အခန်းထဲမှာ နှင်းဆီမြိုင်သခင်မ​လေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်​နေသည်။

ကျန်တစ်ဖက်အခန်းမှာ Aidenတို့ ဇနီး​မောင်နှံ အိပ်​နေဆဲ။
အရိပ်နက်ကြီးတစ်ခု အခန်းထဲ ဝင်လာသည်။

Aiden သူ့ကို တစ်ခုခုလာဖိ​နေသလို ခံစားရသည်။ အသက်ရှူ၍ မရ။ အသား​တွေ ပြာနှမ်းလာပြီး ​ဘေးက ​မွေ့ရာစကို ဆွဲကိုင်သည်။
သူ​သေ​တော့မှာလား သူ​သေ​တော့မယ်..။

သူမ​သေချင်​သေး... သူ့မှာ လုပ်စရာ​တွေ တစ်ပုံကြီး ရှိ​သေးသည်။

'​သေစမ်း...​သေလိုက်စမ်း'

ထိုအရိပ်နက်ကြီးဆီက အဲ့အသံ ထွက်လာသည်။ ကိုယ့်အသက်ကို ရန်ရှာ​နေမှန်းသိရက်နဲ့ မခုခံနိုင်။
ထိုလူက ဘယ်သူမှန်းလဲမသိ။

​ဘေးကဇနီးဖြစ်သူက​ရော ဘာလို့မနိုးတာလဲ။

"ဖယ် ဖယ်စမ်း!"

အတင်းရုန်း​လေ အသက်ရှုကြပ်​လေ။ သူတကယ် ​သေရ​တော့မှာလား။
သူ​နောက်ဆုံး မြင်​နေရတာက သမ္မာကျမ်းစာ​တွေထဲ ညွှန်းဆိုထားတဲ့အရာ​​တွေမဟုတ်။

သူမြင်​နေရတာ နှင်းဆီမြိုင်...ဝါ​တွေ​ဖွေး​ဖွေးလှုပ်​အောင်ထွက်​သော နှင်းဆီမြိုင်။
နှင်းဆီမြိုင်က ​ရွှေဆိုလည်းဟုတ်သည်...​ငွေဆိုလည်း ဟုတ်သည်။
သူဒီ​နေရာကို စွဲလမ်းသည်...ဒီ​နေရာက ထွက်သွားဖို့ ​စောလွန်း​သေးသည်။

"Aiden..Aiden! ထပါဦး!"

"ဟင်း...မိန်းမ.. ဟို အရိပ်ကြီး​ရော အရိပ်နက်ကြီး"

"အလို​တော် ရှင်အိပ်မက်ဆိုး​တွေ မက်​နေတာ​နေမှာ​ပေါ့။ 'ဖယ်စမ်း' ဆိုပြီး ​ယောင်​နေလို့ ကျွန်မက နှိုးရတာရှင့်"

Aiden စိတ်ထဲက အလုံးကြီး ကျသွားသည်။ အိပ်မက်မို့ ​တော်​သေးတာ​ပေါ့။
အိပ်မက်ထဲကလို အရိပ်နက်ကြီးသာ တကယ်ရှိရင်... အိုကွာ ​ပေါက်ကရ​တွေ အိပ်မက်ဆိုတာ ​ပြောင်းပြန်ယူရမယ့်အမျိုးပဲဟာ။
ဘယ်အရိပ်နက်ကမှ သူ့ကို လာမသတ်နိုင်သလို သူကလည်း ဒီ​က​နေထွက်သွားဖို့ရာ အချိန် မတန်​သေး။

"ကဲ ရှင်အိပ်​တော့ မနက်ဖြန် ဂျုန်းဘာရိုကို သွားရဦးမယ်မလား"

အကယ်၍..အကယ်၍များ အရိပ်နက်ကြီးသား တကယ်ရှိ​နေခဲ့သည် ဆိုလျှင်..။
____

"​ဒေါက်တာ့ကိုပဲ အပ်ပါတယ် ကျွန်​တော့်တူ​လေးကို​တော့"

မနက်ခင်း လက်ဖက်ရည်ဝိုင်းမှာ Aidenက Jeon JumgKookကို တစ်ခုခု အပူတပြင်း ​တောင်းဆို​နေခဲ့သည်။
Jeon အတွက် ဝန်​လေးစရာ ​တောင်းဆိုမှု​တော့ မဟုတ်။ သို့​ပေမယ့် Aidenရဲ့ အပူတပြင်းအမူအရာက သံသယဝင်စရာ။

"အန်ကယ်​တောင်းဆိုတာကို ကျွန်​တော်လုပ်​ပေးနိုင်ပါတယ်...ဒါ​ပေမယ့် ကျွန်​တော် သိချင်တာက ဘာလို့လဲ"

"ပြည်တွင်းစစ်ကလည်း ဖြစ်​နေပြီမလား။ ဒီ​နေရာမှာသာ ပိတ်​လှောင်​နေရရင် ဦးရဲ့ တူ​လေးကို အစားဆင်းရဲ အ​​နေဆင်းရဲထား​နေရမှာစိုးလို့ပါကွာ"

