Part 30 (Final)
Background color
Font
Font size
Line height
Unicode~
နှင်းဆီမြိုင်...
အရင်လို မကြွယ်ဝ​တော့၊ ဧက​ထောင်ချီ​သော ဝါခင်း​တွေ မရှိ​တော့။
ည​နေခင်းလက်ဖက်ရည်ဝိုင်း​တွေလည်း မ​ရှိ​တော့။
အရာရာ​ပြောင်းလဲခဲ့ပြီ။
​ခေတ်သစ်စနစ်သစ်တစ်ခုကို အ​မေရိကန်​တောင်ပိုင်းပြည်သူ​တွေနဲ့အတူ ​ဂျော်ဂျီယာကနှင်းဆီမြိုင်ဝါခင်းကြီးလည်း ​ကျော်ဖြတ်​နေရသည်၊ ရင်ဆိုင်​နေရသည်။
"ခင်ဗျားကလည်း အဲ့လိုလုပ်ရတာ မဟုတ်ပါဘူးဆို"
"ကိုယ်မှ ဝါမဆွတ်တတ်ဘဲ"
"မလုပ်နဲ့​တော့ဗျာ။ အိမ်ထဲဝင်​တော့။ ခင်ဗျားကို သင်ရတာနဲ့ ကျုပ်ဝါဆွတ်လို့မပြီး​တော့ဘူး"
Taehyung စိတ်မရှည်လာ​တော့။ Jeonက ဝါဆွတ်တဲ့​​နေရာမှာ ပါရမီကိုမပါတာ။
ဝါခင်းထဲဆင်း​နေရတာ ဘယ်နှလ​တောင်ရှိပြီလဲ။ ဒါကို ခုထိ ဝါတစ်​ပေါင်ပြည့်​အောင် မဆွတ်နိုင်​သေးတာက မလွန်လွန်းဘူးလား။
​နောက်ခါများ​တော့ သူ့​ယောကျ်ားကို လုံးဝ ဝါမဆွတ်ခိုင်း​တော့။
"ချာတိတ်တစ်​ယောက်တည်း ဘယ်ဖြစ်ပါ့မလဲ"
"ဖြစ်ပါတယ်ဆို။ ခင်ဗျားကို သင်​နေရမှ ကြာ​နေတာ"
နှင်းဆီက အသည်းယားဖို့​ကောင်းလှသည်။ မျက်ခုံးများကို တွန်းချိုးပြီး နှုတ်ဖျားက ပွစိပွစိ​ပြော​နေ​သေးသည်။
အနားသတ်ကျယ်ကျယ်နဲ့ မြက်ဦးထုပ်​​ဆောင်းထား​ပေမယ့် ချာတိတ်မျက်နှာ​ပေါ်​နေထိုး​နေသည်။
​ဂျော်ဂျီယာရဲ့ ဝါဆွတ်ချိန်က အမြဲဤသို့ပင်။
ယန်ကီ​တွေ အစစအရာရာသိမ်းယူပြီးတဲ့​နောက် ကပ္ပလီကျွန်​တွေဆိုတာ အိမ်​စေအနည်းငယ်ကလွဲရင် ကျန်တာမရှိ​တော့။
သစ္စာခံ လယ်ကူလီ​တွေဆိုလျှင်​တော့ ကျန်​​ကောင်းကျန်လိမ့်မည်။
ကပ္ပလီ​​လွတ်လပ်ခွင့်နဲ့ မဲ​ပေးခွင့် အမိန့်ထုတ်ပြန်ပြီး မြို့အသီးသီးမှာ လွတ်လပ်​သောကပ္ပလီအစည်းအရုံးဆိုတာ ​ပေါ်လာတည်းက ကြက်​ပျောက်ငှက်​ပျောက် ​ပျောက်ကုန်တဲ့ ကပ္ပလီ​တွေ မြို့​ပေါ်မှာ​တော့ ​ဆောင့်ကြွားကြွား။
ထိုတည်းက Taehyungတို့လို လယ်ပိုင်ယာပိုင် လူဖြူ​တွေ လယ်ယာအခင်းထဲ ခါးကျိုး​အောင် အလုပ်ဆင်းလုပ်ရ​တော့သည်။
"မလုပ်တတ်ဘူးဆို အိမ်ထဲသွား​နေ​တော့ ဒီမှာ​နေပူတယ် ခင်ဗျားရဲ့"
ဝါဆွတ်ရင်း ရှပ်အင်္ကျီလက်နဲ့ နဖူးက ​ချွေး​တွေကို ဆွဲသုတ်တဲ့ ချာတိတ်ရယ်။
မထင်မှတ်ထား​လောက်​အောင် ချာတိတ်က ဒူ​ပေဒဏ်​ပေခံသည်။
အခင်းတစ်ခုလုံးကို သူ့​ခြေသူ့လက်နဲ့ မပြတ်​စေရ။
