Unicode Version

Background color
Font
Font size
Line height

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က ဆီးစတား ဆိုတဲ့ ဂြိုလ်တစ်လုံးက လူသားတွေနေထိုင်တဲ့ ကမ႓ာကို ဝင်တိုက်ခဲ့တယ်
အဲ့ဒီအချိန်မှာပဲ သန္ဓေပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး စွမ်းအားရှိဂြိုလ်သားမျိုးနွယ်စုဖြစ်တဲ့ တိရှင်း နဲ့ စွမ်းအားမဲ့လူသားမျိုးနွယ်စုဖြစ်တဲ့ ဟိုင်ရှင်း ဆိုပြီး မျိုးနွယ်စုကြီးနှစ်ခုဖြစ်တည်လာတယ်

တိရှင်း နဲ့ ဟိုင်ရှင်း မျိုးနွယ်စုနှစ်ခုဟာ အသက်ရှင်နေထိုင်ဖို့အတွက် ကမ႓ာမြေကြီးကို လုရင်း စစ်အေးတိုက်ပွဲတွေ မကြာခနဖြစ်ပွားခဲဲ့ကြတယ်
နှစ်ပေါင်းတစ်ထောင်ကြာ စစ်အေးတိုက်ပွဲကြီး အပြီးမှာတော့ တိရှင်း နဲ့ ဟိုင်ရှင်း ဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြပြီး ကမ႓ာမြေကို နှစ်ခြမ်းခြမ်းပြီး နေထိုင်ခဲ့ကြတယ်

ယခု နှစ်ပေါင်းကိုးထောင်အကြာမှာတော့ တိရှင်းမျိုးနွယ်စုဟာ ဟိုင်ရှင်းကို သိမ်းပိုက်ဖို့ ပြန်လည်ကြိုးစားလာကြပြီ
တိရှင်းဘုရင်ဟာ ဟိုင်ရှင်းကို လူယုံများ စေလွှတ်ပြီး လူသားသဖွယ်နေထိုင်စေကာ သတင်းများစုဆောင်းစေတယ်

ထိုစေလွှတ်ခံရတဲ့ လူယုံများထဲမှာမှ ဝူရိဖန် ဆိုတဲ့ တိရှင်းရဲ့ အားထားရတဲ့ စစ်သူကြီးချုပ်ဟာ ဟိုင်ရှင်းမှာတော့ သာမာန်လက်အောက်ငယ်သားလေးအဖြစ် နန်းတော်မှာ တာဝန်ထမ်းဆောင်ရင်း တိုက်ရေးခိုက်ရာမှာ သူမတူတဲ့ ကျွမ်းကျင်မှုတွေကြောင့် ဟိုင်ရှင်းရဲ့ အဖိုးတန် အိမ်ရှေ့စံမင်းသားလေး ပတ်ချန်းယောရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရာ အကြောင်းဖန်လာတယ်
xxxxxxxxx

"အပြင်မှာ ကိုယ်ရံတော်ဝူ ရှိလား"

ဟိုင်ရှင်းရဲ့ အိမ်ရှေ့စံမင်းသားလေးရဲ့ ခေါ်သံအဆုံးမှာတော့ ရိဖန် အိမ်ရှေ့စံရဲ့ အဆောင်တော်အတွင်းကို လျင်မြန်စွာ ဝင်သွားရတယ်
အိမ်ရှေ့စံလေးက မျက်တောင်တစ်ခတ်စာလေး နောက်ကျတာတောင် မကြိုက်တတ်တဲ့သူမျိုး ဖြစ်တယ်

"ကျွန်တော်မျိုး ရောက်ပါပြီ အိမ်ရှေ့စံ"
ရိဖန် အိမ်ရှေ့စံအား အရိုအသေပေးရင်း ပြောလိုက်တယ်

"ခနနေ ငါကိုယ်တော် အရပ်ဝတ်နဲ့ပဲ တိုင်းပြည်ကို လှည့်ပတ်ကြည့်ရှုမယ် အသင့်ပြင်ထားပါ"

"အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံ"
ရိဖန်ဟာ အိမ်ရှေ့စံအား အရိုအသေပေးပြီး အိမ်ရှေ့စံဝတ်ဖို့ အဝတ်အစားများ ပြင်ဆင်နေတယ်

