Episode 1

Background color
Font
Font size
Line height

[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 1

"....'Breeze....လေပြည်'...A light...ညင်သာမှုတစ်ခု....or....ဒါမှမဟုတ်.... Gentle wind.....နူးညံ့စွာတိုက်ခတ်နေသောလေညင်း...."

စာသင်ခန်းထဲ၌ သူမရဲ့စာရှင်းပြသံမှလွဲ၍ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လျက်။

"....'Diary...ဒိုင်ယာရီစာအုပ်'...a book in which you write the day's happening...နေ့စဉ်အဖြစ်အပျက်တွေကို စာအုပ်တစ်ခုမှာမင်းချရေးထားရင်....ဒါက ဒိုင်ယာရီစာအုပ်တစ်အုပ်ဖြစ်လာလိမ့်မယ်လို့ဆိုလိုတာပါ....okay!.....Teddy... stand up...and mean to say next word!"

Teacherရဲ့ စကားကြောင့် text bookအား ကောက်ယူကာ မတ်တပ်ရပ်မိသည်။

Next word!.....'evening'

"Evening....ညနေခင်း.....the last part of the day.....နေ့ရဲ့နောက်ဆုံးအပိုင်းအခြား.....the early part of the night.....ညရဲ့‌အစောဆုံးအပိုင်းအခြား.... "

"Glad!..sit down... next one...Ji Sumi.."

နေရာ၌ပြန်ထိုင်ပြီးနောက် ဘေးရှိပြတင်းပေါက်ဘက်သို့အကြည့်ပို့မိသည်။

လက်ရှိအချိန်က နေ့လည်ထမင်းစားဆင်းချိန်ပင်မရောက်သေးတာမို့ ညနေရောက်ဖို့အတော်လေးလိုသေးတာပဲ။

'Evening.......'

နှုတ်မှတိုးညင်းစွာရေရွတ်ပြီးနောက် စိတ်အစုံအားသင်ခန်းစာ၌သာအာရုံစိုက်လိုက်တော့သည်။
.
.
.
.
❒❒❒❒❒❒❒
.
.
.
.
"ဟျောင့်!....ထမင်းသွားမစားတော့ဘူးလား...."

ထမင်းစားဆင်းချိန် ဖြစ်သော်လည်း ကျောပိုးအိတ်အားကောက်လွယ်ကာ  စာကြည့်တိုက်ဆီသို့လှမ်းနေသည့်ခြေလှမ်းများကြောင့် သူငယ်ချင်းဖြစ်သူက လှမ်းဆွဲရင်းမေးသည်။

"ထမင်းသွားစားနေရင်စာကြည့်တိုက်မှာနေရာမရပဲဖြစ်နေလိမ့်မယ်....."

"အင်းပါ!...ငါ့အတွက်လဲနေရာဦးထားပေး..."

သူ့စကားအားပြန်မဖြေဘဲ စာကြည့်တိုက်ရှိသ ည့် Hostel (C)ဘက်သို့ထွက်လာတော့....

"ဟျောင့်!....ဦးထားပေးနော်!....နော်လို့!"

စိတ်မချသည့်ပုံစံဖြင့်လှမ်းအော်လာသည်မို့ တစ်ချက်ပြုံးရင်း.....

"စာကြည့်စားပွဲတွေက ဦးသူယူတဲ့နော် Eun Woo ssi..."

"ရား!...Jeon Jung Kook..."

အာမ,မခံဘူးဟုသဘောသက်ရောက်သည့်သူ့စကားကြောင့် သူငယ်ချင်းကောင်းလေးရဲ့ခပ်စူးစူးအော်သံကိုကြားလိုက်ရသေးသည်။

'Noble Moon Private Hight School'ဆိုတာ Busanရဲ့ အ‌ကောင်းဆုံးကျောင်းတွေထဲက တစ်ခုလို့ပဲပြောရလေမလား။

ဆယ်စုနှစ်တစ်ခုအထိ ဟိန်းဟိန်းမားမားရပ်တည်လာတဲ့ Noble Moonဟာ တစ်ကယ်တမ်းတော့ Busanမြို့ခံ အထက်တန်းလွှာလူတန်းစားတွေရဲ့ ရွှေဇွန်းလေးတွေသီးသန့်‌တည်ရှိတဲ့နေရာ။

