..
[ U ]
ရှလင်နဲ့ စုန့်ယန်တို့ရင်မိုဟွားရဲ့ ဗီဒီယိုကို လက်ခံရရှိခဲ့တယ်၊ထို အချိန်သူတို့က
ကျုန်းရှို့ နေရာကို ရှာဖွေနေကြတယ်။
ရင်မိုဟွားထွက်သွားပြီး မရှေးမနှောင်းမှာပဲ
ကျုန်းရှိူ့ကိုလည်း မတွေ့ရတော့၊ ဖုန်းကိုပါ
ပိတ်ထားပြီး ရှလျန်ပင်နားမလည်နိုင်တဲ့
စာတိုလေး တစ်ခုသာချန်ရစ်ခဲ့တယ်။
ရှလျန်က ရှလင်၏ဖုန်းထဲမှ ဗီဒီယိုအားကြည့်မိတဲ့ အခါမှ ဖြစ်ပျက်သမျှ အကြောင်းစုံကို
အလျင်အမြန် နားလည် နိုင်ခဲ့တယ်။
အတော်လေး ညဥ့်နက်တဲ့အချိန်မှ ကျုန်းရှို့
တစ်ယောက်တည်းရှအိမ်ဆီသို့ ပြန်လာချိန်
ရှလျန်ဧည့်ခန်းထဲတွင်ထိုင်လျက် သူ့ကို
စောင့်နေတယ်။
အိမ်ထဲသို့ဝင်လာတဲ့အခါ, ကျုန်းရှို့ ဝတ်ဆင်ထားတဲ့ သားမွှေးကုတ်အကျီက အပြင်ဘက်မှ နှင်းမှုန်တို့ကြောင့် အနည်းငယ်ပင်စွတ်စိုချင်နေလျက် ခဲခဲယဥ်းယဥ်းပင်တွေ့ရတဲ့
အရောင်အဝါတစ်ခုကသူ့တစ်ကိုယ်လုံး
အားလွှမ်းခြုံလျက်ရှိနေတယ်။
ရှလျန် သူ့ကို တိတ်ဆိတ်စွာပင် ငေးကြည့်နေမိတယ်၊ ကျုန်းရှိူ့က အခြား ကမ္ဘာတစ်ခုတွင်
လေးနှစ်ကြာမျှစစ်မှုထမ်းခဲ့ပြီးထိုကာလ
များတွင် အတော်လေးပင်ခက်ခဲကြမ်းတမ်း
ခဲ့ရတယ်။
ရက်စက်ကြမ်းကြုတ်သောသေခြင်းရှင်ခြင်းတွေကြား ကြောက်မက်ဖွယ်ရာ စစ်ပွဲ တွေကို
ဘယ်လောက်များများ တွေ့ကြုံ ခဲ့ပြီလဲ၊
တချိန်တည်းမှာပဲ အားနည်းချက်တွေကိုဖယ်ရှားနိုင်ခဲ့ပြီး ရင့်ကျက်မှု တွေသာ
တွေ့နေရတယ်။
သူ့ရှေ့မှလူက လွန်ခဲ့တဲ့လေးနှစ်ကလိုအရာရာကို ထိတ်လန့်တုန်လှုပ်တတ်တဲ့ ကလေးလေး တစ်ယောက်မဟုတ်တော့ဘူး။
ရှလျန်ကျုန်းရှိူ့ကို ကြည့်နေချိန် ကျုန်းရှိူ့ကလည်းရှလျန်ကို ပြန်ကြည့်လာတယ်၊ အချိန်အတော်ကြာအောင် အပြည့်အဝစိတ်ဓာတ်ရေးရာအား ပြင်ဆင်ထားပေမယ့်ရှလျန်ရဲ့
အမူအရာကို မြင်လိုက်ရတဲ့အခါ သူ့စိတ်ထဲ
အနည်းငယ်စိုးရိမ်သွားတယ်။
ကျုန်းရှို့ သူ့ ကုတ်အကျီကို ချွတ်လိုက်တယ်၊
ထိုနည်းတူ ပုံသဏ္ဌာန်ကလည်း တမုဟုတ်ခြင်း နူးညံ့သိမ်မွေ့သွားတယ်၊ရှလျန်ဆီသို့
လျှောက်လာပြီး နူးညံ့စွာပဲ ပြောလာတယ်၊
"လျန်ကော, ဘယ်လိုဖြစ်လို့ အစောကြီး
နိုးနေတာလဲ?"
"ငါအစောကြီးနိုးနေတာမဟုတ်ဘူး၊
ငါတညလုံး မအိပ်ရသေးတာ"
ရှလျန် သူ့ကို လှည့်ကြည့်လာပြီး,
"မင်းဘယ်တွေသွားနေတာလဲ?"
ကျုန်းရှိူ့ သူမေးတာကို မဖြေဘဲ ပြန်မေးလာတယ်၊
"ကော ဗီဒီယို တွေ့ပြီးပြီမလား?"
"မင်းတကယ်ကြီးလုပ်ခဲ့တာလား?"