"ဪ...ဘာများလဲလို့ အန်ကယ်ရယ်။ ကျွန်​တော် သိသ​​လောက်​တော့ အ​နေဆင်းရဲစရာ ကိစ္စမရှိပါဘူးဗျာ။ ဆွန်တာခံတပ်ဟာ ​တောင်ပိုင်းအတွက်မဟာတံတိုင်းကြီးလို့ အန်ကယ်ပဲ ​ပြောခဲ့တာမလား။ အန်ကယ်​​ပြောသလိုပဲ ယန်ကီ​တွေက လပိုင်းနဲ့တင် ​နေုက်ဆုတ်ရမှာပါဗျ"

Jeonရဲ့ အသံမှာ ခနဲ့သံပါသည်။ ဒါကို ဘယ်သူမှ ရိပ်မိကြပုံမ​ပေါ်။
Kim မိသားစုရဲ့အမြင်မှာ Jeon JungKook က ရည်ရည်မွန်မွန် ​စိတ်​ရောဂါကု​ဆရာဝန်​လေး တစ်​ယောက်။
သူတို့လိုပဲ သီးခြားပြည်နယ်လွတ်​မြောက်​ရေးကို လိုလားသူ၊ စိတ်အားထက်သန်သူ။

"ဦး​လေးတူက တစ်​ကောင်ကြွက်မလား။ သူ့စိတ်အ​ခြေအ​နေကိုလည်း ​ဒေါက်တာအသိဆုံးဖြစ်မှာပါ။ သူအတ္တလန်တာမှာတုန်းက အရမ်း​ပျော်ခဲ့တာ။ နှင်းဆီမြိုင်​ရောက်မှ အဲ့လိုဖြစ်သွားတာပဲ"

Aiden ​ပြောတာက ​ယေဘုယျအားဖြင့် ကျိုး​ကြောင်း ဆီ​​လျော်သည်။
​သေချာ​စေ့​စေ့စပ်စပ်​တွေးကြည့်မယ်ဆိုရင်​တော့ သံသယဝင်ချင်စရာ။
နှင်းဆီမြိုင်ကို အတင်း​ခေါ်လာတာ သူပင်...အခု​တော့ ညတွင်းချင်း အတ္တလန်တာသို့ ပ ထုတ်ချင်​​နေပြီ။

"ဟုတ်ကဲ့ အန်ကယ်​ပြောတာ ကျွန်​တော်လက်ခံပါတယ်။ ချာတိတ်ကို ​ပြောလိုက်ပါ့မယ်"

ချာတိတ်က ဘာမှငြင်းဆန်ခြင်းမရှိ။ အတ္တလန်တာ သွားဖို့ကိစ္စကို သ​ဘောတူသည်။
အတ္တလန်တာမှာ ချာတိတ်ငယ်ငယ်တည်းက ​နေခဲ့တဲ့ အိမ်ကြီးရှိသည်။
အိမ်​စောင့်ကပ္ပလီကြီးနဲ့ ထမင်းချက်မိန်းမကြီးတို့လည်း ရှိသည်။

"ကိုယ်က ချာတိတ်ငြင်းမယ်ပဲ ထင်​နေတာ"

ချာတိတ်က ဘာမှမ​ပြောဘဲ မှုန်ရီရီ​အ​​ဝေးကို ငေးကြည့်​နေသည်။
သူ့မျက်စိ​ရှေ့မှာ မျက်စိတစ်ဆုံး​သော ဝါခင်းကြီး ရှိသည်။
​အဖိုးတန်​မြေဆီ​တွေ ဘာစိုက်စိုက်​​အောင်မြင်တဲ့ ရတနာ​မြေဆီ​တွေ။

စီးပွားဖြစ်စိုက်တဲ့ ဝါခင်း​တွေက ဝါဂွမ်းလှိုင်လှိုင်ထွက်သည်။ အိမ်မှာစားဖို့စိုက်တဲ့ ​​ပြောင်း၊ ဂျုံကလည်း ​လောက်​လောက်ငှငှ ၀ယ်စားစရာပင်မလို။
နှင်းဆီမြိုင်က အဖိုးတန်လွန်းသည်။
ပြည်နယ်​ငွေစက္ကူမ​ပြော​လေနှင့်...ပြည်​ထောင်စု​​ငွေစက္ကူနှင့်ပင် ​ဒေါ်လာသိန်းချီတန်​ကြေးရှိသည်။

Taehyung နှင်းဆီမြိုင်ကို ချစ်သည်။ မည်မျှပင် ​သွေး​အေးပါ​စေဦး... စိတ္တဇဆန်ပါ​စေဦး၊ နှင်းဆီမြိုင်ကို ချစ်သည်။ အ​သွေးအသားထဲက​နေ​ပေါက်ဖွားလာတဲ့ သံ​ယောဇဥ်ရှိသည်။

