EP10(U&Z)

Background color
Font
Font size
Line height

..[U ]

ထိုညတွင်ရှလျန်ကအိမ်တွင်နေမကောင်း ဖြစ်နေတယ်ဆိုတဲ့ကျုန်းရှို့အကြောင်းတွေးနေမိတယ်၊ညစာစားပြီးသိပ်မကြာခင်ပဲ လီမော်တို့ဆီကနေသူပြန်လာခဲ့လိုက်တယ်။

သူထွက်မလာခင်မှာပဲ လီမော်နဲ့ ကျိချင်တို့
ဘီမြို့တော်အတွင်း သွားရလာရခက်ခဲမည်ကို တွေးမိတာမို့ တိတ်တဆိတ်ပင်သူ့ကားသော့ကို ထားခဲ့လိုက်တယ်။

သူဗီလာမှထွက်လာတဲ့အခါ, ထို ဧရိယာအတွင်း ညဘက်၌ တက်စီအနည်းငယ်သာရှိနိုင်တာကိုသတိရသွားတာမို့ အွန်လိုင်းကနေပဲ တက်စီခေါ်လိုက်တယ်။

သူလမ်းဘေးမှာ လမ်းလျှောက်ရင်းဖုန်းကိုသာငုံ့ကြည့်နေချိန် သူနောက်ဘက်မှဟွန်းသံ
တစ်သံကို ကြားလိုက်ရတယ်၊သူခေါင်းလှည့်ပြီး ကြည့်လိုက်တော့ မြင်နေကျကားတစ်စီးက သူ့ နောက်ဘက်တွင်ရောက်နေပြီး
ကျုန်းရှို့မောင်းလေ့ရှိတဲ့ကားဖြစ်နေတယ်။

ရှလျန် အတော်လေး အံ့အားသင့်သွားတယ်၊
ထို့နောက် ကားတံခါးဖွင့်ပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်တယ်၊ကျုန်းရှို့ဘယ်လိုလုပ်ပြီး ဤနေရာတွင်ပေါ်လာသလဲလို့ သူမေးချင်သော်လည်း ကျုန်းရှို့ကထူထဲတဲ့မက်တစ်ခုကို ဝတ်ဆင်ထားပြီးသူ့မျက်နှာအများစုကိုလည်းတင်းကြပ်လုံခြုံစွာ ဖုံးအုပ်ထားတာကိုတွေ့လိုက်ရတယ်။

ဒါကြောင့်ရှလျန် မေးလိုက်တယ်,

"မင်းမျက်နှာကဘယ်လိုဖြစ်လို့ဒီလောက်တောင် အုပ်ထားရတာလဲ ? မင်းအအေးမိနေလို့လား ?"

ကျုန်းရှိူ့က စကားပြောမလာဘူး၊ရှလျန်သူ့အနားသို့ ချဥ်းကပ်လာသည်နှင့် တပြိုင်နက်
မွှေးကြိုင်တဲ့ ရနံ့ ချိုချိုအီအီလေးကထူထဲ
သည့်မျက်နှာဖုံး မှတဆင့်သူ့နှာခေါင်းထဲ
သို့ စိမ့်ဝင်လာတယ်၊သူက ချက်ခြင်းပင်
ရှလျန်ရဲ့ အကြည့်တွေကို ရှောင်ရှားရင်း
သူ့နှာခေါင်းပေါ်မှမျက်နှာဖုံးကိုမသိစိတ်ဖြင့်
ဆွဲတင်လိုက်မိတယ်။

ရှလျန် သူ့ကို ခဏမျှကြည့်ပြီး ပြောလာတယ်၊

'မင်း နေကောင်းလာပြီလား ?"

"ဟုတ်ကဲ့'

ကျုန်းရှို့ တစ်ယောက် ကပျာကသီတုံ့ပြန်လာတယ်။

"မင်းငါ့ကိုလာခေါ်ဖို့ဘာလို့ထွက်လာတာလဲ?
ငါကားယူလာပေမယ့် ယာယီလောက်
မမောင်းချင်ဘူး၊မင်းကအဲ့ဒီလိုတောင်
မှန်းဆမိတာလား ?"

"...ဟုတ်"

ကျုန်းရှို့ရဲ့ အဖြေက ပို၍ပို၍ပင်ပြီးပြည့်စုံလာတယ်၊သူ့ကို လာခေါ်ဖို့လာတာမဟုတ်ပဲ
ရှလျန် ဒီတိုင်းပြန်လာမှာကိုခန့်မှန်းမိလို့
လိုရမယ်ရသီးသန့်ထွက်လာခြင်းဖြစ်တယ်။

ညနေပိုင်းတွင် သူကရှလျန်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးခါမှ နောင်တရလာတယ်။

သူ့အတွေးထဲမှာ ရှလျန်နဲ့ လီမော်တို့ တစ်ခန်းထဲမှာ... အကယ်၍ သူတို့နှစ်ယောက် အရက်သောက်ပြီး တစ်ခုခုသာ ဖြစ်သွားပါကဆိုတာ မျိုး တွေးနေမိတယ်။

သူက အကြောင်းအရာမျိုးစုံကို များများတွေးလေ သူပိုပို ပြီး စိတ်မချမ်းသာမိလာလေပဲ၊
ဒါကြောင့်မို့ သူအိမ်မှာ မနေနိုင်တော့ပဲ
ခိုးကြောင်ခိုးဝှက်ဖြင့်လာပြီးစောင့်ကြည့်
မိနေခြင်းပင်။

ဒါပေမယ့်ရှလျန်တစ်ယောက်တည်း
ဗီလာက ထွက်လာတာကိုတွေ့တာမို့
ခဏအကြာတွင် သူနောက်ကနေကားဖြေးဖြေးပဲ မောင်းလာလိုက်တယ်၊ရှလျန်ပုံစံက တက်စီလှမ်းခေါ်နေပုံရတာမို့ သူလာပြီး
ရှလျန်ကို ကြိုလိုက်ခြင်းပင်ဖြစ်တယ်။

'ဘာလို့လဲ ? ငါ့ကို စကားတောင်မပြောနိုင်လောက်အောင် စိတ်ဆိုးနေတာလား ?
ဘာဖြစ်နေတာလဲ ?"

