..[ U ]
ထို အခိုက်အတန့်တွင်,သူ့လည်တိုင်အနီး
လောင်မြိုက်နိုင်သည့် ပူနွေးသော အသက်ရူသံကို ခံစားလိုက်ရပြီး တဖက်လူရဲ့ ပွေ့ဖက်ထားတဲ့ လက်တွေက သူ့အရိုးနဲ့ အသားတွေထဲထိ နှစ်မြုပ်သွားတော့မည်အလား ပြင်းထန်တင်းကြပ်လျက်ရှိနေချေ၏။
"ကျုန်းရှိူ့ ...ကျုန်းရှိူ့လားဟင်?"
ရှလျန် တစ်ယောက် စကားပြောဖို့ရာပင်
ရုန်းကန် နေရလျက် တဖက်လူက ဘယ်လို ပုံစံ များ ဖြစ်နေမလဲဆိုတာကို သိဖို့ နောက်သို့လှည့်ကြည့်ချင်နေသေးတယ်။
"လျန်ကော..."
ကျုန်းရှိူ့သူ့ လည်တိုင်အနီးသို့ လောဘကြီးစွာ တိုးကပ်လာရင်းအသံတိုးတိုးဖြင့်ပြော
လာတယ်။
"မလှုပ်နဲ့..ကျွန်တော်ကောကို ဝအောင်ဖက်ပါရစေ"
သူတို့က ခုလက်ရှိ အပြင်ဘက်မှာပဲရှိနေသေးတယ်ဆိုတာကို ရှလျန် သတိပေးချင်တယ်,
ဒါပေမဲ့ တစ်စုံ တစ်ယောက် မြင်သွားနိုင်တယ်ဆိုတာကို တွေးကြည့်ရင်း သူလုံးဝဂရုမစိုက်ဘူး၊ ကျုန်းရှို့သာ သူ့ကို ဖက်ထားချင်နေသရွေ့ ရှလျန် ငြိမ်ငြိမ်လေးပဲနေပေးမည်ပင်။
ထိုအချိန် အနောက်ကနေ အသံတိုးတိုးလေး တစ်ခုထွက်လာတယ်။
"ပါး..မားကို ဆက်မဖက်နဲ့တော့...ရှရှလည်း
မားကို ဖက်ချင်သေးတယ်လေ"
ရှလျန် ထိုအသံလေးကို ကြားလိုက်ရတဲ့အခါ,
အလွန်အမင်း အံ့အားသင့်နေမိတယ်,
"ရှရှလည်းရှိနေတာလား?"
ထိုမှသာ ကျုန်းရှို့က သူ့အား ဖြေးဖြေးချင်းလွှတ်ပေးလာပြီး ဘေးတွင်ရပ်နေတဲ့ ကလေးငယ်လေးကို ပွေ့ဖက်လိုက်တယ်။
ကလေးငယ်ကရှလျန်ကိုပဲ ဖက်ဖို့ရာ ကြိုးစားနေတာမို့ ကျုန်းရှိူ့ကလေးငယ်ရဲ့ တင်ပါးလေးကို ညင်သာစွာ ရိုက်လိုက်တယ်။
"မရှုပ်နဲ့..အိမ်အရင်ပြန်ကြမယ်"
ရှလျန်:"....."
