| ဦးရဲ့ကလေးမ ခပ်စွာစွာ |လုံးချင်းဝတ္ထုတို

Background color
Font
Font size
Line height

ခင်ဗျားတို့ထင်ခဲ့ကြလိမ့်မယ် ၊
တောင်းစားတဲ့လူတစ်ဦးနဲ့ မင်းသမီးတပါး ရဲ့ချစ်ဇာတ်လမ်းကို
ပုံပြင်နဲ့ရုပ်ရှင်တွေထဲမှာဘဲဖြစ်နိင်တယ်လို့လေ ။
ကျနော်ကတော့အရမ်းတဖက်စွန်းယုံကြည်တာမျိုးမရှိခဲ့တော့မအံ့သြတော့ပါဘူး။
ကဲ..ဖြစ်ပျက်ခဲ့တဲ့အရာလေးတွေပြောပြမယ်

-၁-
ဘဝက ဇာတ်ဆရာတစ်ယောက်ရဲ့ ကမြင်းခြင်းခံရလို့
အလုပ်မျိုးစုံလုပ်နေရတယ်လေ.
ဆိုက်ကားနင်း ၊ ကူလီထမ်း ၊ အနိပ်သည်အလုပ်ကော
ရေခဲခြစ်ထိ လှည့်လည်ရောင်းခဲ့ဖူးတယ်ဗျ။

" လာပါအုံး" ဆိုတဲ့ခေါ်သံတွေက နားဝအတွင်းထိချိုစေမှန်း ၊
ချွေးပေါက်ပေါက်ကျထိ အလုပ်ကြိုးစားတောင် ထမင်းဖိုးအပြင် အပိုငွေမရနိင်မှန်း ၊
စကားလေချိုသွေးပြီး ဆက်ဆံမှထမင်းဖိုးမှန် မှန်း
အထွေထွေအသိပညာလေးတွေရခဲ့ရတာပေါ့(လုပ်ဖူးတဲ့လူတွေပြောပြတာ) ။

တကယ်ဆို.. ကျနော်ကတောင်းစားရတဲ့ထိ မဆင်းရဲသေးပါဘူး ၊ တိုက်နဲ့ကားနဲ့နေတာဗျ။
ဒါဆို အပေါ်ကပြောပြခဲ့တဲ့အလုပ်ကြမ်းတွေက
တကယ်လုပ်ခဲ့ဖူးလားဆိုရင် တခုတလေတောင်မလျော့ဘူး ၊ လိုနေရင်တောင် လိုနေမယ် လုပ်ခဲ့ဖူးတာတော့အစုံဖဲလေ..
အလုပ်အများအပြားက
ပင်မ ကျနော့်ရဲ့ အခြေတည်ရာအလုပ်ကို
အထောက်အကူဖြစ်စေလို့ပါဖဲ  ၊
ကျနော်က စာရေးဆရာတယောက်ပါ
ဟုတ်တယ် ကျနော်ကရှဲဒိုးစာရေးဆရာတစ်ယောက် ၊
စာမူကြမ်းတွေရဖို့ ကုန်ကြမ်းရှာဖို့ အလုပ်ကြမ်းအကုန်စိတ်နစ်ပြီးလုပ်ခဲ့တာပါဖဲ ။
(ရှဲဒိုးစာရေးဆရာ-အကျဉ်းအားဖြင့် စာအုပ်တအုပ်ဖြစ်ဖို့ရာ
အစမှအဆုံးတိုင်းဇာတ်ညွှန်း၊ ဇာတ်ကွက်ရေးသား၍
နာမည်ရှိ စာရေးဆရာများထံရောင်းချသူ)

နောက်ဆုံးအနေနဲ့ဝတ္ထုတပုဒ်ကို အချောသတ်ချင်ခဲ့တယ် ၊
"တောင်းရမ်းသည့် လက်များအားရှောင်လိုသူ" အမည်ဖြင့်
ဝတ္ထုဖြစ်၍ ဇာတ်လမ်းဇာတ်ကွက်များအချောပြန်ပြင်ရေးသားရာတွင်
တောင်းရမ်းသူတဦးရဲ့ ခံစားချက်ကို ကွဲပြားစွာမသိရသဖြင့်
ဇာတ်ရှိန်မှာမတက် မထူးဇာတ်နဲ့ ဖြစ်သလိုရေးလိုက်ပြန်ရင်လဲ
ညစဉ်အိမ်မက်ဆိုးမက်ပြီး ကလောင်မကိုင်နိင်ဖြစ်သွားရပေမည်။
အကြံကုန်တော့ အမေကယ်ပါ ၊ အဖေကယ်ပါပေါ့
အရင်ဝတ္ထုများနည်းတူ ကွင်းဆင်းလေ့လာရတော့ပေသည်။

