EP63(U&Z)

Background color
Font
Font size
Line height

..[ U ]

ကျုန်းရှိူ့ တဖက်သို့လှည့်လာပြီး သူ့ရဲ့
အကျီကိုမတင်ပြလာတယ်၊ ရှလျန်သူ့နောက်ကျောရှိ ဒဏ်ရာတွေကို မြင်လိုက်
ရတဲ့အချိန် အသက်ရှုဖို့ရာပင်မေ့လျော့
သွားခဲ့တယ်။

အမာရွတ်ကအသစ်တွေရောအဟောင်းတွေ
ပါ ရှိနေပြီးဓားဒဏ်ရာတွေနဲ့ အတူ ကျည်ဆန်ဒဏ်ရာတွေပါ ရှိနေတယ်၊ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းကျုန်းရှိူ့ ဘယ်လိုတွေ ဖြတ်သန်းလာရမလဲဆိုတာကို တွေးကြည့်လို့ပင်မရခဲ့ဘူး။

"မင်းနောက်ကျောမှာ အများကြီးပဲ"

ရှလျန် ကျုန်းရှို့ရဲ့ နောက်ကျောပြင်ကို
ကြည့်ပြီး မထိတို့ဘဲ မနေနိုင်တော့ဘူး၊
ရှလျန် အသံတွေပင်တုန်ယင်လာလျက် ,

" တခြားနေရာတွေမှာရောရှိသေးလား?"

"မကြည့်နဲ့"

ကျုန်းရှိူ့ သူ့ အကျီကို ဆွဲချပြီး ရှလျန်ရဲ့
လက်ကို ဆွဲကိုင်ရင်း တဖက်လှည့်လာတယ်၊

" ဒါတွေက ဒဏ်ရာသေးသေးလေးတွေပါ,
ခဏပဲ ,နောက်ဆို မနာတော့ဘူး,အခုဆို
အဆင်ပြေနေပြီ"

ရှလျန်က တုံးအသူမဟုတ်တာမို့ ဆက်ပြောလိုက်တယ်။

" ခုနကပဲ ,မင်းရဲ့ နေထိုင်စားရိတ်နဲ့ ဆေးဝါး
အဖိုးအခတွေအတွက်မင်းစစ်တပ်ထဲ
ဝင်ရတယ်လို့ ငါ့ကို ပြောတယ်,မင်းစစ်တပ်မှာထမ်းဆောင်ရမယ့်တာဝန်ကအသေး အမွှားတော့ မဖြစ်နိုင်ဘူး၊မင်းဘယ်အပိုင်းကို တာဝန်ယူရတာလဲ?"

ကျုန်းရှို့ သက်ပြင်းချလိုက်မိတယ်, ရှလျန်ရဲ့
ဒေါသ အရ တမင်တကာဖုံးကွယ်ထားလို့ရနိုင်မည်မဟုတ်တာကို သူသိတာမို့အသေ အချာရှင်းပြလိုက်မိတယ်။

"ကျွန်တော်ရှရှကို အဲ့ဒီကို ခေါ်သွားပြီးသိပ်မကြာခင်မှာပဲ ABOမျိုးနွယ်စုတွေ စစ်ဖြစ်ပွားကြတယ်၊ အရပ်ဖက်မှာရှိတဲ့ မငြိမ်မသက်မှုတွေကလည်း အရည်အချင်းရှိတဲ့ အိုမီဂါအချို့ကြောင့် ဖြစ်ခဲ့တာမို့ တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ခံရတယ်၊ဒူလန်ကျဲ တဖက်ကမ္ဘာက ပြန်ဖမ်းခေါ်လာတဲ့ ချန်းရှအကြောင်းလဲ ကြားတယ်၊ချန်းရှတောင် နှစ်ကြိမ်တိတိ
ပြန်ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်၊ သူက
ပုန်ကန်သူတွေနဲ့ ပူးပေါင်းပြီးဥပဒေတွေကို
ပြင််ဆင်ဖို့နဲ့ ကျဆုံးသူတွေရဲ့အလောင်းတွေကို ပြန်ယူဖို့အာဏာရှိသူတွေကို ပုန်ကန်တောင်းဆို သူတွေနဲ့ ပူးပေါင်းခဲ့သေးတယ်"

အမှန်တကယ်လည်း ဟုတ်မှန်နေတယ်၊
ဒူလန်ကျဲ ဆီမှ ABOအဖွဲ့ သုံးဖွဲ့ရဲ့ အလွန်မမျှတတဲ့ လူမှု အဆင့်အတန်း တွေအကြောင်း
ကြားသိရကတည်းက တနေ့ နေ့ ဒီလို မျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို သူထင်နေခဲ့တယ်။

