အသည်းစွဲအောင်ချစ်မိသူ Part-5

Background color
Font
Font size
Line height

မင်းသူရိန်:  လဝန်းညို က ဒီကိုရောက်လာတာလား

လင်းထက်:  ဟုတ်တယ်ဗျ အစ်မကCEOဆီ နေ့လည်စာလာပို့တာပါ ပြောလို့ ကျွန်တော်ဒီထိလိုက်ပို့ပေးရင်း အောက်ထပ်မှာ အလုပ်ကိစ္စပေါ်လာလို့ ရုံးခန်းရှေ့အထိပဲ ပို့ပေးပြီး အောက်ဆင်းသွားတာပါ

ကျွန်တော် အလုပ်ပြီးလို့ အပေါ်တက်လာတဲ့အထိ အစ်မက ရုံးခန်းရှေ့မှာ ဒီအတိုင်း ရပ်နေတာတွေ့လို့ အစ်မ CEOက အထဲမှာရှိပါတယ် မဝင်သေးဘူးလားခင်ဗျ လို့မေးတော့ ကျွန်တော့်လက်ထဲ ထမင်းချိုင့်ထည့်ပေးပြီး အမြန်ပြန်သွားတာပါပဲခင်ဗျာ

လရောင်နက်:  တစ်ခုခုထူးခြားတာရှိသေးလား

လင်းထက်: အစ်မ မျက်ရည်ဝဲသွားတာကိုတော့ တွေ့လိုက်တယ်ဗျ.....

လရောင်နက်: ဟာ သွားပြီ.....Moon ဒီအကြောင်းတွေ အားလုံးသိသွားပြီ

မင်းသူရိန်: နက် မြန်မြန်လိုက်သွားတော့ အရာအားလုံးနောက်မကျခင်.............

နက် အချိန်မီ ပြေးလိုက်ခဲ့ပေမယ့် Moonက ​ခြေလှမ်းမြန်တာမို့ မမီလိုက်ပါ

နက် Moonကိုအားနာစိတ်နဲ့ Moonသွားတတ်တဲ့ နေရာမှန်သမျှကို လိုက်ရှာပေမယ့် ဘယ်နေရာမှာမှ မတွေ့ခဲ့ပါဘူး

Moonတို့အိမ်ကို လိုက်သွားပေမယ့် သူမအစ်ကိုတိမ်လွှာရောင်ရဲ့စကားတွေက စည်းဘောင်လွတ်တဲ့အပြင် ရိုင်းစိုင်းလွန်းတာမို့

သူမအပေါ် အားနာစိတ်ကနေ နဂို မုန်းတီးတဲ့စိတ်ဆီကိုပဲ ပြန်ဦးတည်ခဲ့တယ်

ဒါ့ကြောင့် Moonကိုပြန်တွေ့တဲ့အချိန်မှာ Moonသူ့ကို မုန်းသွားစေမယ့် စကားတွေကိုပဲ ရွေးပြောခဲ့တယ်

နက် Moonကို တစ်ကယ်မချစ်ခဲ့ဘူးလား......Moonအပေါ်ထားတဲ့စိတ်က အစစ်အမှန် မဟုတ်ခဲ့ဘူးလား.....Moonကိုဆက်ဆံပေးခဲ့တာတွေက တစ်ကြိမ်တစ်ခါတောင် အတုအယောင် မကင်းရှင်းခဲ့ဘူးလား.......ဟင် ပြောပါဦး နက်

ဟုတ်တယ် မင်းအပေါ်မှာ ဘာစိတ်မှမရှိခဲ့သလို မင်းကိုပေးခဲ့တဲ့အရာတွေကလည်း အတုအယောင်တွေချည်းပဲ.....မင်းအစ်ကို​ကြောင့်သာ ငါမင်းအနားကိုရောက်လာခဲ့တာ

မင်းလည်းအခု အကြောင်းစုံသိသွားပြီဆိုတော့ ငါတို့ရဲ့ဆက်ဆံရေးကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့

အဟက် ကောင်းပါပြီရှင် အဆုံးသတ်ကြတာပေါ့ ဆိုတဲ့ စကားကို သုံးစရာမလိုဘူးထင်တယ်နော်

ကောင်းပြီလေ မင်းရောငါရော အခုချိန်ကစပြီး ကိုယ့်လမ်းကိုယ် အကောင်းဆုံး လျှောက်ကြတာပေါ့

အစကတည်းက ကိုယ့်လမ်းကိုယ် လျှောက်နေကြတဲ့သူတွေပဲ

အစစအရာရာ ဂရုစိုက်ပါ ကံမကုန်လို့ ပြန်ဆုံခဲ့ရင် မသက်ဆိုင်ခဲ့တဲ့သူတွေအဖြစ် နေသွားကြတာပေါ့

စိတ်ချပါ

စကားသံတို့တိတ်ဆိတ်ငြိမ်သက်သွားချိန်
ကျွန်တော့်ရှေ့ကနေ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီဖြစ်တဲ့သူမ

အခုလို ပြန်ဆုံတွေ့ချိန်မှာတော့ မင်းကိုပြောထားခဲ့ဖူးသလို မသက်ဆိုင်တဲ့ သူတွေအဖြစ် မနေသွားနိုင်တာကိုတော့ ခွင့်လွှတ်ပါ

Moonထွက်သွားပြီးတဲ့အချိန်မှာ သေချာသွားတာက သူ့နှလုံးသားက အစစ်အမှန်ချစ်မိခဲ့သူဟာMoonဖြစ်ပြီး Moonကို အမြဲသူ့နားရှိစေချင်တာကိုပဲ

Author. EsterLinn🌻


You are reading the story above: TeenFic.Net