EP43(U&Z)

Background color
Font
Font size
Line height

..[ U ]

တစ်ဖက်တွင်လည်းရင်မိုဟွားရဲ့လက် ထောက်ကသူ့ကို သတင်းတစ်ခုပေးလာတယ်၊

" သူဌေး, စုံစမ်းရသလောက် လွန်ခဲ့တဲ့
ဆယ်နှစ်ကျော်ထဲက ရှလုပ်ငန်းစုရဲ့ ရင်းနှီးမြုပ်နှံမှုက ဒီနေရာတွေမှာရှိပါတယ်"

ရင်မိုဟွားက အချက်အလက်တွေကိုအပြန် အလှန် ကြည့်နေတယ်၊နောက်ဆုံးစာမျက်နှာကို တချက်ကြည့်ပြီး,

" လွန်ခဲ့တဲ့ နှစ်တွေလောက်မှ သူတို့မိသားစုက စုန့်မိသားစုနဲ့ပိုမိုနီးစပ်သွားတယ်လို့
ဆိုရမှာပေါ့"

"စုန့် နဲ့ ရှ မိသားစု နှစ်စုကမိတ်ရင်းဆွေရင်းတွေပါ"

စုန့်မိသားစုရဲ့ အချက်အလက်တွေကိုလည်း
လိုက်လံစုံစမ်း ထားပြီး ပုံရတဲ့ လက်ထောက်က ချက်ခြင်းပြောလာတယ်၊

" လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကမှ
မိသားစုနှစ်စုကလက်ထပ်ထိမ်းမြားမှု ပြုခဲ့သေးတယ်လို့ကျွန်တော်သိထားသေးတယ်"

"လက်ထပ်တယ်?"

ရင်မိုဟွား မျက်ခုံးတွေပင်ကြုံ့ဝင်သွားတယ်၊

" ရှလျန်က လက်ထပ်လိုက်ပြီလား?"

"ရှလျန် မဟုတ်ဘူး..စုန့်မိသားစုရဲ့ တစ်ဦးတည်းသောသားစုန့်ယန်နဲ့လက်ထပ်တဲ့
သူက သူ့ ညီရှလင်ပါ"

ရင်မိုဟွား အံ့သြသွားတယ်၊

" ငါမှတ်မိသလောက်..တရုတ်က လိင်တူ လက်ထပ်ခွင့်ကို ခုထိပိတ်ပင်ထားတုန်းမလား?"

"ဟုတ်တယ်, စုန့် နဲ့ရှတို့ စီစဥ်တဲ့ မဂ်လာပွဲကြောင့် အဲ့ဒီတုန်းကဆို လူတိုင်း အတော်လေး အံ့အားသင့်ကုန်ကြတယ်"

ရင်မိုဟွား ရယ်မောလိုက်တယ်၊

" ဒီလောက်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စကို ငါဘာလို့ မကြားမိတာလဲ...ငါတကယ်ကြီး
မသိလိုက်တာ"

"အဲ့ဒီအချိန်တုန်းက သူဌေး အမေရိကန်က
ပြန်လာခါစပဲရှိသေးတယ်..အဲ့ဒါကြောင့်
ဒီအဖြစ်အပျက်ကိုလက်လွတ်သွားတာ"

"ဖြစ်နိုင်တယ်...တရုတ်ပြည်က လူကြီးတွေက
ရှေးရိုးဆန်တယ်လို့ ငါ့ အမေပြောတာကို ကြားဖူးတယ်၊ မမျှော်လင့်ဘဲ ဒီတခါတော့
သူတို့ မျက်စိပွင့် နားပွင့် ဖြစ်သွားပုံရတယ်"

လက်ထောက်က ပြုံးပြီး ပြောလာတယ်၊

" အဲ့ဒီ မိသားစု နှစ်စုလက်ထပ်ပွဲအတွက် အကြီးဖြစ်တဲ့ ရှလျန်က အလုပ်တွေ အများကြီး စုပြီး လုပ်ခဲ့ရတယ်၊ အဲ့ဒီ မိသားစု
မဂ်လာပွဲကိုလည်း ရှလျန်ကပဲကမကထ
လုပ်ပြီး စီစဥ်ပေးခဲ့တာ"

ရင်မိုဟွား အနည်းငယ်ပင်အံ့အားသင့်စွာ
ကြည့် မိရင်း ,

"ရှလျန်က ငါ့ကို ပိုပိုပြီး စိတ်ဝင်စားအောင်
လုပ်နေပြီ"

ထို့နောက် သူ့လက်ထောက်ကို အပြင်သို့
ပြန်လွှတ်လိုက်ပြီး အချက်အလက်တွေကို ဂရုတစိုက်ဖြင့် ကြည့်နေမိတယ်။

နာရီဝက်အကြာတွင်, သူလက်ထောက်ကို ခေါ်လိုက်တယ်၊

" သူ့အဖေက သူတို့ရဲ့အဓိကစျေးကွက်
ကို လွန်ခဲ့တဲ့လေးနှစ် ကနိုင်ငံခြားကနေ ပြည်တွင်းကို ပြောင်းခဲ့တယ်လို့ မင်းပြောခဲ့တယ်နော်၊ အဲ့ဒါက အမေရိကန် ဘက်က
နေရာတွေ အတော်များများမှာဆုံးရှုံးမှုတွေ
အများကြီးရှိခဲ့လို့လား?"

