EP49(U&Z)

Background color
Font
Font size
Line height

..[ U ]

ဝမ်ပင်လည်း ခဏမျှထိတ်လန့် ပြီးမှသူ့ကိုယ်သူ လက်ညိုး ထိုးပြပြီး ,

" မင်း ငါ့ကို မေးတာလား?"

ထို အခိုက်အတန့် ,ချန်းရှလည်းအနည်းငယ် ဝေခွဲရခက်နေတယ်၊တစ်ခုခုမှားနေတယ်လို့သာ တွေးမိရင်းဘာမှားနေလဲဆိုတာကိုတော့ သူလုံးဝ အဖြေရှာလို့မရနိုင်ဘူး။

ဒါပေမယ့် လက်ရှိလူတွေကြားထဲမှာတော့,
ဝမ်ပင်တစ်ယောက်သာအိုမီဂါပရိုမုန်းနံ့ကို သိသိသာသာထုတ်လွှတ်နေတဲ့အတွက်ဝမ်ပင်ကို ကျုန်းရှိူ့ရဲ့ အိုမီဂါအဖြစ်သတ်မှတ် လိုက်ခြင်းဖြစ်တယ်။

ချန်းရှက ဝမ်ပင်ထက်အရပ်ထက်ဝက်မျှ
ပုနေသော်လည်း ခေါင်းမော့ကာ ဝမ်ပင်ရဲ့ မျက်လုံးတွေကိုစေ့စေ့ ပင်စိုက်ကြည့်လိုက်တယ်။

" ကြည့်ရတာ ဘာမှလည်းထူးဆန်းတဲ့ပုံစံ
မရှိဘူး၊ သူမင်းကို ဘာတွေများ တန်းတန်းစွဲနေလဲ ဆိုတာကို ငါ မသိဘူး"

"...? "

အလိုရှိနေတဲ့ရာဇဝတ်ကောင်က သူ့ကိုတပြန်ကြီး ချိုးချိုးဖဲ့ဖဲ့ ပြောလာတာမို့ရုတ်တရက် ဝမ်ပင် ဒေါသထွက်လာတယ်။

"ငါပြောလိုက်ဦးမယ်..မင်းက.."

ရုတ်တရက်သူ့မျက်လုံးတွေကိုလက်တစ်ဖက် ဖြင့်အုပ်ခြင်းခံရပြီးတချိန်တည်းမှာပဲဒူလန်ကျဲကအသံတိုးတိုးဖြင့် ဝမ်ပင်ကြားနိုင်ရုံလောက်သာပြောလာတယ်။

"ဘာမှမပြောနဲ့"

ချန်းရှရဲ့ စိတ်စွမ်းအင်ညို့ယူမှုက အထူးနာမည်ကြီးတာမို့ ကြိုတင်မှန်းဆ၍ မရနိုင်ကြောင်း ဒူလန်ကျဲ သူတို့အား သတိပေးတာကိုဝမ်ပင်ရုတ်တရက် ပြန်သတိရလိုက်မိတယ်၊ ထို ဆိုးယုတ်သောနည်းလမ်းကို ကိုင်တွယ်ဖြေရှင်းရန်တစ်ခုတည်းသောနည်းလမ်းမှာ မကြည့်ဘဲ၊နားမထောင်ဘဲနေကာ
ထိုသူ ဘာပြောပြောမတုံ့ပြန်ခြင်း ကအကောင်းဆုံး ဖြစ်တယ်။

ဒူလန်ကျဲက သူ့မျက်လုံးတွေကို လက်ဖြင့်ကာထားတာမို့ ဝမ်ပင်ချက်ခြင်းပင်သူ့ခံစားချက်တွေကို ထိန်းညှိကာ အသက်ပြင်းပြင်းတချက်ရှုပြီး ဘာမှဆက်မပြောဘဲပါးစပ်ပိတ်လိုက်တယ်။

ချန်းရှက ဝမ်ပင်ဘေးမှ ဆံပင်ရှည်နှင့်အလှလေး ကို လှည့်ကြည့်လာတယ်၊ သူအမြဲတမ်း ဂုဏ်ယူခဲ့ရတဲ့ စိတ်ညို့ပညာအား အမည်မသိတဲ့မိန်းမချောမှ ရုတ်တရက်ဝင်ရောက်နှောင့်ယှက်လာမည်ကိုလုံးဝပင်မျှော်လင့်မထားခဲ့ဘူး၊သူအတော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားပြီး မေးလိုက်တယ်။

" မင်းကဘယ်သူလဲ?"

"ငါကလား?"

ဆံပင်ရှည်နဲ့အလှလေးကသူ့ကို မကြည့်ဘဲ,
သူမရဲ့ဆံပင်ရှည်တွေကိုပျင်းရိစွာပင်ဖွဖွလေး သပ်တင်လိုက်ရင်း ချိုသာသောအသံလေး
ဖြင့် ပြောလာတယ်၊

" မင်းကငါ့ရဲ့အယ်ဖာလေးကိုလူတကာနဲ့
လိုက်သမုတ်နေတာ ..ငါတကယ်ပဲ စိတ်မချမ်းသာဘူး"

"မင်းရဲ့အယ်ဖာ ?"

