Part 3

Background color
Font
Font size
Line height

Unicode~

'Suzan Clark'

မျက်လုံးပြာ​​တွေနဲ့ Suzanက ဒီနယ်တစ်ဝိုက်မှာ ကွမ်း​တောင်ကိုင် အလှတစ်ပါး။
၁၆နှစ်အရွယ် လှ​သွေးကြွယ်တာမို့ ပိုးကြပန်းကြသူ​တွေမနည်းရှိသည်။
စစ်တက္ကသိုလ်က ဗိုလ်​လောင်း​လေး​တွေကဆို နယူး​ယော့ခ်ကလာတဲ့ ပိုးထည်​တွေ၊ ချည်မျှင်​တွေကို တကူးတက၀ယ်လာပြီး ပိုး​ကြေးပန်း​ကြေး​ပေးကြသည်အထိ။

နီလာ​ရောင်မျက်ဝန်း​တွေရယ်၊ ဖြူသွယ်သွယ်ကိုယ်လုံး​လေးရယ်၊ အနီ​ရောင်ဆံသား​တွေရယ် ပိုင်​ဆိုင်တဲ့ Suzan.
လွှာဖိနပ်​လေး တကြွကြွနဲ့ အကသိပ်​ကောင်းသူ...ကြိုးကြာမ​လေးလို ကနိုင်သူ။
Clarkမျိုးရိုးရဲ့ အလှဂုဏ်​ဆောင်​လေးရယ်​ပေါ့။

​လော​လောဆယ် Suzan အိပ်ရာမှာ လဲ​နေသည်။ ဝမ်းဗိုက်အလယ်က ဒဏ်ရာက တဆစ်ဆစ်နာသည်။

ထိုလူကို သူတစ်ခါမှမ​တွေ့ဖူး၊ မမြင်ဖူး။ သို့သည်တိုင် ထိုထူဟာ အဆင့်အတန်းမြင့်တဲ့လူဖြူမျိုးထဲက ဖြစ်​ကြောင်း သိ​နေသည်။
ဒါဟာ ထိုလူရဲ့ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုဆက်ဆံပုံတို့ကို ကြည့်ပြီး ​ကောက်ချက်ချခြင်းမဟုတ်။
ပကတိအမြင်ဖြင့် သိမိခြင်းသာဖြစ်သည်။

ဒါ​ပေမယ့် ဘာမဟုတ်တဲ့ ဖဲ​သားဂါဝန်ပေါ်မှာ ဆီးအရက်ချို​လောင်းချမိတဲ့ ကိစ္စအတွက် အငြင်းအခုံဖြစ်ရုံဖြင့်​တော့ သူ့ကို ဒီလိုမလုပ်သင့်ပါ။

'​ဒေါက် ​ဒေါက်!'

"ကိုယ်ဝင်လာလို့ ရမလား Suzan"

​ဒေါက်တာJeon အသံကို ကြားတာနှင့် အိပ်ရာ​ပေါ် ​ခွေ​ခေါက်​နေရာက အတင်းထပြီး ကြည့်​ပျော်ရှိ​ပျော်ရှိ​အောင် ပြင်ဆင်လိုက်သည်။
ပွ​ယောင်း​နေတဲ့ သူ့ဆံပင်​တွေက ​ယောကျ်ားသားတစ်​ယောက် ​တွေ့မြင်ဖို့ရာ မသင့်​တော်​ချေ။

ယုတ်စွအဆုံး​ပြောရရင်ဖြင့် မိန်းမပျိုအခန်းထဲ ​ယောကျ်ားသားဝင်ဖို့ရာ​​တောင်မသင့်​တော်။
​ဒေါက်တာJeonက ဆရာဝန်တစ်​ယောက်ဖြစ်​နေသည်က ခြွင်းချက်။

"ရပါတယ် ​ဒေါက်တာ"

​"ဒဏ်ရာက ဘယ်လို​နေ​သေးလဲ Suzan"

Suzan ဒဏ်ရာရရချင်း ဂျုန်းဘာရိုမြို့က ဆရာဝန်​လေးကို ပင့်ပြီး ​ဆေးကုခဲ့ရသည်။ ထိုဆရာဝန်​လေးက ​ဆေးထည့်ရုံ​လောက်သာ လုပ်ပြီး ဂျုန်းဘာရိုသို့ပြန်သွားရသည်။
သူ့မှာ ​ဆေးရုံတာဝန်​တွေ ရှိ​​သေးသည်။

​ဒေါက်တာ Jeonက စိတ်​ရောဂါကုဆရာဝန်။ သို့​ပေသည့်တိုင် သာမာန်ဒဏ်ရာ​လောက်ကိုမူ ဘယ်ဆရာဝန်မဆို ကုသနိုင်သည်မဟုတ်ပါလား။
​ဒေါက်တာ Jeonရှိ​နေသည့်အတွက် Clarkမျိုးရိုးက ဝမ်းသာသည်၊ Suzanဒဏ်ရာအတွက် အားကိုးရာ ရသကဲ့သို့ ဖြစ်​နေသည်။

"နည်းနည်း​တော့ နာ​​နေ​သေးတယ် ​ဒေါက်တာ"

"အရမ်းမနက်သွားလို့ ​တော်​သေးတာ​ပေါ့။ အန်ကယ် Clarkကလည်း စိတ်ပူ​နေတာ​လေ"

Jeon ​ပြောတဲ့စကား​တွေက Suzanအတွက် နားထဲကန့်လန့်။ Jeon စကားလုံး​တွေက ပြတ်​တောင်း​တောင်း။ တည့်တိုး​ပြောခြင်း။
​တောင်ပိုင်းသူတစ်​ယောက်အတွက် ရိုင်းသည်။
ဆရာဝန်တစ်​ယောက်သာ မဟုတ်ရင် သစ်ကတိုးစုက သူ့ကို လက်ခံကြမယ်မထင်။
သူဘယ်အရပ်ကလာတယ်ဆိုတာ​တောင် မသိ​လေဘူး​မို့။

"ဒါနဲ့...Suzanကို ဘယ်သူက ဓါးနဲ့ထိုးသွားတာလဲ"

"Suzan သူ့ကို မသိဘူး Jeon ဟို Sorryပါ ​ဒေါက်တာ"

"ရပါတယ်...Jeonလို့ ကြားရတာ ပိုသက်​တောင့်သက်သာဖြစ်တယ်"

"Suzan သူ့ကိုတကယ်ကိုမသိတာ။ ကြည့်ရတာ​တော့ လူကုံထံထဲကပဲ ဖြစ်လိမ့်မယ်ထင်တယ်"

"သူ့ပုံစံကို​ရော မမှတ်မိဘူးလား"

Suzan​သေချာ ပြန်စဥ်းစားသည်။ အဲ့လူရဲ့ မျက်လုံး​တွေ ရုတ်တရက်​ကြောက်စရာ​ကောင်းသွားတဲ့ အ​ကြောင်း၊ မထီတထီစကား​ပြောတတ်​ကြောင်း၊ ​နောက်ဆုံး သူမသိလိုက်ခင်မှာ သူ့ကိုဓါးနဲ့ထိုးသွား​ကြောင်း၊ လျင်မြန်စွာ မြင်းနီကြီးကို စီးသွား​ကြောင်း။

အ​တွေးထဲချက်ချင်း ဝင်လာသည်။
သူ့မျက်လုံး အ​ရောင်​တွေ။

"စိမ်းပြာ​ရောင်!!"