-၂-
မနက်အိပ်ယာထပြင်ဆင်ပြီးသည်နှင့်
စာရွက်ဝါကြင့်ကြင့် လေးငါးရွက်လောက် ၊ ခဲတံနဲ့ခဲဖျက်အပဲ့တစ်တုံးကို အိတ်ကပ်ထဲထည့်ပြီးနောက်
တရက်စာလက်ဖက်ရည်ဖိုးနှင့် ဘုံဘေဆိုင်မှ ဆင်းရဲသားအင်္ကျီ တပတ်စာငှားဖို့ ငွေအချို့ကိုယူ၍ ကြက်ပေါင်ဖိနပ်တရန်စီးကာထွက်ခဲ့လေသည်။
ကျနော်နေသည့်တိုက်ခန်းကိုတော့ သော့ခတ်ပြီး အိမ်နီးနားဆွေမျိုးဆီ အပ်ခဲ့လိုက်တယ် ၊
ဘုံဘေဆိုင်ကိုဝင် အစုတ်အပျက်ဆုံး တစုံကိုရွှေးပြီး တပတ်စာငှားခဲ့သည်။(ပြဲရင်အသစ်ရော်ရန် ဟူ၍ ဘောင်ချာ၌ မှတ်ချက်ပါ၏)

တောင်းစားခန်း ဖွင့်ဖို့ ကောင်းကင်ကိုတချက်မော့ပြီး
နဂါးခေါင်းဘယ်ဘက်လှည့်တုန်း စဉ်းစားမိသေး..
လက်ဖက်ရည်ဆိုင်ဝင်မယ်လုပ်တော့
စားပွဲထိုးက ကန်တော့ပါသေးရဲ့ ဟူ၍ အပြေးအလွှားကြိုဆိုတာခံရသည် ၊
ရုပ်ခံကြောင့် သူတောင်းစားအစစ်မဟုတ်မှန်းတောင်
သူတို့မခွဲခြားတက်၊ မီးသွေးခဲနဲ့တချက်သာခြစ်လာခဲ့သည့်
ကျနော့်မျက်နှာကို သူတောင်းစားအစစ်ဟုထင်မြင်သွားခြင်းမှာ
ကျနော့်၏ ရုပ်ဖျက်မှု့ကျွမ်းကျင်ခြင်းကိုပေါ်လွင်စေသည်မဟုတ်ပေလား။

တထိုင်ထဲနဲ့ ကျနော်ကိုယ့်ကိုကိုယ်အထင်ကြီးမိပြီး
တချက် အသံနိမ့်ပြီးရယ်မိလိုက်သေးတယ်(ကျယ်လျှင် ဆိုင်ရှင်ထထိုးတာခံရနိင်၍) ။
လမ်းတလျှောက် ဘေးဘယ်ညာမှာ ခွက်တလုံးလောက်တွေ့လို့တွေငြား ငေးမိတဲ့အဖြစ်က
ထမီခိုးဖို့ ချောင်းတဲ့လူအပေတေ တစ်ယောက်လို
အိမ်ရှင်တွေက မကြည်ဓာတ်တွေကျွေးနေကြသည်။
အိမ်တအိမ်ရှေ့ရောက်တော့ ခွက်တလုံးကိုတွေ့လိုက်ရလို့
စိတ်ထဲအားတက်သွားတယ် ၊ ခွက်လေးကောက်ကိုင်ကာရှိသေး အိမ်ရှင်ကထွက်လာပြီး
သူတို့အိမ်ကခွေးစာခွက်ကို ရွှေခွက်အလား ရွဲကုန်သည်ထဲက

လူယုတ်မာကုန်သည်နေရာမှ နင်မှန်းကစ အပြောခံရခဲ့တယ်လေ။
သူတောင်းစားမာနကို အထိခိုက်မခံလိုတာကြောင့်
ခွက်ကိုပြန်မချဘဲ ပုဆိုးခါးတောင်းကျိုက်ခါ အပြေးသုတ်ခဲ့သည်။

-၃-
ဈေးနားတဝိုက်တောင်းစားရင် အဆင်ပြေကောင်းရဲ့တွေးမိပြီး
အရိပ်ကောင်းတဲ့ လမ်းလယ်ခေါင် ထိုင်ချလိုက်တယ်။
ကျနော့်ရဲ့ ခန္ဓာကိုယ်အချိုးအစား တောင့်တင်းခိုင်မာမှု့ကြောင့်
လူတွေက တခွန်းမှ မပြောမဆိုကြပေ။ ခနအကြာမှာ..
ဈေးစည်ပင်သာယာအဖွဲ့မှ လူနှစ်ယောက်က ကျနော့်ချိုင်းမှဆွဲကိုင်ပြီး ဈေးအပြင်ကိုင်ပေါက်ဆွဲထုတ်လိုက်ကြသည်။ တောင်းစားခြင်းက မူလပန်းတိုင်ဖြစ်နေသောကြောင့်
ရန်ပြိုင်ဖြစ်ဖို့ကိုလက်လျော့ခဲ့ရသည် သို့ပေမယ့် စိတ်ထဲ၌ မကျေနပ် ပြန်လဲမလုပ်ရဲ..၊