"ကျုန်းရှို့, မင်းက ABOတွေရဲ့ ပုံစံအတိုင်း
လုပ်လိုက်တာ ဖြစ်နိုင်တယ်"
ရှလျန် သူ့ဒေါသတွေကို ဖိနှိပ်ရင်း,
"ဒါပေမဲ့ ဒီကမ္ဘာက ABOမဟုတ်ဘူးဆိုတာကို မမေ့နဲ့၊ ဒီမှာက ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်း
တွေရှိတယ်၊မင်း လုပ်ချင်သလို လုပ်လို့မရဘူး၊ သူတို့ကို မင်းလျစ်လျူရှုမှ ရမယ်"
"ဒီမှာ ဥပဒေတွေရှိတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်၊ဒါပေမဲ့ ငွေကြေး အာဏာနဲ့
စည်းကမ်းမလိုက်နာတဲ့လူတွေ အများကြီးရှိ
နေကြတယ်၊ လွန်ခဲ့တဲ့လေးနှစ်က သူလုပ်ခဲ့တဲ့ အရာတွေ အတိုင်းကျွန်တော်သူ့ကို
ပြန်ပေးခဲ့တာ"
ရှလျန် အချိန် အတော်ကြာနှုတ်ဆိတ်နေမိတယ်။
ကျုန်းရှိူ့ သူ့စကားစကို ဖြတ်ပြီးနောက်နူးညံ့စွာပဲ တိုးတိုးလေး ပြောလာတယ်၊
" လျန်ကော, ကောက ကျွန်တော်နဲ့အတူ ပြောင်းရွေ့ နေထိုင်ဖို့ ဆန္ဒရှိတာကို ကျွန်တော်တကယ်ဝမ်းသာနေတာ၊ ဒါပေမဲ့ ကော ဒီမှာရှိတဲ့ အရာတွေကိုလည်း စွန့်လွှတ်ချင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သိတယ်၊
ကောရဲ့ မိသားစု ဒီမှာရှိနေချိန် ရင်မိုဟွားရဲ့
လျှို့ ဝှက် အန္တရာယ်ကလည်း ရှိတယ်၊ခုလို
ဆုံးဖြတ်ချက်ချရတဲ့အတွက် ကောဘယ်သောအခါမှနောင်တမရအောင် ကောဒီကနေ
မသွားခင်, ကောရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် ဖြေရှင်းပေးရမယ်လေ"
ရှလျန်ရဲ့ဒေါသတို့တဖြေးဖြေးပင်အနည်ထိုင်သွားပြီ။
" ရင်မိုဟွား အခုဘယ်မှာလဲ?"
"ကျွန်တော့် တပည့်တချို့နဲ့ အရာအားလုံးကို
အဆင်ပြေပြေ ဖြေရှင်းနိုင်အောင် စီစဥ်ထားတယ်၊ ကော စိတ်မပူနဲ့၊ သူ့ကို သတ်ဖို့ ဒါမှမဟုတ် သူ့ ခြေထောက်တွေကို ဆုံးရှုံး ဖို့လုံးဝ မစီစဥ်ထားဘူး၊ ကျွန်တော်တို့ ထွက်သွား
ပြီး ရင် ကျွန်တော်လူတွေက သူ့ကို အရင်အတိုင်း ပြန်ပို့ပေးလိမ့်မယ်"
ရှလျန် ခေါင်းညိတ်ပြနေသည့်တိုင် သူ့စိတ်ထဲမှစိုးရိမ်မှုတွေက မသက်သာခဲ့ဘူး၊ကျုန်းရှိူ့က သူ့ မျက်နှာပေါ်မှ ပြောင်းလဲမှုတွေကိုဂရုပြုမိရင်း,
"လျန်ကော, ကော သံသယရှိနေတုန်းလား?
ကောသိချင်တာမှန်သမျှ ကျွန်တော်အကုန် ပြောပြလို့ရပါတယ်, ရင်ထဲမှာ အလေးခံပြီး
မထားနဲ့"
ရှလျန် မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားရင်း ပြောလာတယ်၊
" ကျုန်းရှိူ့ , မင်းရဲ့ စရိုက်ကြောင့် ဒါမှမဟုတ်
မင်းက ငါ့ထက် အသက်ငယ်တာကြောင့် လည်း ဖြစ်နိုင်တယ်၊မင်းက အသစ်အသစ်သော အတွေ့အကြုံတွေကို ငါ့ထက်ပိုပြီး
အမြန်လက်ခံခဲ့ရတယ်၊ မင်းရဲ့ ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်း ဒါမှမဟုတ် အရည်အချင်းတွေက
ငါထက် အရာရာပိုပြီး ကောင်းမွန်နေတယ်..."
ကျုန်းရှို့ မတ်တပ်ထရပ်ပြီး ရှလျန်ရဲ့
ကျောပြင်ကိုကြည့်ရင်း မသက်မသာဖြင့်
မေးလိုက်မိတယ်၊
"လျန်ကော, ကော အခုဘာပြောချင်တာလဲ?"
"ငါက တစ်ခုခုကို မလုပ်ခင်မှာ အသေအချာတွေးပြီးမှလုပ်တတ်တဲ့သူတစ်ယောက်..ဒါကြောင့်မို့ အချို့သော အရာတွေကို အလွယ်တကူ လက်မခံနိုင်သလို ပြောင်းလဲမှု အချို့ကိုလည်း လက်မခံနိုင်ဘူး၊ ဒါပေမဲ့ ငါဒါတွေကို လက်ခံပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ရတယ်၊
ငါလက်ခံပြီဆိုရင်လည်း ဒါတွေအတွက်
ငါဘယ်တော့မှနောင်တရမှာမဟုတ်ဘူး"
ရှလျန် တဖက်သို့လှည့်ပြီး ကျုန်းရှို့ကို ကြည့်လိုက်တယ်၊
" ငါ့မျိုးရိုးဗီဇပြောင်းလဲတာကို သိလိုက်ရတဲ့အချိန် ငါ့လုံးဝ ခံနိုင်ရည် မရှိတာကို မင်းလည်း သိမှာပါ, ဒီအဖြစ်မှန်ကိုလည်း အချိန်အတော်ကြာတဲ့အထိ လက်မခံနိုင်ခဲ့ဘူး၊
ဒူလန်ကျဲနဲ့တောင် ဆေးဖက်ဆိုင်ရာ အကူအညီနဲ့ ဒီအဖြစ်အပျက်တွေကို ပြောင်ူလဲချင်တာမို့ သူတို့ရဲ့စမ်းသပ်မှုမှာ ပါဝင်မယ်လို့ ကတိပြုခဲ့မိသေးတယ်"
"ဒါပေမဲ့ နောက်ပိုင်း ငါကိုယ်ဝန်ရှိလာတဲ့အချိန်မှဒီအဖြစ်အပျက်တွေကို ဖြေးဖြေးချင်း
လက်ခံလာခဲ့မိတယ်၊ နောင်အနာဂတ်မှာ ရှရှရှိလာတော့မှာမို့ မင်းကိုလည်းဖြေးဖြေးချင်းပဲ
ငါလက်ခံခဲ့ရတယ်၊ မင်းစိတ်ထဲမှာ ငါ့ကို ဘယ်လို ထင်မလဲ မင်းမျက်လုံးတွေထဲမှာ
ငါ့ကို ဘယ်လို မြင်နေမလဲ ဆိုတာကို တော့
ငါမသိဘူး၊ ငါက မင်းရဲ့ချစ်သူလား၊ ဆွေမျိုးလား ဒါမှမဟုတ် ငါကမင်းရဲ့ အိုမီဂါလား?"