နှင်းဆီမြိုင်...သူ့ရဲ့ နှင်းဆီမြိုင်..​ခေတ္တ​တော့ ခွဲရ​ပေဦးမည်။
____

အတ္တလန်တာကို သွား​တော့ ဦး​လေး Aidenက ဘာဂီတစ်စီးရယ်၊ မြင်းရထား​လေးရယ်၊ လှည်းတစ်စီးရယ် ထည့်​ပေးလိုက်သည်။
ရထား​မောင်း ကပ္ပလီကြီးရယ်၊ အိမ်​စေမ​လေးရယ်လည်း အတူပါလာသည်။
အိမ်​စေမ​လေးက ခပ်ရွံ့ရွံ့နဲ့...ကြိမ်တုတ်နဲ့ ရိုက်ပစ်ချင်စရာ။

ဦး​လေး Aiden အတ္တလန်တာကို ချက်ချင်းပို့ရတဲ့ အ​ကြောင်းအရင်းက နှစ်ခုမရှိနိုင်။

"အတ္တလန်တာကို မလွမ်းဘူးလား။ နှင်းဆီမြိုင်မှာ မ​ပျော်ဘူးဆို​တော့"

မြင်းရထား​​ပေါ်မှာ မျက်နှာချင်းဆိုင်ရှိ​နေတဲ့ Jeon က စ​ပြောသည်။
အတ္တလန်တာကို မလွမ်း...​ပျော်ခဲ့ရတဲ့ အချိန်​တွေကိုသာ လွမ်းခြင်း။
နှင်းဆီမြိုင်မှာ မ​ပျော်တာမဟုတ်...မွန်းကြပ်​နေခြင်း။

"ဦး​လေးက အဲ့လိုပဲ ​ပြောလိုက်သလား"

"မင်းကလည်း​ပျော်တဲ့ပုံစံမှမဟုတ်ဘဲ ချာတိတ်ရဲ့"

"​ပျော်စရာရှိရင် ​ပျော်တာ​ပေါ့"

ပုံမှန်ဆို နှင်းဆီမြိုင်က​နေ ဂျုန်းဘာရိုထိ မြင်းနဲ့ သို့မဟုတ် ​ခြေလျင်လာပြီးမှ ဂျုန်းဘာရိုဘူတာကတစ်ဆင့် အတ္တလန်တာမြို့သို့ ရထားစီးသွားရသည်။

သို့​သော် သူတို့မှာ​တော့ နှင်းဆီမြိုင်က​နေ အတ္တလန်တာအထိ မြင်းရထားနဲ့ ခရီးနှင်ရသည်။

မနက်မိုးမလင်းခင်တည်းက နှင်းဆီမြိုင်က ထွက်လာရပြီး ဂျုန်းဘာရိုမှာ ​ခေတ္တအနားယူရသည်။
အနားမယူရင် မြင်းက အမြှုပ်တစီစီဖြစ်​တော့မည်။

ထိုမှတဆင့် အတ္တလန်တာသို့ ​ရောက်​တော့ မိုးချုပ်လုလု။ အတ္တလန်တာက လှုပ်ရှား သက်ဝင်​​နေဆဲ။
မီးရထားလမ်းဆုံမြို့ဖြစ်​သော အတ္တလန်တာက ပြည်တွင်းစစ်ကာလမှာ စီးပွား​ရေးအချက်အချာကျသည်။

သူ့ထက်မြို့သက်ရင့်လှ​သော ချာလက်စတန်တို့ မာကွန်တို့က အိုလှပြီ၊ ငြိမ်လှပြီ။ မသန်စွမ်း​တော့​သော ဘိုးဘွား​တွေနဲ့ တူ​နေသည်။
အတ္တလန်တာက မြို့သက်ငယ်ငယ်၊ တက်တက်ကြွကြွ လန်းလန်းဆန်း​ဆန်း။

"သခင်​​လေး လမ်းမှတ်မိရဲ့လား"

"ဝါရှင်တန်လမ်းထဲသာ ဝင်သွားလိုက် လမ်း​ထောင့်က အုပ်ကျွတ်နီနီမိုးထားတဲ့ တိုက်ကြီးပဲ"

ကြိုတင်​ပြောထားပြီးသားဖြစ်တာ​​ကြောင့် ခြံ​စောင့်ဦး​လေးကြီးက ကြို​နေသည်။
ထမင်းချက်မိန်းမကြီးကလည်း စား​ကောင်း​သောက်ဖွယ်မှာ စီစဥ်​ပေးထားပြီ။

နှင်းဆီမြိုင်က​နေ ​တောက်​လျှောက် မြင်းရထားနဲ့ လာရတာမို့ ခရီးပန်းလှပြီ။ ဘာမှစားမဝင်။ တစ်ခုခုစားတာနဲ့ ပျို့အန်မိမည် ထင်ရသည်။
​ကျောက်စရစ်​လမ်း​တွေ ဖြတ်လာရတဲ့အရှိန်​ကြောင့် အ​ကျောအချဥ်​တွေ ​​​​ညောင်းကိုက်လှပြီ။

"ချာတိတ် ညစာမစား​တော့ဘူးလား"

"ကျုပ်နားချင်ပြီ"

Suzan ​ကြောင့် ပြဿနာဖြစ်တဲ့​နေ့ကစ Jeonနဲ့ စကား​ပြောလျှင် အ​မေးတစ်ခွန်း အ​ဖြေတစ်ခွန်း။
အဲ့ကိစ္စကို ခုထိ အခဲမ​​ကြေ။
Jeon JungKookက ကိုယ့်ကိုယုံပါတယ်ဆိုပြီး ​တောင်းပန်ထားတာ မဟုတ်တာ​ကြောင့် ​တွေးတိုင်း ပို​ဒေါသထွက်ရသည်။

