..[ U ]
ဘွားရှကွယ်လွန်ပြီးတဲ့နောက်, ရှမိသားစုမှ
ညီကို နှစ်ယောက်ကဘွားရှ၏အရိုးပြာကို
ရှမိသားစု အိမ်ဟောင်းသို့ ပြန်ယူလာခဲ့တယ်၊
ရက်အနည်းငယ်အတွင်း, ဆွေမျိုးတွေနဲ့ သူငယ်ချင်း တွေက သူတို့ရဲ့ ဝမ်းနည်းမှု တွေကို အဆုံးမရှိ ပြောဆိုလာကြတယ်၊လီမော်နဲ့ကျိချင်ကဲ့သို့သော လက်ရှိဖျော်ဖြေရေးနယ်ပယ်၌ ရေပန်းစားနေတဲ့ နာမည်ကြီးကြယ်ပွင့် နှစ်ဦးပင် ၎င်းတို့၏အလုပ်တွေကို
ပစ်ပြီး အရောက်လာကြတယ် ။
ထိုနှစ်ယောက်က သာမန်ပုံစံဖြင့် ရောက်လာကြရင်းတတ်န်ိုင်သလောက် လူပေါင်းများစွာရဲ့ အကြည့်တွေကို ရှောင်လွှဲနေကြတယ်၊
တစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားကြပြီးနောက် လီမော်ကရှလျန်နှင့် ခဏတာ အတူထိုင်ရန်အခွင့်အရေး ရရှိလာတယ်။
လီမော် ကရှလျန်၏ကိုယ်ဝန်နှင့် ကလေးမွေးဖွားခြင်း အကြောင်းအရာတွေကို လုံးဝပင်မသိခဲ့။ ရှလျန် လအတော်ကြာ အိပ်ရာထဲလဲသွားပြီး ကုလီရွှမ်းအားဓားဖြင့် ထိုး၍ ခုခံခဲ့တာကိုသာသူသိခဲ့တယ်။
ထို အဖြစ်အပျက်အပြီးတွင် ဝမ်ပင်က ကုလီရွှမ်းရဲ့ မှတ်ညာဏ်တွေကို ဖျောက်ပစ်လိုက်တယ်။ တရားခွင်မှာလည်း သူဘာကိုမှမပြောနိုင်ခဲ့ဘူး၊ တခါတရံ ရယ်ပြီး ကျိန်ဆဲနေခဲ့တယ်၊ ကုလီရွှမ်းအား စိတ်ပိုင်းဆိုင်ရာ ပြသနာရှိသည်ဟု ယူဆပြီး ထောင်အစား စိတ်ကျန်းမာရေး ဆေးရုံဆီသို့ ပို့ခဲ့တယ်။
ယခုတွင်မူ သူတို့နှစ်ယောက်စလုံးက
ကုလီရွှမ်းအကြောင်း ပြောရမည်အား
တိတ်တဆိတ်ပင်ရှောင်ရှားနေကြတယ်။
ကျိချင်ရှရှအား စနောက်နေသည့်အသံကို
ဧည့်ခန်းထဲမှကြားနေရတယ်၊လီမော် ရှရှကို
ကြည့်ရင်း သူ့ဘေးတွင်လည်း မိခင်ဟု ယူဆနိုင်မည့် အမျိုးသမီးတစ်ယောက်မှမတွေ့ ရတာမို့ ရှလျန်ကို အသေအချာပင်မေးလိုက်တယ်၊
"ရှရှကို မင်းရဲ့ သမီးအဖြစ်အသိအမှတ်ပြုလိုက်တယ်လို့ ငါကြားတယ်,အဲ့ဒါတကယ်လား?"
ရှလျန်က ရှရှလေးက်ို စိုက်ကြည့်လိုက်တယ်၊
"ရှရှကိုအသိအမှတ်ပြုတာ မဟုတ်ဘူး၊
သူက အစကတည်းက ငါ့သမီးပဲ"
လီမော် အတော်လေး အံ့သြနေမိတယ်၊
ရှလျန်နှင့် နှစ်အတော်ကြာသိကျွမ်းခဲ့သူမို့
ယခုလို နူးညံ့သိမ်မွေ့တဲ့ပုံစံမျိုး ရှလျန်ထံ၌
သူလုံးဝပင် မမြင်ဘူးခဲ့။
လီမော် သက်ပြင်းချပြီး စိတ်လှုပ်ရှားစွာ
ပြောလာတယ်၊
"မင်း ပြောင်းလဲသွားတယ်"
"ဘာကိုလဲ?"
"အရင်တုန်းကတော့, မင်းကရှိမိသားစု တစ်ခုလုံးရဲ့ တာဝန် နဲ့ ဝတ္တရားတွေကို ထမ်းပိုးထားရတဲ့အလုပ်ကြိုးစားသူလို့ မြင်ရတယ်၊ ဒါပေမဲ့ အခုကျ..."
လီမော် ရှလျန်ကို ကြည့်ပြီး,
" အခု မင်းက ပိုပြီး ပျော်နေပုံရတယ်"
ရှလျန် ပြုံးပြပြီး ပြန်မဖြေမိခဲ့၊ရှရှ၏မူလ ဇစ်မြစ်က အမှားမခံတာမို့ စကားတခွန်း
ပြောဖို့ရာ အမြဲလိုသတိကပ်နေခဲ့တယ်။
"ဒါဆို မင်းကော?"