ရှရှက ကလေးရဲ့ နာမည်ပြောင်လေးဖြစ်ပြီး
နှစ်ယောက်စလုံးက ကလေးအား နာမည်ပေးရန် အတွက် နာကျင်စွာပင် အပူတပြင်း စဥ်းစားခဲ့ကြတယ်။
ABOမိသားစုရဲ့ စည်းမျဥ်းအရ အယ်ဖာ
က ဖခင်ဖြစ်ပြီး အိုမီဂါက မိခင်ဖြစ်တာမို့ ကလေးကဖခင်နာမည်အား မျိုးရိုးအဖြစ်ယူရမယ်၊ ဒါပေမဲ့ ရှလျန် ဘက်ကလည်းကလေးအတွက် နာမည် ပေးတဲ့အခါ ကျုန်းရှိူ့ မပါဝင်တာမျိုး လည်းမဖြစ်စေချင်ဘူး။
သူတို့နှစ်ဦး တိုင်ပင်ပြီး နောက်ဆုံးတွင်
ကမ္ဘာနှစ်ခုအတွက်အကောင်းဆုံး အဆင်ပြေစေမည့် နာမည်ကို ဆုံးဖြတ်ကြတယ်၊
အခြား ကမ္ဘာABOမျိုးနွယ်စုတွင် ကလေးအား ကျုန်းရှ ဟု ခေါ်တွင်စေပြီး သုညနယ်ပယ်သို့ရောက်တဲ့ အခါ သူ(မ)အား
ရှကျုန်းဟုခေါ်တွင်စေမည် ၊ချစ်စနိုးနာမည်ပြောင်လေးကတော့ရှရှပေါ့။
သူတို့မိသားစု သုံးယောက် တိုက်ခန်းကျဥ်းလေးဆီသို့ ပြန်လာကြပြီး ရှရှက ကျုန်းရှို့လက်ထဲမှလွတ်မြောက်သွားသည်နှင့် တပြိုင်နက် သူ(မ)က မျောက်လေးတစ်ကောင်လို ရှလျန်ထံသို့ အပြေးသွားခဲ့တယ်။
ရှလျန်က သူ့ကို တရှိန်ထိုး ကောက်ကာချီပွေ့လိုက်ချိန် လေးနှစ်အရွယ်ကလေးငယ်ကနည်းနည်းလေးတော့လေးလံနေတယ်။
ရှရှက အလွန် တတ်သိလိမ္မာတာမို့ ရှလျန်သူ့ကို မချီနိုင်မှာကို စိုးရိမ်နေတယ်၊ ရှလျန် ခါးပေါ်၌ ခြေသလုံးလေး နှစ်ဖက်အားကျစ်နေအောင်ခွေထားလျက် လည်ပင်းကို သိုင်းဖက်ကာ ပြောလာတယ်။
"မာမား...သမီးကအရမ်း လေးလား?"
"မလေးပါဘူး"
ရှလျန် တစ်ယောက်အရမ်းပျော်နေတယ်၊
လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်
ကလေးငယ်အား ချီပိုးရခြင်း ဖြစ်ပြီး မည်မျှပင် လေးလံနေပါစေ သူချီထားနိုင်တယ်။
လွန်ခဲ့တဲ့နှစ်များစွာအတွင်းဒူလန်ကျဲယူဆောင်လာတဲ့ဓာတ်ပုံများကို ကလေးငယ်ရဲ့ ပုံသဏ္ဌာန်ကို ရံဖန်ရံခါမြင်တွေ့နိုင်ခဲ့တယ်။
ဓာတ်ပုံတွေကို ကြည့်တိုင်း ကလေးငယ်က
ကြီးပြင်းလာသည်နှင့်အမျှ အသွင်အပြင်ကလည်း တဖြေးဖြေး ပြောင်းလဲလာတယ်လို့
ခံစားမိနေပေမဲ့ တကယ့် အစစ်အမှန် တွေ့ရတာနှင့်တော့ ဘယ်လိုမှမတူညီနိုင်ဘူး။
ယခုတွင် သူ့က ကလေးငယ်အား လက်ထဲတွင်အတိအကျချီပိုးခွင့် ရလာခဲ့ပြီမို့လေးနှစ်တာမျှစောင့်ဆိုင်းရခြင်းအားထိုက်တန်တယ်လို့သာယူဆမိတယ်။
"မာမား"ဆိုတဲ့ အသုံးအနှုန်းကတော့ သူ့ကို
အမှန်တကယ်စိတ်မသက်မသာဖြစ်စေတယ်။
ကျုန်းရှိူ့က စိတ်ရှုပ်သွားတဲ့ရှလျန် ပုံစံကို
သတိထားမိတာမို့ ကလေးငယ်အားပြောထားတယ်။
"ရှရှ, ပါပါးတို့ ဒီကိုရောက်ရင် နာမည်တွေပြောင်းခေါ်ဖို့ သဘောတူထားပြီးသားလေ"
ရှရှခုမှသတိရသွားပုံရတယ်,
"မာမားကို ပါးလို့ ပြောင်းခေါ်ရမယ်,
ပါပါးကို အန်ကယ်လို့ ပြောင်းခေါ်ရမယ်"
ရှလျန် ကျုန်းရှို့အား တချက်ကြည့်လိုက်မိရင်း ကျုန်းရှို့ရဲ့ ရည်ရွယ်ချက်ကောင်းမွန်နေတာကို သဘောပေါက်မိတယ်၊သို့ပေမဲ့ ရှလျန်
နှာခေါင်းတို့ အနည်းငယ်ချဥ်စူးလာပြီး,
" ငါမင်းအပေါ် မတရား လုပ်သလို ဖြစ်နေပြီ"
"ကျွန်တော်ကတော့ အဲ့လို မခံစားမိဘူး"
ကျုန်းရှိူ့က ရှလျန်အား လေးနက်စွာဖြင့်
စေ့စေ့ကြည့်ရင်း ပြောလာတယ်။
" ကောနဲ့ရှရှတို့ ဘေးကင်းပြီး ကျန်းမာနေသရွေ့ ကျွန်တော့်အတွက် ကိစ္စမရှိဘူး"
ညဘက်ရောက်တဲ့အခါ,ရှရှကရှလျန်အား
ပုံပြင်တစ်ပုဒ်ပြောခိုင်းပြီး သူ့ကို ချော့သိပ်ခိုင်းလာတယ်။
ရှလျန် ရှရှ နှင့်အတူ နာရီဝက်ကြာ အိပ်ရာထဲမှာရှိနေပေးခဲ့တယ်။ ရှလျန် မျက်လုံးဖွင့်လိုက်ချိန် ကျုန်းရှိူ့ တစ်ယောက်ခုတင်ဘေးတွင်
ငုတ်တုတ်လေးထိုင်ပြီး တိုးတိုးလေးပြောလာတယ်။
"လျန်ကော,ဘေးခန်းကိုသွားကြမယ်လေ,
အဆင်ပြေလားဟင်?"