Taehyung ​နေရတဲ့ အ​ခန်းက သူငယ်ငယ်​လေးတည်းက ​နေခဲ့တဲ့အခန်း။
နီညို့ညို့ကတ္တီပါ ခန်းဆီးလိုက်ကာ​တွေနဲ့ ​လေးဖက်​လေးတန် အလှဆင်ထားသည်။

နီညို့ညို့နှင်းဆီ​ရောင် ပိုးဖဲ​တွေက ​ဖေ​ဖေ့စိတ်ကြိုက်​ရွေးချယ်ထားတာ​တွေ...ခုထိ ဘာမှမ​ပြောင်းလဲသွား။ ​တောနှင်းဆီသား စားပွဲနဲ့ ထိုင်ခုံ ဝမ်းဆက်၊ မ​​ဟော်ဂနီအဝတ်ဘီရို...​ဖေ​ဖေနဲ့ ​မေ​မေရှိစဥ်ကအတိုင်း။
သစ်လွင်​ပြောင်လက်​နေ​အောင် ခြံ​စောင့်ကြီးနဲ့ အ​ဒေါ်ကြီးက တယုတယထိန်းသိမ်းထားသဖြင့် ​ကျေးဇူးတင်သည်။

အတ္တလန်တာမှ သူ့အတွက် ​ပျော်စရာ အမှတ်တရ​တွေရှိသည်။
​ဖေ​ဖေနဲ့ ​မေ​​မေ့အ​ကြောင်း ​တွေးစရာ​တွေရှိသည်... မ​တွေးရဲ​တာ​တွေလည်း ရှိသည်။

"​ဪ...ချာတိတ် တံခါးမပိတ်ထားဘူးပဲ။ ကိုယ်ဒီမှာ မင်းအတွက် မုန့်ယူလာတယ်"

​ကော်ဖီတစ်ခွက်နဲ့ သကြားဖြူးထားတဲ့ ​ပြောင်းဆန်​ပေါင်မုန့်။

"တစ်ခုခုစားလိုက်ပါ။ ခရီးပန်းလာတာနဲ့ ဘာမှမစားရင် ဗိုက်​​အောင့်လိမ့်မယ်"

Taehyung မျက်နှာက ပူပူ​ဆွေး​​ဆွေး။ တစ်ခါမှ ဒီလို အမူအရာမျိုး မ​တွေ့ဖူး။ ​သွေး​အေးတဲ့ Taehyung, ​ဒေါသထွက်​နေတဲ့ Taehyung, စိတ္တဇ Taehyung. အခု Taehyungက သူ့အတွက် ထူးဆန်း​နေသည်။

"ဘာ​တွေ ​တွေး​နေတာလဲ"

"ဟင့်အင်း.. မုန့်ထားပြီးရင် ပြန်​တော့"

"ကိုယ့်​ခြေ​ထောက်နဲ့ကိုယ် ပြန်ချင်မှ ပြန်မှာ​ပေါ့။ ကိုယ်သိချင်တယ် အတ္တလန်တာမှာ ​နေခဲ့တဲ့ ချာတိတ်ရဲ့ပုံစံကို"

Taehyung ဝရန်တာမှာ ရပ်​နေသည်။ ဝရန်တာအနီးက ဝက်သစ်ချပင်ကြီးက အိုလှပြီ။
အခက်အလက်​တွေက ဝရန်တာဘက် ထိုးကျ​နေကာ ​လေ​အေး​အေးတိုက်​နေသည်။

"မသိချင်ပါနဲ့​​လေ"

၅နှစ်သားအရွယ် က​လေး​လေးတစ်​ယောက် ခြံဝန်းထဲ ​ပြေးလွှားကစား​နေသည်။
​ရွှေ​ရောင် ဆံပင်​လေးရယ် စိမ်းပြာ​ရောင်မျက်လုံး​လေးရယ်​ကြောင့် ဒီက​လေးက အတ္တလန်တာမှာ အချစ်ခံ​လေး။

ရုပ်ရည်​လေးက ချစ်​မွှေးပါသည့်အပြင် လိမ္မာ​ရေးခြားလည်း ရှိသည်။ ဉာဏ်ကလည်း အရွယ်နှင့်မလိုက်​အောင် ​ကောင်းလွန်းပြီး အမှတ်သည်း​ခြေ ကြီးသူ​လေး။ အိမ်ရဲ့ အဖိုးတန်​လေး။
ဒီက​လေး​လေးက အတ္တလန်တာရဲ့ အသည်းအသက်​လေး ဖြစ်​နေတာ အဆန်း​တော့ မဟုတ်။

"သား​လေး အိမ်​ရှေ့မှာ ​ဖေ​ဖေပြန်​ရောက်​နေပြီ​နော်။ သွားကြိုလိုက်ပါဦး"

"ဟုတ် ​မေ​မေ"

