EP67(U&Z)

Background color
Font
Font size
Line height

..[ U ]

ရင်မိုဟွား တစ်ယောက်ရှလျန်ကို ခြိမ်းခြောက်ခဲ့ပေမယ့် မျှော်မှန်းထားသည့်
ရလာဒ်ကိုတော့ မရရှိခဲ့ဘူး၊ အဲ့ဒီအစား
ရှလျန်က နောက်တကြိမ်ပင်တွေးတောခြင်း
မရှိဘဲ ထွက်သွားဖို့အမိန့်ပေးလာတယ်၊
ရင်မိုဟွား အလွန်အမင်း စိတ်မသက်မသာဖြစ်ကာ သူ့ ကားပေါ်သို့ပြန်တက်လာလိုက်တယ်။

သို့သော် ရှအိမ်တော်မှသူတို့ကားထွက်လာပြီး  ဆယ်မိနစ်မျှအကြာတွင် ရုတ်တရက် သူ့ဒရိုင်ဘာဘရိတ်အုပ်လိုက်တယ်၊နောက်ခုံတွင်ထိုင်နေတဲ့ ရင်မိုဟွားတစ်ယောက် ရှေ့ခုံနှင့်နဖူးတိုက်လုနီးပါးဖြစ်သွားပြီး ,

"မင်းကားကို ဘယ်လို မောင်းနေတာလဲ? !"

"သူ...သူဌေး ...ရှေ့မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို လမ်း ပိတ်ထားတယ်"

ရင်မိုဟွား ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တယ်၊ ညမှောင်မှောင်တွင်, အနက်ရောင် ကားတစ်စီးက သူတို့ခပ်လှမ်းလှမ်းတွင် လမ်းပိတ်ကာ ရပ်တန့်ထားတယ်။

ထိုကားပေါ်မှပဲ လူစိမ်းနှစ်ယောက်ဆင်းလာတယ်၊သူတို့ထဲမှတစ်ယောက်က စစ်သုံးသေနတ်တစ်လက်ကို ကိုင်ဆောင်ထား
လျက် ရင်မိုဟွားတို့ကား၏ရှေ့တာရာကို
ချိန်ရွယ်လိုက်တယ်၊ ခလုတ်ကို ဖွဖွလေး
ဆွဲလိုက်ရုံဖြင့် သူတို့ကားရဲ့ကိုယ်ထည်
က ရုတ်တရက်နိမ့်ကျသွားတယ်။

ရင်မိုဟွား ခဏတာမျှ မှက်သက်နေမိတယ်၊
သူကိုယ်တိုင်ပင် ခုချိန်ထိ ဓားပြ သို့မဟုတ်
ကောင်းစွာလေ့ကျင့်ထားတဲ့ အကြမ်း ဖက်သမားပုံစံမျိုးကိုကြုံတွေ့လာရမယ်လို့လုံးဝပင်ထင်မထားခဲ့ဘူး။

သူပတ်ဝန်းကျင်တွင် ပစ္စတိုပါသော သက်တော်စောင့်များစွာရှိသော်လည်း ၎င်းတို့၏
ပစ္စတိုအများစုက လူအများကို ကြောက်လန့်စေရန် အတွက်သာအသုံးပြုကြပြီး ခလုတ်ဆွဲဖို့အခွင့်အလမ်းမှာမူ များစွာမရှိလှ၊ သို့သော်
သူ့ရှေ့မှ လူနှစ်ယောက်က စစ်လက်နက်တွေကို ပြောင်ပြောင်တင်းတင်းကိုင်ဆောင်ထားတယ်၊အဲ့ဒီအပြင် ဘာမပြောညာမပြောနဲ့
သူ့ကားတာယာကို ချက်ခြင်းပင် ခွဲပစ်လိုက်ကြတယ်၊ထို သို့ ပြုလုပ်လာခြင်းက သမာရိုးကျ တော့ မဟုတ်ပါချေ။

တခဏခြင်းပင်သူနဲ့ရန်ငြိုးဖွဲ့ထားသော နာမည်ပျက်စာရင်းရှည်ကြီးထဲ၌ သဲလွန်စရှာဖွေခဲ့ပေမယ့် ဘယ်သူကမှသူနှင့်
ရင်ဆိုင်ရဲတဲ့ သတ္တိရှိလည်း ဆိုတာကို
တွေးလို့ မရပြန်ဘူး။

သူနဲ့ အတူ ကားထဲမှာပါလာတဲ့ သက်တော်စောင့်က အတော်လေး လိမ္မာပါးနပ်စွာပင်
တုံ့ပြန်လာတယ်၊ ရင်မိုဟွားမပြောခင်မှာပဲ,

"သူဌေး , သူတို့ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းဖို့
ကျွန်တော်ကားထဲက ထွက်လိုက်ရမလား?"