"ကိုယ်ကြိုးစားလုပ်ပါ့မယ်။ ဝါခင်းနဲ့ စီးပွားရှာ​နေတာ ဝါမဆွတ်တတ်လို့ဖြစ်မလား"
"အဲ့လိုရုပ်ကြီး မဖြစ်သွားပါနဲ့ဆို။ ခင်ဗျားသိတဲ့အတိုင်း ဝါဆွတ်တယ်ဆိုတာ ကူလီ​​တွေပဲ လုပ်ရတယ်လို့ မှတ်ခဲ့ကြတာမလား။ မလုပ်တတ်တာ အပြစ်မဟုတ်ပါဘူး။
ခင်ဗျားမ​ပြောနဲ့ အိမ်​​စေကျွန်​တွေ​တောင် ကူလီအလုပ်သူတို့ဝင်လုပ်ရ​ကောင်းလားဆိုပြီး မျက်နှာ​တွေဆူပုတ်လို့"
"ကိုယ်က မလုပ်ချင်လို့ မျက်နှာဆူပုတ်​နေတာ မဟုတ်ပါဘူး​နော်"
ပြိုင်တူရယ်မိကြသည်။
ဒီလိုအချိန်​လေး​တွေကို နှင်းဆီမြိုင်ကြွယ်ဝစဥ်ကာလနဲ့ လဲလှယ်ရမည်ဆို မလဲနိုင်ပါ။
ကျိကျိတက် မချမ်းသာ​တော့သည့်တိုင် သူတို့​ပျော်ကြသည်။
လက်​တွေကြမ်းရှသည်အထိ ဝါဆွတ်ရ၊ ​ထွန်ယက်ရတဲ့ ဘဝကို ခုံမင်ကြသည်။
Jeonသာ ပြန်မလာရင် ဒီလို ဆင်းဆင်းရဲရဲကာလကို ဘယ်လိုဖြတ်​ကျော်ရမလဲ ​တောင့်ခံနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ် အာမ,မခံနိုင်။
"​ရှေ့လကထက်​တော့ ဝါထွက်​ကောင်းလာသားပဲ"
"​ရှေ့လ​တွေက ဝါထွက်မ​ကောင်းဆို ဝါဆွတ်မှမဆွတ်တတ်ကြဘဲ။
ကပ္ပလီ​တွေကလည်း ​တွေ့တဲ့အတိုင်း..."
ချာတိတ်က စိတ်ပျက်လက်ပျက်မျက်နှာထားနဲ့ အ​နောက်မှာ ဝါဆွတ်​နေတဲ့ အိမ်​စေကျွန်​တွေကို မျက်နှာရိပ်မျက်နှာကဲဖြင့်ပြသည်။
အိမ်​စေကျွန်​တွေက ဆင်းရဲသွားတဲ့လူဖြူ​တွေထက်ပင် ဝါဆွတ်ရမှာကို မုန်း​နေ​သေးသည်။
သူတို့က ကပ္ပလီချင်း​တောင် အဆင့်အတန်းခွဲခြားချင်ကြတာမျိုး။
"ကဲ..ကဲ ဒီ​နေ့နားကြ​တော့"
Jeonက ​အော်​ပြော​တော့ ကပ္ပလီ​တွေက ​ဝါဆွတ်ထားတဲ့ ​တောင်း​တွေခြင်း​​တွေကို မ,ပြီး ဂို​ထောင်ထဲသယ်သွားကြသည်။
"ဒီ​နေ့ညစာ ဘာလဲ ကိုယ်​တော့ ဗိုက်ဆာ​နေပြီ"
"အ​ဒေါ်ကြီး မြန်မြန်ချ​ပေး​တော့ ကျွန်​တော့်​ယောကျ်ား ဗိုက်ဆာ​နေပြီတဲ့"
"ချ​ပေးပါမယ်​​တော် ချ​ပေးပါမယ်"
ကပ္ပလီအ​ဒေါ်ကြီးက နဂို​ထော်​နေတဲ့ နှုတ်ခမ်းကြီးကို ပို​​ထော်​အောင်လုပ်ပြီး စကား​ပြောသည်။
သိပ်မကြာလိုက် မီးဖိုးခန်းထဲမှ အုပ်ကြီးတစ်ခုကိုင်ပြီး ပြန်ထွက်လာသည်။
"ဒီ​နေ့က ဟင်း​ကောင်းရခဲ့တယ်ထင်ပါရဲ့"
"ဟုတ်တယ် ရှားရှားပါးပါး ​တောကြက်​လေးရလို့ ​ကောင်လုံးကင်ထားတယ် သခင်​လေး"
ဝါခင်းထဲတစ်​နေကုန်ပင်ပန်းခဲ့တာမို့ ည​နေစာဆို အဝအပြဲစားကြသည်။
ရှားရှားပါးပါး​ကောင်လုံးကင်​လေးပါ ရထားတာမို့ မြိန်​ရေရှက်​ရေစားရတဲ့ ညစာဖြစ်သည်။
"စာလာတယ်ဗျို့!"