"ဘယ်လို..."

"စိမ်းပြာ​ရောင် သူ့မျက်လုံး​တွေက"

Jeon ​ဆေးအိတ်ထဲက ကိရိယာ​တွေနဲ့ Suzanကို စမ်းသပ်​ပေးသည်။
စကားလည်း မ​ပြော​တော့။ မျက်ခုံးများ တွန့်​ကွေးကာ အ​တွေးများ​နေပုံ​ပေါ်သည်။
သူတစ်ခုခုကို ​သေချား​တွေး​နေသည်။

Clark​တွေ သူ့ကို ​​ပေးထားတဲ့အခန်းက ​အောက်ထပ်ရဲ့ ဘယ်ဘက်အခြမ်း ​လှေကား​ဘေးမှာ ဖြစ်သည်။
သစ်ကတိုးစုရဲ့အိမ်ကို ပျဥ်းကတိုးသစ်​တွေနဲ့ အကျအန ​ဆောက်ထားတာဖြစ်သည်။
အိမ်လာရာ လှည်းလမ်းတ​လျှောက်ကလည်း ဟိုဘက်သည်ဘက် ပျဥ်းကတိုးရိပ်​တွေ ​အေးလို့။

လည်ပင်းမှာ စည်းထားရ​သော bowကို ဖြုတ်ပြီး ကုတင်​ပေါ်ပစ်တင်လိုက်သည်။
ကုတင်​ဘေးက ဗီရိုအံဆွဲကို ဆွဲဖွင့်​တော့ ထိုပစ္စည်းထွက်လာသည်။
အ​နှောင့်ကို ​ကြေးသားနဲ့ပြုလုပ်ထားတဲ့ ၁၀လက်မ အရွယ်အစားရှိ ဓါး​မြှောင်တစ်ခု။

သံမဏီစစ်စစ်မို့ အသွားက ​ပြောင်လက်​နေသည်။ အသွားထက်မှာ ​သွေး​တွေက ​ခြောက်ကပ်​နေသည်။

ပ​ဟေဠိတစ်ခုကို အ​ဖြေရှာ​တွေ့သလို...ဒီဓါးရဲ့ ​ခေတ္တပိုင်ရှင်ကို သိလိုက်ပြီ။
ကြိုတင်ခန့်မှန်းပြီးသားဆို​ပေမယ့် ခု​တော့ ရာနှုန်းပြည့် ​သေချာပြီ။

ဝါညို​ရောင် မှတ်စုစာအုပ်ထဲ ထည့်မှတ်စရာရှိသမျှချ​​ရေးသည်။

' - ကိုယ်ပိုင်ဓါးမဟုတ်၊ ကိုယ်ပိုင်ဓါးဆို ​ကြေးသားအ​နှောင့်မဖြစ်နိုင်။ နှင်းဆီမြိုင်ရဲ့ ဓါးအ​နှောင့်မှန်သမျှ ​ရွှေအ​နှောင့်မှာ စိန်ပွင့်ပါရှိသည်။

- Kim Taehyungဟာ စိတ်ကစဥ့်ကလျားပြင်းထန်​​ဝေဒနာ ခံစား​နေရသူ။

- အများထင်သလို စိတ်ခံစားချက်မဲ့​နေတာမဟုတ်၊ စိတ်ခံစားချက်လွန်ကဲ​နေခြင်း။

- ​နောက်ဆုံးအ​နေနဲ့ ​သွေးနဲ့ပတ်သက်ပြီး စွဲလမ်းမှု ပြင်းထန်​နေခြင်း'

​ယေဘုယျ​ကောက်ချက်များက ပြင်းလွန်းသည်ဟု ထင်နိုင်သည်။ မတတ်နိုင်...Kim Taehyungရဲ့ အ​ခြေအ​နေက ထို့ထက် ပြင်းထန်နိုင်သည်။

ထိုချာတိတ်က နုနုနယ်နယ်...ဒီစကားကို ကြားရင် ကျွန်​တော့်ကို တူမီး​သေနတ်ဆွဲပြီး ရင်အုံတည့်တည့်ကိုပစ်ဖို့ ဝန်​လေးမှာမဟုတ်။
ချာတိတ်က ခံစားလွယ်လွန်း​နေတာကိုး... ဘာကိုမှ မခံစားတတ်ဘူးလို့ ဇွတ်ငြင်းပါ​စေဦး၊ ကိုယ်က​တော့ ချာတိတ်အ​ကြောင်း သိ​နေတယ်ဆိုပါ​တော့။
____

နှင်းဆီမြိုင်မှာ ရုတ်ရုတ်သဲသဲ။
ည​နေခင်း ဧည့်ခံပွဲက​နေ အ​ခြေအ​နေက ​ဗြောင်းဆန်ကုန်သည်။

နှင်းဆီမြိုင်တင်မက ​ဂျော်ဂျီယာပြည်နယ်တစ်ခုလုံး၊ ​တောင်ပိုင်းအ​မေရိကန်တစ်ခုလုံး ဂယက်ထ​နေသည်။

ပြည်​ထောင်စုသမ္မတလင်ကွန်းက စစ်​ကြေညာလိုက်ပြီ။
ဒီအ​တောအတွင်း အမျိုးသမီးများမကြား​အောင် ​ယောကျ်ားသားချင်းတိုးတိုးတိတ်တိတ်​ပြော​​နေတဲ့ ပြည်တွင်းစစ်...ပြည်တွင်းစစ်ကြီး စ​ချေပြီ။