ကျုန်းရှိူ့ ဖြေးဖြေးချင်းရှလျန်အနီးသို့လျှောက်သွားလိုက်တယ်၊
"လျန်ကော..."
"ငါ့စကားကို အရင်နားထောင်"
ရှလျန်က သူ့ကို အနားမကပ်စေရန် လက်မြှောက်ပြီး ရပ်တန့်စေတယ်၊
" အမှန်တကယ်တော့ ပြန်တွေးကြည့်မယ်ဆိုရင်, ငါတို့ ဟိဝင်နေတဲ့အချိန်,မင်းဘေးမှာ
အိုမီဂါဆိုလို့ ငါတစ်ယောက်တည်းရှိသလို
ငါ့ဘေးမှာလည်း အယ်ဖာဆိုလို့ မင်းဘဲရှိတယ်၊ငါတို့မှာ အခြားရွေးချယ်စရာမရှိဘူး၊
ဒါက မင်းနဲ့ ငါတိုက်ဆိုင်စေဖို့ ကောင်းကင်ဘုံ အလိုကျဖန်ဆင်းတာလည်း ဖြစ်နိုင်တယ်၊
ဒါပေမဲ့ အပြင်လောကမှာ ပရိုမုန်းတွေရဲ့ လွှမ်းမိုး မှု တွေသာမရှိတော့ဘူးဆိုရင်,
မင်းငါ့ကို ပဲ တကယ်ရွေးချယ်မှာလား?
မင်းဘဝတသက်တာကို ငါနဲ့ပဲအတူ ဖြတ်သန်းဖို့ မင်း တကယ်ကြီး
ကျုန်းရှိူ့က သူ့စကားပြီးပြီးချင်းမှာပဲ
သူ့ရှေ့တွင် တိတ်တဆိတ်ဖြင့် ဒူးထောက်လာတယ်၊ကျုန်းရှိူ့ရဲ့ရုတ်တရက်ဆန်တဲ့ အပြု
အမူကြောင့်ရှလျန် အံ့အားသင့်သွားတယ်။
"မင်းဘာလုပ်တာလဲ?"
"လျန်ကော, လွန်ခဲ့တဲ့ လေးနှစ်ကတည်းက
ကျွန်တော်ကောကို ပြောပြချင် ခဲ့တာတွေရှိတယ်"
ကျုန်းရှိူ့ ခေါင်းလေး မော့ပြီး သူ့ကို ကြည့်လာတယ်။
" ကျွန်တော်တို့ ပထမဆုံးစတွေ့တုန်းက
အချိန်ကို ကောမှတ်မိလား?"
ရှလျန် ထိုအချိန်ကို ခဏမျှပြန်စဥ်းစားလိုက်တယ်၊
" အဲ့ဒီအချိန်က...မိဘမဲ့ ဂေဟာမှာ ဖြစ်လောက်တယ်"
ကျုန်းရှိူ့ ပြုံးလိုက်မိတယ်,
" ကြည့်...လျန်ကော, ကောကကျွန်တော့်
ထက် နှစ်အနည်းငယ်အသက်ပိုကြီး ပေမယ့်
ဒီ အဖြစ်အပျက်ကို ကျွန်တော်မှတ်မိသလောက် ကော မမှတ်မိလောက်ဘူး၊
ဘာကြောင့်လဲ ဆိုတာရောကောသိလား?"
ရှလျန်ဇဝေဇဝါဖြင့် သူ့ကို ကြည့်တယ်၊
"ကောရဲ့ဘဝမှာတော့ ကျွန်တော်က ရှမိသားစုမှာ အမှတ်တမဲ့ ဖြစ်ပေါ်လာတဲ့
မွေးစားတစ်ယောက်အဖြစ်ပဲ ရှိနေနိုင်ပေမယ့်
ကောက ကျွန်တော့်ဘဝရဲ့ ကံကြမ္မာကို
ပြောင်းလဲစေပြီး ကမ္ဘာကြီးနဲ့ ထိတွေ့ဖို့
ခေါ်ထုတ်လာတဲ့ ကျွန်တော့်ရဲ့ဖန်ဆင်းရှင်ပဲ"
"ဘွားရှက အစကတည်းက ကျွန်တော့်ကို မွေးစားဖို့ မရည်ရွယ်ထားဘူးဆိုတာကို ကျွန်တော်သိတယ်၊ ကောကပဲ သူ့ကို စိတ်ပြောင်းအောင်သွေးဆောင်စည်းရုံးခဲ့တယ်၊
အဲ့ဒီနေ့က ကောပြောခဲ့တဲ့ စကားတွေကိုလည်း ကျွန်တော်အသေအချာမှတ်မိနေခဲ့တယ်၊တနေ့ ကျွန်တော်မိဘမဲ့ကျောင်းက
ထွက်နိုင်အောင် လုပ်ရမယ်လို့ တိတ်တဆိတ်ကျိန်ဆိုခဲ့မိပေမယ့် ကော ကြောင့်ကျွန်တော်က ရှမိသားစုရဲ့ မွေးစားသားဖြစ်လာခဲ့ရတယ်၊ ကျွန်တော်ကကောကိုဘယ်တော့မှ
စိတ်မပျက်စေသလိုကောရဲ့ဆုံးဖြတ်ချက်
ကိုလည်းဘယ်တော့မှနောင်တရစေလို့
မဖြစ်ဘူး"
ရှလျန် ခဏမျှအံ့အားသင့်နေပြီးနောက်
ရုတ်တရက် မေးလာတယ်၊
" ဒါကြောင့် မင်း ငါတို့အိမ်မှာခံနိုင်ရည်ရှိအောင် နေခဲ့တာလား..."