Background Powerတွေနဲ့ဒီကိုရောက်လာပြီး ဂုဏ်ပကာသနတစ်ခုအတွက် ပညာရေးကို အပြိုင်အဆိုင်သင်ယူနေကြရုံသာပါ။

ကျွန်တော်အပါအဝင် အားလုံး......။

Hostel (A),(B),(C),(D)အထိ လေးဆောင်တိတိ ခွဲထားတဲ့ ကျောင်းဧရိယာက တော်တော်လေးကိုကျယ်ဝန်းလွန်းလှသည်။

Jungkookတို့နေသည့် Hostel (A)မှ အစွန်းဆုံးကျသော Hostel (C)ဘက်သို့ သွားရသည်မှာ အနည်းဆုံး 5 minutes နီးပါးကြာသည်။

Hostel (B)၏ ကော်ရစ်တာဘက်မှဖြတ်လျှောက်တော့ တစ်ချို့၊ တစ်ချို့သော ကျောင်းသားများက သူ့အားမကျေနပ်သည့်အကြည့်များဖြင့်ကြည့်နေသလို တစ်ချို့ကျောင်းသူအုပ်စုများကလဲ စောင်းငဲ့ကြည့်လာကြသည်။

ဒါကကြုံနေကြ ပုံမှန်အခြေအနေတစ်ခု!

Hostel (A)ကကျောင်းသား/သူတွေနဲ့ Hostel (B)ကကျောင်းသား/သူတွေဆိုတာ တွေ့တဲ့နေရာမှာမီးထတောက်တဲ့ တဲ့ရန်ဖက်တွေပဲမလား!

ရွှေဇွန်းချင်းအတူတူ၊ ကျောင်းတစ်ကျောင်းချင်း အတူတူတောင် (A)နဲ့ (B)ဆိုပြီး ပညာရေးမှာ အဆင့်ခွဲခံထားရတော့ ဘယ်လိုကျေနပ်နိုင်ပါ့မလဲလေ။

စူးစူးရဲရဲအကြည့်တွေကိုကျော်ဖြတ်ပြီးနောက် ရောက်ပါပြီ! သူ့ရဲ့ငြိမ်းချမ်းမှုလေး!

ခန်းမထဲဝင်လိုက်တာနဲ့ မျက်နှာချင်းဆိုင်မှာ ဆီးကြိုနေတဲ့ စာအုပ်စင်အမြင့်ကြီးက သူ့အတွက် အမောပြေရာလေး။

စာကြည့်တိုက်၌ တာဝန်ကျသည့် ကျောင်းသားအား စာကြည့်တိုက်အသင်းဝင်ကဒ်ပြကာ အထဲသို့ဝင်လာလိုက်သည်။

နေ့လည်ထမင်းစားချိန်မို့ ဘယ်သူမှရှိမနေဘူးဟုထင်နေရင်လွှဲမှာ! သူ့ထက်ကြိုရောက်နေတဲ့ အယောက် 30နီးပါးက သေချာပေါက်စာဂျပိုးတွေ!

ဒါဆို သူကရော?

အင်း...သူများအမြင်မှာတော့ အဲ့အယောက် 30ထဲတစ်ယောက်အပါအဝင်ဖြစ်ချင်ဖြစ်မှာပေါ့!သူစာကြည့်တိုက်ကိုစောစောရောက်လာရတဲ့ တစ်ကယ့်အကြောင်းအရင်းက ‌မကြာခင်ဖြေမယ့် လပတ်စာမေးပွဲပဲဖြစ်လိမ့်မယ်။

'Hostel (A)မှာပဲဆက်ရှိနေဖို့ အဆင့်ကျလို့မဖြစ်ဘူး'ဆိုတဲ့အသိစိတ်ဓာတ်က သူ့ခြေလှမ်းတွေကိုစာကြည့်တိုက်ဆီတွန်းပို့နေခဲ့တာ တစ်ပတ်နီးပါးရှိနေပြီလေ။

ဒါပေမယ့်အရိုးသားဆုံးဝန်ခံရရင် ဒီစာကြည့်တိုက်ကိုသူသဘောကျပါသည်။ Noble Moonမှာသူသဘောအကျဆုံးအရာကိုလက်ညိုးထိုးပြဆိုပါက စာကြည့်တိုက်အဖြစ်ရှိနေသည့် Hostel (C)ကိုသာပြရလိမ့်မည်။