ရှလျန် က ကျုန်းရှိူ့ ဆိုလိုတာကို ချက်ခြင်း နားလည်လိုက်တာမို့ ရှရှကို တချက်ကြည့်ပြီး
စောင်အနားကိုတွေ အသေအချာဖိလိုက်တယ်၊ ရှလျန် အိပ်ရာထဲမှထွက်တဲ့အချိန်ထိ
ရှရှက နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေဆဲ။
သူတို့နှစ်ယောက် ဘေးခန်းတံခါးဝသို့
ရောက်ရောက်ခြင်းပင် ကျုန်းရှိူ့က သူ့အား
အချိန်ကို ပင်မစောင့်နိုင်လျက် နံရံ၌ ဖိကပ်ကာ ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ အနမ်းတို့က
မုန်တိုင်း တစ်ခုပမာကျဆင်းလာတယ်။
ရှလျန်လည်း တတ်နိုင်သမျှ သူနှင့်အတူ ပူးပေါင်း ဆောင်ရွက် ခဲ့သော်လည်းတဖက်
ခဏအကြာထိ ကျုန်းရှို့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အနမ်းတွေက ရှလျန်ရဲ့ မျက်နှာပေါ် တဝဲလည်လည်ဖြင့်ရှိနေသေးတယ်၊
"လျန်ကော, ကျွန်တော်ကောကို အရမ်း လွမ်းတာပဲ, ကျွန်တော့်ကို လိုချင်သေးရဲ့လား?"
"အင်း"
ရှလျန် အမှန်အတိုင်းသာပြောလိုက်မိတယ်။
ရှလျန်ရဲ့ ခန္ဓာကိုယ်ပေါ်မှ ထိရှလွယ်တဲ့နေရာအားထိတွေ့ပွတ်သပ်ရင်းဆက်မေးလာတယ်။
"ဒါကောလိုချင်လား?"
"......"
ရှလျန် နှုတ်ခမ်းတွေကို တင်းတင်းပင်ဖိကိုက်ရင်း ငြီးတွားလိုက်မိတယ်။
သူကျုန်းရှို့နဲ့ အတူ မနေရသည်က နှစ်ပေါင်းအတော်ပင်ကြာခဲ့ပြီ၊ ဒီကလေးက တခြားသူတွေနဲ့များပတ်သက်နေခဲ့လားဆိုတာကိုပါ
သံသယဖြစ်နေမိတယ်။
ရှလျန် နှုတ်ဆိတ်နေတာကို မြင်ရတဲ့အခါ,
ကျူန်းရှိူ့ ပို၍ပင်ထိတွေ့ပွတ်သပ်လာရင်း
အသံလေးအားအဖျားခတ်လျက်မေးလာတယ်။
" အင်း...ကောလိုချင်လားဟင်?"
"အာ့.."
ရှလျန်ဘာကိုမှဂရုမစိုက်တော့ဘဲအသက်ပြင်းပြင်း တချက်ရှုရင်း နီမြန်းနေတဲ့မျက်နှာဖြင့် ပြောလာတယ်။
" အခုလုပ်မယ်"
သို့သော်, ကျုန်းရှိူ့ခေါင်းအနီး လေထုထဲ၌
"မားကို အနိုင်မကျင့်ရဘူးနော်"ဟူသော
စာတန်းလေး ပေါ်လာတာကို ရုတ်တရက်
တွေ့လိုက်ရတယ်။
ရှလျန် ရုတ်တရက်အံ့သြသွားတယ်၊
ဒါက ဘယ်လိုအခြေအနေကြီးလဲ?