"အဲ့ဒီအချိန်ကစပြီး ကျွန်တော်ကောနောက်ကို အမြဲတမ်း တိတ်တိတ်လေး လိုက်ခဲ့ပြီးကောရဲ့ ပျော်ရွှင်မှုတွေ၊ ဒေါသတွေ၊ဝမ်းနည်းမှုတွေကို ကောနဲ့ အတူ ဝေမျှခဲ့တယ်၊ ဘွားရှက ကျွန်တော့်ကို လင်ကောနဲ့ပဲအတူ ရှိစေတာမို့
တမိုးအောက်ထဲ အတူရှိနေခဲ့ပေမယ့် ကောနဲ့ အတူရှိနိုင်ဖို့ အခွင့်အရေးတွေ နည်းသထက်
ပိုပို နည်းလာခဲ့တယ်၊ ကျွန်တော်အတွက်
တနေ့တာမှာ ကောကို တကြိမ်လောက်ပဲ
မြင်ရရင် တောင်လုံလောက်ပြီမို့ အခွင့်အရေးလေးရတိုင်းကျွန်တော်ကောကို လိုက်ကြည့်နေခဲ့ရတယ်"
"အဲ့ဒီတုန်းက , ကျွန်တော်က တုံးအလွန်း
တာမို့ အဲ့ဒီခံစားချက်ကို ဘာမှန်းမသိခဲ့ဘူး၊ အထူးသဖြင့် လူပျိုဖော်ဝင်လာတဲ့အခါ,
ကောကို မကြည့်ဝံ့တော့ဘူး၊ဘာလို့လဲဆိုတော့ ကောကိုပဲ အမြဲမြင်ချင်နေမိလို့၊
ကျွန်တော် အရမ်းရှက်ရွံ့ နေခဲ့ရတယ် ၊
အဲ့ဒါက ထူးဆန်းတဲ့ရောဂါတစ်ခုလို ခံစား
နေရတယ်၊ဒီနေရာကနေထွက်သွားရင် အဲ့ဒီရောဂါ ကောင်းသွားမှာပဲလို့ တွေးမိပြီး
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးတာနဲ့ စစ်တက္ကသိုလ်ကို လျှောက်ခဲ့လိုက်တယ်၊
စစ်သင်တန်းကျောင်းရဲ့ စည်းမျဥ်းအတိုင်း
အိမ်ပြန်လည်ပတ်မှု အရေအတွက်ကို
လျော့ချနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့အားလုံးက အချည်းနှီးပဲ ဆိုတာကို
သိလိုက်ရတယ်၊စစ်တက္ကသိုလ်တက်နေ
ခဲ့တဲ့ ကျွန်တော်ကလေ ..ကောကို
အမြဲတမ်းအိပ်မက်မက်နေခဲ့တာ..."
ရှလျန် တစ်ယောက်ပါးစပ်အဟောင်းသားလေးဖြင့်စကားမပြောနိုင်ဖြစ်နေတယ်။
"နောက်ဆုံးမှာတော့ ကောအပေါ်ထားတဲ့ခံစားချက်တွေကို ကျွန်တော်နားလည်လာခဲ့တယ်၊ ဒါပေမယ့်ချီတုံချတုံဖြစ်နေခဲ့ပြီး နောက်ဆုံး ဒီအိမ်ကိုပဲ ပြန်လာခဲ့တယ်၊
ကောရဲ့ အနားမှာပဲ နေဖို့ ဆုံးဖြတ်ခဲ့တယ်၊
ကျွန်တော်ရဲ့ခံစားချက်တွေကို ကောကို
ဖွင့်မပြောနိုင်ခဲ့ရင်တောင် ကောကို နေ့တိုင်း
တွေ့နိုင်ပြီး ကောဘေးနားမှာ ကောလိုအပ်တာလေးတွေ လုပ်ပေးနိုင်သရွေ့ ကျွန်တော်ကျေနပ် နေခဲ့မိတယ်"
ကျုန်းရှိူ့ ခါးသီးစွာ ပြုံးမိရင်း ဆက်ပြောလာတယ်၊
"ကျွန်တော်က ကောထက် လက်ခံနိုင်မှု
ပိုမြန်တယ်လို့ ကော ပြောခဲ့တယ်၊ တကယ်တော့, ကျွန်တော်က ဖြစ်ပျက်နေတဲ့ အရာတွေကအမှန်တရားဆိုတာကိုကျွန်တော်မ
ယုံနိုင်ခဲ့ဘူး၊ ဒီလှပတဲ့အိပ်မက်လေးတွေ ဘယ်တော့မှ မကုန်ဆုံးရပါစေနဲ့လို့ ဆုတောင်းနေခဲ့ရတယ်၊ကျွန်တော်ကအရင်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေဘယ် လောက်များများလုပ်ခဲ့လည်းဆိုတာကိုပါ
ပြန်တွေးနေမိတယ် "
သူ့ကို ကြည့်နေရင်းမှရှလျန်ရဲ့ မျက်လုံးအိမ်လေးတွေ ငွေ့ရည်ဖွဲ့လာတယ်၊မရှေးမနှောင်းပင် ခေါင်းလေးငုံ့ပြီး ကျုန်းရှို့ရဲ့ နှုတ်ခမ်းတွေကိုစိတ်အားထက်သန်စွာနမ်းရှိုက်လိုက်တယ်။
"နှစ်ပေါင်း နှစ်ဆယ်ကျော်မင်းဒုက္ခတွေရောက်ခဲ့ရတာပေါ့ "
ရှလျန် သူ့ နှုတ်ခမ်းတွေကိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာတယ်၊
" မင်း ငါ့ကို စောစောကတည်းကပြောသင့်တယ်လေ"
ကျုန်းရှိူ့ရဲ့ နှလုံးသားက နာကျင်မှုတွေနဲ့
ပြည့်နှက်နေခဲ့တယ်၊
" ကော ကျွန်တော့်ကို ရူးနေတယ်လို့
ထင်မှာစိုးလို့ ကျွန်တော်မပြောရဲခဲ့ဘူး"
"လွန်ခဲ့တဲ့ လေးနှစ်ကလည်း တကယ်ကြီး
ပြောဖို့ရာ ခက်ခဲလွန်းခဲ့တယ်လေ"
ရှလျန် မျက်လုံးတွေမှိတ်သွားလုနီးနီးထိ
ပြုံးပြလိုက်တယ်၊
"ဒါပေမဲ့ အဲ့လို ထပ်မဖြစ်ရတော့ဘူး"
ကျုန်းရှိူ့ မတ်တပ်ထရပ်ပြီး ရှလျန်ရဲ့ မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ဖွဖွလေးပွေ့ယူကာနူးညံ့စွာနမ်းရှိုက်လိုက်တယ်၊
"လျန်ကော, ကျွန်တော်စိတ်ထဲကသိုဝှက်
ထားသမျှတွေ အကုန် ကောကိုဖွင့်ပြော
လိုက်ပြီနော် , ကျွန်တော့်ကိုကောစွန့်ပစ်
လို့ မရတော့ဘူး"
ရှလျန် မရယ်မောပဲ မနေနိုင်လျက် ,
"တိုက်တိုက်ဆိုင်ဆိုင်...ငါလည်း မင်းကို
အဲ့ဒါတွေပဲ...ပြောချင်နေခဲ့တာ"
"ငါ့ရဲ့ အယ်ဖာလေးကို ငါအရမ်းချစ်တာပဲ"
[ End]🍀
....................................................................