ကျုန်းရှိူ့တစ်ယောက် ထို အနေအထားကိုတော့မဖြတ်ကျော်နိုင်တာမို့ တုံ့ဆိုင်းနေရာမှ,

"ကျွန်တော်...ညဘက် သခင်လေး
မလုံခြုံမှာစိုးလို့ အဲ့ဒါကြောင့် !"

လွန်ခဲ့သောနှစ်အနည်းငယ်ကကျီးလင်ရွာမှာ ရှလင်တွေ့ကြုံခဲ့ရတဲ့ မတော်တဆမှု ကို
ရှလျန် ပြန်တွေး မိရင်း ကျုန်းရှို့ရဲ့ပခုံးလေးကို လက်ဖြင့် ပုတ်ပြီး ပြောလိုက်တယ်။

"စိတ်မပူပါနဲ့...ငါက မြို့ထဲမှာပဲ ရှိတာကို,
ဘယ်လိုလုပ်မတော်တဆမှု ဖြစ်နိုင်မှာလဲ?
အဲ့ဒီ အပြင်, အခုဆို မင်းကငါ့လက်ထောက်
ဖြစ်နေပြီလေ၊သက်တော်စောင့်လည်းမဟုတ် ဘူး၊အကယ်၍ငါတစ်ခုခု ဖြစ်ရင်တောင်
မင်းကို ဘယ်သူမှအပြစ်မတင်ပါဘူး"

ကျုန်းရှို့ နှုတ်ခမ်းလေးတွေကို စူထော်ထားပေမယ့် ဘာမှပြန်မပြောမိဘူး။

ရှလျန်နဲ့ အတူရှိနေခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ
သူတို့ နှစ်ဦးကြားဆက်ဆံရေးကတဖြေးဖြေး
ပြောင်းလဲသွားတယ်လို့ ခံစားရသော်လည်း
တိုးတက်မှုတော့ရှိမလာခဲ့။

အချိန်တိုင်း သူကရှလျန်အားသွယ်ဝိုက်သောနည်းဖြင့်အရိပ်အမြွက်ပေးခဲ့သော်လည်း
ရှလျန်ရဲ့ ဖြောင့်တန်းတဲ့အတွေးတွေက
သူဆိုလိုချင်တဲ့အဓိပ္ပာယ်တွေရဲ့အဝေးသို့
လွဲမှားစွာရောက်ရှိသွားလေ့ရှိနေခဲ့တယ်။

သူတို့နှစ်ယောက် ရှအိမ်သို့ ပြန်ရောက်တဲ့အခါ,ရှလျန်မေးလာတယ်။

'မင်း ညစာဘာစားပြီးပြီး လဲ ?"

ကျုန်းရှိူ့ ထို အခိုက်အတန့်ဘာဖြေရမှန်းမသိဖြစ်နေတယ်။

ရှလျန် မီးဖိုချောင်ကို ကြည့်လိုက်တော့ တစ်ခုခု မဟုတ်တော့ဘူးဆိုတာကိုသတိထားမိပြီး ကျုန်းရှို့ကို ပြန်ကြည့်လိုက်တယ်။

'ညစာမစားတော့ပါဘူးလို့ငါ့ကိုမပြောနဲ့နော်"

ကျုန်းရှိူ့ ခေါင်းလေး ခါလိုက်တယ်။

'အန်တီဝမ်က ရက်အနည်းငယ်ခွင့်ယူသွားတတယ်"

"မင်းဘာသာမင်းဘာလို့အပြင်ကမှာမစားတာလဲ?"

"ကျွန်တော် ...စားချင်စိတ်မရှိလို့ အပြင်လည်း ထွက်မစားတော့တာ"

"အကယ်၍စားချင်စိတ်မရှိရင်တောင်,.ရအောင်စားရမယ်လေ"

ရှလျန်က သူ့အကျီလက်ကို ခေါက်တင်ပြီး,

"အပြင်က အစားအစာတွေက ဆီများတယ်ထင်ရင်, ငါမင်းအတွက် တစ်ခုခုလုပ်ပေးမယ်၊ဒါပေမယ့် ငါက ယာဂုနဲ့ ခေါက်ဆွဲပဲ
လုပ်တတ်တာ ,မင်းဘယ်ဟာစားချင်လဲ?"

ကျုန်းရှိူ့ ဖြေခါနီး ရှလျန်က သူ့ဘာသာပင်ရေရွတ်လာတယ်၊

'ငါမေ့တော့မလို့, မင်းက ဗိုက်မကောင်း တော့ခေါက်ဆွဲမစားတာပိုကောင်းတယ်၊ဒါပေမယ့်
ယာဂုကျ ချက်ဖို့ အချိန်ကြာမှာ,
မင်းဆာနေမှာလည်း ငါကြောက်တယ်"

"ရပါတယ်,ကျွန်တော် ခေါက်ဆွဲပဲစားပါ့မယ်"

ကျုန်းရှို့က ရှလျန်က သူ့အတွက် ခေါက်ဆွဲကို ကိုယ်တိုင်ပင်ပြုတ်ပေးမယ့် အကြောင်း တွေးမိရာမှ သူ့အတွက် မျှော်လင့်ချက်လေး နည်းနည်းရှိလာပြီဟုတဆက်တည်းတွေးမိတာမို့ ရှလျန်အား စိတ်အားထက်သန်စွာ
ကြည့်ရင်း မေးလိုက်တယ်။

'သခင်လေး, သခင်လေးကကျွန်တော့်အတွက်တကယ်ကြီးခေါက်ဆွဲပြုတ်ပေး
မှာလားဟင်?"