ဆယ်စုနှစ်အဆက်ဆက်က ထိန်းသိမ်းလာခဲ့တဲ့ ဒီစာကြည့်တိုက်ကြီးဟာ Busanရဲ့ စာပေဗိဗ္မာန်ဟုပင်တင်စားခဲ့ကြသည်။ Typeအလိုက် ခွဲခြားပြီး တည်ရှိနေတဲ့ Bookrackတွေက လူနှစ်ရပ်နီးပါးအထိမြင့်သည်။သိန်းချီနေတဲ့စာအုပ်ပေါင်းများစွာအား ငေးမောကြည့်ရုံဖြင့်ပင် delightfulဖြစ်ရသည်။

ခန်းမရဲ့အပေါ်အောက် ဆက်သွယ်ထားသောကြောင်လိမ်လှေကားအတိုင်း တက်လာပြီးနောက် သူထိုင်နေကျ အပေါ်ထပ်ရှိ ထောင့်စွန်းဝိုင်းလေးဆီသို့ရောက်လာသည်။

နံရံနဲ့ စာအုပ်စင်ကြား ထောင့်မှန်ကျနေတဲ့ ဒီနေရာလေးက Silent Placeလေး။စာလုပ်ဖို့အကောင်းဆုံးနေရာတစ်ခုမို့ သူအမြဲလိုလာလာနေတတ်တာ။

ဒီနေ့လဲ.....။

To be continued...
~စောလွင်ယာမှမြတ်နိုးရာထယ်ကူးသို့~
#sawlwinyar

ďżź

[Zawgyi]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 1

"....'Breeze....ေလျပည္'...A light...ညင္သာမႈတစ္ခု....or....ဒါမွမဟုတ္.... Gentle wind.....ႏူးညံ့စြာတိုက္ခတ္ေနေသာေလညင္း...."

စာသင္ခန္းထဲ၌ သူမရဲ့စာရွင္းျပသံမွလြဲ၍ အရာအားလံုးဟာ တိတ္ဆိတ္ၿငိမ္သက္လ်က္။

"....'Diary...ဒိုင္ယာရီစာအုပ္'...a book in which you write the day's happening...ေန့စဉ္အျဖစ္အပ်က္ေတြကို စာအုပ္တစ္ခုမွာမင္းခ်ေရးထားရင္....ဒါက ဒိုင္ယာရီစာအုပ္တစ္အုပ္ျဖစ္လာလိမ့္မယ္လို႔ဆိုလိုတာပါ....okay!.....Teddy... stand up...and mean to say next word!"

Teacherရဲ့ စကားေၾကာင့္ text bookအား ေကာက္ယူကာ မတ္တပ္ရပ္မိသည္။

Next word!.....'evening'

"Evening....ညေနခင္း.....the last part of the day.....ေန့ရဲ့ေနာက္ဆံုးအပိုင္းအျခား.....the early part of the night.....ညရဲ့‌အေစာဆံုးအပိုင္းအျခား.... "

"Glad!..sit down... next one...Ji Sumi.."

ေနရာ၌ျပန္ထိုင္ၿပီးေနာက္ ေဘးရိျွပတင္းေပါက္ဘက္သို႔အၾကၫ့္ပို႔မိသည္။

လက္ရိွအခ်ိန္က ေန့လည္ထမင္းစားဆင္းခ်ိန္ပင္မေရာက္ေသးတာမို႔ ညေနေရာက္ဖို႔အေတာ္ေလးလိုေသးတာပဲ။

'Evening.......'

ႏႈတ္မွတိုးညင္းစြာေရရြတ္ၿပီးေနာက္ စိတ္အစံုအားသင္ခန္းစာ၌သာအာရံုစိုက္လိုက္ေတာ့သည္။
.
.
.
.
❒❒❒❒❒❒❒
.
.
.
.
"ေဟ်ာင့္!....ထမင္းသြားမစားေတာ့ဘူးလား...."

ထမင္းစားဆင္းခ်ိန္ ျဖစ္ေသာ္လည္း ေက်ာပိုးအိတ္အားေကာက္လြယ္ကာ  စာၾကၫ့္တိုက္ဆီသို႔လွမ္းေနသၫ့္ေျခလွမ္းမ်ားေၾကာင့္ သူငယ္ခ်င္းျဖစ္သူက လွမ္းဆြဲရင္းေမးသည္။

"ထမင္းသြားစားေနရင္စာၾကၫ့္တိုက္မွာေနရာမရပဲျဖစ္ေနလိမ့္မယ္....."