မူရင်းစာရေးသူဆရာမရဲ့ အမှာစာများ❤
ရှညီကိုတွေရဲ့ ဇာတ်လမ်းကတော့ပြီးသွားပါပြီ၊တချို့ကတော့ ရှလျန်နဲ့ ကျုန်းရှိူ့ တို့ ABOကိုရောက်ရင်ဘာဆက်ဖြစ်မလဲလို့ အဆက်မျှော်နေကြသူတွေရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊အင်း...နောင်အနာဂတ်မှာ အခြားဇာတ်လမ်းအသစ်တွေ ရှိကောင်းရှိလာနိုင်ပေမယ့်ရှညီကိုကတော့ ဒီနေရာမှာပဲပြီးဆုံးသွား
ခဲ့ပါပြီ။
နောက်တစ်ခုက ကျမက ဒီစာအုပ်ကစပြီး
စီးရီး တစ်ခု အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ
လုပ်ထားတာရှိပါတယ်။ ဒူလန်ကျဲ၊ ခဲ့မိုင်နဲ့
စုန့်ဟွိုင်ရှင်း တို့ အတွက် ဇာတ်လမ်းတွေ
ဆက်ရေး ဖို့ရှိပါသေးတယ်။ အသစ်လေး
တွေကို လည်း မျှော်လင့်ပေးနေမယ်လို့ယုံကြည်ပါတယ်။
ဒီနှစ်အတွက် ကြီးမားတဲ့ အကျိုးရလာဒ်တွေထဲမှာ ဒီဝတ္ထုလေးနဲ့ ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတွေနဲ့ အများကြီး
............... . ....................... . .... ....................
[ Z ]
ရွလင္နဲ႕ စုန့္ယန္တို႔ရင္မိုဟြားရဲ႕ ဗီဒီယိုကို
လက္ခံရရွိခဲ့တယ္၊ထို အခ်ိန္သူတို႔က
က်ဳန္းရွို႔ ေနရာကို ရွာေဖြေနၾကတယ္။
ရင္မိုဟြားထြက္သြားၿပီး မေရွးမႏွောင္းမွာပဲ
က်ဳန္းရွိူ႕ကိုလည္း မေတြ႕ရေတာ့၊ ဖုန္းကိုပါ
ပိတ္ထားၿပီး ရွလ်န္ပင္နားမလည္နိုင္တဲ့
စာတိုေလး တစ္ခုသာခ်န္ရစ္ခဲ့တယ္။
ရွလ်န္က ရွလင္၏ဖုန္းထဲမွ ဗီဒီယိုအား
ၾကည့္မိတဲ့ အခါမွ ျဖစ္ပ်က္သမွ် အေၾကာင္းစုံကို
အလ်င္အျမန္ နားလည္ နိုင္ခဲ့တယ္။
အေတာ္ေလး ညဥ့္နက္တဲ့အခ်ိန္မွ က်ဳန္းရွို႔
တစ္ေယာက္တည္းရွအိမ္ဆီသို႔ ျပန္လာခ်ိန္
ရွလ်န္ဧည့္ခန္းထဲတြင္ထိုင္လ်က္ သူ႕ကို
ေစာင့္ေနတယ္။
အိမ္ထဲသို႔ဝင္လာတဲ့အခါ, က်ဳန္းရွို႔ ဝတ္ဆင္ထားတဲ့ သားေမႊးကုတ္အက်ီက အျပင္ဘက္မွ ႏွင္းမႈန္တို႔ေၾကာင့္ အနည္းငယ္ပင္စြတ္စိုခ်င္ေနလ်က္ ခဲခဲယဥ္းယဥ္း
ပင္ေတြ႕ရတဲ့ အေရာင္အဝါတစ္ခုကသူ႕တစ္ကိုယ္လုံး
အားလႊမ္းၿခဳံလ်က္ရွိေနတယ္။
ရွလ်န္ သူ႕ကို တိတ္ဆိတ္စြာပင္ ေငးၾကည့္ေန
မိတယ္၊ က်ဳန္းရွိူ႕က အျခား ကမၻာတစ္ခုတြင္
ေလးႏွစ္ၾကာမွ်စစ္မႈထမ္းခဲ့ၿပီးထိုကာလ
မ်ားတြင္ အေတာ္ေလးပင္ခက္ခဲၾကမ္းတမ္း
ခဲ့ရတယ္။
ရက္စက္ၾကမ္းၾကဳတ္ေသာေသျခင္းရွင္ျခင္းေတြၾကား ေၾကာက္မက္ဖြယ္ရာ စစ္ပြဲ ေတြကို ဘယ္ေလာက္မ်ားမ်ား ေတြ႕ႀကဳံ ခဲ့ၿပီလဲ၊တခ်ိန္တည္းမွာပဲ အားနည္းခ်က္ေတြ
ကိုဖယ္ရွားနိုင္ခဲ့ၿပီး ရင့္က်က္မႈ ေတြသာေတြ႕ေနရတယ္။
သူ႕ေရွ႕မွလူက လြန္ခဲ့တဲ့ေလးႏွစ္ကလိုအရာရာကိုထိတ္
လန့္တုန္လႈပ္တတ္တဲ့ ကေလးေလး တစ္ေယာက္
မဟုတ္ေတာ့ဘူး။
ရွလ်န္က်ဳန္းရွိူ႕ကို ၾကည့္ေနခ်ိန္ က်ဳန္းရွိူ႕ကလည္းရွလ်န္ကို ျပန္ၾကည့္လာတယ္၊ အခ်ိန္အေတာ္ၾကာေအာင္ အျပည့္အဝစိတ္ဓာတ္ေရးရာအား ျပင္ဆင္ထားေပမယ့္ရွလ်န္ရဲ႕
အမူအရာကို ျမင္လိုက္ရတဲ့အခါ သူ႕စိတ္ထဲ
အနည္းငယ္စိုးရိမ္သြားတယ္။
က်ဳန္းရွို႔ သူ႕ ကုတ္အက်ီကို ခြၽတ္လိုက္တယ္၊
ထိုနည္းတူ ပုံသဏၭာန္ကလည္း တမုဟုတ္ျခင္း
ႏူးညံ့သိမ္ေမြ႕သြားတယ္၊ရွလ်န္ဆီသို႔
ေလွ်ာက္လာၿပီး ႏူးညံ့စြာပဲ ေျပာလာတယ္၊
"လ်န္ေကာ, ဘယ္လိုျဖစ္လို႔ အေစာႀကီး
နိုးေနတာလဲ?"