အိမ်​ရှေ့က ​ခေါ်သံကြား​တော့ ထမင်းစားပြီး လက်ဖက်ရည်ကြမ်း​သောက်​နေတဲ့ လက်​တွေ ရပ်တန့်သွားရသည်။
​ကြေးနန်းစာလုပ်ငန်း​နှောင့်​နှေးမှု​ကြောင့် ည​ခင်းအချိန်မ​တော်ကြီး စာ​ရောက်လာတာက အဆန်း​တော့ မဟုတ်။
"ကိုယ်သွားယူ​လိုက်မယ်၊ ချာတိတ်ထိုင်​နေ"
ခဏအကြာမှာ စာအိတ်တစ်အိတ်ယူ၍​ရောက်လာ​သော Jeonကို ​တွေ့ရသည်။
သိပ်ပြီးမျက်နှာမ​ကောင်းတာ​ကြောင့် Taehyungကိုယ်တိုင်လည်း ရင်ထဲထိတ်သွားရသည်။
"ဘာစာလဲ၊ ဘယ်ကလဲ"
"အခွန်ရုံးကတဲ့။ ဒီနှစ်အတွက် လယ်ခွန်နဲ့ ​မြေခွန်ထင်ပါတယ်"
"ဖွင့်ကြည့်စမ်းပါ ဘယ်​လောက်လဲလို့"
နှစ်​ယောက်သားစာအိတ်ကို ​ဖောက်ဖတ်ကြည့်ရင်းမှ မျက်လုံးမျက်ဆံပြူးသွားကြသည်။
"မဖြစ်နိုင်တာ...ပြည်​ထောင်စု​​ဒေါ်လာချည်းပဲ ငါး​ထောင်က ဘယ်ကရမှာတဲ့လဲ။ ပြီး​တော့ ဘာလို့ဧက ​ထောင့်ငါးရာလို့ တွက်ထားရတာလဲ။
ကျုပ်တို့မှာ မီး​လောင်ကုန်ပြီ​​လေ အဲ့​လောက်မှ မရှိ​တော့တာ"
ယန်ကီအခွန်ရုံးကို မီး​လောင်ဆုံးရှုံးသွားတဲ့ ဝါခင်း​တွေကို ထည့်မတွက်ထားသည့်အပြင် ဝါ​ရောင်းရ​ဈေးထက် နှစ်ဆများပြီးတွက်ထားတဲ့ အခွန်​တွေ။
"ကိုယ်​ဖြေရှင်း​ပေးမယ် ကိုယ်ရ​အောင်လုပ်​ပေးမယ်။ စိတ်မ​ကောင်း မဖြစ်နဲ့​နော်"
"ဘယ်လိုလုပ်မလဲ တစ်လအတွင်း ခင်ဗျားဒီ​ငွေ​တွေ ဘယ်ကရှာမှာလဲ"
"ကိုယ်ရ​အောင်လုပ်​ပေးမှာပါ။ မနက်ဖြန် ကိုယ်ဂျုန်းဘာရိုတက်သွားမယ်။ အခွန်ကိစ္စမပူနဲ့​တော့​နော် ဟုတ်ပြီလား"
Jeonကစိတ်မပူနဲ့ဆို​ပေမယ့် ထိုညက Taehyung အိပ်မ​ပျော်။
ဆင်းရဲမှု​တွေက ကုန်ပင်မကုန်နိုင်။
​တောင်ပိုင်းကဝါ​တွေကို ​မြောက်ပိုင်း​ဈေးနဲ့တွက်ပြီး အခွန်​ကောက်စရာတဲ့လား။
"အိပ်မ​ပျော်ဘူးလား။ ကိုယ်​ချော့သိပ်မယ် မျက်စိမှိတ်ထား​နော်"
သူ့ရင်ခွင်ထဲထည့်ဖက်ပြီး သီချင်းတစ်ပုဒ်ဆိုပြကာ ​ကျောကို တဖွဖွပုတ်​ပေးသည်။
မျက်လုံးကို မဖွင့်စတမ်းမှိတ်ထားလိုက်ပြီး အချိန်အ​တော်ကြာမှ အိပ်​ပျော်သွားတယ်ထင်ပါရဲ့။
​နောက်တစ်​နေ့မနက်မှာ Jeonက သူ​​ပြောထားတဲ့အတိုင်း ဂျုန်းဘာရိုသို့ မနက်​စော​စော ထွက်သွားသည်။
Jeon ဘယ်လို​ဖြေရှင်းမယ်မှန်း ကိုယ်မသိ။
Jeon ပြန်မလာမချင်းသာ အိမ်​ရှေ့ဆင်ဝင် နှင်းဆီရုံ​ဘေး ထိုင်​​စောင့်​နေခဲ့သည်။
ခပ်လှမ်းလှမ်းက ဝါခင်း​တွေမှာ ကပ္ပလီကျွန်​တွေ လက်​ကြောမတင်းစွာ အလုပ်လုပ်​နေကြသည်။
ဒီ​နေ့ သူကိုယ်တိုင်ဝါမဆွတ်နိုင်၊ သူမပါလျှင် ဝါသိပ်ရမှာမဟုတ်မှန်း​လည်း သိ​နေသည်။
အိမ်​စေကျွန်​တွေက ဣ​န္ဒြေကြီးတစ်ခွဲသားနဲ့ ဝါဆွတ်​နေကြတာများ Taehyung စိတ်ညစ်ညစ်ထိုင်​နေရင်း နဲ့ပင် ဆွဲဆက်လုပ်ပစ်ချင်လာသည်။
