Extra

Background color
Font
Font size
Line height

"ကိုကိုနဲ့တူတူ တစ်ဘဝလုံးအခြေချရမယ်ဆို အချစ်ဘယ်နေရာကိုရွေးချင်လဲ"

"ကိုကိုနဲ့သာဆို ဘယ်မှာနေရ နေရပါ အရေးကြီးတာ ကိုကို့ ကျွန်တော့်ဘေးမှာ ရှိပေးဖို့ပဲ"

"အာ စကားလုံးလေးတွေနဲ့ ချွေနေတာ ဒီကောင်သေပါပြီ"

"မသေသေးပဲ"

"ကိုကိုသေရင် သဲသဲဘယ်လိုလုပ်မလဲ တစ်ယောက်တည်းကျန်ခဲ့မှာနော်"

"လိုက်ခဲ့မှာပေါ့"

နှစ်ယောက်တည်းအချိန်ကုန်တိုင်း ပြောတဲ့ စကားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြောင်း မခွဲနိုင်ကြောင်းနဲ့ နှစ်ယောက်အတူတူသာဆို အင်္ဂါဂြိုလ်ပေါ်ထိလဲ သွားနေနိုင်ကြောင်း ဘယ်သူကဘယ်သူ့ကို ပိုချစ်ကြောင်းတွေချည်းသာ အခါတစ်ရာမက အပ်ကြောင်းထပ်အောင် ပြောကြသည်။

ဘယ်သူထင်ထားမလဲ ဒီကောင်လေးကို သူက အရမ်းအရမ်းချစ်သွားမယ်လို့လေ။နှစ်၊လ၊ရက်တွေ အလီလီပြောင်းပေမယ့် မပြောင်းလဲတာက သူ့ဘေးမှာ အမြဲ အတူရှိတာက သူ့အပိုင်လေးဖြစ်ပြီး ပြောင်းလဲလာတာက သူ့အပိုင်လေးပေါ်ထားတဲ့ သူ့အချစ်တွေပါပဲ ။

ပိုင်ဆိုင်ပြီးမှ ပို၍ချစ်လာ၊ပို၍ပိုင်ကြောင်း ပြချင်လာသည်။ဖြစ်နိုင်ရင် အိမ်ထဲမှာပဲ ဖွက်ထားချင်ပေမယ့် သူ့အပိုင်လေးက ပျံသန်းချင်သေးတော့ ခွင့်ပြုထားရသည်။ချုပ်ချယ်ချင်ပေမယ့်လဲ ချုပ်ချယ်လွန်းလို့ ထွက်ပြေးသွားမှာလဲ သူကြောက်ရသည်လေ။

"ကိုကို ဘာတွေတွေးနေတာလဲ"

"အချစ်ကို ဘယ်လိုမျိုး ကိုကိုတစ်ယောက်တည်းပဲ မြင်ရအောင် ထားရမလဲ တွေးနေတာ"

"ကိုကိုက ‌အရမ်းစွဲလမ်းနေတာပဲ မကောင်းဘူးနော်"

"မသိဘူး မသိဘူး ဟောဒီက အချစ်လေး Phuwin Tang လေးကို စွဲလမ်းတယ်ကွာ ဘယ်သူလာတားရဲလဲ"

"ဟုတ်ပါပြီ မတားဘူး မတားဘူး မစွဲလမ်းတော့တဲ့ တစ်နေ့ကျ ဇွက် ဇွက် ဇွက်ပစ်မယ်" ဆိုကာ ဓားနဲ့ လိုက်ထိုးတဲ့ပုံလေး လုပ်ပြတော့ သူ့မှာရယ်မိသည်။

သူတကယ် ဖွက်ထားချင်တာကို ချစ်ရတဲ့ ကောင်လေးက စနေသည်ဟု ထင်နေပုံရသည်။မစွဲလမ်းတော့ဖို့ မပြောနဲ့ အခုလိုအချိန်မှာတောင် အပြုံးလေးမြင်ရင် စတွေ့တဲ့နေ့ကလို ရင်ခုန်နှုန်းမြန်နေတုံး။

မစွဲလမ်းတော့မယ့်တစ်နေ့ ဒီကောင်လေးကိုမြင်ရင် ရင်မခုန်တော့မယ့်နေ့ဟာ သူသေမှသာ ရှိလာမည်ထင်သည်။

______

ပြန်လာထဲက ကားထဲမဝင်ပဲ တွန့်ဆုတ်နေတဲ့ ကောင်လေးကို ပြတင်းပေါက်ကနေ မျက်မှောင်ကြုတ်၍ ကြည့်နေမိသည်။အဖြူရောင် oxford shirt ကို ခေါက်တင်ကာ ဝတ်ထားတဲ့ ခပ်သွယ်သွယ် ကောင်လေးဟာ ကား‌တံခါးကို ပိတ်လိုက် ဖွင့်လိုက် လုပ်လိုက် ဆံပင်တွေကို ထိုးဖွလိုက်နဲ့ တစ်ခုခုကို တော်တော် စိတ်ရှုပ်နေဟန်။