"ငါအေစာႀကီးနိုးေနတာမဟုတ္ဘူး၊
ငါတညလုံး မအိပ္ရေသးတာ"
ရွလ်န္ သူ႕ကို လွည့္ၾကည့္လာၿပီး,
"မင္းဘယ္ေတြသြားေနတာလဲ?"
က်ဳန္းရွိူ႕ သူေမးတာကို မေျဖဘဲ ျပန္ေမးလာတယ္၊
"ေကာ ဗီဒီယို ေတြ႕ၿပီးၿပီမလား?"
"မင္းတကယ္ႀကီးလုပ္ခဲ့တာလား?"
"က်ဳန္းရွို႔, မင္းက ABOေတြရဲ႕ ပုံစံအတိုင္း
လုပ္လိုက္တာ ျဖစ္နိုင္တယ္"
ရွလ်န္ သူ႕ေဒါသေတြကို ဖိႏွိပ္ရင္း,
"ဒါေပမဲ့ ဒီကမၻာက ABOမဟုတ္ဘူးဆိုတာကို
မေမ့နဲ႕၊ ဒီမွာက ဥပေဒနဲ႕ စည္းမ်ဥ္းစည္းကမ္း
ေတြရွိတယ္၊မင္း လုပ္ခ်င္သလို လုပ္လို႔မရဘူး၊
သူတို႔ကို မင္းလ်စ္လ်ဴရႈမွ ရမယ္"
"ဒီမွာ ဥပေဒေတြရွိတယ္ဆိုတာကို ကြၽန္ေတာ္နားလည္ပါတယ္၊ဒါေပမဲ့ ေငြေၾကး အာဏာနဲ႕ စည္းကမ္းမလိုက္နာတဲ့လူေတြ အမ်ားႀကီးရွိေနၾကတယ္၊ လြန္ခဲ့တဲ့ေလးႏွစ္က
သူလုပ္ခဲ့တဲ့ အရာေတြ အတိုင္းကြၽန္ေတာ္သူ႕ကို
ျပန္ေပးခဲ့တာ"
ရွလ်န္ အခ်ိန္ အေတာ္ၾကာႏႈတ္ဆိတ္ေနမိတယ္။
က်ဳန္းရွိူ႕ သူ႕စကားစကို ျဖတ္ၿပီးေနာက္ႏူးညံ့စြာပဲ
တိုးတိုးေလး ေျပာလာတယ္၊
" လ်န္ေကာ, ေကာက ကြၽန္ေတာ္နဲ႕အတူ ေျပာင္းေ႐ြ႕ ေနထိုင္ဖို႔ ဆႏၵရွိတာကို ကြၽန္ေတာ္တကယ္ဝမ္းသာေနတာ၊ ဒါေပမဲ့ ေကာ ဒီမွာရွိတဲ့ အရာေတြကိုလည္း စြန့္လႊတ္ခ်င္မွာ မဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္သိတယ္၊ေကာရဲ႕ မိသားစု ဒီမွာရွိေနခ်ိန္ ရင္မိုဟြားရဲ႕ လွ်ို႔ ဝွက္ အႏၱရာယ္ကလည္း ရွိတယ္၊ခုလို ဆုံးျဖတ္ခ်က္ခ်ရတဲ့အတြက္ ေကာ
ဘယ္ေသာအခါမွေနာင္တမရေအာင္ ေကာဒီကေန မသြားခင္, ေကာရဲ႕ စိုးရိမ္ပူပန္မႈေတြကို ကြၽန္ေတာ္ ေျဖရွင္းေပး
ရမယ္ေလ"
ရွလ်န္ရဲ႕ေဒါသတို႔တေျဖးေျဖးပင္အနည္ထိုင္သြားၿပီ။
" ရင္မိုဟြား အခုဘယ္မွာလဲ?"
"ကြၽန္ေတာ့္ တပည့္တခ်ိဳ႕နဲ႕ အရာအားလုံးကို
အဆင္ေျပေျပ ေျဖရွင္းနိုင္ေအာင္ စီစဥ္ထားတယ္၊
ေကာ စိတ္မပူနဲ႕၊ သူ႕ကို သတ္ဖို႔ ဒါမွမဟုတ္ သူ႕
ေျခေထာက္ေတြကို ဆုံးရႈံး ဖို႔လုံးဝ မစီစဥ္ထားဘူး၊
ကြၽန္ေတာ္တို႔ ထြက္သြား ၿပီး ရင္ ကြၽန္ေတာ္လူေတြက သူ႕ကို အရင္အတိုင္း ျပန္ပို႔ေပးလိမ့္မယ္"
ရွလ်န္ ေခါင္းညိတ္ျပေနသည့္တိုင္ သူ႕စိတ္ထဲမွစိုးရိမ္
မႈေတြက မသက္သာခဲ့ဘူး၊က်ဳန္းရွိူ႕က သူ႕ မ်က္ႏွာေပၚမွ ေျပာင္းလဲမႈေတြကိုဂ႐ုျပဳမိရင္း,
"လ်န္ေကာ, ေကာ သံသယရွိေနတုန္းလား?