ရှလျန်က သူ့အမေးကို ဂရုမစိုက်ပဲအသင့်စားခေါက်ဆွဲ ထုပ်ကို ရှာရန် ဗီရိုကိုဖွင့်ပြီးမေးလာတယ်၊

'ဘယ်အရာသာစားမှာလဲ ?"

"ဘာပဲဖြစ်ဖြစ်..."

"အဲ့ဒီလို အရသာမရှိဘူး, တခုရွေး..အမဲသား,
မှို ဒါမှမဟုတ်ပုဇွန် ?"

"အမဲသား"

ရှလျန် ခဏလောက်စဥ်းစားပြီး ပြောလာတယ်။

'မင်း ဗိုက်မကောင်းဘူးလေ,တခြားဟာစား,
ပုဇွန်လေး ဆိုရင်ကော ဘယ်လိုလဲ?"

"ဘာပဲဖြစ်ဖြစ် အကုန်ကောင်းတယ်"

ကျုန်းရှိူ့က ကုလားထိုင်တစ်လုံးကို ကောက်ကိုင်ပြီး ရှလျန်ရဲ့ နောက်ကျောကို ကြည့်နေရင်း ထိုင်လိုက်တယ်၊ တနေ့နေ့ ရှလျန် ကိုယ်တိုင် သူ့အတွက်လုပ်ပေးလာတဲ့
ခေါက်ဆွဲပြုတ်လေး တခွက်ကိုသူတကယ်ကြီး စားရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။

ရှလျန်က အိမ်မှာဆို မီးဖိုချောင်ထဲကိုတော်ရုံဝင်တာမဟုတ်ဘူး၊ ခေါက်ဆွဲလေးပြုတ်တာတောင် နည်းနည်းလေးတော့ မသေမသပ်ရှိနေတယ်၊ဟင်းခတ်မှုန့်ဘူးလေးကိုဖွင့်လိုက်
ရာ ဟင်းခတ်မှုန့်ဘူးတဝက်မျှ ဖိတ်ကျသွားတယ်၊ဒါပေမယ့် မီးဖိုပေါ်မှခေါက်ဆွဲအိုးလေးကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပုံလေးက
ကျုန်းရှို့ရဲ့ နှလုံးသားကို နွေးထွေးသွားစေတယ် ၊ရှလျန်လုပ်လို့ခေါက်ဆွဲတစ်ပန်းကန်လုံးတူးသွားစေဦးသူတကယ်
စားနိုင်တယ်။

အမှန်တကယ်တော့ သူ့က သာအတွေးလွန်နေခြင်းပင်, ရှလျန်က မကျွမ်းကျင်ပေမယ့်
သူချက်တဲ့ ခေါက်ဆွဲ လေးကသိပ်အဆိုး
ဝါးကြီးတော့ မဟုတ်ဘူး ။

သူက ကျုန်းရှို့ ရှေ့သို့ ခေါက်ဆွဲခွက်လေး
ယူလာပေးလိုက်ပြီး နောက် ထမင်းစားပွဲရဲ့
တဖက်မှာထိုင်ပြီး ကျုန်းရှို့စားနေတာကို
ကြည့်နေလိုက်တယ်။

ကျုန်းရှို့ မျက်နှာပေါ်မှ သူ့ မက်စ် လေးကို ချွတ်လိုက်ပြီး သတိထားကာ အသက်ရူလိုက်တယ်၊ခေါက်ဆွဲခြောက်ရဲ့ ပြင်းထန်တဲ့ ရနံ့က
သူ့နှာခေါင်းဆီသို့ ပထမဆုံး တိုးဝင်လာတာမို့
ရှလျန်ရဲ့ ရနံ့ကို ခဏတာမျှဖျောက်ဖျက်ပစ်လိုက်တယ်၊ ကျုန်းရှို့ကသူတကယ်ကြီး

ဗိုက်ဆာနေပြီဆိုတာကို သိတာမို့ခေါက်ဆွဲကို စတင်၍ စားလိုက်တယ်။

ရှလျန်က သူစားနေတာကို တိတ်တဆိတ်ပင်
ထိုင်၍ ကြည့်နေရင်း နှုတ်ခမ်းလေးတွေ
ပြုံးယောင်သမ်းနေတယ်၊ ထို့နောက် ရုတ်တရက်ပင်လေးပင်စွာငြီးငြူလာတယ်။

'တခါတရံ , မင်းက ရှလျန်ထက်
တစ်နှစ်ငယ်တာကို ငါမေ့နေမိတယ်"

ကျုန်းရှို့ သူ့လက်ကို ရွေ့လိုက်ပြီးရှလျန်ကို
မော့ကြည့်လိုက်တယ်။

'ရှောင်လင်က ငယ်ငယ်လေးကတည်းက
ငါနဲ့တရင်းတနှီး မနေခဲ့ဖူး၊သူ့ကိုငါ့ဘက်က ဂရုစိုက်ချင်ပေမယ့် ငါဘယ်လို လုပ်ရမှန်း
မသိဘူး၊အထက်တန်း ကျောင်း တတိယနှစ်
မတက်ခင်ကတော့ သူကကလေးဆန်တယ်၊
နောက်ပိုင်း သူရုတ်တရက် အသက်ကြီးလာသလိုပဲ ဖြစ်လာပြီး ငါ့ထက်တောင် ပိုပြီး
တည်ငြိမ်သွားတယ်၊တခါတလေဘယ်သူက
အကြီးလဲ ဆိုတာတောင် မသိတော့ဘူး"

ကျုန်းရှို့ရဲ့ နှလုံးသားထဲမှာလည်းရှလျန်လို
ခံစားမိပေမယ့် ရှလျန်ဒီအကြောင်းတွေကို
ပြောပြနေတဲ့အခါ ဘာကို ဆိုလိုချင်မှန်း
မသိတာမို့ တိတ်တဆိတ်လေးပဲ သူဆက်ပြီး
နားထောင်နေမိတယ်။