"ဘာတွေဖြစ်နေတာလဲ သဲသဲ"

"ဟို . . .ဟို "

"ဘာဖြစ်လို့လဲ သဲသဲ လူသတ်လာမိလို့လား"

"ဟာ ကိုကိုကလဲ လူသတ်စရာလား"

"မသိဘူးလေ သဲသဲက ပြာယာခတ်နေတာကို"

"တကယ်ကလေ ဒီမှာ"

ကားပေါ်မှာ ဘူးလေးနဲ့ ထည့်ကာ ပါလာတဲ့ အကောင်ပေါက်လေး နှစ်ကောင်ကို ပြလာသည်။

"ဟာ သဲသဲရာ ဘာတွေများလဲလို့ ပေး လေးနေမှာပေါ့"

"မလေးပါဘူးကိုကိုကလဲ သေးသေးလေးတွေဟာကို "

"ကိုကိုတို့ ကွန်ဒိုနဲ့ဆို သူတို့ကိုမွေးဖို့ ကျဉ်းနေမလားသဲသဲ"

"ကွန်ဒိုမှာ မနေချင်တော့ဘူး ပေ၂၀၀လောက်ကျယ်တဲ့ ခြံကြီး ရှိတဲ့နေရာမှာပဲ ပုံဆွဲပြီး အေးဆေးနေတော့မယ် သင်တန်းကို ဒီနေ့ထွက်စာတင်လိုက်ပြီ"

"ဘာလို့လဲ ကိုကိုက သဲသဲ ဒီအလုပ်ကို သဘောကျတယ်ထင်တာ"

"သဘောကျပါတယ် ကိုကိုရဲ့ ဘာလဲ ကိုကိုက သဲသဲကို လုပ်မကျွေးချင်ဘူးလား"

"ဟာ မဟုတ်တာ ကိုကိုရှာသမျှက သဲသဲအတွက်"

လုပ်ချင်ရာလုပ်လာတဲ့ သဲသဲလေးကို ဆူဖို့မပြောနဲ့ အကြောင်းပြချက်တောင်မမေးရက်။အကြောင်းမရှိပဲ ဇွတ်မလုပ်တတ်တဲ့ ကောင်လေးမို့ ဘာလုပ်လုပ် အကြောင်းအရင်းရှိပြီးသား။

"နာမည်တွေပေးပြီးပြီလား သဲသဲ"

"အင်း လမ်းမှာစဉ်းစားလာတာ ပါပီလေးကို Parker လို့ပေးမလားလို့ ကိုကိုကြိုက်တဲ့ Peter Parker က Parker "

"‌ဒါဆို ဒီအလှလေးကရော"

" ဒါက အမလေးဆိုတော့ Hana ပေးမလားလို့ "

"ဟုတ်ပြီ ဟုတ်ပြီ ကိုကိုတော့အိမ်မှာ ကြောင်ပေါက်လေး၂ကောင် ရလိုက်တာပဲ"

"ဟာ ကိုကို "

တကယ်ကြောင်ပေါက်လေးလိုမို့ ကြောင်ပေါက်လေးလို့ ခေါ်တာကို လက်မခံတဲ့ ကောင်လေးရဲ့ ပါးအိအိလေးကို သူ့ရဲ့ နှာတံနစ်ဝင်သွားတဲ့ အထိ နမ်းလိုက်သည်။

"မေ့နေတာ Parker အတွက် စပိုက်ဒါမန်းဝတ်စုံလေးဝယ်လာတယ်"

" ဒီကောင်နဲ့ ချစ်ဖို့ကောင်းနေမှာ"

"ဟုတ်တယ်နော် "

"ဘာလို့ သူတို့ကို မွေးဖို့ စဉ်းစားလိုက်တာလဲ"

"ကိုကို ကိုကို လက်ထပ်တဲ့နေ့တုံးကပေးထားတဲ့ ကတိမှတ်မိလား"

"ဟင် ဘာလဲ "

"ကျွန်တော်ဖြစ်ချင်တာတွေ ဖြည့်ဆည်းပေးမယ်လို့လေ"

"မှတ်မိတာပေါ့"

"ကျွန်တော် . . . ကျွန်တော်"

"ပြောလေ သဲသဲ"

"ကျွန်တော် Florence Academy of Fine Arts မှာ Master ထပ်တတ်ချင်တယ်"

"ဟာ သဲသဲက ကိုကိုနဲ့ခွဲမှာမို့ ဒါတွေစီစဉ်လာတာပေါ့"

"အဲ့လိုမဟုတ်ပါဘူး ကိုကိုရယ် အရင်ထဲက အိပ်မက်ပါ ဒါပေမယ့် အခုလဲ ကိုကိုက မသွားနဲ့ဆို မသွားဘူး "

"ဘယ်လောက်ကြာမှာလဲ "

"တစ်နှစ်ခွဲနှစ်နှစ်"