"အင္းပါ!...ငါ့အတြက္လဲေနရာဦးထားေပး..."

သူ႔စကားအားျပန္မေျဖဘဲ စာၾကၫ့္တိုက္ရိွသ ၫ့္ Hostel (C)ဘက္သို႔ထြက္လာေတာ့....

"ေဟ်ာင့္!....ဦးထားေပးေနာ္!....ေနာ္လို႔!"

စိတ္မခ်သၫ့္ပံုစံျဖင့္လွမ္းေအာ္လာသည္မို႔ တစ္ခ်က္ၿပံဳးရင္း.....

"စာၾကၫ့္စားပြဲေတြက ဦးသူယူတဲ့ေနာ္ Eun Woo ssi..."

"ရား!...Jeon Jung Kook..."

အာမ,မခံဘူးဟုသေဘာသက္ေရာက္သၫ့္သူ႔စကားေၾကာင့္ သူငယ္ခ်င္းေကာင္းေလးရဲ့ခပ္စူးစူးေအာ္သံကိုၾကားလိုက္ရေသးသည္။

'Noble Moon Private Hight School'ဆိုတာ Busanရဲ့ အ‌ေကာင္းဆံုးေက်ာင္းေတြထဲက တစ္ခုလို႔ပဲေျပာရေလမလား။

ဆယ္စုႏွစ္တစ္ခုအထိ ဟိန္းဟိန္းမားမားရပ္တည္လာတဲ့ Noble Moonဟာ တစ္ကယ္တမ္းေတာ့ Busanၿမိဳ႔ခံ အထက္တန္းလႊာလူတန္းစားေတြရဲ့ ေရႊဇြန္းေလးေတြသီးသန႔္‌တည္ရိွတဲ့ေနရာ။

Background Powerေတြနဲ႔ဒီကိုေရာက္လာၿပီး ဂုဏ္ပကာသနတစ္ခုအတြက္ ပညာေရးကို အၿပိဳင္အဆိုင္သင္ယူေနၾကရံုသာပါ။

ကြၽန္ေတာ္အပါအဝင္ အားလံုး......။

Hostel (A),(B),(C),(D)အထိ ေလးေဆာင္တိတိ ခြဲထားတဲ့ ေက်ာင္းဧရိယာက ေတာ္ေတာ္ေလးကိုက်ယ္ဝန္းလြန္းလွသည္။

Jungkookတို႔ေနသည့္ Hostel (A)မွ အစြန္းဆံုးက်ေသာ Hostel (C)ဘက္သို႔ သြားရသည္မွာ အနည္းဆံုး 5 minutes နီးပါးၾကာသည္။

Hostel (B)၏ ေကာ္ရစ္တာဘက္မျွဖတ္ေလ်ွာက္ေတာ့ တစ္ခ်ိဳ႕၊ တစ္ခ်ိဳ႕ေသာ ေက်ာင္းသားမ်ားက သူ႔အားမေက်နပ္သၫ့္အၾကၫ့္မ်ားျဖင့္ၾကၫ့္ေနသလို တစ္ခ်ိဳ႕ေက်ာင္းသူအုပ္စုမ်ားကလဲ ေစာင္းငဲ့ၾကၫ့္လာၾကသည္။

ဒါကႀကံဳေနၾက ပံုမွန္အေျခအေနတစ္ခု!

Hostel (A)ကေက်ာင္းသား/သူေတြနဲ႔ Hostel (B)ကေက်ာင္းသား/သူေတြဆိုတာ ေတြ့တဲ့ေနရာမွာမီးထေတာက္တဲ့ တဲ့ရန္ဖက္ေတြပဲမလား!

ေရႊဇြန္းခ်င္းအတူတူ၊ ေက်ာင္းတစ္ေက်ာင္းခ်င္း အတူတူေတာင္ (A)နဲ႔ (B)ဆိုၿပီး ပညာေရးမွာ အဆင့္ခြဲခံထားရေတာ့ ဘယ္လိုေက်နပ္ႏိုင္ပါ့မလဲေလ။

စူးစူးရဲရဲအၾကၫ့္ေတြကိုေက်ာ္ျဖတ္ၿပီးေနာက္ ေရာက္ပါၿပီ! သူ႔ရဲ့ၿငိမ္းခ်မ္းမႈေလး!