ရင်မိုဟွား ခေါင်းညိတ်ပြလိုက်တယ်။

သက်တော်စောင့်က ကားပေါ်မှဆင်းပြီး
တဖက်လူတွေကို တစ်စုံတစ်ရာပြောလိုက်တယ်၊ သေနတ်ကိုင်ထားတဲ့လူကစကားတခွန်းမှ ပြောမလာဘဲရှေ့သို့ နှစ်လှမ်းတိုးကာ
သက်တော်စောင့်၏နဖူးပေါ်သို့သေနတ်တေ့ချိန်လိုက်တာမို့ သက်တော်စောင့်ပါးစပ်ပိတ်သွားတယ်။

နောက်တစ်ယောက်က ရင်မိုဟွားရှိရာကားဆီသို့ လျှောက်လာပြီး ဒရိုင်ဘာ ဘက်မှတံခါးကို ဖွင့်ကာ "သွား'ဟူသော စကားတခွန်းသာပြောလာတယ်။

ဒရိုင်ဘာ က တဖက်လူရဲ့ အခြေအနေကို
ကြည့်ပြီး သူကိုယ်တိုင်လည်း သူဌေးဖြစ်သူအား မကာကွယ်နိုင်တာမို့ ကားထဲမှဆင်းကာ
ပြေးထွက်သွားတယ်၊

ခြေလှမ်းအနည်းငယ် အကွာသို့ ပြေးသွားချိန်
ထိုသူက ဒရိုင်ဘာအား လှမ်းပြောလာတယ်၊

"ဟေး..မင်း ပြေးမယ်ဆိုလွတ်အောင်ပြေးနော်, တခြား ဘာမှလုပ်ဖို့ မစဥ်းစားနဲ့"

"ဟုတ်..ဟုတ်ကဲ့ပါ"

ကားသမားက ကမန်းကတန်းခေါင်းညိတ်ပြပြီးအလျင်အမြန် ပြောလာတယ်၊

"ကျွန်တော်ရဲကို သွားမတိုင်ပါဘူး"

ရင်မိုဟွားတစ်ယောက်အံတွေကြိတ်ရင်း
သူ့ဘေးမှအသုံးမကျတဲ့ကောင်တွေကို သေနတ်ဖြင့်သာပစ်သတ်ချင်မိတယ်။

ထိုသူက ရင်မိုဟွားရဲ့ ကားပြတင်းအနီးသို့
လျှောက်လာပြီး ရင်မိုဟွားကို ကားထဲကနေ
ထွက်လာခိုင်းတယ်၊ ရင်မိုဟွားတစ်ယောက်
တိတ်တဆိတ်ပင်ကျိန်ဆဲမိနေရင်း ခုလို ဖြစ်လာမယ်လို့လည်း သူလုံးဝမျှော်လင့်မထားတာမို့ကားမောင်းသူနဲ့သက်တော်စောင့်
တစ်ဦးသာခေါ်လာခဲ့ခြင်းပင်။

သို့သော် နောက်ဆုံးအနေဖြင့်သူက နယ်လ်ဆင်မိသားစု၏အမွေဆက်ခံသူဖြစ်တယ်၊
အမေရိကန်မှာတောင် ခုလိုမျိုး တခါမှမဖြစ်ဖူးခဲ့ဘူး၊ ယခုတွင်မူ တခါမှ မတွေ့ဖူးတဲ့လူစိမ်းနှစ်ယောက်က သေနတ်ဖြင့် ခြိမ်းခြောက်သော်လည်း အရာအားလုံး
တော့ အဆိုးဆုံးထိမဖြစ်နိုင်လောက်ဘူး။ခဏလောက်စဥ်းစားပြီး သူကားပေါ်ကနေ
အေးဆေးစွာပဲ ဆင်းလိုက်တယ်။

" ညီကို , အရင်ဆုံး ဒါက ဘာအတွက်လဲဆိုတာက်ို ရှင်းပြလို့ရမလား? မင်းနဲ့ငါနဲ့ ရန်ငြိုးရန်စများရှိလို့လား?"

"ငါတို့နဲ့ မင်းနဲ့တော့ရန်ငြိုး မရှိဘူး"

ထိုသူက ပြုံးပြရင်း ပြောလာတယ်၊

" ဒါပေမဲ့ မင်းက ငါတို့အကြီးအကဲကို
စော်ကားခဲ့တဲ့ အတွက် ငါတို့နောက်ဆုတ်
လို့ မရတော့ဘူး"

"တဆိတ်လောက် ...မင်းတို့ အကြီးအကဲ
ဆိုတာက..."

