အခန်း၇။ သိုသိုသိပ်သိပ်နေချင်တောင် နေမရဘူး
ဂျိဟာသည် ချင်ရှုကို အသိပေးလိုက်ပြီးသည့်နောက် ဆေးဖော်ခန်းထဲက ကျောက်ယွမ်ကို ကြည့်လိုက်လေသည်။
သူမျက်နှာထက်တွင်တော့ လှောင်ပြောင်နေလိုသောအပြုံးနှင့်။
ကျောက်ယွမ် ခုနက ပြလိုက်သည့်ခွန်အားသည် သူ့အား အမှန်တကယ်ကို ထိတ်လန့်သွားစေခဲ့သည်။ တကယ်တော့ ကျောက်ယွမ်၏ ခွန်အားကို သူ့အောက်တွင်ရှိသည်ဟုပင် ပြောမရတော့ချေ။
သို့သော်လည်း ကျောက်ယွမ်က အခွင့်အလမ်းတစ်ခုခုနှင့် ကြုံကြိုက်ခဲ့ရနိုင်သည်ကို တွေးမိသည့်အခါမှာတော့ စိတ်သက်သာရာရသွားလေသည်။ အခွင့်အလမ်းများအပေါ် မှီခိုနေရသည့် လူတစ်ယောက်မှာ သူ့အနေနှင့် စကားထဲထည့်ပြောရန်ပင်မလိုချေ။
*အခု ကျောက်ယွမ်က ဆေးလုံးတွေသန့်စင်ဖို့ပါကြိုးစားနေတာလား။ အဲ့တာက မလွန်လွန်းဘူးလား။*
ဆေးပညာနှင့်ပတ်သတ်လျှင် ဂျိဟာကလည်း ပါရမီပါသည်ဟုပြော၍ရပေသည်။ သူက အဂ္ဂိရက်ခန်းမတွင်ပင် အလုပ်သင်ဖြစ်နေပြီဖြစ်သည်။ သူသည် တရားဝင်ဆေးဖော်သူမဖြစ်သေးသော်လည်း သူ့ဆရာ၏ အသိအမှတ်ပြုမှုကိုရရှိထားလေသည်။
အလုပ်သင်တွေသည် မည်မျှပင် ပါရမီရှိပါတည်ဖြစ်စေ သူတို့အနေနှင့် အတွေ့အကြုံရှိသည့် သင်ပြပေးမည့်သူလိုအပ်လေသည်။
ဆေးဖော်သူတိုင်း ဤတိုက်ကြီး၌ အလေးစားခံကြရသည်။
အဘယ့်ကြောင့်ဆိုသော် ဆေးဖော်သူများသည် ရှားပါရသောကြောင့် ဖြစ်လေသည်။ လေ့ကျင့်ရသည်မှာလည်း အလွန်ခက်ခဲလေသည်။ ထို့အပြင် ဆေးဖော်သူတစ်ယောက်ဖြစ်လာရန် အလွန်များပြားသော ဆေးအမယ်များနှင့်လေ့ကျင့်ရန်လိုအပ်ပေသည်။
အင်အားစုကြီးများက ဆေးဖော်သူတစ်ယောက်ရရှိရန် အစွမ်းကုန်ကြိုးစားကြမည်ဖြစ်ပေသည်။ သူတို့၏ အဆင့်အတန်းက အလွန်မြင့်မားလေသည်။
ယခု ကျောက်ယွမ်သည် သင်ကြားပေးမည့်သူ တစ်ယောက်မှလည်းမရှိဘဲ သူ့ဟာနှင့်သူ ဆေးဖော်ရန်ကြိုးစားနေလေသည်။ ဤသည်က စိတ်ကူးယဉ်နေခြင်းမဟုတ်လျှင် ဘာများလဲ။
ဂျိဟာက ကျောက်ယွမ်၏ ခွန်အားကိုသိပြီးသော်ငြားလည်း သူ့၏ဆေးဖော်စပ်ရန် ပါရမီကိုမသိသေးချေ။ သူ့မျက်နှာပေါ်၌ လှောင်ပြောင်လိုသည့် အပြုံတစ်ခုဖြစ်ပေါ်လာလေသည်။ လူတိုင်းက ဆေးလုံးများသန့်စင်နိုင်ခြင်းမဟုတ်ပေ။ ဂျိဟာသည် ဆေးဖော်ခန်းထဲဝင်သွားပြီး အသုံးပြုမယ့်ဆေးအမယ်များနှင့်အလုပ်ရှုပ်နေသော ကျောက်ယွမ်ကို ကြည့်လိုက်လေသည်။
"မင်းက ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဆေးလုံးသန့်စင်ဖို့ပြောင်းလဲလိုက်တာလား။"
