♡10♡

Background color
Font
Font size
Line height

ဂျိတ်ခ်တစ်ယောက်မှာ အရှေ့တွင် ထိုင်နေသော လူကိုလှမ်းကြည့်နေစဉ် နားထဲတွင် ကြားလိုက်ရသော အခန်းတံခါး လော့ခ်ကျသွားသံကြောင့် ဂျိတ်ခ်မျက်၀န်းလေးတွေက မယုံနိုင်စွာ ပြူးကျယ်သွားသည်။

သူကအနောက်ဘက်က ပိတ်ထားသောတံခါးကို အံ့အားသင့်စွာ လှည့်ကြည့်ရင်း ရုတ်တရက်ထိတ်လန့်သွားလေသည်။

Bodyguard 4ယောက်ရဲ့ အရိပ်အယောင်မျှပင် မတွေ့ရတော့‌ေသာ‌ေကြာင့် အခန်းတစ်ခုလုံးတွင် သူ့ရှေ့ကလူနှင့် သူသာ ရှိတော့သည်ဆိုသည့်သဘောပင်။

ထို့ပြင် တစ်ခန်းလုံး တိတ်ဆိတ်‌ေနသောကြောင့် အခန်းထဲတွင် လူနှစ်ဦးတည်းသာ ကျန်ရှိတော့သည်ဆိုသည့်အချက်အား ပိုပြီးသတိထားမိစေသည်။


*အခု ဒီအခန်းထဲမှာ ဟိုလူနဲ့ ငါနဲ့ နှစ်ယောက်တည်းပဲရှိတော့တာပေါ့ ...အားး ဒီအခြေအနေကြီးကဘယ်လိုကြီးလဲ

ဒီလူကြီးက ဘာဖြစ်ချင်နေတာလဲ

သူ့အ‌ေကြာင်း‌ေတွသိသွားမှာစိုးလို့ ငါ့ကို နှုတ်ပိတ်ပြီး အပြတ်ရှင်းတော့မို့များလား*


ဂျိတ်ထိုသို့တွေးကာ ထိတ်လန့်နေလျက်ဖြင့် အနောက်သို့ ခြေလှမ်းနှစ်လှမ်းမကဆုတ်လိုက်သည်။

ထိုအချိန်တွင် သူ့ကိုကြည့်မနေသော ဆောင်းဟွန်းက ရုတ်တရက်ကြီး လှည့်ကြည့်လာပြီး သူ့မျက်၀န်းများက ရှုပ်ထွေးနက်နဲနေကာပိုင်ရှင်ဖြစ်သူ၏ စိတ်အခြေအနေမကောင်းသည်ကို ပြသနေသည်။

သူတို့နှစ်ယောက်ကြားဝေးကွာနေတဲ့အကွာအဝေးကို မျက်မှောင်ကြီး ကြုပ်ကာ လှမ်းကြည့်နေသူကြောင့် ဂျိတ်ခ်တစ်ယောက် ထိတ်လန့်သွား၍ ဆက်ပြီး နောက်မဆုတ်ရဲဘဲ ရပ်နေလိုက်ရသည်။

ဂျိတ်ခ်က ဆောင်းဟွန်းမျက်နှာအမူအရာကိုစိုးရိမ်စွာဖြင့် အကဲခတ်ကြည့်နေသော်လည်း တစ်ဖက်လူက အေးတိအေးစက်မျက်နှာ‌ေသ နှင့် သူ့ကိုပြန်စိုက်ကြည့်နေသည်ကိုသာတွေ့ရလေသည်။

သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းစုံနေကာ စကားလဲမပြောကြသဖြင့် အခန်းတွင်းရှိလေထုက တိတ်ဆိတ်နေပြီး တင်းအားတချို့ရှိနေသလို ခံစားရစေသည်။

နောက်ဆုံးတွင် တိတ်ဆိတ်မှုကိုသည်းမခံနိုင်တော့သဖြင့် ဂျိတ်ခ်ကသာ စကားစလိုက်ရလေသည်။

"ဟိုဟာလေ...ကျွန်တော့်ကိုဘာလို့‌ဒီကို‌ေခါ်လာရတာလဲ မသိဘူး"

ဆောင်းဟွန်းက vest ၀တ်ထားတာကြောင့် နဂိုထက်ပိုပြီးသေးသွယ်လို့နေတဲ့ ဂျိတ်ခ်ရဲ့ခါးလေးကိုကြည့်နေရာမှ အကြည့်လွှဲကာ ဂျိတ်ခ်ကိုမော့ကြည့်လိုက်သည်။

ထို့နောက်သူက လေသံနိမ့်နိမ့်ဖြင့် အမိန့်ပေးဟန်လဲမပေါက် တောင်းဆိုဟန်လဲမပေါက်သည့်ပုံစံဖြင့် ပြောလိုက်သည်။


"လာထိုင်ပါ"

ဂျိတ်ခ်က စိတ်ထဲကနေ ငြင်းချင်ပေမဲ့ ငြင်းဆန်ခွင့်မရှိတာကြောင့် အရှေ့သို့တိုးလာလိုက်ကာ ဆောင်းဟွန်းထိုင်နေသည့်နေရာ၏ ဘေးဘက်က ဆိုဖာအကျယ်ကြီးတွင် ၀င်ထိုင်လိုက်လေသည်။

ဂျိတ်ခ်က ဆောင်းဟွန်းသူ့ကိုပြောမည့်စကားအား သိချင်နေသောကြောင့် ဆောင်းဟွန်းအား မျက်၀န်းတောက်တောက်လေးတွေဖြင့် ငေးကြည့်နေမိလေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်မျက်နှာအား မြင်ရစေဖို့ရန် ခန္ဓာကိုယ်ကို အ‌နည်းငယ်စောင်း၍ ဂျိတ်ခ်ဘက်သို့လှည့်ထိုင်လိုက်သည်။

သူက ဂျိတ်ခ်မျက်၀န်းထဲသို့ စူးစိုက်ကြည့်နေရင်း မျက်ဆံနက်နက်လေးအတွင်းမှ ကြယ်လေးများလိုတဖျတ်ဖျတ်တောက်ပနေသည့် အလင်းရောင်လေးအောက်တွင် ပျော်၀င်လို့သွားလေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်မျက်၀န်း‌ေတွထဲ မျက်တောင်မခတ်စတမ်းငေးစိုက်ကြည့်နေရင်း ပြတ်သားစွာပြောလိုက်သည်။

"ကိုယ့်ရဲ့ အိပ်ယာဖော်ဖြစ်ပေးပါ"


"ဗျာ!!"