ဒီစာလေးကဘယ်ကဘယ်လိုပေါ်လာတာလဲ?
"...မျိုးမစစ်လေး!!"
ကျုန်းရှိူ့ အသံတိုးတိုးဖြင့် ကျိန်ဆဲ လာတယ်။
ကျုန်းရှို့စာတန်းလေးကိုဖမ်းဆုပ်ကာ ဖျက်လိုက်ပြီးခုတင်ပေါ်မှခုန်ဆင်းကာ အိပ်ခန်းထဲမှ အမြန်ထွက်သွားတယ်၊ တံခါးအပြင်ဘက်မှရယ်သံလေးနှင့် အတူ ရှရှတစ်ယောက်ပြေးထွက်သွားတာကို တွေ့လိုက်ရတယ်။
ရှလျန် ကတော့အူတိအူကြောင်လေးဖြင့်
ခုတင်ပေါ်တွင် သာငုတ်တုတ်ထိုင်နေမိတယ်။
အခုဘာဖြစ်နေလဲဆိုတာကိုဘယ်သူရှင်းပြနိုင်လဲ?
ကျုန်းရှိူ့ကရှရှအားအချိန်အတော်ကြာ
ဧည့်ခန်းထဲတွင်လိုက်ဖမ်းနေခဲ့တယ်၊
ရှရှကို ဖမ်းမိတဲ့အခါတင်ပါးကို
အကြိမ်အနည်းငယ်မျှရိုက်လိုက်တယ် ။
ကျုန်းရှိူ့က သူ(မ)အား အကြိမ် အနည်းငယ်မျှ ဆူပူကြိမ်းမောင်းနေတယ်၊
"အမှားလုပ်တာကို ဝန်ခံလား?
နောင်အဲ့ဒီလိုလုပ်ဦးမှာလား?"
ရှရှက သူ့လည်ပင်းကို ကုတ်ပြီး ပြောလာတယ်၊
" ဒီမှာ သမီးကအေးဆေးလေးပဲ နေချင်လို့ပါနော်,မဟုတ်ရင်ပါပါး သမီးကို ခုလိုဖမ်းလို့
ရမှာ မဟုတ်ဘူး"
ရှလျန် အကျီအဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ဝတ်ပြီး ဧည့်ခန်းဆီသို့ ထွက်လာရင်း မီးဖွင့်လိုက်တယ်၊ထို့နောက် ဆိုဖာပေါ်ထိုင်ပြီး ပြောလိုက်တယ်။
"နှစ်ယောက်စလုံး ဒီမှာလာထိုင်"
အငြင်းအခုံ ဖြစ်နေကြတဲ့ ဖအေနဲ့ သမီးက
သူ့ဘေး တွင် တဖက်ဆီ ဝင်ထိုင်ကာမကျေမနပ်ဖြင့် မျက်နှာကိုယ်စီလွှဲနေကြလေရဲ့။
ရှလျန်ကပါးဖောင်းဖောင်းလေးနှင့်အတူဆံပင်လေးနှစ်ဖက်အားကြက်တောင်စည်းပုံစံချည်လျက်ဖခင်ဖြစ်သူအားမကျေမနပ်ဟန်
ဖြင့် လက်ပိုက်လျက် မျက်နှာလွှဲထားတဲ့ရှရှ ကို တလှည့် တဖက်လှည့်ကာ စူပုတ်နေတဲ့ ကျုန်းရှိူ့ ကို တလှည့်ကြည့်လိုက်မိတယ်။
"အခုက ဘာဖြစ်ကြတာလဲ ရှင်းပြကြပါဦး!"
🍀🍀🍀🍀🍀
................................................ ........................
[ Z ]
ထို အခိုက္အတန့္တြင္,သူ႕လည္တိုင္အနီး
ေလာင္ၿမိဳက္နိုင္သည့္ ပူႏြေးေသာ အသက္႐ူသံကို ခံစားလိုက္ရၿပီး တဖက္လူရဲ႕ ေပြ႕ဖက္ထားတဲ့ လက္ေတြက သူ႕အရိုးနဲ႕ အသားေတြထဲထိ ႏွစ္ျမဳပ္သြားေတာ့မည္အလား ျပင္းထန္တင္းၾကပ္လ်က္ရွိေနေခ်၏။
"က်ဳန္းရွိူ႕ ...က်ဳန္းရွိူ႕လားဟင္?"