အရွယ်​ရောက်ပြီးသူ ​ယောကျ်ားသား​တော်​တော်များများက စစ်ထဲဝင်ကြသည်။ 
အမျိုးသမီးများက ရင်တမမ။ ​ယောကျ်ားသား​တွေက မကြား​စေချင်လို့ တိုးတိုးတိတ်တိတ်​ပြောသမျှ သူတို့သိသည်။
အမျိုးသမီးရဲ့ ပကတိစွမ်းရည်မှာကို အကဲခတ်စွမ်းရည်က ပါပြီးသား။

"စစ်ကြီးဖြစ်​တော့မယ်ဆို"

"အို...စိတ်ပူမ​နေစမ်းပါနဲ့။ ခု​ပဲအမျိုးသား​တွေ စစ်ထဲဝင်ပြီမလား။ ကျုပ်တို့​တောင်ပိုင်းသား​တွေက လင်ကွန်းဆိုတဲ့​ကောင်ကို အမြစ်ဖြုတ်ပစ်မှာပါ။ ယန်ကီ​တွေ ဘယ်နှလခံနိုင်မှာမို့လဲ"

စစ်..စစ်..စစ်..​ပျော်စရာ​ကောင်းတဲ့စစ်။ ​မကြားချင်လည်း ကြားရမယ့် စစ်အ​ကြောင်း။ သို့​သော် စစ်အ​ကြောင်း၊ ​သေ​ကြေပျက်စီးကြမယ့်အ​ကြောင်းကြားရတာကို Taehyung ​ပျော်သည်။

ပြတင်းတံခါးက မှန်ကူချပ်​တွေက​နေ ကပ္ပလီမကြီး​တွေ ​ပြော​နေသံကို အတိုင်းသား ကြားရသည်။
ည​နေဧည့်ခံပွဲလာကြတဲ့ အမျိုးသမီး​တွေကလည်း စစ်​သွေးကြွ​နေကြသည်။

အကယ်၍ စစ်မှာသာ နိုင်ခဲ့လျှင် ​တောင်ပိုင်းက သီးခြားပြည်နယ်ဖြစ်ပြီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီ။ ​တောင်ပိုင်း အစဥ်အလာကို ထိန်းသိမ်းခွင့်ရပြီ။
ကျွန်စနစ်ကို ဖျက်သိမ်းစရာမလို​တော့။

ပြည်​ထောင်စုသမ္မတလင်ကွန်းက သ​ဘောမတူ။ ကျွန်စနစ်ကို ဖျက်သိမ်းချင်သည်၊ ကပ္ပလီကျွန်​တွေကို လွတ်လပ်ခွင့်​ပေးမည်ဟု မက်လုံး​ပေးသည်။
အ​မေရိကန်ပြည်​ထောင်စုကို တစ်စုတစ်စည်းတည်း ရှိ​နေသင့်သည်ဟုသာ ထင်သည်။

​တောင်ပိုင်းသား​တွေမှာ လက်နက်အလုံအ​လောက်မရှိ၊ ယန်ကီတပ်မ​တော်က ရိုင်ဖယ်​သေနတ်​တွေသုံး​နေရချိန် ​တောင်ပိုင်းတပ်မ​တော်က တူမီး​သေနတ်များနဲ့ခုခံရသည်။
သို့တိုင်​အောင် ​တောင်ပိုင်းသားတို့က မာနကြီးသည်၊ သူတို့အ​ရေး​တော်ပုံကြီးကို သူတို့အပြည့်အဝယုံကြည်​နေသည်။

ထိုအထဲတွင် နှင်းဆီမြိုင်သခင်​လေးမပါ။

စစ်ကိုကြိုက်တာ ​သွေးပျက်စရာမြင်ကွင်း​တွေ​ကြောင့်... တကယ်တမ်းသူ့မှာ နိုင်ငံ​​ရေး ခံယူချက်ရယ်လို့ မရှိ။

"စစ်ဖြစ်​တော့မယ်တဲ့"

အ​နောက်ကအသံ​ကြောင့် ပုခုံး​လေး တုန်တက်သွားသည်။ မ​ပြောမဆိုဝင်လာသူ၊ မကြိုဆိုဘဲ အခန်းထဲ​​ရောက်​နေသူ Jeon JungKook.

"ခင်ဗျား အိမ်မပြန်နိုင်​သေးဘူးလား"

"ကိုယ်က ဒီမှာလာ​နေရမယ့်လူဆိုရင်​ရော"

သူက Taehyungကို ​ခြေစွန်း​ခေါင်းစွန်းကြည့်သည်။ သူ့အကြည့်က Taehyungကို သိမ်ငယ်​စေသည်။ ​ယောကျ်ား​လေးချင်းပင် ဗလက္ကာရပြုမည့်ပုံ။

"စစ်ဖြစ်​တော့မှာကို ရှုပ်ရှုပ်ယှက်ယှက်"

"မင်း ပြည်နယ်အ​ရေး​တော်ပုံကို စိတ်ဝင်စားလှပါချည်ရဲ့လို့​​တော့ မညာနဲ့​နော်"

Taehyung ​ဒေါသ​တွေ တလိပ်လိပ်။ ကိုယ့်အခန်းထဲ ပိုင်စိုးပိုင်နင်း​ရောက်လာသူ။ အခု​တော့ ကိုယ့်ကိုယ်​တောင် ပြန်​စော်ကား​နေလိုက်​​သေး။
သူ​ပြောတာမှားလာဆို မှားတယ်လို့မ​ပြောနိုင်။
Taehyungစိတ်ထဲ ​တောင်ပိုင်းသားပီသစွာ အ​ရေး​တော်ပုံကို ယုံကြည်စိတ်မျိုးမရှိ။

"ဘာလို့စိတ်မဝင်စားရမှာလဲ။ ကျုပ်က ကြီးမြတ်တဲ့ အ​ရေး​တော်ပုံကြီးကို မယုံကြည်ဘူးထင်​နေလား"

"သိပ်လှတဲ့ မုသားပဲ ချာတိတ်။ ​​နောင်နှစ်ဆို မင်းအသက် ၁၆​နော်"

"အဲ့တာ ဘာဖြစ်လဲ"

"မင်းတပ်ထဲ ဝင်မှာမဟုတ်ဘူး ကိုယ်​လောင်းရဲတယ်"

"ဒါက​တော့ စစ်က လပိုင်းနဲ့တင်ပြီးနိုင်တာကိုး"

JungKookက ​လှောင်​ပြောင်ပြီး တမင်ရယ်​နေသည်။ အဲ့လူလုပ်သမျှက သူ့အရှိုက်ကို တည့်တည့်ထိုးနှက်သည်။ အဲ့တာ​ကြောင့်လည်း မျက်နှာ​ကြော မတည့်။

"မင်းရဲ့ မြင်းနီ​ကြီး သနားပါတယ်"

"ဘာ!"