ချန်းရှက မျက်လုံးတွေကိုမှေးစင်းပြီး သံသယတွေနဲ့ ကြည့်လာတယ်၊ အခြားသူရဲ့ ပြင်းထန်တဲ့ရေမွှေးနံ့က အိုမီဂါ ပရိုမုန်း တချို့ တဝက်နှင့် ရောစပ်နေတာကိုလည်း အနံ့ရနေတာမို့ မျက်နှာအနည်းငယ်ပျက်ယွင်းသွားတယ်။

" မင်းလည်းအိုမီဂါဖြစ်နိုင်တာပဲ, ပရိုမုန်း တားဆေး သုံးထားတာလား?"

"အိုး, မင်း နှာခေါင်းကအတော်ကောင်းတာပဲ"

ဆံပင်ရှည်နဲ့ အလှလေးက ချန်းရှရဲ့ ရှာဖွေတွေ့ရှိမှုအား ရှက်ရွံ့ဟန်ပင်မပြလျက်
တခစ်ခစ်ပင်ရယ်မောလာတယ်၊

" ငါ တားဆီးဆေး သုံးတာ နှစ်ပေါင်း များစွာကြာပြီ, တားမြစ်ဆေးကာလကလည်းပြီးခါနီးပြီးမို့ ခုလို တွေ့တာက အံ့သြစရာတော့ မဟုတ်ဘူး "

ဒူလန်ကျဲရဲ့ ချိုမြိန်တဲ့ ရယ်သံကြောင့် ဝမ်ပင်နဲ့ ရှလျန်ပင်ချက်ခြင်း ကြက်သီးတွေထလာတယ်။

ဒူလန်ကျဲအား ယောကျ်ားမှ မိန်းမ အသွင်ပြောင်းပြီး ပရိုမုန်း အတု အား သူ့ကိုယ်ပေါ်
ပက်ဖျန်းခြင်းကိုသူတို့ ကိုယ်တိုင်သာမြင်တွေ့ခဲ့ရခြင်း မဟုတ်ပါကလက်ရှိ အမျိုးသမီး တစ်ယောက်၏ဝတ်စားဆင်ယင်မှု နှင့် ညုတုတု အသံတုတို့က တင့်တယ်လှပတဲ့ ကိုယ်ဟန်အား ကြွရွနေစေလျက် ယောကျ်ားတစ်ယောက် ဖြစ်သည်ဆိုခြင်းအား မည်သူမှယုံလိမ့်မည်မဟုတ်ခဲ့။

ဒူလန်ကျဲက ဝမ်ပင်ရဲ့ ပခုံးကို လက်ဖြင့် ပုတ်ကာအဝေးသို့ သွားရန် ပြောလိုက်ပြီးနောက် ချန်းရှအား အကွာအဝေး တစ်ခုမှ မကျေမလည် ကြည့်လိုက်တယ်။

"ဘာလို့လဲ? ငါ့အယ်ဖာကို ငါပြန်လိုချင်တယ်,
မင်းမှာ တခြားစိတ်ကူးတွေ အများကြီး ရှိနေလို့လား?"

ချန်းရှ တစ်ယောက်အတော်လေး ဒေါသထွက်လာပြီး တဖက်လူကသူ့ရဲ့ စိတ်ညို့ ခြင်းအား တုံ့ပြန်ခြင်း မရှိတာကိုလည်းအံ့သြစွာပင် တွေ့နေရတယ်။

ဒူလန်ကျဲအား အကဲခတ်၍ ခြေဆုံး ခေါင်းဖျား အသေအချာကြည့်ရာမှတဖက်လူရဲ့နိမ့်
ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်အားအသေအချာကြည့်ပြီး ညိုးနွမ်းသော မောက်မာမှုတို့အား ထုတ်ဖော်လာတယ်။
ချန်းရှက ပါးစပ်ထောင့်ကိုလျှာဖြင့်သပ်လိုက်ပြီးဖြေးဖြေးချင်းပြောလာတယ်၊

" ငါ့မှာ တခြား အတွေးဘာမှမရှိပါဘူး, မင်းကို ငါပြောချင်တာက...မင်းရဲ့ အယ်ဖာက...
အရမ်း အရသာရှိတယ်"

ရှလျန် ရဲ့အသက်ရူသံတွေပြင်းထန်လာ တယ်၊ အကျီအောက်မှာဝှက်ထားတဲ့သူ့လက်တွေပင် ရုတ်တရက်တင်းတင်းဆုပ်မိပြီး
ကျုန်းရှိူ့အား အလိုအလျောက်ကြည့်လိုက်မိတယ်။

ကျုန်းရှိူ့ တစ်ယောက်လည်းအံ့သြသွားရာမှ မျက်နှာတွေပါ ချက်ခြင်းနီရဲလာတယ်။

"မင်း...ဘာတွေ လျှောက်ပြောနေတာလဲ?"

"ဘာလို့ ဒီလောက်တောင်ရှက်နေရတာလဲ?"

ချန်းရှက သူ့မျက်နှာအား တမင်တကာပင်
ထိကိုင်ပြီး ,

" မနေ့ညက, မင်းဘဲ အရမ်းတွေ စိတ်အားထက်သန်နေပြီးတော့.."