​မေ​မေ့​ခေါ်သံကြားသည်နှင့် ​ခြေတံ​သေး​သေးလေး​တွေက အိမ်​ရှေ့ကို ဒုန်းစိုင်း​ပြေး​တော့သည်။

"​ဖေ​ဖေ့သားက အ​ဆော့မက်​​နေတာများကွာ ​ဖေ​ဖေပြန်လာမှာကို ​မေ့​နေပြီထင်ပါ့"

"​မေ့ပါဝူး ​ဖေ​ဖေကလည်း"

​ဖေ​​ဖေ့​ဘေး ပါလာတဲ့ က​လေးမ​​လေး​ကြောင့် အရင်လို ​ဖေ​ဖေ့ဆီ ​ပြေးပြီး ​အ​ပွေ့မခံရဲဖြစ်​နေသည်။ ထိုက​လေးမရဲ့ အကြည့်က စူးစူးရဲရဲ။

"မိန်းမ​ရေ...ဒီမှာ ​တောနှင်းဆီ​တွေ ရလာတယ်​ဟေ့"

​ဖေ​ဖေက လက်မှာ​ပွေ့ထားတဲ့ ​တောနှင်းဆီပန်စည်းကြီးကို ​​မေ​မေ့ဆီကမ်း​ပေးလိုက်သည်။
​ဖေ​ဖေ့​ဘေးက က​လေးက သူ့ကို စိုက်ကြည့်​နေသည်။

"​ပေး!"

'အာ့!'

ထိုက​လေးမ​လေးက သူကိုင်ထားတဲ့ သစ်သားမြင်းရုပ်​လေးကို အားနဲ့ဆွဲလုပစ်​တော့ သူပစ်လဲသွားသည်။
သူစိမ်းက​လေးက လုပ်တာမို့ စိတ်လည်းဆိုးသည်။ ပွန်းပဲ့သွား​သော တံ​တောင်ဆစ်​ကြောင့် ဝမ်းနည်းသည်။

"​ဟော က​လေး​တွေက​တော့ စ ပြီ။ သမီး​လေး အဲ့တာ သမီးကိုကို​လေး​လေ သမီးနဲ့ အတူကစားရမှာ။ အဲ့လို မလုပ်ရဘူး"

​​ဖေ​ဖေက အတူတူကစားဖို့​ပြော​နေ​ပေမယ့် သူမကစားချင်ပါ။ ထိုက​လေးမက သူ့ကို ကြည်ဖြူပုံမရ။
​ဖေ​ဖေ​ပြောပုံအရ ထိုက​လေးမက သူ့ရဲ့ ညီမဝမ်းကွဲ... ​ဖေ​ဖေ့ညီရဲ့ သမီး​လေးတဲ့။
သူ့အ​ဖေခရီးက မပြန်လာမချင်း ဒီအိမ်မှာ​နေမလို့တဲ။

ဘယ်လို ​တော်စပ်​ပုံ​တွေ သူမသိချင်ပါ။ သူ့စိတ်ထဲ ဒီက​လေးမနဲ့ ​နေရမှာကို ရွံ့​နေသည်။
သို့​သော်...​ဖေ​ဖေ​မေ​မေတို့စကားကို နားမ​ထောင်တဲ့လူမဖြစ်ချင်တာ​ကြောင့် သည်းခံရန်ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့...သား ညီမ​လေးနဲ့ အ​ဖော်လုပ်​ပေးပါမယ်"

တစ်ပတ်​​လောက်အကြာမှာ ထိုက​လေးမ​လေးရဲ့ အ​ဖေ​ရောက်လာသည်။

ထိုအချိန်ကစပြီး သူ့ဘဝကြီးက​ပြောင်းကပြန် ဖြစ်သွားရမယ်ဆိုတာသာ ကြိုသိခဲ့လျှင် အဲ့က​လေးမနဲ့ ​ဝေး​ဝေး​နေခဲ့ပါသည်။

ညနက်ကြီးထဲ ငူငူငိုင်ငိုင်...သူနိုးထလာ​တော့ ကြက်​သွေး​ရောင် ကုတင်​ပေါ်မှာ။
​ချွေးတပြိုက်ပြိုက်ကျ​ပြီး တစ်ကိုယ်လုံး တုန်ရီ​နေသည်။

အတ္တလန်တာ ​ရောက်​ရောက်ချင်း အိပ်မက်က ဆိုးသွမ်း ညစ်နွမ်းသည်။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi ~

"ခ်ာတိတ္ ကိုယ္​ေျပာတာက..."

"ထြက္သြား!"

ထိုတစ္ရက္လုံး ခ်ာတိတ္ကို ​ေတြ႕ခြင့္မရခဲ့။

ခ်ာတိတ္ သူ႔အခန္းထဲ ျပန္သြားၿပီး သိပ္မၾကာ...Joanna တို႔ သားအမိတစ္​ေတြ ေရာက္လာသည္။ Joannaက Suzan ထက္ငယ္သည္... သို႔​ေသာ္ ႐ြယ္တူလိုသာ ​ေပါင္းသင္းၾကသည္။

"​ေဟး...Suzan မင္းဒဏ္ရာရတာဆို..သက္သာသြားၿပီလား"

"သက္သာသြား​ေပါ့ .. အခု​ေတာင္ ကိုယ္မင္းကို ​ေတြ႕ဖို႔ ​​ေဒါက္တာ Jeon နဲ႔လိုက္လာတာ"

"ဪ..."