ရှလျန်ကအကြောင်းအရာကို ပြောင်းလဲလိုက်ပြီးရှရှနှင့်အတူ ဧည့်ခန်းထဲမှာရှိနေတဲ့ကျိချင်ကို ကြည့်ရင်း မေးလိုက်တယ်။
"ဒီနှစ်တွေအတွင်း မင်းနဲ့ ကျိချင်တို့ ကြား
အခြေအနေ ဘယ်လို ရှိလဲ?"
သူတို့နှစ်ယောက်လွန်ခဲ့တဲ့လေးနှစ်လောက်မှစပြီး ဒရမ်မာတစ်ကားကို အတူရိုက်ရင်း နာမည်ကြီးလာကြခြင်းပင်၊ရိုက်ကူးရေးတွေ
အတူ လုပ်ကိုင်ခြင်းက မရှိတော့သလောက်ရှားပါးသွားပေမယ့် သီးသန့်ရင်းနှီးမှုကတော့
ကောင်းမွန်နေမြဲသာ။
ဒါပေမဲ့ ..အဲ့ဒါကလည်းတမျိုးကောင်းသည်ပင်။
ကျိချင်ကယမန်နှစ်ကမီဒီယာများရှေ့၌ လူသိရှင်ကြားပင် သူ့တွင်ချစ်သူရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
ရလာဒ်အနေနဲ့, သူပြောတဲ့ ချစ်သူဆို
သည်က သူနဲ့ နှစ်အတော်ကြာစုံတွဲ တွေအဖြစ် နာမည်ကြီးခဲ့တဲ့လီမော် ဟုတ်မဟုတ်ဆိုတာကို မီဒီယာတွေက ခန့်မှန်းခဲ့ကြ
တယ်၊အဲ့ဒီ ထင်ကြေးနဲ့ ပတ်သက်ပြီး
လည်း ဘယ်သူကမှလည်းအပြုသ
ဘောနဲ့ တုံ့ပြန်တာမျိုး မရှိခဲ့ဘူး၊ကျိချင်က
လည်းချစ်သူရှိကြောင်း ပြောပြီးတဲ့နောက်
မည်သည့်စကားတခွန်းမှထပ်ထွက်မလာခဲ့။
လီမော် ခေါင်းခါပြီး ရယ်မောရင်း,
"အဲ့ဒီ ကောလဟာလတွေကို နားထောင်မနေနဲ့, ကျိချင်နဲ့ငါက တကယ့်ကို ရိုးရိုးသားသားသူငယ်ချင်းတွေပါ"
"ဒါဆို မင်းကဘာလို့ အဲ့ဒီမေးခွန်းကို အကြိမ်ကြိမ်ရှောင်နေတာလဲ?"
လီမော်က ကူကယ်ရာမဲ့စွာပြောလာတယ်,
"အဲ့ဒီကလေး ကျိချင်က ငါ့ကို ဒိုင်းတစ်ခုအနေနဲ့ သုံးနေတာ"
ရှလျန်အံ့အားသင့်သွားတယ်,
"ကျိချင် ကိုယ်တိုင်ပြောတာလား?"
"အင်း!"
"သူပြောတာကို မင်းယုံလား?"
"ဘာလို့မယုံရမှာလဲ? "
လီမော်က တကယ့်ကို ဘာမှမသိတဲ့ပုံပဲ။
"ဒါဆို သူ့ချစ်သူဘယ်သူလဲဆိုတာကိုရော မင်းသိလား?"
"ဒါကျ...သူဘာမှမပြောဘူး"
"မင်းသူ့ကို တခါမှမမေးဘူးလား?"
"ဒါကသူ့ကိုယ်ရေး ကိုယ်တာ လျှိူ့ဝှက်ချက်လေ,သူမပြောမှတော့ ငါကအတင်း မေးလို့ရမလား?"