ရှလျန် သက်ပြင်းချလိုက်ပြီး ပြောလာတယ်၊

'ငါ့ညီက သူ့အမှားလေး နည်းနည်း လုပ်ထားမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဘေးကနေ အကူအညီပေးရုံကလွဲပြီး ငါ့ညီအတွက်
ငါဘာမှလုပ်မပေးနိုင်ခဲ့မှာကိုငါစိုးရိမ်ခဲ့တယ်"

ထို့နောက် ကျုန်းရှို့ကို မော့ကြည့်လာတယ်။

"ကံကောင်းစွာပဲ, ငါ့မှာ မင်းလိုညီလေး
တစ်ယောက်ရှိနေသေးတယ်"

ကျုန်းရှို့ တစ်ယောက် အံ့အားသင့်နေရာမှ
သူပျော်ရမည်လား ဝမ်းနည်းရမည်လား
ဆိုတာကိုတောင်ဝေခွဲမရနိုင်တော့ဘူး။

ရှလျန်က သူ့ကို ညီလေး တစ်ယောက်လို ထားရန်သာဆန္ဒရှိပြီး သူနှင့်ပိုမိုရင်းနှီးဖို့အခွင့်အလမ်း တစ်ခုရလာပေမယ့် ထိုကဲ့သို့သော နီးစပ်မှုကို ဖြတ်ကျော်ပြီး အဆင့်တက်ဖို့ရာတွင်မူကျုန်းရှို့တစ်ယောက်လမ်းပျောက်နေချေတယ်၊ထို အနေအထားကိုမဖြတ်ကျော်နိုင်ပါကသူကလုံးဝရှုံးနိမ့်သွားလိမ့်မယ်။

သူတို့နှစ်ယောက်အတွေးကိုယ်စီဖြင့်ရှိနေရာမှ
ခဏတာတိတ်ဆိတ်သွားပြီးနောက်ရှလျန်က
ရုတ်တရက် မေးလာတယ်။

'ကျုန်းရှို့ ,ငါမင်းကို မေးခွန်းတစ်ခု
မေးလို့ရမလား ?"

ကျုန်းရှိူ့ ခေါင်းလေးမော့ပြီး ရှလျန်ကို
ကြည့်လိုက်မိတယ်။

"ဟိုတခါကလေ,မင်း ရှလင်ကိုကျလင်ကောလို့ပြောင်းခေါ်ပြီးငါ့ကျဘာလို့ပြောင်းမခေါ်တာလဲ ?"

ကျုန်းရှိူ့ ခေါင်းလေး ငုံ့သွားပြီး မဝံ့မရဲလေး
ပြောလိုက်တယ်။

'ကျွန်တော် ကြောက်တယ်...သခင်လေး
ကျွန်တော့် ကို စိတ်ဆိုးသွားမှာစိုးတယ်"

"ဒါကငါ့ကိုစိတ်ဆိုးစေမယ်လို့ မင်းကို
ဘယ်သူပြောလဲ ?"

ရှလျန် ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်...
ဘယ်လို တောင် ကလေးဆန်လိုက်တဲ့
ကောင်လေး ပါလိမ့်!

"မင်းက ရှောင်လင်ကိုကျ လင်ကောလို့
နူးနူးညံ့ညံ့လေး ခေါ်တယ်,ငါ့ကိုကျ
သခင်လေး တဲ့!မင်းအဲ့ဒါတော့လွန်လွန်းတယ်'

ကျုန်းရှို့ရဲ့ နှလုံးသားတချို့ ဦးတည်ရာမဲ့လျက် ခုန်ပေါက်ပြေးလွှားနေကြတယ်၊
ရှလျန်က သူ့ကို သူ့ညီလေးထက် ပိုပြီး
မချစ်မှန်းသူသိပေမယ့်သူ့ရင်ထဲမှထွက်ပေါ်လာတဲ့ ကြီးမားသောမျှော်လင့်ချက်လေး တစ်ခုကို တော့သူလုံးဝမချိုးနှိမ်နိုင်ဘူး။

သူခေါင်းလေး မော့ပြီး မဝံ့မရဲလေးမေးလိုက်တယ်,

"ဒါဆို သခင်လေးကို လျန်ကောလို့
ခေါ်လို့ ရမလား?"

"ရတာပေါ့"

ရှလျန်ကသူ့ကိုပြောလာပြီးသူ့ ခေါ်လာမည့်
စကားသံလေးကိုစောင့်ရင်းပြုံးပြလာတယ်။

W2460
13.11.2021

.......................................................................

[Z ]

ထိုညတြင္ရွလ်န္ကအိမ္တြင္ေနမေကာင္း ျဖစ္ေနတယ္ဆိုတဲ့က်ဳန္းရွို႔အေၾကာင္းေတြးေနမိတယ္၊ညစာစားၿပီးသိပ္မၾကာခင္ပဲ လီေမာ္တို႔ဆီကေနသူျပန္လာခဲ့လိုက္တယ္။

သူထြက္မလာခင္မွာပဲ လီေမာ္နဲ႕ က်ိခ်င္တို႔
ဘီၿမိဳ႕ေတာ္အတြင္း သြားရလာရခက္ခဲမည္ကို ေတြးမိတာမို႔ တိတ္တဆိတ္ပင္သူ႕ကားေသာ့ကို ထားခဲ့လိုက္တယ္။

သူဗီလာမွထြက္လာတဲ့အခါ, ထို ဧရိယာအတြင္း ည
ဘက္၌ တက္စီအနည္းငယ္သာရွိနိုင္တာကိုသတိရသြားတာမို႔ အြန္လိုင္းကေနပဲ တက္စီေခၚလိုက္တယ္။