Joanna က Jeonကို တစ္ခ်က္လွည့္ၾကည့္သည္။ ဟို​ေန႔က သူနဲ႔ ဆင္ဝင္မွာ တိုက္မိတဲ့လူ။
ကိုကို​ေလးရဲ႕ ဆရာဝန္... ဒီလူဟာ ကိုကို​ေလးလို အ႐ူးတစ္​ေယာက္ရဲ႕ ​ေဘးမွာရွိဖို႔​မ​ေကာင္း။
ကိုကို​ေလးဟာ တစ္​ေယာက္တည္းသာ ရွိ​ေန​သင့္သည္။

အထီးက်န္​ေနသင့္သည္။

"အို Suzan.. မင္းဂါဝန္ဘယ္လိုျဖစ္​တာလဲ။ ဟို​ေန႔ကမွ အသစ္ခ်ဳပ္ထားတဲ့ ​ေအာ္ဂန္ဒီဝတ္စုံႀကီးမလား"

"ဘာျဖစ္ရမွာလဲ...ႏွင္းဆီၿမိဳင္သခင္​ေလးဆိုတဲ့လူ​ေၾကာင့္​ေပါ့ ငါ့ကိုယ္​ေပၚ ​ေရ​ေႏြးပူလည္း ​ေလာင္းခ်တယ္။ လက္​ေကာက္ဝတ္ကိုလည္း ကိုင္ၿပီး တြန္းခ်တယ္။ ၾကည့္ပါဦး ကိုယ့္ရဲ႕လက္​ေလး..."

Joanna ရွက္လွၿပီ... သူ႔အစ္ကိုရဲ႕ လုပ္ပုံ​ေတြကို ထပ္မၾကားလို​ေတာ့။ ​ေဖေဖတို႔ကလည္း ဒီအရႈပ္ထုပ္အ႐ူးကို ဘာကိစၥအတၱလန္တာက​ေန တကူးတက ​ေခၚခဲ့ရတာတုန္း။
ဟုတ္တယ္...​ေဖ​ေဖအသိစိတ္လြတ္​ေနလို႔ပဲ ျဖစ္ရမည္။

ဒီအ႐ူးကို ၈ႏွစ္​ေလာက္အိမ္​ေပၚ​ေခၚတင္ထားတာနဲ႔တင္ ရွက္ဖို႔​ေကာင္းလွၿပီ။
အိမ္အတြက္ ဘယ္​ေနရာမွအသုံးမက်တဲ့ ကိုကို​ေလးကို ​ေကြၽး​ေမြးထားရတာကို သူ႔အတြက္ ဆုံးရႈံးမႈမ်ားလွသည္။

Joanna ကိုကို​ေလးကို ဘယ္တုန္းကမွ သ​ေဘာမက်ခဲ့၊ မၾကည္ျဖဴခဲ့။
စ​ေတြ႕တည္းက မုန္းခဲ့သည္။
အခုလည္း ကိုကို​ေလး​ေၾကာင့္ အရွက္ရျပန္ၿပီ။

"Joanna...Suzanကို အဝတ္အစား​ေလး လဲဖို႔ ငွားလိုက္ပါလား"

​ေယာက်္ားပ်ိဳတစ္​ေယာက္က မိန္းမပ်ိဳ​ေလး​ေတြရဲ႕ အဝတ္အစားကိစၥ​ေျပာ​ေနသည္မို႔ Joanna​ေရာ Suzan​ေရာ ရွက္​ေသြးျဖာသြားသည္။
​ေမ​ေမတို႔သာဆို ဒါလူႀကီးလူ​ေကာင္းစကားမဟုတ္လို႔ ရွက္​ေသြးျဖာမယ့္အစား ​ေဒါသ​ေသး​ေသး​​ေလးထြက္ျပၿပီး ဟန္လုပ္သင့္တယ္လို႔ သင္မည္ထင္ရသည္။

"အိုကြယ္...ကိုယ္​ေမ့သြားတယ္။ လာ Suzan.. ကိုယ္မင္းအတြက္ ဝတ္စုံျပင္​ေပးမယ္"

လူျဖဴလူကုံထံအမ်ိဳး​သမီး​ေလးတစ္​ေယာက္ ​ေပ​ေရ​ေနတဲ့ ဂါဝန္ႀကီးနဲ႔ ဟိုဒီသြား​ေနတယ္ဆို ​လူ​ေတြက အထင္​ေသးတတ္ၾကသည္။
သစ္လြင္​ေတာက္ပ​ေနတဲ့ ပိုးသားဖဲသားဂါဝန္​ေတြကို မီးပူနဲ႔ ​ေက်ာ့​ေန​ေအာင္တိုက္ၿပီး ဝတ္မွ ဂုဏ္တင့္သည္ဟု ထင္ၾကသည္။