ကျုန်းရှိူ့ ဒီလူကို ကန်ထုတ်ပစ်ဖို့ တကယ်ပင် မစောင့်နိုင်ပေမယ့် ခုချိန်မှာတော့ သူက ခေါင်းလေး တစ်ခုသာလှုပ်လို့ရတယ်၊ လက်ရှိတွင်ခုခံနိုင်တဲ့စွမ်းအားလည်းရှိမနေဘူး၊ ကျုန်းရှိူ့ တစ်ယောက်သူရှင်းပြတာကိုသာ နားထောင်ပေးနိုင်ဖို့ မျှော်လင့်ရင်းရှလျန်ကို သာ ကြည့်နေလိုက်တယ်။

သို့သော် , ဒူလန်ကျဲက ကျုန်းရှိူ့ရဲ့ အကျီကို ရှေ့တစ်လှမ်းတိုးကာ ဆုပ်ကိုင်လိုက်ပြီး,

" အိုး, မင်းက မျိုးမစစ်ဘဲ , ငါမင်းကို တရက်လေး မတွေ့လိုက်ရတာနဲ့ မင်းက လွတ်ထွက်သွားပြီပေါ့"

"ငါ..ငါ"

ကျုန်းရှိူ့ တစ်ယောက် ဒူလန်ကျဲရဲ့ ချဲ့ကားတဲ့ အပြုအမူကြောင့် ရှုပ်ထွေးသွားတယ်၊အဲ့ဒီ အပြင် အိုမီဂါ လို့ ပြောတဲ့ဆံပင်ရှည်နဲ့အလှလေးကိုလည်း ခုထိ ဘယ်သူဆိုတာကိုသူ
မမှတ်မိဘူး၊သူ့မှာရှလျန်ကို ရှင်းပြချင်နေပေမယ့် လက်ရှိတွင် ချန်းရှစကားကြောင့်မနာလို ဖြစ်ကာ ရူးသွပ်နေတဲ့ သူ့ရှေ့မှ အမျိုးသမီးကို
ကိုင်တွယ်ဖြေရှင်းဖို့ရာကြိုးစားနေရတယ်။

ဒူလန်ကျဲက ရုတ်တရက် သူ့အား ပခုံးကနေ ဆွဲယူကာ လူအများရှေ့မှာပဲ ရှလျန်ရဲ့ ခြေထောက်နားဆီသို့ ပစ်ထည့်လိုက်တယ်။

ကျုန်းရှို့ သူ့အနားသို့ရောက်လာတဲ့အခါ
ရှလျန် တစ်ယောက် အနည်းငယ်နာကျင်မှုအားခံစားလိုက်ရတယ်၊ ကျုန်းရှိူ့ ထထိုင်နိုင်ဖို့
ကူညီချင်ပေမယ့်သူ့ဗိုက်ကိုလည်းကုတ်အကျီနဲ့ ဖုံးထား ရတာမို့ မသက်မသာဖြစ်စွာတွန်းဖယ်လိုက်ရတယ်။ကံကောင်းစွာပင် ဝမ်ပင်က
အလျင်အမြန် ကျုန်းရှို့ကို ကူညီလိုက်နိုင်တယ်၊ထို့နောက် သူအသင့်ယူလာတဲ့ဓားမြှောင်နဲ့ ကျုန်းရှို့ ရဲ့ လက်ထိပ်နဲ့ ကြိုးတွေကို ဖြုတ်ချလိုက်တယ် ၊ဓားမြှောင်နဲ့ ကလန့်လိုက်စဥ်မှာပဲ သံသတ္တုကကျိုးပျက်သွားတယ်။

ဝမ်ပင်တွင်ထိုကဲ့သို့သော လက်နက်ရှိနေ
သည့် အတွက် ကျုန်းရှို့ အံ့အားသင့်နေတယ်၊
သူရှလျန်ကို ကာကွယ်ရန်မတ်တပ်ထရပ်ချိန်
ရင်မိုဟွားရဲ့ ကိုယ်ရံတော် တွေကလည်း သေနတ်တွေကိုဆွဲထုတ်လာတာမို့ သူတို့အဖွဲ့က ထောင့်ဘက်မှပိတ်မိသွားတယ်။

ရှလျန် ရင်မိုဟွားကို စေ့စေ့ကြည့်ပြီးမေးလိုက်တယ်။

"ဥက္ကဋ္ဌရင်, ဒါဘာသဘောလဲ?"

ရင်မိုဟွားက အပြစ်မရှိပုံလေးဖြင့် ပခုံးတွန့်ပြတယ်၊

" ဒါက ဘာသဘောမှမဟုတ်ပါဘူး, ငါခုနလေးတင်ဒီမိန်းမပျိုရဲ့ အံ့သြစရာကောင်းတဲ့အရည်အ ချင်းတွေကို မြင်လိုက်ရတယ်...ငါ့
လက်အောက်ငယ်သားရဲ့ အစွမ်းကိုတောင်
ကျော်လွှားနိုင်ပြီးတုံ့ပြန်မှုလွန်ကဲနေတယ်တယ်..ဒါက အရမ်း တော်လွန်းနေတယ်လေ"

တုံ့ပြန်မှုလွန်ကဲတယ်လို့ ပြောလာတဲ့အတွက်
ပါးစပ်အား မရည်ရွယ်ဘဲ ပိတ်လိုက်မိရာမှ
သူပြောလိုက်တယ်။

" ဟုတ်ပြီ, အထူးအဆန်းတွေကိုလည်း မြည်းစမ်း ကြည့်ပြီးပြီဆိုတော့ ,ငါတို့အခုလိုရင်းအချက်ကိုပဲ ပြောကြမလား?"