"ဟုတ်ပါတယ်...လေးနှစ်တောင်ကြာသွား
ပေမယ့် အဲ့ဒီ နေရာတွေရဲ့ ဆုံးရှုံးမှုတွေက
ခုထိ အပြည့်အဝ မညီမျှနိုင်သေးဘဲ
ပြဿနာတချို့ ကျန်နေသေးတယ်"

ရင်မိုဟွား မျက်လုံးတွေကို မှေးစင်းလိုက်ပြီး ,

"ဒါဆို...အဲ့ဒါတွေကို ပြန်ဆွဲထုတ်နိုင်မယ့်
နည်းလမ်း တစ်ခုလောက်ရှာကြည့်ပေးပါ"

"သူဌေး...ဘာကို ဆိုလိုတာလဲ. ?"

လက်ထောက်က တလေးတစားပင် နားထောင်နေတယ်။

"အမေရိကန်မှာရှိနေသေးတဲ့ သူတို့ရဲ့ အကိုင်းအခက်တွေရဲ့ ဦးခေါင်းကိုရှာပြီး
သာသာလေး ရိုက်ချပေးလိုက်"

ရင်မိုဟွားက နူးညံ့သိမ်မွေ့စွာပင် စစ်မှန်တဲ့ တရုတ်စကားဖြင့်,

" မင်းရဲ့ ပုံစံ အမှန်ကို ဖုံးကွယ်ပြီးလိမ္မာ ပါးနပ်တဲ့ နည်းလမ်းတွေကိုပဲသုံး"

လက်ထောက်ကလည်း တချိန်တည်းမှာပဲ
ဝေခွဲရခက်စွာ ပြန်မေးလာတယ်၊

" ဒါပေမယ့် သူဌေး, သူဌေးအဲ့လိုလုပ်လိုက်မယ်ဆိုရင်, ရှလျန် စိတ်ညစ်သွားမှာကို
စိုးရိမ်မိတယ်"

ရင်မိုဟွားက ရယ်မောပြီး ပြုံးမိနေရင်း,

" အလှလေးကို ဒုက္ခတောထဲ တွန်းပို့ပြီး
သူရဲကောင်းကသာအလှလေးကိုကယ်
လိုက်မယ်ဆို သူက မင်းကိုကျေးဇူးတောင်
တင်နေဦးမယ်မလား?"

လက်ထောက်က ထိုအခါမှအလျင်အမြန်
ပြောလာတယ်၊

"သူဌေးက ပညာရှိပဲ"

နောက်လအနည်းငယ်တွင်,ရင်မိုဟွားလည်း
ပျောက်ကွယ်သွားခဲ့ပြီး ရှလျန်ကိုလည်း မနှောင့်ယှက်တာမို့ တဖြေးဖြေးနဲ့ ရှလျန်ပင်
ထို ကိစ္စကို မေ့သွားခဲ့တယ်။

ရှလင်သည်လည်းရှလျန်နဲ့ ဖုန်းပြောပြီးနောက် စုန့်ယန်တို့ဇနီးမောင်နှံသည်လည်း
ငြိမ်သက်နေတယ်။ သူနှင့်ရံဖန်ရံခါ ဖုန်းပြောဖြစ်ကြပေမယ့်, တွေ့ဖို့ ကိုတော့ ထပ်ပြော
မလာကြတော့ဘူး။

သူတို့နှစ်ယောက်ကလည်းရှလျန် ကို
ကာကွယ်ဖို့ပဲ လုပ်ခဲ့ကြတယ်၊ ဘွားရှကသူ့သူငယ်ချင်း အဖွဲ့နှင့် မြို့တော်ဒီကို ဖြတ်သွားစဥ် သူ့မြေးကို တွေ့ချင်သော်လည်းရှလင်ကပဲ ထို အကြံအစည်ကို ဖျောက်ဖျက် ပစ်ခဲ့တယ်။

ရှလျန်ကလည်း ထို အဖြစ်အပျက်ကို ကြားသိရပြီးနောက် ကျေးဇူးတင်နေမိတယ်၊
သူ့ညီအပေါ် အရိုးသားဆုံးဖြစ်သင့်လားဆိုတာကို တွေးမိရင်း...သူ့ ညီလေးကအရေး ကြီးတဲ့ အချိန်တွေမှာစိတ်အချရဆုံးဆိုတာ
ကို သူသိလာခဲ့တယ်။

ထိုကာလတွေအတွင်း ကျုန်းရှို့က မြို့တော် ဘီနဲ့ ဒီ အတွင်း လည်ပတ်ကာသွားနေရတယ်၊
အလုပ်များနေပေမယ့်လည်း ပိတ်ရက်တွေမှာတော့ ကျုန်းရှို့ကရှလျန်နဲ့ အတူ မြို့တော်ဒီမှာပဲ အတူနေလေ့ရှိတယ်၊ သူ့ အမြင်အရတော့

ရှလျန်ရှိရာနေရာကသူ့ ကျောခင်းရာနေရာလေးပဲ။

လပေါင်းများစွာ လေ့ကျင့်သင်ကြားပြီး ကြိုးစားအားထုတ်ခဲ့ခြင်းကကျုန်းရှိူ့တစ်ယောက် အရေးကြီး ကိစ္စများနှင့် အဓိကဆုံးဖြတ်ချက်တွေကို ကိုင်တယ်ဖြေရှင်းရာ၌
ပို၍ အဆင်ပြေလာကြောင်းရှလျန်ရှင်းရှင်း
လင်းလင်းပင် ခံစားမိလာတယ်။

