အသည်းစွဲအောင်ချစ်မိသူ Part-2

Background color
Font
Font size
Line height

သြော် ဒါနဲ့တီချိုမေ့နေတာ သမီးကိုအကူအညီတောင်းချင်တာပါ ဘာများလဲတီချို............... ဒီနေ့ဂေဟာကိုအလှူရှင်အသစ်တွေလာမယ်သမီး........ ဟုတ်တီချို......အဲ့တာတီချိုက ဧည့်သည်တွေကိုခဏပဲဧည့်ခံပေးဖို့အချိန်ရမယ်.....၉နာရီခွဲလောက်တီချိုဆေးရုံသွားစရာရှိတယ်သမီး.......ဘာဖြစ်လို့လဲ တီချို....... တီချိုနေမကောင်းလို့လား.......မဟုတ်ပါဘူး သမီးရယ် တီချိုကနေကောင်းပါတယ်........ဂေဟာကကလေးနေမကောင်းတာပါ.....ဘယ်လိုဖြစ်တာတုန်းတီချို......ကစားရင်းချော်လဲတာလေ.......ခြေထောက်ကျောက်ပတ်တီးစီးလိုက်ရတယ်သမီးရယ်......ဆေးရုံတစ်ပတ်တက်ရမှာမို့လို့ အဲ့တာတီချိုစီစဥ်စရာရှိတာသွားစီစဥ်ရဦးမယ်ကွယ်..........အဲ့တာ သမီးကပဲဧည့်သည်တွေကိုဧည့်ခံပေးရင်းဂေဟာအကြောင်းရှင်းပြပေးနိုင်မလားကွယ်.......ရတာပေါ့တီချိုရယ်အပန်းမကြီးပါဘူး......တီချိုစိတ်အေးလက်အေးသွားပါ.......အေးကွယ် တီချို့သမီးလေးကိုကျေးဇူးအများကြီးတင်ပါတယ်ကွယ်........မလိုပါဘူးတီချိုရယ်.........တီတီ တီတီ ဟောကားသံကြားတယ်......ရောက်လာပြီနဲ့တူတယ် တီချိုသွားလိုက်ဦးမယ် ဒါဆို သမီးကဧည့်သည်တွေအတွက်  မုန့်နဲ့ကော်ဖီပြင်ဆင်ထားလိုက်မယ်......အားနာစရာကြီး သမီးရယ် မလုပ်ပါနဲ့ ဆရာမလေးတွေပြင်ဆင်ပါလိမ့်မယ်.........မဟုတ်တာ သမီးအတွက်အပန်းမကြီးပါဘူးတီချိုသွားတွေ့လိုက်ဦးနော် ဧည့်သည်တွေစောင့်နေရတာကြာရင်အားနာရဦးမယ်  ဟုတ်ပြီဟုတ်ပြီ

သားတို့အေးဆေးထိုင်ကြနော်.....ဟုတ်ကဲ့ ပစ္စည်းတွေကဒီဘက်မှာထားထားတယ်အန်တီ....အဆင်ပြေရဲ့လားခင်ဗျ.....ရပါတယ်ကွယ်......တီချိုဒီမှာမုန့်နဲ့ကော်ဖီရပါပြီ
လဝန်းညို..... ကိုမင်းသူရိန်......သမီးတို့ကမိတ်ဆွေတွေလား......ဟုတ်ပါတယ်တီချို
ကောင်းတာပေါ့......သမီးတို့ကမိတ်ဆွေတွေဆိုတော့.......တီချိုအကူအညီတောင်းထားတာနဲ့ပက်သက်ပြီး အဆင်ပြေသွားတာပေါ့
ဘာများလဲအန်တီ.....သြော်ဒီလိုပါကွယ်
အရင်ဆုံး အန်တီ့နာမည်ကိုမိတ်ဆက်မယ်နော်.....အန်တီကဒေါ်ချိုနွယ်ခိုင်ပါဒီဂေဟာမှူးပါကွယ်....သမီးလဝန်းညိုကတော့အန်တီဒီဂေဟာကို စပြီးတည်ထောင်ကတည်းက အကူအညီတောက်လျှောက်ပေးလာခဲ့ပြီး ဂေဟာအတွက် လိုအပ်တာမှန်သမျှကို ေထာက်ပံ့ကူညီပေးနေတဲ့ ပင်တိုင်အလှူရှင်ပါ

ဟုတ်ကဲ့ခင်ဗျ.......အန်တီကအခုဂေဟာက ကလေးတစ်ယောက်ဆေးရုံတက်နေရတာကို သွားပြီးလိုအပ်တာလေးတွေ စီစဥ်ဖို့ သွားရမှာဆိုတော့ သားတို့အတွက် အချိန်အများကြီးမပေးနိုင်လို့ပါ အန်တီ့အစား သမီးလဝန်းညိုကပဲ ဒီဂေဟာနဲ့ပက်သက်တာမှန်သမျှကို ရှင်းပြပေးသွားပါလိမ့်မယ်.....သားတို့ထပ်သိချင်တာများရှိရင် တီချိုကထပ်ရှင်းပြပေးပါမယ်ကွယ်

ရပါတယ်အန်တီချို ကျွန်တော်တို့အဆင်ပြေပါတယ်......ကျွန်တော်တို့နာမည်တောင်မိတ်မဆက်ရသေးဘူး....ကျွန်တော်ကမင်းသူရိန်ပါ
သူကတော့လရောင်နက်ပါအန်တီချို
အေးကွယ်တွေ့ရတာဝမ်းသာပါတယ်...အခုလိုတီချိုတို့ဂေဟာကိုလာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်....ရပါတယ်အန်တီချို

ကဲဒါဆို တီချို့ကိုခွင့်ပြုကြပါဦး....သမီးလဝန်းစိတ်ချမယ်နော်....ဟုတ်ကဲ့ စိတ်ချပါတီချို

လဝန်းသူနဲ့ပြန်မတွေ့ဖြစ်တော့ဘူးထင်ထားတာ...ကံတရားကထပ်ပြီးဆုံတွေ့စေခဲ့ပြန်ပြီ

လဝန်းညို ကျွန်တော်တို့မတွေ့ဖြစ်တာအတော်ကြာပြီနော်...သူနဲ့တွေ့လိုက်ရလို့ဖြစ်ပေါ်လာတဲ့ရင်ခုန်သံ စည်းချက်တွေကိုငြိမ်အောင်လုပ်ရင်း.....ဟုတ်ကဲ့ လဝန်းဝါသနာပါတဲ့ဘက်ကို အချိန်ပေးထားလို့ပါ
လရောင်နက်ကတော့စကားသံထွက်မလာပဲ သူ့ရှေ့မှာရှိနေတဲ့ သူမကိုပဲကြည့်နေမိတယ်

ဒါဆို အချိန်ရှိတုန်းလေး ဂေဟာကိုလှည့်လည်ကြည့်ရှူရင်း ဂေဟာအကြောင်းရှင်းပြပေးပါမယ်

ဟုတ်ကဲ့ သွားကြတာပေါ့ လဝန်းညို
နက် တစ်ခွန်းသာပြောပြီး သူရှေ့ကနေအရင်သွားနှင့်လိုက်တယ်
Author. Ester Linn 🌻


You are reading the story above: TeenFic.Net