"ဒီအပင်တွေကို တစ်ခါမှ အပြင်မှာမမြင်ဖူးဘူး"ဆိုပြီး လိမ္မော်ပင်တွေကို အသည်းအသန်လိုက်ကြည့်နေတဲ့ ကောင်လေးဟာ အသည်းယားစရာ။
ကိုကို ခေါ်လိုက် Khun Naraခေါ်လိုက်နဲ့ စကားကို အမျိုးမျိုး အသည်းယားအောင်ပြောနေတာလေးကိုလဲ ပြုံးပြီးသားကြည့်နေမိသည်။
"Khun Nara!!" တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေတဲ့ အကောင်ပေါက်လေးကို ပြုံးပြုံးကြီးနဲ့ကြည့်နေတာမို့ နှုတ်ခမ်းဆူကာ ဆောင့်အောင့်ပြီး လာခေါ်သည်။
"ပြောလေ ပူးကြူးရဲ့" အပြုအမူလေးတွေကို အသဲယားလို့ တစ်မျိုးပြီးတစ်မျိုး ပြောင်းခေါ်တော့ နှုတ်ခမ်းကဆူလာသည်။
"အမျိုးမျိုးခေါ်နေတာ ၅၈မျိုးရှိနေပြီနော်" မျက်စောင်းထိုး နှုတ်ခမ်းဆူနေတဲ့ ပုံစံဟာ ချစ်စရာ။ဟူး အမျိုးမျိုး ပြုစားနေတာပဲ ဒီကောင်လေးက။
"ကဲပါ ဘာပြောမလို့လဲ ဘာလိုချင်လဲ ဘာစားချင်လဲပြော ဘယ်သွားမလဲ သိပြီ သိပြီ အာဘွားလိုချင်လို့မလား"
"ခဏနားထောင်ပါအုံး ပြီးတော့ ဘာအာဘွားမှမလိုချင်ဘူး"
"ဟုတ်ပါပြီ ပြောပါ ဟောဒီက ကြောင်ပေါက်လေးရဲ့ ကိုကို Naraက နားထောင်ပေးပါ့မယ်"
"အိမ်အကျယ်ကြီးဆိုတော့ စာဖတ်ခန်းရှိတယ်မလားလို့ အာ့လိုက်ပို့ပေးလို့ ပြောမလို့"
"ရှိတာပေါ့ ဒါပေမယ့် ဘာစာအုပ်တွေရှိလဲ ကိုကိုမသိဘူး"
" Nara က မသိဘူးလား စာဖတ်ခန်းထဲမသွားဖူးဘူးလား" အခုလဲ ခေါ်တာလေးက Nara တဲ့။
"ဟင့်အင်း"
တကယ်လဲ သူစာဖတ်ခန်းထဲ မဝင်ခဲ့ဖူး။ဖေဖေရှိစဉ်က ဖေဖေနဲ့အတူ ငါးမျှားတောင်တက်ပဲ သွားဖြစ်ကြသည်။ဖေဖေက သူ့အတွက်တော့ တစ်ဦးတည်းသော မိဘပေမယ့် တာဝန်ကျေနိုင်သမျှ အကုန်လုပ်ပေးခဲ့တာမို့ တစ်ခါမှ မိခင်မေတ္တာ လိုအပ်တယ်လို့ မခံစားခဲ့ရ။ဥပမာအမေများနေ့မှာ ငါးမျှားသွားရင် အဖေများနေ့ကျ တောင်တက်ကြသည်။ကလေးများနေ့ဆိုပြန်တော့ သူကြိုက်တာတွေကို ဖေဖေက ချက်ကျွေးပြန်ရော။
"စာဖတ်ခန်းလိုက်ပို့ပေးမလား ပြီးတော့ အိမ်ထဲက ပန်းချီကားတွေကို တစ်ခုချင်းဆီ သေချာကြည့်ချင်တယ်"