အရင်တုန်းကတော့ ကျုန်းရှိူ့က သူ့ ဆုံးဖြတ်ချက်တွေ အပေါ် ယုံကြည်မှု
သိပ်မရှိခဲ့ဘူး၊ သူက ညတိုင်းလိုလို ရှလျန်ထံ
အကုန်သတင်းပို့ခဲ့တယ်။ တဖြေးဖြေးနဲ့
သူကိုယ်တိုင် စီရင်ဆုံးဖြတ်လာနိုင်တဲ့အခါ
အသေးစိတ်အစီရင်ခံမှုတွေလည်း လျော့နည်းလာတယ်၊နောက်ပိုင်း သူ့ကို ပြန်မေးတာပါ လျော့နည်းလာတယ်၊ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ရှလျန်နဲ့ မဆွေးနွေးမီ သူ့ဘက်မှအရင်ဆုံအစီအစဥ်တွေ
လုပ်ထားပြီး ဖြစ်ကာထို အကြောင်းအရာတွေကိုသာ တင်ပြတယ်။

ရှလျန်ကလည်း ကျုန်းရှိူ့ရဲ့ သိသာထင်ရှားတဲ့ရလာဒ်ကို သဘောကျတယ်၊ လွန်ခဲ့တဲ့လအနည်းငယ်ကဆို ကျုန်းရှိူ့ကအမြဲတမ်း လှေကားအောက်မှာသာခေါင်း ငုံ့လျက်ရပ်နေတဲ့ ကလေးလေးအနေနဲ့သာရှိပြီး သူ့ကိုသာမော်ကြည့်ခဲ့ရတယ်၊ခုတော့ ကျုန်းရှို့ကလှေကားပေါ် သို့ တဖြေးဖြေး တက်လာပြီး
ခုဆိုသူနှင့်ပခုံးချင်းပင်ယှဥ်နိုင်လာခဲ့ပြီ။

ဒါပေမယ့်မလုံလောက်သေးဘူး၊ ရှလျန်ဘက်မှ ကျုန်းရှိူ့အားဒီထက် ပို၍ ပြုစုလိုသောကြောင့် သူ့စိတ်ထဲမှာ ကျုန်းရှိူ့အတွက်သာ အမြဲတမ်း တိတ်တဆိတ်တွေးနေမိတယ်၊
ကျုန်းရှိူ့ကသူနဲ့ပခုံးချင်းယှဥ်ရပ်နိုင်ရန် လိုအပ်ရုံသာမက ကျုန်းရှိူ့ တစ်ယောက်သူ့ဘာသာရပ်တည်နိုင်ရန်လည်းလိုအပ်နေသေးတယ်၊ ရှမိသားစုရဲ့ မျိုးဆက်ပိုမိုကျယ်ပြန့်လာရန် အတွက်လည်း ကျုန်းရှို့ရဲ့အကူအညီ ကို လိုအပ်နေသေးတယ်။

ရှလျန်ကိုယ်ဝန်ခြောက်လကျော်လာတဲ့အခါ,
ခဲ့မိုင်ကသူ့ကိုဒုတိယအကြိမ်စစ်ဆေးရန်ရောက်လာခဲ့တယ်။

ယခုတကြိမ်တွင် ,ဒူလန်ကျဲအပြင် ရှလျန်အားယဥ်ကျေးစွာနှုတ်ဆက်လာတဲ့ ထပ်တိုး
ဧည့်သည်တစ်ဦးပါပါလာခဲ့တယ်။

"မဂ်လာပါ မစ္စတာရှ, ကျွန်တော်က ဝမ်ပင်ပါ ,
ခင်ဗျားရဲ့ ဆရာဝန်ဖြစ်လာမယ့်သူပါ,အခုကစပြီး ခင်ဗျားရဲ့မွေးဖွားချိန်အထိစစ်ဆေးမှု တိုင်းကို ကျွန်တော်တာဝန်ယူမှာပါ"

ရှလျန် ဒူလန်ကျဲနဲ့ နောက်ဆုံးတခေါက် ဖုန်းပြောတဲ့အချိန် က ဒူလန်ကျဲပြောတဲ့ ဆရာဝန်ဖြစ်နိုင်တယ်လို့ သူတွေးလိုက်မိတယ်၊ရှလျန် မသိမသာခေါင်းညိတ်ပြလိုက်ပေမယ့် ရှလျန်ရဲ့ မျက်နှာပေါ်၌ ဒူလန်ကျဲကသူ့ကို ကြိုတင်အသိမပေးဘဲ လူစိမ်းတစ်ဦးအား ခေါ်ဆောင်လာတာမို့ အနည်းငယ် မသက်မသာဖြစ်နေခဲ့တယ်။

"ခင်ဗျား ကျွန်တော့်ကို အထင်မလွဲဖို့
မျှော်လင့်ပါတယ်"

ဝမ်ပင်က အလျင်အမြန်ရှင်းပြလာတယ်၊

"ခင်ဗျားတို့လို အိပ်မက် နိမတ်ဖတ်သူတွေကို စည်းရုံးနိုင်ဖို့ မျှော်လင့် ထားပေမယ့်မူလဇာတိမှာ တကယ်မရှိ ချင်တာမို့ ခင်ဗျားရဲ့
ဆုံးဖြတ်ချက်ကို ကျွန်တော်တို့လေးစားရမယ်၊အခုအရေးကြီးဆုံးက ခင်ဗျားရဲ့ ကလေးကျန်းမာဘေးကင်းစွာမွေးဖွားနိုင်ဖို့ပဲ"