ရွလ်န္ တစ္ေယာက္ စကားေျပာဖို႔ရာပင္ ႐ုန္းကန္ ေနရ
လ်က္ တဖက္လူက ဘယ္လို ပုံစံ မ်ား ျဖစ္ေနမလဲဆိုတာကို သိဖို႔ ေနာက္သို႔လွည့္ၾကည့္ခ်င္ေနေသးတယ္။
"လ်န္ေကာ..."
က်ဳန္းရွိူ႕သူ႕ လည္တိုင္အနီးသို႔ ေလာဘႀကီးစြာ တိုးကပ္လာရင္းအသံတိုးတိုးျဖင့္ေျပာလာတယ္။
"မလႈပ္နဲ႕..ကြၽန္ေတာ္ေကာကို ဝေအာင္ဖက္ပါရေစ"
သူတို႔က ခုလက္ရွိ အျပင္ဘက္မွာပဲရွိေနေသးတယ္ဆိုတာကို ရွလ်န္ သတိေပးခ်င္တယ္,ဒါေပမဲ့ တစ္စုံ တစ္ေယာက္ ျမင္သြားနိုင္တယ္ဆိုတာကို ေတြးၾကည့္ရင္း သူလုံးဝဂ႐ုမ
စိုက္ဘူး၊ က်ဳန္းရွို႔သာ သူ႕ကို ဖက္ထားခ်င္ေနသေ႐ြ႕
ရွလ်န္ ၿငိမ္ၿငိမ္ေလးပဲေနေပးမည္ပင္။
ထိုအခ်ိန္ အေနာက္ကေန အသံတိုးတိုးေလး တစ္ခုထြက္လာတယ္။
"ပါး..မားကို ဆက္မဖက္နဲ႕ေတာ့...ရွရွလည္း
မားကို ဖက္ခ်င္ေသးတယ္ေလ"
ရွလ်န္ ထိုအသံေလးကို ၾကားလိုက္ရတဲ့အခါ,
အလြန္အမင္း အံ့အားသင့္ေနမိတယ္,
"ရွရွလည္းရွိေနတာလား?"
ထိုမွသာ က်ဳန္းရွို႔က သူ႕အား ေျဖးေျဖးခ်င္းလႊတ္ေပးလာၿပီး ေဘးတြင္ရပ္ေနတဲ့ ကေလးငယ္ေလးကို ေပြ႕ဖက္လိုက္တယ္။
ကေလးငယ္ကရွလ်န္ကိုပဲ ဖက္ဖို႔ရာ ႀကိဳးစားေနတာမို႔
က်ဳန္းရွိူ႕ကေလးငယ္ရဲ႕ တင္ပါးေလးကို ညင္သာစြာ
ရိုက္လိုက္တယ္။
"မရႈပ္နဲ႕..အိမ္အရင္ျပန္ၾကမယ္"
ရွလ်န္:"....."
ရွရွက ကေလးရဲ႕ နာမည္ေျပာင္ေလးျဖစ္ၿပီး
ႏွစ္ေယာက္စလုံးက ကေလးအား နာမည္ေပးရန္ အတြက္ နာက်င္စြာပင္ အပူတျပင္း စဥ္းစားခဲ့ၾကတယ္။
ABOမိသားစုရဲ႕ စည္းမ်ဥ္းအရ အယ္ဖာ က ဖခင္ျဖစ္ၿပီး အိုမီဂါက မိခင္ျဖစ္တာမို႔ ကေလးကဖခင္နာမည္အား မ်ိဳးရိုးအျဖစ္ယူရမယ္၊ ဒါေပမဲ့ ရွလ်န္ ဘက္ကလည္းကေလးအတြက္ နာမည္ ေပးတဲ့အခါ က်ဳန္းရွိူ႕ မပါဝင္တာမ်ိဳး
လည္းမျဖစ္ေစခ်င္ဘူး။
သူတို႔ႏွစ္ဦး တိုင္ပင္ၿပီး ေနာက္ဆုံးတြင္
ကမၻာႏွစ္ခုအတြက္အေကာင္းဆုံး အဆင္ေျပေစမည့္
နာမည္ကို ဆုံးျဖတ္ၾကတယ္၊ အျခား ကမၻာABOမ်ိဳးႏြယ္စုတြင္ ကေလးအား က်ဳန္းရွ ဟု ေခၚတြင္ေစၿပီး သုညနယ္ပယ္သို႔ေရာက္တဲ့ အခါ သူ(မ)အား ရွက်ဳန္းဟုေခၚတြင္ေစမည္ ၊ခ်စ္စနိုးနာမည္ေျပာင္ေလးကေတာ့ရွရွေပါ့။
သူတို႔မိသားစု သုံးေယာက္ တိုက္ခန္းက်ဥ္းေလးဆီသို႔ ျပန္လာၾကၿပီး ရွရွက က်ဳန္းရွို႔လက္ထဲမွလြတ္ေျမာက္သြား
သည္ႏွင့္ တၿပိဳင္နက္ သူ(မ)က ေမ်ာက္ေလးတစ္ေကာင္လို ရွလ်န္ထံသို႔ အေျပးသြားခဲ့တယ္။
ရွလ်န္က သူ႕ကို တရွိန္ထိုး ေကာက္ကာခ်ီေပြ႕လိုက္
ရွရွက အလြန္ တတ္သိလိမၼာတာမို႔ ရွလ်န္သူ႕ကို မခ်ီနိုင္မွာကို စိုးရိမ္ေနတယ္၊ ရွလ်န္ ခါးေပၚ၌ ေျခသလုံးေလး ႏွစ္ဖက္အားက်စ္ေနေအာင္ေခြထားလ်က္ လည္ပင္းကို သိုင္းဖက္ကာ ေျပာလာတယ္။
"မာမား...သမီးကအရမ္း ေလးလား?"
