.ရှလျန် မျက်လုံးတွေဖွင့်လိုက်တဲ့အခါ,
ရှမိသားစုရဲ့အိမ်ဟောင်း ရဲ့ အိပ်ခန်းထဲမှာ
ရှိနေတာကို သူတွေ့လိုက်ရတယ်။တံခါးက
တင်းကြပ်စွာပင်ပိတ်ထားပြီးအခန်းထဲရှိ
မျက်နှာကျက် တံခါးတွေလည်းပိတ်ထား
လျက်ရှိနေတယ်။
မှိန်ဖျော့ဖျော့အလင်းရောင်ကသူ့ခုတင်ရဲ့
အလယ်ခြမ်းအထိလွှမ်းခြုံနေလျက်
စုတ်ပြဲနေတဲ့အဝတ်တွေကကြမ်းပြင်
တစ်ခုလုံးပြန့်ကျဲနေတာကိုသူတွေ့လိုက်
ရတယ်။
အရပ်ရှည်ရှည် လူတစ်ယောက်ကသူ့ခုတင်ရှေ့တွင်ဒူးထောက််နေတာကိုလည်းသူတွေ့နေရတယ်၊ထိုသူရဲ့ မျက်နှာကိုရှလျန် အသေအချာ မမြင်ရပေမယ့် အရမ်းရင်းနှီးနေတဲ့ ခံစားချက်ကိုရှလျန်ခံစားမိနေတယ်။
သူက ခေါင်းလေးမော့ပြီး ထိုသူကို တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ရုတ်တရက်
သူ့ရှေ့မှမြင်ကွင်းကမီးတောက် တစ်ခုအလားသူ့ကို ဝါးမျိုလိုက်သလို ခံစားလိုက်ပြီး သူတို့ အကုန်လုံး အမှောင်ထုကြီး တစ်ခုထဲသို့ ချက်ခြင်းပင် သက်ရောက်သွားခဲ့တယ်။
နားယဥ်နေပြီဖြစ်တဲ့ဖုန်းမြည်သံက သူ့နားထဲသို့ ဝင်ရောက်လာတယ်၊ရှလျန်ကုန်းရုန်းကာ
ထလိုက်ပြီး သူ့ ခန္ဓာကိုယ်က လေးလံ မှုနဲ့အတူ ပျော့ခွေလျက်ရှိနေတယ်။
ဖုန်းမြည်သံက ဆက်တိုက်ကိုထွက်ပေါ်နေတယ်။
ဆိုဖာပေါ်တွင်ရှိနေသည့်ဖုန်းကို မတွေ့မီသူက အသံလာရာဆီသို့ လိုက်ကြည့်နေမိတယ်။
ထို ဖုန်းသံက သူ့အတွက် အချက်ပေးသံတစ်ခုဖြစ်ပြီး အချိန်က နေ့လည် တစ်နာရီခွဲရှိပြီ
ဆိုတာကိုပါ ပြနေတယ်။
ရုတ်တရက် ပုံမှန်အတိုင်း ရုံးတွင် တရေး
တမောအိပ်ပျော်နေခဲ့ပြီးခုလို ပြန်နိုးလာဖို့ နာရီဝက်မျှသာသူအချ်ိန်ယူရတယ်။
ယခုနတွေ့လိုက်ရတဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်နဲ့ ရှုပ်ထွေးနေတဲ့ မြင်ကွင်း
တစ်ခုက နိုးတဝက်အိပ်မက် တစ်ခုအဖြစ် ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ..