ဝမ်ပင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ရင်းမှန်ကို ကြားရတဲ့အခါ ရှလျန် ခေါင်းညိတ်လိုက်မိတယ်၊

" ဒါဆိုကျွန်တော်ဒေါက်တာဝမ်ကိုဒုက္ခပေးမိပြီ"

"လုပ်သင့်တာပါ...ဒါပေမယ့်ကျွန်တော့်မှာ
ခက်ခဲစေမယ့်တောင်းဆိုမှုတစ်ခုတော့ရှိတယ်"

"ပြောပါဒေါက်တာ"

"လာမယ့် လအနည်းငယ်အတွင်း ခင်ဗျားရဲ့
တိုက်ခန်းမှာ အနီးအနား ကူညီကြည့်ရူလို့ရအောင် ကျွန်တော်ခင်ဗျားရဲ့ အိမ်နားမှာနေမယ်၊ မစ္စတာရှက အဲ့ဒါလေးကိုတော့ ကျွန် တော်နဲ့ ပူးပေါင်း ပေးနိုင်ဖို့မျှော်လင့်တယ်"

ရှလျန် အနည်းငယ်အံ့သြသွားရာမှ,

" ခင်ဗျားက...ဘေးခန်းမှာနေမှာလား?"

"ဟုတ်ကဲ့, ကျွန်တော်ကအခန်းတောင်
ငှားပြီးပြီ"

ဝမ်ပင်ပြုံးပြလာတယ်၊

" မစ္စတာရှစိတ်အနှောင့်အယှက်မဖြစ်ဖို့
မျှော်လင့်ပါတယ်"

ကျုန်းရှိူ့ စကားမပြောဘဲ ရှလျန် အနောက်တွင်ရပ်နေတယ်၊ ထိုအခိုက်အတန့် ရှလျန်
တုံ့ဆိုင်းနေတာကို မြင်တဲ့အခါ,သူရှလျန်ကို
ဝင်၍ နားချ လိုက်တယ်။

" လျန်ကော, ဒီ ကာလအတွင်း ကျွန်တော်ကလည်း တစ်ပတ်တစ်ခါ ပြန်လာလို့ မရဘူး၊
ကျွန်တော်ကောကို ဂရုမစိုက်နိုင်ဘူးဖြစ်နေမှာ၊ကျွန်တော်လည်းအမြဲစိုးရိမ်နေရတယ်၊
ဒေါက်တာဝမ် အနားမှာ လာနေတာ
ကောကို ပိုဂရုမစိုက်နိုင်ဘူးလား?"

ရှလျန် ကျုန်းရှိူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိတယ်၊ ဒီကလေးက အရင်ကဆို
သူ့ စကားကို အမြဲနားထောင်ပြီး ဝင်မပြော
ပေမယ့် အခုတော့ သူ့ ကို ကျိုးကြောင်းဆီလျော်စွာရှင်းပြနိုင်လာပြီ။

ကျုန်းရှိူ့ က ဒေါက်တာ ဝမ်ဘက်လှည့်ပြီး,

"  တဆိတ်လောက်, ဒေါက်တာဝမ်လည်း
အိုမီဂါ တစ်ယောက်ပဲလား? "

ဝမ်ပင်က ရယ်မောလာတယ်၊

" မစ္စတာကျုန်း က ပရိုမုန်းတွေကို ပိုပြီး
ထိတွေ့ခံစားနိုင်ပုံရတယ်၊ မစ္စတာရှကို
ကျွန်တော့်လိင်ကွဲ ပြားမှုကြောင့် ထိခိုက်
မှာ စိုးရိမ် နေတာလား?"

ရှလျန်နှာခေါင်းရှုံ့လိုက်မိတယ်၊ ဒူလန်ကျဲ ပြောတာလည်း မှန်တယ်၊ သူက ပရိုမုန်းတွေပေါ် အလွန် အကဲဆတ်ခြင်းမရှိသလို ABOရဲ့ လိင်ပိုင်းဆိုင်ရာ ရှုထောင့်တွေနဲ့ ပြသနာတွေကိုလည်း သူတကယ် မတွေး မိဘူး၊ သူ့ အမြင်မှာတော့ ယောကျ်ားကယောကျ်ား၊မိန်းမက မိန်းမပဲ။

မိနစ်ပိုင်းလောက်မှာပဲ...ကျုန်းရှိူ့ကတော့
ဝမ်ပင်ဘာဆိုတာ အလွယ်တကူခွဲခြားနိုင်တယ်၊ သူက ရည်းစားတစ်ယောက်ရှာဖို့များ
ကြိုးစားနေတာလား?

19.1.2022

.....................................................................

[ Z ]

တစ္ဖက္တြင္လည္းရင္မိုဟြားရဲ႕လက္ ေထာက္က
သူ႕ကို သတင္းတစ္ခုေပးလာတယ္၊

" သူေဌး, စုံစမ္းရသေလာက္ လြန္ခဲ့တဲ့
ဆယ္ႏွစ္ေက်ာ္ထဲက ရွလုပ္ငန္းစုရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈက
ဒီေနရာေတြမွာရွိပါတယ္"

ရင္မိုဟြားက အခ်က္အလက္ေတြကိုအျပန္ အလွန္ ၾကည့္ေနတယ္၊ေနာက္ဆုံးစာမ်က္ႏွာကို တခ်က္ၾကည့္ၿပီး,

" လြန္ခဲ့တဲ့ ႏွစ္ေတြေလာက္မွ သူတို႔မိသားစုက စုန့္မိသားစုနဲ႕ပိုမိုနီးစပ္သြားတယ္လို႔ဆိုရမွာေပါ့"

"စုန့္ နဲ႕ ရွ မိသားစု ႏွစ္စုကမိတ္ရင္းေဆြရင္းေတြပါ"

စုန့္မိသားစုရဲ႕ အခ်က္အလက္ေတြကိုလည္း
လိုက္လံစုံစမ္း ထားၿပီး ပုံရတဲ့ လက္ေထာက္က
ခ်က္ျခင္းေျပာလာတယ္၊

" လြန္ခဲ့တဲ့ လအနည္းငယ္ေလာက္ကမွ
မိသားစုႏွစ္စုကလက္ထပ္ထိမ္းျမားမႈ ျပဳခဲ့ေသး

တယ္လို႔ကြၽန္ေတာ္သိထားေသးတယ္"

"လက္ထပ္တယ္?"