ရှလျန်တစ်ယောက် နံရံကိုသာတိုက်ခိုက်နေရတဲ့ တစ္ဆေသရဲ လိုဖြစ်နေတဲ့ ကျိချင်အတွက်
အနည်းငယ်ပင်စိတ်မကောင်းဖြစ်မိတယ်။
သုံးရက်မျှကြာပြီးတဲ့နောက်, ဧည်သည်စဲသွားချိန် ရှမိသားစု အိမ်တံခါး ပိတ်လိုက်ပြီ။
ရှလျန်က ရှမိသားစု၏အကြီးဆုံးမြေးဖြစ်နေတယ်၊ရှဘိုးဘေး များ၏စည်းမျဥ်းအရအကြီးအကဲများ ကွယ်လွန်သွားသောအခါ,
လက်ရှိ မိသားစုမှ ငယ်ရွယ်သူ အကြီးအကဲကကဗျည်းတိုင်ရှေ့၌ ခုနှစ်ရက် ၊ခုနှစ်ည
တိုင်တိုင်နေရမည်ပင်။
ပါပါးရှ လွန်ခဲ့သည့်နှစ်နှစ်ကွယ်လွန်သွားချိန်က ဘွားရှက သူ့မြေးနှစ်ယောက်ကို သနားတာမို့ ကဗျည်းတိုင်ရှေ့ဒူးထောက်ခွင့်မပြုခဲ့၊
အခုတွင်ဘွားရှကွယ်လွန်တဲ့အခါ ရှလျန်က
မိသားစု၏အကြီးအကဲ အဖြစ် ထုံးစံအတိုင်း
ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့တယ်။
ဘွားဘွားရှ သက်ရှိ ထင်ရှား ရှိစဥ်က ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူမို့
ကျမ်းဂန်ဂါထာများကို ကိုယ်တိုင်ရေးထိုးရွတ်ဆိုကာ ကွယ်လွန်သူအတွက်ဆုတောင်း
ပေးခဲ့တယ်၊ ပမာဏတစ်ခုမှကူးယူပြီးချိန် ,
ရှလင် က သူ့ဘေးသို့လျှောက်လာပြီး သူ့ဘေးတွင် တိတ်တဆိတ်ရှိနေတာကို သူတွေ့လိုက်ရတယ်။
"ကောင်းချီးတွေ အတွက် ဆုတောင်းပြီး
ငါ့အပြစ် တွေကို လည်း ချေဖျက်နိုင်ဖို့
ဒီမှာ ဒူးထောက်နေတာ, မင်းကငါ့လို
လိုက်လုပ်နေစရာမလိုဘူး"
" ကျွန်တော်လည်း ကောနဲ့အတူ ဆုတောင်းပေးလို့ရတယ်၊ အပြစ်ချေဖို့ဆိုရအောင်
ကောက ဘာအပြစ်တွေလုပ်မိလို့လဲ?"
ရှလျန် တိတ်တဆိတ်သက်ပြင်းချလိုက်မိတယ်၊
" ငါ ဘွားကို ကတိတွေ အများကြီးပေးခဲ့ဖူးပေမဲ့အနည်းအကျဥ်းလောက်ပဲဖြည့်ဆည်း ပေးနိုင်ခဲ့တယ်၊သူမသေခင်သူ့မြစ်မလေးနဲ့
တွေ့ခဲ့ရတာတောင်အမှန်တိုင်းကိုသိမသွား
ရှာဘူး"
ရှလျန်သူ့ကိုယ်သူ အပြစ်ရှိသည်ဟု ခံစားနေရသည့် အကြောင်းရင်းက ဘွားရှအား သူ့ကတိတွေကို မဖြည့်ဆည်းနိုင်ခြင်းကြောင့်ဆိုတာကို ရှလင်သိတယ်၊အစောပိုင်းတွင်နှစ်အတော်ကြာ ဘွားရှက သူ့ကို လက်ထပ်ရန်
အကြိမ်ကြိမ်တိုက်တွန်းခဲ့တယ်၊နောက်ပိုင်းတွင် ရှလျန် တစ်ယောက်မမျှော်လင့်ဘဲ ကိုယ်ဝန်ရခဲ့ပြီး ပြင်ပလူတွေအတွက် မည်သို့မှပင် လက်မခံနိုင်သည့် အနေအထားဖြင့် ကလေးတစ်ဦးကိုပါ မွေးဖွားခဲ့ရတယ်၊ ဘွားရှကိုလည်း အလုံးစုံရှင်းပြဖို့ရာ ဘယ်လိုမှပင်
ထိုနှစ်တွေအတွင်း ရှလျန်က ဘွားရှကို
ရှောင်ရန် အကြောင်းမျိုးစုံပြကာအဝေးမှာသာနေထိုင်ခဲ့တယ်၊ အိမ်ပြန်လာချိိန်ဆိုတာ
က လုံးဝမရှိသလောက်ပဲ၊ဘွားရှရဲ့ လက်ထပ်ပေးခြင်းအမှုအား လွတ်အောင်ရှောင်ရင်း
အဝေးသို့ရောက်နေဖို့ ဆင်ခြေထပ်ရှာမိပြန်တယ်။
ယခုတွင် ရှမိသားစုမှ အကြီးအကဲ နှစ်ယောက်တစ်ယောက်ပြီး တစ်ယောက်ဆုံးပါးသွားချိန် ရှလျန် တစ်ယောက်သူ့ခေါင်းထက်မှာ ချိတ်ဆွဲထားတဲ့ဓားရှည်ပျောက်ကွယ်သွားပေမဲ့ ခုထိတိုင်စိတ်သက်သာရာမရနိုင်ခဲ့ဘူး၊
ကလေး ကိစ္စကို မရှင်းပြနိုင်ခြင်းက လူကြီးတွေ အပေါ် အကြွေးတင်နေသကဲ့သို့ ခံစားမိနေတယ်။
"ဘွားက ကောကို ခွင့်လွှတ်မှာပါ"
ရှလင်က ရှလျန်ရဲ့လက်ကို ဆုပ်ကိုင်ပြီး
စိတ်သက်သာရာရစေရန် ပြောလာတယ်။
" အနည်းဆုံးတော့ သူမသေခင်ရှရှကို မြင်ခဲ့ရပြီး ရှရှကိုလည်း တကယ်သဘောကျခဲ့တာပဲလေ"
ရှလျန် သက်ပြင်းချလိုက်မိတယ်၊ရှလင်ပြောတဲ့အရာတွေက အပြစ်ချေဖျက်ခြင်းနှင့်တော့ အလှမ်းကွာလွန်းလှတယ်၊ရှလင်အား မည်သို့
မည်ပုံ ပြောပြရမှန်း မသိနိုင်တော့တဲ့အရာတွေသူမှာ အများကြီးရှိနေတယ်။
ရှလင်ကတော့ သူ့အတွေးတွေကို တကယ်မသိနိုင်ခဲ့ဘူး၊
" အမှန်တကယ်တော့, ဘွားခုလောက်ထိ
အသက်ရှည်ရှည်နေရတာကိုပဲကျွန်တော်ကျေနပ်နေပြီ"
"အသက်ရှည်ရှည်နေရတယ်?"