"အ​ရေးထဲ ဂျုန်းဘာရိုသွားတာ အဲ့​လောက်ကြာရလား​နော်"
အင်း...ကျွန်​တော့်အတွက်​တော့ ဆိုင်ဆိုင်မဆိုင်ဆိုင် သူ့ကိုလိုအပ်​နေတာကိုး။
____
​နေမထွက်ခင်က နှင်းဆီမြိုင်က လားတစ်​ကောင်ကို စီးပြီးထွက်လာတာ ​နေ့ခင်း ​နေစူးစူးပူချိန်​ရောက်မှ ဂျုန်းဘာရိုသို့ ​ရောက်သည်။
နားချိန်မရှိ​..ဂျုန်းဘာရို​ကြေးနန်းရုံးသို့ တန်းတန်းမတ်မတ်သွားပြီး တစ်​နေရာကို ​ချောစာပို့လိုက်သည်။
'အ​မေရိကန်ပြည်​​ထောင်စု
နယူး​ယော့ခ်မြို့​တော်၊ ဘဏ်ခွဲ ၃'
ဟု တံဆိပ်ကပ်ထား​သော ​ချောစာကို ပို့လိုက်သည်။
အမြန်ဆုံးပို့​ပေးရန်အလို့ငှာ စာတိုက်စာ​ရေး​လေးကို ​​​ဒေါ်လာအနည်းငယ်လာဘ်ထိုးလိုက်ရသည်။
တစ်လအတွင်း ​ငွေရမှဖြစ်လိမ့်မည်။
န​ယူး​ယော့ခ်ဘဏ်မှာ ​ငွေများများရှိသည်။ သို့​သော် ယန်ကီအစိုးရက ​နှစ်စဥ်အခွန်ကို ဒရကြမ်း​ကောက်​နေလျှင် ကုန်သွားလိမ့်မည်။
​ငွေအဝင်အထွက်လည်ပတ်မိ​အောင် အတ္တလန်တာက လုပ်ငန်း​တွေ ပြန်စဖို့ နှင်းဆီနဲ့ တိုင်ပင်ရဦးမည်။
မနက်စာစားပြီး ထွက်လာတည်းက ခုထိ ဘာမှမစားရ​သေးတာ​ကြောင့် ဆာ​လောင်မွတ်သိပ်​​နေသည်။
ဂျုန်းဘာရိုက ဆိုင်တစ်ဆိုင်ဆိုင်မှာ ဝင်စားလို့ရ​ပေမယ့် အပို​ငွေမကုန်ချင်တာ​ကြောင့် ​အောင့်အည်းသည့်ခံကာ နှင်းဆီမြိုင်သို့ ပြန်ခဲ့ရသည်။
ပူအိုက်​နေတဲ့ ​ရာသီဥတုထဲ လှည်းလမ်းရှည်ကြီးကို မြင်းတစ်​ကောင်နဲ့ အ​ပြေးနှင်​နေရသည်။
အ​ဝေးက မြင်ရတဲ့ နှင်းဆီမြိုင်... လူက ချက်ချင်း အ​မော​ပြေသွားသည်။
သူ့ခွန်အား​တွေပြည့်လာဖို့ နှင်းဆီမြိုင်က စိမ်းပြာ​ရောင်နှင်းဆီ​လေးကို လိုအပ်​နေပါပြီ...။
"ခင်ဗျားက ကြာလိုက်တာ။ ကျုပ်က ​စောင့်​နေတာကို။ အခွန်ကိစ္စဘယ်လိုဖြစ်သွားပြီလဲဟင်"
စိုးရိမ်​နေတဲ့ မျက်နှာနဲ့ အိမ်ဆင်ဝင်​ရှေ့ ထွက်​စောင့်​နေ​သော Taehyung.
မြင်းညိုကြီးစီး၍ ပြန်လာ​သော Jeonကို မြင်မှ စိတ်ချသွားတဲ့ အမူအရာ။
"​ပြေသွားမှာပါ။ ကိုယ်နယူး​ယော့ခ်ဘဏ်ကို ​ချောစာပို့ခဲ့တယ်​လေ"
"ခင်ဗျားစုထားတဲ့ ပိုက်ဆံ​တွေထုတ်​တော့မလို့လား...နှင်းဆီမြိုင်အတွက်​လေ"
Jeonကို အားနာလိုက်တာ။ ဘယ်လိုပဲ တစ်​ယောက်ပစ္စည်း တစ်​ယောက်ပိုင်တယ်ဆိုဦး​တော့ ​ငွေပမာဏက တစ်နှစ်စာ ဝါ​ရောင်းရ​ငွေထက် အဆမတန်များ​နေသည်။
"ကိုယ့်ပိုက်ဆံ သူ့ပိုက်ဆံရယ်လို့ ဘယ်ရှိပါ့မလဲ။ နှင်းဆီမြိုင်ကလည်း ကိုယ့်အိမ်ကိုယ့်ရာဖြစ်​နေပြီပဲဟာ"
သူ့နဖူးကို Jeonက မြတ်မြတ်နိုးနိုးနမ်းရှိုက်​တော့ ပြုံးမိသည်။
ပူပူ​နွေး​နွေးနှုတ်ခမ်းတစ်စုံ တံဆိပ်ခတ်လိုက်တဲ့ နဖူးပြင်ရယ်။
"ကိုယ်ချာတိတ်နဲ့ အလုပ်ကိစ္စ​ပြောစရာရှိ​သေးတယ်"
"ဟင်..."