ဈေးအပြင် တမာပင်အောက်မှာ ခနအနားယူဖို့ပြင်တုန်း
ဆိုက်ကားတစီးရပ်လာပြန်တယ် ထိုစီးတော်ယာဉ်ပေါ်၌
အသားရည်နုနယ်စိုပြေ၍အသက်မတိမ်းမယိမ်း ၂၀ အရွယ် မိန်းမလှလေးတစ်ယောက် ဆင်းသက်လာခဲ့သည်။(ကျနော့်အသက်မှာကား ထားပါတော့လွန်ရောကျွံရော၂၄နှစ်)
ထိုမိန်းမပျိုလေးမှာ ဘေးအောက်ခြေက ကျနော့်ရူပါကို
မြင်ဟန်မတူ တောင်းစားဆဲ ကျနော့် ခွက်ကို  ခလုတ်တိုက်မိသွားခြင်း ထို့နောက်
ပြာပြာသလဲအားနာဟန် တချက်ပြ၍ နောက်လှည့်ပြီး
ဆိုက်ကားသမားကို ပိုက်ဆံရှင်းလိုက်သည်။

ကျနော်လဲ ခုနကဒေါသထွက်သမျှကို ထိုခလေးမိန်းမပျိုဆီ
ပုံချဖို့ပြင်လိုက်ပြီး " အကြွေလေးပါရင် ပေးခဲ့ပါခင်ညာ" လို့
မာန်နဲ့ပြောလိုက်တယ် ၊ ရှပ်ပြာရွှေမင်းသမီးက ပိုက်ဆံအိတ်ထဲကမှ ငါးဆယ်တန်အသစ်တရွက်ထုတ်ပြီး
ခွက်ထဲထည့်ခဲ့လေသည်။
အချိန်တည်းမှာဖဲ မပြေးရုံတမယ် ဈေးထဲဝင်သွား၏  ၊
ကျနော်လဲ သူမ ထားခဲ့တဲ့နေရာလေးကနေငေးကြည့်ရင်း
ခွက်ထဲလက်နှိုက်ပြီး ပိုက်ဆံကိုကြည့်မိတဲ့အခါ
"ဟာ..ငါးထောင်တန်ကြီး"
ပြေးလိုက်ပေးချင်ပါသော်လဲ ဈေးအဝင်ဝကအစောင့်တစ်ယောက်က မာန်ဆောင်ပြီးကြည့်နေသောကြောင့် မဝင်ဖြစ် ၊
ခနအကြာမှာ ခုနမိန်းမလှလေးဈေးအပြင်ပြန်ထွက်၍
ဟိုအောက်ငုံ့ဒီအောက်ငုံ့ ဂနာမငြိမ်ဖြစ်နေသည်ကိုတွေ့ရ၏။
ကျနော်လဲ ဖုန်သဲခါ၍ ထလိုက်ကာ ထိုကောင်မလေးကို
လှမ်းအသံပြုလိုက်တယ် "ညီမရေ ဒီမှာ."

-၄-
ညဘက်ရောက်တော့ ဘုန်းကြီးကျောင်းအဟောင်းတကျောင်းရဲ့
ဇရပ်ထဲမှာအိပ်စရာနေရာရခဲ့သေး ၊
အိပ်ခါနီး တနေ့တာ တောင်းရငွေ ထွက်ချက်ကြည့်တယ်
မဆိုးဘူး ဒီနေ့တော့ ၃သောင်းရတယ်ပေါ့
မနေ့ကတော့၎သောင်းတောင်ရတယ် မဖြစ်သေးဘူး
နေရာပြောင်းတောင်းရမယ် ဘာညာ ဆိုပြီး အစီစဉ်ဆွဲပြီး
အိပ်ခဲ့တယ်။

ပထမရက် ဈေးနားတဝိုက်တောင်းခဲ့ပြီး
ဒုတိယနဲ့တတိယရက်မှာ ကျောင်းနားတဝိုက်မှာတောင်းခဲ့တယ်။
၎ရက်မြောက် စတုတ္ထရက် မနက်မှညနေတိုင်သည်ထိ
ဘူတာနား တောင်းရမ်းခဲ့ပြီး မှတ်စရာခံစားချက်အတွေ့ကြုံတွေကိုတော့
စာရွက်ထဲချရေးလိုက်တယ်လေ။
(သဇင် ဖုန်းနံပါတ်-၀၉******)