ခန္းမထဲဝင္လိုက္တာနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ဆီးႀကိဳေနတဲ့ စာအုပ္စင္အျမင့္ႀကီးက သူ႔အတြက္ အေမာေျပရာေလး။

စာၾကၫ့္တိုက္၌ တာဝန္က်သၫ့္ ေက်ာင္းသားအား စာၾကၫ့္တိုက္အသင္းဝင္ကဒ္ျပကာ အထဲသို႔ဝင္လာလိုက္သည္။

ေန့လည္ထမင္းစားခ်ိန္မို႔ ဘယ္သူမွရိွမေနဘူးဟုထင္ေနရင္လႊဲမွာ! သူ႔ထက္ႀကိဳေရာက္ေနတဲ့ အေယာက္ 30နီးပါးက ေသခ်ာေပါက္စာဂ်ပိုးေတြ!

ဒါဆို သူကေရာ?

အင္း...သူမ်ားအျမင္မွာေတာ့ အဲ့အေယာက္ 30ထဲတစ္ေယာက္အပါအဝင္ျဖစ္ခ်င္ျဖစ္မွာေပါ့!သူစာၾကၫ့္တိုက္ကိုေစာေစာေရာက္လာရတဲ့ တစ္ကယ့္အေၾကာင္းအရင္းက ‌မၾကာခင္ေျဖမယ့္ လပတ္စာေမးပြဲပဲျဖစ္လိမ့္မယ္။

'Hostel (A)မွာပဲဆက္ရိွေနဖို႔ အဆင့္က်လို႔မျဖစ္ဘူး'ဆိုတဲ့အသိစိတ္ဓာတ္က သူ႔ေျခလွမ္းေတြကိုစာၾကၫ့္တိုက္ဆီတြန္းပို႔ေနခဲ့တာ တစ္ပတ္နီးပါးရိွေနၿပီေလ။

ဒါေပမယ့္အရိုးသားဆံုးဝန္ခံရရင္ ဒီစာၾကၫ့္တိုက္ကိုသူသေဘာက်ပါသည္။ Noble Moonမွာသူသေဘာအက်ဆံုးအရာကိုလက္ညိုးထိုးျပဆိုပါက စာၾကၫ့္တိုက္အျဖစ္ရိွေနသၫ့္ Hostel (C)ကိုသာျပရလိမ့္မည္။

ဆယ္စုႏွစ္အဆက္ဆက္က ထိန္းသိမ္းလာခဲ့တဲ့ ဒီစာၾကၫ့္တိုက္ႀကီးဟာ Busanရဲ့ စာေပဗိဗၼာန္ဟုပင္တင္စားခဲ့ၾကသည္။ Typeအလိုက္ ခြဲျခားၿပီး တည္ရိွေနတဲ့ Bookrackေတြက လူႏွစ္ရပ္နီးပါးအထိျမင့္သည္။သိန္းခ်ီေနတဲ့စာအုပ္ေပါင္းမ်ားစြာအား ေငးေမာၾကၫ့္ရံုျဖင့္ပင္ delightfulျဖစ္ရသည္။

ခန္းမရဲ့အေပၚေအာက္ ဆက္သြယ္ထားေသာေၾကာင္လိမ္ေလွကားအတိုင္း တက္လာၿပီးေနာက္ သူထိုင္ေနက် အေပၚထပ္ရိွ ေထာင့္စြန္းဝိုင္းေလးဆီသို႔ေရာက္လာသည္။

နံရံနဲ႔ စာအုပ္စင္ၾကား ေထာင့္မွန္က်ေနတဲ့ ဒီေနရာေလးက Silent Placeေလး။စာလုပ္ဖို႔အေကာင္းဆံုးေနရာတစ္ခုမို႔ သူအၿမဲလိုလာလာေနတတ္တာ။

ဒီေန့လဲ.....။

To be continued...
~ေစာလြင္ယာမျွမတ္ႏိုးရာထယ္ကူးသို႔~
#sawlwinyar

ďżź


You are reading the story above: TeenFic.Net

#softkookv