ရှလျန် က ရှလင်စကားထဲ၌ အကြောင်းရင်း တစ်ခုခုရှိနေတာကို သူခံစားမိလျက်
မျက်မှောင်ကြုတ်လိုက်မိတယ်။
ထိုအခါမှရှလင်သတိပြန်ဝင်လာပြီးသူ့စကားတွေလွတ်ထွက်သွားတာကို တွေ့လိုက်ရတာမို့
ချက်ခြင်းပင်ခေါင်းခါယမ်းကာအကြောင်း အရာကို ကျော်လိုက်တယ်။
သူနဲ့ စုန့်ယန်တို့ ပြန်လည်မွေးဖွားလာပြီးနောက် နောက်ထပ် အခွင့်အရေးတစ်ခုပါ
ရရှိခဲ့တယ်၊သူတို့ရဲ့ ကံကြမ္မာကို ပါပြောင်းလဲနိုင်ရုံမျှမက ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာရဲ့ ကံကြမ္မာကိုပါ ပြောင်းလဲစေခဲ့တယ်။
ဘွားဘွားရှက ယခင်ဘဝထက် နှစ်ပေါင်းများစွာ အသက်ပိုရှည်ခဲ့တယ်၊မြေး အကြီးဆုံးရဲ့
အိမ်ထောင်ရေးကို အမြဲတစေ စိတ်ပူနေခဲ့သော်လည်း အများစုကတော့ အရင်ဘဝထက် ပိုကျန်းမာပြီးပိုပျော်ရွှင်ခဲ့တယ်။
ရှလင်က သူ့ပတ်ဝန်းကျင်မှ လူအများအတွက် အဆင်ပြေထိုက်တန် နိုင်ပေမယ့်
ရှလျန်နဲ့ ရင်ဆိုင်ရမှာကိုတော့ ရှက်ရွံ့နေမိတယ်၊ အကယ်၍သူတို့သာ ပြန်မရှင်သန်နိုင်ခဲ့ရင်, ယာဥ်တိုက်ခတ်မှုတွေလည်း မဖြစ်ပေါ်နိုင်လျက် ရှလျန်နဲ့ ကျုန်းရှို့ တို့လည်း မျိုးရိုးဗီဇ ပုံဖော်ခံရပြီး ခုလိုမျိုးဖြစ်လာလိမ့်မည်
မဟုတ်ပေ။
ညီကို နှစ်ယောက် အတွေးကိုယ်စီဖြင့်
တချိန်တည်း ပြောမိကြတယ်၊
"အဲ့ဒါက...."
သူတို့နှစ်ယောက်အံ့အားသင့်နေရာမှ ရှလင် ပြုံးလိုက်မိတယ်။
"ကောအရင်ပြော.."
ရှလျန် ပြောခါနီးမှာပဲ တံခါး အပြင်ဘက်ဆီမှ
ကျုန်းရှိူ့ရဲ့ အသံကို ရုတ်တရက်ကြားလိုက်ရတယ်၊
"ဥက္ကဋ္ဌရင်, အခုက အရမ်း နောက်ကျနေပြီ,
မိသားစုတွေလည်း အကုန် အိပ်ရာဝင်ဖို့
လုပ်နေကြပြီ, ခင်ဗျားခုလို မျိုးဝင်လာ
တာကတကယ်မသင့်တော်ဘူး"
🍀🍀🍀🍀
............... .. ............................ . ....................