" ဟိုပထမနေ့က တွေ့ခဲ့ကြုံခဲ့တဲ့ ရှပ်ပြာမင်းသမီးနာမည်က
ယွန်းစံနွယ် တဲ့ဗျား..
သူမကိုယ်တိုင်မိတ်ဆက်ခဲ့တာနော့ အဟမ်း "
သူမက**မြို့မှာနေတာကြာပြီဖြစ်ပေမယ့်
မိဘနှစ်ပါးလုံးမကြာသေးခင်ကကွယ်လွန်သွားခဲ့လို့
အမွေထားခဲ့တဲ့ခြံဝန်းမှာခတ္တလာရောက်နေထိုင်ခြင်းဖြစ်
ကြောင်းပြောပြတယ်လေ။
ကြုံတုန်းပြောလိုက်ပါဦးမယ် ယွန်းစံက ကျနော့်ကို
" ဦး "တဲ့ဗ် ၊
သူမကိုယ်သူမ " မီးကလေ "လို့သုံးနှူန်းတယ်။

သူမ ပြောခဲ့သေးတယ်"ဦးမှာအကောင်းပကတိ
ခန္ဓာကိုယ်ရှိနေသေးတာကို ဘာလို့တောင်းစားတဲ့အလုပ်လုပ်ရတာလဲ"တဲ့

သူမပြောပြီးပြီးခြင်း မိန်းမကြီးတစ်ယောက်လာခေါ်တဲ့
နောက်လိုက်သွားခဲ့လေတော့သည်။

-၅-
ကျနော် ရဲ့ကုန်ကြမ်းရှာပုံတော်က ခြောက်ရက်မြောက်နေ့မှာဖဲ
ပြီးဆုံးခဲ့တယ်လေ ၊
လုပ်ရမဲ့တာဝန်တခုက ဝတ္ထုထဲက ဇာတ်ကောင်လို ရွှေဆိုင်သွားပြီး ရွှေဝယ်သုံးဖြုန်းရမှာဖဲရှိတော့တယ်။
ဒါနဲ့ဖဲ ဘုံဘေဆိုင်သွား အင်္ကျီပြန်အပ် အဝတ်စားအကောင်းဆုံးဆိုတာထဲက တစုံဝတ်ပြီး ရွှေဆိုင်ကိုထွက်ခဲ့တယ်။
သူတောင်းစားဘဝမှပြောင်းလဲခဲ့ရတဲ့သူဋ္ဌေးပေါက်စန တစ်ဦးလို အသေအချာခံစားမိပြီလေ..
လမ်းမဘက် အငှားကားစောင့်နေလိုက်တယ်။
ကားတစ်စီးရပ်လာပြီး ကားပေါ်ကနေ ကောင်မလေးတစ်ယောက်ဆင်းလာသည် ထိုကောင်မလေးမှာ ယွန်းစံနွယ် ဖြစ်ပေ၏။

ကားပေါ်ကဆင်းဆင်းခြင်း ကျနော့်ကိုမြင်တော့
အံ့သြသည့်မျက်နှာထားနှင့် လက်ညိုးထိုးကာ
" ဦး** မလား?
ဦး မလားဟင် "
ကျနော်လဲ စွဲဆောင်မှု့ရှိသောရယ်သံပြုလိုက်ပြီး
"ဟား..ဟုတ်တာပေါ့ ဦးပါ ယွန်းစံ"
အဖြစ်ပျက်ဇာတ်ကြောင်းကိုရှင်းပြဖို့ ကော်ဖီဆိုင်အတူထိုင်ပြီး
အနုစိတ် ရှင်းပြဖြစ်ခဲ့သည်။
သူ့အကြောင်းကိုယ့်အကြောင်းစုံအောင်သိခဲ့ရချိန်မှာ
နှစ်ဦးသားရဲ့ ရယ်မောသံတွေက ကော်ဖီဆိုင်လေးကို
အသက်ဝင်စေခဲ့ပါတယ်။

"ဦးက စာရေးဆရာဖြစ်နေတာကိုး..
မီးကတော့ ဈေးဘက်ရောက်တိုင်း ဦးကိုရှာသေးတယ်"

"ခလုတ်တိုက်မိ ချင်သေးလို့လား..ဟား
ခွက်လေးတော့ ပိန်သွားတယ်နော် ခလေးမ"

"ဦးနဲ့ကြမှ ငါးဆယ်တန်နဲ့ ငါးထောင်မှားထည့်မိတော့တာဖဲ
ဟီး"

"ခလေးမက ရှပ်ပြာပြာနိင်တာကိုး
ဦးတောင် ခလေးမကို ရှပ်ပြာမင်းသမီးဆိုပြီး စိတ်ထဲနာမည်ပေးထားသေးတယ်"