"ဟုတ်တယ်​လေ ကတ်လွန်းလို့ မလိုချင်ဘူးဆိုလည်း မင်းယုံတယ်ဆိုတဲ့ အ​​ရေး​တော်ပုံကြီးအတွက် ပြည်နယ်တပ်မ​​တော်အတွက်လှူသင့်တာ​ပေါ့။ မြင်း​တွေ လို​နေကြတာပဲဟာ။

အခုလို​တော့ မလုပ်လိုက်သင့်ပါဘူး ချာတိတ်ရာ"

Jeon JungKook ဆို​​သော ပုဂ္ဂိုလ်ကို သူစူးစူးရဲရဲ ကြည့်ပစ်သည်။ ထိုလူက လုံးဝမဖြုံ။

"ခင်ဗျား ဘာစကား​ပြောတာလဲ"

"မြင်းနီကြီးကို မင်းလုပ်လိုက်တဲ့ ကိစ္စကို​ပြောတာ​လေ ချာတိတ်ရဲ့။
မသိချင်ဟန်​ဆောင်မ​နေနဲ့ဦး​နော်"

"ခင်ဗျား​ပြော​နေတာ​တွေ ကျုပ်နားမလည်ဘူး"

"နှလုံးကွဲ​​အောင် ဘယ်လိုလုပ်ရမလဲကျ မင်း​ကောင်း​ကောင်းသိ​နေတာ​နော်"

စိမ်းပြာ​ရောင်အကြည့်​တွေမှာ ​ဒေါသများကပ်ပါလျှင် ပြာကျ​စေတဲ့ နဂါးမင်းရဲ့အကြည့်လို။

သူ့အ​ကြောင်းကို ဘယ်သူကမှ ဂဃနဏမသိကြ၊ စိတ်မဝင်စားကြ။ အိမ်ကကျွန်​တွေက သူ့နားမရှိလိုကြ။
Jeon JungKookဆိုတဲ့လူက​တော့ဖြင့် ထူးဆန်းသည်။
မ​ခေါ်ဘဲ ​ပေါ်လာပြီး သူ့အ​ကြောင်း အစစအရာရာသိ​နေသူ။

သူ့ကို ဦး​လေး Aidenက ဘာလို့ အိမ်ထဲဝင်ထွက်ခွင့်​ပေးထားတာလဲ။ သူက ဘာလုပ်လဲ။ သူဘယ်အရပ်ကလာလဲ Taehyung သိချင်သည်။
ဒါ​ပေမယ့် မ​မေးချင်... Jeon ဘက်က စ​ပြောလာ​ရင် ​ကောင်းလိမ့်မည်။

"​ဖြေး​ဖြေးကြည့်​ ချာတိတ်။ ကိုယ်မထွက်​ပြေးဘူး"

"...."

"ကဲ ​ပြောပါဦး...ခုထိ ကိုယ့်အ​ကြောင်း စိတ်မဝင်စား​သေးဘူးလား"

နံရံမှာ မှီရပ်ရင်း ​ဆေးလိပ်မီးညှိသူ။ ဒီ​နေ့မှ စိတ်ကူးတည့်၍ ကန့်လန့်ကာခန်းဆီး​တွေ ဖွင့်ထား​လေရာ သူပြုမူသမျှကို မြင်​နေရသည်။
မှန်ကူကွက်ထဲကတဆင့် ​နေ​​ရောင်ခြည်က သူ့​​မေးရိုး​တွေ​ပေါ်ကျသည်။

"ဒီ​လောက်ထိ ကြိုးစားလာပြီးတာ​တောင် မင်းကိုယ့်အ​ကြောင်း စိတ်မဝင်စားရင် ကိုယ်ညံ့တာပဲ ချာတိတ်"

ဘုရားတမိသည်။ သို့​သော် ဗရင်ဂျီဘာသာဝင်ဖြစ်တဲ့ ကျွန်​တော်က Joannaလို ဘာသာတရားကိုင်းရှိုင်းသူ မဟုတ်။

ဒီလူက ကျွန်​တော်သူ့အ​ကြောင်း မသိသိချင်​အောင် မာယာသုံး​နေခဲ့တာ ကျွန်​တော်သိခဲ့ဖို့​ကောင်းသည်။
ကျွန်​တော့်အတွက် ကံဆိုးစွာဖြင့် ဒီလူရဲ့ စိတ်ဓါတ်စစ်ဆင်​ရေးက ​အောင်မြင်သွားသည်။

"ကိုယ်သိပါတယ်။ မင်းက စိတ်ဝင်စား​​နေရင်​တောင် မဟုတ်ဘူးငြင်း​နေမယ့်လူမျိုးဆိုတာ"

Taehyung နှုတ်ဆိတ်​နေရပြန်သည်။ ဒီလူရဲ့ ခနဲ့တဲ့တဲ့ အသံ​ကြား​နေရတာထက် အမျိုးသမီးများရဲ့ ပြည်တွင်းစစ်အ​ကြောင်း​ပြောသံကို ကြားရသည်ကမှ ​ပျော်စရာ​ကောင်းဦးမည်။

"ကိုယ့်နာမည် Jeon JungKook ဆိုတာ​တော့ မင်းမှတ်မိပါရဲ့​နော်"

"..."

"မ​ဖြေဘူးဆို​တော့ ဝန်ခံတယ်ပဲ ထားကြပါစို့။ ကိုယ်က ချာလက်စတန်ဇာတိ။ ဪ...ဇာတိဆိုတာ ​မွေးတဲ့​နေရာကို ​ပြောတာ​နော်။ ချာတိတ် နှင်းဆီမြိုင်မှာ ​မွေးပြီး  အတ္တလန်တာမှာ ကြီးလာသလို​ပေါ့။ ကိုယ်က​တော့ ​မြောက်ပိုင်းမှာ ကြီးလာတာ။ ဒါက​တော့ မင်းနဲ့ကိုယ်ပဲ သိရတဲ့ လျှို့ဝှက်ချက်​ပေါ့"

​မြောက်ပိုင်း...​မြောက်ပိုင်းဆိုတာနဲ့ မြင်မိတာက ယန်ကီ​တွေ။ နားစွန်နားဖျားကြားဖူးသည်...ယန်ကီဆိုတဲ့ ​မြောက်ပိုင်းသား​တွေ ဘယ်လို ရက်စက်​ကြောင်း၊ လှံစွပ်​တွေနဲ့ ထိုးသတ်​ကြောင်း၊ အမျိုးသမီးများကို ဗလက္ကာရပြု​ကြောင်း။
ဟုတ်သည်ဖြစ်​စေ မဟုတ်သည်ဖြစ်​စေ ​တောင်ပိုင်းကလူများက​တော့ဖြင့် ထိုသို့ပင်ယုံကြသည်။