သူလမ္းေဘးမွာ လမ္းေလွ်ာက္ရင္းဖုန္းကိုသာငုံ႕ၾကည့္ေနခ်ိန္ သူေနာက္ဘက္မွဟြန္းသံ တစ္သံကို ၾကားလိုက္ရ
တယ္၊သူေခါင္းလွည့္ၿပီး ၾကည့္လိုက္ေတာ့ ျမင္ေနက်ကားတစ္စီးက သူ႕ ေနာက္ဘက္တြင္ေရာက္ေနၿပီး
က်ဳန္းရွို႔ေမာင္းေလ့ရွိတဲ့ကားျဖစ္ေနတယ္။

ရွလ်န္ အေတာ္ေလး အံ့အားသင့္သြားတယ္၊
ထို႔ေနာက္ ကားတံခါးဖြင့္ၿပီး ခရီးသည္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္တယ္၊က်ဳန္းရွို႔ဘယ္လိုလုပ္ၿပီး ဤေနရာတြင္ေပၚလာသလဲလို႔ သူေမးခ်င္ေသာ္လည္း က်ဳန္းရွို႔ကထူထဲတဲ့မက္တစ္ခုကို ဝတ္ဆင္ထားၿပီးသူ႕မ်က္ႏွာအမ်ားစုကိုလည္း
တင္းၾကပ္လုံၿခဳံစြာ ဖုံးအုပ္ထားတာကိုေတြ႕လိုက္ရတယ္။

ဒါေၾကာင့္ရွလ်န္ ေမးလိုက္တယ္,

"မင္းမ်က္ႏွာကဘယ္လိုျဖစ္လို႔ဒီေလာက္ေတာင္ အုပ္ထားရတာလဲ ? မင္းအေအးမိေနလို႔လား ?"

က်ဳန္းရွိူ႕က စကားေျပာမလာဘူး၊ရွလ်န္သူ႕အနားသို႔ ခ်ဥ္းကပ္လာသည္ႏွင့္ တၿပိဳင္နက္ ေမႊးႀကိဳင္တဲ့ ရနံ႕ ခ်ိဳခ်ိဳအီအီေလးကထူထဲသည့္မ်က္ႏွာဖုံး မွတဆင့္သူ႕ႏွာေခါင္းထဲ
သို႔ စိမ့္ဝင္လာတယ္၊သူက ခ်က္ျခင္းပင္ ရွလ်န္ရဲ႕
အၾကည့္ေတြကို ေရွာင္ရွားရင္း သူ႕ႏွာေခါင္းေပၚမွမ်က္ႏွာဖုံးကိုမသိစိတ္ျဖင့္ ဆြဲတင္လိုက္မိတယ္။

ရွလ်န္ သူ႕ကို ခဏမွ်ၾကည့္ၿပီး ေျပာလာတယ္၊

'မင္း ေနေကာင္းလာၿပီလား ?"

"ဟုတ္ကဲ့'

က်ဳန္းရွို႔ တစ္ေယာက္ ကပ်ာကသီတုံ႕ျပန္လာတယ္။

"မင္းငါ့ကိုလာေခၚဖို႔ဘာလို႔ထြက္လာတာလဲ?
ငါကားယူလာေပမယ့္ ယာယီေလာက္
မေမာင္းခ်င္ဘူး၊မင္းကအဲ့ဒီလိုေတာင္
မွန္းဆမိတာလား ?"

"...ဟုတ္"

က်ဳန္းရွို႔ရဲ႕ အေျဖက ပို၍ပို၍ပင္ၿပီးျပည့္စုံလာတယ္၊
သူ႕ကို လာေခၚဖို႔လာတာမဟုတ္ပဲ
ရွလ်န္ ဒီတိုင္းျပန္လာမွာကိုခန့္မွန္းမိလို႔
လိုရမယ္ရသီးသန့္ထြက္လာျခင္းျဖစ္တယ္။

ညေနပိုင္းတြင္ သူကရွလ်န္ရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ၿပီးခါမွ ေနာင္တရလာတယ္။

သူ႕အေတြးထဲမွာ ရွလ်န္နဲ႕ လီေမာ္တို႔ တစ္ခန္းထဲမွာ... အကယ္၍ သူတို႔ႏွစ္ေယာက္ အရက္ေသာက္ၿပီး တစ္ခုခုသာ ျဖစ္သြားပါကဆိုတာ မ်ိဳး ေတြးေနမိတယ္။

သူက အေၾကာင္းအရာမ်ိဳးစုံကို မ်ားမ်ားေတြးေလ
သူပိုပို ၿပီး စိတ္မခ်မ္းသာမိလာေလပဲ၊
ဒါေၾကာင့္မို႔ သူအိမ္မွာ မေနနိုင္ေတာ့ပဲ
ခိုးေၾကာင္ခိုးဝွက္ျဖင့္လာၿပီးေစာင့္ၾကည့္
မိေနျခင္းပင္။

ဒါေပမယ့္ရွလ်န္တစ္ေယာက္တည္း

ဗီလာက ထြက္လာတာကိုေတြ႕တာမို႔
ခဏအၾကာတြင္ သူေနာက္ကေနကားေျဖးေျဖးပဲ ေမာင္းလာလိုက္တယ္၊ရွလ်န္ပုံစံက တက္စီလွမ္းေခၚေနပုံရတာမို႔ သူလာၿပီး ရွလ်န္ကို ႀကိဳလိုက္ျခင္းပင္ျဖစ္တယ္။

'ဘာလို႔လဲ ? ငါ့ကို စကားေတာင္မေျပာနိုင္ေလာက္.
​ေအာင္ စိတ္ဆိုးေနတာလား ?ဘာျဖစ္ေနတာလဲ ?"

က်ဳန္းရွိူ႕တစ္ေယာက္ ထို အေနအထားကိုေတာ့
မျဖတ္ေက်ာ္နိုင္တာမို႔ တုံ႕ဆိုင္းေနရာမွ,

"ကြၽန္ေတာ္...ညဘက္ သခင္ေလး
မလုံၿခဳံမွာစိုးလို႔ အဲ့ဒါေၾကာင့္ !"