[ Z ]
ဘြားရွကြယ္လြန္ၿပီးတဲ့ေနာက္, ရွမိသားစုမွ
ညီကို ႏွစ္ေယာက္ကဘြားရွ၏အရိုးျပာကို
ရွမိသားစု အိမ္ေဟာင္းသို႔ ျပန္ယူလာခဲ့တယ္၊
ရက္အနည္းငယ္အတြင္း, ေဆြမ်ိဳးေတြနဲ႕ သူငယ္ခ်င္း ေတြက သူတို႔ရဲ႕ ဝမ္းနည္းမႈ ေတြကို အဆုံးမရွိ ေျပာဆိုလာၾကတယ္၊လီေမာ္နဲ႕က်ိခ်င္ကဲ့သို႔ေသာ လက္ရွိေဖ်ာ္ေျဖေရး
နယ္ပယ္၌ ေရပန္းစားေနတဲ့ နာမည္ႀကီးၾကယ္ပြင့္
ႏွစ္ဦးပင္ ၎တို႔၏အလုပ္ေတြကို ပစ္ၿပီး အေရာက္
လာၾကတယ္ ။
ထိုႏွစ္ေယာက္က သာမန္ပုံစံျဖင့္ ရောက်လာကြရင်း
တတ္ႏိုင္သေလာက္ လူေပါင္းမ်ားစြာရဲ႕ အၾကည့္ေတြ
ကို ေရွာင္လႊဲေနၾကတယ္၊တစ္ေယာက္ၿပီး တစ္ေယာက္
ထြက္ခြာသြားၾကၿပီးေနာက္ လီေမာ္ကရွလ်န္ႏွင့္ ခဏတာ အတူထိုင္ရန္အခြင့္အေရး ရရွိလာတယ္။
လီေမာ္ ကရွလ်န္၏ကိုယ္ဝန္ႏွင့္ ကေလးေမြးဖြားျခင္း အေၾကာင္းအရာေတြကို လုံးဝပင္မသိခဲ့။ ရွလ်န္ လ
အေတာ္ၾကာ အိပ္ရာထဲလဲသြားၿပီး ကုလီ႐ႊမ္းအားဓားျဖင့္ ထိုး၍ ခုခံခဲ့တာကိုသာသူသိခဲ့တယ္။
ထို အျဖစ္အပ်က္အၿပီးတြင္ ဝမ္ပင္က ကုလီ႐ႊမ္းရဲ႕ မွတ္ညာဏ္ေတြကို ေဖ်ာက္ပစ္လိုက္တယ္။ တရားခြင္မွာလည္း သူဘာကိုမွမေျပာနိုင္ခဲ့ဘူး၊ တခါတရံ ရယ္ၿပီး က်ိန္ဆဲေနခဲ့တယ္၊ ကုလီ႐ႊမ္းအား စိတ္ပိုင္းဆိုင္ရာ ျပသနာရွိသည္ဟု ယူဆၿပီး ေထာင္အစား စိတ္က်န္းမာေရး ေဆး႐ုံဆီသို႔ ပို႔ခဲ့တယ္။
ယခုတြင္မူ သူတို႔ႏွစ္ေယာက္စလုံးက
ကုလီ႐ႊမ္းအေၾကာင္း ေျပာရမည္အား
တိတ္တဆိတ္ပင္ေရွာင္ရွားေနၾကတယ္။
က်ိခ်င္ရွရွအား စေနာက္ေနသည့္အသံကို
ဧည့္ခန္းထဲမွၾကားေနရတယ္၊လီေမာ္ ရွရွကို
ၾကည့္ရင္း သူ႕ေဘးတြင္လည္း မိခင္ဟု ယူဆနိုင္
မည့္ အမ်ိဳးသမီးတစ္ေယာက္မွမေတြ႕ ရတာမို႔
ရွလ်န္ကို အေသအခ်ာပင္ေမးလိုက္တယ္၊
"ရွရွကို မင္းရဲ႕ သမီးအျဖစ္အသိအမွတ္ျပဳလိုက္တယ္လို႔ ငါၾကားတယ္,အဲ့ဒါတကယ္လား?"
ရွလ်န္က႐ွ႐ွေလးကိူစိုုက္ၾကည့္လိုက္တယ္၊
"ရွရွကိုအသိအမွတ္ျပဳတာ မဟုတ္ဘူး၊
သူက အစကတည္းက ငါ့သမီးပဲ"
လီေမာ္ အေတာ္ေလး အံ့ၾသေနမိတယ္၊
ရွလ်န္ႏွင့္ ႏွစ္အေတာ္ၾကာသိကြၽမ္းခဲ့သူမို႔
ယခုလို ႏူးညံ့သိမ္ေမြ႕တဲ့ပုံစံမ်ိဳး ရွလ်န္ထံ၌
သူလုံးဝပင္ မျမင္ဘူးခဲ့။
လီေမာ္ သက္ျပင္းခ်ၿပီး စိတ္လႈပ္ရွားစြာ
ေျပာလာတယ္၊
"မင္း ေျပာင္းလဲသြားတယ္"
"ဘာကိုလဲ?"
"အရင္တုန္းကေတာ့, မင္းကရွိမိသားစု တစ္ခုလုံးရဲ႕
လီေမာ္ ရွလ်န္ကို ၾကည့္ၿပီး,
" အခု မင္းက ပိုၿပီး ေပ်ာ္ေနပုံရတယ္"
ရွလ်န္ ၿပဳံးျပၿပီး ျပန္မေျဖမိခဲ့၊ရွရွ၏မူလ
ဇစ္ျမစ္က အမွားမခံတာမို႔ စကားတခြန္း
ေျပာဖို႔ရာ အၿမဲလိုသတိကပ္ေနခဲ့တယ္။
"ဒါဆို မင္းေကာ?"
ရွလ်န္ကအေၾကာင္းအရာကို ေျပာင္းလဲလိုက္ၿပီးရွရွႏွင့္အတူ ဧည့္ခန္းထဲမွာရွိေနတဲ့က်ိခ်င္ကို ၾကည့္ရင္း ေမး
လိုက္တယ္။
"ဒီႏွစ္ေတြအတြင္း မင္းနဲ႕ က်ိခ်င္တို႔ ၾကား
အေျခအေန ဘယ္လို ရွိလဲ?"