"ရတယ်လေ ဒီညနဲ့အချိန်မလောက်မှာပဲ စိုးရိမ်တာ"
"ရပါတယ် အချိန်ရသလောက်ပေါ့"
"ဒီည ဒီမှာပဲ အိပ်ပါလား ကိုယ်ဘာမှမလုပ်ဘူးကတိ"
"တကယ် မလုပ်ရဘူးနော်"
"တကယ် တကယ်မလုပ်ဘူး" လုပ်မိရင် သဲသဲလေးနဲ့ ညားပါစေလို့ စချင်ပေမယ့် စိတ်တော်လေးကောက်သွားမှာစိုးလို့ မလုပ်ရက်။
____________
စာဖတ်ခန်းထဲ ရောက်တာနဲ့ သူ့ကို အဖက်မလုပ်ပဲ စာအုပ်တွေကိုသာ လှန်လှော၍ ပျော်နေတဲ့ ကောင်လေးကို မြင်တော့ စာဖတ်ခန်းထဲ ခေါ်မလာသင့်တာလို့ တွေးမိသွားသည်။
စာအုပ်တွေကိုပဲ မျက်လုံးလှလှလေးကစိတ်ဝင်တစား ဖတ်နေတာမို့ ချောင်းဟန့်၍ သူ့ကိုလှည့်ကြည့်လာအောင်လုပ်ပေမယ့် လှည့်ကြည့်မလာ။ဒီစာဖတ်ခန်းထဲက စာအုပ်တွေ မီးရှို့ထားရမှာ။
"စာအုပ်တွေက ဒီလောက် စိတ်ဝင်စားဖို့ကောင်းလား" စာချည်းလှိမ့်ဖတ်နေတဲ့ ကောင်လေးကို အနောက်ကနေသိုင်းဖက်ကာ ပခုံးလေးပေါ်မျက်နှာအပ်ပြီး ကောင်လေးရဲ့ ကိုယ်သင်းရနံ့လေးကို ရှူရှိုက်ကာမေးတော့
"ဒါက စိတ်ဝင်စားစရာကောင်းတယ် ပန်းချီဆေးခြယ်တဲ့အကြောင်းတွေရေးထားတာ ခုဏက စာအုပ်က သိပွံစာအုပ်"
"ဟုတ်လား စာအုပ်တွေ အကုန်ဖတ်မလို့လား " ပခုံးသားနုနုလေးကို နမ်းလိုက် ကိုက်လိုက်နဲ့ မေးမိသည်။
"အကျမ်းဖျဉ်းပါ ပြီးမှ အကြိုက်ဆုံးကို ရွေးဖတ်မှာ အာ့ Khun Nara မကိုက်နဲ့လေ"
"မွှေးနေတာပဲလေ မကိုက်ဘဲမနေနိုင်ဘူး" ပြောပြောဆိုဆိုလည်တိုင်ဖြူဖြူလေးကို ကိုက်ချလိုက်သည်။
လေသံတိုးတိုးလေးထွက်သွားမှာ ကြောက်လို့ နှုတ်ခမ်းကို ဖိကိုက်လိုက်တဲ့ ကောင်လေးကိုကြည့်ပြီး သဘောကျစွာရယ်မိတော့
"စာအုပ်ဖတ်လေ ဟိုဘက်မှာ ကမ္ဘာသမိုင်းစာအုပ်တွေ ဒီဘက်နားက ထိုင်းနိုင်ငံနဲ့ အာဆီယံ နိုင်ငံများအကြောင်း စုံနေတာပဲ သွား သွား စာသွားဖတ်" အတင်းတွန်းထုတ်နေတဲ့ ကောင်လေးရဲ့ လည်တိုင်ပေါ်က ခုဏက ကိုက်လိုက်တဲ့နေရာ လေးကို လျှာနဲ့ယက်တော့ ခန္ဓာကိုယ်ကလေးက တုန့်ကနဲ။
"Phuwin Tangsakyuen"
"Hmm?"