ချန်းရှက ဒူလန်ကျဲအား အဆက်မပြတ်စောင့်ကြည့်တယ်၊ ရင်မိုဟွားနောက်သို့ ပြန်ရောက်သွားပေမယ့် ဒူလန်ကျဲကိုတော့သူ့မျက်မှန်တွေအောက်ကနေ အခါမလပ်စောင့်ကြည့်နေဆဲဘဲ။

ရှလျန်ကတော့ ရင်မိုဟွားကိုသာ အာရုံစိုက်နေတယ်။

"ဥက္ကဋ္ဌရင် ညှိနှိုင်းမယ်ဆိုတာက ငါ့ကို သေနတ်နဲ့ချိန် ထားတာကိုဆိုလိုတာလား?
ဒါက စီးပွားရေးဆိုင်ရာညှိနှိုင်းမှုမဟုတ်ဘဲ

ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ပုံစံမျိုးဖြစ်နေတယ်"

ရင်မိုဟွားကယဲ့ယဲ့လေးသာပြုံးပြလာတယ်၊

" အမေရိကန်က ကိစ္စတွေကို ဥက္ကဋ္ဌရှလည်းကြားထားပြီး ဖြစ်ပါလိမ့်မယ်, ထင်တဲ့အတိုင်းလည်း မှန်တယ်, အဲ့ဒါတွေအကုန်လုံးကို
ငါတစ်ယောက်တည်း ညွှန်ကြားခဲ့တာ"

ရင်မိုဟွားဘက်မှခုလိုမျိုး တဲ့တိုးကြီး ပြောချလာမယ်လို့ ရှလျန် မျှော်လင့်မထားမိဘူး။

"မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ? အဲ့ဒီအရာတွေ အားလုံးကို မင်း အိတ်ထဲ ကောက်ထည့်ချင်တာလား?"

"နှစ်အတော်ကြာထိ ဆက်တိုက်ငွေတွေရှုံးနေတဲ့ ကုမ္ပဏီသေးသေးလေး တွေက မင်းတို့ ရှမိသားစုအတွက်ပဲ မရှိမဖြစ်ဖြစ်လိမ့်မယ်,
အဲ့ဒါကို ငါကဘာလုပ်ရမှာလဲ?"

"ဒါပေမယ့်,ငါ့ရဲ့စကားတခွန်းကြောင့်
ဖိအားတွေ အကုန်လုံး နေ့ချင်းညချင်းလွတ်လပ်ပြီးမင်းရဲ့ ရှမိသားစု အတွက်လည်း
နိုင်ငံတကာစျေးကွက်ကို ပြန်သွားနိုင်ဖို့
ခြေတစ်လှမ်း ပေါ်လာနိုင်တယ်၊ ဥက္ကဌရှက
ဒီလို အခွင့်အရေး မျိုးအရမ်းလိုချင်ခဲ့တာမဟုတ်ဘူးလား?"

ရှလျန် တစ်ယောက် သူ့စိတ်ထဲမှ အံ့အားသင့်မှုတွေကို ဖိနှိပ်ရင်း သူ့ မျက်နှာ အမူအရာက တဖြေးဖြေး ပိုမို လေးနက်လာတယ်။

" လောကမှာဘယ်အရာမှအလကားမရပါဘူး၊ ဥက္ကဋ္ဌရင်ဘက်ကအဲ့ဒီလို အနေအထားကိုပေးမယ်ဆိုတော့ရှမိသားစုဘက်ကရောဘာပြန် ပေးစေချင်တာလဲ?"

"ငါပြန်လိုချင်တဲ့ အရာက သိပ်မခက်ခဲပါဘူး"

ရင်မိုဟွားက ရှလျန်အား ပေါက်ထွက်မတတ်စိုက်ကြည့်ကာ ပြုံးပြီး ပြောလာတယ်၊

" မင်း တစ်ယောက်ဆိုလုံလောက်ပြီ"

........................................................................

[ Z]

ဝမ္ပင္လည္း ခဏမွ်ထိတ္လန့္ ၿပီးမွသူ႕ကိုယ္သူ
လက္ညိုး ထိုးျပၿပီး ,

" မင္း ငါ့ကို ေမးတာလား?"