ဂျိတ်ခ်က ကြားလိုက်ရတဲ့ တဲ့တိုးစကားကြီးကြောင့် လုံး၀ကို ကြက်သေသေ‌သွားပြီး မယုံနိုင်အောင်ဖြစ်သွားကာ ထိတ်လန့်သွားလေသည်။

"ခင်ဗျား...ဘာပြောတာ?"

"ကိုယ်နဲ့တစ်အိပ်ယာထဲတူတူအိပ်ပေးနိုင်မဲ့ အိပ်ယာအဖော်ဖြစ်ပေးပါလို့"

ဆောင်းဟွန်းစကားဆုံးသည်နှင့် ဂျိတ်ခ်က ဆောင်းဟွန်းအား *ဒီလူစိတ်မှမှန်သေးရဲ့လား*ဟု အဓိပ္ပာယ်ရသည့်အကြည့်ကြီးတွေနဲ့စိုက်ကြည့်နေလေသည်။

"မဖြစ်နိုင်ဘူး...ခင်ဗျားပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲဆိုတာရော သိရဲ့လား"

ဆောင်းဟွန်းက ခပ်ယောင်ယောင်လေးပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကိုယ်မနောက်ပါဘူး...ဒီမှာ ကိုယ့်ရဲ့ဆေးမှတ်တမ်းတွေ"

ဆောင်းဟွန်းက ဂျိတ်ခ်ရှေ့သို့ စာရွက်တစ်ပုံကြီးထိုးပေးလိုက်တဲ့အခါ ဂျိတ်ခ်တစ်ယောက်လဲ ဘာမှန်းမသိဘဲ အူကြောင်ကြောင်လေးဖြင့် ယူကြည့်လိုက်ရလေသည်။

ဂျိတ်ခ်စာရွက်များယူလိုက်ချိန်တွင်ဆောင်းဟွန်းကပြောလိုက်သည်။

"ကိုယ့်မှာ ငယ်ငယ်လေးကတည်းက စွဲကပ်နေတဲ့ အိပ်မပျော်တဲ့ရောဂါရှိတယ်"

စာရွက်များကိုင်ထားတဲ့ဂျိတ်ခ်က ထိုစကားကြောင့် ဆောင်းဟွန်းကို အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး သူ့မျက်၀န်းများက အနည်းငယ်နူးညံ့လို့သွားလေသည်။

"ဆောရီး...ခင်ဗျားလို အကုန်ပြီးပြည့်စုံနေတဲ့ လူတစ်ယောက်က ဒီလိုရောဂါမျိုးရှိနေမယ်မထင်ထားဘူး"

စိတ်ထဲကအတိုင်းဖွင့်ပြောကာ ပွင့်လင်းပြီးချစ်ဖို့ကောင်းတဲ့ ကလေးကြောင့် ဆောင်းဟွန်းမျက်၀န်းများက ရွှင်ပြသွားသည်။

"ရပါတယ်... မင်းမယုံရင် အရှေ့က ဆေးစစ်ချက်မှတ်တမ်းတွေ အကုန်စစ်ကြည့်နိုင်ပါတယ်"

ထိုအခါ ဂျိတ်ခ်က ခေါင်းလေးကို ခပ်မြန်မြန် ယမ်းခါကာ ငြင်းဆိုလေသည်။

"မဟုတ်ဘူး ကျွန်တော် ခင်ဗျားကို မယုံလို့မဟုတ်ပါဘူး...ဒါပေမဲ့ ကျွန်တော့်ကိုဒီ‌အကြောင်းတွေပြောပြရတဲ့အကြောင်းအရင်းကဘာလဲ"

"ကိုယ်ပြောတဲ့ အတိုင်းပဲလေ ကိုယ့်မှာ အိပ်မပျော်တဲ့ရောဂါရှိတာကြောင့် ပုံမှန်ဆိုရင် ညတိုင်း အိပ်လို့မရဘူး

ဒါပေမဲ့...မင်းနဲ့ ပထမဆုံးစတွေ့တဲ့နေ့က... အဲ့ဒီ့နေ့က မင်းက ကိုယ့်အနားမှာရှိနေတုန်း ကိုယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်

ကိုယ်တစ်ခါမှ အဲ့ဒီ့လို့ မအိပ်ပျော်ဖူး‌ေပမဲ့ ကိုယ့်ရောဂါသက်သာလာစေတာ မင်းနဲ့သက်ဆိုင်မယ်လို့ထင်တယ်

အဲ့ဒါကြောင့် မင်းကို ကိုယ်နဲ့အတူအိပ်‌ေပးနိုင်မဲ့ အိပ်ယာဖော်အဖြစ် ရှိစေချင်လို့ပါ"

ဂျိတ်ခ်က သူတို့စစတွေ့နဲ့နေ့အကြောင်းသတိရသွားပြီး သူ့ပါးပြင်လေးတွေက အနည်းငယ် ပန်းရောင်သန်းသွားသည်။

သူကဆောင်းဟွန်းပြောသမျှကို နားထောင်ရင်း မျက်လုံး‌လေးဝိုင်းစက်နေကာ ခဏကြာမှပြန်တုန့်ပြန်လိုက်လေသည်။

"...ခင်ဗျာ‌းပြောချင်တာကလေ ကျွန်တော်တို့နှစ်ယောက် အတူအိပ်ရုံပဲလို့‌ေပြာတာလား...မဟုတ်ဘူးဗျာ အတူအိပ်တယ်ဆိုတာ ဟိုလိုမဟုတ်ဘဲ ဒီတိုင်းအတူအိပ်ရုံလား"

"ဒါပေါ့...မင်းက ဘယ်လိုအတူအိပ်ရမယ်လို့ ထင်လို့လဲ"

ဆောင်းဟွန်းကိုယ်က ဂျိတ်ခ်ဘက်သို့ ကိုင်းလာကာ မေးလိုက်သောကြောင့် ဂျိတ်ခ်ကချက်ချင်း နားရွက်ဖျားတွေနီရဲကုန်ကာ အနောက်သို့‌ဆုတ်လိုက်သည်။