"အာ...ဦးကလဲကွာ တခါလေးအမှားလုပ်မိတာကို..ဟွန်း"
နှုတ်ခမ်းကိုစူကာ ငြူစူစူချွဲသံနဲ့ပြန်ပြောခဲ့သည်။

-၆-
ဒီလိုနဲ့ ခလေးမလေးနဲ့ တရက်ခြားတခါလောက် အပြင်မှာချိန်းပြီး ကော်ဖီအတူသောက်ခဲ့ကြတာ ၂ပတ် ကျော်မျှ ရှိလေပြီ ။နောက်ဆုံးအကြိမ်တွေ့တုန်းက ခလေးမကို
သဘောကျမိကြောင်းပြေဖြစ်သေးတယ်။ သူမကတော့
ရှက်ပြုံးနဲ့ စဉ်းစားပါရစေတဲ့လေ အဟက် ၊ *
ဝတ္ထုအတွက်အချောသတ်ပြီးစီး စိတ်လက်ပေါ့ပါးစွာနဲ့
ရေမိုးချိုးပြီး နာမည်ရှိစာရေးဆရာထံ စာမူအပ်ဖို့ထွက်ခဲ့လေတယ်။
ကျနော်က လူတမျိုးဗျ စာရေးရတာကိုမြတ်နိုးတဲ့လူ
ရေးသားသမျှကို စိတ်နစ်ကိုယ်နစ် ရေးတယ် ဒါ့အတွက်လဲ တန်ရာတန်ကြေးကို ရမှကျေနပ်တယ်။

ဖုန်းကိုတချက်ကြည့်မိလိုက်တော့ စာတိုတစောင်ဝင်ထားတာ
တွေ့လိုက်ရသည်။
" ဦး..မီးလေးတို့ဆိုင်ဖွင့်ပွဲကို လာခဲ့မယ်မလားဟင်
  လိပ်စာက****  မနက်ဖြန်မနက် ကိုးနာရီနော်"
ဝတ္ထုရောင်းရခဲ့တဲ့ငွေနဲ့ ဘီယာဆိုင်ထိုင်ဖို့ပြင်တုန်း အထက်ပါ
စာတိုကြောင့် မထိုင်တော့ဘဲ ပွဲတက်ဝတ်စုံကောင်းတာလေး ပြေးဝယ်လိုက်တယ်။

-*-*-*-*

" ဦး...လာတာနောက်ကျလိုက်တာ နေ့တောင်မြင့်နေပြီ "

" ဦးလဲ အစောထွက်လာတာပါဘဲ
  အ‌သိတစ်ယောက်က စကားဖောင်လာဖွဲ့နေလို့ရယ် "

" ဟုတ်ပါပြီရှင်.. လာ
  ဦးအတွက် နေရာသီးသန့် ချန်ထားတယ် "

" ခလေးမ ရင်ထဲမှာလား "

" အာ.. ဦးနော် မီးက ဦး စားဖို့သက်သက် သီးသန့်ဖယ်ပေးထားတာကိုပြောတဲ့ဟာ "

" ဟုတ်ကဲ့ပါဗျာ ၊ နှမတော်ရယ် မညူစူလိုက်ပါနဲ့ "

နှုတ်ခမ်းမို့မို့လေးကို ခပ်ကွေးကွေးဖြစ်သည့်တိုင် ပြုံးကာ
ရှေ့မှ ဆောင့်အောင့်သွား‌လေတော့သည် ။
စားပွဲပေါ်ရှိ ကြွေပန်းအိုးနဲ့ နှင်းဆီအဖြူလေးငါးပွင့်ကို
မြင်မိတော့ ခလေးမတစ်ယောက် ဘယ်ထိ ဂရုတစိုက်ပြုသည် ကို အရိပ်မွတ်ခန့် တွေးမိ၏။
ကိုယ် ဘေးဘီ ငေးမိပြန်တော့ နံရံထောင့်နားမှာ
မကြည်သလို အကြည့်မျိုးနဲ့ ငဲ့စောင်းကာကြည့်နေတဲ့
အဒေါ်အရွယ်တစ်ယောက်ကို မြင်မိတယ်။
ခဏအကြာမှာဘဲ ခလေးမလေး ဗန်းတချပ်နဲ့အတူ
‌စားဖွယ်အမျိုးမျိုးနဲ့ ဖျော်ရည်ခွက်ကို သယ်ကာ
တလှမ်းချင်း ကြွမန်းလာသည်ကို ငေးမိသည်။

-၆-
" ဦး စားနော် ... "

" စားပါ့မယ်ကွဲ့ ၊ ဒါနဲ့ ဟိုးနံရံထောင့်နားက အန်တီက
ကိုယ့်ကို ဘဝင်မကျသလိုမကြည်ဓာတ်လွှတ်နေတယ်

ခလေးမ ရဲ့အသိများလား "