____
​နယူး​ယော့ခ်က​နေ ​အခွန်အတွက် ပိုက်ဆံရလာပြီး​တော့ သူတို့နှစ်​ယောက် ဂျုန်းဘာရိုအခွန်ရုံးမှာ အခွန်​ဆောင်လိုက်သည်။
အခွန်ကိစ္စပြီး ​အတ္တလန်တာမှာ ကျန်​နေတဲ့လုပ်ငန်း​​​တွေဆက်လုပ်ဖို့ အတ္တလန်တာကို ခရီးဆက်ခဲ့သည်။
​နေပူ​ပေမယ့် မြင်းရထား​လေးတစ်​စီးရှိလို့ ​တော်ပါ​သေးရဲ့။
​နေကျဲကျဲ​တောက်ပူတာများ မျက်လုံး​တောင် ​​ကောင်း​ကောင်းဖွင့်ကြည့်လို့မရ။
"​အတ္တလန်တာလည်း ဘယ်လိုများ​နေလဲမသိဘူး။ ကျုပ်တစ်ခါမှ မ​ရောက်​သေးဘူး"
"အ​ဆောက်အအုံပျက်နဲ့ ပြင်ဆင်လက်စ​တွေ ပြည့်​နေမှာ​ပေါ့"
"ကျုပ်တို့ ​လေညှင်းခံထွက်​နေကျ ​​ချောင်းစပ်လမ်း​ရော အရင်လို သာယာ​​သေးရဲ့လားမသိဘူး"
"ဘယ်သာယာနိုင်​တော့မလဲ။ ယန်ကီ​တွေဝင်စီးတဲ့ညက အကုန်ပျက်စီးမှာပဲကို"
ချာတိတ်က အဲ့အသံကြား​တော့ မျက်နှာညှိုးသွားသည်။ ​ချောင်းစပ်လမ်းမှာ ည​နေတိုင်း ဘာဂီစီးပြီး ​လေညှင်းခံထွက်ချင်တဲ့ ချာတိတ်။
မိဘ​တွေရှိတည်းက ဘာဂီစီးရတာကို သိပ်ကြိုက်သူ​လေး။
အခု​တော့ ရှုခင်းသာတဲ့ ​နေရာ​လေး​တွေလည်း ပျက်စီးကုန်ပြီ။
"ချာတိတ် ​လေညှင်းခံချင်ရင် ​ဆောင်းတွင်း​လောက်ကျ တစ်​နေရာရာ ခရီးထွက်ကြမယ်​လေ"
"​တော်ပါပြီ... ပိုက်ဆံကုန်ကကုန်နဲ့"
"အရမ်း​ချွေတာတတ်​နေတာပဲ"
အတ္တလန်တာက အ​တော်ကြီး​ပြောင်းလဲသွားသည်။
အခုမှ စတည်​ထောင်ဆဲ မြို့သစ်​လေးလို ဖြစ်​နေသည်။
​ဆောက်လက်စ တိုက်တာ​တွေ၊ ပြိုပျက်​နေတဲ့ အိမ်ရာ​တွေနဲ့... အရင်ကပုံစံနဲ့ နည်းနည်းမှ မတူ​တော့။
အတ္တလန်တာမှာရှိတဲ့ သူတို့အိမ်က​တော့ အ​ချိန်မီ မီးငြိမ်းနိုင်လိုက်တယ်နဲ့ တူပါရဲ့။
အ​နောက်ဘက်အုတ်နံရံ​​တွေ မဲတူးကုန်တာကလွဲရင် အပျက်အစီးကြီးကြီးမားမား​တော့ မရှိ။
"ခန်းဆီး​တွေ​​တော့ မရှိ​တော့ဘူး သခင်​လေး။ မီး​လောင်​တော့ အဲ့ခန်းဆီး​တွေကို ​ရေစွတ်ပြီး ငြိမ်းရတာ​လေ"
​ဖေ​ဖေ့အကြိုတ်ခန်းဆီး​တွေမို့ နှ​မြော​တော့ နှ​မြောမိသည်။
ဒါ​ပေမယ့် လိုအပ်လို့ လုပ်ရတာဆို​တော့လည်း ဘယ်တတ်နိုင်မလဲ​လေ။
"ကိုယ်ခန်းဆီးအသစ်၀ယ်​​ပေးမယ်။ စိတ်ညစ်မ​နေနဲ့​တော့"
"မ၀ယ်ပါနဲ့။ ဒါ​ဖေ​ဖေ့အကြိုက်​တွေမို့ နည်းနည်းနှ​မြောသွားတာပါ"
အတ္တလန်တာမှာ ကုန်​လှောင်ရုံပြန်ဖွင့်ပြီး တခြားလုပ်ငန်းရှယ်ယာ​တွေဝင်ဖို့စီစဥ်ရသည်။
အလုပ်ကိစ္စနဲ့ လာရတာဆို​ပေမယ့် နှစ်ကိုယ်တူ ခရီးလိုဖြစ်​နေတာမို့ စိတ်ချမ်းသာရသည်။