ထို အခိုက္အတန့္ ,ခ်န္းရွလည္းအနည္းငယ္ ေဝခြဲရ
ခက္ေနတယ္၊တစ္ခုခုမွားေနတယ္လို႔သာ ေတြးမိရင္းဘာမွားေနလဲဆိုတာကိုေတာ့ သူလုံးဝ အေျဖရွာလို႔မရနိုင္ဘူး။

ဒါေပမယ့္ လက္ရွိလူေတြၾကားထဲမွာေတာ့,
ဝမ္ပင္တစ္ေယာက္သာအိုမီဂါပရိုမုန္းနံ႕ကို သိသိသာသာထုတ္လႊတ္ေနတဲ့အတြက္ဝမ္ပင္ကို က်ဳန္းရွိူ႕ရဲ႕ အိုမီဂါ
အျဖစ္သတ္မွတ္ လိုက္ျခင္းျဖစ္တယ္။

ခ်န္းရွက ဝမ္ပင္ထက္အရပ္ထက္ဝက္မွ်
ပုေနေသာ္လည္း ေခါင္းေမာ့ကာ ဝမ္ပင္ရဲ႕ မ်က္လုံးေတြကိုေစ့ေစ့ ပင္စိုက္ၾကည့္လိုက္တယ္။

" ၾကည့္ရတာ ဘာမွလည္းထူးဆန္းတဲ့ပုံစံ
မရွိဘူး၊ သူမင္းကို ဘာေတြမ်ား တန္းတန္းစြဲေနလဲ
ဆိုတာကို ငါ မသိဘူး"

"...? "

အလိုရွိေနတဲ့ရာဇဝတ္ေကာင္က သူ႕ကိုတျပန္ႀကီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေျပာလာတာမို႔႐ုတ္တရက္ ဝမ္ပင္ ေဒါသထြက္လာ
တယ္။

"ငါေျပာလိုက္ဦးမယ္..မင္းက.."

႐ုတ္တရက္သူ႕မ်က္လုံးေတြကိုလက္တစ္ဖက္ ျဖင့္
အုပ္ျခင္းခံရၿပီးတခ်ိန္တည္းမွာပဲဒူလန္က်ဲကအသံတိုးတိုးျဖင့္ ဝမ္ပင္ၾကားနိုင္႐ုံေလာက္သာေျပာလာတယ္။

"ဘာမွမေျပာနဲ႕"

ခ်န္းရွရဲ႕ စိတ္စြမ္းအင္ညို႔ယူမႈက အထူးနာမည္ႀကီးတာမို႔ ႀကိဳတင္မွန္းဆ၍ မရနိုင္ေၾကာင္း ဒူလန္က်ဲ သူတို႔အား
သတိေပးတာကိုဝမ္ပင္႐ုတ္တရက္ ျပန္သတိရလိုက္မိ
တယ္၊ ထို ဆိုးယုတ္ေသာနည္းလမ္းကို ကိုင္တြယ္ေျဖရွင္းရန္တစ္ခုတည္းေသာနည္းလမ္းမွာ မၾကည့္ဘဲ၊
နားမေထာင္ဘဲေနကာထိုသူ ဘာေျပာေျပာမတုံ႕ျပန္ျခင္း ကအေကာင္းဆုံး ျဖစ္တယ္။

ဒူလန္က်ဲက သူ႕မ်က္လုံးေတြကို လက္ျဖင့္ကာထားတာမို႔ ဝမ္ပင္ခ်က္ျခင္းပင္သူ႕ခံစားခ်က္ေတြကို ထိန္းညွိကာ
အသက္ျပင္းျပင္းတခ်က္ရႈၿပီး ဘာမွဆက္မေျပာဘဲ
ပါးစပ္ပိတ္လိုက္တယ္။

ခ်န္းရွက ဝမ္ပင္ေဘးမွ ဆံပင္ရွည္ႏွင့္အလွေလး ကို
လွည့္ၾကည့္လာတယ္၊ သူအၿမဲတမ္း ဂုဏ္ယူခဲ့ရတဲ့ စိတ္ညို႔ပညာအား အမည္မသိတဲ့မိန္းမေခ်ာမွ ႐ုတ္တရက္
ဝင္ေရာက္ႏွောင့္ယွက္လာမည္ကိုလုံးဝပင္ေမွ်ာ္လင့္မထားခဲ့ဘူး၊သူအေတာ္ေလးစိတ္အေႏွာင့္အယွက္ျဖစ္သြားၿပီး ေမးလိုက္တယ္။

" မင္းကဘယ္သူလဲ?"

"ငါကလား?"

ဆံပင္ရွည္နဲ႕အလွေလးကသူ႕ကို မၾကည့္ဘဲ,
သူမရဲ႕ဆံပင္ရွည္ေတြကိုပ်င္းရိစြာပင္ဖြဖြေလး သပ္တင္
လိုက္ရင္း ခ်ိဳသာေသာအသံေလးျဖင့္ ေျပာလာတယ္၊

" မင္းကငါ့ရဲ႕အယ္ဖာေလးကိုလူတကာနဲ႕
လိုက္သမုတ္ေနတာ ..ငါတကယ္ပဲ စိတ္မခ်မ္းသာဘူး"

"မင္းရဲ႕အယ္ဖာ ?"

ခ်န္းရွက မ်က္လုံးေတြကိုေမွးစင္းၿပီး သံသယေတြနဲ႕
ၾကည့္လာတယ္၊ အျခားသူရဲ႕ ျပင္းထန္တဲ့ေရေမႊးနံ႕က
အိုမီဂါ ပရိုမုန္း တခ်ိဳ႕ တဝက္ႏွင့္ ေရာစပ္ေနတာကိုလည္း အနံ႕ရေနတာမို႔ မ်က္ႏွာအနည္းငယ္ပ်က္ယြင္းသြားတယ္။

" မင္းလည္းအိုမီဂါျဖစ္နိုင္တာပဲ, ပရိုမုန္း တားေဆး သုံးထားတာလား?"