"မဟုတ်...မဟုတ်ပါဘူး ကျွန်တော်က တခြားလိုမျိုး အတူအိပ်ရမယ်လို့ထင်လိုက်လို့"

ဒီတစ်ခေါက်တွင်တော့ အမူအရာမဲ့‌ေနတဲ့ ဆောင်းဟွန်းရဲ့ နှုတ်ခမ်းထောင့်က အသိသာကြီးကိုကွေးတက်သွားသည်။

သူက‌ဂျိတ်ခ် ဘက်သို့ပိုတိုးကပ်လာပြီး နီရဲနေတဲ့ဂျိတ်ခ်နားရွက်လေးတွေထဲလေမှုတ်ထည့်လိုက်သဖြင့် ယားယံသွား‌ေသာ ဂျိတ်ခ်မှာခန္ဓာကိုယ်လေးတောင် တုန်သွားရသည်။

ဆောင်းဟွန်းက ရှက်ပြီးခေါင်းငုံ့သွားသော ဂျိတ်ခ်ကို‌အပေါ်စီးမှငုံ့ကြည့်လိုက်ကာ ဂျိတ်ခ်နားနား ကပ်ပြီးတီးတိုးပြောလိုက်သည်။

"မင်းထင်တာလဲမမှားပါဘူး အတူအိပ်တာဆို‌ေတာ့ အိပ်ယာပေါ်မှာ နှစ်ယောက်အတူလေ့ကျင့်ခန်းလုပ်ချင်ရင်လုပ်လို့ရတာပဲ ပြောလို့မရဘူးလေ"

ဂျိတ်ခ်က ထိတ်လန့်သွားပြီး ဆောင်းဟွန်းကို မျက်လုံးပြူးလေးနဲ့ မော့ကြည့်လိုက်သည်။

သို့သော်လည်း ဆောင်းဟွန်းက နောက်ထပ်စာရွက်တစ်ခုယူကာ ဂျိတ်ရှေ့သို့တိုးပေးလိုက်ပြန်သည်။

"ဒီမှာကိုယ့်ရဲ့ဆေးစစ်ချက်....ဘာကူးစက်ရောဂါမှမရှိဘူးဆိုတော့ ပါတနာကောင်းတစ်ယောက်အဖြစ်လဲ စိတ်ချလို့ရပါတယ်"

ဤတစ်ကြိမ်တွင်တော့ ဂျိတ်ခ်ကစာရွက်ကိုလှမ်းမယူဘဲ ဆောင်းဟွန်းကိုသာ အံ့အားသင့်နေသည့်မျက်၀န်းများဖြင် ကြည့်နေလေသည်။

ထိုမျှမကသေးဘဲ သူက သိချင်စိတ်ဖြင့် စားပွဲပေါ်က စာရွက်ကိုလဲခိုးခိုးကြည့်လိုက်သေးသည်။

ဆောင်းဟွန်းက ထိုဟာလေးအား အသည်းယားလာသဖြင့်  စိတ်မထိန်းနိုင်တော့ဘဲ သပ်ရပ်စွာဖြီးသင်ထားသည့် ဂျိတ်ခ်ဆံပင်လေးတွေအား လက်မြှောက်ကာ ဖွပစ်လိုက်သည်။

ထိုအခါအမွှေးဖွာခွေး‌ေပါက်လေးမာန်ဖီနေသလိုမျိုး ဆံပင်တွေရှုပ်ပွကုန်သောဂျိတ်ခ်ကဆောင်းဟွန်းအားမျက်စောင်းထိုးလာသည်။

အခုချိန်ထိ ဂျိတ်ခ်ခေါင်းထက်က သူ့လက်ကိုပြန်မရုတ်ရသေးသောဆောင်းဟွန်းမျက်နှာထက်တွင်  အပြုံးသေးသေးလေးဖြစ်ပေါ်လာပြီး ဂျိတ်ခ်ဆံပင်လေးတွေကိုပြန်သပ်ပေးကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ဒါက မင်းဘက်က  စိတ်ပါမှပါ

မင်းသာ သဘောမတူရင် ကိုယ်မင်းကို လုံး၀မထိပါဘူး စိတ်ချ"

ဂျိတ်ခ်က ဆောင်းဟွန်းတစ်ယောက်အမျိုးမျိုးပြော၍ သူ့ကိုကစားနေသည်ဟု ခံစားလိုက်ရချိန်တွင် ဆောင်းဟွန်းကပင် ဆက်ပြောလာသည်။

"အဓိက က..."

*မင်းကိုယ့်‌ေဘးမှာပဲဆက်ရှိနေပြီး ကိုယ့်အနားကထွက်မသွားဖို့က အဓိကပဲ*

သို့သော် ထိုစကားဟာ ဆောင်းဟွန်းစိတ်ထဲကပြောလိုက်ခြင်းသာဖြစ်ပြီး သူတကယ်ပြောလိုက်သည်ကတော့ မတူညီတဲ့ စကားတစ်ခွန်းပင်။

"အဓိက က ကိုယ့်ရောဂါသက်သာလာဖို့ပဲလေ..."

ဂျိတ်ခ်က ဆောင်းဟွန်းရဲ့ တစ်ဖက်လူဘက်ကိုတွေးတောစဉ်းစားပေးတတ်တဲ့ အမူအကျင့်နဲ့ပတ်သတ်ပြီး ထိုလူချောအား နောက်ထပ်တစ်မှတ်တိုးပေးမိပြန်သည်။

သူ့ခေါင်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေတဲ့ နွေးထွေးတဲ့လက်ချောင်းတွေရဲ့ အပူချိန်က သူ့ဦးရေပြားမှတဆင့် နှလုံးသားအထိ သက်ရောက်လာလေသည်။

ဂျိတ်ခ်က သူ့အဖွားအိပ်ရာထဲလဲသွားသည့်အချိန်မှစကာ သူ့ခေါင်းကို အခုလို နွေ‌းထွေးစွာ ပွတ်သပ်၍ ချော့မြှူပေးခြင်းမခံရတာကြာခဲ့ပြီဖြစ်သည်။

သူက ရင်းနှီသော်လည်း ဝေးကွာနေခဲ့ရသည့် နွေးထွေးမှုတွေနဲ့ကြုံတွေ့လိုက်ရသည့်အခါ သူ့ မျက်၀န်းလေးတွေက အနည်းငယ်နီရဲလာသည်။