"အစပိုင်းမှာတော့, လူနည်းစုက အားနည်းတာမို့ အစိုးရနဲ့ စစ်တပ်က သိပ်ပြီး မစိုးရိမ်ကြဘူး၊အကြိမ် ကြိမ်နှိပ်ကွပ်ဖို့အတွက်လူတွေ စေလွှတ်ရင်ဘအဆင်ပြေပြီလို့ပဲယူဆနေကြတယ်၊လူအနည်းစုနဲ့ အယ်ဖာ အချို့က
ပုန်ကန်သူတွေနဲ့ ပူးပေါင်းပြီး မကြာမီကမ္ဘာတစ်ဝှမ်းလုံးကို စစ်ပွဲ တွေအဖြစ်ဖန်တီးပြီး
တဖြေးဖြေး မီးလောင်ပြင်ဖြစ်အောင်လုပ်ဖို့
ကြိုးစားလာကြတယ်"

ရှလျန် မျက်လုံးတွေ ကို မှိတ်ပစ်လိုက်တယ်၊

"ဒါကြောင့် မင်းက အယ်ဖာတစ်ယောက်အနေနဲ့စစ်ဘက်ရေးရာကိုဝင်လိုက်တာလား?"

"မဟုတ်ဘူး"

ကျုန်းရှိူ့ ခေါင်းခါယမ်းပြလာတယ်၊

" အမျိုးမျိုးသော အင်အားစုတွေ ရဲ့လွှမ်းမိုးမှုကြောင့်သူတို့ လူစုကွဲကုန်တယ်၊ကျွန်တော်က ဝမ်ပင်နဲ့ ဒူလန်ကျဲ တို့ နဲ့ သိကျွမ်းနေတာကြောင့် အစပိုင်းမှာတော့ စောင့်ကြည့်ခံနေရသေးတယ်၊သူတို့က ကျွန်တော့်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်ပြီး သူတို့နဲ့ ပူးပေါင်းဖို့
ပြောလာကြတယ်၊ အဲ့ဒီအပြင်ရှရှရဲ့ ကျန်းမာရေး အခြေအနေကလည်း ပြင်းထန်နေတယ်၊ကျွန်တော်တကယ့်ကိုအကြပ်ရိုက်ခဲ့တာ၊ ကံကောင်းပြီး နော်ဝဲလ် မိသားစုရဲ့
ဦးဆောင်မှုနဲ့ ကြားနေ အဖွဲ့တစ်ခုပေါ်လာတယ်၊အဲ့ဒီအဖွဲ့ကအယ်ဖာနဲ့အိုမီဂါ အစွန်းရောက်တွေကို နှိမ်နင်းဖို့ ထောက်ခံအားပေးပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့လူမှုရေး အစီအစဥ်ကို ထိန်းသိမ်းကာ မကြာမီမှာဘဲ
လူထုကို စည်းရုံးနိုင်ခဲ့တယ်၊ဒါကြောင့်မို့
အဲ့ဒီအချိန် ကျွန်တော်ချက်ခြင်း နော်ဝဲလ်
မိသားစု မှာခိုလှုံပြီး သူတို့ရဲ့ စစ်တပ်ထဲကို
ဝင်ခဲ့တယ်၊အခြေအနေကလည်း တည်ငြိမ်သွားပြီမို့ ခွင့်ရက်လျှောက်ထားပြီးရှရှနဲ့
ကောတို့ပြန်တွေ့လို့ရအောင် လာခဲ့တာ"

ဒူလန်ကျဲ သူ့ကို ပြောမပြထားတဲ့ ကိစ္စတွေက ခုလောက်ထိ အများကြီး ရှိလိမ့်မယ်လို့ သူလုံးဝ မျှော်လင့်မထားခဲ့ဘူး၊

" ဒါဆို အခု မင်းရဲ့ရာထူးကဘာလဲ?မင်းမှာ
ရဲဘော်ရဲဘက်တွေရှိနေပြီလို့ရှရှပြောတာကို
ငါကြားထားတယ်"