လြန္ခဲ့ေသာႏွစ္အနည္းငယ္ကက်ီးလင္႐ြာမွာ
ရွလင္ေတြ႕ႀကဳံခဲ့ရတဲ့ မေတာ္တဆမႈ ကို ရွလ်န္ ျပန္ေတြး မိရင္း က်ဳန္းရွို႔ရဲ႕ပခုံးေလးကို လက္ျဖင့္ ပုတ္ၿပီး ေျပာ
လိုက္တယ္။

"စိတ္မပူပါနဲ႕...ငါက ၿမိဳ႕ထဲမွာပဲ ရွိတာကို,
ဘယ္လိုလုပ္မေတာ္တဆမႈ ျဖစ္နိုင္မွာလဲ?
အဲ့ဒီ အျပင္, အခုဆို မင္းကငါ့လက္ေထာက္
ျဖစ္ေနၿပီေလ၊သက္ေတာ္ေစာင့္လည္းမဟုတ္ဘူး၊
အကယ္၍ငါတစ္ခုခု ျဖစ္ရင္ေတာင္
မင္းကို ဘယ္သူမွအျပစ္မတင္ပါဘူး"

က်ဳန္းရွို႔ ႏႈတ္ခမ္းေလးေတြကို စူေထာ္ထားေပမယ့္
ဘာမွျပန္မေျပာမိဘူး။

ရွလ်န္နဲ႕ အတူရွိေနခဲ့တဲ့ ဒီႏွစ္ေတြအတြင္းမွာ
သူတို႔ ႏွစ္ဦးၾကားဆက္ဆံေရးကတေျဖးေျဖး
ေျပာင္းလဲသြားတယ္လို႔ ခံစားရေသာ္လည္း
တိုးတက္မႈေတာ့ရွိမလာခဲ့။

အခ်ိန္တိုင္း သူကရွလ်န္အားသြယ္ဝိုက္ေသာ
နည္းျဖင့္အရိပ္အႁမြက္ေပးခဲ့ေသာ္လည္း
ရွလ်န္ရဲ႕ ေျဖာင့္တန္းတဲ့အေတြးေတြက
သူဆိုလိုခ်င္တဲ့အဓိပၸာယ္ေတြရဲ႕အေဝးသို႔
လြဲမွားစြာေရာက္ရွိသြားေလ့ရွိေနခဲ့တယ္။

သူတို႔ႏွစ္ေယာက္ ရွအိမ္သို႔ ျပန္ေရာက္တဲ့အခါ,ရွလ်န္ေမးလာတယ္။

'မင္း ညစာဘာစားၿပီးၿပီး လဲ ?"

က်ဳန္းရွိူ႕ ထို အခိုက္အတန့္ဘာေျဖရမွန္းမသိျဖစ္ေနတယ္။

ရွလ်န္ မီးဖိုေခ်ာင္ကို ၾကည့္လိုက္ေတာ့ တစ္ခုခု
မဟုတ္ေတာ့ဘူးဆိုတာကိုသတိထားမိၿပီး က်ဳန္းရွို႔ကို
ျပန္ၾကည့္လိုက္တယ္။

'ညစာမစားေတာ့ပါဘူးလို႔ငါ့ကိုမေျပာနဲ႕ေနာ္"

က်ဳန္းရွိူ႕ ေခါင္းေလး ခါလိုက္တယ္။

'အန္တီဝမ္က ရက္အနည္းငယ္ခြင့္ယူသြားတတယ္"

"မင္းဘာသာမင္းဘာလို႔အျပင္ကမွာမစားတာလဲ?"

"ကြၽန္ေတာ္ ...စားခ်င္စိတ္မရွိလို႔ အျပင္လည္း
ထြက္မစားေတာ့တာ"

"အကယ္၍စားခ်င္စိတ္မရွိရင္ေတာင္,.ရေအာင္စား
ရမယ္ေလ"

ရွလ်န္က သူ႕အက်ီလက္ကို ေခါက္တင္ၿပီး,

"အျပင္က အစားအစာေတြက ဆီမ်ားတယ္ထင္ရင္,
ငါမင္းအတြက္ တစ္ခုခုလုပ္ေပးမယ္၊ဒါေပမယ့္
ငါက ယာဂုနဲ႕ ေခါက္ဆြဲပဲ လုပ္တတ္တာ ,
မင္းဘယ္ဟာစားခ်င္လဲ?"

က်ဳန္းရွိူ႕ ေျဖခါနီး ရွလ်န္က သူ႕ဘာသာပင္ေရ႐ြတ္
လာတယ္၊

'ငါေမ့ေတာ့မလို႔, မင္းက ဗိုက္မေကာင္း ေတာ့
​ေခါက္ဆြဲမစားတာပိုေကာင္းတယ္၊ဒါေပမယ့္
ယာဂုက် ခ်က္ဖို႔ အခ်ိန္ၾကာမွာ,
မင္းဆာေနမွာလည္း ငါေၾကာက္တယ္"

"ရပါတယ္,ကြၽန္ေတာ္ ေခါက္ဆြဲပဲစားပါ့မယ္"

က်ဳန္းရွို႔က ရွလ်န္က သူ႕အတြက္ ေခါက္ဆြဲကို ကိုယ္တိုင္ပင္ျပဳတ္ေပးမယ့္ အေၾကာင္း ေတြးမိရာမွ သူ႕အတြက္
ေမွ်ာ္လင့္ခ်က္ေလး နည္းနည္းရွိလာၿပီဟုတဆက္
တည္းေတြးမိတာမို႔ ရွလ်န္အား စိတ္အားထက္သန္စြာ
ၾကည့္ရင္း ေမးလိုက္တယ္။

'သခင္ေလး, သခင္ေလးကကြၽန္ေတာ့္အတြက္
တကယ္ႀကီးေခါက္ဆြဲျပဳတ္ေပးမွာလားဟင္?"