ဂျိတ်ခ်က မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကိုငေးကြည့်နေ‌ဆဲဖြစ်သည့် သူ့ရှေ့က လူအား ကြည့်လိုက်သည်။

သူက ဆောင်းဟွန်းကို ကြည့်ရင်း ဒီလူကအပြင်ပန်းကသာအေးစက်တဲ့ပုံစံနဲ့ဖြစ်နေပေမဲ့ အတွင်းစိတ်က နွေးထွေးပြီး နူးညံ့တာပဲဟု မနေနိုင်စွာတွေးမိနေလေသည်။

ဆောင်းဟွန်းက‌ေတာ့ ယခုထိ ဝေခွဲမရနိုင်ဖြစ်နေသေးသော ဂျိတ်ခ်ကို ငြင်းလို့မရ‌နိုင်အောင် ထပ်ပြောလိုက်သည်။

"မင်း လုပ်ပေးဖို့ လိုတာကလဲ ကိုယ်နဲ့ တစ်အိပ်ယာထဲ အတူအိပ်ပေးရုံပါပဲ

အဲ့ဒီ့အတွက် မင်း ဖွားဖွားရဲ့ ဆေးရုံစရိတ်‌ေတွနဲ့ လိုအပ်သအမျှ ကုန်ကျစရိတ်တွေအကုန် ကိုယ်တာ၀န်ယူပေးပါရစေ"

"..."

ဂျိတ်ခ်က သူ့အဖွားအကြောင်းဘယ်လိုသိနေလဲဟု မေးတော့မည်အပြုတွင် ဆောင်းဟွန်းက ဂျိတ်ခ်ခေါင်းလေးကို နောက်တစ်ချက် ပွတ်သပ်ပေးလိုက်ရင်းပြန်ဖြေလေသည်။

"ဆောရီးပါ ကိုယ်မင်းအကြောင်းနည်းနည်း စုံစမ်းထားမိတယ်"

"ဪ..."

ဂျိတ်ခ်ကလဲ ခေါင်းညိတ်ပြကာ ဘာမှထပ်မပြောတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ပိုက်ဆံသာရှိရုံနဲ့ သူ့အ‌ေကြာင်းစုံစမ်းဖို့ဆိုသည်မှာ မခက်ခဲသည့်အလုပ်ဖြစ်တာမို့ပင်။

ဆောင်းဟွန်းက သူ့အကြောင်းစုံစမ်းကြည့်ထားလို့လဲ ဂျိတ်ခ်က စိတ်ဆိုးတာဘာညာမရှိခဲ့ပေ။

ထိုအရာထက် သူ  အာရုံစိုက်မိသည့်အချက်မှာ သူ့အဖွားရဲ့ဆေးရုံစရိတ်တွေအကုန်ရှင်းပေးမည်ဆိုသည့် ဆောင်းဟွန်း၏ပြောစကားပင်။

ဒီလောကတွင် ဘယ်အရာကမှအလကားမရမှန်းသိနေသည်မို့ ယခုလိုပိုက်ဆံပမာဏအမြောက်အမြားထုတ်ပေးလာဖို့ဆိုလျှင် ဂျိတ်ခ် က သူ့ခန္ဓာကိုယ်ကို သူဌေးတစ်ဦးထံ ရောင်းစားရင်တောင်မဖြစ်နိုင်မှန်းခန့်မှန်းမိလေသည်။

ဆောင်းဟွန်းလို တခြားကိစ္စမပါဘဲ အတူအိပ်ပေးရုံနဲ့ ပိုက်ဆံအများကြီးထုတ်ပေးတဲ့လူမျိုးကို သူ့ခမျာ ကြားပင်မကြားဖူးပါချေ။

ဂျိတ်ခ်က သူ့ကိုယ်သူ ကံအကောင်းလွန်ပြီး ထီ‌ေပါက်သလိုပင် ခံစားရသော်လည်း ထီသာဆိုလျှင် ကိုယ်တိုင် ၀ယ်ပြီး ထီထိုးရသေးပေမဲ့ ယခုတော့ သူကဘာမှလုပ်စရာမလိုဘဲ ဆောင်းဟွန်းကိုယ်တိုင်က သူ့ရှေ့လာပြီး ပိုက်ဆံလာပေးနေခြင်းဖြစ်နေသည်။

*တကယ်ကိုပဲ ပိုက်ဆံချမ်းသာတဲ့ ဘော့စ်တွေရဲ့ အတွေးတွေကို ငါတို့လိုသာမန်လူတွေနားမလည်နိုင်ဘူးပဲ*

ဂျိတ်ခ်က စိတ်ထဲကနေ ထိုသို့တွေးလိုက်ကာ ခေါင်းလေးယမ်းလိုက်စဉ်တွင် ဆောင်းဟွန်းကနောက်တစ်ခွန်းထပ်ပြောပြန်လေသည်။

" နောက်ပြီးတော့ မင်းအလုပ်က သရုပ်ဆောင် အလုပ်‌ဆိုပေမဲ့... စိတ်ချပါ ကိုယ်နဲ့အတူနေလို့လဲ တခြားလူတွေအထင်လွဲနိုင်တဲ့ကိစ္စမျိုးရှိမှာမဟုတ်ပါဘူး ကိုယ့် အိမ်က အတော်လေး လုံခြုံပါတယ် အပြင်လူတွေ သိသွားဖို့ဆိုတာမဖြစ်နိုင်ဘူး"

ဂျိတ်ခ်က သူ့အတွက်ကိုပဲ အလုံးစုံတွေးပေးနေတဲ့ ဆောင်းဟွန်းအား အနည်းငယ် ခါးသီး‌ေနတဲ့အပြုံးလေးကို အားတင်းပြုံးပြလိုက်ကာ ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး ကျွန်တော်က သရုပ်ဆောင်လို့တောင်ပြောလို့မရသေးပါဘူး  နာမည်မရှိ‌ေသးတဲ့ ဖြတ်လျှောက်အဆင့်ပါပဲ

ပြီးတော့ ကျွန်တော့်ရဲ့ အနုပညာအလုပ်ကလဲ ဆက်လုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး ခင်ဗျား စိတ်မပူပါနဲ့"