"ကျွန်တော်..ကျွန်တော်က အခွင့်အခါကောင်းရတယ်လို့ပဲ ပြောရမယ်၊နော်ဝဲလ် မိသားစု
အန္တရာယ်ကျရောက်နေတဲ့ အချိန်ဖြစ်နေတယ်၊ ကျွန်တော် ရှရှကို ဝမ်ပင်နဲ့ အပ်ထားပြီး
အယ်ဖာအချို့နောက်ကို လိုက်ခဲ့တယ်၊အဲ့ဒီနောက် တိုက်ပွဲတိုင်းလိုလို မှာလည်း ပါဝင်ခဲ့တယ်၊စစ်တပ်ထဲမှာရှိတဲ့နော်ဝဲလ်အကြီးအကဲတွေကကျွန်တော့်ကို အရမ်းသဘောကျတယ်၊ခုဆို ဗိုလ်မှုးအဖြစ်ရာထူးတိုးမြှင့်ပေးလာတယ်"

ရှလျန်ထပ်မံ၍ အံ့အားသင့်မိပြန်တယ်၊
ခက်ခဲ တဲ့ အချိန်တွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တာမို့ သူရဲကောင်းတစ်ဦး
အဖြစ် ရာထူးကတော့ ကျိန်းသေတိုးနိုင်တယ်၊သူ့ရှေ့ မှကောင်လေးကိုသူနဲ့ အတူ
ကြီးပြင်းလာတဲ့ ကောင်လေးအဖြစ်မှABOစစ်ပွဲ တွေမှာ အောင်မြင်မှုတွေရခဲ့တဲ့ ဗိုလ်မှုးငယ်လေးအဖြစ်သူတကယ်ပင်
ဘယ်လိုမှ ဆက်စပ်လို့မရနိုင်သေးဘူး။
အဲ့ဒီအပြင်သူ့ ခန္ဓာကိုယ်ပေါ်မှ သေးငယ်တဲ့
အမာရွတ်တွေကအလွန် ချောက်ခြားစရာကောင်းလွန်းလှတယ်၊အကယ်၍ကျုန်းရှို့
သာ၎င်းတို့၏ကလေးကို ကုသပေးခဲ့ရုံမျှ
မက သူ့ အသက်အတွက်ကိုပါ တိုက်ပွဲဝင်နေကြောင်း ရှလျန် သိရပါက ကျုန်းရှိူ့ကို ဘယ်လိုမှစိတ်လေးလက်အေးလွှတ်ထား
နိုင်လိမ့်မည် မဟုတ်ခဲ့။

ရှလျန်နှုတ်ဆိတ်နေတာကိုမြင်တဲ့အခါ
ကျုန်းရှိူ့တစ်ယောက်ရှလျန်ရဲ့အတွေးတွေ
ကို နားလည် နေမိရင်း ရှလျန်လက်လေးကို
နူးညံ့စွာဆုပ်ကိုင်၍ နှစ်သိမ့်လိုက်တယ်။

" အခက်ခဲဆုံးကာလတွေကိုကျော်ဖြတ်ပြီးပြီမို့ ရှရှက အခုဆို ကျန်းမာလာပြီလေ၊အခုဆို,
ကျွန်တော်တို့ မိသားစု သုံးယောက် ပြန်လည်ဆုံစည်းနိုင်...."

ကျုန်းရှိူ့စကားမဆုံးခင်မှာဘဲဘေးနားမှ
ရှရှက ရုတ်တရက် နှုတ်ခမ်းစူပြီးရှလျန် ရင်ခွင်ထဲသို့ တိုးဝင်လာတယ်။

"မာမား...ဒီမှာမနေတော့နဲ့ , သမီးတို့နဲ့ ပြန်လိုက်ခဲ့, တကယ်လို့ မာမားသာပြန်မလာဘူးဆိုရင်, ပါပါးရဲ့လူပျိုဘဝလေးကို
ထိန်းသိမ်း နိုင်တော့မှာမဟုတ်ဘူး"

ကျုန်းရှိူ့ မျက်နှာတမုဟုတ်ခြင်းတင်းမာသွားတယ်၊

"ရှရှ ပေါက်ကရစကားတွေ မပြောစမ်းနဲ့!"

"သမီး မဟုတ်တာပြောတာမှမဟုတ်တာ,

ဘေးက လူတွေက ပါးကို blind dateလုပ်ပြီး
ဘယ်ကမှန်း မသိတဲ့ ဦးလေးတွေ ၊အန်တီတွေနဲ့ ချိန်းတွေ့ဖို့ ဖိအားပေးနေတာကိုသမီး
အသေအချာ မြင်နေရတာလေ, တကယ်လို့
ပါပါး မသွားဘူးဆိုရင်, သူတို့က ပါးပါးအိပ်ရာထဲထိ အဲ့လူတွေကို တွန်းပို့လာမှာ,
သမီးက ငယ်သေးလို့ ဘာမှနားမလည်ဘူး
လို့ မထင်နဲ့..သမီးက သူတို့အကြံတွေကို
ကြိုသိနေတယ်..."