ရွလ်န္က သူ႕အေမးကို ဂ႐ုမစိုက္ပဲအသင့္စားေခါက္ဆြဲ
ထုပ္ကို ရွာရန္ ဗီရိုကိုဖြင့္ၿပီးေမးလာတယ္၊

'ဘယ္အရာသာစားမွာလဲ ?"

"ဘာပဲျဖစ္ျဖစ္..."

"အဲ့ဒီလို အရသာမရွိဘူး, တခုေ႐ြး..အမဲသား,
မွို ဒါမွမဟုတ္ပုဇြန္ ?"

"အမဲသား"

ရွလ်န္ ခဏေလာက္စဥ္းစားၿပီး ေျပာလာတယ္။

'မင္း ဗိုက္မေကာင္းဘူးေလ,တျခားဟာစား,
ပုဇြန္ေလး ဆိုရင္ေကာ ဘယ္လိုလဲ?"

"ဘာပဲျဖစ္ျဖစ္ အကုန္ေကာင္းတယ္"

က်ဳန္းရွိူ႕က ကုလားထိုင္တစ္လုံးကို ေကာက္ကိုင္ၿပီး
ရွလ်န္ရဲ႕ ေနာက္ေက်ာကို ၾကည့္ေနရင္း ထိုင္လိုက္တယ္၊ တေန႕ေန႕ ရွလ်န္ ကိုယ္တိုင္ သူ႕အတြက္လုပ္ေပးလာတဲ့
ေခါက္ဆြဲျပဳတ္ေလး တခြက္ကိုသူတကယ္ႀကီး
စားရလိမ့္မယ္လို႔မေမွ်ာ္လင့္ခဲ့ဘူး။

ရွလ်န္က အိမ္မွာဆို မီးဖိုေခ်ာင္ထဲကိုေတာ္႐ုံဝင္တာ
မဟုတ္ဘူး၊ ေခါက္ဆြဲေလးျပဳတ္တာေတာင္
နည္းနည္းေလးေတာ့ မေသမသပ္ရွိေနတယ္၊
ဟင္းခတ္မႈန့္ဘူးေလးကိုဖြင့္လိုက္ရာ ဟင္းခတ္မႈန့္ဘူး
တဝက္မွ် ဖိတ္က်သြားတယ္၊ဒါေပမယ့္ မီးဖိုေပၚမွေခါက္ဆြဲအိုးေလးကို စိုးရိမ္တႀကီး လွမ္းၾကည့္လိုက္ပုံေလးက
က်ဳန္းရွို႔ရဲ႕ ႏွလုံးသားကို ႏြေးေထြးသြားေစတယ္ ၊ရွလ်န္
လုပ္လို႔ေခါက္ဆြဲတစ္ပန္းကန္လုံးတူးသြားေစဦး
သူတကယ္ စားနိုင္တယ္။

အမွန္တကယ္ေတာ့ သူ႕က သာအေတြးလြန္ေနျခင္းပင္, ရွလ်န္က မကြၽမ္းက်င္ေပမယ့္သူခ်က္တဲ့ ေခါက္ဆြဲ ေလးကသိပ္အဆိုးဝါးႀကီးေတာ့ မဟုတ္ဘူး ။

သူက က်ဳန္းရွို႔ ေရွ႕သို႔ ေခါက္ဆြဲခြက္ေလး
ယူလာေပးလိုက္ၿပီး ေနာက္ ထမင္းစားပြဲရဲ႕
တဖက္မွာထိုင္ၿပီး က်ဳန္းရွို႔စားေနတာကို
ၾကည့္ေနလိုက္တယ္။

က်ဳန္းရွို႔ မ်က္ႏွာေပၚမွ သူ႕ မက္စ္ ေလးကို ခြၽတ္လိုက္ၿပီး သတိထားကာ အသက္႐ူလိုက္တယ္၊ေခါက္ဆြဲေျခာက္ရဲ႕ ျပင္းထန္တဲ့ ရနံ႕က သူ႕ႏွာေခါင္းဆီသို႔ ပထမဆုံးတိုးဝင္လာတာမို႔ ရွလ်န္ရဲ႕ ရနံ႕ကို ခဏတာမွ်ေဖ်ာက္ဖ်က္ပစ္လိုက္တယ္၊ က်ဳန္းရွို႔ကသူတကယ္ႀကီး ဗိုက္ဆာေနၿပီဆိုတာကို သိတာမို႔ေခါက္ဆြဲကို စတင္၍ စားလိုက္တယ္။

ရွလ်န္က သူစားေနတာကို တိတ္တဆိတ္ပင္
ထိုင္၍ ၾကည့္ေနရင္း ႏႈတ္ခမ္းေလးေတြ
ၿပဳံးေယာင္သမ္းေနတယ္၊ ထို႔ေနာက္

႐ုတ္တရက္ပင္ေလးပင္စြာၿငီးျငဴလာတယ္။

'တခါတရံ , မင္းက ရွလ်န္ထက္
တစ္ႏွစ္ငယ္တာကို ငါေမ့ေနမိတယ္"

က်ဳန္းရွို႔ သူ႕လက္ကို ေ႐ြ႕လိုက္ၿပီးရွလ်န္ကို
ေမာ့ၾကည့္လိုက္တယ္။

'ေရွာင္လင္က ငယ္ငယ္ေလးကတည္းက
ငါနဲ႕တရင္းတႏွီး မေနခဲ့ဖူး၊သူ႕ကိုငါ့ဘက္က
ဂ႐ုစိုက္ခ်င္ေပမယ့္ ငါဘယ္လို လုပ္ရမွန္း
မသိဘူး၊အထက္တန္း ေက်ာင္း တတိယႏွစ္
မတက္ခင္ကေတာ့ သူကကေလးဆန္တယ္၊
ေနာက္ပိုင္း သူ႐ုတ္တရက္ အသက္ႀကီးလာ
သလိုပဲ ျဖစ္လာၿပီး ငါ့ထက္ေတာင္ ပိုၿပီး
တည္ၿငိမ္သြားတယ္၊တခါတေလဘယ္သူက
အႀကီးလဲ ဆိုတာေတာင္ မသိေတာ့ဘူး"