တစ်ဖက်လူရဲ့ မျက်၀န်းထဲက အနည်းငယ် စိတ်ပျက်အားငယ်ဟန်လေးနှင့် ၀မ်းနည်းမှု တစွန်းတစကိုမြင်လိုက်ရသော ဆောင်းဟွန်းက   ဘာမှပြန်မ‌‌ေပြာဘဲ ဂျိတ်ခ်ကိုနှစ်သိမ့်သည့်အ‌ေနဖြင့် ခပ်ယောင်ယောင်လေး ပြုံးပြကာ ဂျိတ်ခ်ခေါင်းလေးကိုသာ ပွတ်သပ်ပေးနေသည်။

ဆောင်းဟွန်းအပြုံးက အနည်းငယ် နက်‌နဲနေသည့်ဟန်ပေါက်‌ေန‌ေသာ‌ေကြာင့် မထူးဆန်းစွာပင်ဂျိတ်ခ်တစ်ယောက် နားမလည်နိုင်ခဲ့ပါ။

သူ့ခေါင်းပေါ်က အထိအတွေ့ကြောင့် သတိ၀င်သွားသော ဂျိတ်ခ်က ထိုအကြောင်းကိုဆက်မတွေးတော့ဘဲ ချက်ချင်းပင် အရေးကြီးသည့် ကိစ္စကိုသာ အာရုံစိုက်လိုက်တော့သည်။

"တကယ်ကြီး ခင်ဗျားတဲ့ အတူအိပ်ရုံနဲ့ ကျွန်တော့်အဘွားရဲ့ဆေးကုသစရိတ်တွေ ထုတ်ပေးမှာလားဟင်?ကျွန်တော့်ကိုနောက်နေတာတော့မဟုတ်ဘူးမလား"

ဂျိတ်ခ်က သူ့ရဲ့ ပါပီမျက်လုံးလေးတွေနဲ့ဆောင်းဟွန်းကို မျှော်လင့်တကြီးမော့ကြည့်ရင်း မေးလိုက်တာကြောင့် ဆောင်းဟွန်းလှုပ်ရှားမှု‌ေတွ ရပ်တန့်ကုန်သည်။

ခဏကြာမှ ဆောင်းဟွန်းက ဂျိတ်ခ် နဖူးလေးကိုလက်ညှိုးအ‌ေနာက်ဖက်‌ေလးဖြင့် အသာတောက်လိုက်ပြီး ပြန်ဖြေလေသည်။

"သေချာတာပေါ့ ကိုယ့်ရုပ်ကနောက်နေတဲ့ရုပ်ပေါက်လို့လား တကယ်ပေးမှာပါ စိတ်မပူနေနဲ့ ဒီလောက်ချောတဲ့ လူလိမ် မြင်ဖူးလို့လား"

ဂျိတ်ခ်က လုံး၀မနာကျင်‌ေသာ သူ့နှဖူး သူ လက်လေးဖြင့် ပွတ်လိုက်ပြီး နှုတ်ခမ်းဆူကာ ပြန်စွာလိုက်သည်။

"ဘယ်သူကမယုံချင်ပဲနေပါ့မလဲလို့ အခုဟာက တစ်ခါမှမကြားဖူးတာမျိုးဖြစ်နေတာကို ညအတူအိပ်ပေးရုံနဲ့ ပိုက်ဆံလာပေးမဲ့သူဘယ်မှာရှိလို့လဲ"

တကယ်လဲ ဂျိတ်ခ်စိတ်ထဲတွင်  သူဌေးကြီး၏အပျော်ရည်းစား‌ေလးဖြစ်လာမည့်အစား ကလေးထိန်းတစ်ယောက် ဖြစ်သွားတော့မလိုခံစားနေရလေသည်။

ညဘက်ချော့သိပ်ရမဲ့ကလေးကြီးက သူ့ထက်လူကောင်ကြီးပြီး အသက်လဲကြီးနေတာကတော့ချွင်းချက်ပေါ့။

ဂျိတ်ခ်ကထိုသို့‌ေပြာလိုက်သည့်အခါ ညည်းညည်းညူညူလေးဆိုလာတဲ့ ချစ်စရာလေးကြောင့်ဆောင်းဟွန်းက ပြုံး၍ ဂျိတ်ခ်ထံသို့ ဖိုင်တစ်ဖိုင်ထုတ်ပေးလိုက်ပြန်သည်။

"မင်းကသာမယုံသေးတာ...ဒီမှာ ကိုယ်က စာချုပ်ပါ ပြင်ဆင်လာပြီးသား မင်းလက်မှတ်ထိုးဖို့ပဲလိုတော့တာ"

ဂျိတ်ခ် နှုတ်ခမ်းလေးတွေက အံ့အားသင့်သွားသောကြောင့် ပွင့်ဟသွားသောအခါ အထဲက လျှာထိပ်နီနီလေးကို မြင်သွားရစေလေသည်။

ဆောင်းဟွန်းက လှစ်ဟသွားသော နှုတ်ခမ်းသားလှလှလေးများနှင့် လျှာရဲရဲလေးကို ကြည့်မိသွားပြီး ပြောရမဲ့စကားတွေပါမေ့ကုန်သည်။

ဆောင်းဟွန်းလည်စိ‌က အပေါ်အောက်လှုပ်ရှားသွားသည်မှာ နှစ်ခါခန့်ရှိ‌သွားသောအခါ ဂျိတ်ခ်ကလဲသူ့ပါးစပ်လေးသူ ပြန်ပိတ်ပြီးဖြစ်သည်။

ဂျိတ်ခ်က ဘာကိုမှသတိမထားမိဘဲ စားပွဲပေါ်က စာရွက်တချို့ကိုယူလိုက်ပြီးဖတ်ကြည့်လိုက်သည်။

တကယ် စာချုပ်တစ်ခုဖြစ်နေမှန်းသိသည့်အခါ ဂျိတ်ခ်က အံ့ဩပျော်ရွှင်သွားကုာ သူ့မျက်၀န်းလေးတွေက ပြုံးယောင်လေးသန်းလာသည်။

သဘာ၀အတိုင်း ထောင့်စွန်းနား‌ေလးတွေ အထက်သို့ကော့တက်နေသည့် သူ့နှုတ်ခမ်းလေးကလဲ ခပ်မှိန်မှိန်အပြုံးလေးကြောင့် အပေါ်ဘက်သို့ ပိုကွေးတက်သွားသည်။