ရိဖန်ဟာ အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်ဖြစ်သည့်အလျောက် အိမ်ရှေ့စံရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကအစ ပြင်ဆင်ပေးရတယ်
မိန်းမအကပ်မခံတဲ့ အိမ်ရှေ့စံကြောင့် ခန္ဓာကိုယ် သန့်စင်တာကအစ အဝတ်အစား အသုံးအဆောင်အဆုံး အကုန်ပြင်ဆင်ပေးရတယ်

ရိဖန် ပြင်ဆင်အပြီးမှာတော့ အိမ်ရှေ့စံ ရောက်လာတယ်

"ဒီနေ့တော့ ရာသီဥတု သာယာလှတာကြောင့် မိုးပြာရောင်ပိုးသားလေး ပြင်ဆင်ထားပါတယ် အရှင်"
ရိဖန် ထုတ်ပေးထားတဲ့ ဝတ်ရုံကို အရှင်က ကျေနပ်သည့်အနေနဲ့ ခေါင်းတစ်ချက်ငြိမ့်ပြတယ်

ရိဖန် အိမ်ရှေ့စံရဲ့ ဝတ်ရုံကို တစ်လွှာချင်း ချွတ်ပေးနေတယ်
ထို့နောက်မှာတော့ မိုးပြာရောင် ပိုးသားဝတ်ရုံလေးကို အိမ်ရှေ့စံကို ဆင်မြန်းပေးလိုက်တယ်

ရိဖန်ရဲ့ အရှင်ဟာ သူဆင်မြန်းပေးထားတဲ့ ဝတ်ရုံလေးနဲ့ တင့်တယ်လှတယ်

အိမ်ရှေ့စံက တိုင်းပြည်အတွင်း လှည့်လည်ရင် သုံးရက်လောက် ကြာတတ်တယ် သာမာန်အရပ်သားလိုနေရင်း တိုင်းသူပြည်သားတွေရဲ့ ကိစ္စရေးရာတွေကို လိုက်ကြည့်တယ် မှတ်သားတယ် နောက်ကွယ်ကနေ ဖြေရှင်းပေးတတ်တယ်

ရိဖန်ရဲ့အရှင်သခင်ဟာ မာန်မာနဒေါသတွေနဲ့ လားလားမျှ မသက်ဆိုင်တဲ့ ဖြူစင်လွန်းတဲ့ အိမ်ရှေ့စံလေး ဖြစ်တာကြောင့် ရိဖန် အရှင့်ကို ပိုတိုးလို့ ကာကွယ်မိတယ်

သူဟာ တိရှင်းတစ်ယောက် ဖြစ်ပေမယ့်လို့ ဟိုင်ရှင်းမှာတော့ အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်မို့ တာဝန်ကို မလစ်ဟင်းစေပဲ အပြည့်အဝထမ်းဆောင်တယ်
ဒါကြောင့်မို့ ကိုယ်ရံတော်ဝူဟာ ဂုဏ်သတင်းမွှေးပျံ့တယ်

အရှင်ဟာ နန်းတော်ထဲမှာမို့ ခပ်တည်တည်နေတတ်ပေမယ့် နန်းတော်အပြင်မှာတော့ သာမာန်လူငယ်လေးတစ်ယောက်လို နေတတ်တယ်

စျေးတန်းမှာ ပစ္စည်းတွေ စားစရာတွေကို လိုက်ကြည့်နေတဲ့ အရှင်ဟာ အိမ်ရှေ့စံမင်းသားလေးလို့ ပြောရင် ယုံချင်ဖွယ်ရာမရှိပါ

ရိဖန်က အိမ်ရှေ့စံနောက်ကို လိုက်ရင်း သူ့အရှင်ရဲ့ နူးညံ့အပြုအမူလေးတွေကို တစ်ခုမကျန် လိုက်ကြည့်နေမိတယ်
အရှင်ဟာ ရိဖန်ရဲ့ နှလုံးသားထဲကို တစ်စထက်တစ်စ တိုးဝင်လာတော့တာပါပဲ

*ကျွန်တော်မျိုးက တိရှင်း ဆိုတာကို ခနလောက် မေ့ထားပါရစေ အရှင်*

"ညနေစောင်းနေပါပြီအရှင် တည်းခိုခန်းဝင်ပြီး နားပြီးရင် ညစာ သုံးဆောင်ရပါမယ်"
တစ်ညနေလုံး လျှောက်သွားနေတာ ရိဖန်ရဲ့ အရှင်သခင်လေး ပင်ပန်းနေရောပေါ့

