မနက်စောစော ဒေါ်လေးနဲ့အတူ ကုသိုလ်ကောင်းမှုတွေ လိုက်လုပ်ပေးရင်းနဲ့ တွေးမိတာက ဟိုချစ်စရာကောင်းတဲ့ လူအကြောင်းပါပဲ။
စတွေ့တုံးထဲက ခပ်ဩဩနဲ့ နားထောင်ကောင်းတဲ့ အသံပိုင်ရှင်ဟာ သူ့ကိုဆို အသံဖျော့ဖျော့နဲ့တောင်းဆိုတာမို့ သူ့မှာအသံကြားမိတာနဲ့ ဘာတောင်းဆိုဆို မငြင်းဆန်နိုင်ခဲ့ဘူး။
"သား Phu ခေါ်ထားတာလား"
"ဗျာ ဘာကို ခေါ်ထားရမှာလဲ"
"ဟိုမှာလေ"
ဒေါ်လေးရဲ့ အဆုံးအစမရှိတဲ့ မေးခွန်းကြောင့် သူ့မှာဘာဖြေရမှန်းမသိ။လက်ညှိုးညွှန်ရာ ကြည့်မိတော့ ဘုန်းကြီးကျောင်းရှေ့ရောက်နေတဲ့ လူ။
"ဒီက အပြန်တော့ ချိန်းထားတာရှိတယ်"
"ဒါဆိုသွားလေ သား ဒေါ်လေးက ရောက်တုံးရောက်ခိုက်နေအုံးမယ် Gemကို လာကြိုခိုင်းလိုက်မယ်"
"ဖြစ်ရဲ့လား"
"ရပါတယ် သွား"
"ဟုတ် သွားလိုက်အုံးမယ်နော်"
တကယ်က စကားတွေလျှောက်ပြောနေတာ ဒီလူ့ကို မြင်တာနဲ့ သူဟာ ဆွဲငင်ခံလိုက်ရတဲ့ လူတစ်ယောက်လို အနားမှာ ပြေးကပ်ချင်နေတာပါပဲ။
______________
Suit ဝတ်လာတာမဟုတ်ပဲ shirt အနက်ရောင်နဲ့ မတ်တပ်ရပ်နေတဲ့ လူဟာ အခုလိုကျတစ်မျိုးကြည့်ကောင်းနေပြန်သည်။
"Morning ကိုယ့် ချစ်ချစ်လေး" ကြည့်လူကို အမျိုးမျိုးခေါ်နေတာပါပဲ။
"Morning ကိုကို"
ကိုကို လို့ခေါ်တိုင်း ပြုံးသွားတဲ့ မျက်နာ ဟာ ချစ်စရာ အလွန်ကောင်းသည်။ခင်ဗျားလို့ခေါ်ရင် ပျက်သွားတဲ့မျက်နာဟာလဲ ချစ်စရာ။ဒီလိုမျိုးမြင်ရတော့ လူအများအားကျရတဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာကို မေ့ချင်သွားသည်။
ကားတံခါးဖွင့်ပေးရင်း ပါးနှစ်ဖက်ကို ရအောင်နမ်းသွားသည်။
"လူတွေရှိနေတာကို" လို့ဆိုတော့ "ချစ်စရာကောင်းလွန်းလို့"တဲ့လေချေပစရာမရှိအောင် စကားပြောနိုင်စွမ်း အရှိဆုံးဆုကိုပေးရမည်။
"ကားနည်းနည်းကြာကြာ စီးရမှာဆိုတော့ ကိုကိုက မုန့်တွေဝယ်ထားတယ်" ကားနောက်ခန်းက မုန့်ထုတ်ကြီးယူလာပြီး ပေးသည်။
"အင်း" သူပေးတဲ့ မုန့်ထုတ်ကြီးယူတဲ့အခါ