ရင္မိုဟြား မ်က္ခုံးေတြပင္ႀကဳံ႕ဝင္သြားတယ္၊

" ရွလ်န္က လက္ထပ္လိုက္ၿပီလား?"

"ရွလ်န္ မဟုတ္ဘူး..စုန့္မိသားစုရဲ႕ တစ္ဦးတည္းေသာသားစုန့္ယန္နဲ႕လက္ထပ္တဲ့သူက သူ႕ ညီရွလင္ပါ"

ရင္မိုဟြား အံ့ၾသသြားတယ္၊

" ငါမွတ္မိသေလာက္..တ႐ုတ္က လိင္တူ လက္ထပ္ခြင့္ကို ခုထိပိတ္ပင္ထားတုန္းမလား?"

"ဟုတ္တယ္, စုန့္ နဲ႕ရွတို႔ စီစဥ္တဲ့ မဂ္လာပြဲေၾကာင့္ အဲ့ဒီတုန္းကဆို လူတိုင္း အေတာ္ေလး အံ့အားသင့္ကုန္ၾက
တယ္"

ရင္မိုဟြား ရယ္ေမာလိုက္တယ္၊

" ဒီေလာက္စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ကိစၥကို ငါဘာလို႔ မၾကားမိတာလဲ...ငါတကယ္ႀကီး မသိလိုက္တာ"

"အဲ့ဒီအခ်ိန္တုန္းက သူေဌး အေမရိကန္က
ျပန္လာခါစပဲရွိေသးတယ္..အဲ့ဒါေၾကာင့္
ဒီအျဖစ္အပ်က္ကိုလက္လြတ္သြားတာ"

"ျဖစ္နိုင္တယ္...တ႐ုတ္ျပည္က လူႀကီးေတြက
ေရွးရိုးဆန္တယ္လို႔ ငါ့ အေမေျပာတာကို ၾကားဖူးတယ္၊ မေမွ်ာ္လင့္ဘဲ ဒီတခါေတာ့ သူတို႔ မ်က္စိပြင့္ နားပြင့္ ျဖစ္သြားပုံရတယ္"

လက္ေထာက္က ၿပဳံးၿပီး ေျပာလာတယ္၊

" အဲ့ဒီ မိသားစု ႏွစ္စုလက္ထပ္ပြဲအတြက္ အႀကီးျဖစ္တဲ့
ရွလ်န္က အလုပ္ေတြ အမ်ားႀကီး စုၿပီး လုပ္ခဲ့ရတယ္၊
အဲ့ဒီ မိသားစု မဂ္လာပြဲကိုလည္း ရွလ်န္ကပဲကမကထ
လုပ္ၿပီး စီစဥ္ေပးခဲ့တာ"

ရင္မိုဟြား အနည္းငယ္ပင္အံ့အားသင့္စြာ
ၾကည့္ မိရင္း ,

"ရွလ်န္က ငါ့ကို ပိုပိုၿပီး စိတ္ဝင္စားေအာင္
လုပ္ေနၿပီ"

ထို႔ေနာက္ သူ႕လက္ေထာက္ကို အျပင္သို႔
ျပန္လႊတ္လိုက္ၿပီး အခ်က္အလက္ေတြကို
ဂ႐ုတစိုက္ျဖင့္ ၾကည့္ေနမိတယ္။

နာရီဝက္အၾကာတြင္, သူလက္ေထာက္ကို
ေခၚလိုက္တယ္၊

" သူ႕အေဖက သူတို႔ရဲ႕အဓိကေစ်းကြက္
ကို လြန္ခဲ့တဲ့ေလးႏွစ္ ကနိုင္ငံျခားကေန ျပည္တြင္းကို ေျပာင္းခဲ့တယ္လို႔ မင္းေျပာခဲ့တယ္ေနာ္၊ အဲ့ဒါက အေမရိကန္ ဘက္က ေနရာေတြ အေတာ္မ်ားမ်ားမွာဆုံးရႈံးမႈေတြ
အမ်ားႀကီးရွိခဲ့လို႔လား?"

"ဟုတ္ပါတယ္...ေလးႏွစ္ေတာင္ၾကာသြား
ေပမယ့္ အဲ့ဒီ ေနရာေတြရဲ႕ ဆုံးရႈံးမႈေတြက
ခုထိ အျပည့္အဝ မညီမွ်နိုင္ေသးဘဲ
ျပႆနာတခ်ိဳ႕ က်န္ေနေသးတယ္"

ရင္မိုဟြား မ်က္လုံးေတြကို ေမွးစင္းလိုက္ၿပီး ,

"ဒါဆို...အဲ့ဒါေတြကို ျပန္ဆြဲထုတ္နိုင္မယ့္
နည္းလမ္း တစ္ခုေလာက္ရွာၾကည့္ေပးပါ"

"သူေဌး...ဘာကို ဆိုလိုတာလဲ. ?"