ဆောင်းဟွန်းက ဂျိတ်ခ် နှုတ်ခမ်းတစ်စုံကို အကြည့်မလွှဲဘဲ ထိုင်ကြည့်နေမိရင်း ထိုညက ခံစားခဲ့ရသည် နီရဲစိုစွတ်ကာ နူးညံ့အိစက်နေသော နှုတ်ခမ်းသားများ၏ အရသာကို ပြန်အောက်မေ့သွားလေသည်။

နောက်တစ်ကြိမ်အနေနဲ့ ဆောင်းဟွန်းရဲ့ လည်စိက ကူကယ်ရာမဲ့စွာဖြင့် အပေါ်‌အောက်လှုပ်ရှားသွားပြန်သည်။

ဆောင်းဟွန်းက ခြောက်သွေ့နေသော နှုတ်ခမ်းသားအား လျှာဖြင့် သပ်လိုက်ပြီး အနည်းငယ် ဖုဖောင်းသွားသော ဘောင်းဘီစကို မသိသာစေရန် အမြန်ဆွဲချကာ ခြေချိတ်ထိုင်လိုက်သည်။

သူက နားရွက်ဖျားများ နီလာပြီး‌ေနာက် ခြောက်ကပ်ကပ် ချောင်းဟန့်သံပြုလိုက်၍ ဂျိတ်ခ်ထံမှအကြည့်လွှဲလိုက်ကာ စားပွဲပေါ်က စာရွက်တွေကိုသာ စိုက်ကြည့်နေတော့သည်။

ဂျိတ်ခ်တစ်ယောက်ကတော့ စာချုပ်ပါအကြောင်းရာများကို အချက်တစ်ချက်ချင်းစီ  မျက်လုံးလေးပြူးကာ လိုက်ဖတ်နေရင်း စာရွက်ထဲခေါင်းနှစ်ထားသဖြင့် ဆောင်းဟွန်းကိုပင် မော့မကြည့်လာချေ။

"အာ??"

စာချုပ်ကိုကြည့်နေရင်း ရုတ်တရက်ထအော်သည့် ဂျိတ်ခ်ကြောင့် စားပွဲပေါ်ကိုအကြည့်လွှဲထားတဲ့ဆောင်းဟွန်းက ဂျိတ်ခ်ထံသို့ပြန်မော့ကြည့်လာလေသည်။

ဂျိတ်ခ်က မယုံနိုင်စွာ မျက်လုံးလေးပြူးလျက် စာရွက်ပေါ်သို့ လက်ညှ်ိုးလေး ထောက်ကာ သုညတစ်လုံးချင်းစီရေတွက်နေလေသည်။

"တစ်၊နှစ်၊သုံး‌၊လေး၊ငါး၊ခြောက်၊ခုနစ်၊ရှစ်၊ကိုး!! Oh my God သန်းငါရာလား!!"

သူ့ဟာသူ အံ့ဩတကြီး အော်ချင်ရာအော်ပြီးနောက် ဂျိတ်ခ်က စာရွက်ပေါ်က သုညများကို လက်ညှိုးဖြင့်ထောက်ကာ နှုတ်ခမ်း‌ေလးတထော်ထော်နဲ့ဆောင်းဟွန်းကိုပြန်မေးလေသည်။

"ခင်ဗျား စာချုပ်ပေါ်က ကြိုတင်စရံငွေက တကယ်ကြီး သန်း ၅၀၀လို့ရေးထားတာလား မဟုတ်ဘူးမလား ကျွန်တော်မှားကြည့်မိတာမလား"

ဂျိတ်ခ်ကသာ အလောတကြီး ပြောဆိုနေသော်လည်း ဆောင်းဟွန်းက နက်မှောင်တဲ့မျက်၀န်း‌ေတွနဲ့ ဂျိတ်ခ်နှုတ်ခမ်းတွေကိုပဲထပ်မံငေးကြည့်‌မိနေသဖြင့် ဂျိတ်ခ်ပြောသည်အား ချက်ချင်းမကြားပေ။

"ဟင်?"

"ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာလား ဒီစာချုပ်က အတုကြီးလား"

ထိုအသံကြားမှ အသိပြန်၀င်သွားသော ဆောင်းဟွန်းက အနည်းငယ်ရှက်သွားပြီး နောက်တစ်ခေါက်ချောင်းဟန့်ရပြန်သည်။

"အဟမ်း မဟုတ်ပါဘူး ကိုယ့်စာချုပ်ကအစစ်ပါ"

"ဒါပေမဲ့ ဒီစရံငွေက တစ်ခုခုမှားနေတယ်လို့မထင်ဘူးလား"

"ဘာလို့လဲ နည်းနေတယ်လို့ထင်လို့လား ကိုယ်ကစရံငွေဆိုတော့ သုံးပုံတစ်ပုံပဲအရင်ရေးထားလိုက်တာ ပြန်ပြင်ပေးရမလား"

ဂျိတ်ခ်ရဲ့သနားစရာဦးနှောက်လေးကတော့ သုံးပုံတစ်ပုံဆိုသည့်စကားကြောင့် မူးနောက်နောက်ဖြစ်ကာ ချာချာလည်လို့သွားလေသည်။

ဂျိတ်ခ် လုံး၀ကြီး ဆွံ့အလို့နေချိန်တွင် ဆောင်းဟွန်းက သူ့ကိုလူလိမ်ဟုထင်မည်စိုးကာ သက်သေပြရန်အတွက် ဂျိတ်ခ် bank account no ကိုတောင်းလိုက်သည်။

ဂျိတ်ခ်က အူကြောင်ကြောင်လေးဖြစ်လို့နေသေးပြီး ဆောင်းဟွန်းကို အယောင်ယောင်အနနဖြင့်ပြောမိသွားလေသည်။

မိနစ်ပိုင်းမျှအကြာတွင် ဂျိတ်ခ် ဖုန်းထဲသို့ အကြောင်းကြာစာ၀င်ရောက်လာလေသဖြင့် ဂျိတ်ခ်ကဖုန်းကိုချက်ချင်းဖွင့်လိုက်သည်။