"အိုး, မင္း ႏွာေခါင္းကအေတာ္ေကာင္းတာပဲ"

ဆံပင္ရွည္နဲ႕ အလွေလးက ခ်န္းရွရဲ႕
ရွာေဖြေတြ႕ရွိမႈအား ရွက္႐ြံ႕ဟန္ပင္မျပလ်က္

တခစ္ခစ္ပင္ရယ္ေမာလာတယ္၊

" ငါ တားဆီးေဆး သုံးတာ ႏွစ္ေပါင္း မ်ားစြာၾကာၿပီ, တားျမစ္ေဆးကာလကလည္းၿပီးခါနီးၿပီးမို႔ ခုလို ေတြ႕တာက အံ့ၾသစရာေတာ့ မဟုတ္ဘူး "

ဒူလန္က်ဲရဲ႕ ခ်ိဳၿမိန္တဲ့ ရယ္သံေၾကာင့္ ဝမ္ပင္နဲ႕ ရွလ်န္ပင္ခ်က္ျခင္း ၾကက္သီးေတြထလာတယ္။

ဒူလန္က်ဲအား ေယာက်္ားမွ မိန္းမ အသြင္ေျပာင္းၿပီး
ပရိုမုန္း အတု အား သူ႕ကိုယ္ေပၚ ပက္ဖ်န္းျခင္းကိုသူတို႔ ကိုယ္တိုင္သာျမင္ေတြ႕ခဲ့ရျခင္း မဟုတ္ပါကလက္ရွိ အမ်ိဳးသမီး တစ္ေယာက္၏ဝတ္စားဆင္ယင္မႈ ႏွင့္ ၫုတုတု အသံတုတို႔က တင့္တယ္လွပတဲ့ ကိုယ္ဟန္အား
ႂကြ႐ြေနေစလ်က္ ေယာက်္ားတစ္ေယာက္ ျဖစ္သည္
ဆိုျခင္းအား မည္သူမွယုံလိမ့္မည္မဟုတ္ခဲ့။

ဒူလန္က်ဲက ဝမ္ပင္ရဲ႕ ပခုံးကို လက္ျဖင့္ ပုတ္ကာအေဝးသို႔ သြားရန္ ေျပာလိုက္ၿပီးေနာက္ ခ်န္းရွအား အကြာအေဝး တစ္ခုမွ မေက်မလည္ ၾကည့္လိုက္တယ္။

"ဘာလို႔လဲ? ငါ့အယ္ဖာကို ငါျပန္လိုခ်င္တယ္,
မင္းမွာ တျခားစိတ္ကူးေတြ အမ်ားႀကီး ရွိေနလို႔လား?"

ခ်န္းရွ တစ္ေယာက္အေတာ္ေလး ေဒါသထြက္လာၿပီး
တဖက္လူကသူ႕ရဲ႕ စိတ္ညို႔ ျခင္းအား တုံ႕ျပန္ျခင္း
မရွိတာကိုလည္းအံ့ၾသစြာပင္ ေတြ႕ေနရတယ္။

ဒူလန္က်ဲအား အကဲခတ္၍ ေျခဆုံး ေခါင္းဖ်ား အေသအခ်ာၾကည့္ရာမွတဖက္လူရဲ႕နိမ့္ ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ
ရင္ဘတ္အားအေသအခ်ာၾကည့္ၿပီး ညိုးႏြမ္းေသာ ေမာက္မာမႈတို႔အား ထုတ္ေဖာ္လာတယ္။ခ်န္းရွက ပါးစပ္ေထာင့္ကိုလွ်ာျဖင့္သပ္လိုက္ၿပီးေျဖးေျဖးခ်င္းေျပာလာတယ္၊

" ငါ့မွာ တျခား အေတြးဘာမွမရွိပါဘူး, မင္းကိုငါေျပာခ်င္တာက...မင္းရဲ႕ အယ္ဖာက...အရမ္း အရသာရွိတယ္"

ရွလ်န္ ရဲ႕အသက္႐ူသံေတြျပင္းထန္လာ တယ္၊
အက်ီေအာက္မွာဝွက္ထားတဲ့သူ႕လက္ေတြပင္႐ုတ္တရက္တင္းတင္းဆုပ္မိၿပီး က်ဳန္းရွိူ႕အား အလိုအေလ်ာက္ၾကည့္လိုက္မိတယ္။

က်ဳန္းရွိူ႕ တစ္ေယာက္လည္းအံ့ၾသသြားရာမွ မ်က္ႏွာေတြပါ ခ်က္ျခင္းနီရဲလာတယ္။

"မင္း...ဘာေတြ ေလွ်ာက္ေျပာေနတာလဲ?"

"ဘာလို႔ ဒီေလာက္ေတာင္ရွက္ေနရတာလဲ?"

ခ်န္းရွက သူ႕မ်က္ႏွာအား တမင္တကာပင္
ထိကိုင္ၿပီး ,

" မေန႕ညက, မင္းဘဲ အရမ္းေတြ စိတ္အားထက္သန္ေနၿပီးေတာ့.."