ဒီမြင်ကွင်းကို အလေးမထားတော့ဘ
ဲသူ့ခေါင်းထဲကထုတ်ပစ်လိုက်တယ်။
သူ့ရင်ဘတ်ကို အနည်းငယ်ပွတ်ပြီး
သူ့အတွက် လတ်လတ်ဆတ်ဆတ်ကော်ဖီတစ်ခွက်ကို မှာယူကာသောက်လိုက်ပြီး
သူ့စားပွဲဆီသို့ပြန်လာကာလုပ်စရာရှိတဲ့
အလုပ်တွေကို ဆက်ပြီး လုပ်လိုက်တယ်။
ညနေလေးနာရီခန့်တွင် ကျုန်းရှို့က
ဥက္ကဌရုံးခန်းတံခါးကို ဖွင့်ပြီး ဝင်လာတဲ့အခါ
ရှလျန်က မျက်နှာကျက် မှန်ပြတင်းနား၌
ရပ်လျက် ဖုန်းပြောနေတာကိုသူတွေ့လိုက်
ရတယ်။
"....အခန်း207 ....ညမှတွေ့မယ် "
စကားပြောပြီးတဲ့နောက် သူဖုန်းချလိုက်တယ်။
ကျုန်းရှိူ့က ရှလျန်ရဲ့ PAအဖြစ်လုပ်လာခဲ့တာ
အခုဆို သုံးနှစ်ပင် ပြည့်တော့မည် ၊ရှလျန်က
သူ့ရဲ့ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း
ပြောတတ်သူမဟုတ်သော်လည်း နှစ်ပေါင်းများစွာ နားလည်မှုကို အခြေခံပြီး ကျုန်းရှို့က
အခြားသူနဲ့ ရှလျန်တို့အကြား သူ၏နူးညံ့တဲ့ လေသံ ပြောင်းလဲမှု ကို ကြည့်ပြီး အကြမ်း
ဖျဥ်းအားဖြင့် ခန့်မှန်းနိုင်တယ်။
ရှလျန်ရဲ့ ပတ်ဝန်းကျင်ကို နီးစပ်မှု အတိုင်းအတာနဲ့ ခွဲခြားပါက အကြမ်းဖျဥ်း
အားဖြင့် သူစိမ်းများ ၊ပြိုင်ဘက်များ၊
တိုးတက်မှု အလားအလာရှိတဲ့ဖောက်သည်များ၊ ဝယ်ယူသူ၊အဓိကဖောက်သည်များ၊
စီးပွားဖက်များ၊ဆွေမျိူး များ၊သူငယ်ချင်းများနှင့်ရင်းနှီးတဲ့ သူငယ်ချင်းများနှင့် မိသားစုဝင်တို့သာရှိနေတယ်။
ဖုန်းရဲ့ အခြားတစ်ဖက်မှလူက သူငယ်ချင်းထက်သာလွန်နေသည့်တိုင် မိသားစုဝင် မဟုတ်တာကို ကျုန်းရှို့ ခန့်မှန်းမိတယ်။
ရှလျန်က သူ့ဖုန်းကို ဘေးချလိုက်ပြီး ,
ကျုန်းရှိူ့ ဝင်လာတာကို တွေ့တဲ့အခါ ,
စားပွဲဘေးရှိ ကုထားထိုင်တွင်
ထိုင်လိုက်ရင်း မေးလိုက်တယ်။
"ဘာကိစ္စလဲ?"
ကျုန်းရှိူ့ က အလွန်အရပ်ရှည်တယ်၊ရှလျန်
မတ်တပ်ရပ်လိုက်မယ်ဆိုရင်တောင်,သူ့ကို
နည်းနည်းလေး မော့ကြည့်ရတယ်၊ဒါက
သူ့ကို အနည်းငယ်စိတ်မသက်မသာဖြစ်စေတယ်၊ဒါကြောင့်မို့သူ့ထိုင်ခုံတွင်သာထိုင်ပြီး
သို့သော် ကျုန်းရှိူ့ကအနည်းငယ်ငေးငိုင်နေတယ်၊သူရုံးခန်းသို့ ဝင်လာတဲ့အချိန်ထဲကအနံ့မွှေးမွှေးလေးကို သူရနေတယ် ၊အစပထမကတော့ အရမ်းအားနည်းနေတာမို့သူစိတ်ထင်တာလို့ တွေးလိုက်မိပေမယ့်ရှလျန်နဲ့ ပိုပြီး နီးကပ်လာလေ ထိုအမွှေးနံ့လေးက ပိုပြီးပြင်းထန်လေလေ ဖြစ်လာရင်းမကောင်းတဲ့ ဆွဲဆောင်မှု တစ်ခုနဲ့ အတူ အနံ့ကပိုပိုပြီး ပြင်းထန်လာတယ်။
သူ့ နှလုံးသားတွေက ထိုအခိုက်အတန့်
မသိမသာပင် ဖရိုဖရဲ ဖြစ်နေပြီး ,နှစ်အတော်ကြာချည်နှောင်ထားတဲ့သူ့အလို ဆန္ဒတွေ
က လက်တစ်ကမ်းတွင်မြင်နေရလျက်မဖမ်း
ဆုပ်နိုင်ခြင်းအားသူ့ကို လှောင်ပြောင်သရော်လျက် ရှိနေတယ်၊သူ့ရဲ့ အာဒံပန်းသီးလေးက
နိမ့်ချည် မြင့်ချည်ရှိနေတယ်၊ထို့နောက်တွင်
သူက ချုပ်တည်း မှုတို့ဖြင့် ခြေတစ်လှမ်း နောက်သို့ ဆုတ်လိုက်တယ်။
"ဘာလဲ ?"