လက္ေထာက္က တေလးတစားပင္ နားေထာင္ေနတယ္။

"အေမရိကန္မွာရွိေနေသးတဲ့ သူတို႔ရဲ႕
အကိုင္းအခက္ေတြရဲ႕ ဦးေခါင္းကိုရွာၿပီး
သာသာေလး ရိုက္ခ်ေပးလိုက္"

ရင္မိုဟြားက ႏူးညံ့သိမ္ေမြ႕စြာပင္ စစ္မွန္တဲ့
တ႐ုတ္စကားျဖင့္,

" မင္းရဲ႕ ပုံစံ အမွန္ကို ဖုံးကြယ္ၿပီးလိမၼာပါးနပ္တဲ့
နည္းလမ္းေတြကိုပဲသုံး"

လက္ေထာက္ကလည္း တခ်ိန္တည္းမွာပဲ
ေဝခြဲရခက္စြာ ျပန္ေမးလာတယ္၊

" ဒါေပမယ့္ သူေဌး, သူေဌးအဲ့လိုလုပ္လိုက္မယ္ဆိုရင္,
ရွလ်န္ စိတ္ညစ္သြားမွာကို စိုးရိမ္မိတယ္"

ရင္မိုဟြားက ရယ္ေမာၿပီး ၿပဳံးမိေနရင္း,

" အလွေလးကို ဒုကၡေတာထဲ တြန္းပို႔ၿပီး
သူရဲေကာင္းကသာအလွေလးကိုကယ္
လိုက္မယ္ဆို သူက မင္းကိုေက်းဇူးေတာင္
တင္ေနဦးမယ္မလား?"

လက္ေထာက္က ထိုအခါမွအလ်င္အျမန္
ေျပာလာတယ္၊

"သူေဌးက ပညာရွိပဲ"

ေနာက္လအနည္းငယ္တြင္,ရင္မိုဟြားလည္း
ေပ်ာက္ကြယ္သြားခဲ့ၿပီး ရွလ်န္ကိုလည္း မေႏွာင့္ယွက္တာမို႔ တေျဖးေျဖးနဲ႕ ရွလ်န္ပင္ထို ကိစၥကို ေမ့သြားခဲ့တယ္။

ရွလင္သည္လည္းရွလ်န္နဲ႕ ဖုန္းေျပာၿပီးေနာက္ စုန့္ယန္တို႔ဇနီးေမာင္ႏွံသည္လည္းၿငိမ္သက္ေနတယ္။ သူႏွင့္ရံဖန္ရံခါ ဖုန္းေျပာျဖစ္ၾကေပမယ့္, ေတြ႕ဖို႔ ကိုေတာ့ ထပ္ေျပာ
မလာၾကေတာ့ဘူး။

သူတို႔ႏွစ္ေယာက္ကလည္းရွလ်န္ ကိုကာကြယ္ဖို႔ပဲ လုပ္ခဲ့ၾကတယ္၊ ဘြားရွကသူ႕သူငယ္ခ်င္း အဖြဲ႕ႏွင့္ ၿမိဳ႕ေတာ္ဒီကို ျဖတ္သြားစဥ္ သူ႕ေျမးကို ေတြ႕ခ်င္ေသာ္လည္းရွလင္ကပဲ ထို အႀကံအစည္ကို ေဖ်ာက္ဖ်က္ ပစ္ခဲ့တယ္။

ရွလ်န္ကလည္း ထို အျဖစ္အပ်က္ကို ၾကားသိရၿပီးေနာက္ ေက်းဇူးတင္ေနမိတယ္၊သူ႕ညီအေပၚ အရိုးသားဆုံးျဖစ္သင့္လားဆိုတာကို ေတြးမိရင္း...သူ႕ ညီေလးကအေရး ႀကီးတဲ့ အခ်ိန္ေတြမွာစိတ္အခ်ရဆုံးဆိုတာကို သူသိလာခဲ့တယ္။

ထိုကာလေတြအတြင္း က်ဳန္းရွို႔က ၿမိဳ႕ေတာ္ ဘီနဲ႕ ဒီ
အတြင္း လည္ပတ္ကာသြားေနရတယ္၊အလုပ္မ်ားေနေပ
မယ့္လည္း ပိတ္ရက္ေတြမွာေတာ့ က်ဳန္းရွို႔ကရွလ်န္နဲ႕ အတူ ၿမိဳ႕ေတာ္ဒီမွာပဲ အတူေနေလ့ရွိတယ္၊ သူ႕ အျမင္
အရေတာ့ရွလ်န္ရွိရာေနရာကသူ႕ ေက်ာခင္းရာေနရာ
​ေလးပဲ။

လေပါင္းမ်ားစြာ ေလ့က်င့္သင္ၾကားၿပီး ႀကိဳးစားအားထုတ္ခဲ့ျခင္းကက်ဳန္းရွိူ႕တစ္ေယာက္ အေရးႀကီး ကိစၥမ်ားႏွင့္
အဓိကဆုံးျဖတ္ခ်က္ေတြကို ကိုင္တယ္ေျဖရွင္းရာ၌
ပို၍ အဆင္ေျပလာေၾကာင္းရွလ်န္ရွင္းရွင္း
လင္းလင္းပင္ ခံစားမိလာတယ္။