သူကဆက်လက်ပြီး " ကျောက်ယွမ်ရေ ဆေးလုံးသန့်စင်တာနဲ့ ကျင့်ကြံတာက လုံးဝကို မတူညီတဲ့ နယ်ပယ်နှစ်ခုပဲ။ မင်းက ဒီနယ်ပယ်နဲ့ ပတ်သတ်ပြီး သိတာရှိလို့လား"
"ငါ့ကိုယ်ငါ ဆေးဖော်သူလို့ပြောလို့တော့မရသေးပေမဲ့ ငါ့ဆရာသင်ထားတာတွေအများစုကိုတော့ ကျွမ်းကျင်နေပြီ။ ငါမင်းကိုသင်ပေးရဦးမလား"
ဂျိဟာက အလုပ်ရှုပ်နေသည့် ကျောက်ယွမ်ကိုကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
သို့သော်လည်း ကျောက်ယွမ်ကို လှောင်ပြောင်လိုက်ပြီးနောက်တွင်ပင် ကျောက်ယွမ်က သူ့ဟာနှင့်သူအလုပ်ရှုပ်နေကာ သူ့ကိုအဖက်တောင်မလုပ်ပေ။ သူ့အား လှည့်တောင်မကြည့်ပေ။ ဂျိဟာကို မမြင်သကဲ့သို့ပင်။ သူ့ကို အလေးအနက်မထားဘူးဆိုတာ အသိသာပင်ဖြစ်သည်။
ဤသည်က ဂျိဟာကို ဒေါသထွက်သွားစေခဲ့ပြန်သည်။ ဂျိဟာမှ စကားပြောမယ်ပြင်လိုက်ရာ သူသည် ဆေးဖော်ခန်းထဲက စားပွဲပေါ်တွင် ဆေးအမယ်များသည် ချီသန့်စင်ခြင်းဆေးလုံးအတွက် သုံးဖုံစာပြင်ထားကြောင်းတွေ့လိုက်ရလေသည်။
ပြီးတော့ အခန်းကိုလည်း တစ်ရက်စာငှားယမ်းထားကြောင့်တွေ့လိုက်ရလေသည်။ သူက မရီဘဲမနေနိုင်ဘဲ ချက်ချင်းပဲ ပြောလိုက်၏။
"ဆေးဖော်တယ်ဆိုတာက ငမွဲတွေလုပ်နိုင်တဲ့ အရာမဟုတ်ဘူးကွ။"
"မင်းက စိတ်ဝိညာဉ်ကျောက်တုံးလေး နှစ်တုံးလောက်ရှိရုံနဲ့ ဒီထဲကိုလာရဲသေးတာလား။ ပိုက်ဆံမရှိဘဲနဲ့ ချမ်းသာချင်ယောင်မဆောင်မနေနဲ့"
"မင်းက ဘာမှမသိသေးဘဲနဲ့ ခုမှစတာကို ဆေးဖုံသုံးဖုံထဲနဲ့ ဆေးဖော်ဖို့ကြိုးစားနေတာပေါ့။ ဒါကမင်းအတွက် ဟာသများမှတ်နေလား"
"ဘယ်ဆေးဖော်သူက မအောင်မြင်ခင် အကြိမ်ပေါင်းများစွာမကျရှုံးဖူးဘဲ နေလို့လဲ။"
"မင်း ငါ့စကားနားထောင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ချီသန့်စင်ခြင်းဆေးလုံးတွေဝယ်ဖို့သုံးလိုက်ပါလား။ မင်း အချိန်အတော်ကြာ ကျင့်ကြံဖို့လုံလောက်မှာပါ"
"မြန်မြန် ထွက်သွားတော့ ဒီနေရာက မင်းလို ငမွဲတွေ လာရမဲ့နေရမှာမဟုတ်ဘူး"
ဂျိဟာပြောနေသည်ကို ဘေးနားက လူများ၏အာရုံကိုပါ ဆွဲဆောင်သွားလေသည်။ အကုန်လုံးက သူတို့ရှိနေသည့် အခန်းဆီကို ကြည့်လိုက်ကြလေသည်။ သူတို့တွေသည် ကျောက်ယွမ်က ဆေးဖုံသုံးဖုံထဲနှင့် ချီသန့်စင်ခြင်းဆေးလုံးဖော်ဖို့ကြိုးစားနေတယ်ဆိုသည်ကို ကြားလိုက်သောအခါ ရယ်မောလိုက်ကြလေသည်။
ကျောက်ယွမ်က အခုမှ အသစ်ဝင်လာသူဖြစ်ပြီး ဆေးဖော်ခြင်းနှင့်ပတ်သတ်ပြီး ဘာမှမသိသေးရာ ပို၍ပင် ရယ်စရာကောင်းနေတော့သည်။