"အင်း ကောင်းပြီလေ ဒါနဲ့ ငါ့ဘေးကနေ လာလျှောက်စမ်းပါ ရိဖန် မောင်မင်းက လမ်းပြရမှာကို အနောက်မှာနေနေတော့ ငါကိုယ်တော် ဘယ်လိုသွားရမလဲ"

"စိုးရွံ့မိပါတယ် အိမ်ရှေ့စံ"

"ထားတော့ ထားတော့ ငါကိုယ်တော့်ကို လမ်းပြ"

ရိဖန် အရှင့်ဘေးမှာ နေပြီးလမ်းလျှောက်ခွင့်ရခဲ့တယ်
အရှင်နဲ့ ရိဖန်က အရပ်က သိပ်မကွာတော့ လမ်းလျှောက်ရင်း သူ့ပခုံးနဲ့ အရှင့်ပခုံး နဲ့ ထိမိရင်များ ရိဖန်တစ်ယောက် မိုးကြိုးအပစ်ခံလိုက်ရသလိုကို ကျဉ်တက်သွားတော့တာပါပဲ

*အရှင်က နေမင်းကြီးနဲ့ တူတယ် နေကြာပန်းလေး ကျွန်တော်ကတော့ အရှင့်ရဲ့ အပြုံးတွေနဲ့ ရှင်သန်တယ်*

တည်းခိုခန်းရောက်တော့လည်း အိပ်ခန်းတစ်ခန်းတည်း ယူမိတယ်
တိရှင်းတွေ ပေါများလှတဲ့နေရာမှာ အရှင့်ရဲ့ အသက်ဟာ ခနလေးနဲ့တင် ကြွေလွင့်သွားနိုင်တာမို့ အရှင့်ကို ခနတစ်ဖြုတ်လေးတောင် မျက်နှာမလွှဲချင်ပါ

ရိဖန်ဟာ အရှင့်အတွက်ကြောင့်နဲ့ မိခင်တိုင်းပြည်ကို သစ္စာဖောက်နေမိပြီလား

ကုတင်ပေါ်မှာ အိပ်စက်အနားယူနေတဲ့ အရှင့်ကို ရိဖန် အသေးစိတ်ကြည့်နေမိတယ်
အရှင့်ရဲ့ ပါးဖောင်းဖောင်းလေးတွေကို တစ်ကြိမ်တစ်ခါလောက် ကိုင်ဖူးကြည့်ချင်မိပါတယ် အရှင်

ရိဖန် အရှင့်ကို ငေးမောနေရင်း ခိုညည်းသံ ကြားလိုက်ရတယ်
ရိဖန် လက်ဖျောက်တစ်ချက် တီးလိုက်တော့ အောက်ထပ်က စားသောက်ဆိုင်က လူတွေရော လမ်းမပေါ်က လူတွေပါ ရပ်တန့်ကုန်တယ်

ရိဖန် မတ်တပ်ရပ်ရင်း လက်ကို အနောက်ပစ်ပြီး နာမည်တစ်ခုကို ခေါ်လိုက်တယ်

"မေအော်!"

ရိဖန်တို့ အခန်းထဲကို ခိုငှက်လေး တစ်ကောင်ဝင်လာပြီး ရိဖန်အရှေ့ရောက်တော့ မိန်းမလေး အသွင်ပြောင်းလိုက်တယ်

"သခင့်ကို အရိုအသေပေးပါတယ်"
ထို ခိုငှက်မလေးဟာ ရိဖန်အရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး အရိုအသေပေးလိုက်တယ်

"ဧကရာဇ်က ဘာမိန့်လိုက်လဲ"

"ဟိုင်ရှင်းဟာ အင်အားချိနဲ့နေပါပြီ သခင် ဧကရာဇ်က စစ်ပွဲတိုက်ဖို့ ချီတက်လာနေပါပြီ သခင့်ကို အဆင်သင့် ပြင်ခိုင်းလိုက်ပါတယ်"

"ငါသိပြီ သွားတော့"

ရိဖန်ရဲ့ အသွင်ဟာ အေးစက်တည်ငြိမ်လွန်းတယ်
တိရှင်းက လူတွေ ကြောက်ရတဲ့ စစ်သူကြီးချုပ် ပေပဲလေ