Jeon ဧည့္ခန္းထဲမွာ တစ္​ေယာက္တည္း ထိုင္​ေနရင္း ခ်ာတိတ္အ​ေၾကာင္း ​ေတြးမိသည္။
ခ်ာတိတ္က စိတ္အ​ေျပာင္းအလဲ အတက္အက်ျမန္သူမို႔ သူ​နည္းနည္း​​ေျပာလိုက္ရင္ အဆင္​ေျပသြားမွာလို႔ တစ္ထစ္က်​ေတြး​ေနမိသည္။

ထို​ည​ေနက Kim Aiden က Suzanကို ည​ေနစာစားၿပီးမွ ျပန္ခိုင္းသည္။ ဧည့္ဝတ္​ေက်ပြန္လြန္းတဲ့ ​ေတာင္ပိုင္းသား​ေတြက လူတစ္​ေယာက္ကို ထမင္းဖိတ္​ေကြၽးဖို႔ရာ ဝန္မ​ေလး။

"ကြၽန္​ေတာ္လုပ္စရာ​ေလး ရွိ​ေသးလို႔ ခြင့္ျပဳပါဦး"

အခ်ိဳပြဲဆက္မစားေတာ့ဘဲ Taehyungအခန္းကို လာ​ေတာ့ ထင္တဲ့အတိုင္း တံခါးႀကီး ပိတ္ထားသည္။

"ထြက္သြား!"

လ်င္လိုက္တာလည္း လြန္ပါ​ေရာ..။ တံခါးလက္တံကို လွည့္ၾကည့္႐ုံရွိ​ေသး သူက ​ေမာင္းထုတ္​ေနၿပီ။

"ခ်ာတိတ္ တံခါးမဖြင့္မခ်င္း ကိုယ္​ေစာင့္​ေနမွာ"

"​လဲ​ေသလိုက္ပါလား"

အဲ့လို​ေအာ္ႏိုင္ပုံ​ေထာက္ရင္​ေတာ့ စိတ္အ​ေျခအ​ေနက ပုံမွန္လို႔ ​ေျပာလို႔ရသည္။
ကိုယ္တကယ္ႀကီး သူ႔အခန္း​ေရွ႕ ​​ေစာင့္​ေနမိသည္။
သူက တံခါးမဖြင့္ ကြၽန္​ေတာ္​ေစာင့္​ေနမွာ သိရက္နဲ႔​ေလ။

'ဒုတ္!'

ျပတင္း​ေပါက္ဆီ တစ္ခုခု မွန္လာသည္။ အခန္းျပင္ဘက္က တတိုင္း​ေမႊးပန္း႐ုံ​ေပၚတက္တတ္​ေသာ ရွဥ့္​ေလး​ေတြလက္ခ်က္ျဖစ္လိမ့္မည္။

'ဒုတ္!'

ဒီ​ေန႔မွ ရွဥ့္​ေတြက ​ေသာင္းက်န္လိုက္တာ။ နံရံက နာရီႀကီးက ၁၁ ကို ၫႊန္ျပ​ေနၿပီး တ​ေဒါင္​ေဒါင္ျမည္​ေနၿပီ။ ဒီရွဥ့္​ေတြက မအိပ္တတ္ၾကဘူးလား။

အိပ္ရာ​ေအာက္မွာ ဝွက္ထားတဲ့ ပစၥတိုကို ယူလိုက္ၿပီး ျပတင္း​ေပါက္ကို ဖြင့္ၾကည့္လိုက္သည္။
ရွဥ့္မဟုတ္.. ရွဥ့္ထင္ၿပီး ပစၥတိုလက္ခ်က္မိမွာျဖင့္ မ​ေတြးရဲစရာ။
ဒီလူလုပ္လိုက္ရင္ ႀကံႀကံဖန္ဖန္။

"ခင္ဗ်ား ဘာလုပ္​ေနတာလဲ။ က်ဳပ္အိပ္လို႔မရဘူးဗ်"

"ကိုယ္ ႏွင္းဆီတံခါးဖြင့္မလားလို႔ ​ေစာင့္​ေနတာ ႏွင္းဆီမွ မဖြင့္ဘဲ"

"ဘာႏွင္းဆီလဲ ႐ူး​ေနတာလား၊ ခင္ဗ်ားကို က်ဳပ္ထပ္မ​ေတြ႕ခ်င္ဘူးလို႔ မ​ေျပာထားဘူးလား"

ထပ္မ​ေတြ႕ခ်င္..ကိုယ့္ကို မယုံတဲ့လူနဲ႔ ထပ္​ေတြ႕စရာအ​ေၾကာင္းမရွိ။
လူကဲခတ္ညံ့တဲ့လူဆို Taehyung သာ၍ မုန္းသည္။
လူကဲမခတ္တတ္ဘဲ ရွင္သန္​ေနရင္ ဘဝက စုတ္ျပတ္သည္ထက္ စုတ္ျပတ္သြားမယ္လို႔ ခံယူထားသည္။

"ထြက္သြား!"

'ဂ်ိန္း!'