ရင်မိုဟွား၏မေးမြန်းမှု မပြီးခင်မှာပဲ သူ့နောက်မှကားတစ်စီး ဝင်လာတာကို သူတွေ့လိုက်ရတယ်၊ သူနောက်လှည့်ကြည့်လိုက်ရာ
အနက်ရောက်ကားတစ်စီးရပ်တန့်လာတာကို တွေ့လိုက်ရတယ်။

တံခါးဖွင့်ပြီးတဲ့နောက်လူနှစ်ယောက်ဆင်းလာတယ်၊နှစ်ယောက်ထဲမှ တစ်ယောက်က
ရှလျန်ဘေးမှ လက်ထောက်ငယ်လေးဆိုတာကို သူသိတယ်။

အတိအကျပြောရမယ်ဆိုပါက လွန်ခဲ့သော လေးနှစ် ကျုန်းရှိူ့အား သူပြန်ပေးဆွဲခဲ့စဥ်က
ထို ကောင်လေးက ငယ်ရွယ်ပုံရသော်လည်း
လေးနှစ်အကြာတွင် ထို လက်ထောက်လေး၌ သူမသိနိုင်သော အရှိန်အဝါ တမျိုးဖြင့် ပြောင်းလဲသွားတာကို သူခံစားမိနေတယ်။

လွန်ခဲ့သည့် အခိုက်အတန့်ကလည်း ရှမိသားစု နေအိမ်၌ ရှလျန်ကိုသာ အာရုံစိုက်မိနေတာမို့ ဒီကောင်လေးကို သူဂရုမစိုက်မိဘူး။

ယခုတွင်မူ, လရောင်မှိန်ပျပျအောက်၌ တဖက်လူအား ဂရုတစိုက်ကြည့်မိရာမှ

လက်ထောက်လေးက စကားမပြောဘဲ
ငြိမ်သက်နေသော်လည်း သူ့တကိုယ်လုံးမှ
လူသတ်မည့် အငွေ့ အသက်များ ထုတ်လွှတ်နေတာကို တွေ့နေရတယ်။

ရင်မိုဟွား ခေါင်းခါမိရင်းအတွေးလွန်နေပြီ
ဟု သူ့ဘာသာပင် တွေ့မိတယ်၊ ထိူသူက လက်ထောက်လေး တစ်ယောက်သာဖြစ်ပြီး
လူသတ်မည့် အငွေ့အသက်ဆိုသည်က
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ထိုသို့တွေးမိရာမှရင်မိုဟွား အနည်းငယ် တုန်လှုပ်ခြင်းတို့ မှငြိမ်သက်သွားမိတယ်၊
မူလအစကတော့ ဒီနေရာထိ သူ့နောက်သို့
လိုက်လာတာက အမေရိကန်က ရန်သူလို့
ထင်ခဲ့တယ်၊ သို့သော် တဖက်လူကို တွေ့လိုက်ရတဲ့အခါ ရှမိသားစုက ခုလို စိတ်ပျက်စရာ
ကောင်လေးတွေကို မည်သည့်နေရာမှငှားရမ်းခဲ့သည်အား မသိပေမယ့်ရှလျန် ရဲ့လုပ်ရပ်က
ရယ်စရာကောင်းလွန်းတယ်လို့ တွေးမိတယ်။

သူက သေနတ်သမားသုံးယောက်အား အသေအချာပင် ကြည့်ပြီး မေးလိုက်တယ်၊

" ခုလို သရုပ်ဆောင်တဲ့ကလေးတွေကို ခေါ်လာဖို့ ရှမိသားစုက မင်းကို ဘယ်လောက်ပေးပြီး ခိုင်းလိုက်တာလဲ?"

သို့ပေသိ..သူ့မေးခွန်းကို ဘယ်သူမှမဖြေကြဘူး။

သက်တောင်စောင့်ရဲ့ လက်တစ်ဖက် လှုပ်ရှားလိုက်တာကိုမြင်လိုက်ရတဲ့ သေနတ်သမားက
သူ့ ရည်ရွယ်ချက်အား ကြိုတင်သိရှိနေတာမို့
ခါးကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ချလိုက်ရာ ထိုသူဝှက်ထားတဲ့ ပစ္စတိုက အောက်သို့ တန်းတန်း မတ်မတ်ပင်ပြုတ်ကျသွားတယ်။

သက်တော်စောင့်ရဲ့ သေနတ်ယူမယ့် အစီအ
စဥ်ပျက်သွားတယ်၊ သေနတ်သမားက သက်တော်စောင့်ရဲ့ နဖူးနဲ့ နှာနုကို အပြင်းအထန်ရိုက်ပြီး မေးလာတယ်။

" အကြီးအကဲ, ကျွန်တော်တို့ဒီအားနည်းနေတဲ့ ကြက်ကလေးကို ဘာလုပ်လိုက်ရမလဲ?
ကျွန်တော်တို့ သူ့ကို သတ်လိုက်ရမလား?"