ခိုငှက်လေး ထွက်သွားတော့မှ ရိဖန်က လက်ဖျောက်တစ်ချက် တီးလိုက်တော့ လူတွေအကုန်လုံးဟာ အရင်လို ပြန်လှုပ်ရှားလာကြတယ်

ရိဖန် အရှင့်ကို ခပ်တွေတွေ ငေးကြည့်နေမိတယ်

*ကျွန်တော်မျိုးတို့ ခွဲခွါဖို့ သိပ်မလိုတော့ဘူး အရှင်*

ထိုအချိန်မှာပဲ အရှင်ဟာ လူးလွန့်ပြီး နိုးလာတယ်
ပြီးတော့ သူ့ကို ကြည့်နေတဲ့ ရိဖန်ကို ကြည့်လိုက်တယ်

"ရိဖန်"

"စိုးရွံ့မိပါတယ် အရှင်"

ရိဖန် ပြောပြီး အိမ်ရှေ့စံရဲ့ မျက်နှာရှေ့မှာ လက်ဖဝါးလှုပ်လိုက်တော့ အပြာရောင် အလင်းတန်းလေး ဖြတ်သွားပြီး အိမ်ရှေ့စံလေးက ရိဖန်ပေါ်ကို ခွေကျလာတယ်

*အသက်ပေးပြီး ကာကွယ်ပါ့မယ် ကျွန်တော်မျိုးရဲ့ အရှင်*

ရိဖန် အရှင့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားမိတယ် ထို့နောက် အပြာရောင် အလင်းတန်းလေးတွေ သူတို့နှစ်ယောက်ကို ဝိုင်းလာပြီး နှစ်ယောက်လုံး ပျောက်ကွယ်သွားတော့တယ်
xxxxxxxx
ချန်းယော ခေါင်းက ကိုက်ခဲမှုနဲ့အတူ နိုးလာတယ်... ဘေးဘီ ကြည့်လိုက်တော့ သူ ဂူတစ်ဂူထဲ ရောက်နေမှန်းသိလိုက်ရတယ်

ခေါင်းကထိုးကိုက်လာတာကြောင့် နားထင်ကို လက်နဲ့ဖိရင်း ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားနေမိတယ်
အကုန်သတိရလာတော့ တမ်းတမိတာက ရိဖန်

ထိုအချိန်မှာပဲ ရိဖန်က ပန်းကန်တစ်ခုနဲ့အတူ ချန်းယောနားကို ရောက်လာတယ်

"အရှင် သတိမေ့မျောနေတာ နှစ်ရက်ရှိပါပြီ အရှင် ဆန်ပြုတ်လေး ပြင်ဆင်ထားပေးပါတယ်"

ရိဖန်က ပြောလို့အပြီးမှာ ဘေးနားက ကျောက်တုံးပေါ်ကို ပန်းကန်လေး တင်ပေးလိုက်တယ်

"ငါကိုယ်တော်ကို ဘာမှပြောစရာမရှိတော့ဘူးလား ရိဖန်"

ချန်းယော ပြောလိုက်တော့ ရိဖန်က ချန်းယောအရှေ့မှာ ဒူးထောက်လိုက်တယ်

"လိမ်လည်ထားခဲ့မိတဲ့အတွက် ကျွန်တော်မျိုး သေသင့်ပါတယ်အရှင်"
ရိဖန် ဒူးထောက်ရင်း ခေါင်းပါ ငုံ့ထားမိတယ်
ရိဖန် အရှင့်ရဲ့ အကြည့်တွေနဲ့ ရင်မဆိုင်ရဲသေးပါ

"ကျွန်တော်မျိုးက တကယ်တော့ တိရှင်းတစ်ယောက်ပါ တိရှင်းရဲ့ စစ်သူကြီးချုပ်ဆိုလည်း မမှားပါဘူး အရှင်"

ရိဖန် အပြောကြောင့် ချန်းယော ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရတယ်
သူ သစ္စာဖောက်ခံရပြီလား
ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့ အသက်ကို အပ်ထားရတဲ့သူဟာ ရန်သူဖြစ်နေသည်တဲ့လား