တစ်ယောက်က ပြောလိုက်လေသည်။ "ဟားဟား ရီရတာသေတော့မယ်။ မင်းက ချီသန့်စင်ခြင်းဆေးပြားကို စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးထဲနဲ့ ဖော်စပ်ချင်နေတယ်ပေါ့။ ဘာတုန်း ဟင်းချက်နေတာများထင်နေတာလား"
"ကျောက်ယွမ်ဆိုတာ ဂိုဏ်းထဲက အနိမ့်ဆုံးကောင်မလား။ ဘာတုန်း သူက အကဲဖြတ်မှုမှာ မအောင်နိုင်တော့မှန်းသိလို့ တခြားနည်းနဲ့ ဂိုဏ်းမှာဆက်နေနိုင်ဖို့ကြိုးစားနေတာလား။"
ကြည့်နေကြသည့် တပည့်အချို့က ကျောက်ယွမ်ကို မှတ်မိသွားကြသည်နှင့် ခေါင်းခါလိုက်ကြလေသည်။ သူတို့အတွေးထဲမှာတော့ ကျောက်ယွမ်က အကဲဖြတ်မှုနီးလာသည်နှင့်အမျှအထုတ်ပယ်ခံရမှာကြောက်နေခြင်းသာဖြစ်သည်။ ထို့ကြောင့် ဆေးဆရာဖြစ်အောင်လုပ်ပြီး အကဲဖြတ်မှုကို ရှောင်လွှဲရန် ကြိုးစားနေခြင်းဖြစ်ရပေမည်။
"သူက ဆေးဖော်တာသင်ဖို့ လာတာမဟုတ်ဘူး။ လာပြီး လောင်းကစားလုပ်နေတာပဲ"
"သူက အပြင်စည်းတပည့်ကနေ ဆေးဆရာများဖြစ်သွားမလာဆိုပြီး လာလောင်းနေတာပဲ"
"ဒါပေမဲ့လောင်းဖို့ဆို လောင်းကြေးပါဦးမှလေ"
ဆံပင်ကောက်ကောက်နှင့် အရပ်ရှည်ရှည်လူက ပြောလိုက်လေသည်။
"သူ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးက လောင်းကြေးပဲမလား"
အသားမည်းမည်းဖက်တီးက ပြောလိုက်သည်။
"အဲ့တာတွေကို လောင်းကြေးလို့တောင်ခေါ်လို့ရမှာလား"
အရပ်ရှည်ရှည်လူက ပြောလိုက်လေသည်။
"အဲ ပြောလို့တော့ရလောက်မှာပါ"
အသားမည်းမည်းဖက်တီးက ဘာမှဆက်မပြောနိုင်တော့ချေ။
သူတို့နှစ်ယောက်ပြောနေသော စကားများကိုကြားပြီးနောက် အကုန်လုံးက အူနာသည်အထိ ရယ်လိုက်ကြလေသည်။
လှောင်ပြောင်မှုတွေကြားထဲပင် ကျောက်ယွမ်၏ မျက်နှာကတော့ ပုံမှန်အတိုင်းပင်။ သူ့ဟာနှင့်သူ အလုပ်ရှုပ်နေလေသည်။ အကုန်လုံး၏ လှောင်ပြောင်ခြင်းတွေကို လျစ်လျှုရှုထားလေသည်။
"ဘယ်သူက အကိုကျောက်ယွမ်မှာ ငွေမရှိဘူးပြောတာလဲ"
လူအုပ်ထဲကနေ ခပ်စွာစွာလေသံတစ်ခုထွက်ပေါ်လာလေသည်။
ထိုအသံကိုကြားလိုက်ပြီးနောက် အကုန်လုံးက ရယ်နေရရာကနေရပ်လိုက်ပြီး အသံလာရာကို ကြည့်လိုက်ကြသည်။
"ဒီအသံ... ဒါက...... "
"မဖြစ်နိုင်ဘူးမလား သူမကဘယ်လိုလုပ်ဒီရောက်လာတာလဲ"
အားလုံး၏အကြည့်အောက်မှာပဲ ချစ်စရာကောင်မလေးတစ်ယောက် အခန်းထဲသို့ ရောက်လာလေသည်။
သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏အသားအရေမှာ ကျောက်စိမ်းကဲ့သို့ချောမွေ့နေပြီး နှင်းကဲ့သို့ ဖြူဖွေးနေလေသည်။ သူမ၏ရှည်လျားသည့်အနက်ရောင်ဆံနွယ်လေးတွေက ပုခုံးပေါ်မှာကျနေပြီး လေထဲ တလွင့်လွင့်ဖြစ်နေသည်။