ျပတင္းတံခါး႐ြက္က ႀကီးလြန္းတာ​ေၾကာင့္ တံခါးကို ​ေဆာင့္ပိတ္လိုက္​ေတာ့ ဂ်ိန္းခနဲ ျမည္သည္။

Taehyung ခပ္ရဲ႕ရဲ႕ၿပဳံးသည္။ သူ႔ပတ္ဝန္းက်င္မွာ အ​ေပၚယံသိပ္မ်ားသည္။
____

သန္း​ေခါင္​ေက်ာ္ ၂ခ်က္တီး အခ်ိန္။

ႏွင္းဆီၿမိဳင္အိမ္က ပတ္ပတ္လည္ဧက​ေထာင္ခ်ီဝါခင္း​ေတြၾကား ထီးထီးႀကီး။
ခမ္းခမ္းနားနား ​ေျခာက္​ေျခာက္ျခားျခား။

ႏွင္းဆီၿမိဳင္အိမ္ရဲ႕ ဘယ္ဘက္အျခမ္းအ​ေပၚထပ္မွာ အိပ္ခန္းက်ယ္ႀကီး ၂ခန္း။
တစ္​ေယာက္စာ အခန္းထဲမွာ ႏွင္းဆီၿမိဳင္သခင္မ​ေလးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​ေနသည္။

က်န္တစ္ဖက္အခန္းမွာ Aidenတို႔ ဇနီး​ေမာင္ႏွံ အိပ္​ေနဆဲ။
အရိပ္နက္ႀကီးတစ္ခု အခန္းထဲ ဝင္လာသည္။

Aiden သူ႔ကို တစ္ခုခုလာဖိ​ေနသလို ခံစားရသည္။ အသက္ရႉ၍ မရ။ အသား​ေတြ ျပာႏွမ္းလာၿပီး ​ေဘးက ​ေမြ႕ရာစကို ဆြဲကိုင္သည္။
သူ​ေသ​ေတာ့မွာလား သူ​ေသ​ေတာ့မယ္..။

သူမ​ေသခ်င္​ေသး... သူ႔မွာ လုပ္စရာ​ေတြ တစ္ပုံႀကီး ရွိ​ေသးသည္။

'​ေသစမ္း...​ေသလိုက္စမ္း'

ထိုအရိပ္နက္ႀကီးဆီက အဲ့အသံ ထြက္လာသည္။ ကိုယ့္အသက္ကို ရန္ရွာ​ေနမွန္းသိရက္နဲ႔ မခုခံႏိုင္။
ထိုလူက ဘယ္သူမွန္းလဲမသိ။
​ေဘးကဇနီးျဖစ္သူက​ေရာ ဘာလို႔မႏိုးတာလဲ။

"ဖယ္ ဖယ္စမ္း!"

အတင္း႐ုန္း​ေလ အသက္ရႈၾကပ္​ေလ။ သူတကယ္ ​ေသရ​ေတာ့မွာလား။
သူ​ေနာက္ဆုံး ျမင္​ေနရတာက သမၼာက်မ္းစာ​ေတြထဲ ၫႊန္းဆိုထားတဲ့အရာ​​ေတြမဟုတ္။

သူျမင္​ေနရတာ ႏွင္းဆီၿမိဳင္...ဝါ​ေတြ​ေဖြး​ေဖြးလႈပ္​ေအာင္ထြက္​ေသာ ႏွင္းဆီၿမိဳင္။
ႏွင္းဆီၿမိဳင္က ​ေ႐ႊဆိုလည္းဟုတ္သည္...​ေငြဆိုလည္း ဟုတ္သည္။
သူဒီ​ေနရာကို စြဲလမ္းသည္...ဒီ​ေနရာက ထြက္သြားဖို႔ ​ေစာလြန္း​ေသးသည္။

"Aiden..Aiden! ထပါဦး!"

"ဟင္း...မိန္းမ.. ဟို အရိပ္ႀကီး​ေရာ အရိပ္နက္ႀကီး"

"အလို​ေတာ္ ရွင္အိပ္မက္ဆိုး​ေတြ မက္​ေနတာ​ေနမွာ​ေပါ့။ 'ဖယ္စမ္း' ဆိုၿပီး ​ေယာင္​ေနလို႔ ကြၽန္မက ႏႈိးရတာရွင့္"

Aiden စိတ္ထဲက အလုံးႀကီး က်သြားသည္။ အိပ္မက္မို႔ ​ေတာ္​ေသးတာ​ေပါ့။
အိပ္မက္ထဲကလို အရိပ္နက္ႀကီးသာ တကယ္ရွိရင္... အိုကြာ ​ေပါက္ကရ​ေတြ အိပ္မက္ဆိုတာ ​ေျပာင္းျပန္ယူရမယ့္အမ်ိဳးပဲဟာ။
ဘယ္အရိပ္နက္ကမွ သူ႔ကို လာမသတ္ႏိုင္သလို သူကလည္း ဒီ​က​ေနထြက္သြားဖို႔ရာ အခ်ိန္ မတန္​ေသး။

"ကဲ ရွင္အိပ္​ေတာ့ မနက္ျဖန္ ဂ်ဳန္းဘာ႐ိုကို သြားရဦးမယ္မလား"

အကယ္၍..အကယ္၍မ်ား အရိပ္နက္ႀကီးသား တကယ္ရွိ​ေနခဲ့သည္ ဆိုလွ်င္..။
____

"​ေဒါက္တာ့ကိုပဲ

You are reading the story above: TeenFic.Net