သူတို႔ႏွစ္ေယာက္လြန္ခဲ့တဲ့ေလးႏွစ္ေလာက္မွစၿပီး ဒရမ္မာတစ္ကားကို အတူရိုက္ရင္း နာမည္ႀကီးလာၾကျခင္းပင္
၊ရိုက္ကူးေရးေတြအတူ လုပ္ကိုင္ျခင္းက မရွိေတာ့
သေလာက္ရွားပါးသြားေပမယ့္ သီးသန့္ရင္းႏွီးမႈကေတာ့
ေကာင္းမြန္ေနၿမဲသာ။
ဒါေပမဲ့ ..အဲ့ဒါကလည္းတမ်ိဳးေကာင္းသည္ပင္။
က်ိခ်င္ကယမန္ႏွစ္ကမီဒီယာမ်ားေရွ႕၌ လူသိရွင္ၾကားပင္ သူ႕တြင္ခ်စ္သူရွိေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့
တယ္။
ရလာဒ္အေနနဲ႕, သူေျပာတဲ့ ခ်စ္သူဆိုသည္က သူနဲ႕
ႏွစ္အေတာ္ၾကာစုံတြဲ ေတြအျဖစ္ နာမည္ႀကီးခဲ့တဲ့လီေမာ္ ဟုတ္မဟုတ္ဆိုတာကို မီဒီယာေတြက ခန့္မွန္းခဲ့ၾက
တယ္၊အဲ့ဒီ ထင္ေၾကးနဲ႕ ပတ္သက္ၿပီး
လည္း ဘယ္သူကမွလည္းအျပဳသ
ေဘာနဲ႕ တုံ႕ျပန္တာမ်ိဳး မရွိခဲ့ဘူး၊က်ိခ်င္က
လည္းခ်စ္သူရွိေၾကာင္း ေျပာၿပီးတဲ့ေနာက္
မည္သည့္စကားတခြန္းမွထပ္ထြက္မလာခဲ့။
လီေမာ္ ေခါင္းခါၿပီး ရယ္ေမာရင္း,
"အဲ့ဒီ ေကာလဟာလေတြကို နားေထာင္မေနနဲ႕, က်ိခ်င္နဲ႕ငါက တကယ့္ကို ရိုးရိုးသားသားသူငယ္ခ်င္းေတြပါ"
"ဒါဆို မင္းကဘာလို႔ အဲ့ဒီေမးခြန္းကို
အႀကိမ္ႀကိမ္ေရွာင္ေနတာလဲ?"
လီေမာ္က ကူကယ္ရာမဲ့စြာေျပာလာတယ္,
"အဲ့ဒီကေလး က်ိခ်င္က ငါ့ကို ဒိုင္းတစ္ခုအေနနဲ႕
သုံးေနတာ"
ရွလ်န္အံ့အားသင့္သြားတယ္,
"က်ိခ်င္ ကိုယ္တိုင္ေျပာတာလား?"
"အင္း!"
"သူေျပာတာကို မင္းယုံလား?"
"ဘာလို႔မယုံရမွာလဲ? "
လီေမာ္က တကယ့္ကို ဘာမွမသိတဲ့ပုံပဲ။
"ဒါဆို သူ႕ခ်စ္သူဘယ္သူလဲဆိုတာကိုေရာ မင္းသိလား?"
"ဒါက်...သူဘာမွမေျပာဘူး"
"မင္းသူ႕ကို တခါမွမေမးဘူးလား?"
"ဒါကသူ႕ကိုယ္ေရး ကိုယ္တာ လွ်ိူ႕ဝွက္ခ်က္ေလ,
သူမေျပာမွေတာ့ ငါကအတင္း ေမးလို႔ရမလား?"