ကျုန်းရှ်ိူ့က သက်တော်စောင့်ကို တချက်လေးပင်လှည့်မကြည့်ဘဲ လက်ခါပြရင်း
ပြောလာတယ်။

" သူ့ကိုမေ့အောင်ရိုက်ပြီး လမ်းဘေးမှာ ပစ်ထားခဲ့လိုက်"

သက်တော်စောင့်ကလည်း ထိုအခါမှသက်ပြင်းချရင်း အနည်းဆုံးတော့ သူမသေနိုင်ဘူးလို့ တွေးမိတယ်၊ အတွေးမဆုံးခင်မှာဘဲ ရိုင်ဖယ်သေနတ် တစ်လက်က သူ့ခေါင်းအား အရှိန်တစ်ခုဖြင့် ထိလာတာကိုသိလိုက်
ရပြီး နောက်မျက်လုံးမှိတ်ကာငြိမ်သက်သွားခဲ့တယ်။

တချိန်တည်းမှာပဲ ကျန်တဲ့နှစ်ယောက်က
ရင်မိုဟွားရဲ့လက်ကို ဆွဲကိုင်ကာ ကားပေါ်
သို့ဆွဲခေါ်သွားခဲ့တယ်။

ရင်မိုဟွားက ယခုချိန်ထိ သူ့ပုံရိပ်အား
အလျော့မပေးဘဲ ထိန်းသိမ်းနေဆဲပင်၊

" ရှမိသားစုက မင်းတို့ကို ဘယ်လောက်ပေးလဲ? ငါမင်းတို့ကို နှစ်ဆပေးမယ်"

သို့သော် လူနှစ်ယောက်ကတော့လှောင်ပြောင်ပြီး သူ့ကို လျစ်လျူရှူ နေကြတယ်။

"သုံးဆ!!"

သူ့ကို ဘယ်သူမှဂရုမစိုက်ကြသေး။

"ဆယ်ဆကွာ!!"

ရင်မိုဟွား တဖြေးဖြေး စိုးရိမ်လာတယ်၊

"ငါဆယ်ဆပေးမယ်လေကွာ, အဲ့လိုဆိုရင်ရော ဘယ်လိုလဲ?"

နောက်ဆုံးတွင်သူတို့ထဲမှ တစ်ယောက်က
ပြုံးရယ်ပြီး သူ့မျက်နှာကို ပွတ်ရင်းပြောလာတယ်၊

"မင်းဘာသာ ပိုက်ဆံတွေဘယ်လောက်ပဲ ပေးပေး,ဟိုမှာကျငါတို့အတွက်အသုံးမဝင်ဘူး"

ရင်မိုဟွား တကယ်လန့်သွားတယ်၊ ဒါက
ဘာကို ဆိုလိုတာလဲ? ပိုက်ဆံအသုံးမဝင်တဲ့
နေရာက ရှိနေသေးတာလား? သူတို့ကဘယ်ကလာလို့လဲ?

ထို အတွေးက အလွန်တရာရူးကြောင် ကြောင်နိုင်ပေမယ့် မှောင်မိုက်နေတဲ့ညအချိန်
လူသူကင်းမဲ့ သော နေရာ၌ ရှိနေခြင်းက
သူ့ကို ကြောက်ရွံ့လာစေလျက် ဆံပင်မွှေးတွေပင် ထောင်လာစေတယ်။

🍀🍀🍀🍀
............................................................ .   .... 

[ Z ]

ရင္မိုဟြား တစ္ေယာက္ရွလ်န္ကို ၿခိမ္းေျခာက္
ခဲ့ေပမယ့္ ေမွ်ာ္မွန္းထားသည့္ရလာဒ္ကိုေတာ့ မရရွိခဲ့ဘူး၊ အဲ့ဒီအစား ရွလ်န္က ေနာက္တႀကိမ္ပင္ေတြးေတာျခင္း
မရွိဘဲ ထြက္သြားဖို႔အမိန့္ေပးလာတယ္၊ရင္မိုဟြား အလြန္အမင္း စိတ္မသက္မသာျဖစ္ကာ သူ႕ ကားေပၚသို႔ျပန္တက္လာလိုက္တယ္။

သို႔ေသာ္ ရွအိမ္ေတာ္မွသူတို႔ကားထြက္လာၿပီး ဆယ္မိနစ္မွ်အၾကာတြင္ ႐ုတ္တရက္ သူ႕ဒရိုင္ဘာဘရိတ္အုပ္လိုက္တယ္၊ေနာက္ခုံတြင္ထိုင္ေနတဲ့ ရင္မိုဟြားတစ္ေယာက္ ေရွ႕ခုံႏွင့္နဖူးတိုက္လုနီးပါးျဖစ္သြားၿပီး ,

"မင္းကားကို ဘယ္လို ေမာင္းေနတာလဲ? !"