ရှလျန်က ကျုန်းရှိူ့ တစ်ခုခု ဖြစ်နေတာကို
သတိပြုမိတယ်။
"ဘာမှမဟုတ်ပါဘူး"
ကျုန်းရှိူ့က သူ့စိတ်တွေကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူ့ ဖုန်းကို ဖွင့်လိုက်တယ်။
"ယင်းဟယ် ဂရုက အတွင်းရေးမှုးက
ဆန်းမိသားစုရဲ့ သမီးဓာတ်ပုံကို ပို့လိုက်တယ်၊သခင်လေး ကြည့်ချင်လား ?"
"အဲ့ဒါက ဘွားနဲ့ နောက်ဆုံးတစ်ခေါက် ဖုန်းပြောတုန်းက ပြောတဲ့ တစ်ယောက်လား?"
"ဟုတ်ပါတယ်"
ရှလျန် သူ့ကို မော့ကြည့်လာပြီးခဏအကြာတွင် ပြောလာတယ်။
"အရင် တုန်းကလိုဘဲ...မင်းအရင်သွားတွေ့ပြီး ငါ အကြံအစည်ကို လိမ္မာပါးနပ်မှု ရှိစွာနဲ့
ပြောပြလိုက်ပါ၊အကယ်၍ သူ့ဘက်က
လက်မခံဘူးဆိုရင်, ထားလိုက်တော့ ၊
အကယ်၍ သူ့ဘက်က လက်ခံတယ်ဆိုရင်,
ငါ နောက်မှ သူနဲ့ တွေ့ ကြည့်မယ်"
ကျုန်းရှိူ့က သူ့ဘက်မှ ဒီလို မျိုးဘဲ တုံ့ပြန်ဦးမယ်ဆိုတာကို မှန်းဆပြီးနောက်ခေါင်းညိတ်
ပြလိုက်တယ်။
"ဟုတ်ကဲ့ပါ"
သူလှည့်ထွက်လာလာခြင်း ,ရှလျန်က
သူ့ကို ထပ်ပြောလာတယ်။
"မင်း အခုသွားရင်ညနေအလုပ်ချိန်မပြီးခင်
ပြန်လာနိုင်ဖို့အတတ်နိုင်ဆုံး ကြိုးစားပေး
ဦး !ငါ ညနေကျရင် အပြင်သွားဖို့လေးရှိလို့"
ရှလျန်က ကျုန်းရှိူ့ကိုသူသွားတဲ့ နေရာတိုင်းကို လိုက်ခွင့်ပေးလေ့မရှိဘူး၊အကယ်၍
ကျုန်းရှိူ့လိုက်ရမယ်ဆိုရင်တောင်သူကိုယ်တိုင်ဘဲ ကားမောင်းလေ့ရှိတယ်။
လူမှုဆက်ဆံရေးအရ အရက်သောက်ရတဲ့အချိန်တွေမှသာကျုန်းရှိူ့ကို ကားမောင်း
ခိုင်းလေ့ရှိတယ်။
ကျန်းရှို့ အချိန် ကို တချက်ကြည့်ပြီး ခေါင်းညိတ်ပြရင်း ထွက်လာလိုက်တယ်။
...