အမှန်တော့ ချန်းယောက ရိဖန်ကို မြင်မြင်ချင်း မေတ္တာသက်ဝင်ခဲ့တာ
စစ်ရေးစစ်ရာမှာ ထူးချွန်တာကြောင့် အနားမှာခေါ်ထားဖို့ အခွင့်အရေးရခဲ့တယ်
သူ့ကို ကာကွယ်ပေးနေတဲ့ ရိဖန်ဟာ အရမ်းကို ကျက်သရေရှိလွန်းတာကြောင့် မေတ္တာတွေ ပိုပိုတိုးလာရတယ်
ဒါပေမယ့် အခုတော့ ရိဖန်ရဲ့ ဝန်ခံချက်က ချန်းယောရဲ့ နှလုံးသားကို မီးစနဲ့ ထိုးနေသလိုပါပဲလား

"အဲ့တော့ မောင်မင်းက အခု ငါကိုယ်တော်ကို ဖမ်းလာတာလား"
ချန်းယော တုန်တုန်ရီရီနဲ့ မေးလိုက်မိတယ်

*အကယ်၍ မောင်မင်းရဲ့ လက်နဲ့သာ သတ်မယ်ဆိုရင်တော့ ငါကိုယ်တော့်အသက်ကို ပေးနိုင်ပါတယ်*

"မဟုတ်ရပါဘူး အရှင် အထင်မလွဲပါနဲ့ အခုက တိရှင်းဧကရာဇ်ကိုယ်တိုင်က စစ်ချီတက်လာတာ အခု မြို့တော်ကို ရောက်နေပါပြီ ကျွန်တော်မျိုးက အရှင်အသက်အန္တရာယ် ရှိနေပြီမို့ ဒီဂူထဲမှာ စည်းချပြီး ဝှက်ထားမိတာပါ စိုးရွံ့မိပါတယ် အရှင်"

ရိဖန် စကားတစ်ခါပြောလိုက်တိုင်း ချန်းယော တုန်လှုပ်ရလွန်းလို့ သေချင်မိတယ်
အဲ့ဒါဆို အခု ခမည်းတော်နဲ့ မယ်တော်ဟာ အန္တရာယ်တွင်းထဲ ကျရောက်နေပြီပဲ
ချန်းယောက အခုလို တစ်ယောက်ထဲတော့ ကိုယ်လွတ်မရုန်းနိုင်ပါ နိုင်သလောက် တိုက်ရမည်

ချန်းယော စိုးရိမ်စိတ်နဲ့ ဂူအပြင်ကို ပြေးထွက်လာတယ်
ချန်းယောအရှေ့ကို ဝူရိဖန်က လျင်မြန်စွာ ရောက်လာတာမို့ ချန်းယော ခနတာ လန့်သွားမိတယ်
ရိဖန်က တိရှင်းဆိုတာကို ဘယ်လိုမှ မယုံကြည်နိုင်သေးပါ

"ဂူထဲကို ပြန်ဝင်ပေးပါအရှင် ဂူအပြင်က အရှင့်အတွက် အန္တရာယ်များပါတယ် ကြာကြာနေရင် သူတို့ ရိပ်မိပြီး ရောက်လာကြလိမ့်မယ် အရှင်"

"ငါကိုယ်တော်ရဲ့ မိဘနှစ်ပါး ငါကိုယ်တော်ရဲ့ တိုင်းပြည်က အန္တရာယ်တွင်းထဲ ကျနေတာကို ငါကိုယ်တော်က အခုလို ကိုယ်လွတ်ရုန်းနိုင်မှာတဲ့လား ရိဖန် အရှေ့က ဖယ်"

ရိဖန်က ချန်းယော လက်ကို ကိုင်ပြီး တားလိုက်တယ်

"ကျွန်တော်မျိုး ပြောတာကို နားထောင်ပါ အရှင်ရယ် မကြာခင် သူတို့ရောက်လာကြလိမ့်မယ် ဂူထဲ ပြန်ဝင်ပါအရှင် အန္တရာယ် များပါတယ်"

"ဝူရိဖန် မောင်မင်း ဖယ်စမ်း"

ချန်းယောက ရိဖန် တားတာကို အတင်းရုန်းနေမိတယ်
သို့သော်လည်း ရိဖန်က အားပိုကြီးတာကြောင့် ချန်းယော မရုန်းနိုင်ပေ

သူတို့နှစ်ယောက် ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာပဲ ကျီးကန်းအော်သံကို ကြားလိုက်ရတယ်

ရိဖန်က ငြိမ်သက်သွားပြီး

"သွားပြီ! ဧကရာဇ် သိသွားပြီ"