"သူ...သူေဌး ...ေရွ႕မွာ တစ္ေယာက္ေယာက္က
ကြၽန္ေတာ္တို႔ကို လမ္း ပိတ္ထားတယ္"

ရင္မိုဟြား ျပတင္းေပါက္ကေနလွမ္းၾကည့္လိုက္တယ္၊ ညေမွာင္ေမွာင္တြင္, အနက္ေရာင္ ကားတစ္စီးက
သူတို႔ခပ္လွမ္းလွမ္းတြင္ လမ္းပိတ္ကာ ရပ္တန့္ထားတယ္။

ထိုကားေပၚမွပဲ လူစိမ္းႏွစ္ေယာက္ဆင္းလာတယ္၊
သူတို႔ထဲမွတစ္ေယာက္က စစ္သုံးေသနတ္
တစ္လက္ကိုကိုင္ေဆာင္ထားလ်က္ ရင္မိုဟြားတို႔ကား၏ေရွ႕တာရာကို ခ်ိန္႐ြယ္လိုက္တယ္၊
ခလုတ္ကို ဖြဖြေလး ဆြဲလိုက္႐ုံျဖင့္ သူတို႔ကားရဲ႕
ကိုယ္ထည္က ႐ုတ္တရက္နိမ့္က်သြားတယ္။

ရင္မိုဟြား ခဏတာမွ် မွက္သက္ေနမိတယ္၊
သူကိုယ္တိုင္ပင္ ခုခ်ိန္ထိ ဓားျပ သို႔မဟုတ္
ေကာင္းစြာေလ့က်င့္ထားတဲ့ အၾကမ္း ဖက္သမားပုံစံမ်ိဳးကိုႀကဳံေတြ႕လာရမယ္လို႔လုံးဝပင္ထင္မထားခဲ့ဘူး။

သူပတ္ဝန္းက်င္တြင္ ပစၥတိုပါေသာ သက္ေတာ္ေစာင့္မ်ားစြာရွိေသာ္လည္း ၎တို႔၏ပစၥတိုအမ်ားစုက လူအမ်ားကို ေၾကာက္လန့္ေစရန္ အတြက္သာအသုံးျပဳၾကၿပီး ခလုတ္ဆြဲဖို႔အခြင့္အလမ္းမွာမူ မ်ားစြာမရွိလွ၊ သို႔ေသာ္ သူ႕ေရွ႕မွ လူႏွစ္ေယာက္က စစ္လက္နက္ေတြကို ေျပာင္ေျပာင္တင္းတင္းကိုင္ေဆာင္ထားတယ္၊အဲ့ဒီအျပင္ ဘာမေျပာညာမေျပာနဲ႕ သူ႕ကားတာယာကို ခ်က္ျခင္းပင္ ခြဲပစ္လိုက္ၾကတယ္၊ထို သို႔ ျပဳလုပ္လာျခင္းက သမာရိုးက် ေတာ့ မဟုတ္ပါေခ်။

တခဏျခင္းပင္သူနဲ႕ရန္ၿငိဳးဖြဲ႕ထားေသာ နာမည္ပ်က္
စာရင္းရွည္ႀကီးထဲ၌ သဲလြန္စရွာေဖြခဲ့ေပမယ့္
ဘယ္သူကမွသူႏွင့္ရင္ဆိုင္ရဲတဲ့ သတၱိရွိလည္း

ဆိုတာကို ေတြးလို႔ မရျပန္ဘူး။

သူနဲ႕ အတူ ကားထဲမွာပါလာတဲ့ သက္ေတာ္ေစာင့္
က အေတာ္ေလး လိမၼာပါးနပ္စြာပင္
တုံ႕ျပန္လာတယ္၊ ရင္မိုဟြားမေျပာခင္မွာပဲ,

"သူေဌး , သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကို စုံစမ္းဖို႔
ကြၽန္ေတာ္ကားထဲက ထြက္လိုက္ရမလား?"