"ဦး​လေး Aidenက ခင်ဗျားကို ​မြောက်ပိုင်းကလာမှန်းမသိဘူးလား"

"မသိလို့ မင်းနဲ့ ​ပေး​တွေ့တာ​ပေါ့။ သိများသိရင် ကိုယ်​တော့ ​ဂျော်ဂျီယာပြည်နယ်က​နေ အထုပ်ထမ်း​ပြေးရမယ့်ကိန်း"

သူ့အတွက် အထုပ်ထမ်း​ပြေးရတာက ဘာမှအ​ရေးမကြီးသလို။ အိမ်​ပေါ်က​နေ အိမ်​အောက်ဆင်းရသလို၊ ဒီနားဟိုနား​လေး လမ်း​လျှောက်ထွက်ရသလို လွယ်ကူ​နေသည်။

"ခင်ဗျားဟာ​လေ.."

Taehyung ထပြီး ခန်းဆီး​တွေချ၊ ပြတင်းတံခါး​တွေ ပြန်ပိတ်သည်။ အခန်းက အ​မှောင်ကျပြီး ပိုပူလာသည်။

Jeon သူ့​ရှေ့က ​ကောင်​လေးကို ကြည့်ပြီး ​ခေါင်းတခါခါ။ Taehyungက သူ့လူနာ​တွေထဲ ကိုင်တွယ်ရအခက်ဆုံး။

သူနဲ့ ပထမတစ်ခါ စကား​ပြောပြီး ၂ရက်၃ရက်​လောက် သူ့ကို တိတ်တဆိတ်​စောင့်ကြည့်​နေသည်။

သူ့စိတ်က အတက်အကျမြန်ပြီး ခန့်မှန်းရခက်တာမျိုး။ အန်ကယ် Aidenနဲ့ ချာလက်စတန်မှာ စ​တွေ့တည်းက ဒီ​ကောင်​လေးအ​ကြောင်းသိရပြီး အနီးကပ်​စောင့်ကြည့်ကုသဖို့ သ​ဘောတူခဲ့သည်။

သမားရိုးကျစိတ်​ရောဂါနဲ့ နည်းနည်းမှမဆိုင်၊ ကြည့်လိုက်ရင် သာမာန်လူတစ်​ယောက်လို။
နှင်းဆီမြိုင်အိမ်က ကျွန်​တွေက​တော့ သူတို့အ​တွေ့အကြုံ​လေးနဲ့ ယှဥ်ပြီး 'အရူး'လို့ သမုတ်ကြသည်။

​ပေါ်​ပေါ်တင်တင် မ​ပြောကြသည့်တိုင် ကွယ်ရာမှာ တိုးတိုးတိတ်တိတ်​ပြောကြသည်။
​ယေဘုယျအားဖြင့် သူတို့ထင်မြင်ယူဆချက်က မမှား။
အန်ကယ် Aiden​ပြောတာထက်​တောင် ပိုတိကျ​သေးသည်။

မြင်းထိန်း​လေးက ယာကူလီ​တွေကို တိုးတိုးတိတ်တိတ်​ပြော​နေတဲ့ မြင်းနီကြီးကိစ္စလိုမျိုး။ အိမ်​စေကျွန်မ​လေး​ပြောတဲ့ သခင်​လေးအခန်းထဲက ဖန်ကွဲစအပြည့်နဲ့ ကြမ်းပြင်လို ကိစ္စမျိုး။
စပ်စုတဲ့ ကပ္ပလီ​တွေက Jeonအတွက် အသုံးကျ​နေသည်။

"ပြန်​တော့ .. ကျုပ်တစ်​ယောက်တည်း ​နေချင်တယ်"

"ချာတိတ် သ​ဘောပဲ"

Jeon JungKookရဲ့ လူနာအသစ်​လေး Kim Taehyungက ခပ်ဆန်းဆန်း။
သူနဲ့​တွေ့မှ Jeon JungKook အဖြစ်က စိတ်​ရောဂါဆရာဝန်နဲ့ မတူဘဲ မှုခင်းစုံ​ထောက်နဲ့ တူ​နေသည်။

သူ့စိတ်အရင်းအမြစ်ကို မသိရ​သေးခင် သူလုပ်သမျှပြစ်မှု​တွေကို စုံစမ်း​​နေရခြင်း။ ပြစ်မှုဆိုလို့ ကြီးကြီးမားမား​တော့ မဟုတ်... Kim Taehyungက ​သွေးကို စွဲလမ်း​နေသူမို့ သူ​သွေးကို မြင်ချင်လာရင် ဘာမဆို လုပ်ပစ်​တော့တာမျိုး။
ဒီလို​ရောဂါမျိုး မကြုံဖူး...စာ​တွေ့ပင်မသင်ဖူး။

နှင်းဆီမြိုင်တစ်ဝိုက်က ​တော​ကောင်​ပေါက်စ​လေး​တွေ ရုပ်ပျက်ဆင်းပျက်​သေဆုံးခြင်းမှာ ​သွေးရိုးသားရိုးမဟုတ်။
Kim Taehyungက အ​တော်ဆိုးသည်။
နူးနူးညံ့ညံ့လှလှပပ​လေး ဆိုးသွမ်း​နေတာမျိုး။

"​ဒေါက်တာ ပြန်​တော့မလို့လား"

"ဟုတ်ကဲ့...အန်ကယ်တို့လည်း အလုပ်များ​နေကြပြီထင်တယ်"

"များဆို ပြည်တွင်းစစ်က သိတဲ့အတိုင်းပဲ ​ဒေါက်တာ။ ​ဒေါက်တာ မနက်ဖြန်​ပြောင်းလာမယ်ဆိုလို့ ​တော်​သေးတာ​ပေါ့...ကျုပ်တူ​လေးအတွက်​တော့ စိတ်ချရပြီ​လေ"

သူ့ရဲ့တူဖြစ်​သူက အ​ရေး​တော်ပုံကို စိတ်မဝင်စားသလို ကျွန်​တော်ကလည်း ​မြောက်ပိုင်းကလာသည်မှန်း အန်ကယ် Aidenသိရင် ဘယ်လို တုံ့ပြန်မည်မသိ။
သူက ​တောင်ပိုင်း​သွေးအပြည့်ပါသူမဟုတ်​လော။

'ဒုတ်!'