ရှလျန် အံ့အားသင့်စွာဖြင့် ကျုန်းရှိူ့ကို
လှည့်ကြည့်လိုက်မိတယ်၊

" အဲ့ဒီအခြေအနေက ဘာလဲ? ဘာလို့သူတို့က
မင်းကို blind dateအတင်း လုပ်ခိုင်းနေကြတာလဲ?"

"လျန်ကော,ကျွန်တော့်ကို အထင်မလွဲနဲ့,
ရှရှပြောသလောက်လည်း မဆိုးပါဘူး"

ကျုန်းရှို့ က ရှလျန် အပေါ်ထားရှိတဲ့ သူ့ရဲ့ သစ္စာတရားအား သံသယရှိမည်စိုးတာမို့
အလျင်အမြန် ရှင်းပြလိုက်တယ်၊

"ဒါက နော်ဝဲလ် မိသားစုက ကျွန်တော့်ကို
အချိန်အကြာကြီး ထိန်းထားနိုင်မယ့် နည်းလမ်း တစ်ခုလေ"

"ကလေးတစ်ယောက်နဲ့ လေးနှစ်ကြာတဲ့အထိ
ကျွန်တော်တကိုယ်တည်းနေတာကို တွေ့တော့
သူတို့က ကျွန်တော်တစ်ယောက်တည်း ဖြစ်နေတယ်လို့ထင်ပြီး တစ်ယောက်ယောက်နဲ့
မိတ်ဆက်ပေးဖို့ နည်းလမ်း မျိုးစုံနဲ့ ကြိုးစားလာကြတာ, ကျွန်တော့် အိုမီဂါက သက်ရှိထင်ရှားရှိနေပါတယ်လို့ ပြောလည်း သူတို့က
မယုံကြဘူး၊ အဲ့ဒါနဲ့သူတို့က...အဲ့လို ဟာသတွေ လုပ်လာကြတာ"

"ဒါပေမဲ့ စိတ်မပူပါနဲ့ လျန်ကော, ကျွန်တော်
အဲ့လို နောင်တရစေမယ့် အလုပ်မျိုးတွေကို
ဘယ်တော့မှလုပ်မှာမဟုတ်ဘူး၊သူတို့
ကျွန်တော့် အိပ်ရာထဲထိ အိုမီဂါ တစ်ယောက်ကို ပို့ပေးမယ်ဆိုရင်တောင်, ကောနဲ့ ပတ်သက်နေသရွေ့ ကျွန်တော်ဘယ်တော့မှ မဖောက်ပြန်ဘူး၊သူတို့က ကျွန်တော့် အိမ်ထောင်ရေးကို မထိန်းချုပ်နိုင်ပါဘူး"

ထိုသို့ ပြောလာတဲ့အခါ, ကျုန်းရှိူ့ရဲ့ စိတ်အားထက်သန်စွာ ရှင်းပြနေတဲ့ အသံကိုပင် မတွေးနိုင်လျက် ရှောင်လွဲမရနိုင်တဲ့ အခြေအနေသာဆိုပါက ကျုန်းရှို့ ပြောသလိုတော့ အဆင်မပြေနိုင်လောက်ဘူး၊ကျုန်းရှိူ့က သူ့ မမြင်ကွယ်ရာ၌ သူ့ကိုယ်တိုင်ဝန်ထိုးဝန်ပိုးတစ်ခု
ဖြစ်နေလိမ့်မယ်။

ထို အကြောင်းအရာကို တွေးမိပြီး ရှလျန်ရဲ့ မျက်နှာက တဖြေးဖြေးပင် ညိုးလျော်သွားခဲ့တယ်..ခုထိလည်း သူ့ကိုယ်သူ အသက်ရှင်နေသေးတယ်လို့ ဘယ်သူကမှမသတ်မှတ်ကြဘူး၊အကယ်၍များ သူသာတကယ် သေဆုံးပြီး ကျုန်းရှိူ့ မုဆိုးဖို ဖြစ်သွားရင်တောင်,
အိမ်ထောင်ရေး ကိစ္စကို ကျုန်းရှိူ့ကိုယ်တိုင်သာအတည်ပြုရမည်ပင်။