ရွလ်န္တစ္ေယာက္ နံရံကိုသာတိုက္ခိုက္ေနရတဲ့
တေစၦသရဲ လိုျဖစ္ေနတဲ့ က်ိခ်င္အတြက္
အနည္းငယ္ပင္စိတ္မေကာင္းျဖစ္မိတယ္။
သုံးရက္မွ်ၾကာၿပီးတဲ့ေနာက္, ဧည္သည္စဲသြားခ်ိန္
ရွမိသားစု အိမ္တံခါး ပိတ္လိုက္ၿပီ။
ရွလ်န္က ရွမိသားစု၏အႀကီးဆုံးေျမးျဖစ္ေနတယ္၊
ရွဘိုးေဘး မ်ား၏စည္းမ်ဥ္းအရအႀကီးအကဲမ်ား ကြယ္လြန္သြားေသာအခါ,လက္ရွိ မိသားစုမွ ငယ္႐ြယ္သူ
အႀကီးအကဲကကဗ်ည္းတိုင္ေရွ႕၌ ခုႏွစ္ရက္ ၊ခုႏွစ္ည
တိုင္တိုင္ေနရမည္ပင္။
ပါပါးရွ လြန္ခဲ့သည့္ႏွစ္ႏွစ္ကြယ္လြန္သြားခ်ိန္က
ဘြားရွက သူ႕ေျမးႏွစ္ေယာက္ကို သနားတာမို႔
ကဗ်ည္းတိုင္ေရွ႕ဒူးေထာက္ခြင့္မျပဳခဲ့၊
အခုတြင္ဘြားရွကြယ္လြန္တဲ့အခါ ရွလ်န္က
မိသားစု၏အႀကီးအကဲ အျဖစ္ ထုံးစံအတိုင္း
ျပင္ဆင္ရန္ ဆုံးျဖတ္ခဲ့တယ္။
ဘြားဘြားရွ သက္ရွိ ထင္ရွား ရွိစဥ္က
ဗုဒၶဘာသာကို ယုံၾကည္သက္ဝင္သူမို႔
က်မ္းဂန္ဂါထာမ်ားကို ကိုယ္တိုင္ေရးထိုး
႐ြတ္ဆိုကာ ကြယ္လြန္သူအတြက္ဆုေတာင္း
ေပးခဲ့တယ္၊ ပမာဏတစ္ခုမွကူးယူၿပီးခ်ိန္ ,
ရွလင္ က သူ႕ေဘးသို႔ေလွ်ာက္လာၿပီး သူ႕ေဘးတြင္
တိတ္တဆိတ္ရွိေနတာကို သူေတြ႕လိုက္ရတယ္။
"ေကာင္းခ်ီးေတြ အတြက္ ဆုေတာင္းၿပီး
ငါ့အျပစ္ ေတြကို လည္း ေခ်ဖ်က္နိုင္ဖို႔
ဒီမွာ ဒူးေထာက္ေနတာ, မင္းကငါ့လို
လိုက္လုပ္ေနစရာမလိုဘူး"
" ကြၽန္ေတာ္လည္း ေကာနဲ႕အတူ ဆုေတာင္းေပးလို႔
ရတယ္၊ အျပစ္ေခ်ဖိဳ႕ဆိုရေအာင္
ရွလ်န္ တိတ္တဆိတ္သက္ျပင္းခ်လိဳက္မိတယ္၊
" ငါ ဘြားကို ကတိေတြ အမ်ားႀကီးေပးခဲ့ဖူးေပမဲ့အနည္း
အက်ဥ္းေလာက္ပဲျဖည့္ဆည္း ေပးနိုင္ခဲ့တယ္၊သူမေသခင္သူ႕ျမစ္မေလးနဲ႕ ေတြ႕ခဲ့ရတာေတာင္အမွန္တိုင္းကို
သိမသြားရွာဘူး"
ရွလ်န္သူ႕ကိုယ္သူ အျပစ္ရွိသည္ဟု ခံစားေနရသည့္ အေၾကာင္းရင္းက ဘြားရွအား သူ႕ကတိေတြကို မျဖည့္
ဆည္းနိုင္ျခင္းေၾကာင့္ဆိုတာကို ရွလင္သိတယ္၊အေစာပိုင္းတြင္ႏွစ္အေတာ္ၾကာ ဘြားရွက သူ႕ကို လက္ထပ္ရန္
အႀကိမ္ႀကိမ္တိုက္တြန္းခဲ့တယ္၊ေနာက္ပိုင္းတြင္ ရွလ်န္
တစ္ေယာက္မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရခဲ့ၿပီး ျပင္ပလူေတြ
အတြက္ မည္သို႔မွပင္ လက္မခံနိုင္သည့္ အေနအထားျဖင့္ ကေလးတစ္ဦးကိုပါ ေမြးဖြားခဲ့ရတယ္၊ ဘြားရွကိုလည္း အလုံးစုံရွင္းျပဖို႔ရာ ဘယ္လိုမွပင္မျဖစ္နိုင္ေတာ့။
ထိုႏွစ္ေတြအတြင္း ရွလ်န္က ဘြားရွကို
ေရွာင္ရန္ အေၾကာင္းမ်ိဳးစုံျပကာအေဝးမွာ
သာေနထိုင္ခဲ့တယ္၊ အိမ္ျပန္လာခ်ိိန္ဆိုတာ
က လုံးဝမရွိသေလာက္ပဲ၊ဘြားရွရဲ႕
လက္ထပ္ေပးျခင္းအမႈအား လြတ္ေအာင္ေရွာင္ရင္း
အေဝးသို႔ေရာက္ေနဖို႔ ဆင္ေျခထပ္ရွာမိျပန္တယ္။
ယခုတြင္ ရွမိသားစုမွ အႀကီးအကဲ ႏွစ္ေယာက္
တစ္ေယာက္ၿပီး တစ္ေယာက္ဆုံးပါးသြားခ်ိန္ ရွလ်န္
တစ္ေယာက္သူ႕ေခါင္းထက္မွာ ခ်ိတ္ဆြဲထားတဲ့
ဓားရွည္ေပ်ာက္ကြယ္သြားေပမဲ့ ခုထိတိုင္စိတ္
သက္သာရာမရနိုင္ခဲ့ဘူး၊ကေလး ကိစၥကိုမရွင္းျပနိုင္
ျခင္းက လူႀကီးေတြ အေပၚ အေႂကြးတင္ေနသကဲ့သို႔
ခံစားမိေနတယ္။
"ဘြားက ေကာကို ခြင့္လႊတ္မွာပါ"
ရွလင္က ရွလ်န္ရဲ႕လက္ကို ဆုပ္ကိုင္ၿပီး
စိတ္သက္သာရာရေစရန္ ေျပာလာတယ္။
" အနည္းဆုံးေတာ့ သူမေသခင္ရွရွကို ျမင္ခဲ့ရၿပီး
ရွရွကိုလည္း တကယ္သေဘာက်ခဲ့တာပဲေလ"
ရွလ်န္ သက္ျပင္းခ်လိဳက္မိတယ္၊ရွလင္ေျပာတဲ့အရာေတြက အျပစ္ေခ်ဖ်က္ျခင္းႏွင့္ေတာ့ အလွမ္းကြာလြန္းလွ
တယ္၊ရွလင္အား မည္သို႔မည္ပုံ ေျပာျပရမွန္း မသိနိုင္ေတာ့တဲ့အရာေတြသူမွာ အမ်ားႀကီးရွိေနတယ္။
ရွလင္ကေတာ့ သူ႕အေတြးေတြကို တကယ္မသိနိုင္ခဲ့ဘူး၊
" အမွန္တကယ္ေတာ့, ဘြားခုေလာက္ထိ
အသက္ရွည္ရွည္ေနရတာကိုပဲကြၽန္ေတာ္ေက်နပ္ေနၿပီ"
"အသက္ရွည္ရွည္ေနရတယ္?"