"အား...ကျွတ် ကျွတ်"

"အဆင်​​ပြေလား မိန်းက​လေး ဘယ်ထိသွား​သေးလဲ... မင်းက အ​ရှေ့မှကြည့်မ​လျှောက်ဘဲ အမိရဲ့"

"ဘာရှင့်"

Joanna စိတ်ဆိုးသွားသည်။ သူ့ဘက်ကမှားလို့ တိုက်မိတယ်ထား... အမျိုးသမီးပျိုတစ်​ယောက်ကို အ​လျှော့​ပေးသင့်တယ် မဟုတ်ပါလား၊ အမှားကို မျက်ကွယ်ပြုသင့်တယ် မဟုတ်ပါလား။

"ဒီမှာ ရှင်လူကြီးလူ​ကောင်းမဟုတ်ဘူးလား။ ဘာကိစ္စ မိန်းက​လေးတစ်​ယောက်နဲ့ ရန်ဖြစ်ချင်​နေရတာလဲ"

Joannaက အပျိုဖြန်း​လေး ပီပီ စိတ်ဆတ်သည်။ မိခင်ဖြစ်သူကဆို ဒီ​နေရာမှာ နှုတ်ခမ်း​လေးစူပြီး တအီအီလုပ်ဖို့ အကြံ​ပေးလိမ့်မည်ထင်သည်။
Joannaက အသက် ၁၄နှစ် သာသာ၊ မာယာ​တွေနဲ့ ကလူဖို့မြူဖို့ ​စောလွန်း​သေးသည်။

"အလာကြီးပါလား အမိ။ ကျုပ်က ကျုပ်လမ်း​ကျုပ်​လျှောက်​နေတာဗျ။ ခင်ဗျား​လေးကသာ ​ရှေ့မကြည့် ​နောက်မကြည့်..."

ဒီလူ့ပါးကို ဖြန်းခနဲ့ ချပစ်​ရော့မည်။ ​ဖေ​ဖေ​ပြောပုံအရ ဒီလူက ​ဒေါက်တာတစ်​ယောက်။ ​ဒေါက်တာနဲ့ တူတဲ့ ဣ​န္ဒြေကဖြင့်မရှိ။
မိမိထက် အသက်က ၂ဆ​လောက်ရှိမည်။

ထို​နေ့က Joanna စိတ်ရှုပ်သွားသည်။ ဒါ​တွေဟာ ​ဖေ​​ဖေ့ဧည့်သည် ကိုကို​လေးရဲ့ ဆရာဝန်ဆိုသူ​ကြောင့်။

ပြည်တွင်းစစ်​ကြောင့် ​သွေး​လေ​​ခြောက်ခြားရသည့်အထဲ ကိုကို​လေး​ကြောင့် အိမ်ကို လူစိမ်းက ဝင်ထွက်​နေတာ။
ကိုကို​လေးကို ဘယ်​တုန်းကမှ မ​ကျေနပ်ခဲ့...ခုလည်း ထို့နည်းတူ။

TBC~

​ဖြေး​ဖြေးစီသွားကြမယ်​နော်။ အဆင်​ပြေရဲ့လား။

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

'Suzan Clark'

မ်က္လုံးျပာ​​ေတြနဲ႔ Suzanက ဒီနယ္တစ္ဝိုက္မွာ ကြမ္း​ေတာင္ကိုင္ အလွတစ္ပါး။
၁၆ႏွစ္အ႐ြယ္ လွ​ေသြးႂကြယ္တာမို႔ ပိုးၾကပန္းၾကသူ​ေတြမနည္းရွိသည္။
စစ္တကၠသိုလ္က ဗိုလ္​ေလာင္း​ေလး​ေတြကဆို နယူး​ေယာ့ခ္ကလာတဲ့ ပိုးထည္​ေတြ၊ ခ်ည္မွ်င္​ေတြကို တကူးတက၀ယ္လာၿပီး ပိုး​ေၾကးပန္း​ေၾကး​ေပးၾကသည္အထိ။

နီလာ​ေရာင္မ်က္ဝန္း​ေတြရယ္၊ ျဖဴသြယ္သြယ္ကိုယ္လုံး​ေလးရယ္၊ အနီ​ေရာင္ဆံသား​ေတြရယ္ ပိုင္​ဆိုင္တဲ့ Suzan.
လႊာဖိနပ္​ေလး တႂကြႂကြနဲ႔ အကသိပ္​ေကာင္းသူ...ႀကိဳးၾကာမ​ေလးလို ကႏိုင္သူ။
Clarkမ်ိဳး႐ိုးရဲ႕ အလွဂုဏ္​ေဆာင္​ေလးရယ္​ေပါ့။

​ေလာ​ေလာဆယ္ Suzan အိပ္ရာမွာ လဲ​ေနသည္။ ဝမ္းဗိုက္အလယ္က ဒဏ္ရာက တဆစ္ဆစ္နာသည္။

ထိုလူကို သူတစ္ခါမွမ​ေတြ႕ဖူး၊ မျမင္ဖူး။ သို႔သည္တိုင္ ထိုထူဟာ အဆင့္အတန္းျမင့္တဲ့လူျဖဴမ်ိဳးထဲက ျဖစ္​ေၾကာင္း သိ​ေနသည္။
ဒါဟာ ထိုလူရဲ႕ ဝတ္စားဆင္ယင္ပုံ၊ ေျပာဆိုဆက္ဆံပုံတို႔ကို ၾကည့္ၿပီး ​ေကာက္ခ်က္ခ်ျခင္းမဟုတ္။
ပကတိအျမင္ျဖင့္ သိမိျခင္းသာျဖစ္သည္။

ဒါ​ေပမယ့္ ဘာမဟုတ္တဲ့ ဖဲ​သားဂါဝန္ေပၚမွာ ဆီးအရက္ခ်ိဳ​ေလာင္းခ်မိတဲ့ ကိစၥအတြက္ အျငင္းအခုံျဖစ္႐ုံျဖင့္​ေတာ့ သူ႔ကို ဒီလိုမလုပ္သင့္ပါ။

'​ေဒါက္ ​ေဒါက္!'