"ကိုယ်ဖတ်ချင်တဲ့ စာအုပ် ကိုယ်ထိချင်တဲ့ စာအုပ်က Phuwin Tangsakyuen လို့"
"အာ Khun Nara ကလဲ ကျွန်တော် က စာအုပ်မဟုတ်ဘူးလေ ဒီလိုလုပ် ကျွန်တော်ဖတ်ပြမယ် ဘာစာအုပ်နားထောင်ချင်လဲ"
"Baby နှုတ်ကနေ တစ်ခုခုကြားရမယ်ဆို ကိုယ့်နာမည်ညည်းတာပဲ ကြားချင်တာ ကိုယ်က"
"အားး Khun Nara!! သွားဆိုဖာမှာထိုင် ဒီ ထိုင်းနိုင်ငံမှာမဖြစ်မနေလည်ပတ်သွားလာသင့်တဲ့ နေရာများဆိုတဲ့ စာအုပ်ဖတ်ပြမယ်။"
တစ်ကိုယ်လုံးရဲနေတဲ့ ကောင်လေးဟာ သူ့စိတ်တွေကို ပို၍ ယစ်မူးစေသည်။ဆိုဖာပေါ်ဝင်ထိုက်တော့ သူ့ဘေးကိုရောက်ကာ ထိုင်ခါနီး ခါးကနေဆွဲ၍ ပေါင်ပေါ်မှာ ထိုင်စေသည်။
"သပ်သပ်စီထိုင်မယ်လေ"
"မသိဘူး ဘေးချင်းကပ်တောင်မနေချင်ဘူး ရင်ခွင်ထဲထည့်ထားပြီး ငုံထားချင်တာ နော်"
မျက်နာရဲလေးက စာအုပ်ကိုပဲ ကြည့်ကာ " ommပါ "တဲ့
ပေါင်ပေါ်ကကောင်လေးက စာကိုဖတ်နေပေမယ့် သူကတော့ ဘာမှမကြား။သူသိတာက နှုတ်ခမ်းပါးလေးတွေ လှုပ်နေတာပဲ။ပေါင်ပေါ်လက်တွေပြေးကာပွတ်နေပေမယ့် စာကိုဆက်ဖတ်နေသည့် ကောင်လေးရဲ့ အင်္ကျီထဲ လက်ဝင်ကာ ကျောတစ်လျှောက်ပွတ်တော့ သူ့ကို ကြည့်လာသည်။
ထို့နောက် မျက်လွှာပြန်ချကာ စာပြန်ဖတ်သွားပြန်သည်။
လျစ်လျူရှုဖို့ကြိုးစားနေတဲ့ကောင်လေးရဲ့ စာအုပ်ကို ဆွဲပိတ်ကာ မေးကိုမော့ခိုင်း၍ ဆွဲနမ်းတော့ အလိုက်တသင့်အနမ်းတွေကို တုံ့ပြန်လာသည်။
အနမ်းဖျော့ဖျော့ပေးပြီးတဲ့ နောက်မှာ လည်တိုင်ဖွေးဖွေးကို ဆင်းပြီး ကျူးကျော်တော့
"ဒီည ဘာမှမလုပ်ပါဘူးဆို"
"အခုက ညနေလေ ညမဟုတ်ဘူး ပြီးတော့ညကျ baby ပင်ပန်းပြီး အိပ်နေမှာမို့ ကိုယ်မလုပ်ဘူး" ဆိုကာ ဘယ်ဘက်လက်က နောက်ကျောရိုးတစ်လျှောက် အလုပ်များနေတာမို့ ညာဘက်လက်နဲ့ ရင်ဘက်ပေါ်က အဖုလေးကို ဖိချေလိုက်တာနဲ့
"အာ့ Khun Nara..."
အသံလေးက သူ့နာမည်ကို နှုတ်ဖျားကနေ ထွက်ကျလာတာနဲ့ သူ့စိတ်တွေက ပိုအရိုင်းဆန်လာသည်။
ပေါင်ပေါ်ကနေ ဆိုဖာပေါ်ကို ချလိုက်ပြီး သူကအပေါ်ကနေ အုပ်မိုးထားတဲ့ ပုံစံကိုပြောင်းလိုက်ကာ
"မင်းရဲ့ ပုံစံက ကိုယ့်ကို ရူးသွပ်သွားအောင် စိန်ခေါ်နေတာမှန်း သိရဲ့လား Baby Phu"
"ဘာလဲ Khun Nara က တိမ်ပေါ်ထိမလိုက်နိုင်ဘူးလား"
သူ့ကို စိန်ခေါ်နေတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းများကို အငမ်းမရစားသုံးကာ လက်တွေကလဲ ကောင်လေးကျောရိုးတစ်လျှောက်ဆင်းကာ အလုပ်တွေပေးနေမိသည်။
သေချာတာကတော့ ဒီညက စာဖတ်ခန်းထဲမှာ ကုန်ဆုံးမည်ဆိုတာနဲ့။ညစာမစားဖြစ်တော့ဘူးဆိုတာပဲ။
TBC....
You are reading the story above: TeenFic.Net