က်ဳန္းရွိူ႕ ဒီလူကို ကန္ထုတ္ပစ္ဖို႔ တကယ္ပင္ မေစာင့္
နိုင္ေပမယ့္ ခုခ်ိန္မွာေတာ့ သူက ေခါင္းေလး တစ္ခုသာ
လႈပ္လို႔ရတယ္၊ လက္ရွိတြင္ခုခံနိုင္တဲ့စြမ္းအားလည္းရွိ
မေနဘူး၊ က်ဳန္းရွိူ႕ တစ္ေယာက္သူရွင္းျပတာကိုသာ
နားေထာင္ေပးနိုင္ဖို႔ ေမွ်ာ္လင့္ရင္းရွလ်န္ကို သာ ၾကည့္ေနလိုက္တယ္။

သို႔ေသာ္ , ဒူလန္က်ဲက က်ဳန္းရွိူ႕ရဲ႕ အက်ီကို ေရွ႕တစ္လွမ္းတိုးကာ ဆုပ္ကိုင္လိုက္ၿပီး,

" အိုး, မင္းက မ်ိဳးမစစ္ဘဲ , ငါမင္းကို တရက္ေလး
မေတြ႕လိုက္ရတာနဲ႕ မင္းက လြတ္ထြက္သြားၿပီေပါ့"

"ငါ..ငါ"

က်ဳန္းရွိူ႕ တစ္ေယာက္ ဒူလန္က်ဲရဲ႕ ခ်ဲ့ကားတဲ့ အျပဳ
အမူေၾကာင့္ ရႈပ္ေထြးသြားတယ္၊အဲ့ဒီ အျပင္ အိုမီဂါ လို႔ ေျပာတဲ့ဆံပင္ရွည္နဲ႕အလွေလးကိုလည္း ခုထိ ဘယ္သူဆိုတာကိုသူမမွတ္မိဘူး၊သူ႕မွာရွလ်န္ကို ရွင္းျပခ်င္ေနေပမယ့္ လက္ရွိတြင္ ခ်န္းရွစကားေၾကာင့္မနာလို ျဖစ္ကာ
႐ူးသြပ္ေနတဲ့ သူ႕ေရွ႕မွ အမ်ိဳးသမီးကို
ကိုင္တြယ္ေျဖရွင္းဖို႔ရာႀကိဳးစားေနရတယ္။

ဒူလန္က်ဲက ႐ုတ္တရက္ သူ႕အား ပခုံးကေန ဆြဲယူကာ လူအမ်ားေရွ႕မွာပဲ ရွလ်န္ရဲ႕ ေျခေထာက္နားဆီသို႔
ပစ္ထည့္လိုက္တယ္။

က်ဳန္းရွို႔ သူ႕အနားသို႔ေရာက္လာတဲ့အခါ
ရွလ်န္ တစ္ေယာက္ အနည္းငယ္နာက်င္မႈ
အားခံစားလိုက္ရတယ္၊ က်ဳန္းရွိူ႕ ထထိုင္နိုင္ဖို႔
ကူညီခ်င္ေပမယ့္သူ႕ဗိုက္ကိုလည္းကုတ္အက်ီနဲ႕
ဖုံးထား ရတာမို႔ မသက္မသာျဖစ္စြာတြန္းဖယ္
လိုက္ရတယ္။ကံေကာင္းစြာပင္ ဝမ္ပင္က
အလ်င္အျမန္ က်ဳန္းရွို႔ကို ကူညီလိုက္နိုင္တယ္၊ထို႔ေနာက္ သူအသင့္ယူလာတဲ့ဓားျမႇောင္နဲ႕ က်ဳန္းရွို႔ ရဲ႕ လက္ထိပ္နဲ႕ ႀကိဳးေတြကို ျဖဳတ္ခ်လိဳက္တယ္ ၊ဓားျမႇောင္နဲ႕
ကလန့္လိုက္စဥ္မွာပဲ သံသတၱဳကက်ိဳးပ်က္သြားတယ္။

ဝမ္ပင္တြင္ထိုကဲ့သို႔ေသာ လက္နက္ရွိေန
သည့္ အတြက္ က်ဳန္းရွို႔ အံ့အားသင့္ေနတယ္၊
သူရွလ်န္ကို ကာကြယ္ရန္မတ္တပ္ထရပ္ခ်ိန္
ရင္မိုဟြားရဲ႕ ကိုယ္ရံေတာ္ ေတြကလည္း ေသနတ္ေတြ

ကိုဆြဲထုတ္လာတာမို႔ သူတို႔အဖြဲ႕က ေထာင့္ဘက္မွ
ပိတ္မိသြားတယ္။

ရွလ်န္ ရင္မိုဟြားကို ေစ့ေစ့ၾကည့္ၿပီးေမးလိုက္တယ္။

"ဥကၠ႒ရင္, ဒါဘာသေဘာလဲ?"