ေကာသိခ်င္တာမွန္သမွ် ကြၽန္ေတာ္အကုန္ ေျပာျပ
လို႔ရပါတယ္, ရင္ထဲမွာ အေလးခံၿပီး မထားနဲ႕"
ရွလ်န္ မတ္တပ္ထရပ္ၿပီး ျပတင္းေပါက္ဆီသို႔ ေလွ်ာက္သြားရင္း ေျပာလာတယ္၊
" က်ဳန္းရွိူ႕ , မင္းရဲ႕ စရိုက္ေၾကာင့္ ဒါမွမဟုတ္
မင္းက ငါ့ထက္ အသက္ငယ္တာေၾကာင့္ လည္း ျဖစ္နိုင္
တယ္၊မင္းက အသစ္အသစ္ေသာ အေတြ႕အႀကဳံေတြကို ငါ့ထက္ပိုၿပီး အျမန္လက္ခံခဲ့ရတယ္၊ မင္းရဲ႕ ပတ္ဝန္းက်င္အသစ္နဲ႕ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္နိုင္စြမ္း
ဒါမွမဟုတ္ အရည္အခ်င္းေတြက
ငါထက္ အရာရာပိုၿပီး ေကာင္းမြန္ေနတယ္..."
က်ဳန္းရွို႔ မတ္တပ္ထရပ္ၿပီး ရွလ်န္ရဲ႕
ေက်ာျပင္ကိုၾကည့္ရင္း မသက္မသာျဖင့္
ေမးလိုက္မိတယ္၊
"လ်န္ေကာ, ေကာ အခုဘာေျပာခ်င္တာလဲ?"
"ငါက တစ္ခုခုကို မလုပ္ခင္မွာ အေသအခ်ာေတြးၿပီးမွ
လုပ္တတ္တဲ့သူတစ္ေယာက္..ဒါေၾကာင့္မို႔ အခ်ိဳ႕ေသာ
အရာေတြကို အလြယ္တကူ လက္မခံနိုင္သလို ေျပာင္းလဲမႈ အခ်ိဳ႕ကိုလည္း လက္မခံနိုင္ဘူး၊ ဒါေပမဲ့ ငါဒါေတြကို
လက္ခံၿပီး လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ဖို႔
စိတ္ပိုင္းျဖတ္ခဲ့ရတယ္၊ ငါလက္ခံၿပီဆိုရင္လည္း
ဒါေတြအတြက္ ငါဘယ္ေတာ့မွေနာင္တရမွာမဟုတ္ဘူး"
ရွလ်န္ တဖက္သို႔လွည့္ၿပီး က်ဳန္းရွို႔ကို ၾကည့္လိုက္တယ္၊
" ငါ့မ်ိဳးရိုးဗီဇေျပာင္းလဲတာကို သိလိုက္ရတဲ့အခ်ိန္ ငါ့လုံးဝ ခံနိုင္ရည္ မရွိတာကို မင္းလည္း သိမွာပါ, ဒီအျဖစ္မွန္ကို
"ဒါေပမဲ့ ေနာက္ပိုင္း ငါကိုယ္ဝန္ရွိလာတဲ့အခ်ိန္မွ
ဒီအျဖစ္အပ်က္ေတြကို ေျဖးေျဖးခ်င္း လက္ခံလာခဲ့မိတယ္၊ ေနာင္အနာဂတ္မွာ ရွရွရွိလာေတာ့မွာမို႔ မင္းကို
လည္းေျဖးေျဖးခ်င္းပဲ ငါလက္ခံခဲ့ရတယ္၊ မင္းစိတ္ထဲမွာ
ငါ့ကို ဘယ္လို ထင္မလဲ မင္းမ်က္လုံးေတြထဲမွာ
ငါ့ကို ဘယ္လို ျမင္ေနမလဲ ဆိုတာကို ေတာ့
ငါမသိဘူး၊ ငါက မင္းရဲ႕ခ်စ္သူလား၊ ေဆြမ်ိဳးလား
ဒါမွမဟုတ္ ငါကမင္းရဲ႕ အိုမီဂါလား?"
က်ဳန္းရွိူ႕ ေျဖးေျဖးခ်င္းရွလ်န္အနီးသို႔ေလွ်ာက္သြား
လိုက္တယ္၊
"လ်န္ေကာ..."
"ငါ့စကားကို အရင္နားေထာင္"
ရွလ်န္က သူ႕ကို အနားမကပ္ေစရန္ လက္ေျမႇာက္ၿပီး
ရပ္တန့္ေစတယ္၊
" အမွန္တကယ္ေတာ့ ျပန္ေတြးၾကည့္မယ္ဆိုရင္, ငါတို႔ ဟိဝင္ေနတဲ့အခ်ိန္,မင္းေဘးမွာ အိုမီဂါဆိုလို႔ငါတစ္
ေယာက္တည္းရွိသလို ငါ့ေဘးမွာလည္း အယ္ဖာဆိုလို႔
မင္းဘဲရွိတယ္၊ငါတို႔မွာ အျခားေ႐ြးခ်ယ္စရာမရွိဘူး၊
ဒါက မင္းနဲ႕ ငါတိုက္ဆိုင္ေစဖို႔ ေကာင္းကင္ဘုံ
အလိုက်ဖန္ဆင္းတာလည္း ျဖစ္နိုင္တယ္၊
ဒါေပမဲ့ အျပင္ေလာကမွာ ပရိုမုန္းေတြရဲ႕
လႊမ္းမိုး မႈ ေတြသာမရွိေတာ့ဘူးဆိုရင္,
မင္းငါ့ကို ပဲ တကယ္ေ႐ြးခ်ယ္မွာလား?
မင္းဘဝတသက္တာကို ငါနဲ႕ပဲအတူ ျဖတ္သန္းဖို႔
မင္း တကယ္ႀကီးျပင္ဆင္ၿပီးၿပီလား?"
က်ဳန္းရွိူ႕က သူ႕စကားၿပီးၿပီးခ်င္းမွာပဲ
သူ႕ေရွ႕တြင္ တိတ္တဆိတ္ျဖင့္ ဒူးေထာက္
လာတယ္၊က်ဳန္းရွိူ႕ရဲ႕႐ုတ္တရက္ဆန္တဲ့ အျပဳ
အမူေၾကာင့္ရွလ်န္ အံ့အားသင့္သြားတယ္။
"မင္းဘာလုပ္တာလဲ?"