ရိဖန် ပြောလိုက်တဲ့ စကားကြောင့် ချန်းယောပါ ငြိမ်သက်သွားရတယ်

"မစိုးရိမ်ပါနဲ့အရှင် အရှင့်အတွက် ကျွန်တော် မျိုး မြူမှုန်ပဲ ဖြစ်ရဖြစ်ရ အဆုံးအထိ ကာကွယ်ပေးသွားမှာပါ ဂူထဲ အမြန်ပြန်ဝင်ပါတော့ အရှင်"

"ရိဖန် ဘာတွေပြောနေတာလဲ"

ရိဖန်ရော ချန်းယောပါ ဘာလို့မှန်းမသိလိုက်ပါပဲ မျက်ရည်တွေ ကျနေမိတယ်

ထိုအချိန်မှာပဲ

"ဝူရိဖန် ဟိုင်ရှင်း အိမ်ရှေ့စံကို ဖွက်ထားပြီး ထွက်ပြေးနေတဲ့ တိုင်းပြည်ကို သစ္စာဖောက်တဲ့ သစ္စာဖောက် အခုကစပြီး မင်းဟာ တိရှင်းရဲ့ စစ်သူကြီးချုပ် မဟုတ်တော့ဘူး အကျဉ်းသားဖြစ်သွားပြီ"

တိရှင်း ဧကရာဇ်ရဲ့ အသံဟာ သြဇာအာဏာအပြည့်နဲ့ ဟိန်းထွက်လာတယ်

ရိဖန်ရော ချန်းယော ရော အသံလာရာဖက်ကို ကြည့်လိုက်တော့ တိရှင်းဘုရင် နဲ့အတူ နောက်လိုက်ဆယ်ယောက်လောက်က်ို တွေ့လိုက်ရတယ်

ရိဖန်က ချန်းယောကို သူ့အနောက်ကို ပို့လိုက်ပြီး ဧကရာဇ်ကို စကားပြောလိုက်တယ်

"အကုန်လုံးက ကျွန်တော်မျိုးအပြစ်တွေပါ ဧကရာဇ် ကျွန်တော်မျိုးကိုပဲ သတ်ပါ အရှင့်ကို လွှတ်ပေးပါ"

"ဟား ဟား ဟား ဟား မင်းလို ဘာမဟုတ်တဲ့ အကျဉ်းသားတစ်ယောက်နဲ့ ဟိုင်ရှင်းရဲ့ အိမ်ရှေ့စံကို လဲနိုင်မယ်တဲ့လား ဒီနေ့ မင်းတို့နှစ်ယောက်လုံး သေကို သေရမယ်"

တိရှင်းဘုရင်ရဲ့ စကားအဆုံး နောက်လိုက် ဆယ်ယောက်က စပြီး တိုက်ခိုက်လာတာကြောင့် ရိဖန်က ချန်းယောကို အဝေးကို တွန်းပို့ပြီး ပြန်တိုက်ခိုက်နေမိတယ်

အဲ့ဒီအချိန်မှာပဲ တိရှင်းဘုရင်က ချန်းယောဖက်ကို အနက်ရောင်စွမ်းအားတွေ ထုတ်လိုက်တာ မြင်တော့ ရိဖန် နောက်လိုက်တွေဆီက ပြေးထွက်ပြီး အလျင်အမြန်ပဲ ချန်းယောဆီ သွားပြီး ဖက်ထားလိုက်တယ်

"ရိ...ရိဖန်"

ရိဖန် ပါးစပ်ကနေ သွေးတွေ ထွက်လာတာကို ချန်းယော မြင်လိုက်ရတော့ အရမ်း စိုးရိမ်မိသွားတယ်

ရိဖန်က ချန်းယောကို ကြည့်ရင်း

"အရှင်က ကျွန်တော်မျိုးရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ပါပဲ ကျွန်တော်မျိုး အရှင့်ကို မြတ်နိုးတယ်"

အွတ်*

အသံနဲ့အတူ ရိဖန် ပါးစပ်ကနေ သွေးတွေ ထပ်စီးကျလာပြီး ချန်းယောဘက်ပေါ်မှာပဲ ရိဖန် မေ့မျောသွားတယ်

ထို့နောက် ချန်းယောရဲ့ အနောက်မှာ တွေ့လိုက်ရတဲ့ တိရှင်းဘုရင်ရဲ့ နောက်လိုက်တစ်ယောက်...