ရွလ်န္ က ရွလင္စကားထဲ၌ အေၾကာင္းရင္း
တစ္ခုခုရွိေနတာကို သူခံစားမိလ်က္
မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။
ထိုအခါမွရွလင္သတိျပန္ဝင္လာၿပီးသူ႕စကားေတြ
လြတ္ထြက္သြားတာကို ေတြ႕လိုက္ရတာမို႔
ခ်က္ျခင္းပင္ေခါင္းခါယမ္းကာအေၾကာင္း
အရာကို ေက်ာ္လိုက္တယ္။
သူနဲ႕ စုန့္ယန္တို႔ ျပန္လည္ေမြးဖြား
လာၿပီးေနာက္ ေနာက္ထပ္ အခြင့္အေရးတစ္ခုပါ
ရရွိခဲ့တယ္၊သူတို႔ရဲ႕ ကံၾကမၼာကို ပါေျပာင္းလဲနိုင္႐ုံမွ်မက
ပတ္ဝန္းက်င္ရွိ လူေပါင္းမ်ားစြာရဲ႕ ကံၾကမၼာကိုပါ ေျပာင္းလဲေစခဲ့တယ္။
ဘြားဘြားရွက ယခင္ဘဝထက္ ႏွစ္ေပါင္းမ်ားစြာ အသက္ပိုရွည္ခဲ့တယ္၊ေျမး အႀကီးဆုံးရဲ႕ အိမ္ေထာင္ေရးကို အၿမဲတေစ စိတ္ပူေနခဲ့ေသာ္လည္း အမ်ားစုကေတာ့ အရင္ဘဝထက္ ပိုက်န္းမာၿပီးပိုေပ်ာ္႐ႊင္ခဲ့တယ္။
ရွလင္က သူ႕ပတ္ဝန္းက်င္မွ လူအမ်ားအတြက္
အဆင္ေျပထိုက္တန္ နိုင္ေပမယ့္ ရွလ်န္နဲ႕ ရင္ဆိုင္ရမွာကိုေတာ့ ရွက္႐ြံ႕ေနမိတယ္၊ အကယ္၍သူတို႔သာ ျပန္မရွင္သန္နိုင္ခဲ့ရင္, ယာဥ္တိုက္ခတ္မႈေတြလည္း မျဖစ္ေပၚနိုင္လ်က္ ရွလ်န္နဲ႕ က်ဳန္းရွို႔ တို႔လည္း မ်ိဳးရိုးဗီဇ ပုံေဖာ္ခံရၿပီး ခုလိုမ်ိဳးျဖစ္လာလိမ့္မည္ မဟုတ္ေပ။
ညီကို ႏွစ္ေယာက္ အေတြးကိုယ္စီျဖင့္
တခ်ိန္တည္း ေျပာမိၾကတယ္၊
"အဲ့ဒါက...."
သူတို႔ႏွစ္ေယာက္အံ့အားသင့္ေနရာမွ ရွလင္ ၿပဳံးလိုက္မိ
တယ္။
"ေကာအရင္ေျပာ.."
ရွလ်န္ ေျပာခါနီးမွာပဲ တံခါး အျပင္ဘက္ဆီမွ
က်ဳန္းရွိူ႕ရဲ႕ အသံကို ႐ုတ္တရက္ၾကားလိုက္ရတယ္၊
"ဥကၠ႒ရင္, အခုက အရမ္း ေနာက္က်ေနၿပီ,
မိသားစုေတြလည္း အကုန္ အိပ္ရာဝင္ဖို႔
လုပ္ေနၾကၿပီ, ခင္ဗ်ားခုလို မ်ိဳးဝင္လာ
တာကတကယ္မသင့္ေတာ္ဘူး"
🍓🍓🍓🍓
............... .. ............................ . ....................
You are reading the story above: TeenFic.Net