ရှရှပြောသည့်အတိုင်းသာ တကယ်အမှန်ဆိုပါက,နော်ဝဲလ် မိသားစု၏ ကြားနေမှု နဲ့ တန်းတူညီစေမှုက စစ်ပွဲ အတွင်း ပြည်သူတွေကို စည်းရုံး နိုင်ရန်နည်းလမ်းတစ်ခုမျှသာ
ဖြစ်ပုံရတယ်၊ဒူလန်ကျဲနှင့်သူ့ချစ်သူကို ခွဲခဲ့
သည့်အသိုင်းအဝိုင်းနဲ့ ဘာကွာခြားမှု မှရှိ
မနေခဲ့။

ရှလျန် ခေါင်းမော့ကြည့်လိုက်ချ်ိန် ကျုန်းရှ်ို့က
သူ့ကို စိုးရိမ်တကြီး ကြည့်နေတာကို တွေ့လိုက်ရတယ်၊ဝမ်းနည်းမှုအား ခတ္တမျှဖုံးကွယ်ရင်း ကျုန်းရှိူ့ရဲ့ နှုတ်ခမ်းတွေကို ကမန်းကတမ်း ဖျက်ကနဲ နမ်းလိုက်တယ်။

"ငါ့အယ်ဖာကိုလည်းဘယ်သူ့ကိုမှမပေးနိုင်ပါဘူး"

🍀🍀🍀🍀🍀
.......................................................................

[ Z ]

ကျုန်းရှို့ တဖက်သို့လှည့်လာပြီး သူ့ရဲ့

ပါ ရှိနေပြီးဓားဒဏ်ရာတွေနဲ့ အတူ ကျည်ဆန်ဒဏ်ရာတွေပါ ရှိနေတယ်၊ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်းကျုန်းရှို့ ဘယ်လိုတွေ ဖြတ်သန်းလာရမလဲဆိုတာကို တွေး




"မကြည့်နဲ့"

ကျုန်းရှို့ သူ့ အကျီကို ဆွဲချပြီး ရှလျန်ရဲ့

အဆင်ပြေနေပြီ"




ပြင်ဆင်ဖို့နဲ့ ကျဆုံးသူတွေရဲ့အလောင်းတွေကို ပြန်ယူဖို့အာဏာရှိသူတွေကို ပုန်ကန်တောင်းဆို သူတွေနဲ့
ပူးပေါင်းခဲ့သေးတယ်"



ကြိုးစားလာကြတယ်"



"မဟုတ်ဘူး"

ကျုန်းရှို့ ခေါင်းခါယမ်းပြလာတယ်၊



ငါကြားထားတယ်"


ရှလျန် သိရပါက ကျုန်းရှို့ကို ဘယ်လိုမှစိတ်လေး

ကျုန်းရှို့တစ်ယောက်ရှလျန်ရဲ့အတွေးတွေ

ဆုံစည်းနိုင်...."

ကျုန်းရှို့စကားမဆုံးခင်မှာဘဲဘေးနားမှ


ကျုန်းရှို့ မျက်နှာတမုဟုတ်ခြင်းတင်းမာသွားတယ်၊



ကြိုသိနေတယ်..."

ရှလျန် အံ့အားသင့်စွာဖြင့် ကျုန်းရှို့ကို



တယ်၊

တစ်ခုလေ"



ထိုသို့ ပြောလာတဲ့အခါ, ကျုန်းရှို့ရဲ့ စိတ်အားထက်သန်စွာ ရှင်းပြနေတဲ့ အသံကိုပင် မတွေးနိုင်လျက် ရှောင်လွဲမရနိုင်တဲ့ အခြေအနေသာဆိုပါက ကျုန်းရှို့ ပြောသလိုတော့
အဆင်မပြေနိုင်လောက်ဘူး၊ကျုန်းရှို့က သူ့ မမြင်ကွယ်ရာ၌ သူ့ကိုယ်တိုင်ဝန်ထိုးဝန်ပိုးတစ်ခုဖြစ်နေလိမ့်မယ်။

ကျုန်းရှို့ မုဆိုးဖို ဖြစ်သွားရင်တောင်,အိမ်ထောင်ရေးကိစ္စကို ကျုန်းရှို့ကိုယ်တိုင်သာအတည်ပြုရမည်ပင်။


ရှလျန် ခေါင်းမော့ကြည့်လိုက်ချိန်ကျုန်းရှို့က
၊ဝမ်းနည်းမှုအား ခတ္တမျှဖုံးကွယ်ရင်း ကျုန်းရှို့ရဲ့


🍓🍓🍓🍓
.......................................................................














You are reading the story above: TeenFic.Net