"ကိုယ္ဝင္လာလို႔ ရမလား Suzan"

​ေဒါက္တာJeon အသံကို ၾကားတာႏွင့္ အိပ္ရာ​ေပၚ ​ေခြ​ေခါက္​ေနရာက အတင္းထၿပီး ၾကည့္​ေပ်ာ္ရွိ​ေပ်ာ္ရွိ​ေအာင္ ျပင္ဆင္လိုက္သည္။
ပြ​ေယာင္း​ေနတဲ့ သူ႔ဆံပင္​ေတြက ​ေယာက်္ားသားတစ္​ေယာက္ ​ေတြ႕ျမင္ဖို႔ရာ မသင့္​ေတာ္​ေခ်။

ယုတ္စြအဆုံး​ေျပာရရင္ျဖင့္ မိန္းမပ်ိဳအခန္းထဲ ​ေယာက်္ားသားဝင္ဖို႔ရာ​​ေတာင္မသင့္​ေတာ္။

​ေဒါက္တာJeonက ဆရာဝန္တစ္​ေယာက္ျဖစ္​ေနသည္က ႁခြင္းခ်က္။

"ရပါတယ္ ​ေဒါက္တာ"

​"ဒဏ္ရာက ဘယ္လို​ေန​ေသးလဲ Suzan"

Suzan ဒဏ္ရာရရခ်င္း ဂ်ဳန္းဘာ႐ိုၿမိဳ႕က ဆရာဝန္​ေလးကို ပင့္ၿပီး ​ေဆးကုခဲ့ရသည္။ ထိုဆရာဝန္​ေလးက ​ေဆးထည့္႐ုံ​ေလာက္သာ လုပ္ၿပီး ဂ်ဳန္းဘာ႐ိုသို႔ျပန္သြားရသည္။
သူ႔မွာ ​ေဆး႐ုံတာဝန္​ေတြ ရွိ​​ေသးသည္။

​ေဒါက္တာ Jeonက စိတ္​ေရာဂါကုဆရာဝန္။ သို႔​ေပသည့္တိုင္ သာမာန္ဒဏ္ရာ​ေလာက္ကိုမူ ဘယ္ဆရာဝန္မဆို ကုသႏိုင္သည္မဟုတ္ပါလား။
​ေဒါက္တာ Jeonရွိ​ေနသည့္အတြက္ Clarkမ်ိဳး႐ိုးက ဝမ္းသာသည္၊ Suzanဒဏ္ရာအတြက္ အားကိုးရာ ရသကဲ့သို႔ ျဖစ္​ေနသည္။

"နည္းနည္း​ေတာ့ နာ​​ေန​ေသးတယ္ ​ေဒါက္တာ"

"အရမ္းမနက္သြားလို႔ ​ေတာ္​ေသးတာ​ေပါ့။ အန္ကယ္ Clarkကလည္း စိတ္ပူ​ေနတာ​ေလ"

Jeon ​ေျပာတဲ့စကား​ေတြက Suzanအတြက္ နားထဲကန္႔လန္႔။ Jeon စကားလုံး​ေတြက ျပတ္​ေတာင္း​ေတာင္း။ တည့္တိုး​ေျပာျခင္း။
​ေတာင္ပိုင္းသူတစ္​ေယာက္အတြက္ ႐ိုင္းသည္။
ဆရာဝန္တစ္​ေယာက္သာ မဟုတ္ရင္ သစ္ကတိုးစုက သူ႔ကို လက္ခံၾကမယ္မထင္။
သူဘယ္အရပ္ကလာတယ္ဆိုတာ​ေတာင္ မသိ​ေလဘူး​မို႔။

"ဒါနဲ႔...Suzanကို ဘယ္သူက ဓါးနဲ႔ထိုးသြားတာလဲ"

"Suzan သူ႔ကို မသိဘူး Jeon ဟို Sorryပါ ​ေဒါက္တာ"

"ရပါတယ္...Jeonလို႔ ၾကားရတာ ပိုသက္​ေတာင့္သက္သာျဖစ္တယ္"

"Suzan သူ႔ကိုတကယ္ကိုမသိတာ။ ၾကည့္ရတာ​ေတာ့ လူကုံထံထဲကပဲ ျဖစ္လိမ့္မယ္ထင္တယ္"

"သူ႔ပုံစံကို​ေရာ မမွတ္မိဘူးလား"

Suzan​ေသခ်ာ ျပန္စဥ္းစားသည္။ အဲ့လူရဲ႕ မ်က္လုံး​ေတြ ႐ုတ္တရက္​ေၾကာက္စရာ​ေကာင္းသြားတဲ့ အ​ေၾကာင္း၊ မထီတထီစကား​ေျပာတတ္​ေၾကာင္း၊ ​ေနာက္ဆုံး သူမသိလိုက္ခင္မွာ သူ႔ကိုဓါးနဲ႔ထိုးသြား​ေၾကာင္း၊ လ်င္ျမန္စြာ ျမင္းနီႀကီးကို စီးသြား​ေၾကာင္း။

အ​ေတြးထဲခ်က္ခ်င္း ဝင္လာသည္။
သူ႔မ်က္လုံး အ​ေရာင္​ေတြ။

"စိမ္းျပာ​ေရာင္!!"

"ဘယ္လို..."

"စိမ္းျပာ​ေရာင္ သူ႔မ်က္လုံး​ေတြက"

Jeon ​ေဆးအိတ္ထဲက ကိရိယာ​ေတြနဲ႔ Suzanကို စမ္းသပ္​ေပးသည္။
စကားလည္း မ​ေျပာ​ေတာ့။ မ်က္ခုံးမ်ား တြန္႔​ေကြးကာ အ​ေတြးမ်ား​ေနပုံ​ေပၚသည္။
သူတစ္ခုခုကို ​ေသခ်ား​ေတြး​ေနသည္။

Clark​ေတြ သူ႔ကို ​​ေပးထားတဲ့အခန္းက ​ေအာက္ထပ္ရဲ႕ ဘယ္ဘက္အျခမ္း ​ေလွကား​ေဘးမွာ ျဖစ္သည္။
သစ္ကတိုးစုရဲ႕အိမ္ကို ပ်ဥ္းကတိုးသစ္​ေတြနဲ႔ အက်အန ​ေဆာက္ထားတာျဖစ္သည္။
အိမ္လာရာ လွည္းလမ္းတ​ေလွ်ာက္ကလည္း ဟိုဘက္သည္ဘက္ ပ်ဥ္းကတိုးရိပ္​ေတြ ​ေအးလို႔။

လည္ပင္းမွာ စည္းထားရ​ေသာ bowကို ျဖဳတ္ၿပီး ကုတင္​ေပၚပစ္တင္လိုက္သည္။
ကုတင္​ေဘးက ဗီ႐ိုအံဆြဲကို ဆြဲဖြင့္​ေတာ့ ထိုပစၥည္းထြက္လာသည္။
အ​ေႏွာင့္ကို ​ေၾကးသားနဲ႔ျပဳလုပ္ထားတဲ့ ၁၀လက္မ အ႐ြယ္အစားရွိ ဓါး​ေျမႇာင္တစ္ခု။
သံမဏီစစ္စစ္မို႔ အသြားက ​ေျပာင္လက္​ေနသည္။ အသြားထက္မွာ ​ေသြး​ေတြက ​ေျခာက္ကပ္​ေနသည္။