" အန်တီလတ် ပါ ဦးရယ် ၊ သူက ဟိုတလောက ဈေးလိုက်ပို့တဲ့ အန်တီနုရဲ့ တဝမ်းကွဲညီမ လေ
အန်တီလတ်က သူ့သားနဲ့ မီးကို အတင်းအောင်သွယ်ပေးနေတာ ၊ ဒီမနက်လဲ
သူ့သားနဲ့ ဈေးဝယ်အတူထွက်ခိုင်းတာ မီးက ဦးလာမှာမလို့
မလိုက်ဘူးလို့ငြင်းတော့ စိတ်ဆိုးနေလေရဲ့ရှင် "

" ခက်တာဘဲ ၊ ဦးတော့ သူ့အကြည့်တွေကြား
စားရခက် သောက်ရခက်ကွာ "

" ကဲပါ ဦးရယ်... သူ့ကို ဂရုထားမနေပါနဲ့
စားလေနော် ၊ ဘာလိုလဲပြော "

" လိုနေတာကတော့ ခလေးမတစ်ယောက်တည်းကိုပါ "

" ရှင်ကြီးရယ် ၊ ကျားထက်ဆိုးနေပါရော့လား
စားမှာ စားပါရှင် ပြီးရင် ဈေးဝယ်လိုက်ခဲ့ပေး "

" ဟုတ်ပြီ လိုက်ခဲ့မှာပေါ့ "

" အာ့ဆို ဒီမှာစားနှင့်နော် အဝတ်စားသွားလဲဦးမယ်
မီး ပြန်လာတဲ့ထိ စောင့်နော် "

ရှပ်ပြာမင်းသမီးလေးတော့ ပြောရင်းခပ်သွက်သွက်ပင်
ချာခနဲလှည့်ကာ အပေါ်သို့ပြေးတက်သွားလေတော့တယ်။
ကိုယ့်မှာတော့ နံရံထောင့်က မကြည်ဓာတ်ကြောင့်
စားမဝင်ပေ။ ( ၂ပန်းကန်နဲ့ ဖျော်‌ရည်၃ခွက်သာ စားဝင်သည်)

" လူလေး.. "

" ဗျာ...ကျနော့်ကိုခေါ်တာလား "

ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ အစားကုန်းမျိုနေသည်မို့ မကြည်ဓာတ် ဒေါ်လတ် ခေါ်သည်ကိုပင် မကြား...၊

" ဟုတ်တယ်လေ လူလေးကိုခေါ်တာ "

" ဗျာ.. ဟုတ်...ဟုတ်ကဲ့ ၊ ဘာများလဲဗျ "

" လူလေးက ယွန်းစံနဲ့ အသက်အတော်ကွာမဲ့ပုံဘဲ
ဘာကြောင့် နီးနီးကပ်ကပ်နေနေသလဲကွယ် အမြင်မတော်ပါရဲ့ "

" မဟုတ်ပါဘူး အန်တီ ကျနော်က ခလေးမ..အဲ
ယွန်းစံကို မြတ်နိုးပါတယ် ဒါကြောင့်လဲ အနီးကပ်နေလိုခြင်းပါ
ကာယကံရှင်ကိုယ်တိုင်ကလဲ အနှောက်ယှက်လို့ မထင်တဲ့အတွက် တပါးလူတွေအမြင်တော့ ကျနော်လဲ ဂရုမစိုက်ပါဘူး "

တော်တော့်တန်တန် စကားကို များများစားစားပြောလေ့မရှိပေမဲ့ ခလေးမနဲ့ပတ်သတ်ရင်တော့
သူတပြန်ကိုယ်တပြန် ခွပ်ရလဲ ရသည်မို့ ကပ်ကပ်လန်ပြန်ပြောနေမိသည် ၊ ဘွားတော်တော့ ဟယ် ဒီကောင် ယောကျာ်းမတန် ကပ်ကပ်လန်လို့ ထင်နေသည့်ပုံစံ
ပါးစပ် တဟဟနဲ့ ဖြစ်နေလေ၏...၊

-၇-
" ဟဲ့ ဒီမယ်လူကလေး.. ကိုယ့်အသက်ရွယ်ကိုလဲငဲ့ပါ
ယွန်းစံက အဒေါ့်သားနဲ့ ရည်ငံနေတာ မသိဘူးလား ၊
မဖြစ်သင့်တာမဖြစ်ရအောင် အန်တီက သတိထားဖို့ပြော...၊"

" ဘာ... အန်တီလတ်! "

" ဟင်..သမီးယွန်း..
ဘယ်ကတည်းကရောက်နေတာလဲကွယ် "