ချန်းယော နားတွေ အူထွက်ကုန်တယ် ထို့နောက်မှာတော့ ချန်းယော ပြုံးလိုက်တယ်

*ကိုယ်တော်တို့ နောက်ဘဝကျ ဆက်ဆက် ပြန်တွေ့ကြမယ် ရိဖန် ကိုယ်တော်လည်း မောင်မင်းကို သိပ်မြတ်နိုးတယ်*

အနောက်ကနေ ထပ်ဝင်လာတဲ့ ဓါးချက်နဲ့အတူ ချန်းယောရဲ့ မျက်လုံးအစုံဟာလည်း ပိတ်ကျသွားခဲ့တယ်

ဟိုင်ရှင်းပြည်ရဲ့ တောင်တန်းတွေထဲက တစ်ခု
ရဲ့ ဂူအဝနားမှာတော့ တစ်ယောက်နဲ့တစ်ယောက် ဖက်လျက်တည်ရှိနေတဲ့ ကောင်လေးနှစ်ယောက်ကို မြင်ရမှာဖြစ်ပြီး တစ်ယောက်ရဲ့ နှလုံးကို ဖောက်သွားတဲ့ ဓါးရှည်ဟာ နောက်တစ်ယောက်ရဲ့ နှလုံးကိုလည်း ဖောက်လျက်သား ရှိနေပါတယ်
xxxxxxxxx
[2020]
Dandelion ပန်းခင်းကြီးက သိပ်ကို လှတယ်
ပန်းခင်းကြားက ကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း သိပ်ကို လှပလွန်းတယ်

"တစ်နေ့မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံကြမယ်မဟုတ်လား hyung"

ကောင်လေးဟာ Dandelion ပန်းတစ်ခုကို မှုတ်ထုတ်လိုက်ရင်း

"Dandelion ပန်းတွေက ပျောက်ကွယ်တာ အရမ်းမြန်လွန်းတယ် ဒါပေမယ့် သူတို့ရဲ့ မွှေးရနံ့က ကျန်နေဆဲပဲ...သူတို့တွေရဲ့ အဆုံးသတ်က အခုလို ဖြစ်နေပေမယ့်လို့ သူတို့ရဲ့ မေတ္တာတွေက အခုထိ အသက်ဝင်နေတုန်းပဲ"

"ဝါးးးး Kris hyung က ကဗျာတွေ ဆန်လိုက်တာဗျာ"

"ဒီကောင်လေး နှောက်ပြန်ပြီ"
Kris က ကောင်လေးရဲ့ နှာခေါင်းလေးကို ပုတ်ပြီး ပြောလိုက်တယ်

အဲ့ဒီနောက်မှာ ကောင်လေးက Kris ကို ဖက်လိုက်ပြီး ပခုံးကို ကိုက်ခဲလိုက်တယ်

"ကျွန်တော်တို့ ဝေးနေကြပေမယ့် အခုလို တစ်နှစ်မှာ တစ်ရက်ပဲ ဆုံရလည်း တန်ဖိုးထားတယ် ဟောဒီက Park Chanyeol က Kris Wu ကို အရမ်းချစ်တာကို သိထားပေးနော်"

Kris က Chanyeol ကို မျက်နှာချင်းဆိုင် ထားလိုက်ရင်း ဒူးတစ်ဖက်ထောက်လိုက်တယ်

"ကိုယ်တို့ အခုတော့ ဝေးနေရပေမယ့် ကိုယ်တို့ မေတ္တာက စစ်မှန်တဲ့အတွက် တစ်နေ့မှာ နီးစပ်ရမှာကို Yeol မှတ်ထားပေးနော် ပြီးတော့..."

Kris က အကျႌအတွင်းအိတ်ထဲက အနီရောင်ဗူးလေးကို ထုတ်လိုက်ပြီး Chanyeol ကို ဖွင့်ြ့လိုက်တယ်

"Will you marry me, Chanyeol Park?"
xxxxxxx

A/N : Eternal Love with Dandelion လေးဟာ ဒီမှာပဲ အဆုံးသတ်သွားပါပြီ
ချစ်ခြင်းမေတ္တာတွေဟာ အစအဆုံးမရှိပဲ ကျယ်ပြန့်ပါတယ်
တစ်နေ့မှာ ပြန်ဆုံကြမယ်လို့ မျှော်လင့်ရင်း...

You are reading the story above: TeenFic.Net