သူ့Bank Account သို့ ငွေ၀င်လာသည့်ပမာဏ သန်း၈၀၀အားကြည့်ကာ ဂျိတ်ခ်မျက်၀န်းတွေက ဝိုင်းစက်သွားပြီး သူ့နှလုံးခုန်သံတွေက ဆူညံနေလျက် သန်းရှစ်ရာနောက် သုညများကို အကြိမ်ကြိမ်ရေတွက်နေလေသည်မှာ ဆောင်းဟွန်းတားယူရတဲ့အထိပင်။

ဂျိတ်ခ် ထိုသို့တုန့်ပြန်လာသည်မှာလဲမလွန်ပေ။

ထိုသို့သောများပြားလှသည့် ငွေပမာဏသည် သူ့ဘ၀တွင် ပိုင်ဆိုင်ဖူးဖို့နေနေသာသာ အိပ်မက်ပင်မမက်နိုင်ခဲ့သည့် ပမာဏဖြစ်နေသည်မို့ပင်။

ဂျိတ်ခ်က သူတစ်ဘ၀လုံး အလုပ်မလုပ်ဘဲ ထိုင်စားရင်တောင် ရလောက်တယ်ဟု တွေးမိသွားကာ သက်ပြင်းချမိမတတ်ပင်။

ဒီ ပိုက်ဆံတွေနဲ့ဆို သူ့အဖွားရဲ့ခွဲစိတ်ခအတွက် နောက်ထပ် စိတ်ပူစရာမလိုတော့ပေ။

ဆောင်းဟွန်းပေးလာသည့်ပမာဏမှာ လိုအပ်သော ခွဲစိတ်ခစရိတ်၏ လေးဆပင်မကချေ။

ဂျိတ်ခ်က အလွန်တရာပျော်ရွှင်လို့နေပြီး သူ့နောက်‌ေကျာဘက်က မမြင်ရတဲ့ ပါပီအမြှီးလေးက လေထဲတွင် ယမ်းခါလို့နေသည်။

ဂျိတ်ခ်က ဘလင်းဘလင်းထနေတဲ့ မျက်၀န်းတောက်တောက်များဖြင့် ဆောင်းဟွန်းကို လေးစားမြတ်နိုးစွာကြည့်လာသောအခါ ဆောင်းဟွန်းပင် အနည်းငယ်တန့်သွားလေသည်။

ဂျိတ်ခ်‌မျက်၀န်းထဲတွင်တော့ဆောင်းဟွန်းက သူတို့လိုလူတွေကို ကူညီဖို့ လူ့ပြည်ကို စေလွှတ်ခံလိုက်ရတဲ့ နတ်သားလေးတစ်ပါးနှယ်ပင်။

သူ့ကို ကူညီစောင်မပေးတဲ့ နတ်မင်းကြီးဆောင်းဟွန်းကို ကြည့်ကာ ဂျိတ်ခ်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

*ဒီနေ့ကစပြီး သူ့ရှေ့ကလူကို အဖေတစ်‌ေယာက်လို အစ်ကိုတစ်ယောက်လို တလေးတစားဆက်ဆံရမယ်*

‌ပျော်ရွှင်နေတဲပ ဂျိတ်ခ် ပါးလေးကို ချစ်စနိုးလေး‌ ဆွဲနေတဲ့ ဆောင်းဟွန်းတစ်ယောက်သာ ဂျိတ်ခ် အတွေးတွေကိုဖတ်နိုင်ရင်တော့ မျက်နှာကြီးမဲမှောင်သွားမှာအသေအချာပင်။

ဂျိတ်ခ်က သူ့ရဲ့ များပြားလှသော ပျော်ရွှင်မှုတွေကို ဝေမျှဖို့ရာ တခြားလူလဲမရှိသဖြင့် ဆောင်းဟွန်းရင်ခွင်ထဲပစ်၀င်ကာ ဆောင်းဟွန်းကိုဖက်ထားရင်း ခုန်ဆွခုန်ဆွလုပ်နေလေသည်။

ဂျိတ်ခ်က ပုံမှန်ဆိုလျှင် တခြားလူများရှေ့တွင် အပြုအမူကိုကောင်းကောင်းဂရုစိုက်ပြီး ထိန်းထိန်းသိမ်းသိမ်းရှိသော်လည်း ဆောင်းဟွန်းအရှေ့တွင်မူ သူပင်မသိလိုက်ဘဲ စိတ်ထဲကအတိုင်း ပေါ့ပါးစွာ ပြုမူနေမိလေသည်။

ဆောင်းဟွန်းက သူ့ရင်ခွင်ထဲ ‌၀င်ကာ ပြေးဖက်လာတဲ့ ဂျိတ်‌ခ်ကြောင့် အံ့ဩသွားပေမဲ့ ခဏအကြာတွင် သွားစွယ်များပေါ်အောင်ပြုံးလိုက်သည်။

ဂျိတ်ခ်ကလဲဆောင်းဟွန်းရင်ခွင်ထဲမှနေ၍ ‌တွေးနေလေသည်။

*ဒီအစ်ကိုကြီးရဲ့ ရင်ခွင်က နွေးထွေးလိုက်တာ ဖြစ်နိုင်ရင် ဒီလူကိုပဲ ‌ကိုးကွယ်ချင်မိတော့တယ်

ဒီလောက်သဘောကောင်းတဲ့ လူမျိုးကိုတွေ့ကိုမတွေ့ဖူးဘူး

အခုကစပြီး ငါက သူ့ရဲ့ ညီလေး၊ သူ့ရဲ့သားလေးပဲ သူ့ဘာပြောပြော နားထောင်ရမယ်!*

သူ့အတွက် ဂျိတ်ခ်ရဲ့ ‌ကြည်ညိုလေးစားမှုတွေက တရိပ်ရိပ်မြင့်တက်လို့နေပြီး ချစ်ခင်မြတ်နိုးမှုဘားတန်းက 0ကနေမတက်တာကိုသာ ဆောင်းဟွန်းတစ်ယောက်သိခဲ့မည်ဆိုလျှင် ဆွံ့အသွားမည်မှာအသေအချာပင်။

သူက ဂျိတ်ခ်ကို အလိုလိုက် ဖြည့်ဆည်းပေးရင်း အဆင့်တက်ဖို့ကြိုးစားနေတုန်း သားအဖဇုန်ထဲတန်းရောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးခဲ့ဖူးသည်မှာ သေချာသလောက်ပင်။