သူမသည် နောက်ထပ်ကျက်သရေရှိသော မိန်းမလှလေးတစ်ဦး၏ လက်ကိုတွဲထားလေသည်။ ထိုအမျိုးသမီးလေးကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးလျက် မျက်လုံးများမှာတော့ ရေကဲ့သို့ ကြည်လင်နေလျက်ရှိပေသည်။ သူမက ဘေးကိုကြည့်လိုက်သည့်အခါတွင် နူ့ညံပြီး မြင့်မြတ်သည့် အမူအရာတို့မှာ ထွက်ပေါ်လာလေသည်။
မိန်းမပျိုနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်လက်ချင်းတွဲလျက် ဆေးဖော်ခန်းထဲသို့ ဝင်ရောက်လာကြလေသည်။
အကုန်လုံးက သူတို့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားကြသည်။ ချစ်စရာကောင်းပြီး သွက်လက်တဲ့ကောင်မလေးက ရှင်းအာဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်လောက်ကထွက်ပေါ်လာခဲ့သော ပါရမီရှင်လေးဖြစ်ပေသည်။
"သူမကလှလိုက်တာ"
"လှလိုက်တာ သိမ်မွေ့လိုက်တာ"
မိန်းမပျိုနှစ်ယောက်ဘဝင်ရောက်လာပြီးသည့်နောက်မှာပဲ ဆေးဖော်ခန်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။ ရှိသမျှလူတိုင်းက ချစ်စိတ်မွှန်နေသောမျက်လုံးများနှင့် ကြည့်လိုက်ကြသည်။ သူတို့အကြည့်တွေက သူတို့ဆီမှာပဲရှိနေကာ လူအုပ်ကြီးတစ်ခုလုံးကျောက်ရုပ်များကဲ့သို့ ဖြစ်နေလေသည်။
လူတိုင်းက ထိုမိန်းမပျိုနှစ်ဦးကြောင့်ဆေးဖော်ခြင်းကနေ အာရုံပြောင်းသွားကြလေသည်။
"ဒီနတ်ဘုရားမနှစ်ပါးက ဘယ်သူတွေလဲ"
အခုလေးတင်ဝင်လာသည့် မိန်းမပျိုနှစ်ယောက်အကြောင်းကို မသိသေးသော အပြင်စည်းတပည့်က စိတ်ရှုပ်ထွေးစွာနှင့်ပဲ မေးလိုက်သည်။
အတွင်းစည်းတပည့်တစ်ယောက်က ထိုလူ၏စကားကိုကြားပြီး နတ်ဘုရားမနှစ်ယောက်အကြောင်းကို ပြောပြလိုက်လေသည်။
"ပြီးရင် အဖြုရောင်နဲ့ နတ်ဘုရားမလေးကတော့ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်တဲ့ စီနီယာအမစုပဲ။ သူမက ဂိုဏ်းထဲမှာ အနူးညံ့ဆုံးနဲ့ အကောင်းဆုံး စီနီယာအမပဲ ဘယ်သူမှသူ့ကိုမယှဉ်နိုင်ဘူး။"
မိန်းမပျိုနှစ်ယောက် ဝင်ရောက်လာပြီးသည့်နောက်မှာ အကုန်လုံးက တိတ်ဆိတ်သွားကာ ဘာမှမပြောရဲကြတော့ချေ။ သူတို့က စီနီယာအမစုကို ရင်ထဲကနေ လေးစားကြလေသည်။
"အကိုကျောက်ယွမ်"
ရှင်းအာက စုဝမ်ရီ၏လက်ကို လွှတ်ကာ ကျောက်ယွမ်ဆီကို သွားရင်း ချိုသာစွာခေါ်လိုက်လေသည်။
ကျောက်ယွမ်က ချစ်စရာကောင်းသည့် ရှင်းအာကို ကြည့်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
ယခု သူမရောက်လာမှတော့ သူက သိုသိုသိပ်သိပ်နေရန်ပင် မဖြစ်နိုင်တော့ချေ။
You are reading the story above: TeenFic.Net