" ဒီမယ်အန်တီ.. ကျမက အသက်ရွယ်ကို မကြည့်ဘူး
အားကိုးထိုက်လားဆိုတာကိုဘဲ ဦးစားပေးတယ် ၊
အန်တီ့သား လူလိမ်မာက မိဘ လုပ်စာလောက် ထိုင်စားနေတာမျိုး ၊ အန်တီနုမျက်နှာထောက်လို့ အဒေါ့်တို့သားအမိကို အိမ်ရိပ်နင်းခိုင်းခဲ့တာ
အခုတော့ ကျမနဲ့ယူမဲ့လူကိုတောင် မာန်ဖီနေတယ်ပေါ့ "

ရုတ်တရပ်ပေါ်လာပြီး အတော်ဒေါသထွက်နေဟန် မမြင်စဖူးမြင်လိုက်ရပေမယ့် ခလေးမလေးပြောသမျှနားထောင်ရင်း ကိုယ့်မှ ပြုံးစိစိ ..၊

" မဟုတ်ပါဘူးသမီးရယ်... အန်တီက မဖြစ်သင့်တာမဖြစ်ရအောင်လို့ပါ ၊ သမီး မိဘတွေကလဲ ဒီလို လူ‌တစ်ယောက်နဲ့ လက်သင့်ခံပါ့မလားကွယ် "

" ကျမ မိဘတွေက ‌ငယ်ကတည်းက စိတ်ပျော်ရွှင်မှု့ကိုဘဲ
အလေးထားကြတဲ့လူတွေ ၊ ကျမ ချစ်တဲ့လူကို လက်ထပ်မဲ့ ကိစ္စကိုသူတို့သိရင်လဲ ဘယ်သောအခါမှ တားမှာမဟုတ်ဘူး ၊
နောက် ထပ်ပြောချင်တာက အန်တီကိစ္စမဟုတ်ရင် ဝင်မပါပါနဲ့
ဒါပါဘဲ... လာ...သွားမယ်ဦး "

" အင်းပါသမီးရယ် မပါတော့ပါဘူးကွယ် .
ဧည့်သည်တွေနဲ့လေ ဘယ်သွားမလို့လဲ
သားကို ဖုန်းဆက်ခေါ်ပြီး လိုက်ပို့ပေးခိုင်းမယ်လေ "

" မလိုပါဘူး ၊ အခုသွားမှာက တရားရုံးကိုသွားမှာ
ဦးနဲ့ လက်ထပ်လက်မှတ်သွားထိုးဖို့ဘဲ
အန်တီနဲ့အန်တီ့သားလဲ မနက်ဖြန်ကစပြီး တခြားကိုပြောင်းဖို့ပြင်ပါ အားနာပေမယ့် မျက်နှာချင်းမဆိုင်ချင်လို့ "

ကိုယ့်မှာပါးစပ်အဟောင်းသားနဲ့ ဘာတခွန်းမှ အသံမထွက်ဖြစ်ခဲ့ ခလေးမစိတ်က လက်တဆစ်ဆိုတာတော့
သိခဲ့ပေမယ့် အခုလိုအထိက ကိုယ့်အတွေးတွေကို ပိုနက်စေတယ်မလား။ ဘာဖြစ်ဖြစ်လေ အနစ်နာခံလိုက်ပါ့မယ်ဆိုပြီး သူမ လက်‌ဆွဲခေါ်ရာနောက်
တကောက်ကောက်လိုက်ခဲ့တယ် ။

ထိုင်နေကြကော်ဖီဆိုင်ရောက်တော့..

" ဟို..ဟိုလေ ခလေးမ ခုနကပြောတော့ တရားရုံးဆို
အခုက ကော်ဖီဆိုင်ကြီး အဟီး.. "

" ဦး... လက်ထပ်တယ်ဆိုတာ လက်လွှတ်စပယ်လုပ်လို့ရတဲ့ကိစ္စလား ၊
အခုထက်ထိလဲ ဦးကို အဖြေတောင်ပြန်မပေးရသေးဘူး "

" အာ့ဆို အဖြေပေးတော့လေနော် ..၊ ခလေးမ ခုနပြောခဲ့တာတွေက ရင်ထဲရှိတာတွေမလားဟင်
ဦးကို ချစ်တယ်မလား "

ကော်ဖီခွက်ကို ငုံ့ကြည့်ရင်း ဇွန်းကို အသာမွှေကာ
ခေါင်းကို ငြိမ့်သယောင်ပြုနေသည့်ပုံစံ ကိုယ့်အသည်းကို
တရွရွ ဖြစ်စေလွန်းပါရဲ့ ..၊ ကျနော်လဲ စိတ်မထိန်းနိင်တော့တဲ့အဆုံး...

" အာ့ဆို ဦးနဲ့လက်ထပ်နိင်မလား "

" ရှင်.."