"လ်န္ေကာ, လြန္ခဲ့တဲ့ ေလးႏွစ္ကတည္းက
ကြၽန္ေတာ္ေကာကို ေျပာျပခ်င္ ခဲ့တာေတြရွိတယ္"
က်ဳန္းရွိူ႕ ေခါင္းေလး ေမာ့ၿပီး သူ႕ကို ၾကည့္လာတယ္။
" ကြၽန္ေတာ္တို႔ ပထမဆုံးစေတြ႕တုန္းက
အခ်ိန္ကို ေကာမွတ္မိလား?"
ရွလ်န္ ထိုအခ်ိန္ကို ခဏမွ်ျပန္စဥ္းစားလိုက္တယ္၊
" အဲ့ဒီအခ်ိန္က...မိဘမဲ့ ေဂဟာမွာ ျဖစ္ေလာက္တယ္"
က်ဳန္းရွိူ႕ ၿပဳံးလိုက္မိတယ္,
" ၾကည့္...လ်န္ေကာ, ေကာကကြၽန္ေတာ့္
ထက္ ႏွစ္အနည္းငယ္အသက္ပိုႀကီး ေပမယ့္
ဒီ အျဖစ္အပ်က္ကို ကြၽန္ေတာ္မွတ္မိသေလာက္
ေကာ မမွတ္မိေလာက္ဘူး၊ဘာေၾကာင့္လဲ
ဆိုတာေရာေကာသိလား?"
ရွလ်န္ဇေဝဇဝါျဖင့္ သူ႕ကို ၾကည့္တယ္၊
"ေကာရဲ႕ဘဝမွာေတာ့ ကြၽန္ေတာ္က
ရွမိသားစုမွာ အမွတ္တမဲ့ ျဖစ္ေပၚလာတဲ့
ေမြးစားတစ္ေယာက္အျဖစ္ပဲ ရွိေနနိုင္ေပမယ့္
ေကာက ကြၽန္ေတာ့္ဘဝရဲ႕ ကံၾကမၼာကို
ေျပာင္းလဲေစၿပီး ကမၻာႀကီးနဲ႕ ထိေတြ႕ဖို႔
ေခၚထုတ္လာတဲ့ ကြၽန္ေတာ့္ရဲ႕ဖန္ဆင္းရွင္ပဲ"
"ဘြားရွက အစကတည္းက ကြၽန္ေတာ့္ကို ေမြးစားဖို႔
မရည္႐ြယ္ထားဘူးဆိုတာကို ကြၽန္ေတာ္သိတယ္၊ ေကာကပဲ သူ႕ကို စိတ္ေျပာင္းေအာင္ေသြးေဆာင္စည္း႐ုံးခဲ့တယ္၊
အဲ့ဒီေန႕က ေကာေျပာခဲ့တဲ့ စကားေတြကိုလည္း
ကြၽန္ေတာ္အေသအခ်ာမွတ္မိေနခဲ့တယ္၊တေန႕
ကြၽန္ေတာ္မိဘမဲ့ေက်ာင္းက ထြက္နိုင္ေအာင္ လုပ္ရမယ္လို႔ တိတ္တဆိတ္က်ိန္ဆိုခဲ့မိေပမယ့္ ေကာ ေၾကာင့္
ကြၽန္ေတာ္က ရွမိသားစုရဲ႕ ေမြးစားသားျဖစ္လာခဲ့ရတယ္၊ ကြၽန္ေတာ္ကေကာကိုဘယ္ေတာ့မွ စိတ္မပ်က္ေစသ
လိုေကာရဲ႕ဆုံးျဖတ္ခ်က္ကိုလည္းဘယ္ေတာ့
မွေနာင္တရေစလို႔မျဖစ္ဘူး"
ရွလ်န္ ခဏမွ်အံ့အားသင့္ေနၿပီးေနာက္
႐ုတ္တရက္ ေမးလာတယ္၊
" ဒါေၾကာင့္ မင္း ငါတို႔အိမ္မွာခံနိုင္ရည္ရွိေအာင္ ေနခဲ့တာလား..."
"အဲ့ဒီအခ်ိန္ကစၿပီး ကြၽန္ေတာ္ေကာေနာက္ကို အၿမဲတမ္း တိတ္တိတ္ေလး လိုက္ခဲ့ၿပီးေကာရဲ႕ ေပ်ာ္႐ႊင္မႈေတြ၊ ေဒါသေတြ၊ဝမ္းနည္းမႈေတြကို ေကာနဲ႕ အတူ ေဝမွ်ခဲ့တယ္၊ ဘြားရွက ကြၽန္ေတာ့္ကို လင္ေကာနဲ႕ပဲအတူ ရွိေစတာမို႔
တမိုးေအာက္ထဲ အတူရွိေနခဲ့ေပမယ့္ ေကာနဲ႕
အတူရွိနိုင္ဖို႔ အခြင့္အေရးေတြ နည္းသထက္
ပိုပို နည္းလာခဲ့တယ္၊ ကြၽန္ေတာ္အတြက္
တေန႕တာမွာ ေကာကို တႀကိမ္ေလာက္ပဲ
ျမင္ရရင္ ေတာင္လုံေလာက္ၿပီမို႔ အခြင့္အေရးေလး
ရတိုင္းကြၽန္ေတာ္ေကာကို လိုက္ၾကည့္ေနခဲ့ရတယ္"
"အဲ့ဒီတုန္းက , ကြၽန္ေတာ္က တုံးအလြန္း
တာမို႔ အဲ့ဒီခံစားခ်က္ကို ဘာမွန္းမသိခဲ့ဘူး၊
အထူးသျဖင့္ လူပ်ိဳေဖာ္ဝင္လာတဲ့အခါ,
ေကာကို မၾကည့္ဝံ့ေတာ့ဘူး၊ဘာလို႔လဲ
ဆိုေတာ့ ေကာကိုပဲ အၿမဲျမင္ခ်င္ေနမိလို႔၊
ကြၽန္ေတာ္ အရမ္းရွက္႐ြံ႕ ေနခဲ့ရတယ္ ၊
အဲ့ဒါက ထူးဆန္းတဲ့ေရာဂါတစ္ခုလို ခံစား
ေနရတယ္၊ဒီေနရာကေနထြက္သြားရင္
အဲ့ဒီေရာဂါ ေကာင္းသြားမွာပဲလို႔ ေတြးမိၿပီး
တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ၿပီးတာနဲ႕
စစ္တကၠသိုလ္ကို
You are reading the story above: TeenFic.Net