"မေလးပါဘူး"
ရွလ်န္ တစ္ေယာက္အရမ္းေပ်ာ္ေနတယ္၊
ေလးႏွစ္တာကာလအတြင္း ပထမဆုံးအႀကိမ္
ကေလးငယ္အား ခ်ီပိုးရျခင္း ျဖစ္ၿပီး မည္မွ်ပင္
ေလးလံေနပါေစ သူခ်ီထားနိုင္တယ္။
လြန္ခဲ့တဲ့ႏွစ္မ်ားစြာအတြင္းဒူလန္က်ဲယူေဆာင္လာတဲ့
ဓာတ္ပုံမ်ားကို ကေလးငယ္ရဲ႕ ပုံသဏၭာန္ကို
ရံဖန္ရံခါျမင္ေတြ႕နိုင္ခဲ့တယ္။ဓာတ္ပုံေတြကို ၾကည့္တိုင္း ကေလးငယ္က ႀကီးျပင္းလာသည္ႏွင့္အမွ် အသြင္အျပင္ကလည္း တေျဖးေျဖး ေျပာင္းလဲလာတယ္လို႔ခံစားမိေန
ေပမဲ့ တကယ့္ အစစ္အမွန္ ေတြ႕ရတာႏွင့္ေတာ့ ဘယ္လိုမွမတူညီနိုင္ဘူး။
ယခုတြင္ သူ႕က ကေလးငယ္အား လက္ထဲတြင္အတိအက်ခ်ီပိုးခြင့္ ရလာခဲ့ၿပီမို႔ေလးႏွစ္တာမွ်ေစာင့္ဆိုင္းရျခင္းအားထိုက္တန္တယ္လို႔သာယူဆမိတယ္။
"မာမား"ဆိုတဲ့ အသုံးအႏႈန္းကေတာ့ သူ႕ကို
အမွန္တကယ္စိတ္မသက္မသာျဖစ္ေစတယ္။
က်ဳန္းရွိူ႕က စိတ္ရႈပ္သြားတဲ့ရွလ်န္ ပုံစံကို
သတိထားမိတာမို႔ ကေလးငယ္အားေျပာထားတယ္။
"ရွရွ, ပါပါးတို႔ ဒီကိုေရာက္ရင္ နာမည္ေတြေျပာင္းေခၚဖို႔ သေဘာတူထားၿပီးသားေလ"
ရွရွခုမွသတိရသြားပုံရတယ္,
"မာမားကို ပါးလို႔ ေျပာင္းေခၚရမယ္,
ပါပါးကို အန္ကယ္လို႔ ေျပာင္းေခၚရမယ္"
ရွလ်န္ က်ဳန္းရွို႔အား တခ်က္ၾကည့္လိုက္မိရင္း က်ဳန္းရွို႔ရဲ႕ ရည္႐ြယ္ခ်က္ေကာင္းမြန္ေနတာကို သေဘာေပါက္မိ
တယ္၊သို႔ေပမဲ့ ရွလ်န္ ႏွာေခါင္းတို႔ အနည္းငယ္ခ်ဥ္စူးလာၿပီး,
" ငါမင္းအေပၚ မတရား လုပ္သလို ျဖစ္ေနၿပီ"
"ကြၽန္ေတာ္ကေတာ့ အဲ့လို မခံစားမိဘူး"
က်ဳန္းရွိူ႕က ရွလ်န္အား ေလးနက္စြာျဖင့္
ေစ့ေစ့ၾကည့္ရင္း ေျပာလာတယ္။
" ေကာနဲ႕ရွရွတို႔ ေဘးကင္းၿပီး က်န္းမာေနသေ႐ြ႕
ကြၽန္ေတာ့္အတြက္ ကိစၥမရွိဘူး"
ညဘက္ေရာက္တဲ့အခါ,ရွရွကရွလ်န္အား
ပုံျပင္တစ္ပုဒ္ေျပာခိုင္းၿပီး သူ႕ကို ေခ်ာ့သိပ္ခိုင္းလာတယ္။
ရွလ်န္ ရွရွ ႏွင့္အတူ နာရီဝက္ၾကာ အိပ္ရာထဲမွာရွိေနေပးခဲ့တယ္။ ရွလ်န္ မ်က္လုံးဖြင့္လိုက္ခ်ိန္ က်ဳန္းရွိူ႕ တစ္ေယာက္ခုတင္ေဘးတြင္ငုတ္တုတ္ေလးထိုင္ၿပီး တိုးတိုးေလးေျပာလာတယ္။
"လ်န္ေကာ,ေဘးခန္းကိုသြားၾကမယ္ေလ,
အဆင္ေျပလားဟင္?"