ရင္မိုဟြားက အျပစ္မရွိပုံေလးျဖင့္ ပခုံးတြန့္ျပတယ္၊

" ဒါက ဘာသေဘာမွမဟုတ္ပါဘူး, ငါခုနေလးတင္
ဒီမိန္းမပ်ိဳရဲ႕ အံ့ၾသစရာေကာင္းတဲ့အရည္အခ်င္းေတြကို
ျမင္လိုက္ရတယ္...ငါ့ လက္ေအာက္ငယ္သားရဲ႕ အစြမ္းကိုေတာင္ ေက်ာ္လႊားနိုင္ၿပီးတုံ႕ျပန္မႈလြန္ကဲေနတယ္
တယ္..ဒါက အရမ္း ေတာ္လြန္းေနတယ္ေလ"

တုံ႕ျပန္မႈလြန္ကဲတယ္လို႔ ေျပာလာတဲ့အတြက္
ပါးစပ္အား မရည္႐ြယ္ဘဲ ပိတ္လိုက္မိရာမွ
သူေျပာလိုက္တယ္။

" ဟုတ္ၿပီ, အထူးအဆန္းေတြကိုလည္း ျမည္းစမ္း ၾကည့္ၿပီးၿပီဆိုေတာ့ ,ငါတို႔အခုလိုရင္းအခ်က္ကိုပဲ
ေျပာၾကမလား?"

ခ်န္းရွက ဒူလန္က်ဲအား အဆက္မျပတ္ေစာင့္ၾကည့္တယ္၊ ရင္မိုဟြားေနာက္သို႔ ျပန္ေရာက္သြားေပမယ့္ ဒူလန္က်ဲကိုေတာ့သူ႕မ်က္မွန္ေတြေအာက္ကေနအခါမလပ္
​ေစာင့္ၾကည့္ေနဆဲဘဲ။

ရွလ်န္ကေတာ့ ရင္မိုဟြားကိုသာ အာ႐ုံစိုက္ေနတယ္။

"ဥကၠ႒ရင္ ညွိႏွိုင္းမယ္ဆိုတာက
ငါ့ကို ေသနတ္နဲ႕ခ်ိန္ ထားတာကိုဆိုလိုတာလား?
ဒါက စီးပြားေရးဆိုင္ရာညွိႏွိုင္းမႈမဟုတ္ဘဲ
ျပန္ေပးဆြဲၿပီး ေငြညွစ္တဲ့ပုံစံမ်ိဳးျဖစ္ေနတယ္"

ရင္မိုဟြားကယဲ့ယဲ့ေလးသာၿပဳံးျပလာတယ္၊

" အေမရိကန္က ကိစၥေတြကို ဥကၠ႒ရွလည္းၾကားထားၿပီး ျဖစ္ပါလိမ့္မယ္, ထင္တဲ့အတိုင္းလည္း မွန္တယ္,အဲ့ဒါေတြအကုန္လုံးကို ငါတစ္ေယာက္တည္း ၫႊန္ၾကားခဲ့တာ"

ရင္မိုဟြားဘက္မွခုလိုမ်ိဳး တဲ့တိုးႀကီး ေျပာခ်လာမယ္
လို႔ ရွလ်န္ ေမွ်ာ္လင့္မထားမိဘူး။

"မင္းရဲ႕ ရည္႐ြယ္ခ်က္ကဘာလဲ? အဲ့ဒီအရာေတြ
အားလုံးကို မင္း အိတ္ထဲ ေကာက္ထည့္ခ်င္တာလား?"

"ႏွစ္အေတာ္ၾကာထိ ဆက္တိုက္ေငြေတြရႈံးေနတဲ့
ကုမၸဏီေသးေသးေလး ေတြက မင္းတို႔ ရွမိသားစုအတြက္ပဲ မရွိမျဖစ္ျဖစ္လိမ့္မယ္, အဲ့ဒါကို ငါကဘာလုပ္ရမွာလဲ?"

"ဒါေပမယ့္,ငါ့ရဲ႕စကားတခြန္းေၾကာင့္
ဖိအားေတြ အကုန္လုံး ေန႕ခ်င္းညခ်င္း
လြတ္လပ္ၿပီးမင္းရဲ႕ ရွမိသားစု အတြက္လည္း
နိုင္ငံတကာေစ်းကြက္ကို ျပန္သြားနိုင္ဖို႔
ေျခတစ္လွမ္း ေပၚလာနိုင္တယ္၊ ဥကၠဌရွက
ဒီလို အခြင့္အေရး မ်ိဳးအရမ္းလိုခ်င္ခဲ့တာမဟုတ္ဘူးလား?"

ရွလ်န္ တစ္ေယာက္ သူ႕စိတ္ထဲမွ အံ့အားသင့္မႈေတြကို ဖိႏွိပ္ရင္း သူ႕ မ်က္ႏွာ အမူအရာက တေျဖးေျဖး ပိုမို ေလးနက္လာတယ္။

" ေလာကမွာဘယ္အရာမွအလကားမရပါဘူး၊ ဥကၠ႒ရင္ဘက္ကအဲ့ဒီလို အေနအထားကိုေပးမယ္ဆိုေတာ့ရွမိသားစုဘက္ကေရာဘာျပန္ ေပးေစခ်င္တာလဲ?"

"ငါျပန္လိုခ်င္တဲ့ အရာက သိပ္မခက္ခဲပါဘူး"

ရင္မိုဟြားက ရွလ်န္အား ေပါက္ထြက္မတတ္စိုက္ၾကည့္ကာ ၿပဳံးၿပီး ေျပာလာတယ္၊

" မင္း တစ္ေယာက္ဆိုလုံေလာက္ၿပီ"

........................................................................












You are reading the story above: TeenFic.Net