ထိုသို့ အတွေးကိုယ်စီဖြင့် နှစ်ဦးသားဟာစာချုပ်ပေါ်တွင်လက်မှတ်ထိုးလိုက်ကြသည်။

ဆောင်းဟွန်းစာချုပ်တစ်စောင်ကို သိမ်းလိုက်ရင်း မတ်တပ်ထရပ်ကာ ဂျိတ်ခ်‌ေရှ့သို့ လက်ဖြန့်ပေးလိုက်သည်။

"...ဒါဆိုရင် ကိုယ်တို့အိမ်ကို ပြန်ကြရအောင်"

ဂျိတ်ခ်က သူ့ရှေ့တွင် ပြုံးပြနေသော အမျိုးသားငယ်၏ မျက်နှာချောချောကို မော့ကြည့်လိုက်မိသည်။

အကြည့်ချင်းဆုံသွားသောအခါ ဆောင်းဟွန်းမျက်၀န်းတွေက နူးညံ့နွေးထွေးလို့နေပြီး ဂျိတ်ခ်ကို သိုးမွှေးအနွေးထည်လေးနှင့် လွှမ်းခြုံခံလိုက်ရသလိုခံစားရစေသည်။

ဂျိတ်ခ်က သူ့ရှေ့က ဖြူသွယ်သွယ် လက်ဖဝါးထံသို့ သူ့ရဲ့ ကျောက်စိမ်းကဲ့သို့ လှပသိမ်မွေ့သော လက်ချောင်းလေးများကို မဝံ့မရဲဆန့်ထုတ်ကာထိတွေ့လိူက်သည်။

ဂျိတ်ခ်လက်ချောင်းလေးဖြင့်ထိတွေ့လိုက်သည်နှင့် ဆောင်းဟွန်းက ချက်ချင်းပင် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်မှာ ဘယ်လိုဖြစ်ဖြစ် ဤလက်‌ကလေးအား ပြန်မလွှတ်ပေးတော့မည့်ပုံပေါ်လေသည်။

ဂျိတ်ခ်က တစ်ဖက်လူရဲ့ လက်ချောင်းတွေကြားမှာ အံ့၀င်ခွင်ကျဖြစ်နေသည့် သူ့လက်ချောင်းတွေကို ငုံ့ကြည့်လိုက်ပြီး နှလုံးသားလေးယားယံသွားလေသည်။

သူတို့နှစ်ဦးလုံးမှာ ထိုသို့အတွေ့အကြုံမရှိကြသဖြင့် တစ်ယောက်ယောက်နှင့်လက်ကိုင်သည်မှာ နှစ်ဦးလုံးအတွက် ပထမဆုံးဖြစ်နေလေသည်။

ဆောင်းဟွန်းက ဂျိတ်ခ်လက်ကိုတွဲကာ တံခါးဆီသို့ ဟန်ပါပါလျှောက်သွားရင်း တံခါးက အပြင်ဘက်ကလော့ခ်ချထားမှန်းသတိထားမိသွားပြီး ရှက်သွားလေသည်။

သူကချောင်းဟန့်ကာ သီးသန့်ချုပ်လုပ်ထားသည့် တန်ဖိုးကြီးလယ်သာရှုးဖိနပ်ဖြင့်တံခါးကို တစ်ချက်ကန်လိုက်လေသည်။

ထိုအခါမှ အပြင်ဘက်က ကိုယ်ရံတော်များက တံခါးကို အမြန်ဖွင့်ပေးလာကြလေသည်။

တံခါးဖွင့်ဖွင့်ချင်းမြင်လိူက်ရသော မြင်ကွင်းကြောင့် ကိုယ်ရံတော်လေး‌ယောက်က မျက်လုံးများထွက်ကျမတတ် ထိတ်လန့်ကုန်သည်။

*အားး ဘော့စ်က ဟိုကောင်လေးနဲ့လက်တွဲထားတယ်!!

တခြားလူတွေနဲ့ အသားချင်းထိရတာမကြိုက်တဲ့ ငါတို့ ဘော့စ်ကလေ??

မျက်နှာကြီး နီပြီး ရှက်သွေးဖြာနေလိုက်တာလဲ အခုမှ အချစ်နဲ့စထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်ကောင်လေးလိုပဲ*

ကိုယ်ရံတော်လေးယောက်က အံ့ဩ‌လို့၀တော့ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ကာ သူတို့ ဘော့စ်ရဲ့ လက်သွက်မှုကို သ‌ဘောကျနေလျက် ပြုံးစိစိလုပ်နေကြလေသည်။

ဆောင်းဟွန်းက အနည်းငယ်ရှက်နေသေးသော်လည်း ဂျိတ်ခ်လက်ကို သူ့လက်တွေကြားဆုပ်ကိုင်ထားရတဲ့ ခံစားချက်က သူ့ကိုခြေထောက်နဲ့မြေကြီးမထိစေတော့ဘဲ တိမ်တွေပေါ်လမ်းလျှာက်နေရသလိုပင်။

*တစ်စုံတစ်ယောက်နဲ့ လက်ချင်းတွဲထားရတာနဲ့တင် ဒီလောက်ပျော်စရာကောင်းမှန်း မသိခဲ့ဘူးပဲ*

ဆောင်းဟွန်းက နောင်တရစွာတွေးနေချိန်တွင် ဂျိတ်ခ်က အနည်းငယ် ငေးကြောင်ကြောင်လေးဖြစ်နေသည်။

သူ့အတွက်တော့ ဒိိီညဖြစ်ပျက်နေသမျှဟာ အိပ်မက်တစ်ခုအလားပင် ထင်နေရလေသည်။

ဂျိတ်ခ်က သူ့လက်ကို မလွှတ်တမ်းတွဲထားသည့်ဆောင်းဟွန်းကိုပြန်ကြည့်လိုက်ချိန်တွင် ထိုအတွေးပျောက်လို့သွားလေသည်။

*အိပ်မက်မဟုတ်ဘူး ငါ့ဘေးက လူကတကယ့်အစစ်ပဲ*

သူ့နံဘေးက လူကအစစ်ဖြစ်သလို သူ့ရင်ထဲတွင် လိပ်ပြာတွေပျံကာ ရင်ခုန်နှုန်းမြန်နေသည်မှာလဲ အစစ်ဖြစ်ကြောင်း

You are reading the story above: TeenFic.Net