အရင္တုန္းကေတာ့ က်ဳန္းရွိူ႕ကသူ႕ ဆုံးျဖတ္ခ်က္ေတြ

အေပၚ ယုံၾကည္မႈသိပ္မရွိခဲ့ဘူး၊ သူက ညတိုင္းလိုလို
ရွလ်န္ထံအကုန္သတင္းပို႔ခဲ့တယ္။ တေျဖးေျဖးနဲ႕
သူကိုယ္တိုင္ စီရင္ဆုံးျဖတ္လာနိုင္တဲ့အခါ
အေသးစိတ္အစီရင္ခံမႈေတြလည္း ေလ်ာ့နည္းလာတယ္
၊ေနာက္ပိုင္း သူ႕ကို ျပန္ေမးတာပါ ေလ်ာ့နည္းလာတယ္၊ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်တဲ့အခါ ရွလ်န္နဲ႕
မေဆြးႏြေးမီ သူ႕ဘက္မွအရင္ဆုံအစီအစဥ္ေတြ
လုပ္ထားၿပီး ျဖစ္ကာထို အေၾကာင္းအရာေတြကို
သာ တင္ျပတယ္။

ရွလ်န္ကလည္း က်ဳန္းရွိူ႕ရဲ႕ သိသာထင္ရွားတဲ့ရလာဒ္ကို သေဘာက်တယ္၊ လြန္ခဲ့တဲ့လအနည္းငယ္ကဆို က်ဳန္းရွိူ႕ကအၿမဲတမ္း ေလွကားေအာက္မွာသာေခါင္း ငုံ႕လ်က္ရပ္ေနတဲ့ ကေလးေလးအေနနဲ႕သာရွိၿပီး သူ႕ကိုသာေမာ္
ၾကည့္ခဲ့ရတယ္၊ခုေတာ့ က်ဳန္းရွို႔ကေလွကားေပၚသို႔တေျဖးေျဖး တက္လာၿပီးခုဆိုသူႏွင့္ပခုံးခ်င္းပင္ယွဥ္နိုင္လာခဲ့ၿပီ။

ဒါေပမယ့္မလုံေလာက္ေသးဘူး၊ ရွလ်န္ဘက္မွ က်ဳန္းရွိူ႕အားဒီထက္ ပို၍ ျပဳစုလိုေသာေၾကာင့္ သူ႕စိတ္ထဲမွာ
က်ဳန္းရွိူ႕အတြက္သာ အၿမဲတမ္း တိတ္တဆိတ္ေတြးေနမိတယ္၊က်ဳန္းရွိူ႕ကသူနဲ႕ပခုံးခ်င္းယွဥ္ရပ္နိုင္ရန္ လိုအပ္႐ုံသာမက က်ဳန္းရွိူ႕ တစ္ေယာက္သူ႕ဘာသာရပ္တည္နိုင္ရန္
လည္းလိုအပ္ေနေသးတယ္၊ ရွမိသားစုရဲ႕ မ်ိဳးဆက္ပိုမိုက်ယ္ျပန့္လာရန္ အတြက္လည္း က်ဳန္းရွို႔ရဲ႕အကူအညီ ကို
လိုအပ္ေနေသးတယ္။

ရွလ်န္ကိုယ္ဝန္ေျခာက္လေက်ာ္လာတဲ့အခါ,ခဲ့မိုင္ကသူ႕ကိုဒုတိယအႀကိမ္စစ္ေဆးရန္ေရာက္လာခဲ့တယ္။

ယခုတႀကိမ္တြင္ ,ဒူလန္က်ဲအျပင္ ရွလ်န္အား
ယဥ္ေက်းစြာႏႈတ္ဆက္လာတဲ့ ထပ္တိုး
ဧည့္သည္တစ္ဦးပါပါလာခဲ့တယ္။

"မဂ္လာပါ မစၥတာရွ, ကြၽန္ေတာ္က ဝမ္ပင္ပါ ,
ခင္ဗ်ားရဲ႕ ဆရာဝန္ျဖစ္လာမယ့္သူပါ,အခုကစၿပီး ခင္ဗ်ားရဲ႕ေမြးဖြားခ်ိန္အထိစစ္ေဆးမႈ တိုင္းကို ကြၽန္ေတာ္တာဝန္ယူမွာပါ"

ရွလ်န္ ဒူလန္က်ဲနဲ႕ ေနာက္ဆုံးတေခါက္ ဖုန္းေျပာတဲ့အခ်ိန္ က ဒူလန္က်ဲေျပာတဲ့ ဆရာဝန္ျဖစ္နိုင္တယ္လို႔ သူေတြးလိုက္မိတယ္၊ရွလ်န္ မသိမသာေခါင္းညိတ္ျပလိုက္ေပမယ့္
ရွလ်န္ရဲ႕ မ်က္ႏွာေပၚ၌ ဒူလန္က်ဲကသူ႕ကို ႀကိဳတင္အသိမေပးဘဲ လူစိမ္းတစ္ဦးအား ေခၚေဆာင္လာတာမို႔ အနည္းငယ္ မသက္မသာျဖစ္ေနခဲ့တယ္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို အထင္မလြဲဖို႔
ေမွ်ာ္လင့္ပါတယ္"

ဝမ္ပင္က အလ်င္အျမန္ရွင္းျပလာတယ္၊

"ခင္ဗ်ားတို႔လို အိပ္မက္ နိမတ္ဖတ္သူေတြကို စည္း႐ုံးနိုင္ဖို႔ ေမွ်ာ္လင့္ ထားေပမယ့္မူလဇာတိမွာ တကယ္မရွိ ခ်င္တာမို႔ ခင္ဗ်ားရဲ႕ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္တို႔ေလးစားရမယ္၊အခုအေရးႀကီးဆုံးက ခင္ဗ်ားရဲ႕ ကေလးက်န္းမာေဘးကင္းစြာေမြးဖြားနိုင္ဖို႔ပဲ"