"အရမ်းတော်တယ်မလား ဆုပေးပါအုံး" ဆိုပြီး နှုတ်ခမ်းကြီးထိုးပေးလာပြန်သည်။
"ဘာဆုပေးရမှာလဲ"
"မသိချင်ယောင်မဆောင်ပါနဲ့ ဆုပေးစရာရှိမြန်မြန်ပေး"
ကလေးလေးတစ်ယောက်က မုန့်တောင်းစားသလို အနမ်းတောင်းနေတဲ့လူကိုကြည့်ပြီး ပါးတွေကို ဆွဲလိုက်မိသည်။
"ချစ်စရာကောင်းလိုက်တာ ကိုကိုက"
"ဟုတ်တယ်နော် ကိုကိုက ချစ်စရာကောင်းတယ်နော် နမ်းပါအုံး"
စိတ်ကျေနပ်အောင် နှုတ်ခမ်ချင်းထိရုံလောက်လေး နမ်းပေမယ့် ဒီလူကဒီလူပါပဲ မလွှတ်ပဲ အနမ်းတွေကို ရှည်စေပြန်တယ်။
အနမ်းတွေခွာသွားမှ
"ကဲ သွားကြမယ်လေ ဒီနားမှာ အချိန်ကုန်မလို့လား"
"ဟုတ်ကဲ့ပါ ခင်ဗျ အချစ်လေး သဘော"
ကားမောင်းနေတဲ့ ဒီလူ့ကိုပဲ ကြည့်နေတာမို့ သူ့မှာ မုန့်ထုပ်ကြီးထဲက မုန့်တွေ မစားဖြစ်ပေ "မုန့်မစားဘူးလား ချစ်ချစ်"ဆိုမှ ကယောင်ကတမ်းနဲ့ အာလူးကြော်ထုပ်ဖောက်ပြီး ထစားရသည်။
_______________
ဘယ်သွားနေလဲ မမေးပဲ ဒီလူ့မျက်နာကိုကြည့်လိုက် သကြားရည်လိုချိုတဲ့ စကားတွေပြောတာကို နားထောင်ပြီးပဲလိုက်လာမိသည်။တကယ်ကမေးဖို့လဲ မလိုပါဘူး သူ့အနေနဲ့က ဘယ်ပဲခေါ်ခေါ် ဒီလူနဲ့သာဆို လိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုးက မသိစိတ်ရော သိစိတ်မှာပါ ရှိနေတာ။
"ပျင်းနေပြီလား Honey ခဏနေ ရောက်တော့မယ်နော်"
"မပျင်းပါဘူး" ရောက်ခါနီးပြီဆိုလို့ ပတ်ဝန်းကျင်ကိုကြည့်တော့မှ ခြံတံခါးကြီးတစ်ခုကို ကျော်လာကာ သစ်ပင်တွေအုပ်နေတဲ့ လမ်းလေးကိုဖြတ်ကာ ဝင်လာတာ တွေ့ရတယ်။
ဒါ ဘယ်နေရာလဲလို့ မမေးခင်မှာပဲ ကားကိုရပ်ကာ
"ကိုယ်တို့ ဒီကနေ လမ်းလေး နည်းနည်းလျှောက်ရမယ်"
ခေါင်းညှိတ်ပြကာ ကားပေါ်ကဆင်းတော့ သူ့လက်တွေကို အသာအယာ စုပ်ကိုင်လာတဲ့လူ။ ပုံမှန်တောင် နွေးထွေးနေတဲ့လက်တွေက ဒီနေ့မှာတော့ အေးစက်ကာ ချွေးတွေထွက်နေသည်။
"ကိုကို ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"
"ရတာပေါ့ Honey ရဲ့"
"အခု ဘယ်သွားနေတာလဲ"
"ကိုယ့်အိမ်လေ"
"ဟို အိမ်က ?"