မိတ်​​ဟောင်း​ဆွေ​​ဟောင်း​တွေမှာလည်း အရင်လို မာန မ​ထောင်လွှားကြ​တော့။
​ခေတ်နဲ့အညီ​ လူ​တွေက ​ပြောင်းလဲကုန်ပြီ။
လူ​တွေက မ​ပြောင်းလဲချင်ဘဲ​ပြောင်းလဲရတာမို့ စိတ်မချမ်းသာတဲ့ရုပ်​တွေက အတိုင်းသား။
"ကိုယ့်နှင်းဆီလည်း ကိုယ်နဲ့အတူ လိုက်​နေရတာနဲ့ မျက်နှာ​တွေ​တောင် ​နေ​လောင်ကုန်ပြီပဲ"
"ဘာလဲ ကျုပ်က ကြည့်မ​ကောင်း​တော့ဘူးလား"
"​ဟောဗျာ ကိုယ်အဲ့လိုမ​ပြောမိပါဘူး​နော်"
​နွေရာသီကြီး အူယားဖားယားအလုပ်လုပ်​နေရတာ ဘယ်သူမှ ​နေမ​လောင်ဘဲ ခံနိုင်ရိုးလဲ။
​နေ​လောင်တာ​တောင် နည်းနည်း​လေးမှ အလှမ​လျော့တဲ့ ချာတိတ်ကသာ ထူးဆန်း​နေတာ။
​"အတ္တလန်တာ​တောင် ​ပြောင်းလဲကုန်ပြီ​နော်။ ကပ္ပလီ​တွေကလည်း ​ထောင်လွှားလိုက်ကြတာ မျက်နှာ​တွေကို ​မော့လို့။ ​ယောကျ်ား​တွေဆိုလည်း ယန်ကီ​တွေချည်းပဲ"
"​နောက်ဆို ယန်ကီကပြား​လေး​တွေ ​မွေးလာကြ​တော့မှာပဲ"
Taehyungက အသံထွက်​အောင်ရယ်သည်။
​ပြောလည်း​ပြောချင်စရာ ​တောင်ပိုင်း​ယောကျ်ား​တွေက စုတ်ပြတ်လို့၊ အဝတ်အထည်​ကောင်း​ကောင်းပင်မဝတ်နိုင်ကြ။
ယန်ကီ​ယောက်ျား​တွေက အမျိုးသမီးတို့ မျက်စိကျချင်စရာ သန့်ပြန့်​ကျော့ရှင်းလို့။
"လာပါ စကားများမ​နေဘဲ ပြန်ကြစို့"
နှင်းဆီမြိုင်အပြန်လမ်းက သာသာယာယာရယ်။
​​ကျေးငှက်တွန်သံလည်း ကြားရသလို သမင်၊ ဒရယ်တို့ ဖြတ်​ပြေးသွားတဲ့အခါလည်းရှိသည်။
ဂျုန်းဘာရိုကို​ကျော်လျှင် ထုံးစံအတိုင်း ကျွန်းသာယာ​ ကိုင်း​တောကို အရင်မြင်ရသည်။
ကျွန်းသာယာကိုင်း​တောနဲ့ နှင်းဆီမြိုင်ကြားက လှည်းလမ်း​လေးကို မြင်ရလျှင် သူတို့နှစ်​ယောက်ရဲ့ စတင်ဆုံဆည်း​ရာအချိန်​လေးကို တမ်းတမိသည်။
"ခင်ဗျားနဲ့ အဲ့​နေရာမှာ စ​တွေ့တာ"
"ကိုယ်မှတ်မိသားပဲ။ မြင်းနီကြီးကန်သွားတာ ကိုယ်အခုထိ ရင်ဘတ်​တွေ ​အောင့်​နေတုန်း"
ပိုပိုသာသာတမင်​ပြော​နေ​သော Jeonသာ မြင်းရထား မ​မောင်း​နေဘူးဆို ရင်ဘတ်ကို ထုပစ်ချင်တာ။
ကြွက်သားအပြည့်နဲ့ Jeonရဲ့ လက်​မောင်းကို ​ခေါင်းမှီထားသည်။
​နေ​ရောင်ကျဲကျဲက ​ခေါင်း​ပေါ်ထိုးကျ​နေတာကို​တောင် နှစ်​ယောက်သား ​မေ့​နေကြသည်အထိ။
နှင်းဆီရဲ့ လက်​သွယ်သွယ်​တွေကို ဆုပ်ကိုင်​တော့ ကိုယ့်ကို ​မော့ကြည့်လာသည်။
စိမ်းပြာ​ရောင်ရပ်ဝန်းက လူကို ဆွဲငင်နိုင်စွမ်းအားကြီး လိုက်တာ။
"ဘာလို့ကြည့်​နေတာလဲ"
သူပဲ စကြည့်ပြီး ရှက်ရမ်းရမ်း​နေပြန်​သော နှင်းဆီငယ်ရယ်။
"ချစ်လို့​လေ..."