ဝမ္ပင္ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္ရင္းမွန္ကို ၾကားရတဲ့အခါ ရွလ်န္ ေခါင္းညိတ္လိုက္မိတယ္၊

" ဒါဆိုကြၽန္ေတာ္ေဒါက္တာဝမ္ကိုဒုကၡေပးမိၿပီ"

"လုပ္သင့္တာပါ...ဒါေပမယ့္ကြၽန္ေတာ့္မွာ
ခက္ခဲေစမယ့္ေတာင္းဆိုမႈတစ္ခုေတာ့ရွိတယ္"

"ေျပာပါေဒါက္တာ"

"လာမယ့္ လအနည္းငယ္အတြင္း ခင္ဗ်ားရဲ႕
တိုက္ခန္းမွာ အနီးအနား ကူညီၾကည့္႐ူလို႔ရေအာင္
ကြၽန္ေတာ္ခင္ဗ်ားရဲ႕ အိမ္နားမွာေနမယ္၊ မစၥတာရွက
အဲ့ဒါေလးကိုေတာ့ ကြၽန္ ေတာ္နဲ႕ ပူးေပါင္း ေပးနိုင္ဖို႔ေမွ်ာ္လင့္တယ္"

ရွလ်န္ အနည္းငယ္အံ့ၾသသြားရာမွ,

" ခင္ဗ်ားက...ေဘးခန္းမွာေနမွာလား?"

"ဟုတ္ကဲ့, ကြၽန္ေတာ္ကအခန္းေတာင္ငွားၿပီးၿပီ"

ဝမ္ပင္ၿပဳံးျပလာတယ္၊

" မစၥတာရွစိတ္အႏွောင့္အယွက္မျဖစ္ဖို႔
ေမွ်ာ္လင့္ပါတယ္"

က်ဳန္းရွိူ႕ စကားမေျပာဘဲ ရွလ်န္ အေနာက္တြင္
ရပ္ေနတယ္၊ ထိုအခိုက္အတန့္ ရွလ်န္
တုံ႕ဆိုင္းေနတာကို ျမင္တဲ့အခါ,သူရွလ်န္ကို
ဝင္၍ နားခ် လိုက္တယ္။

" လ်န္ေကာ, ဒီ ကာလအတြင္းကြၽန္ေတာ္ကလည္း
တစ္ပတ္တစ္ခါ ျပန္လာလို႔ မရဘူး၊ကြၽန္ေတာ္ေကာကို
ဂ႐ုမစိုက္နိုင္ဘူးျဖစ္ေနမွာ၊ကြၽန္ေတာ္လည္းအၿမဲစိုးရိမ္ေန
ရတယ္၊ေဒါက္တာဝမ္ အနားမွာ လာေနတာ
ေကာကို ပိုဂ႐ုမစိုက္နိုင္ဘူးလား?"

ရွလ်န္ က်ဳန္းရွိူ႕ကို အံ့အားသင့္စြာ ၾကည့္လိုက္မိတယ္၊ ဒီကေလးက အရင္ကဆိုသူ႕ စကားကို အၿမဲနားေထာင္ၿပီး
ဝင္မေျပာေပမယ့္ အခုေတာ့ သူ႕ ကို က်ိဳးေၾကာင္း
ဆီေလ်ာ္စြာရွင္းျပနိုင္လာၿပီ။

က်ဳန္းရွိူ႕ က ေဒါက္တာ ဝမ္ဘက္လွည့္ၿပီး,

" တဆိတ္ေလာက္, ေဒါက္တာဝမ္လည္း
အိုမီဂါ တစ္ေယာက္ပဲလား? "

ဝမ္ပင္က ရယ္ေမာလာတယ္၊

" မစၥတာက်ဳန္း က ပရိုမုန္းေတြကို ပိုၿပီး
ထိေတြ႕ခံစားနိုင္ပုံရတယ္၊ မစၥတာရွကို
ကြၽန္ေတာ့္လိင္ကြဲ ျပားမႈေၾကာင့္ ထိခိုက္
မွာ စိုးရိမ္ ေနတာလား?"

ရွလ်န္ႏွာေခါင္းရႈံ႕လိုက္မိတယ္၊ ဒူလန္က်ဲ ေျပာတာလည္း မွန္တယ္၊ သူက ပရိုမုန္းေတြေပၚ အလြန္ အကဲဆတ္ျခင္း
မရွိသလို ABOရဲ႕ လိင္ပိုင္းဆိုင္ရာ ရႈေထာင့္ေတြနဲ႕ ျပသနာေတြကိုလည္း သူတကယ္ မေတြး မိဘူး၊ သူ႕ အျမင္မွာေတာ့ ေယာက်္ားကေယာက်္ား၊မိန္းမက မိန္းမပဲ။

မိနစ္ပိုင္းေလာက္မွာပဲ...က်ဳန္းရွိူ႕ကေတာ့
ဝမ္ပင္ဘာဆိုတာ အလြယ္တကူခြဲျခားနိုင္တယ္၊
သူက ရည္းစားတစ္ေယာက္ရွာဖို႔မ်ား
ႀကိဳးစားေနတာလား?

19.1.2022

.....................................................................


You are reading the story above: TeenFic.Net