ရွလ်န္ က က်ဳန္းရွိူ႕ ဆိုလိုတာကို ခ်က္ျခင္း
နားလည္လိုက္တာမို႔ ရွရွကို တခ်က္ၾကည့္ၿပီး
ေစာင္အနားကိုေတြ အေသအခ်ာဖိလိုက္တယ္၊
ရွလ်န္ အိပ္ရာထဲမွထြက္တဲ့အခ်ိန္ထိ
ရွရွက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္ေပ်ာ္ေနဆဲ။
သူတို႔ႏွစ္ေယာက္ ေဘးခန္းတံခါးဝသို႔
ေရာက္ေရာက္ျခင္းပင္ က်ဳန္းရွိူ႕က သူ႕အား
အခ်ိန္ကို ပင္မေစာင့္နိုင္လ်က္ နံရံ၌ ဖိကပ္
ကာ ပိုင္ဆိုင္လိုစိတ္ျပင္းျပတဲ့ အနမ္းတို႔က
မုန္တိုင္း တစ္ခုပမာက်ဆင္းလာတယ္။
ရွလ်န္လည္း တတ္နိုင္သမွ် သူႏွင့္အတူ
ပူးေပါင္း ေဆာင္႐ြက္ ခဲ့ေသာ္လည္းတဖက္
လူရဲ႕ လႊမ္း မိုးမႈကိုေတာ့ခံေနရဆဲပင္။
ခဏအၾကာထိ က်ဳန္းရွို႔ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ အနမ္းေတြက ရွလ်န္ရဲ႕ မ်က္ႏွာေပၚ တဝဲလည္လည္ျဖင့္ရွိေနေသးတယ္၊
"လ်န္ေကာ, ကြၽန္ေတာ္ေကာကို အရမ္း လြမ္းတာပဲ,
ကြၽန္ေတာ့္ကို လိုခ်င္ေသးရဲ႕လား?"
"အင္း"
ရွလ်န္ အမွန္အတိုင္းသာေျပာလိုက္မိတယ္။
ရွလ်န္ရဲ႕ ခႏၶာကိုယ္ေပၚမွ ထိရွလြယ္တဲ့ေနရာအား
ထိေတြ႕ပြတ္သပ္ရင္းဆက္ေမးလာတယ္။
"ဒါေကာလိုခ်င္လား?"
"......"
ရွလ်န္ ႏႈတ္ခမ္းေတြကို တင္းတင္းပင္ဖိကိုက္ရင္း ၿငီးတြားလိုက္မိတယ္။
သူက်ဳန္းရွို႔နဲ႕ အတူ မေနရသည္က ႏွစ္ေပါင္းအေတာ္
ပင္ၾကာခဲ့ၿပီ၊ ဒီကေလးက တျခားသူေတြနဲ႕မ်ား
ပတ္သက္ေနခဲ့လားဆိုတာကိုပါ သံသယျဖစ္ေနမိတယ္။
ရွလ်န္ ႏႈတ္ဆိတ္ေနတာကို ျမင္ရတဲ့အခါ,
" အင္း...ေကာလိုခ်င္လားဟင္?"
"အာ့.."