ရင်ခွင်ထဲက မ​ဖော်စတမ်း ​ခေါင်းကို ဝှက်ထား​​တော့သည်။
____
"ဟဲ့ က​လေး​တွေ ဘယ်သွားကြမလို့လဲ"
"နှင်းဆီမြိုင်ဘိုးဘိုးဆီသွားမလို့"
ဟယ်လင် က​လေး​တွေကို ကြည့်ရင်း ပြုံးမိသည်။
သူတို့ကျွန်းသာယာက က​လေး​တွေက နှင်းဆီမြိုင်သွားရတာကို ​သ​ဘောကျကြဟန်တူပါရဲ့။
မိုးလင်းတာနဲ့ နှင်းဆီမြိုင်သွားဖို့ တာဆူ​နေတာချည်းပဲ။
"သူများအိမ် ဒုက္ခ​သွား​ပေး​နေပြန်ပြီ ဒီက​လေး​တွေ​တော့"
"မ​ပေးပါဘူး​နော်။ ဘိုးဘိုးနှင်းဆီနဲ့ ဘိုးဘိုး Jeonက သားတို့ကို ပုံပြင်​ပြောရတာ ကြိုက်ပါတယ်"
နှင်းဆီမြိုင် ဘကြီးTaehyungကိုလည်း က​​လေး​တွေက သူ့​​ယောကျ်ား ဘကြီးJeon ​ခေါ်တဲ့အတိုင်း နှင်းဆီလို့ ​ခေါ်ကြသည်။
အဲ့လို​ခေါ်သံကြားရင် ဘကြီးJeon မျက်နှာက မှုန်ကုတ်လို့ ဆိုတာ ဒီကဟယ်လင်က မသိရှာဘူးဆို​တော့။
"​အေးပါ သွားရင်လည်း သွားကြ။ ​နေပူတယ် ဦးထုပ်​ဆောင်းသွားကြဦး"
မကြာခင်မှာပဲ နှင်းဆီမြိုင်အိမ်ကြီးသို့ အစုလိုက်အပြုံလိုက် ​ရောက်လာတဲ့ က​လေး​တွေ​ရယ်။
ဘိုးဘိုးTaehyungက ရှိသမျှသစ်သီးနဲ့ ကွတ်ကီး​တွေ ချ​ကျွေးသည်။
သူတို့မှာ ရင်​သွေးလည်းမရှိတာမို့ ဒီက​လေး​တွေက ​သွေးသားရင်းချာလို့ ဖြစ်​နေ​တော့တာ။
"​ဟော နှင်းဆီရဲ့ က​လေး​တွေ ​ရောက်လာကြပြန်ပြီ"
"ဘိုးဘိုးနှင်းဆီက ပုံပြင်​ပြောပြမယ်ဆိုလို့ပါ ဘိုးဘိုးJeonရဲ့"
"ဘာနှင်းဆီလဲ ငါလုပ်ထည့်လိုက်ရ။ ဘိုးဘိုး Taehyung လို့ပဲ​ခေါ်ရမယ်လို့ ​ပြောထားတယ်​လေ"
"ခင်ဗျားကလည်း က​လေး​တွေ ကြိုက်သလို ​​ခေါ်ပါ​စေလား"
ဘိုးဘိုးTaehyung ​ပြောလိုက်​​တော့မှ ပြန်မ​ပြောရဲဘဲ တိတ်သွားရပါတဲ့ ဘိုးဘိုးJeonရယ်။
သူ့နှင်းဆီက က​လေး​တွေကို ပုံပြင်​ပြောပြ​နေခဲ့သည်။
ပုံပြင်ဆိုတာထက် ပြည်တွင်းစစ်တုန်းက သူတို့အ​ကြောင်း​တွေ။
စိတ်နုတဲ့ က​လေးမ​တွေက မျက်ရည်​တွေဝိုင်းလို့။
အ​မေရိကန်ပြည်​ထောင်စုကြီးက အစစအရာရာ​ပြောင်းလဲခဲ့သည်။
နှင်းဆီမြိုင်ဝါခင်းကြီးနဲ့ သူတို့ရဲ့ချစ်ခြင်း​မေတ္တာ​တွေက​တော့ ရှင်သန်​နေဆဲ။
အသက် ၆၀​ကျော်အရွယ် နှင်းဆီက သူ့အမြင်မှာ ကျက်သ​ရေရှိ​နေဆဲ။
​ဂျော်ဂျီယာပြည်နယ်မှာ နှင်းဆီအသစ်​တွေပွင့်နိုင်သည်။ သို့​သော်သူ့အတွက်​တော့ စိမ်းပြာ​ရောင်အကြည့်​တွေနဲ့ နှင်းဆီတစ်ပွင့်တည်း။
"က​လေး​တွေ​ရှေ့လည်း အရမ်းကြည့်တာက ခင်ဗျားက"
"နှင်းဆီက လှတာကိုး"
"ဒီအဘိုးကြီး ပိုပိုကဲကဲရှိလိုက်တာ"
အသက်​တွေကြီးလို့ ဇရာ​ထောင်းလာချိန်အထိ သူ့အမျိုးသားအ​ပြော​တွေမှာ ရှက်ရဆဲ။
စိတ်ဒဏ်ရာ​တွေ၊ တစ်ဖက်သတ်​သောအချစ်​တွေ၊ ခွဲခွာရခြင်း​တွေ ​လောကဓံအမျိုးမျိုးကြား နှစ်ကိုယ်တူဖြတ်​ကျော်နိုင်ခဲ့ကြပြီ။
ဘဝရဲ့ ​နေဝင်ချိန်အထိလည်း ​ပေါင်းသင်းခဲ့ကြပြီ။
ဒီအချိန်ထိ တစ်​ယောက်ကိုတစ်​ယောက် မြတ်နိုးတွယ်တာမှုက အတိုင်းအဆမရှိ ကြီးမားခိုင်မာဆဲ။
တုတ်​ကောက်ကို လက်တစ်ဖက်မှာကိုင်၍ ကျန်လက်တစ်ဖက်က Jeonလက်​မောင်းကို ချိတ်တွယ်ရင်း အိမ်ထဲဝင်လာသည်။
သူချိတ်တွယ်ထားတဲ့ လက်​မောင်းက ကြွက်သားအပြည့်နဲ့ မဟုတ်​တော့​... ဒါ​ပေမယ့် သူ့ကို ခွန်အား​တွေ ​ပေး​နေဆဲ။
အရည်တွန့်​နေတဲ့ လက်​တွေချင်း ခိုင်မြဲစွာ တွဲယှက်ထားနိုင်ဆဲ။
​ပတ်ဝန်းကျင်ရဲ့ဒဏ်၊ ​ခေတ်စနစ်ရဲ့ဒဏ်၊ ဓ​လေ့ထုံစံရဲ့ဒဏ်​တွေကြား ဒီအဘိုးအိုနှစ်​ယောက်ရဲ့ လှပတဲ့ ချစ်ခြင်း​တွေက ဘယ်လိုရှင်သန်နိုင်ခဲ့လဲဆိုတာ...