"အော် အာ့အိမ်ကလဲ ကိုယ့်အိမ်ပဲ ကိုယ်တစ်ယောက်ပဲနေတာ"
"ဒါက ကိုယ့်ဖေဖေနဲ့ကိုယ် သားဖနှစ်ယောက် ဖေဖေရှိစဉ်က နေခဲ့တဲ့ အိမ်"
ဝမ်းနည်းမှုတွေ ကပ်နေတဲ့ မျက်ဝန်းအစုံကို မြင်တဲ့အခါ မေးခွန်းတွေ ထပ်မမေးပဲ စကားလမ်းကြောင်းလွှဲမိသည်။
"အပင်တွေအများကြီးပဲနော်"
"ဟုတ်တယ်"
"ဖေဖေက သစ်ပင်စိုက်ရတာ ဝါသနာပါတယ်လေ"
"အဲ အာ့ဒါလိမ္မော်သီးတွေလား"
"ဟုတ်တယ် ဖေဖေက သူချစ်ရတဲ့လူ အရမ်းကြိုက်တဲ့ လိမ္မော်တွေကို ခြံထဲမှာစိုက်ခဲ့တာ အစက ဖြစ်မယ်မထင်ခဲ့ဘူး အခုတော့ အပင်တွေတော်တော်ဖြစ်နေပြီ"
"ဟိုဟာက နှင်းဆီနီတွေမဟုတ်လား လှလိုက်တာ"
"အစက အာ့နေရာက ဖေဖေဘာစိုက်မလို့လဲမသိဘူး စီစဉ်ထားတာ ဖေဖေဆုံးသွားတော့ မြေကွက်လပ်ကြီးလိုဖြစ်နေတာ ကိုယ် Honey နဲ့ စဆုံတော့ ဦးလေးMingကို ဖုန်းဆက်ပြီး မြေကွက်လပ်တစ်ခုလုံး နှင်းဆီနီစိုက်ခိုင်းလိုက်တာ "
"Khun Naraက Romantic ဆန်လိုက်တာ"
"ဘယ်လိုခေါ်လိုက်တာလဲ "
" Khun Naraလေ ဘာလို့လဲ"
"မဟုတ်ပါဘူး မေးကြည့်တာ"
"မကြိုက်ဘူးလား"
"ကြိုက်ပါတယ် ခင်ဗျား မဟုတ်ရင်ပြီးရော"
နှစ်ယောက်သား စကားတပြောပြောနဲ့ လျှောက်လာရင်း အိမ်ကြီးကိုမြင်တဲ့အခါ သူ့မှာအံ့ဩလွန်းလို့ ပါးစပ်မစိနိုင်။
"ဒါက အိမ်မဟုတ်ဘူး နန်းတော်ပဲ" တိုးတိုးရေရွတ်မိရင်း တစ်ဆက်တည်းတွေးမိတာက သူ့ကို ဒီအိမ်ကြီးထဲသာ ချုပ်ထားရင် ဘယ်သူမှသိမှာမဟုတ်ဘူးဆိုတာပဲ။
"လာလေအချစ် ဦးလေးMingကို နေ့လည်စာပြင်ခိုင်းထားတယ်"
နှစ်ယောက်သားအိမ်ထဲဝင်လာတော့ ဦးလေးMingလို့ ထင်ရတဲ့ လူကြီးရယ် တခြား အမျိုးသမီးနှစ်ယောက်၊အမျိုးသားနှစ်ယောက်ရယ်က သူတို့ကို ကြိုကြသည်။
"သခင်လေး ထမင်းဝိုင်းပြင်ပြီးပါပြီ"
"ဦးလေး Ming သခင်လေးလို့ မခေါ်ပါနဲ့ ဒီတိုင်း Nara လို့ပဲခေါ်ပါဆို"
"နှုတ်ကျိုးနေပါပြီ" Khun Naraက ဦးလေး Ming ၏ခေါင်းမာမှုကို သက်ပြင်းချတဲ့အခါ သူ့မှာရယ်ချင်မိသည်။Khun Naraလို လူမျိုးတောင် မနိုင်တဲ့ ခေါင်းမာတဲ့ လူကြီးပါလားလို့လဲ တွေ့မိသွားတယ်။
"သခင်လေး ဒီဘက်က အစ်ကိုလေးက"
"ဦးလေး Ming ဒါ ကျွန်တော်ပြောတဲ့ နှင်းဆီနီအခင်းရဲ့ ပိုင်ရှင်လေ"
"သခင်လေးက အချောလေးရှာလာတာပဲ သခင်ကြီးသာ ရှိသေးရင် သခင်လေးကို ဂုဏ်ယူနေမှာ"
"ဟုတ်တယ်နော်" တိုးသွားတဲ့ အသံအရ ဒီလူက သူ့ဖေဖေကို လွမ်းနေမှန်းသိလိုက်တာမို့
"ဟိုဟာလေ ကျွန်တော်ဗိုက်ဆာပြီ Khun Nara"
"Okay လေ ဒါဆို ကိုယ်တို့သွားစားကြမယ်လေ"
ပြုံးပျော်နေတဲ့ သခင်လေးမျက်နှာကို မြင်ရတာနဲ့ သခင်လေးနဲ့ပါလာတဲ့ ဒီလူငယ်လေးကြောင့်မှန်းသိတာမို့ ဒီအပြုံးတွေ ဒီအပျော်တွေ အကြာကြီးရှိနေနိုင်ပါစေလို့ ဦးလေး Mingတစ်ယောက် မျှော်လင့်နေမိသည်။
TBC........
ဇာတ်လမ်းကရှည်အုံးမယ်ထင်တယ်🫢
အရမ်းရှည်ပြီး ပျင်းစရာကောင်းသွားရင် Sorry 😞
You are reading the story above: TeenFic.Net