ရွလ်န္ဘာကိုမွဂ႐ုမစိုက္ေတာ့ဘဲအသက္ျပင္းျပင္း
တခ်က္ရႈရင္း နီျမန္းေနတဲ့မ်က္ႏွာျဖင့္ ေျပာလာတယ္။
" အခုလုပ္မယ္"
သို႔ေသာ္, က်ဳန္းရွိူ႕ေခါင္းအနီး ေလထုထဲ၌
"မားကို အနိုင္မက်င့္ရဘူးေနာ္"ဟူေသာ
စာတန္းေလး ေပၚလာတာကို ႐ုတ္တရက္
ေတြ႕လိုက္ရတယ္။
ရွလ်န္ ႐ုတ္တရက္အံ့ၾသသြားတယ္၊
ဒါက ဘယ္လိုအေျခအေနႀကီးလဲ?
ဒီစာေလးကဘယ္ကဘယ္လိုေပၚလာတာလဲ?
"...မ်ိဳးမစစ္ေလး!!"
က်ဳန္းရွိူ႕ အသံတိုးတိုးျဖင့္ က်ိန္ဆဲ လာတယ္။
က်ဳန္းရွို႔စာတန္းေလးကိုဖမ္းဆုပ္ကာ ဖ်က္လိုက္ၿပီး
ခုတင္ေပၚမွခုန္ဆင္းကာ အိပ္ခန္းထဲမွ အျမန္ထြက္သြား
တယ္၊ တံခါးအျပင္ဘက္မွရယ္သံေလးႏွင့္ အတူ ရွရွ
တစ္ေယာက္ေျပးထြက္သြားတာကို ေတြ႕လိုက္ရတယ္။
ရွလ်န္ ကေတာ့အူတိအူေၾကာင္ေလးျဖင့္
ခုတင္ေပၚတြင္ သာငုတ္တုတ္ထိုင္ေနမိတယ္။
အခုဘာျဖစ္ေနလဲဆိုတာကိုဘယ္သူရွင္းျပနိုင္လဲ?
က်ဳန္းရွိူ႕ကရွရွအားအခ်ိန္အေတာ္ၾကာ
ဧည့္ခန္းထဲတြင္လိုက္ဖမ္းေနခဲ့တယ္၊
ရွရွကို ဖမ္းမိတဲ့အခါတင္ပါးကို
အႀကိမ္အနည္းငယ္မွ်ရိုက္လိုက္တယ္ ။
က်ဳန္းရွိူ႕က သူ(မ)အား အႀကိမ္ အနည္းငယ္မွ်
ဆူပူႀကိမ္းေမာင္းေနတယ္၊
"အမွားလုပ္တာကို ဝန္ခံလား?
ေနာင္အဲ့ဒီလိုလုပ္ဦးမွာလား?"
ရွရွက သူ႕လည္ပင္းကို ကုတ္ၿပီး ေျပာလာတယ္၊
" ဒီမွာ သမီးကေအးေဆးေလးပဲ ေနခ်င္လို႔ပါေနာ္,မဟုတ္ရင္ပါပါး သမီးကို ခုလိုဖမ္းလို႔ ရမွာ မဟုတ္ဘူး"
ရွလ်န္ အက်ီအဝတ္အစားေတြကို သပ္သပ္ရပ္ရပ္
ျပင္ဝတ္ၿပီး ဧည့္ခန္းဆီသို႔ ထြက္လာရင္း မီးဖြင့္လိုက္
တယ္၊ထို႔ေနာက္ ဆိုဖာေပၚထိုင္ၿပီး ေျပာလိုက္တယ္။
"ႏွစ္ေယာက္စလုံး ဒီမွာလာထိုင္"
အျငင္းအခုံ ျဖစ္ေနၾကတဲ့ ဖေအနဲ႕ သမီးက
သူ႕ေဘး တြင္ တဖက္ဆီ ဝင္ထိုင္ကာမေက်မနပ္ျဖင့္
မ်က္ႏွာကိုယ္စီလႊဲေနၾကေလရဲ႕။
ရွလ်န္ကပါးေဖာင္းေဖာင္းေလးႏွင့္အတူဆံပင္ေလးႏွစ္ဖက္အားၾကက္ေတာင္စည္းပုံစံခ်ည္လ်က္ဖခင္ျဖစ္သူအား
မေက်မနပ္ဟန္ျဖင့္ လက္ပိုက္လ်က္ မ်က္ႏွာလႊဲထားတဲ့ရွရွ ကို တလွည့္ တဖက္လွည့္ကာ စူပုတ္ေနတဲ့ က်ဳန္းရွိူ႕ ကို တလွည့္ၾကည့္လိုက္မိတယ္။
"အခုက ဘာျဖစ္ၾကတာလဲ ရွင္းျပၾကပါဦး!"
🎂🎂🎂
................................................ ........................
You are reading the story above: TeenFic.Net