က်ဳန္းရွို႔ရဲ႕ ႏွလုံးသားထဲမွာလည္းရွလ်န္လို
ခံစားမိေပမယ့္ ရွလ်န္ဒီအေၾကာင္းေတြကို
ေျပာျပေနတဲ့အခါ ဘာကို ဆိုလိုခ်င္မွန္း
မသိတာမို႔ တိတ္တဆိတ္ေလးပဲ သူဆက္ၿပီး
နားေထာင္ေနမိတယ္။

ရွလ်န္ သက္ျပင္းခ်လိဳက္ၿပီး ေျပာလာတယ္၊

'ငါ့ညီက သူ႕အမွားေလး နည္းနည္း လုပ္ထားမိ
တာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္၊ ေဘးကေန
အကူအညီေပး႐ုံကလြဲၿပီး ငါ့ညီအတြက္
ငါဘာမွလုပ္မေပးနိုင္ခဲ့မွာကိုငါစိုးရိမ္ခဲ့တယ္"

ထို႔ေနာက္ က်ဳန္းရွို႔ကို ေမာ့ၾကည့္လာတယ္။

"ကံေကာင္းစြာပဲ, ငါ့မွာ မင္းလိုညီေလး
တစ္ေယာက္ရွိေနေသးတယ္"

က်ဳန္းရွို႔ တစ္ေယာက္ အံ့အားသင့္ေနရာမွ
သူေပ်ာ္ရမည္လား ဝမ္းနည္းရမည္လား
ဆိုတာကိုေတာင္ေဝခြဲမရနိုင္ေတာ့ဘူး။

ရွလ်န္က သူ႕ကို ညီေလး တစ္ေယာက္လို ထားရန္သာဆႏၵရွိၿပီး သူႏွင့္ပိုမိုရင္းႏွီးဖို႔အခြင့္အလမ္း တစ္ခုရလာ
​ေပမယ့္ ထိုကဲ့သို႔ေသာ နီးစပ္မႈကို ျဖတ္ေက်ာ္ၿပီး အဆင့္တက္ဖို႔ရာတြင္မူက်ဳန္းရွို႔တစ္ေယာက္လမ္းေပ်ာက္ေနေခ်တယ္၊ထို အေနအထားကိုမျဖတ္ေက်ာ္နိုင္ပါက
သူကလုံးဝရႈံးနိမ့္သြားလိမ့္မယ္။

သူတို႔ႏွစ္ေယာက္အေတြးကိုယ္စီျဖင့္ရွိေနရာမွ
ခဏတာတိတ္ဆိတ္သြားၿပီးေနာက္ရွလ်န္က
႐ုတ္တရက္ ေမးလာတယ္။

'က်ဳန္းရွို႔ ,ငါမင္းကို ေမးခြန္းတစ္ခု
ေမးလို႔ရမလား ?"

က်ဳန္းရွိူ႕ ေခါင္းေလးေမာ့ၿပီး ရွလ်န္ကို
ၾကည့္လိုက္မိတယ္။

"ဟိုတခါကေလ,မင္း ရွလင္ကိုက်လင္ေကာလို႔.
​ေျပာင္းေခၚၿပီးငါ့က်ဘာလို႔ေျပာင္းမေခၚတာလဲ ?"

က်ဳန္းရွိူ႕ ေခါင္းေလး ငုံ႕သြားၿပီး မဝံ့မရဲေလး
ေျပာလိုက္တယ္။

'ကြၽန္ေတာ္ ေၾကာက္တယ္...သခင္ေလး
ကြၽန္ေတာ့္ ကို စိတ္ဆိုးသြားမွာစိုးတယ္"

"ဒါကငါ့ကိုစိတ္ဆိုးေစမယ္လို႔ မင္းကို
ဘယ္သူေျပာလဲ ?"

ရွလ်န္ ရယ္ရမလို ငိုရမလို ျဖစ္သြားတယ္...
ဘယ္လို ေတာင္ ကေလးဆန္လိုက္တဲ့
ေကာင္ေလး ပါလိမ့္!

"မင္းက ေရွာင္လင္ကိုက် လင္ေကာလို႔
ႏူးႏူးညံ့ညံ့ေလး ေခၚတယ္,ငါ့ကိုက်
သခင္ေလး တဲ့!မင္းအဲ့ဒါေတာ့လြန္လြန္းတယ္'

က်ဳန္းရွို႔ရဲ႕ ႏွလုံးသားတခ်ိဳ႕ ဦးတည္ရာမဲ့လ်က္
ခုန္ေပါက္ေျပးလႊားေနၾကတယ္၊ရွလ်န္က သူ႕ကို
သူ႕ညီေလးထက္ ပိုၿပီး မခ်စ္မွန္းသူသိေပမယ့္သူ႕ရင္ထဲမွထြက္ေပၚလာတဲ့ ႀကီးမားေသာေမွ်ာ္လင့္ခ်က္ေလး
တစ္ခုကို ေတာ့သူလုံးဝမခ်ိဳးႏွိမ္နိုင္ဘူး။

သူေခါင္းေလး ေမာ့ၿပီး မဝံ့မရဲေလးေမးလိုက္တယ္,

"ဒါဆို သခင္ေလးကို လ်န္ေကာလို႔ ေခၚလို႔ ရမလား?"

"ရတာေပါ့"

ရွလ်န္ကသူ႕ကိုေျပာလာၿပီးသူ႕ ေခၚလာမည့္
စကားသံေလးကိုေစာင့္ရင္းၿပဳံးျပလာတယ္။

W2460
13.11.2021

.......................................................................

















You are reading the story above: TeenFic.Net