ပ​ေဟဠိတစ္ခုကို အ​ေျဖရွာ​ေတြ႕သလို...ဒီဓါးရဲ႕ ​ေခတၱပိုင္ရွင္ကို သိလိုက္ၿပီ။
ႀကိဳတင္ခန္႔မွန္းၿပီးသားဆို​ေပမယ့္ ခု​ေတာ့ ရာႏႈန္းျပည့္ ​ေသခ်ာၿပီ။

ဝါညိဳ​ေရာင္ မွတ္စုစာအုပ္ထဲ ထည့္မွတ္စရာရွိသမွ်ခ်​​ေရးသည္။

' - ကိုယ္ပိုင္ဓါးမဟုတ္၊ ကိုယ္ပိုင္ဓါးဆို ​ေၾကးသားအ​ေႏွာင့္မျဖစ္ႏိုင္။ ႏွင္းဆီၿမိဳင္ရဲ႕ ဓါးအ​ေႏွာင့္မွန္သမွ် ​ေ႐ႊအ​ေႏွာင့္မွာ စိန္ပြင့္ပါရွိသည္။

- Kim Taehyungဟာ စိတ္ကစဥ့္ကလ်ားျပင္းထန္​​ေဝဒနာ ခံစား​ေနရသူ။

- အမ်ားထင္သလို စိတ္ခံစားခ်က္မဲ့​ေနတာမဟုတ္၊ စိတ္ခံစားခ်က္လြန္ကဲ​ေနျခင္း။

- ​ေနာက္ဆုံးအ​ေနနဲ႔ ​ေသြးနဲ႔ပတ္သက္ၿပီး စြဲလမ္းမႈ ျပင္းထန္​ေနျခင္း'

​ေယဘုယ်​ေကာက္ခ်က္မ်ားက ျပင္းလြန္းသည္ဟု ထင္ႏိုင္သည္။ မတတ္ႏိုင္...Kim Taehyungရဲ႕ အ​ေျခအ​ေနက ထို႔ထက္ ျပင္းထန္ႏိုင္သည္။

ထိုခ်ာတိတ္က ႏုႏုနယ္နယ္...ဒီစကားကို ၾကားရင္ ကြၽန္​ေတာ့္ကို တူမီး​ေသနတ္ဆြဲၿပီး ရင္အုံတည့္တည့္ကိုပစ္ဖို႔ ဝန္​ေလးမွာမဟုတ္။
ခ်ာတိတ္က ခံစားလြယ္လြန္း​ေနတာကိုး... ဘာကိုမွ မခံစားတတ္ဘူးလို႔ ဇြတ္ျငင္းပါ​ေစဦး၊ ကိုယ္က​ေတာ့ ခ်ာတိတ္အ​ေၾကာင္း သိ​ေနတယ္ဆိုပါ​ေတာ့။
____

ႏွင္းဆီၿမိဳင္မွာ ႐ုတ္႐ုတ္သဲသဲ။
ည​ေနခင္း ဧည့္ခံပြဲက​ေန အ​ေျခအ​ေနက ​ေျဗာင္းဆန္ကုန္သည္။

ႏွင္းဆီၿမိဳင္တင္မက ​ေဂ်ာ္ဂ်ီယာျပည္နယ္တစ္ခုလုံး၊ ​ေတာင္ပိုင္းအ​ေမရိကန္တစ္ခုလုံး ဂယက္ထ​ေနသည္။

ျပည္​ေထာင္စုသမၼတလင္ကြန္းက စစ္​ေၾကညာလိုက္ၿပီ။
ဒီအ​ေတာအတြင္း အမ်ိဳးသမီးမ်ားမၾကား​ေအာင္ ​ေယာက်္ားသားခ်င္းတိုးတိုးတိတ္တိတ္​ေျပာ​​ေနတဲ့ ျပည္တြင္းစစ္...ျပည္တြင္းစစ္ႀကီး စ​ေခ်ၿပီ။

အ႐ြယ္​ေရာက္ၿပီးသူ ​ေယာက်္ားသား​ေတာ္​ေတာ္မ်ားမ်ားက စစ္ထဲဝင္ၾကသည္။ 
အမ်ိဳးသမီးမ်ားက ရင္တမမ။ ​ေယာက်္ားသား​ေတြက မၾကား​ေစခ်င္လို႔ တိုးတိုးတိတ္တိတ္​ေျပာသမွ် သူတို႔သိသည္။
အမ်ိဳးသမီးရဲ႕ ပကတိစြမ္းရည္မွာကို အကဲခတ္စြမ္းရည္က ပါၿပီးသား။

"စစ္ႀကီးျဖစ္​ေတာ့မယ္ဆို"

"အို...စိတ္ပူမ​ေနစမ္းပါနဲ႔။ ခု​ပဲအမ်ိဳးသား​ေတြ စစ္ထဲဝင္ၿပီမလား။ က်ဳပ္တို႔​ေတာင္ပိုင္းသား​ေတြက လင္ကြန္းဆိုတဲ့​ေကာင္ကို အျမစ္ျဖဳတ္ပစ္မွာပါ။ ယန္ကီ​ေတြ ဘယ္ႏွလခံႏိုင္မွာမို႔လဲ"

စစ္..စစ္..စစ္..​ေပ်ာ္စရာ​ေကာင္းတဲ့စစ္။ ​မၾကားခ်င္လည္း ၾကားရမယ့္ စစ္အ​ေၾကာင္း။ သို႔​ေသာ္ စစ္အ​ေၾကာင္း၊ ​ေသ​ေၾကပ်က္စီးၾကမယ့္အ​ေၾကာင္းၾကားရတာကို Taehyung ​ေပ်ာ္သည္။

ျပတင္းတံခါးက မွန္ကူခ်ပ္​ေတြက​ေန ကပၸလီမႀကီး​ေတြ ​ေျပာ​ေနသံကို အတိုင္းသား ၾကားရသည္။
ည​ေနဧည့္ခံပြဲလာၾကတဲ့ အမ်ိဳးသမီး​ေတြကလည္း စစ္​ေသြးႂကြ​ေနၾကသည္။

အကယ္၍ စစ္မွာသာ

You are reading the story above: TeenFic.Net