ရင္မိုဟြား ေခါင္းညိတ္ျပလိုက္တယ္။

သက္ေတာ္ေစာင့္က ကားေပၚမွဆင္းၿပီး
တဖက္လူေတြကို တစ္စုံတစ္ရာေျပာလိုက္တယ္၊ ေသနတ္ကိုင္ထားတဲ့လူကစကားတခြန္းမွ ေျပာမလာဘဲေရွ႕သို႔ ႏွစ္လွမ္းတိုးကာ သက္ေတာ္ေစာင့္၏နဖူးေပၚသို႔ေသနတ္ေတ့ခ်ိန္လိုက္တာမို႔ သက္ေတာ္ေစာင့္ပါးစပ္ပိတ္သြားတယ္။

ေနာက္တစ္ေယာက္က ရင္မိုဟြားရွိရာကားဆီသို႔ ေလွ်ာက္လာၿပီး ဒရိုင္ဘာ ဘက္မွတံခါးကို ဖြင့္ကာ "သြား'ဟူေသာ စကားတခြန္းသာေျပာလာတယ္။

ဒရိုင္ဘာ က တဖက္လူရဲ႕ အေျခအေနကို
ၾကည့္ၿပီး သူကိုယ္တိုင္လည္း သူေဌးျဖစ္
သူအား မကာကြယ္နိုင္တာမို႔ ကားထဲမွဆင္းကာ
ေျပးထြက္သြားတယ္၊

ေျခလွမ္းအနည္းငယ္ အကြာသို႔ ေျပးသြားခ်ိန္
ထိုသူက ဒရိုင္ဘာအား လွမ္းေျပာလာတယ္၊

"ေဟး..မင္း ေျပးမယ္ဆိုလြတ္ေအာင္ေျပးေနာ္,
တျခား ဘာမွလုပ္ဖို႔ မစဥ္းစားနဲ႕"

"ဟုတ္..ဟုတ္ကဲ့ပါ"

ကားသမားက ကမန္းကတန္းေခါင္းညိတ္ျပၿပီး
အလ်င္အျမန္ ေျပာလာတယ္၊

"ကြၽန္ေတာ္ရဲကို သြားမတိုင္ပါဘူး"

ရင္မိုဟြားတစ္ေယာက္အံေတြႀကိတ္ရင္း
သူ႕ေဘးမွအသုံးမက်တဲ့ေကာင္ေတြကို
ေသနတ္ျဖင့္သာပစ္သတ္ခ်င္မိတယ္။

ထိုသူက ရင္မိုဟြားရဲ႕ ကားျပတင္းအနီးသို႔
ေလွ်ာက္လာၿပီး ရင္မိုဟြားကို ကားထဲကေန
ထြက္လာခိုင္းတယ္၊ ရင္မိုဟြားတစ္ေယာက္
တိတ္တဆိတ္ပင္က်ိန္ဆဲမိေနရင္း ခုလို ျဖစ္လာ
မယ္လို႔လည္း သူလုံးဝေမွ်ာ္လင့္မထားတာမို႔
ကားေမာင္းသူနဲ႕သက္ေတာ္ေစာင့္
တစ္ဦးသာေခၚလာခဲ့ျခင္းပင္။

သို႔ေသာ္ ေနာက္ဆုံးအေနျဖင့္သူက နယ္လ္ဆင္မိသားစု၏အေမြဆက္ခံသူျဖစ္တယ္၊
အေမရိကန္မွာေတာင္ ခုလိုမ်ိဳး တခါမွမျဖစ္ဖူးခဲ့ဘူး၊
ယခုတြင္မူ တခါမွ မေတြ႕ဖူးတဲ့လူစိမ္းႏွစ္ေယာက္က
ေသနတ္ျဖင့္ ၿခိမ္းေျခာက္ေသာ္လည္း အရာအားလုံး
ေတာ့ အဆိုးဆုံးထိမျဖစ္နိုင္ေလာက္ဘူး။ခဏေလာက္စဥ္းစားၿပီး သူကားေပၚကေနေအးေဆးစြာပဲ ဆင္းလိုက္တယ္။

" ညီကို , အရင္ဆုံး ဒါက ဘာအတွက်လဲဆိုတာက်ို
ရွင္းျပလို႔ရမလား? မင္းနဲ႕ငါနဲ႕ ရန္ၿငိဳးရန္စမ်ားရွိလို႔လား?"

"ငါတို႔နဲ႕ မင္းနဲ႕ေတာ့ရန္ၿငိဳး မရွိဘူး"

ထိုသူက ၿပဳံးျပရင္း ေျပာလာတယ္၊

" ဒါေပမဲ့ မင္းက ငါတို႔အႀကီးအကဲကို
ေစာ္ကားခဲ့တဲ့ အတြက္ ငါတို႔ေနာက္ဆုတ္
လို႔ မရေတာ့ဘူး"

"တဆိတ္ေလာက္ ...မင္းတို႔ အႀကီးအကဲ
ဆိုတာက..."