မူရင်းတရုတ်စာရေးဆရာမရဲ့ မှတ်ချက်
အရင်ကတော့ ရှလျန်နဲ့ ကျုန်းရှိူ့တို့ရဲ့ အကြောင်းကို စာအုပ်တစ်အုပ် သပ်သပ်ထုတ်ဖို့ စီစဥ်ထားခဲ့တယ်၊ဒါပေမယ့် စုံတွဲနှစ်တွဲရဲ့ ဇာတ်ကြောင်းတွေက ပတ်သက်ပြီး
နက်ရှိုင်းတာမို့ အကယ်၍ တစ်အုပ်ဆီ
သပ်သပ်ထုတ်မယ်ဆိုရင် စာဖတ်သူအသစ်တွေနဲ့ မရင်းနှီးလောက်ဘူး၊စာအုပ်အသစ်
ထုတ်ဖို့ ငါ့ကို ပြောခဲ့တဲ့ သူငယ်ချင်းလေးရေ
မင်းကို ဘာမှမပြောဘဲ ဒီတိုင်း ထားလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်၊
(T/N..ဒါက မူရင်းအာသာရဲ့ Noteလေးပါ ။
ရှောင်ဟွားဒါလေးကိုပါ စရေးပြီး ပြန်ပေးပြီနော်၊နှစ်တွဲ ကို ပြိုင်တူဖတ်ရတာပေါ့❤❤
Updateကတော့ အဆင်ပြေသလို တွဲပြီး
Upမယ်နော် ❤❤❤ )
19.9.2021
......
လျက်ရှိနေတယ်။
ရတယ်။
ဒူးထောက်နေတာကိုလည်းသူတွေ့နေရတယ်၊ထိုသူရဲ့
ဆိုတာကိုပါ ပြနေတယ်။
နာရီဝက်မျှသာအချိန်ယူရတယ်..
ရတယ်။
"....အခန်း207 ....ညမှတွေ့မယ် "
ကျုန်းရှို့က ရှလျန်ရဲ့ PAအဖြစ်လုပ်လာခဲ့တာ
တိုးတက်မှု အလားအလာရှိတဲ့ဖောက်သည်များ၊ ဝယ်ယူသူ၊အဓိကဖောက်သည်များ၊စီးပွားဖက်များ၊ဆွေမျိုး များ၊သူငယ်ချင်းများနှင့်ရင်းနှီးတဲ့ သူငယ်ချင်းများနှင့်
ကျုန်းရှို့ ဝင်လာတာကို တွေ့တဲ့အခါ ,
"ဘာကိစ္စလဲ?"
ကျုန်းရှို့ က အလွန်အရပ်ရှည်တယ်၊ရှလျန်
သို့သော် ကျုန်းရှို့ကအနည်းငယ်ငေးငိုင်နေတယ်၊သူရုံးခန်းသို့ ဝင်လာတဲ့အချိန်ထဲကအနံ့မွှေးမွှေးလေးကို သူရနေ
ဆုတ်လိုက်တယ်။
"ဘာလဲ ?"
ရှလျန်က ကျုန်းရှို့ တစ်ခုခု ဖြစ်နေတာကို
သတိပြုမိတယ်။
"ဘာမှမဟုတ်ပါဘူး"
ကျုန်းရှို့က သူ့စိတ်တွေကို တည်ငြိမ်အောင်
သခင်လေး ကြည့်ချင်လား ?"
"ဟုတ်ပါတယ်"
ပြောလာတယ်။
ကျုန်းရှို့က သူ့ဘက်မှ ဒီလို မျိုးဘဲ တုံ့ပြန်ဦးမယ်ဆိုတာကို မှန်းဆပြီးနောက်ခေါင်းညိတ် ပြလိုက်တယ်။
"ဟုတ်ကဲ့ပါ"
သူ့ကို ထပ်ပြောလာတယ်။
ရှလျန်က ကျုန်းရှို့ကိုသူသွားတဲ့ နေရာတိုင်းကို
ကျုန်းရှို့လိုက်ရမယ်ဆိုရင်တောင်သူ
အချိန်တွေမှသာကျုန်းရှို့ကို ကားမောင်း
ခိုင်းလေ့ရှိတယ်။
...
အရင်ကတော့ ရှလျန်နဲ့ ကျုန်းရှို့တို့ရဲ့ အကြောင်းကို
19.9.2021
......
You are reading the story above: TeenFic.Net