" ဦး ဟာ စာရေးဆရာ‌တစ်ယောက်ဖြစ်ပေမဲ့
အချစ်ရေးမှာ ကျောင်းသားငယ်ပါ
ခလေးမကို မြင်တွေ့မိတဲ့အချိန်က ပျော်ရွှင်မှု့ကို တပွေ့တပိုက်ရခွင့် ကြုံခဲ့လို့ ကျန်နေသမျှ သက်တမ်းတလျှောက်လုံးမှာလဲ ခလေးမလက်ကိုရဲရဲ ဆုပ်ကိုင်ပြီး ဖြတ်သန်းချင်ပါတယ် ၊
ဦး ကို လက်ထပ်ပါ "

" ဟောတော် ရှင်ရယ် ၊ အချိန်လဲကြည့် နေ့လယ် ထမင်းစားချိန်ကြီး ဘယ်တရားရုံးမှ လူရှိနေမှာမဟုတ်ဘူး
လက်ထပ်ဖို့အတင်းလောဆော်နေတယ် တကယ်ဘဲ လူပျိုသိုးကြီးကတော့ ဟွန်း... လက်စွပ် နဲ့ လက်ထပ်ခွင့်တောင်းရမဲ့ဟာကို "

" ဟုတ်သား ၊ အဟဲ ' ဒီမှာ ခဏစောင့် ဦးချက်ချင်းပြန်လာခဲ့မယ် "

" ရပါတယ်ရှင်ရယ်... မီးလေးက စတာပါ "

" မဟုတ်တာ ၊ တသက်မှာတခါဘဲ ကြုံရမဲ့ လက်ထပ်ထိမ်းမြားခြင်းမဟုတ်လား ၊ မကြာပါဘူး "

ကိုယ်ခြေလှမ်းကျဲကျဲတွေနဲ့ နေပူရဲရဲအောက်မှာ မြူးထူးကခုန်လျက် အကြောင်းမသိ သူတို့အဖို့ အရူးတစ်ယောက်လို့သာ သမှတ်ကြမှာအမှန် ၊
ကိုယ့်အဖြစ်က ရေသည်ယောင်္ကျား မိန်းမအတွက် အသပြာပြေးယူသဖွယ်...၊

" အိမ်ထိ ပြေးရလဲမမူ့ပေမယ့် စောင့်‌ကျန်ရစ်သူ ခလေးမ
ငြူစူမည်က စိုးရသေးတယ် ၊ ကဲ မထူးဘူး
လက်ကျန်ငွေနဲ့ အသိတစ်ယောက်ဆီကိုသာ ဝင်ငွေချေးကာ
လက်စွပ်တကွင်း ဝယ်လေတော့မယ် "

ပါးစပ်ကတပြောပြောနဲ့ အနီးနားလမ်းနှစ်ပြလောက်က
သူငယ်ချင်းဟောင်းအိမ်ဝင်ကာ ငွေချေး၍ သင့်တင့်‌သောလက်စွပ် ဝယ်ယူပြီး ခလေးမဆီ အပြေးနှင်ခဲ့တော့တယ် ။

" ဟူး...စောင့်ရတာကြာသွားသလား ကိုယ့်ခလေးငယ် "

" ရှင်...ချွေးတလုံးလုံးနဲ့ ‌ဦးကြည့်ရတာလဲ မသက်သာလိုက်တာ "

စိတ်ပူရှာနေသော ခလေးမကို တချက်ပြုံးပြီး ချွေးလာသုတ်ပေးသော လက်ကို အမိရဆုပ်ကိုင်ကာ
ဝယ်ယူလာသည့် လက်စွပ်ကို စွပ်ပေးရင်း....

" ဦးနဲ့ လက်ထပ်မယ် မလားဟင် "

" ဟီး... ဟုတ် ၊ ဦးနဲ့ဘဲနေလိုပါတယ် ရှင်..."

ဒီလိုနဲ့ဘဲ ပျော်ရွှင်ရတဲ့မိသားစုကို ပိုင်ဆိုင်ခဲ့ရတယ်ဆိုပါစို့ ၊
ငါ့တူတော်‌မောင်တို့လဲ အခွင့်ရရင် အချစ်ကို လက်မလွှတ်တန်း မိမိရရ ဆုပ်ကိုင်ပါလို့ မှာကြားရင်း နှုတ်ဆက်လိုက်တယ် ။
" ဟဲ...ဦးကတော့ ‌ခလေးမလေး လက်ကိုင်ထားရလို့
တာ့တာ မပြအားဘူး ၊ ရီးစားမရှိ ဘာမရှိနဲ့ ငါတူတို့တော့
ပြန် လက်ပြပါဦး ... ဟဲ ..နောက်တာပါ စွန်ကြပါစေကွာ "

-*-*-*-*-*-*ပြီးပါပြီ-*-*-*-*-*-*-*-

#author_issei_mine
Issei Mine


You are reading the story above: TeenFic.Net