ရင္မိုဟြား၏ေမးျမန္းမႈ မၿပီးခင္မွာပဲ သူ႕ေနာက္မွကား
တစ္စီး ဝင္လာတာကို သူေတြ႕လိုက္ရတယ္၊ သူေနာက္
လွည့္ၾကည့္လိုက္ရာအနက္ေရာက္ကားတစ္စီး
ရပ္တန့္လာတာကို ေတြ႕လိုက္ရတယ္။

တံခါးဖြင့္ၿပီးတဲ့ေနာက္လူႏွစ္ေယာက္ဆင္းလာတယ္
၊ႏွစ္ေယာက္ထဲမွ တစ္ေယာက္က ရွလ်န္ေဘးမွ
လက္ေထာက္ငယ္ေလးဆိုတာကို သူသိတယ္။

အတိအက်ေျပာရမယ္ဆိုပါက လြန္ခဲ့ေသာ ေလးႏွစ္
က်ဳန္းရွိူ႕အား သူျပန္ေပးဆြဲခဲ့စဥ္က ထို ေကာင္ေလးက ငယ္႐ြယ္ပုံရေသာ္လည္း ေလးႏွစ္အၾကာတြင္ ထို
လက္ေထာက္ေလး၌ သူမသိနိုင္ေသာ အရွိန္အဝါ
တမ်ိဳးျဖင့္ ေျပာင္းလဲသြားတာကို သူခံစားမိေနတယ္။

လြန္ခဲ့သည့္ အခိုက္အတန့္ကလည္း ရွမိသားစု ေနအိမ္၌ ရွလ်န္ကိုသာ အာ႐ုံစိုက္မိေနတာမို႔ ဒီေကာင္ေလးကို သူဂ႐ုမစိုက္မိဘူး။

ယခုတြင္မူ, လေရာင္မွိန္ပ်ပ်ေအာက္၌
တဖက္လူအား ဂ႐ုတစိုက္ၾကည့္မိရာမွ
လက္ေထာက္ေလးက စကားမေျပာဘဲ
ၿငိမ္သက္ေနေသာ္လည္း သူ႕တကိုယ္လုံးမွ

လူသတ္မည့္ အေငြ႕ အသက္မ်ား ထုတ္
လႊတ္ေနတာကို ေတြ႕ေနရတယ္။

ရင္မိုဟြား ေခါင္းခါမိရင္းအေတြးလြန္ေနၿပီ
ဟု သူ႕ဘာသာပင္ ေတြ႕မိတယ္၊ ထိူသူက
လက္ေထာက္ေလး တစ္ေယာက္သာျဖစ္ၿပီး
လူသတ္မည့္ အေငြ႕အသက္ဆိုသည္က
ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ?

ထိုသို႔ေတြးမိရာမွရင္မိုဟြား အနည္းငယ္
တုန္လႈပ္ျခင္းတို႔ မွၿငိမ္သက္သြားမိတယ္၊
မူလအစကေတာ့ ဒီေနရာထိ သူ႕ေနာက္သို႔
လိုက္လာတာက အေမရိကန္က ရန္သူလို႔
ထင္ခဲ့တယ္၊ သို႔ေသာ္ တဖက္လူကို ေတြ
႕လိုက္ရတဲ့အခါ ရွမိသားစုက ခုလို စိတ္ပ်က္စရာ
ေကာင္ေလးေတြကို မည္သည့္ေနရာမွငွားရမ္း
ခဲ့သည္အား မသိေပမယ့္ရွလ်န္ ရဲ႕လုပ္ရပ္က
ရယ္စရာေကာင္းလြန္းတယ္လို႔ ေတြးမိတယ္။

သူက ေသနတ္သမားသုံးေယာက္အား အေသအခ်ာပင္ ၾကည့္ၿပီး ေမးလိုက္တယ္၊

" ခုလို သ႐ုပ္ေဆာင္တဲ့ကေလးေတြကို ေခၚလာဖို႔
ရွမိသားစုက မင္းကို ဘယ္ေလာက္ေပးၿပီး ခိုင္း
လိုက္တာလဲ?"