လက်ထဲက စက္ကူပုံးလေးကိုယူကာ ဘာစကားမှ ထပ်မပြောတော့ဘဲ ဝင်လာတော့သည်။နှုတ်ကနေလဲ Florence Academy , Florence Academy ဆိုတာပဲ တတွတ်တွတ်ရွတ်နေမိသည်။

___________

"ကိုကိုရာ စကားမပြောပဲမနေပါနဲ့ သဲသဲကလဲ ကိုကိုနဒ့ မခွဲချင်ပါဘူး အခုလဲ ချက်ချင်းမသွားသေးဘူး ၆လလောက်ပြင်ဆင်ရအုံးမှာ ကိုကိုမသွားနဲ့ဆို မသွားဘူး တကယ်"

စိတ်မဆိုးပေမယ့် နည်းနည်းတော့ စိတ်တိုသွားသည်။ကျောင်းတတ်မယ် အစီအစဉ်ချ အလုပ်ကထွက်လာပြီးမှ ကိုကိုမသွားခိုင်းရင် မသွားဘူးဆိုတာက မဟုတ်သေးဟု ခံစားရသည်။

တကယ်ဆို သူ့အိပ်မက်ပဲကို ဘယ်သူက တားဆီးနိုင်မလဲ။ဒီကကောင်က သူ့အိပ်မက်တွေ တားဆီးဖို့မပြောနဲ့ သူ့အိပ်မက်တွေ ဖြည့်ဆည်းပေးနိုင်မယ်ဆို နင်းသွားရင်တောင် အနင်းခံနိုင်သည်။

"ကိုကို . . . ကိုကို. . . ကိုကို လို့"

"- - -"

မထူးဘဲနေကာ အလုပ်ကိုပဲ လုပ်နေတော့ အသံခဏတိတ်သွားကာ ခဏနေတော့ ရှိုက်သံတွေ ထွက်လာသည်။

"ဟာ ဘာလို့ငိုနေတာလဲ သဲသဲရာ"

"ကိုကိုက. . . ဟင့် . . . စကားမှ ပြန်မပြောတာ"

"ကိုကိုစိတ်မကောင်းဖြစ်သွားတာ သဲသဲက ကိုကို့ကို တကယ်ဆုံး အလုပ်မထွက်ခင်တိုင်ပင်ရမှာလေ အခုကိုကိုတွေးမိတာက ကိုကိုက တိုင်ပင်စရာမကောင်းပါလားဆိုတာပဲ"

"အာ အဲ့လိုမဟုတ်ပါဘူး ကိုကိုကလဲ "

ဆိုကာ ပို၍ ငိုလာတော့သည်။

"တိတ်တိတ် ကိုကို စိတ်မဆိုးဘူး စိတ်လဲမတိုဘူး ကိုကို့ကတိအတိုင်း သဲသဲ ဆန္ဒတွေ ဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား အခုလဲကိုကို Florence မှာ အိမ်ဝယ်ဖို့ ကြည့်နေပြီ ကိုကိုရယ် သဲသဲရယ် Parker ရယ်Hanaရယ် နေမယ်ဆို Florence က အရမ်းသင့်တော်မှာ မငိုနဲ့တော့"

"ကိုကိုတကယ်လိုက်မှာလား ကိုကို့အလုပ်တွေကရော"

"ကိုကို Handle လုပ်နိုင်ပါတယ် "

" Florence ရောက်ရင် လိမ္မော်ပင်စိုက်မယ် ညနေတိုင်း Parker နဲ့လမ်းလျှောက်ထွက်မယ်"

"ဒါဆို ကိုကိုကရော "

"ဟာ ကိုကိုက သဲသဲ ဘဝရဲ့ မပါမဖြစ်လေ သဲသဲရှိ‌တဲ့နေရာ ကိုကိုရှိရမှာ အခုကစပြီး ဒီမိသားစုလေး အမြဲအတူရှိကြမယ်နော် ကိုကို" ဟုဆိုကာ လက်သန်းလေးပေးလာသည်။

"အင်း အမြဲအတူ"

ချစ်ရတဲ့ကောင်လေးရဲ့ လက်သန်းလေးကို သူ့လက်သန်းတွေနဲ့ချိတ်ကာ အမြဲတည်နေမယ့် ကတိတွေပေးမိတယ်။

သူ့စိတ်ထဲမှာလဲ တိတ်တိတ်လေး ကတိပေးမိတယ် ဘုရားပေးတဲ့ဆုလာဘ်လေးနဲ့ ဒီဘဝတော့ အမြဲအတူနေနိုင်အောင် ကြိုးစားနေမယ်လို့လေ။


___________________________________

So Extra is done ပါ

Florence ကအရမ်းလှလို့ စိတ်ကူးထဲမှာတော့ သူတို့နှစ်ယောက်ကို Florence မှာ မင်္ဂလာဆောင်ပေးလိုက်ပါပြီ။🥺🫶🏻


You are reading the story above: TeenFic.Net