ကျည်မှန်ဒဏ်ရာအပြည့်နဲ့ ​သွေးစွန်းစာရွက်ညိုညိုက သက်​သေပြလျက်ရှိသည်။
​ဆွေး​မြည့်ခါနီး စာရွက်ညိုညိုထိပ်မှာ...
'ဂျော်ဂျီယာက ကိုယ့်ရဲ့တစ်ပွင့်တည်း​သော နှင်းဆီသို့'
ဟု မထင်မရှားစာလုံးများနှင့် အစချီလျက်..။
The End~
နှင်းဆီငယ်ကို ချစ်​ပေးကြတဲ့ စာဖတ်သူတစ်​ယောက်ချင်းဆီကို ​​ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
တကယ်​တော့ အ​မေရိကန်ပြည်တွင်းစစ်ကာလမှာ ​တောင်ပိုင်းပြည်သူ​တွေအရမ်းဆင်းရဲခဲ့ကြတာပါ။
စစ်ပြီးကာလမှာ လူကုံထံလူဖြူ​တွေက မြင်းတစ်​ကောင် လားတစ်​ကောင်​တောင်မပိုင်​တော့တဲ့အထိ ဖြစ်ကြပါတယ်။
စားစရာ​သောက်စရာဆိုတာလည်း မငတ်ရုံတမယ်ပါ။
ဝါခင်း​တွေဆို မီးရှို့ခံရပြီး လယ်ကူလီ​တွေကလည်း ပစ္စည်း​တွေခိုးပြီး ထွက်​ပြေးကြတာပါ။
တချို့ဆို ဒီficထဲကလို ကျွန်​တွေ​တောင်မကျန်ပါဘူး။
စာ​ရေးသူက fictionအရ သမိုင်းနဲ့ နည်းနည်းလွဲ​ချော်ရတာ​လေး​တွေရှိပါတယ်။
နားလည်​ပေးကြမယ်လို့ ထင်ပါတယ်။
အတတ်နိုင်ဆုံး သမိုင်းနဲ့အညီ​ရေးထားတာမို့ အဲ့​ခေတ်အ​ခြေအ​​နေနဲ့ ထုံးစံ​တွေကို မြင်​ယောင်မိတယ်ဆို ဝမ်းသာမိပါမှာပါ။
အထူးသဖြင့် 'A Rose of Georgia'ရဲ့ ဇာတ်​ဆောင်၊ ဗီလိန်တစ်​ယောက်စီတိုင်းရဲ့ Characterကို ​​အ​မေရိကန်တောင်ပိုင်းသား​တွေရဲ့ စည်း​ဘောင်ထဲက မထွက်​အောင်​ရေးရတာ သိပ်ကို Challengingဖြစ်ပါတယ်။
ဗီလိန်​တွေ ဘယ်လိုစိတ်ဓါတ်မ​ကောင်းပါ​စေ သူနာပြုအလုပ်ကို စိတ်ပါလက်ပါလုပ်သလို Aidenကလည်း ပြည်နယ်တပ်အတွက် မြင်း​တွေလှူတာမျိုး​ပေါ့။
ဒီအထဲက ခုနှစ်နဲ့ Timeline ​တွေ စစ်ပွဲနာမည်နဲ့ ​နေရာ​ဒေသကအစ သမိုင်း​ကြောင်းနဲ့ မလွဲ​အောင် အ​သေအချာပြင်ဆင်ရတာမို့ ပင်လည်းပင်ပန်းခဲ့သလို အားလည်းအားရမိပါတယ်။
​
ချယ့်အတွက် အားအစိုက်ရဆုံးficလို့​တောင် ​ပြောလို့ရပါတယ်။ ​ကျေနပ်ကြမယ်လို့လည်း ​မျှော်လင့်မိပါတယ်❤
Reviews and Recommendations = Kisses and Hugs ​
'​ဂျော်ဂျီယာက နှင်းဆီ​လေး'အ​ပေါ် စာ​ဖတ်သူတို့ အမြင်​ကိုလည်း သိချင်ပါတယ်ရှင်🥀
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
နှင်းဆီမြိုင်...
"ကိုယ်မှ ဝါမဆွတ်တတ်ဘဲ"
နောက်ခါများ​တော့ သူ့​ယောက်ျားကို လုံးဝ ဝါမဆွတ်ခိုင်း​တော့။
ပြိုင်တူရယ်မိကြသည်။
"ကဲ..ကဲ ဒီ​နေ့နားကြ​တော့"
"အ​ဒေါ်ကြီး မြန်မြန်ချ​ပေး​တော့ ကျွန်​တော့်​ယောက်ျား ဗိုက်ဆာ​နေပြီတဲ့"
You are reading the story above: TeenFic.Net