သို႔ေပသိ..သူ႕ေမးခြန္းကို ဘယ္သူမွမေျဖၾကဘူး။

သက္ေတာင္ေစာင့္ရဲ႕ လက္တစ္ဖက္ လႈပ္ရွား
လိုက္တာကိုျမင္လိုက္ရတဲ့ ေသနတ္သမားက
သူ႕ ရည္႐ြယ္ခ်က္အား ႀကိဳတင္သိရွိေနတာမို႔
ခါးကို အရွိန္ျပင္းျပင္းနဲ႕ ရိုက္ခ်လိဳက္ရာ ထိုသူ
ဝွက္ထားတဲ့ ပစၥတိုက ေအာက္သို႔ တန္းတန္း
မတ္မတ္ပင္ျပဳတ္က်သြားတယ္။

သက္ေတာ္ေစာင့္ရဲ႕ ေသနတ္ယူမယ့္ အစီအ
စဥ္ပ်က္သြားတယ္၊ ေသနတ္သမားက သက္ေတာ္ေစာင့္ရဲ႕ နဖူးနဲ႕ ႏွာႏုကို အျပင္းအထန္ရိုက္ၿပီး ေမးလာတယ္။

" အႀကီးအကဲ, ကြၽန္ေတာ္တို႔ဒီအားနည္းေနတဲ့
ၾကက္ကေလးကို ဘာလုပ္လိုက္ရမလဲ?
ကြၽန္ေတာ္တို႔ သူ႕ကို သတ္လိုက္ရမလား?"

ကျုန်းရှ်ိူ့က သက္ေတာ္ေစာင့္ကို တခ်က္ေလးပင္လွည့္မၾကည့္ဘဲ လက္ခါျပရင္း ေျပာလာတယ္။

" သူ႕ကိုေမ့ေအာင္ရိုက္ၿပီး လမ္းေဘးမွာ ပစ္ထားခဲ့လိုက္"

သက္ေတာ္ေစာင့္ကလည္း ထိုအခါမွသက္ျပင္းခ်ရင္း
အနည္းဆုံးေတာ့ သူမေသနိုင္ဘူးလို႔ ေတြးမိတယ္၊
အေတြးမဆုံးခင္မွာဘဲ ရိုင္ဖယ္ေသနတ္ တစ္လက္က သူ႕ေခါင္းအား အရွိန္တစ္ခုျဖင့္ ထိလာတာကိုသိလိုက္
ရၿပီး ေနာက္မ်က္လုံးမွိတ္ကာၿငိမ္သက္သြားခဲ့တယ္။

တခ်ိန္တည္းမွာပဲ က်န္တဲ့ႏွစ္ေယာက္က
ရင္မိုဟြားရဲ႕လက္ကို ဆြဲကိုင္ကာ ကားေပၚ
သို႔ဆြဲေခၚသြားခဲ့တယ္။

ရင္မိုဟြားက ယခုခ်ိန္ထိ သူ႕ပုံရိပ္အား
အေလ်ာ့မေပးဘဲ ထိန္းသိမ္းေနဆဲပင္၊

" ရွမိသားစုက မင္းတို႔ကို ဘယ္ေလာက္ေပးလဲ?
ငါမင္းတို႔ကို ႏွစ္ဆေပးမယ္"

သို႔ေသာ္ လူႏွစ္ေယာက္ကေတာ့ေလွာင္ေျပာင္ၿပီး
သူ႕ကို လ်စ္လ်ဴရႉ ေနၾကတယ္။

"သုံးဆ!!"

သူ႕ကို ဘယ္သူမွဂ႐ုမစိုက္ၾကေသး။

"ဆယ္ဆကြာ!!"

ရင္မိုဟြား တေျဖးေျဖး စိုးရိမ္လာတယ္၊

"ငါဆယ္ဆေပးမယ္ေလကြာ, အဲ့လိုဆိုရင္ေရာ
ဘယ္လိုလဲ?"

ေနာက္ဆုံးတြင္သူတို႔ထဲမွ တစ္ေယာက္က
ၿပဳံးရယ္ၿပီး သူ႕မ်က္ႏွာကို ပြတ္ရင္းေျပာလာတယ္၊

"မင္းဘာသာ ပိုက္ဆံေတြဘယ္ေလာက္ပဲ
ေပးေပး,ဟိုမွာက်ငါတို႔အတြက္အသုံးမဝင္ဘူး"

ရင္မိုဟြား တကယ္လန့္သြားတယ္၊ ဒါက
ဘာကို ဆိုလိုတာလဲ? ပိုက္ဆံအသုံးမဝင္တဲ့
ေနရာက ရွိေနေသးတာလား? သူတို႔က
ဘယ္ကလာလို႔လဲ?

ထို အေတြးက အလြန္တရာ႐ူးေၾကာင္ ေၾကာင္နိုင္ေပမယ့္ ေမွာင္မိုက္ေနတဲ့ညအခ်ိန္ လူသူကင္းမဲ့ ေသာ ေနရာ၌
ရွိေနျခင္းက သူ႕ကို ေၾကာက္႐ြံ႕လာေစလ်က္
ဆံပင္ေမႊးေတြပင္ ေထာင္လာေစတယ္။

🍓🍓🍓🍓
............................................................ . ....


You are reading the story above: TeenFic.Net